Bu Ku Ju

Bu Ku Ju 🐾 Happy Food with great nutrition for every furbaby 🐾

ချောမောလှပတဲ့ကျော့်အလှမှာ နစ်မြောသွားကြပလား 😎😎😎
07/05/2026

ချောမောလှပတဲ့ကျော့်အလှမှာ နစ်မြောသွားကြပလား 😎😎😎

📣 ဈေးရောင်း post လေးမတင်တာကြာသွားလို့ instock ရနိုင်မယ့် မုန့်လေးတွေပြောပေးပါရစေရှင့် 📣✅ ဒီနေ့မှာ နောက် ၂/၃ ရက်အတွင်း အိ...
24/04/2026

📣 ဈေးရောင်း post လေးမတင်တာကြာသွားလို့ instock ရနိုင်မယ့် မုန့်လေးတွေပြောပေးပါရစေရှင့် 📣

✅ ဒီနေ့မှာ နောက် ၂/၃ ရက်အတွင်း အိမ်အရောက်ရမယ်နော်

📬 လိုချင်တာလေးတွေ အော်ဒါပေးဖို့ cb မှာရှိနေပါမယ်ရှင့်

မုန့်လေးတွေနဲ့ပတ်သက်ပြီးတော့သိချင်တာရှိလည်း cb မှာမေးလို့ရပါတယ်နော် 😙

🐾 BuKuJu Homemade Treats : Happy Food for Furbabies 🐾

🎂 Happy 6th Birthday Junior 🩵🐾🎉🐾 Beef Liver Cake လေးကိုမှ 🍶 Oat ရယ် Yoghurt ရယ် 🧁 Chia Seed ရယ်ရောပြီး ဆမ်းထားတယ်🍓Strawb...
18/04/2026

🎂 Happy 6th Birthday Junior 🩵🐾🎉

🐾 Beef Liver Cake လေးကိုမှ
🍶 Oat ရယ် Yoghurt ရယ်
🧁 Chia Seed ရယ်ရောပြီး
ဆမ်းထားတယ်

🍓Strawberry , Apple, Papaya လေးတင်ထားတယ်

ဒါပါပဲ 💯💯💯


#အမောင်ဂျူ #ဂျူနျာ
#တရုတ်ကြီး #မောင်မောင်ကိတ်
#နှစ်ဦးမောင်

⚠️ ကဲ ကဲ ..... Attention Please ..... ⚠️ပိတ်ရက်ရှည်လာတော့မှာမို့ အိမ်ကဆရာ,ဆရာမကြီးတွေရဲ့မွန့်မွန့်တွေဝယ်ထားကြမယ့်သူတွေအတ...
29/03/2026

⚠️ ကဲ ကဲ ..... Attention Please ..... ⚠️

ပိတ်ရက်ရှည်လာတော့မှာမို့ အိမ်ကဆရာ,ဆရာမကြီးတွေရဲ့မွန့်မွန့်တွေဝယ်ထားကြမယ့်သူတွေအတွက်

အောက်မှာပြပေးထားတဲ့ list လေးအတိုင်း အကုန် instock ပါရှင့် ⬇️⬇️⬇️

🚚 မှာပြီးတာနဲ့ ၂ ရက်အတွင်းအိမ်အရောက်ပို့ပေးမှာမို့
အိမ်မှာအေးဆေးလေး deli လက်ခံရုံပဲနော် 😉

📬 မွန့်မွန့်ပတ်သက်ပြီး သိချင်တာရှိရင်လည်း cb မှာလာမေးကြပါရှင့်

🐾 BuKuJu Homemade Treats : Happy Food for Furbabies 🐾

😌အဆီလုံးဝမပါတဲ့ အမဲပေါင်သားတွေကိုပဲ သေချာသန့်စင်ပြီး 🍯Allergy တွေအတွက်ကောင်းတဲ့ local honey 🧂ငရုတ်ကောင်းနည်းနည်းရယ် 🫚 ဂျ...
27/03/2026

