Betta Hub

Betta Hub Betta shop

05/07/2021

Bi-Coloured Iridescent HMPK Male (Copper Gene)
Size - medium
🤑 - (3***)🐔
မြောက်ဒဂုံမြို့နယ်တွင်း Deliveryရှိပါသည်။ ရန်ကုန်မြို့တွင်း delivery အသေးစိတ်အတွက် cb or 09898104776 ကို ဆက်သွယ်ပေးပါ။ နယ်မပို့ပေး‌ေသးပါဘူးခင်ဗျ။
မြောက်ဒဂုံ 49ရပ်ကွက်။ Google Map မှာလည်း Betta Hub လို့ ရှာပြီး လာလို့ရပါတယ်

ငါးပေါက်လေးတွေ ရေ‌ကူးနေပါပြီ
25/06/2021

ငါးပေါက်လေးတွေ ရေ‌ကူးနေပါပြီ

22/06/2021

တုတ်ပြပြီး ဓားပြတိုက်နေတာ

ငါးမွေးရင် ငရဲကြီးသလားဟဲ့ကောင်လေး ငါးတွေ ထပ်ဝယ်လာပြန်ပြီလား ဟင် ငရဲတွေ ပိုက်ဆံ ပေးပြီးဝယ်လာတာ လား။အမေ့အော်သံကို ငါးထုပ်ဆ...
21/06/2021

ငါးမွေးရင် ငရဲကြီးသလား

ဟဲ့ကောင်လေး ငါးတွေ ထပ်ဝယ်လာပြန်ပြီလား ဟင် ငရဲတွေ ပိုက်ဆံ ပေးပြီးဝယ်လာတာ လား။
အမေ့အော်သံကို ငါးထုပ်ဆွဲပြီး အိမ်ထဲဝင်လာထဲက ကြားရတာပါ။ ကျွန်တော် ကလည်း ကျွန်တော် ပဲ ။အိမ်မှာ ရှိသမျှ သောက်ရေအိုးက လွဲရင် ဘယ်နားကြည့်ကြည့် ငါးတွေ ထည့်ထားတာကိုး။ ကျွန်တော့် နောက်မှာ ကျွန်တော့် တပည့် အောင်ကို လည်း ပါလာတယ် ။ (ကျွန်တော် တပည့်သာပြောတယ် ဘယ်သူပဲ ဖြစ်ဖြစ် ကျွန်တော် ဆီလာတုံးကသာ တပည့်၊ ၂လလောက် ကြာရင် ကျွန်တော့် ဆရာတွေ ပြန်ဖြစ်ကုန်တာ :-P :-P :-P
သူတို့က ကျွန်တော့် ထက်ပိုပြီး တတ်ကုန်ပြီး ကျွန်တော် ကသာ ဒီအတိုင်း ဘာမှ မတတ်ပဲ ကျန်ခဲ့တာ ။ အဲ့ဒီအချိန်ကစပြီး သူတို့က အိမ်လာလာပြီး ဆရာပြန်လုပ်တော့တာပဲ:-P :-P :-P :-P ). အဲ့ဒါနဲ့ ငါးထုပ်ထဲက ငါးကို အသင့် ပြင်ထားတဲ့ ငါးကန် ထဲကို ထည့်နေတုံး ...ဝူပေါက်ရေ ငါးမွေးတာက တစ်ကယ်ပဲ ငရဲကြီး သလားဟ.....

ကျွန်တော်။။။ မကြီးဘူးကွ ကုသိုလ် တောင်ရသေးတယ်

အောင်ကို။။။ ဟာ... ဟုတ်ပါ့မလား ကွာ သူများကို လှောင်အိမ် ထဲထည့်ထားတာ အကုသိုလ် အလုပ်ဟာကို မင်းကြမှ ကုသိုလ် တောင်ရသေး ဆိုပါလား ဟ။

