My Nature Produce

My Nature Produce Our aim is to nourish people & protect the planet 🌍 We have the power to create future sustainable ! Our Gardens are using compost to fertilize our soils.
(2)

MISSION STATEMENT

Nature’s Produce strongly believes in taking care of our Earth and its natural resources. It’s our honor & responsibility to work toward setting the standard of protecting our environment. We strive to be proactive & ensure that our My Nature Team, as well as our customer base, is helping reduce our generation’s carbon footprint. Using and marketing locally grown produce Urban i

n order to alleviate the detrimental effects of mass transportation. This compost provides natural nutrients for future harvests in order to prevent exhaustion of fertile lands. This will ultimately reduce desertification. Nature’s Produce is also recycling almost all boxes, shipping, office supplies and packing material to maximize the usage of our resources.

မှိုစိုက်ပျိုးရေးဆိုတာနေ့စဉ် သောင်းဂဏန်းနေ သိန်းဂဏန်းထိ နှစ်ပတ်မှတလအတွင်း ဝင်ငွေအမြန်ဆုံးရှာဖွေလို့ရတဲ့လုပ်ငန်းတခုဆိုတာက...
30/08/2025

မှိုစိုက်ပျိုးရေးဆိုတာနေ့စဉ် သောင်းဂဏန်းနေ သိန်းဂဏန်းထိ နှစ်ပတ်မှတလအတွင်း ဝင်ငွေအမြန်ဆုံးရှာဖွေလို့ရတဲ့လုပ်ငန်းတခုဆိုတာကို ကျွန်မတို့ လက်တွေ့လိုက်လုပ်နေကြတဲ့သင်တန်းသူသားတွေ အသိဆုံးဖြစ်ပါတယ်။ မှိုစတင်
စိုက်ပျိုးဖို့အတွက် မြို့ပြ ဒေသေကအစ နေရာကျယ်နဲ့များများမလိုပဲ ကုန်ကျစရိတ်နည်းနည်းနဲစတင်လို့ရပြီး အကျိုးအမြတ်ပြန်ရဖို့အတွက် လချီစောင့်စရာမလိုအပ်တဲ့ စီးပွါးရေးလုပ်ငန်းတခုဆိုပိုမှန်မယ်ထင်ပါတယ်။ လက်ရှိကာလမှာ အရင်းအနှီးနည်းနည်းနဲစတင်ပြီး အမြတ်သေချာတဲ့လုပ်ငန်းတခုဖြစ်တဲ့အတွက် ကျွန်မတို့ Community မှ သင်တန်းသူသင်တန်းသားတွေကိုအဆက်မပြတ်မျှဝေပေးနိုင်အောင် ကြိုးစားပေးနေတဲ့ရည်ရွယ်ချက်တခုဆိုရင်လည်းမမှားပါဘူး။

မှိုစိုက်တဲ့နေရာမှာ အကျိုးအမြတ်များဖို့အတွက် မှိုမျိုးစုံစိုက်ပြီး စျေးကွက်ရှာဖွေလို့ရသလို ကိုယ်တိုင်မှိုမျိုးထုတ်လုပ်ခြင်း၊ မှိုတန်ဖိုးမြင့်ထုတ်ကုန်တွေဖန်တီးခြင်းနဲ့ အလေအလွင့်မရှိ မှိုစွန့်ပစ်မြေဆွေးများအထိဖန်တီးနိုင်
တယ်ဆိုရင် တရက်သိန်းဂဏန်းရဖို့အတွက် အကျိုးအမြတ်သေချာတဲ့စိုက်ပျိုးရေးလုပ်ငန်းတခုဖြစ်ပါတယ်။
တပိုင်နိုင်မိသားစု မီးဖိုစားရိတ်အတွက် စိုက်ပျိုးဖို့အတွက် တိုက်ခင်း၊ရေချိုးခန်းစတဲ့​နေရာ​တွေက​နေ နေ့စဉ်အစားအစားရရှိ​စေနိုင်ရုံသာမက မိသားစုစားစရိတ်
ကုန်ကျစရိတ်ကို ကောင်းစွာ​လျော့ချ​ပေးနိုင်ပြီး အာဟာရပြည့်ဝတဲ့အစားအစာ​တွေကို​ကောင်းစွာစားသုံးနိုင်မှာဖြစ်ပါတယ်။
အ​ကြောင်းအမျိုးမျိုး​ကြောင့် ရန်ကုန်အနှီးအနားမှ မှို
စိုက်ပျိုးဖို့စိတ်ဝင်စားပြီး စတင်ဖို့အတွက်အခတ်အခဲရှိပါက ကျွန်မတို့ Community Garden ကိုအချိန်မ​ရွေးဆက်သွယ်ပြီး အကူအညီး​တောင်းလို့ရတဲ့အ​ကြောင်းအသိ​ပေးလိုက်ပါတယ်​နော်။ တကယ်လိုအပ်တယ်ဆို ကူညီ​ပေးဖို့အသင့်ပါရှင့်😊😍👩‍🌾🍄












#

“EM နဲ့အစာနှပ်ပြီးဘယ်ချိန်မှာသုံးရမလဲ?”“EM နဲ့ မှိုစပ်စာ နှပ်ဖို့လိုလား?”EM ဆိုတာက အားလုံးသိတဲ့အတိုင်း အကျိုးပြုအဏုဇီဝမျ...
28/08/2025

“EM နဲ့အစာနှပ်ပြီးဘယ်ချိန်မှာသုံးရမလဲ?”
“EM နဲ့ မှိုစပ်စာ နှပ်ဖို့လိုလား?”

EM ဆိုတာက အားလုံးသိတဲ့အတိုင်း အကျိုးပြုအဏုဇီဝမျိုးစိတ်များစွာပါဝင်တဲ့ အရည်တမျိုးဖြစ်ပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့်သဘာဝမြေဆွေးတွေပြုလုပ်တဲ့အခါအသုံးပြုကြတာဖြစ်ပြီး သဘာဝအတိုင်းဆွေးမြေ့စေမူအချိန်ကို မြန်ဆန်အောင်လုပ်ပေးနိုင်တဲ့ အကျိုးကျေးဇူးရှိတာဖြစ်လို့ မိမိအသုံးပြုတဲ့နှပ်စာမှာ EM အသုံးပြုနှပ်စာပြုလုပ်ပြီး အသုံးပြုခြင်းဟာ မှိုတွေရဲ့ပွါးများမဲ့ နှပ်စာကိုတဝက်တပျက်ဆွေးမြေ့စေပြီး မှိုတွေရဲ့ ပွါးများမှုက်ုမြင်တင်ပေးနိုင်တဲ့အတွက် ကောင်းကျိုးများစွာရရှိစေနိုင်တပဲဖြစ်ပါတယ်။

👉🏻ဒါကြောင့်မို့ မှိုနှပ်စာကိုချက်ခြင်းပိုးမသန့်ပဲ အချိန်တခုကာလခြားပြီး အသုံးပြုမည့်သူတွေအတွက်တော့ EM Original /အပြင်းရှိယုံနှင့် ကိုယ်တိုင်ပြုလုပ်ရလွယ်ကူတဲ့ EM ကိုနှပ်စာပြုလုပ်အသုံးပြုနိုင်မယ်ဆိုရင်တော့ မှိုရဲ့ကျန်းမာရေးနှင့်အထွက်နှုန်းကိုပါ ကောင်းကျိုးရှိစေမှာဆိုတာမလွဲနိုင်ပါဘူး။