😌အဆီလုံးဝမပါတဲ့ အမဲပေါင်သားတွေကိုပဲ သေချာသန့်စင်ပြီး

🍯Allergy တွေအတွက်ကောင်းတဲ့ local honey
🧂ငရုတ်ကောင်းနည်းနည်းရယ်
🫚 ဂျင်းမှုန့် အနည်းငယ်နဲ့
😙 နှမ်းလှော်မွှေးမွှေးလေးကိုပါထည့်နယ်

🥰အပူချိန်နည်းနည်းနဲ့ အချိန်ပေးပြီး သေချာအခြောက်ခံထားတဲ့ BuKuJu ရဲ့

💯 Honey Roasted Beef Jerky ပါ 🎉

😙 အသားရဲ့လတ်ဆတ်မှုနဲ့
❤️BuKuJu ကထပ်ဆောင်းထည့်ပေးတဲ့ အချစ်တွေကြောင့် ဟောဒီ Honey Beef Jerky ကို ဝုတို့ အရမ်းကြိုက်ကြမှာကိုတော့ ရဲရဲကြီးအာမခံပါတယ်နော် 💯

❤️Price: 10000 Ks

🚚 Instock မို့မှာပြီး ၂ ရက်အတွင်းအိမ်အရောက်ပို့ပေးပါတယ်

🐾 BuKuJu Homemade Treats : Happy Food for Furbabies 🐾

😌 ဝုတို့ မြှောင်တို့အတွက် အာဟာရအပြည့်ဝဆုံး စားစရာဆိုရင်တော့ အသည်းကိုပဲညွှန်းရမှာပေါ့❗ ပုံမှန် ကြက်သား အမဲသား ဝက်သား ဆိတ်...
22/03/2026

😌 ဝုတို့ မြှောင်တို့အတွက် အာဟာရအပြည့်ဝဆုံး စားစရာဆိုရင်တော့ အသည်းကိုပဲညွှန်းရမှာပေါ့

❗ ပုံမှန် ကြက်သား အမဲသား ဝက်သား ဆိတ်သား စတဲ့အသားတွေနဲ့ ကလီစာတွေကနေ မရနိုင်တဲ့ အာဟာရဓာတ်အချို့ကို အသည်းကို နေ့စဉ်အစာရဲ့ 3%-5% ပဲကျွေးရုံနဲ့ ရနိုင်တယ်တဲ့

😇 ကျန်းမာနေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရဓာတ်တွေ မျှတနေမှရမယ် မဟုတ်လားလေ...

😁 ရောဂါဝေဒနာမရှိတဲ့ ဝုတွေမြှောင်တွေအတွက်
အစာအာဟာရကို နေ့စဉ်ပုံမှန် မျှတအောင်သာကျွေး
ရေရှည်မှာပိုပြီး ကျန်းမာလာမယ် ဝိတ်ထိမ်းနိုင်လာမယ်ဆိုတာကို BuKuJu (၃) ကောင်နဲ့တင် အာမခံနိုင်ပါတယ်

😘 တနေ့ကို 5% ပဲ ပိုမကျွေးရဘူးဆိုတော့ အသားတွေဝယ်ရပြင်ရနဲ့မို့လို့ အလုပ်ရှုပ်တယ်ဆိုရင်ဖြင့်

BuKuJu ကထုတ်တဲ့ Dehydrated Liver Bites လေးတွေကို ဝယ်ကျွေးနော်

🐾အထားခံပြီး
🐾အစာထဲဒီတိုင်းထည့်ကျွေးလည်းရ
🐾စားပြီးမှ ကျွေးလည်းရတာ
🐾အာဟာရဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီမံထားတာမို့ စိတ်လည်းချရတယ် အလုပ်ရှုပ်လည်းသက်သာ လွယ်ကူလျှင်မြန်တယ်လေ

ရွေးချယ်စရာ
✔️အမဲအသည်း Beef Liver Bites ရယ်
✔️ဝက်အသည်း Pork Liver Bites ရယ်
ဆိုပြီး (၂) မျိုးရှိပါတယ်

⚠️ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတော့ အသည်းက နေ့စဉ်အစာရဲ့ 3-5% ပဲကျွေးပေးဖို့လိုတယ်ဆိုတာလေး မမေ့နဲ့နော်

❤️ Price: 9000 Ks (50g)

BuKuJu ကထုတ်တဲ့ Dehydrated Beef Lung Puff လေးတွေကလေ 😋 Protein ဓာတ်များစွာပါဝင်ပေမယ့် အဆီနဲ့ Calorie နည်းတဲ့အတွက်ကြောင့် ...
18/03/2026

BuKuJu ကထုတ်တဲ့ Dehydrated Beef Lung Puff လေးတွေကလေ

😋 Protein ဓာတ်များစွာပါဝင်ပေမယ့် အဆီနဲ့ Calorie နည်းတဲ့အတွက်ကြောင့် အာဝုရော မြှောင်ရောအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်လေးဖြစ်စေမှာပါ ဟူးမန်းရေ...