ကျွန်တော်။။။ ဒီလိုကွ ခုတို့မွေးနေတဲ့ငါးတွေ ကို သဘာဝအတိုင်း လွှတ်လိုက်ပြီဆိုပါစို့ ။ ငါ့ကန်ထဲမှာ နေရတာ လောက် အန္တရာယ် ကင်းပါ့မလား။ နေတိုင်း အစာကို မပူမပင်နဲ့ ဝဝလင်လင် စားရဖို့ သေချာပါ့မလား။ နောက်ပြီးသူတို့ ဆွေစဉ်မျိုးဆက် က အလှမွေးကန်နဲ့ ကြီးလာတာ ဆိုတော့ သဘာဝ အခြေအနေမှာ ရုန်းကန် နိုင်ပါ့မလား။ ဆိုတာတွေက မသေချာဘူးကွ။ သဘာဝ အတိုင်းနေရရင် ကျယ်ကျယ်ပြန့်ပြန့် နေရတာ တစ်ခုပဲ အိမ်မွေးကန်ထက်သာမှာကွ ဘာလို့လည်းဆိုတော့ သူတို့က အိမ်မွေးငါး ဖြစ်နေလို့ ။ ဥပမာ ကွာ အိမ်မွေးခွေးတစ်ကောင်ကို သနားလို့ ဆိုပြီး တောထဲသွား ဘေးမဲ့ လွှတ်ကြည့်ပါလား ။ အဆင်ပြေမလား ဆိုပြီး။

အောင်ကို။။။ အင်း မင်းပြောတော့လည်း ဟုတ်သလိုလိုပဲ ကုသိုလ် က ဘယ်လိုရတာလဲဟ။

ကျွန်တော်။။။ ဒီလိုကွ သူတို့ငါးဆိုင်မှာနေရတာက ရောင်းတန်း အနေနဲ့နေရတာကွ။ ငါ့အိမ်မှာ နေရတာလောက်တော့ ဘယ်အဆင်ပြေမလဲ။ ငါးဆိုင်တွေကို အပြစ်ပြောနေတာ မဟုတ်ဘူး နော်။ သူတိုက ငါးထောင်ချီပြီး ဂရုစိုက်နေရတာ ဆိုတော့ ငါတို့အိမ်မွေး သမား ငါးအနည်းကလေး ဂရုစိုက်သလို တော့ ဘယ် စိုက်နိုင်လိမ့်မလဲ။ ဒါကိုငါက အိမ်ကို ဝယ်လာပြီး အစာကောင်းကောင်း ရေကောင်းကောင်း မှာ နေပါဆိုပြီး မေတ္တာ စိတ်နဲ့ ကျွေးတာကွ။ ငါးဆီကဘာမျှော်လင့်ချက်မှ လိုချင်လို့လည်း မဟုတ်ဖူး ။ အစာဝပါစေ ပိုလှပါစေဆိုပြီးကြွေးတာ ။ ကြီးလာလည်းသတ်စားမှာမ မဟုတ်ပဲ။ အစာ‌ေကျွးတိုင်း မေတ္တာ တွေပါ ထည့်‌ေကျွးနေတာလေ။

အောင်ကို ။။။ အော်..ဒါဆို ဟိုနေ့က ငါးကန်ကွဲလို့ မင်းငါးကြီး သေသွားတာကြတော့ကော ငရဲမကြီးတော့ဘူးလား....

ကျွန်တော် ။။။ အဲ့တာ က ငါရိုက်ခွဲမှ မဟုတ်ပဲဟ သူဟာသူ မှန်ကွဲပြီး မတော်တဆ နဲ့သေရတာ ။ လူတောင် မတော်တဆ ဖြစ်ရင်သေသေးတာပဲ။ ငါကသေပါစေ ဆိုပြီး လုပ်တာမှမဟုတ်တာ။ သူဟာသူ သဘာဝ ကန်ထဲနေလည်း မတော်တဆ မူ့တွေကတော့ ရှိနေမှာပဲဟ။

အောင်ကို ။။။ အေးလေ မင်းက ငါးတွေ ဂရုစိုက်တာတော့ သိပါတယ် ။ ဟိုတုံးလုံးကောင်ကြီး ကောင်းသွားတာပဲကြည့်ပါလား။ (တုံးလုံးလဲ နေသောငါးကြီး ပြန်ကောင်းအောင်ဆေးကု ကြတာ ကို မိတ်ဆွေ များသိအောင် ပြန်ပြောပြရ လျှင်)