👉🏾သစ်မာလွှစာလိုမျိုး၊ စပါးခွံ၊ ပြောင်းရိုး၊ပဲရိုး၊ကောက်ရိုးစတဲ့ မှိုစပ်စာတွေကိုသုံးမယ်ဆိုရင်တော့ နှပ်စာကိုEMနှင့်ကြိုတင်နှပ်ပြီးအသုံးပြုဖို့ လိုအပ်ပါတယ်။

My Nature: 📱 09963690005








*တီကောင်များဖြင့် သဘာဝမြေဆွေးထုတ်လုပ်ခြင်း*ကျွန်မတို့ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ဥယျာဉ်စွန့်အမှိုက်များ၊ စက်မှုစွန့်ပစ်ပ...
25/08/2025

*တီကောင်များဖြင့် သဘာဝမြေဆွေးထုတ်လုပ်ခြင်း*
ကျွန်မတို့ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ဥယျာဉ်စွန့်အမှိုက်များ၊ စက်မှုစွန့်ပစ်ပစ္စည်းများ စသည့်ပြဿနာများကိုလျော့ချနိုင်ရန် အဖြေရှာနိုင်သော နည်းလမ်းများစွားထဲမှ နည်းလမ်းတမျိုးသည် တီကျစ်မြေဆွေးထုတ်လုပ်နည်းလမ်းဖြစ်ပြီး ပိုမိုရေရှည်တည်တံ့သောနည်းလမ်းတစ်ခုဆီသို့ စွန့်ပစ်ပစ္စည်းများကို စီမံခန့်ခွဲရန် အပြည့်အဝအသုံးပြုနိုင်ပေသည်။
တီကျစ်စာမြေဆွေးပြုလုပ်ရာတွင် မြန်မာနိုင်ငံနှင့်သင့်တော်ပြီးအသုံးပြုသော တီးမျိုးများမှာ
၁။ ဥရောပတီနီမျိုး (Red Worm)/‌ဒေသငှက်ပျောတီနီ
၂။ အိန္တိယ တီပြာမျိုး (Indian Blue Worm)
၃။ အာဖရိကတီမျိုး (African Night Crawler)
၄။ Tiger Worm ( ကျားတီမျိုး)
Eisenia foetida နှင့် Eudrillus euginae တို့ဖြစ်သည်။

တီကောင်များ၏အကူအညီဖြင့်၊ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများသည် ဆွေးမြေ့ပြီး သဘာဝမြေဆွေးများဖြစ်ပေါ်လာပြီး အပင်မှစုတ်ယူစားသုံးနိုင်သော NPK အချိုးအစားမြင့်မှားသောတန်ဖိုးဖြင့် အပင်ကြီးထွားရန်အတွက် ကောင်းမွန်သောဇီဝမြေဩဇာတမျိုးဖြစ်ပေသည်။ စွန့်ပစ် စက္ကူအမှိုက်၊ ဥယျာဉ်စွန့်အမှိုက်၊ တိရစ္ဆာန်အညစ်အကြေးများကို တီကောင်များအသုံးပြုပြီး အော်ဂဲနစ်အမှိုက်များကို စွန့်ပစ်ရန် သမားရိုးကျ မြေဆွေးနည်းလမ်းကို အသုံးပြုသည့်အပြင် အမှိုက်စွန့်ပစ်ပစ္စည်းများကို အမြန်ဆုံးနည်းဖြင့် သဘာဝမြေသြဇာများရရှိနိုင်သည့် တီမွေးမြူသောနည်းလမ်းကို အသုံးပြုနိုင်ပေသည်။

မျိုးပွါးမြန်ပြီး အာဟာရပါဝင်မှုများသော အေဇိုလာကို တီမြေဆွေးထုတ်လုပ်ရာတွင်အကောင်းဆုံးအရင်းအမြစ်တခုဖြစ်ပေသည်။ အေဇိုလာအပင်များသည် အမိုင်နိုအက်ဆစ်များကို အကန့်အသတ်မရှိ အလွယ်တကူရရှိနိုင်သော အခြေခံပစ္စည်းများကို လေထဲမှ ကျယ်ပြန့်စွာပေါင်းစပ်နိုင်သောကြောင့် ဈေးအသက်သာဆုံးနှင့် အပေါများဆုံးဖြစ်နိုင်ချေရှိသော ပရိုတင်းအရင်းအမြစ်အဖြစ် အသိအမှတ်ပြုအသုံးပြုလာကြပေသည်။ Azolla သည် ပရိုတင်းများ၊ မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များ၊ ဗီတာမင်များ (ဗီတာမင် A၊ ဗီတာမင် B12၊ ဘီတာကာရိုတင်း)၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကြေးနီ၊ မဂ္ဂနီစီယမ်တို့ အပါအဝင် ကြီးထွားမှုကို အားပေးသည့် ခြောက်သွေ့သောအလေးချိန်အခြေခံအရ azolla တွင် ပရိုတင်းပါဝင်မှု 25-35%၊ 10-15% သတ္တုဓာတ်ပါဝင်မှုနှင့် 7-10% တွင် အမိုင်နိုအက်ဆစ်၊ ဇီဝတက်ကြွသောဒြပ်စင်များနှင့် ကစီဓာတ်နှင့် အဆီပါဝင်မှု အလွန်နည်းသည်။ Azolla (Azolla sp.) သည် အလွန်ဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်ပေသည်။

AzollaကိုဇီဝမြေသြဇာBiofertilizerအဖြစ်အသုံးပြုခြင်း Azolla သည် လေထုအတွင်း နိုက်ထရိုဂျင်ကို ဖမ်းယူပေးပြီး အရွက်များတွင် သိုလှောင်ပေးနိုင်ပေသည်။ ထို့ကြောင့် Azolla ကို Biofertilizer မြေဩဇာအဖြစ် အသုံးပြုနိုင်ပေသည်။ တီကောင်များကျွေးပြီး မြေဩဇာထုတ်လုပ်ပါကမြန်ဆန်ပြီး အာဟာရအလ္န်ကောင်းသောမြေဆွေးများကို ရရှိနိုင်ပေသည်။