ဒါ့အပြင် Beef Lung က ကလီစာဖြစ်တဲ့အတွက်
🐾နေ့စဉ်အစာရဲ့ 15% အနေနဲ့ ထည့်သွင်းကျွေးမွေးပေးလည်း ရပြီးတော့
✅သူ့မှာ Vitamin C , Vitamin B12 နဲ့
✅Iron, Zinc စတဲ့ဓာတ်တွေအပြင်
✅Collagen လည်းပါဝင်ပါတယ်

🔥 Collagen ဟာ ခန္ဓာတခုလုံး အရိုးအရွတ်ကစလို့ ကြွက်သား၊ အရေပြားအထိ လိုအပ်တဲ့အရာဖြစ်ပြီးတော့ အရိုးအဆစ်နာကျဉ်မှုကို သက်သာစေတယ်
အမွှေးနဲ့ အရေပြားကို အထောက်အကူဖြစ်စေတဲ့အပြင် အစာခြေစနစ်အတွက်လည်း ကောင်းမွန်ပါတယ်တဲ့ 🔥

😘BuKuJu က Dehydrated Beef Lungs လေးတွေကို Training treat အနေနဲ့လည်း အသုံးပြုလို့ရပြီးတော့ သူ့ရဲ့ Texture က သွားသန့်ရှင်းရေးအတွက်လည်း တတောင့်တနေရာက အထောက်အကူဖြစ်စေမှာပါနော်😘

❤️Price: 6000 Ks

📭Chatbox မှတဆင့်ဆက်သွယ်မှာယူနိုင်ပါပြီ

😍 ဝုကလေးတွေရေချိုးပြီးရင် အိမ်ထဲမှာ Drift တွေဆွဲပြီး ပတ်ပြေးလိုက် ဟောင်လိုက် ကြမ်းမှာလူးလိုက် လုပ်ကြတာကို ဝုတွေက ရေချိုး...
16/03/2026

😍 ဝုကလေးတွေရေချိုးပြီးရင် အိမ်ထဲမှာ Drift တွေဆွဲပြီး ပတ်ပြေးလိုက် ဟောင်လိုက် ကြမ်းမှာလူးလိုက် လုပ်ကြတာကို ဝုတွေက ရေချိုးပြီး လန်းဆန်းသွားလို့တို့ စိတ်ဆိုးနေတာပါတို့လို့ချည်းပဲ ထင်နေရင် မှားမယ်နော်

ရှေ့တခေါက် ခွေးတွေရဲ့ Behavior ကိုပြောပြတဲ့အချိန်မှာ တချို့ပိုင်ရှင်တွေရဲ့ လွဲမှားတဲ့ထင်မြင်မှုလေးတွေထဲက တခုဖြစ်ပါတယ်

ဝုတွေက ရေချိုးရတဲ့အခါ

နံပါတ် (၁) အချက်အနေနဲ့ သခင်ပြုသမျှ နုရတာဆိုတော့ ရေချိုးပြီးလို့ လက်ကလွတ်ပြီဆိုတာနဲ့ လွတ်ပြီဟေ့ဆိုပြီး ဝမ်းသာအားရပြေးသွားပြီး ပတ်ချာလည်လှည့်တတ်ပါတယ်တဲ့ 😅
ဒါဟာ အပြစ်ပေးရမယ့် စိတ်ပူရမယ့်အချက်မဟုတ်ဘဲ ပျော်စေသွက်စေချင်တဲ့ဆန္ဒရှိရင် ဝိုင်းကူဆော့ပေးလို့ရပြီး ပိုပြီးတော့ မြန်မြန်ငြိမ်စေချင်တယ်ဆိုရင်ဖြင့် မုန့်လေးတွေကျွေးတာ၊ Snuffle Mat တွေ Licking Mat တွေပေးတာ၊ နှိပ်နယ်ပေးတာတွေလုပ်လို့ရပါတယ်တဲ့