တစ်နေ့ တွင် ကျွန်တော် နှင့် တပည့်ကျော် နှစ်ယောက် ဘီယာဆိုင်တွင် ဘီယာသောက်ရင်း ငါးအကြောင်း ဆွေးနွေးရန် အလို့ငှါ တစ်ခါနှိုးလျှင် ငါး မိနစ်မျှကြာမှ နိုးတဲ့ တရုပ်ပြည်ထုပ် အမြန်စီးအမြန်သေ တံဆိပ် မော်တော်ဆိုင်ကယ်ဖြင့် မြိ်ု့ထဲသို့ ထွက်ခဲ့ကြလေသည်။ ဘီယာ ဆိုင်ကို မရောက်ခင် ငါးဆိုင်အရင်ဝင် ကလိချင်စိတ် ပေါက်လာသဖြင့် ငါးဆိုင်သို့ အရင်ဝင်လိုက်ရာ ငါးဆိုင်ရှင် ဘဲကြီးသည် မျက်နှာမသာမယာ ဖြင့် ထိုင်နေသည်ကို တွေ့ရလေ ၏။ သူ၏ဘေးဘက်ရှိ ငါးကန်ထဲ တွင်လည်း fh တစ်ကောင်သည် အရက်သမား များရေချိန်ကိုက်၍ တုံးလုံးလဲ နေသကဲ့သို့ လဲနေသည်ကိုလည်းတွေရလေသည်။ ကျွန်တော် လည်း အခြေအနေကို စူးစမ်းလေ့လာ ကြည့်ရာ ၏သို့ဖြစ်နေသည်မှာ တစ်ပတ် ခန့်ကြာပြီ ဖြစ်ကြောင်း သိရလေ၏။ အစားလည်းမဝင် ဘာဆေးကုရမှန်းလည်းမသိဖြစ်နေကြသည်။ ကျွန်တော် လည်း သနား၍အိမ်သို့ ယူကုလိုကြောင်းပြောရာ ဆိုင်ရှင်က အလကားသာယူသွားသူလည်း မကုတတ်ဖူး ငါးက ခဏနေသေတော့မှာဟုပြောရာ ဘီယာ သောက်မည့် အစီအစဉ် ဖျက်ပြီး ငါးကို အိတ်ထဲထည့်ကာအိမ်သို့ ပြန်ခဲ့လေတော့သည်။ ကျွန်တော့် တပည့်ကျော် အောင်ကို မှာ ဘီယာ မသောက်ရသဖြင့် လေချဉ် တအေ့အေ့တက်ကာ မင်္ဂလာဦးညတွင် ကင်းစောင့်ခိုင်းခံရသည့် မျက်နှာဖြင့် ပြန်လိုက်လာရလေသည်။ အိမ်ရောက်သော် ငါးအားလေ့လာကြည့်ရာ အစာမဝင်သဖြင့်အတော်ပိန်နေသည်ကိုတွေရသည်။ ထို့ကြောင့် လက်ကီး အစာတောင့်လေး ခွန့်ကြည့်ရာစားသည်။ တစ်ခါ ခွန့်နှစ်တောင် သုံးတောင့် ခန့် တစ်ရက် ၆ ကြိမ်ခန့် ကြွေးရာ လေးရက်နေသော် ငါးက အတော်အားပြည့်လာပြီး လှုပ်ခြားသွားလာသော်လည်း ပြန်မတည့်သေးချေ။ အာ့ဒါနဲ့ ငါးကိုအုတ်ခဲ နှစ်ခုကြား တည့်အောင်ထောင် စားကြမ်းခပ် ဟီတာ ၃၀ ခန့်ပေးပြီး အဲယားစတုန်းကို ပါးစပ်အနီးနားထားပြီး ကုကြည့်တာ ၃ရက်လောက်ထပ်ကြာတော့ တော်တော် ပြန်ကောင်းလာပါသည်။ နောက်တစ်ပတ်ခန့်ကြာသော် အကောင်းတိုင်း ပြန်ဖြစ်လေသည်။ ထိုငါးအား ကျွန်တော့် တပည့်ကျော် အောင်ကို အားအပြီးပေးလိုက်လေရာ ကျွန်တော့် ကို ကျေးဇူးတင်သဖြင့် တသက်လုံး ဆရာ အဖြစ်ထားမည်ဖြစ်ကြောင်း ကျွန်တော့် ထက်ပိုတတ်သွားလျှင်လည်း ဆရာပြန်လုပ်မည် မဟုတ်ပါကြောင်း ကတိတွေ ပေးလေသည်။ (ဆရာပြန်မလုပ်သည်မှာမှန်သော်လည်း ကျွန်တော် သူ့ကို တွေ့တိုင်း ဦးချရအောင် ဦးဇင်း ဝတ်သွားသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။)

ဤကား ကျွန်တော် တို့နှစ်ယောက် တုံးလုံးလဲ နေသောငါးကြီး အားဆေးကုသပုံဖြစ်တော့သည်။

အောင်ကို ။။။ ဪအာ့တာဆို ငါးမွေးတာက ငရဲမကြီးဘူးပေါ့နော်။

ကျွန်တော် ။။။ ကြီးတယ်ကွ ငရဲ မတရားကြီးတာ။

အောင်ကို ။။။ ဟင် မင်းစောန ကပြောတုံးက မကြီးဘူးဆို။ စကားကို နှပ်ချီး ညှစ်သလို ရှုံချီ ညှစ်ချီ မပြောနဲ့နော်။