ထို့ကြောင့် တီကောင်မွေးမြူခြင်းနှင့် တီမြေဆွေးပြုလုပ်သော လုပ်ငန်းမှာ ပတ်ဝန်းကျင်ကောင်းမွန် အောင် ပြုလုပ်ပေးပြီး အကျိုးအမြတ်များစွာရသော ရေရှည်ခံစိုက်ပျိုးရေးလုပ်ငန်းတခုဖြစ်ပါသည်။ စားဖိုဆောင် စွန့်ပစ် ပစ္စည်းဆိုပါက နေ့စဉ်ထွက်သော ပစ္စည်းဖြစ်ပြီး နေ့စဉ် စွန့်ပစ်ရသည်။ ၎င်းစွန့်ပစ်ပစ္စည်းမျာကို တီမွေးပုံးပြုလုပ်ပြီး နေ့စဉ် စွန့်ပစ်ပြီး အနံ့အသက်မထွက်၊ ပတ်ဝန်းကျင်တို့ ညစ်ညမ်းမှုမရှိဘဲ တန်ဖိုးရှိသော သဘာဝမြေဆွေးများအဖြစ် ပြုပြင်ပြောင်းလဲပေးသည်။ တီမြေဆွေးနှင့် တီစွန့်ပစ်ရေကို စိုက်ပျိုးရေးသမားများ အသုံးပြုသောအခါ မြေဆီလွှာကောင်းမွန်စေပြီး သီးနှံများကို အထွက်တိုးပြီး အမြတ်အစွန်းများ ပိုမိုရရှိလာပြီး စားသုံးသူနှင့် စိုက်ပျိုးသူများကိုလည်း ကျန်းမာသန်စွမ်းပြီး အစာအဆိပ်သင့်ခြင်းများပြဿနာများမှ ကင်းဝေးစေနိုင်ပေသည်။တီကောင်များ၏ တီကျစ်စာမြေဆွေးဖြစ်စဉ်တွင် ဖြစ်ပေါ်သည့် အင်ဇိုင်းနှင့် အဏုဇီဝ လုပ်ဆောင်ချက်များသည် သမားရိုးကျ မြေဆွေးကို အသုံးပြုခြင်းထက် ပိုမိုကောင်းမွန်သည့် သဘာဝတီကျစ်မြေဆွေးထုတ်ကုန်ကို ဖန်တီးပေးနိုင်ပေသည်။ တီကျစ်စာမြေဆွေးအတွက် အစားအစာစွန့်ပစ်ပစ္စည်းများကို သဘာဝမြေသြဇာပြန်လည်ရရှိမည်ဖြစ်ပြီး နောက်ဆုံးထွက်အော်ဂဲနစ်သဘာဝမြေသြဇာများသည် မြေဆီလွှာကောင်းမွန်စေရန်အတွက်အကောင်းဆုံးအလားအလာရှိသော စွမ်းအင်၏ အစားထိုးအရင်းအမြစ်တစ်ခုဖြစ်ရရှိလာပေမည်။ တီကောင်မွေးမြူခြင်းသည် တီကောင်များကို မြေဆီလွှာနှင့် မြေဆွေးအဖြစ်သို့ ခွဲခြမ်းရန်အတွက် အသုံးပြုသည့် ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

တီမွေးမြူသောရည်ရွယ်ချက်မှာ အော်ဂဲနစ်ပစ္စည်းများကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ထိရောက်စွာ စီမံဆောင်ရွက်ရန်ဖြစ်သည်။ မြေကြီးဖြင့် အော်ဂဲနစ်ဒြပ်စင်များ ပြိုကွဲချိန်တွင် အကျိုးပြုအဏုဇီဝပစ္စည်းများဖြင့် မြေဆွေးကို ဖွဲ့စည်းပေးထားနိုင်ပေသည်။ သဘာဝတီကျစ်စာဖြင့် ဖွဲ့စည်းထားသောပစ္စည်းများတွင် အပင်များကြီးထွားကျန်းမာပြီး သဘာဝဒဏ်များကိုခံနိုင်စေရန်အတွက်လိုအပ်သော အဓိကဒြပ်စင်ဖြစ်သည့် နိုက်ထရိုဂျင်၊ ကယ်လ်စီယမ်နှင့် ဖော့စဖရပ်များပါဝင်မှုမြင့်မားကြောင်း သုတေသနရလဒ်များနှင့် လက်တွေ့စမ်သတ်ထားမှုများမှအကျိုးကျေးဇူးများကို တွေ့ရှိပြီးဖြစ်ပေသည်။

တီအစာအဖြစ်အသုံးပြုမည့်ကုန်ကြမ်းများ ပေါများသဖြင့် ပြည်တွင်းတွင် အလွယ်တကူ ရနိုင်သော နွားချေးနှင့် စက္ကူအမှိုက်များ၊ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်အမှိုက်များ ပေါများသဖြင့် အလွယ်တကူ ရနိုင်သော ဇီဝ စွန့်ပစ်ပစ္စည်း အမျိုးအစားများကိုအသုံးပြုထုတ်လုပ်နိုင်ပေသည်။ အောင်မြင်သော အော်ဂဲနစ်စိုက်ပျိုးခြင်းအတွက် မြေဆီလွှာကောင်းမွန်မှု၊ မြေရိုင်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ပိုင်လယ်ယာ ရာသီသီးနှံများတွင် ကောင်းစွာအသုံးပြုနိုင်သည်။ ဂေဟစနစ်ကိုအခြေခံနည်းပညာဖြစ်သောကြောင့် ရင်းနှီးမြုပ်နှံမှုနည်းပြီး ဝင်ငွေရရှိနိုင်ခြင်း သို့မဟုတ် အမြတ်အစွန်းပိုမိုရရှိခြင်းတို့အပြင် စွန့်ပစ်ပစ္စည်းများကို အော်ဂဲနစ်မြေဩဇာအဖြစ်သို့ ပြောင်းလဲနိုင်သောကြောင့် ရွာနှင့်မြို့ပြများတွင် တပိုင်တနိုင်မွေးခြင်းဖြင့် စွန့်ပစ်ပစ္စည်းများကိုလျန်မြန်စွာသန့်ရှင်းပေးနိုင်သည့်နည်းလမ်းတခုပင်ဖြစ်ပေသည်။ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ သုံးစွဲမှုကို ရာခိုင်နှုန်းများစွာလျှော့ချနိုင်ရုံသာမက ရေနှင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ တီကျစ်မြေဆွေးသည် အစိုင်အခဲဖြစ်ပြီး စွန့်ပစ်ပစ္စည်းများ လျှော့ချရေးနှင့် ဂေဟစနစ်သဟဇာတဖြစ်မှု လုပ်ငန်းစဉ်များအတွက် ထိရောက်ပြီဂ ဈေးကွက်ရှိ အခြားလုပ်ငန်းသုံး ဓာတ်မြေသြဇာများအစားထိုးဖြည့်စွက်ပေးနိုင်သောအရည်အသွေးမြင့် မြေသြဇာများကို ထုတ်လုပ်ပေးနိုင်ပေသည်။

တီကျစ်မြေဆွေးသည် ထို့ကြောင့် မည့်သည့်သဘာဝ ပစ္စည်းမျာထုတ်လုပ်ပြီး စွန့်ပစ်ပစ္စည်းများထွက်သော တိရိစ္ဆာန် မွေးမြူရေး၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ စိုက်ပျိုးသူများသည် တီကောင်များကို မွေးမြူပြီး ၎င်းတို့ လုပ်ငန်းမှထွက်သော စွန့်ပစ်ပစ္စည်းများဖြင့် တီကောင်းများ မွေးပြီး တန်ဖိုးရှိသော တီမြေဆွေးနှင့် တီစွန့်ပစ်ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေလည်းရ၊ သီးနှံအထွက်နှုန်းကိုလည်း တိုးစေပြီး ဓာတုဓာတ်မြေဩဇာအပေါ် မှီခိုမှုကို လျော့နည်းစေပြီး ရာသီဥတုဖောက်ပြန်မှုနှင့် လိုက်လျောညီထွေစွာ အသုံးပြုနိုင်သော ရေရှည်ခံနည်းပညာတရပ်ဖြစ်ပေသည်။