နံပါတ် (၂) အချက်ကတော့ ခွေးကခွေးနဲ့ မတူတော့လို့ပါတဲ့ ခွေးကလေးတွေက အနံ့ခံအာရုံစူးရှပြီးတော့ သဘာဝမှာကလည်း ဒီလိုအနံ့တွေပြင်းပြီး ထူးခြားနေရင် သူတို့ကို ရန်ပြုနိုင်တဲ့၊ သူတို့အမဲလိုက်လို့ရတဲ့ တိရစ္ဆာန်ကလေးတွေအတွက် Alert တခုလိုဖြစ်နိုင်လို့ပါတဲ့ 🫠
ဒါကလည်း အပြစ်ပေး ပူပန်ရမယ့်အချက်မဟုတ်ဘဲနဲ့ အနံ့ပြင်းတဲ့ Shampoo တွေမလိုအပ်ဘဲသုံးတာမျိုးကိုရှောင်ကြဉ်ပြီးတော့ ဝုကလေး ပွတ်လို့ရမယ့် သဘက်တွေ စောင်တွေ အခင်းလေးတွေ ချပေးထားလို့ရပါတယ်တဲ့

နံပါတ် (၃) အချက်ကတော့ ပုံမှန်ဝုကလေးတကောင်က ၁-၂ လလောက်နေမှ ရေချိုးရတာဖြစ်တဲ့အတွက် အဲ့ဒီ ရေစိုနေတဲ့အမွှေးကြီးနဲ့ နေသားမကျလို့ဖြစ်နိုင်ပါတယ်
ဒီတိုင်း သဘက်လေးနဲ့အရင်ခြောက်အောင်သုတ်ပြီး သူ့ကိုလည်း Desensitize လုပ်တဲ့အနေနဲ့ ရေတွေကို ပြောင်စင်အောင် ခါစေတာမျိုးလေးလုပ်ခိုင်းလို့ရပါတယ်

😇 ဘာပဲဖြစ်ဖြစ်ပါ ... ရေချိုးပြီးတိုင်း အမွှေးတိုတိုရှည်ရှည် လေအားပြင်းတဲ့ Dryer နဲ့ ပုံမှန်လေအေးကို သုံးပြီး ခပ်မြန်မြန် သေချာခြောက်အောင်မှုတ်ပေးရမယ်နော် 😉

❗လေပူတွေသုံးရင် အရေပြားခြောက်သွေ့တာ ယားယံတာတွေဖြစ်နိုင်ပြီး
❗ လေအားနည်းတဲ့ Dryer နဲ့ဆိုရင် ရေခြောက်တဲ့အချိန်ကြာလို့ အမွှေးလေးပြန်ထုံးလွယ်တာ၊ အရေပြားအဆီတွေ ပိုပြီးခမ်းခြောက်တာဖြစ်နိုင်သလို
❗ ဂျိုင်းကြား၊ ပေါင်ကြား၊ နားရွက်အနောက်နဲ့ ခြေဖဝါးကြားလေးတွေထဲမှာ ရေငွေ့လေးတွေကျန်ရစ်ခဲ့ရင် ဘတ်တီးရီးယားနဲ့ Yeast တွေ ပေါက်ပြီး ယားနာနဲ့ အနံ့ဆိုး ဖြစ်နိုင်ခြေများလို့ သတိပြုရမယ်နော် ...

ရေချိုးပြီးပတ်ပြေးနေတဲ့ ဝုတွေ ရှိသလားဝေ့ 😁

မေတ္တာဖြင့် Bu Ku Ju

⚠️စာများကူးယူဖော်ပြခွင့်မပြု

AI generated image.