ကျွန်တော် ။။။ ဒီလိုကွ ငါးလိုချင်တာပဲသိ အိမ်မှာကန်က အလုံအလောက်မရှိ အာ့ကို ရအောင် ကန့်ပြီး မွေး ရေလဲ မလဲ ရောဂါဖြစ်လည်း ဆေးဝယ်မကုပဲ တွေ့ရာ ဆေးမြီးတိုနဲ့ဆော် ငါးဖောက်တယ်ဆိုပြီး အထီးမှန်း အမမှန်းမသိပဲ အထီးအချင်းချင်းပြန်ဖောက် ၊ မွေးရတာရိုးလာရင် အိမ်နားကကလေးတွေ ပေးပြစ် ဆိုရင် ငရဲကြီး တာပေါ့ကွာ။

အောင်ကို ။။။ အော်......ဒါဆိုရင် ငါးဆိုတာ ကုသိုလ် ရအောင်မွေးရင်လည်းရ ငရဲကြီး အောင်မွေးချင်လည်း ရတဲ့ သဘောပေါ့နော်။
ကျွန်တော် ။။။ အေးပေါ့ကွာ ငါးမှမဟုတ်ဘူး ဘယ် အိမ်မွေး တရိစ္ဆာန် မဆို ယူတတ်ရင် ကုသိုလ် မယူတတ် အကုသိုလ် ပဲပေါ့ကွာ။ ဟု ကျွန်တော် ကပြောလိုက်ရာ အောင်ကို က ခေါင်း တညိမ့်ညိမ့် ဖြင့် ပြုံးနေလေတော့သတည်း..........

ဝူပေါက်

Credit to original poster

Photo Credit: Kat Grogan (Pinterest)

ငါးမက ပုံမှန်ထက်ကြီးနေတဲ့ အပြင် ကိုယ့်သူငယ်ချင်း‌တွေရဲ့ ငါးကို ယူဖောက်ပေးရတာကြောင့် နည်းနည်းတော့ စိတ်ဖိစီးခဲ့တယ်။ သားအော...
20/06/2021

ငါးမက ပုံမှန်ထက်ကြီးနေတဲ့ အပြင် ကိုယ့်သူငယ်ချင်း‌တွေရဲ့ ငါးကို ယူဖောက်ပေးရတာကြောင့် နည်းနည်းတော့ စိတ်ဖိစီးခဲ့တယ်။ သားအောင် မအောင်တော့ ဆက်ကြည့်ရမယ်။

Red Copper (coming soon)
20/06/2021

Red Copper (coming soon)

ကိုယ်တိုင်လည်း သဘောကျပြီး အခြားသော Betta ဝါသနာရှင်တွေအတွက်ပါ ဗဟုသုတရအောင် Betta Matrix page မှ ကူးယူဖော်ပြပါသည်။________...
19/06/2021

ကိုယ်တိုင်လည်း သဘောကျပြီး အခြားသော Betta ဝါသနာရှင်တွေအတွက်ပါ ဗဟုသုတရအောင် Betta Matrix page မှ ကူးယူဖော်ပြပါသည်။
_____________________________________________

Betta တစ်ကောင်မှာ
ကျွန်တော် ချစ်မိသောအချက် များ

ပထမဆုံး betta တစ်ကောင်ကို
ကျွန်တော်စမြင်မိတဲ့အချိန်မှာသတိထားမိတဲ့
အချက်လေးတွေရှိပါတယ်

ပထမဆုံး သူ့ကျန်းမာရေးအခြေအနေကို
ကြည့်ပါတယ် သူ...ရေရဲ့ ဘယ်နေရာမှာ
အများဆုံးနေနေတာလဲ?

ကန်ရဲ့အောက်ခြေနေရာလား?
အလယ်ဝန်းကျင်လား??
ဒါမှမဟုတ် ရေပေါ် တက်ပြီး ခဏခဏအသက်ရှူနေသလား?
နောက်ဆုံး ငါးကန်ရဲ့ အပေါ်ထောင့်ရေစပ်စပ်မှာသူသွားကပ်နေသလား? ????