“ဘက်စုံအသုံးပြုနိုင်​သော Azolla စိုက်ပျိုး​ရေး“Azolla သည် ရေပေါ်မျောပါနိုင်သော ရေညှိမျိုးစိတ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေး...
20/08/2025

“ဘက်စုံအသုံးပြုနိုင်​သော Azolla စိုက်ပျိုး​ရေး“
Azolla သည် ရေပေါ်မျောပါနိုင်သော ရေညှိမျိုးစိတ်တစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဘက်စုံအသုံးဝင်သော အပင်တစ်မျိုးဖြစ်ပြီး Azolla ကို စိုက်ပျိုးရာတွင် ရေထဲတွင် လွယ်ကူစွာ ပေါက်ရောက်နိုင်ပြီး အာဟာရဓာတ်များစွာပါဝင်သောကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် အထူးအရေးပါ​သော အပင် သို့တေရတေမှာ် တမျိုးဖြစ်​ပေသည်။

Azolla ၏ စိုက်ပျိုးရာတွင် ဘယ်အချက်​တွေက်ုလိုက်နာပြီး စနစ်တကျဖြစ်ထွန်း​အောင်စိုက်ပျိုးလို့ရလည်းဆိုရင်
၁။ ရေအရင်းအမြစ်
Azolla ကို စိုက်ပျိုးရန် ရေကန်၊ အင်း၊ အိုင်၊ မိုးကာကန်၊ပလပ်စတစ်ခွက် သို့မဟုတ် ရေစီးနှေးသော နေရာများတွင် စိုက်ပျိုးနိုင်သည်။ ရေအနက် ၅-၁၀ စင်တီမီတာအထိ ရှိသော နေရာများတွင် အကောင်းဆုံးပေါက်ရောက်သည်။

၂။ အာာဟာရဓာတ်
Azolla သည် နိုက်ထရိုဂျင်ဓာတ်ကို လေထဲမှ စုပ်ယူနိုင်သော ဘက်တီးရီးယားများနှင့် သဟဇာတဖြစ်သောကြောင့် မြေဆီလွှာအတွက် သဘာဝနိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးနိုင်သည်။

၃။ အလင်းရောင်
Azolla သည် နေရောင်ခြည်ကို လိုအပ်သော်လည်း တိုက်ရိုက်နေရောင်ခြည်မှ ကာကွယ်ရန် လိုအပ်သည်။ ရေပေါ်တွင် မျောနေသော အခြားအပင်များနှင့် ရောနှောစိုက်ပျိုးနိုင်သည်။

၄။ ပြုစုစောင့်ရှောက်မှု
Azolla ကို ပေါင်းသတ်ဆေးများ မသုံးဘဲ သဘာဝနည်းဖြင့် ပြုစုစောင့်ရှောက်နိုင်သည်။ ရေထဲတွင် အာဟာရဓာတ်မျှတမှုရှိရန် လိုအပ်သည်။ မြေ​ဆွေး သို့ တီကျစ်ရည်၊အီးအမ် သို့ IMO မြေ​ဆွေးစသည့် တို့ကိုထည့်သွင်း​ကျွေး​မွေးပြုစုနိုင်သည်။

Azolla ၏ ဘက်စုံအသုံးဝင်မှု

၁။ မြေသြဇာအဖြစ် အသုံးပြုခြင်း
Azolla သည် သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ ၎င်းတွင် နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်သောကြောင့် စိုက်ပျိုးမြေများတွင် ထည့်သွင်းပေးခြင်းဖြင့် ရာသီးသီးနှံ ၊နှစ်ရှည် နင့် ဟင်းသီးဟင်းရွက် စသည့် သီးနှံအထွက်နှုန်းကို မြှင့်တင်ပေးနိုင်သည်။

၂။ တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်း
Azolla သည် ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ကြက်၊ ဝက်၊ ငါး၊ နွားစသော တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အစာအဖြစ် အသုံးပြုနိုင်သည်။ တပိုင်တနိုင်​မွေးမြူ​ရေးလုပါငန်းများတွင် အစားအစာကုန်ကျစရိတ်
၄၀-၇၀% နှုန်းထိ ရောစပ်​ကျွေး​မွေးနိုင်သည့်အတွက် ကုန်ကျစရိတ်ကိုများစွာသက်သာ​စေသည်။

၃။ ရေအရည်အသွေးတိုးတက်စေခြင်း
Azolla သည် ရေထဲတွင် ပေါက်ရောက်ခြင်းဖြင့် ရေအရည်အသွေးကို တိုးတက်စေသည်။ ၎င်းသည် ရေထဲရှိ အာဟာရဓာတ်များကို စုပ်ယူပြီး ရေညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည်။

၅။ ဇီဝလောင်စာအဖြစ် အသုံးပြုခြင်း
Azolla ကို ဇီဝလောင်စာအဖြစ်လည်း အသုံးပြုနိုင်သည်။ အပင်ကို ခြောက်သွေ့စေပြီး လောင်စာအဖြစ် အသုံးပြုနိုင်သည်။

မွေးမြူရေးသမားများအတွက် အကျိုးကျေးဇူးများ
၁။ အာဟာရပြည့်ဝသော အစာ
Azolla သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်သောကြောင့် တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အစာအဖြစ် အသုံးပြုနိုင်သည်။

၂။ စရိတ်သက်သာခြင်း
Azolla ကို လွယ်ကူစွာ စိုက်ပျိုးနိုင်ပြီး စရိတ်သက်သာသောကြောင့် တပိုင်တနိုင်မွေးမြူရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသည်။

သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း

Azolla သည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ စိုက်ပျိုးနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်းတစ်ခုဖြစ်သည်။ Azolla သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် အလွန်အသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ၎င်းကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းကို မြှင့်တင်နိုင်ပြီး တိရစ္ဆာန်များအတွက် အာဟာရပြည့်ဝသော အစာကို ဖြည့်ဆည်းပေးနိုင်သည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေးနည်းလမ်းတစ်ခုအဖြစ် များစွာအထောက်အကူပြုနိုင်
ပေသည်။








🌱 “ Trichoderma viride နှင့် မြေဆွေးပုံ”ယနေ့ခေတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဆွေး (compost) သည် စိုက်ပျိုးမြေ ကျန်း...
18/08/2025

🌱 “ Trichoderma viride နှင့် မြေဆွေးပုံ”

ယနေ့ခေတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဆွေး (compost) သည် စိုက်ပျိုးမြေ ကျန်းမာရေးအတွက် အဓိက အခန်းကဏ္ဍတွင် ထမ်းဆောင်နေသည်။ တောင်သူများအနေဖြင့် မြေဓာတ်ချို့တဲ့ခြင်း၊ ဓာတ်ဆားအလွန်အကျွံသုံးစွဲခြင်းကြောင့် မြေအရည်အသွေးကျဆင်းမှုတို့ကို ရင်ဆိုင်နေရသည်။ ထိုသို့သောအခါ Trichoderma viride ကို မြေဆွေးပုံလုပ်ငန်းတွင် ထည့်သုံးခြင်းဖြင့် မြေဆွေးအရည်အသွေး တိုးတက်လာသည့်အပြင် အပင်များကို ရောဂါကာကွယ်ပေးနိုင်သဖြင့် အကျိုးအမြတ်များစွာ ရရှိစေနိုင်သည်။