🤔 အသစ်အဆန်းမဟုတ်တဲ့ Chicken Meat Treats လေးတွေပါပဲ 🤔ဒါပေမယ့် စားဖူးတဲ့ကလေးတွေကတော့ BuKuJu ရဲ့ Chicken Treats မှမဟုတ်ရင် ...
13/03/2026

🤔 အသစ်အဆန်းမဟုတ်တဲ့ Chicken Meat Treats လေးတွေပါပဲ 🤔

ဒါပေမယ့် စားဖူးတဲ့ကလေးတွေကတော့ BuKuJu ရဲ့ Chicken Treats မှမဟုတ်ရင် မစားတော့ဘူးတဲ့ 🤭🤭🤭

အပိုမပြောပါဘူး မယုံရင်ကျွေးကြည့်ပါနော် 😙

✅ သန့်ရှင်းလတ်ဆတ်တဲ့ကုန်ကြမ်းတွေကိုပဲသုံးတာပါရှင့်

🔸Eggy Chips - 6000 Ks
🔸Crunchy Chicken Jerky - 11000 Ks
🔸Honey Chicken Jerky - 9000 Ks

🚚 Instock မို့ ၂ ရက်အတွင်းအိမ်အရောက်ပို့ပေးပါတယ်နော်

🐾 BuKuJu Homemade Treats : Happy Food for Furbabies 🐾

😇BuKuJu ရဲ့ မုန့်မုန့်လေးတွေအတွက် Update Price List လေးတွေပါ အမျိုးတို့ရေ 🙏🐶 ဝုတို့မြှောင်တို့ကို ပိုမိုပြီး ကောင်းမွန် ...
01/03/2026

😇BuKuJu ရဲ့ မုန့်မုန့်လေးတွေအတွက်
Update Price List လေးတွေပါ အမျိုးတို့ရေ 🙏

🐶 ဝုတို့မြှောင်တို့ကို ပိုမိုပြီး ကောင်းမွန် ကျန်းမာစေဖို့
အစဉ်အမြဲကြိုးစားနေတာကြောင့်
ယုံကြည်စိတ်ချပြီး ကျွေးမွေးလို့ရပါတယ် 🐱

မုန့်လေးတွေနဲ့ ပတ်သက်ပြီး သိချင်တာ
မေးချင်တာမှန်သမျှကိုလည်း
အားမနာတမ်း မေးမြန်းနိုင်သလို

😉 အဆင်မပြေတာ တခုခုရှိလည်း
အချိန်မရွေး အကြုံပြုပေးပါလို့ မေတ္တာရပ်ခံပါတယ်နော်

Customer တွေရဲ့စကားကို အမြဲနားစွင့်နေပါတယ်လို့ 💯

✨ ဖိုးပြုံးချိုလေးမောင်မောင်ဘူးဒီ အသည်းစွဲကြိုက်တဲ့Honey Beef Jerky instock ပါ အမျိုးတို့ ✨❤️ 50g : 8500 Ksအမဲပေါင်သားကိ...
23/02/2026

✨ ဖိုးပြုံးချိုလေးမောင်မောင်ဘူးဒီ အသည်းစွဲကြိုက်တဲ့
Honey Beef Jerky instock ပါ အမျိုးတို့ ✨

❤️ 50g : 8500 Ks

အမဲပေါင်သားကိုအဆီလုံးဝမပါအောင်ရှင်းပြီ
အသားလွှာလုပ်ထားတာမို့ ရှယ်ပဲ ရှယ်ပဲ 😋

အသားဈေးတွေတောက်လျှောက်တက်နေပေမယ့် ဈေးမတက်ရသေးပါဘူး 😬

အဲ့တာကြောင့်ကြိုပြီးဝယ်စုထားလို့ရပါသေးတယ်ရှင့် 😙

✅ BuKuJu ရဲ့ထုံးစံအတိုင်း တာရှည်ခံဆေး အရောင်ဆိုးတေး အရသာမှုန့် လုံးဝအသုံးပြုထားခြင်းမရှိပါ

🙏🏻 ယုံကြည့်စိတ်ချစွာအမြဲဝယ်ယူအားပေးကြတဲ့ ကာကာများကို ကျေးဇူးအထူးတင်ပါတယ် 🙏🏻

🐾 BuKuJu Homemade Treats : Happy Food for Furbabies 🐾

Address

Yangon

Alerts

Be the first to know and let us send you an email when Bu Ku Ju posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category