ဒီအချက်တွေဟာ betta တစ်ကောင်ရဲ့
ကျန်းမာရေးအခြေအနေကိုညွှန်ပြနေတဲ့
အမှတ်သင်္ကေတတွေပါ။

အကြမ်းဖျင်းအနေနဲ့ သိထားတာကတော့
ကျန်းမာနေတဲ့ငါးတစ်ကောင်ဟာ ရေကန်ရဲ့ အနက် မှာ အလယ်လောက် မှာပဲအမြဲကူးခက်လှုပ်ရှားနေတာပါ နည်းနည်း ကြာရင်တော့ သူတို့ရေပေါ်တက်ပြီးလေရှူသွင်းပါတယ်ပြီးရင်အောက်ပြန်ဆင်းမယ် သူ့ရှေ့က ဘေးက လှုပ်ရှားမှုတွေကိုလိုက်ကြည့်မယ် ကျူးကျော်သူလို့ထင်ရင် သူတိုက်ခိုက်ချင်လာရင်
စိတ်ပျော်နေတဲ့အချိန် stunning ဖြစ်လာရင်
သူ့ရဲ့​ Operculum တွေ finnage တွေကို Flaring လုပ်ပြမယ်

ဒါတွေတစ်ခုမှမလုပ်ပဲ
အေးစက်စက်နဲ့ ကန်အောက်ခြေနေရာမှာပဲ
ငြိမ်နေတာ ခေါင်းကိုအပေါ်ကိုပဲခဏခဏထောင်ပြီး ရေကူးနေတာ Finnage flare လုပ်ဖို့ကို
သိပ်အာရုံမစိုက်တာတွေဆိုရင်တော့ဒီကောင်လေးဟာ အသက်အရွယ် အိုနေတာ
အားနည်းပင်ပန်းနေတာ stress ဝင်နေတာ
internal parasite ကပ်တွယ်ခံနေရတာ
ရေအပြောင်းအလဲမှာ သူ့အတွက် အခက်အခဲ
ဖြစ်သွားတာအစရှိသဖြင့် သူ့မှာကြည်လင်နေတဲ့ရေထဲကိုမှာကြုံတွေ့နေရတဲ့ အခြေအနေတွေဟာအမျိုးမျိုးဖြစ်နေပါတယ်

နံပါတ် ( ၂ )
Overall form ဒါဟာ တကယ်လှတဲ့ betta fish
တစ်ကောင်ရဲ့ အရေးကြီးတဲ့ အချက်တစ်ခုပါ
သူ့ရဲ့ fin & rays တွေဟာ အချိုးအစား မှန်ကန်စွာနဲ့ သက်ဆိုင်တဲ့နေရာမှာ ဖြစ်တည်နေရင် ​ငါးကြည့်တဲ့သူတွေရဲ့အမြင်အာရုံထဲမှာ
တော်တော်ကို လှပတဲ့ငါးတစ်ကောင်
ဖြစ်နေစေလို့ပါပဲ

နံပါတ် (၃ )
သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုကြည့်ပါတယ်
အရွယ်တူ အထီးအခြင်းခြင်းပြရင်ဖြစ်တဲ့ပုံစံ
အရွယ်မတူတဲ့အထီးတွေနဲ့ပြရင် ဖြစ်တဲ့ပုံစံ နဲ့
ငါးမနဲ့ပြရင်ဖြစ်လာတဲ့ပုံစံတွေကိုလည်း
လေ့လာပါတယ်
ဒီပုံစံသုံမျိုးကို အထီးတစ်ကောင်ရဲ့တုန့်ပြန်မှုတွေဟာ
မတူပါဘူး မတူမှလည်း Breeding process မှာ
သူက အဆင်ပြေဖို့ရာခိုင်နှုန်းပိုများပါတယ်

ပုံစံသုံးမျိုးကို တစ်ပုံစံတည်းတုန့်ပြန်ပြနေရင်
ဒီငါးထီးဟာလုံလောက်တဲ့ရင့်ကျတ်မှုရှိမနေသေးဘူးလို့ကောက်ချက်ချလို့ရပါတယ်

နံပါတ် ( ၄ )
Caudal tail extension ကို 180° ပြည့်မပြည့်ကို ကျွန်တော်ကြည့်ပါတယ် 10° လောက်လျော့နေရင်လည်း ပြဿနာမဟုတ်သေးပါဘူး

Over 180 ° တွေလည်း ရှိပါတယ် သူတို့ကတော့
ပိုပြီးလှစေပေမယ့် ibc မှာတော့ 180°ကိုသာ
ပိုပြီး favour ပေးတာသတိထားမိပါတယ်