Trichoderma viride ဆိုတာဘာလဲ?
• သဘာဝမြေကြီးထဲတွင် တွေ့ရသော (fungus) တစ်မျိုးဖြစ်သည်။
• အပင်များကို ထိခိုက်စေသော pathogenic fungi များကို တိုက်ထုတ်နိုင်သည့်အတွက် bio-control agent အဖြစ် အသုံးပြုနိုင်သည်။

Trichoderma viride ၏ အကျိုးကျေးဇူးများ

၁။ ပိုးရောဂါထိန်းချုပ်မှု
• အပင်အမြစ်ဖျားပိုး၊ damping-off, wilt စသည့် ရောဂါများကို တားဆီးနိုင်သည်။
• Enzyme များ (chitinase, glucanase) ထုတ်ပေးပြီး အပင်ပိုးဖုန်များကို ချိုးဖျက်ပေးသည်။

၂။ မြေဆွေးအရည်အသွေးတိုးတက်မှု
• Cellulose, lignin တို့ကို ချိုးဖျက်ပေး၍ မြေဆွေးပုံခြင်း မြန်ဆန်စေသည်။
• အာဟာရဓာတ်များ ပြန်လည်ပေါ်ထွက်လာသဖြင့် မြေဓာတ်ကြွယ်ဝစေသည်။

၃။ အပင်ကြီးထွားမှု တိုးတက်စေမှု
• အမြစ်ကြီးထွားမှုကို လှုံ့ဆော်ပေးသည်။
• အပင်အတွက် အာဟာရစုပ်ယူနိုင်စွမ်း တိုးလာပြီး သီးနှံအရည်အသွေး မြင့်မားစေသည်။

Trichoderma viride ကို မြေဆွေးပုံတွင် အသုံးချနည်း

၁။ ပမာဏ
• မြေဆွေးပုံ ၅တင်း (၅၀၀၀ kg) အတွက်
👉 Trichoderma viride liquid ၂–၃ လီတာ သို့မဟုတ် powder ၁–၂ kg လိုအပ်သည်။

၂။ အသုံးချနည်း
• အမှိုက်တစ်လွှာချပြီး Trichoderma ကို ရေဖျော်၍ ပေါင်းသုံးရမည်။
• အလွှာတိုင်း၌ တူညီအောင် ချရန်လိုသည်။
• ၂ ပတ်ကျော်သည့်အချိန်တွင် မြေဆွေးပုံကို လှည့်ပြီး ထပ်လောင်းပေးပါက ပိုထိရောက်မည်။

၃။ စိုစွတ်မှုနှင့် အပူချိန်ထိန်းသိမ်းမှု
• စိုစွတ်မှု ~၆၀% (လက်ညှပ်မိလျှင် စိုနေသလောက်)
• အပူချိန် ၂၅–၃၅ °C အတွင်းရှိပါက Trichoderma ပိုမိုပျံ့နှံ့နိုင်သည်။

ရလဒ်များ
• ၃၀–၄၅ ရက်အတွင်း → Trichoderma ပျံ့နှံ့ပြီး ပေါက်ပွါးလာမည်။
• ၆၀–၇၅ ရက်အတွင်း → Bio-compost အဖြစ် အသုံးချနိုင်မည်။
• မြေဆွေးထဲတွင် ရှိနေသော Trichoderma ကြောင့် အပင်များ ပိုးရောဂါခံနိုင်ရည် တိုးတက်မည်။

Trichoderma viride သည် စိုက်ပျိုးရေးတွင် အလွန်အကျိုးရှိသော မှိုတစ်မျိုးဖြစ်သည်။
မြေဆွေးပုံလုပ်ငန်းတွင် ထည့်သုံးခြင်းဖြင့် –

• မြေဆွေးပုံ ဆွေးမြေ့မှု မြန်ဆန်စေသည်
• အာဟာရဓာတ်များ ပြန်လည်ကြွယ်ဝစေသည်
• အပင်အမြစ်ရောဂါများကို ကာကွယ်ပေးသည်
• တောင်သူများအတွက် chemical fertilizer သုံးစွဲမှု လျော့နည်းစေသည်။

ထို့ကြောင့် Trichoderma viride သည် မြေဆွေးပုံလုပ်ငန်းနှင့် သဘာဝအခြေခံ စိုက်ပျိုးရေး အတွက် မဖြစ်မနေလိုအပ်သည့် အစိတ်အပိုင်းတစ်ခုအဖြစ် သုံးစွဲနိုင်သည

‘’ နို့စိမ်းမှို (Milky Mushroom) ကို အာဟာရပြည့်ဝပြီး အရသာရှိရှိ ချက်ပြုတ်စားသောက်နိုင်သည့် နည်းလမ်းများစွာရှိပါတယ်’’၁။ ...
16/08/2025

‘’ နို့စိမ်းမှို (Milky Mushroom) ကို အာဟာရပြည့်ဝပြီး အရသာရှိရှိ ချက်ပြုတ်စားသောက်နိုင်သည့် နည်းလမ်းများစွာရှိပါတယ်’’

၁။ နို့စိမ်းမှိုကြော်

ပါဝင်ပစ္စည်းများ
- နို့စိမ်းမှို ၂၀၀ ဂရမ် (အရွယ်တူအောင် လက်ဖြင့်ဆုတ်ပါ)
- ကြက်သွန်ဖြူ ၃-၄ မွှာ (ထုထောင်းထားပါ)
- ငရုတ်သီးစိမ်း/ခြောက် (အရသာအလိုက်)
- ဆီ ၂ ဇွန်း
- ဆား၊ ငရုတ်ကောင်း၊ အရသာမှုန့် (အနည်းငယ်)

ချက်ပြုတ်နည်း
1. မှိုများကို ရေစင်အောင်ဆေး၍ ရေစစ်ထားပါ။
2. ဒယ်အိုးတွင် ဆီပူအောင်အရင်နွှေးပါ ကြက်သွန်ဖြူနှင့် ငရုတ်သီးထည့်မွှေပါ။
3. မှိုများထည့်၍ အပြင်းအထန်မကြော်ဘဲ ၅-၇ မိနစ်ခန့် မွှေကြော်ပါ။
4. ဆား၊ ငရုတ်ကောင်း၊ အရသာမှုန့်ဖြူးပြီး မွှေပါ။
5. ကြက်သွန်နီ/ပင်စိမ်းရွက်ဖြင့် အလှဆင်ပြီး ပူပူလေးစားပါ။

၂။ နို့စိမ်းမှိုဟင်းချို

ပါဝင်ပစ္စည်းများ
- နို့စိမ်းမှို ၁၅၀ ဂရမ်
- ကြက်သွန်နီ ၁ လုံး (ထုထောင်း)
- ခရမ်းချဉ်သီး ၁ လုံး (စိတ်ထားပါ)
- ငါးခြောက်မှုန့်/ငါးကြီးဆီ (အနံ့အရသာအတွက်)
- ရေ ၂ ခွက်
- ဆား၊ ငရုတ်ကောင်း

