29/04/2026
ညီတူမျှတူ 🌸
တကယ်တော့ သားသမီးတွေကြားထဲက
ပြိုင်ဆိုင်မှုဆိုတာ ကလေးတွေရဲ့ စရိုက်ထက်
မိဘတွေရဲ့ ဆက်ဆံရေး "မမျှတမှု" ကနေ
စတင် ကြတာများပါတယ်။
ကလေးတစ်ယောက်ကို တစ်ယောက်နဲ့
နှိုင်းယှဉ်လိုက်တာ၊ တစ်ဖက်ကို ပိုပြီး
အလေးသာပြမိတာတွေက မောင်နှမချင်း
ချစ်ခင်ရမယ့်အစား "အသိအမှတ်ပြုခံရဖို့
အားပြိုင်ရမယ့် ပြိုင်ဘက်တွေ" လို့
မြင်သွားစေတတ်ပါတယ်။
မိဘရဲ့ မေတ္တာနဲ့ တန်ဖိုးထားမှုဟာ
ညီတူမျှတူ ရှိနေမှသာ အိမ်တွင်းရေး
ဟာလည်း Balance ဖြစ်လာတာပါ။
ဒီသဘောတရားကဆိုရင် လောကကြီးရဲ့
လည်ပတ်ပုံမှာလည်း အရေးကြီးတဲ့
အခန်းကဏ္ဍကနေပြီး ရှိနေပြန်ပါတယ်။
လောကကြီးမှာ Balance ဖြစ်ဖို့ဆိုတာ
တစ်ဦးချင်းစီရဲ့ တန်ဖိုးကို ညီတူမျှတူ
အသိအမှတ်ပြုခြင်းကနေ စပါတယ်။
ဘယ်အရာမဆို တစ်ဖက်စောင်းနင်း
ဖြစ်သွားတဲ့အခါ ပဋိပက္ခတွေ၊
အားပြိုင်မှုတွေနဲ့ မတည်ငြိမ်မှုတွေပဲ
ဖြစ်လာတတ်တယ်။
စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု
ဒါမှမဟုတ် မိသားစုတစ်ခုမှာ
လူတိုင်းက "ငါ့ကို တန်ဖိုးထားတယ်၊
ငါ့အခွင့်အရေးဟာ တခြားသူနဲ့ တန်းတူပဲ" လို့
ခံစားရတဲ့အခါမှာပဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု
(Psychological Safety) ကို ရရှိကြပါတယ်။
အဲ့ဒီ လုံခြုံမှု ရရှိမှသာ အချင်းချင်း
ဖေးမကူညီနိုင်ပြီး အားလုံး တပြိုင်နက်
ဟန်ချက်ညီညီ နဲ့ တိုးတက်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် "ညီတူမျှတူ" ရှိခြင်းဆိုတာ
ရွေးချယ်စရာတစ်ခု မဟုတ်ဘဲ အားလုံး
အေးချမ်းစွာ အတူယှဉ်တွဲ ရှင်သန်နိုင်ဖို့အတွက်
မရှိမဖြစ်လိုအပ်တဲ့ "အခြေခံအုတ်မြစ်" ပဲ ဖြစ်ပါတယ်။
Balance ရှိတဲ့ နေရာတိုင်းမှာ ငြိမ်းချမ်းခြင်းနဲ့
အောင်မြင်ခြင်းတွေဟာ အမြဲတမ်း အတူရှိနေမှာပါ။
𝐌𝐚𝐲 𝐗𝐢𝐧𝐠
𝐍𝐞𝐮𝐫𝐚𝐥 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭
(𝐍𝐞𝐫𝐯𝐨𝐮𝐬 𝐒𝐲𝐬𝐭𝐞𝐦 & 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬-𝐁𝐚𝐬𝐞𝐝 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐢𝐨𝐧)