နံပါတ် ( ၅ )
သူ့ရဲ့primary & secondary rays တွေပါဝင်တဲ့
Tail structure ကို ကျွန်တော်ကြည့်ပါတယ်
Secondary rays မှာ
( 3~7 rays)
( 8 rays)
( 16 rays)
( 32 rays) တည်ဆောက်ပုံတွေရှိကြပြီး
အများအား​ဖြင့် သူတို့ရဲ့ Tail Branch rays တွေဟာ ဒီလေးမျိုးထဲမှာပဲပါပါတယ်

( 3~7 rays) ဟာ မျိုးသိပ်မကောင်းပါဘူး
Tail branching rays များလေ ငါးတန်ဖိုးမြင့်လေဖြစ်လို့ 16 & 32 rays တွေပါဝင်တဲ့ Tail နဲ့ betta fish တွေဟာ စျေးတန်းမှာအမြင့်တန်းကနေရှိနေကြမှာပါ

နောက်ဆုံး မှကျွန်တော်ကြည့်တဲ့အချက်တစ်ခုကတော့ betta တစ်ကောင်ရဲ့ Color ပါပဲ
ဒါကြောင့်လည်း Color အကြောင်းကို ကျွန်တော် နောက်ဆုံးမှထည့်ရေးတာပါ
ဘာလို့လဲဆိုတော့ အပေါ်ကအချက်တွေပြည့်စုံနေပြီးမှ အဲဒီငါးဟာ ကာလာမရှိတဲ့
Cellophane betta ပဲ ဖြစ်ပါစေအုံးတော့
ကျွန်တော် အဲဒီငါးကို ချစ်ပါတယ် 🙂
အဲဒီအချက်တွေကိုမှ
Color ပါ ပါလာရင်တော့အကောင်းဆုံးပါပဲ။

*Dedicated to easy notes for betta Hobbyists *

All Photographs credit to owners.

Betta လေးတွေက တစ်ကောင်တည်းမွေးရတာလား။ တခြားကောင်လေးတွေနဲ့ တွဲမွေးလို့မရဘူးလား။ (Tank mates for Betta fish)ဒီမေးခွန်းက Be...
15/06/2021

Betta လေးတွေက တစ်ကောင်တည်းမွေးရတာလား။ တခြားကောင်လေးတွေနဲ့ တွဲမွေးလို့မရဘူးလား။ (Tank mates for Betta fish)

ဒီမေးခွန်းက Betta လေးတွေကို စမွေးတဲ့သူတွေ အမေးများတဲ့ မေးခွန်းဖြစ်ပါတယ်။ Betta တွေက သူတို့ရဲ့ ပိုင်နက်သတ်မှတ်ပြီး နယ်မြေလု ရန်လိုတတ်တဲ့ အမူအကျင့်တွေကြောင့် အထီးတွေကို အတူတူမွေးလို့မရပါဘူး။ အမတွေကို ကန်ကျယ်ကျယ်မှာ ပုန်းစရာ‌ေနရာများများနဲ့ အုပ်လိုက်မွေးလို့ရပါတယ်။ ဒါပေမဲ့ စိတ်မပျက်သွားပါနဲ့ဦး။ ကိုယ့် Betta လေးတွေရဲ့ အမူအကျင့် ရန်လိုမလို အပေါ်မူတည်ပြီး 5 gallons - 10 gallons အပင်ကန် (1ပေ 10လက်မ၊ 1ပေပတ်လည်၊ 2ပေ 1ပေကန်) တွေမှာ အပင်များများ ပုန်းခိုစရာ များများနဲ့ တခြား ငါးမျိုးစိတ်လေးတွေနဲ့ တွဲမွေးလို့ရပါတယ်။ ဘယ်ငါးလေးတွေလဲဆိုတာ အောက်မှာ ပုံလေးနဲ့နာမည်နဲ့ တွဲကြည့်ပေးပါဗျ။

ကြိုက်နှစ်သက်ပါက ဒီ post လေးကို like and share လေးနဲ့ ကူညီပေးပြီး နောက်ထပ် Betta နဲ့ ပတ်သတ်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာ သစ်လေးတွေကို သိရအောင် ကျွန်တော်တို့ရဲ့ Betta Hub page လေးကို Like မလုပ်ရသေးရင် လုပ်ခဲ့ဖို့ မမေ့နဲ့နော်။ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။

Address

Shwe Hnin Si 2 Street
Yangon

Alerts

Be the first to know and let us send you an email when Betta Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share