ချက်ပြုတ်နည်း
1. အိုးတွင် ဆီအနည်းငယ်ထည့် ကြက်သွန်နီနှင့် ခရမ်းချဉ်သီးထည့်ကြော်ပါ။
2. မှိုများထည့်၍ ၂ မိနစ်ခန့်မွှေပါ။
3. ရေထည့်ပြီး ၁၀ မိနစ်ခန့် ဆူပွက်အောင်တည်ပါ
4. ငါးခြောက်မှုန့်၊ ဆား၊ ငရုတ်ကောင်းထည့်၍ အရသာညှိပါ။
5. ကြက်သွန်မြိတ်/နှမ်းဖြူးပြီး ပူပူလေးသောက်ပါ။

၃။ နို့စိမ်းမှိုကြက်ဥကြော်

ပါဝင်ပစ္စည်းများ
- နို့စိမ်းမှို ၁၀၀ ဂရမ်
- ကြက်ဥ ၂ လုံး
- ကြက်သွန်မြိတ်
- ဆီ၊ ဆား၊ ပဲငံပြာရည်

ချက်ပြုတ်နည်း
1. မှိုများကို ရေစင်ဆေး၍ ရေစစ်ထားပါ။
2. ကြက်ဥကို ဆား၊ ငရုတ်ကောင်းအနည်းငယ်ဖြင့် မွှေထားပါ။
3. ဒယ်အိုးတွင် ဆီပူအောင်နွှေး၍ မှိုများထည့်ကြော်ပါ။
4. မှိုများနူးလာပါက ကြက်ဥဖြည်းဖြည်းလောင်းထည့်ပါ။
5. ကြက်သွန်မြိတ်ထည့်၍ မွှေပြီး ပဲငံပြာရည်အနည်းငယ်ဖြည့်ပါ။

၄။ နို့စိမ်းမှိုကြက်သားဟင်း

ပါဝင်ပစ္စည်းများ
- နို့စိမ်းမှို ၂၀၀ ဂရမ်
- ကြက်သား ၁၅၀ ဂရမ်
- ကြက်သွန်ဖြူ၊ ဂျင်း
- ဟင်းခတ်မှုန့်၊ ပဲငံပြာရည်

ချက်ပြုတ်နည်း
1. ကြက်သားကို ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် အရင်ကြော်ပါ။
2. မှိုများထည့်၍ အတူတူမွှေကြော်ပါ။
3. ပဲငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်၍ ရေအနည်းငယ်ဖြည့်ပါ။
4. ၁၀ မိနစ်ခန့် တည်ပြီး အရသာညှိပါ။

အရေးကြီးသောအချက်များ
✅ မှိုများကို အပူအရမ်းမပေးရ (အရသာပျက်နိုင်သည်)။
✅ ရေများများမဆေး (စုပ်ယူမှုများပြီး အရသာပျော့နိုင်သည်)။
✅ အခြောက်ခံ၍လည်းသိုလှောင်နိုင်ပါသည်။

နို့စိမ်းမှိုသည် ပရိုတင်း၊ ဗီတာမင်ဒီ၊ အန်တီအောက်ဆီးဒင့်ကြွယ်ဝပြီး ကိုလက်စထရောမပါဝင်သောကြောင့် ကျန်းမာရေးနှင့်ညီညွတ်ပါသည်။ လတ်ဆတ်သောမှိုများကို ရွေးချယ်၍ စားသုံးပါ။ 🍄🔥

မျိုး​စေ့မမှန်ရင် အပင်မဖြစ်ထွန်းနိုင်သလို့ မှိုမျိုး​ကောင်းမျိုးသန့်ကိုမသုံးနိုင်ပါက မှိုမျိုးအထွက်နှုန်းကို​ကောင်း​ကောင...
12/08/2025

မျိုး​စေ့မမှန်ရင် အပင်မဖြစ်ထွန်းနိုင်သလို့ မှိုမျိုး​ကောင်းမျိုးသန့်ကိုမသုံးနိုင်ပါက မှိုမျိုးအထွက်နှုန်းကို​ကောင်း​ကောင်းမရရှိနိုင်ပါ။မှိုစိုက်ထုပ်တွေ မျိုးဆင်းကောင်းပြီး အထွက်နှုန်းကောင်းဖို့အတွက်ဆိုရင် မှိုမျိုးထည့်သွင်းနည်းက်ုစနစ်တကျပိုးသန့်ပြီး မျိုးလက်တွေ့ထည့်သွင်းနည်းကို တတ်မြှောက်ဖို့အရေးကြီးပေသည်။

ဒါကြောင့်မို့ ကျွန်မတို့ My Nature ရဲ့ Peer to Peer Lifelong Learning Program ရဲ့သင်တန်းမှာ တဦးခြင်းစီကို လက်တွေ့မျိုးထည့်သွင်းနည်းကိုလက်တွေ့သင်ကြားပို့ချပေးပြီး မှိုစိုက်ပျိုးရေးအတွက် မှိုမျိုးရွှေးချယ်သုံးပြုတတ်ဖို့အရေးကြီးကြောင်းက်ု စာတွေ့လက်တွေ့သင်ကြားပ်ု့ချပေးဖြစ်ခဲ့ပါတယ်။ My Nature ရဲ့သင်တန်းတတ်ပြီး မှိုစတင်
စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်နေကြတဲ့သင်တန်းသားတွေရဲ့လက်တွေ့မှိုစိုက်ပျိုးရေးတွေကိုအားလုံးက်ုမကြာခင်မျှဝေပေးသွားပေးပါမယ်နော်😍😊🍄









Trichoderma viride လက်ရှိအသုံးပြု​နေတဲ့ My Nature ရဲ့​တောင်သူ​တွေက တခါစမ်းသုံးပြီးတာနဲ့ တကယ်လက်​တွေ့အကျိုး​ကျေးဇူး​တွေရရ...
07/08/2025

Trichoderma viride လက်ရှိအသုံးပြု​နေတဲ့ My Nature ရဲ့​တောင်သူ​တွေက တခါစမ်းသုံးပြီးတာနဲ့ တကယ်လက်​တွေ့အကျိုး​ကျေးဇူး​တွေရရှိကြလို့ My Natureရဲ့ T. virde ကိုပုံမှန်အသုံးပြုလာကြပါတယ်။ T. viride အကျိုးပြုမှိုသည် မြေဆီလွှာကျန်းမာရေး ၊ရောဂါထိန်းချုပ်ရေး နှင့် အမြတ်အစွန်းတိုးတက်ရေးတို့ကို ရှာဖွေနေသော လယ်သမားများအတွက် အထူးတန်ဖိုးရှိပါသည်။
T. viride သည် မြေဆီလွှာနှင့် အပင်အမြစ်များတွင်သဘာဝအတိုင်းတွေ့ရှိရသော မှိုတစ်မျိုးဖြစ်ပြီး ဇီဝထိန်းချုပ်ရေးအဖြစ်လည်းကောင်း၊ အပင်ကြီးထွားမှုအားပေးသည့်မှ်ုအဖြစ်လည်းကောင်း ဆောင်ရွက်ပေးသည်။

လက်ရှိ အသုံးပြု​နေတဲ့ ​တောင်သူ​တွေက​တော့ မှို​ရောဂါကာကွယ်ဖို့နှင့် မြေ​ဆွေးပြုလုပ်တဲ့​နေရာမှာအဓိကထားအသုံးပြု​နေကြပြီး လက်ရှိအကျိုး​ကျေးဇူး​တွေရ​နေတဲ့​တောင်သူ​တွေဟာဆိုရင် T. Virideကို ပုံမှန်အသုံး​နေကြပါပီ။ ကျွန်မတို့ရဲ့ T.virideကို 🧪 Lab Test ရော၊ Fields Research တွေပါစမ်းသတ်ထားတဲ့အတွက် စိတ်ချစွာအသုံးပြု​နေနိုင်တာပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း ပြည်နယ်၊ တိုင်း​ဒေသတချို့က နှစ်ရှည်စိုက်ခင်း​တွေမှာလည်းစမ်းသတ်​နေတာဖြစ်လို့မကြာခင် ပိုမှို​ကောင်းမွန်တဲ့ ရလဒ်​တွေကိုမြင်​တွေ့ရပါမယ်။ စိတ်ဝင်စားတဲ့​တောင်သူ​တွေအတွက် စမ်းသတ်ဖို့အတွက်ဆိုရင် အချိန်မ​ရွှေး My Nature ကိုဆက်သွယ်လို့ရပါတယ်​နော်😍

T. virideဟာ လယ်သမားများအတွက် အဓိကဘယ်လိုအအကျိုးကျေးဇူးများရရှိ​စေတာလည်း?

၁။ ဇီဝနည်းဖြင့် ရောဂါထိန်းချုပ်ခြင်း

T. virideသည် စိုက်ပျိုးရေးတွင် အရေးပါသော မှိုရောဂါများစွာကို ထိန်းချုပ်ပေးနိုင်သည်:

* Fusarium ပင်ညှိုးရောဂါ
* Rhizoctonia အမြစ်ပုပ်ရောဂါ
* Pythium damping-off ပင်ခြေပုပ်ရောဂါ
* Sclerotinia ပင်စည်ပုပ်ရောဂါ
* Alternaria အရွက်စက်/ပြောက်ရောဂါ
* Phytophthore ရာဘာ ရွက်/သီးရွက်​ကြွေ​ရောဂါ

T. viride သည် ဤရောဂါပိုးများကို အောက်ပါနည်းလမ်းများဖြင့် တိုက်ခိုက်နိုင်သည်

* မှိုများကို တိုက်ရိုက်စားသုံးခြင်း (Mycoparasitism)

* ရောဂါပိုးများ၏ ဆဲလ်နံရံများကို ဖျက်ဆီးသည့် အင်ဇိုင်းများ (chitinases နှင့် glucanases) ထုတ်လုပ်ခြင်း

* အမြစ်တဝိုက်ရှိ နေရာနှင့် အာဟာရများအတွက် ပြိုင်ဆိုင်ခြင်း

၂။ အပင်ကြီးထွားမှု မြှင့်တင်ပေးခြင်း

-မျိုးစေ့အညှောင့်ထွက်နှုန်းနှင့် အပင်ငယ်များ သန်စွမ်းမှုကို အားပေးသည်
-အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်
-ဖော့စဖရပ်၊ ဇင့်နှင့် သံဓာတ်ကဲ့သို့သော အာဟာရများကို ပျော်ဝင်လွယ်စေသည်
-အပင်ကြီးထွားမှုဟော်မုန်းများ (auxins နှင့် gibberellins) ထုတ်လုပ်ပေးသည်

စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် သဟဇာတဖြစ်မှု

*ဇီဝမြေဩဇာများ* (Azospirillum, Azotobacter, Rhizobium,Phosphobacteria) နှင့် အခြာဇီဝမြေဩဇာများနင့် ရောစပ်အသုံးပြုနိုင်သည်
* ဓာတုမှိုသတ်ဆေးများ/ဘက်တီးရီးယားသတ်ဆေးများ နှင့် တစ်ချိန်တည်း အသုံးမပြုပါနှင့်

*သဘာဝမြေဩဇာများ၊ ဖြည့်စွက်မြေဩဇာများ နှင့် ကောင်းစွာ တွဲဖက်အသုံးပြုနိုင်သည်။

စိုက်ပျိူးရေးသမားများအတွက် စီးပွားရေးအကျိုးကျေးဇူးများ

၁။ဓာတုပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ၏ ကုန်ကျစရိတ်ကို လျှော့ချပေးသည်
၂။မြေကြီးမှဖြစ်သော ရောဂါများကြောင့် သီးနှံဆုံးရှုံးမှုကို လျှော့ချပေးသည်
၃။အထွက်နှုန်းနှင့် အရည်အသွေးကို မြှင့်တင်ပေးသည်
၄။ မြေဆီလွှာ၏ အာဟာရဓာတ်နှင့် ဇီဝမျိုးကွဲများ တိုးတက်စေသည်
၅။အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ဓာတ်ကြွင်းမဲ့သော သီးနှံထုတ်လုပ်မှုအတွက် အကောင်းဆုံးဖြစ်သည်

စိန်ခေါ်မှုများနှင့် သတိပြုရမည့်အချက်များ

၁။အလွန်ခြောက်သွေ့သော (သို့) ဆားငန်သော မြေဆီလွှာများတွင် ထိရောက်မှုနည်းသည်
၂။ သဘာဝအာဟာရနှင့် စိုထိုင်းဆ လုံလောက်စွာလိုအပ်သည်
၃။ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
၄။ အရည်အသွေးအာမခံထားသော ထုတ်ကုန်များကိုသာ အသုံးပြုပါ

Trichoderma viride သည် ဇီဝမှိုသတ်ဆေးတစ်ခုထက် ပိုပပြီးရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် မိတ်ဖက်တစ်ဦးဖြစ်သည်။ သီးနှံများကို သဘာဝနည်းဖြင့် ကာကွယ်ပေးပြီး အပင်ကြီးထွားမှုကို အားပေးခြင်းဖြင့် လယ်သမားများအား ကုန်ကျစရိတ်လျှော့ချရန်၊ အမြတ်အစွန်းတိုးရန်နှင့် မြေဆီလွှာ၏ ရေရှည်ကျန်းမာရေးကို မြှင့်တင်ရန် ကူညီပေးသည်။ မှန်ကန်စွာ အသုံးပြုပါက *T. viride* သည် သီးနှံအထွက်နှုန်းကို ပြောင်းလဲစေနိုင်
ပြီး ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေးနိုင်ပေသည်။

Thank You Shopping With Us 😍☀️

References: My Nature Research Results



မှိုလက်တွေ့စိုက်ပျိုးတတ်ဖို့အတွက်ဆိုရင် မှိုစိုက်တဲ့အဆင့်ဆင့်တွေကို စာတွေ့ကိုစနစ်တကျနားလည်ပြီး လက်တွေ့ကိုအဆင့်ဆင့်လုပ်တတ...
04/08/2025

မှိုလက်တွေ့စိုက်ပျိုးတတ်ဖို့အတွက်ဆိုရင် မှိုစိုက်တဲ့အဆင့်ဆင့်တွေကို စာတွေ့ကိုစနစ်တကျနားလည်ပြီး လက်တွေ့ကိုအဆင့်ဆင့်လုပ်တတ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလို စာတွေ့လက်တွေ့ကို သင်တန်းသား/သူအားလုံးက်ု တယောက်ခြင်းစီးလက်တွေ့လုပါတတ်ဖို့ အုပ်စုလေးတွေခွဲပြီး My Nature ရဲ့ ဆရာဆရာမလေးတွေကနေ စနစ်တကျလက်ထပ်သင်ကြားပေးနိုင်အောင်စီစဉ်ပေးပြီး လက်တွေ့ကိုလိုက်လုပ်စေတဲ့ နည်းစနစ်ကိုအသုံးပြုသင်ကြားပေးခဲ့တာဖြစ်တတ်အတွက် လာရောက်သင်ယူကြတဲ့ သူအားလုံးကို မှိုစိုက်ပျိုးရေးကိုစလုပ်ဖို့ လုံလောက်တဲ့အသိပညာဗဟုသုတတွေရရှိစေတာဖြစ်လို့ သင်တန်းတတ်ပြီးတဲ့သင်တန်းသားတွေဟာဆိုရင် ပြန်လည်အသုံးချနေကြတာတွေကို သိရှိရပါတယ်။

ဒီတခေါက်သင်တန်းသားတွေဟာဆိုရင်လည်းအားလုံးတတ်ညီလက်ညီ တတ်ကြွစွာလက်တွေ့သင်ယူကြတာတွေ့ရတာတွေ့တာဖြစ်လို့ မကြာမှီ မှိုစိုက်ပျိုးရေးကို စတင်လုပ်ကိုင်ကြတဲ့အတွေ့အကြုံလေးတွေကို ပြန်လည်မျှဝေပေးနိုင်ဖို့ My Nature ရဲ့ Peer to Peer Lifelong Learning Program မှာ အားလုံးမျှဝေပေးနိုင်/သင်ယူနိုင်မဲ့ Program အသစ်လေးကိုမကြာမှီမိတ်ဆက်ပေးပါမယ်နော်😍👨‍🌾🍄







ကျွန်မတို့ Community Garden လေးကနေ စာတွေ့လက်တွေ့သင်ကြားပေးခဲ့တဲ့ Peer to Peer Lifelong Learning Program မှ မှိုမျိုးစုံစ...
02/08/2025

ကျွန်မတို့ Community Garden လေးကနေ စာတွေ့လက်တွေ့သင်ကြားပေးခဲ့တဲ့ Peer to Peer Lifelong Learning Program မှ မှိုမျိုးစုံစိုက်ပျိုးနည်းသင်တန်းလေးကို မှိုစိုက်ပျိုးရေးကိုစိတ်ဝင်စားကြတဲ့ သင်တန်းသူသင်တန်းသားများအတွက် အောင်မြင်စွာသင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ ဒီတခေါက်သင်တန်းမှာတော့ နယ်စုံကတကယ်စိတ်ပါဝင်စားကြတဲ့ သူတွေများစွာ လာရောက် သင်ယူလေ့လာကြတာကိုတွေ့ရပါတယ်။ သင်ယူသူတွေအတွက်လည်း ကျွန်မတ်ု့ My Nature Team မှ အချိန်မရွေးဆက်သွယ်ပြီး လိုအပ်တဲ့နည်းပညာအကူအညီတွေကိုလည်း ပေးနိုင်ဖို့ပြင်ဆင်နေပါတယ်နော်။

မှိုစိုက်ပျိုးရေးဆိုတာ တကယ်စိတ်ပါဝင်စားလို့စိတ်ပျိုးမယ်ဆိုရင် အရင်းနှီးနည်းနည်းနင့်စလို့ရပြီး မရရှည်အတွက် မိသားစုစားဝတ်နေရေးနှင့် နေ့စဉ်ဝင်ငွေကောင်းကောင်းဖန်တီးပေးနိုင်တဲ့လုပ်ငန်းဆိုတာ တကယ်စိုက်ပျိုးမေကြတဲ့ My Nature ရဲ့ သင်တန်းသား/သူတွေအသိဆုံးပါပဲနော်😍

Our Community Garden’s Peer to Peer Lifelong Learning Program successfully conducted a course on how to grow various mushrooms for trainees who are interested in mushroom cultivation. In this training
A, we saw many people from all over the county who were really interested in mushrooms cultivating learning.

If you are really interested in mushroom cultivation, you can start with a small investment and create a good daily income for your family. This is what My Nature’s trainees/people who really grow mushrooms know best. 😍







ကောက်ရိုးမှိုစိတ်ဝင်စားမဲ့ သင်တန်းသားတွေအတွက် ကောက်ရိုးမှိုမျိုးတွေပါ လေ့လာလို့ရအောင် အသစ်ထုတ်လုပ်ပြသထားပြီး ပြင်ဆင်ပေးထ...
25/07/2025

ကောက်ရိုးမှိုစိတ်ဝင်စားမဲ့ သင်တန်းသားတွေအတွက် ကောက်ရိုးမှိုမျိုးတွေပါ လေ့လာလို့ရအောင် အသစ်
ထုတ်လုပ်ပြသထားပြီး ပြင်ဆင်ပေးထားပါတယ်နော်😊

ကောက်ရိုးမှိုစိုက်ပျိုးနည်းသင်တန်း​တွေကို Request လုပ်ထားတဲ့ သင်တန်းသား​တွေအတွက်လည်းမကြာမှီ သင်တန်း​ပေးနိုင်​အောင် ကျန်မတို့ Peer to Peer Lifelong Learning Program မှာ အ​သေးစိတ်ပြင်ဆင်ပြီး စနစ်တကျ​လေ့လာသင်ကြားနိုင်ဖို့ပြင်ဆင်​ပေး​နေပါတယ်ရှင့်😊🍄
မှိုမျိုးစုံစိုက်ပျိုးပြီး မိသားစု​နေ့စဉ်ဝင်​ငွေရရှိဖို့နင့် အစားအစာအာဟာရလုံ​လောက်စွာရရှိဖို့အတွက် မှိုစိုက်ပျိုး​ရေးဟာဆိုရင် မြို့ပြ ကျေးလက်​ဒေသ​တွေအတွက် အချိန်တိုအ​တောအတွင်း ဖန်တီးဖြည့်ဆည်း​ပေးနိုင်တဲ့ပညာရပ်​လေးဖြစ်ပါတယ်။ Home Gardeningေလးနှင့်တွဲလုပ်နိုင်ရင်​တော့ မိသားစုစားဝတ်​နေ​ရေးကို လုံ​လောက်တဲ့ပံပိုးမှု့​လေးရမှာအ​သေအချာ​ပေါ့​နော်☀️။









Address

SSD M
Yangon

Telephone

+959421502723

Website

https://bit.ly/452473A, https://linktr.ee/mynatureproduceinfo, https://youtube.co

Alerts

Be the first to know and let us send you an email when My Nature Produce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Nature Produce:

Share

Category