Shwe Panda Pet Food and Accessories

Shwe Panda Pet Food and Accessories Welcome to '' Shwe Panda '' Pet Food and Accessories

23/06/2024
⭕️အသိ သတိ မုန်တိုင်းအန္တရာယ်⭕️အခုလာမယ့်မုန်းတိုင်းဟာဘယ်လောက်ပြင်းထန်မယ်ဘယ်လမ်းကြောင်းက၀င်မယ် မ၀င်ဘူးဆိုတာသေချာမသိသေးခင်မ...
13/05/2023

⭕️အသိ သတိ မုန်တိုင်းအန္တရာယ်⭕️
အခုလာမယ့်မုန်းတိုင်းဟာဘယ်လောက်ပြင်းထန်မယ်
ဘယ်လမ်းကြောင်းက၀င်မယ် မ၀င်ဘူးဆိုတာသေချာမသိသေးခင်မှာ ဒါလေးရေးလိုက်တာပါ
အကယ်၍များမိမိတို့ နေထိုင်ရာအရပ်သို့မုန်တိုင်းရောက်ရှိလာပါက မိမိတို့မွေးထားသောတိလေးများကို
❌လည်ပတ်များကိုချွတ်ထားပေးပါ
❌ချည်ကြိုးများကို မချည်ဘဲလွှတ်ထားပေးပါ
❌ခြံထဲတွင် ပိတ်မလှောင်ထားပါနဲ့
ခွေး ကြောင်များကိုလည်း မိုးလုံလေလုံနေရာတွင်ထားနိုင်ပါကထားပေးပြီး ကိုယ်တိုင်​မခေါ်သွားနိုင်ပါက လွတ်လပ်စွာသွားခွင့်ပေးပါ
လည်ပတ်များကြောင့် တစ်နေရာရာတွင်ချိတ်နေခြင်း
ကြိုးများကြောင့် ချိတ်မိနေချင်း
လှောင်အိမ်ထဲပိတ်မိပြီး ရေနှစ်ခြင်းတို့မှ ကင်းကွာနိုင်ကြပါစေ။
Crd

Breaking news❗❗❗(MOCHA)သည် ယနေ့ည ၉နာရီခွဲတွင် စူပါဆိုင်ကလုန်း  Super Cyclonic Storm အဖြစ် အနီရောင်မှ ပန်းရောင်အဆင့်သို့ပ...
13/05/2023

Breaking news❗❗❗

(MOCHA)သည် ယနေ့ည ၉နာရီခွဲတွင် စူပါဆိုင်ကလုန်း Super Cyclonic Storm အဖြစ် အနီရောင်မှ ပန်းရောင်အဆင့်သို့ပြောင်းလဲရောက်ရှိလာ
Swar Min

ရက်တွေအဝေးကြီးကထဲက ကြိုတင်သတိပေးပြီးဖြစ်လို့ အဆင်သင့်ကြိုတင်ပြင်ဆင်ကြပြီးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ
မြန်မာနိုင်ငံတစ်ခုလုံးဘေးကင်းကြပါစေလို့မင်မင်တို့ Shwe Panda မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။

အားလုံးပဲTake careပါ🥺
ဆိုက်ကလုန်း မိုချာကို
Map ကနေ တိုက်ရိုက် ကြည့်နိုင်မယ့် link ပါ။

https://zoom.earth/maps/wind-speed/ =11.7,93.9,4.94z/model=gfs

ပြည်သူအားလုံးနဲ့ တိ​လေး​တွေအားလုံး ဘေးကင်းကြပါစေ။

20/02/2023

🐱ကြောင်တွေဆီက healing power ယူကြမယ် 🌸🌙🐈ကြောင်တွေက အသက် ၉ ချောင်းနဲ့ သတ္တဝါလို့ တင်စားရအောင် ဘယ်လောက်ဆတ်ဆလူးထထ ရအောင် အသက...
03/05/2022

🐱ကြောင်တွေဆီက healing power ယူကြမယ် 🌸🌙🐈

ကြောင်တွေက အသက် ၉ ချောင်းနဲ့ သတ္တဝါလို့ တင်စားရအောင် ဘယ်လောက်ဆတ်ဆလူးထထ ရအောင် အသက်ရှင်နိုင်တဲ့ survival skill မြင့်တဲ့ အကောင်လေးတွေပါ။ တော်ရုံရောဂါဖြစ်ရင်လဲ မိမိကိုယ်ကို self healing လုပ်နိုင်ပါတယ်။

ဒါ့အပြင် သူတို့ မြောင်သံ တွေဟာ vibration frequency 20Hz -50Hz ကို ထုတ်ပေးနိုင်ပြီး လူတွေရဲ့ ကြွက်သား အသားစ နဲ့ အရိုးကို ကောင်းမွန်စေတဲ့ frequency နဲ့ တထပ်တည်းဖြစ်တယ်လို့ ဆိုပါတယ်။

ကြောင်တွေမှာ လူတွေလိုပဲ ကိုယ်ရောင်ကိုယ်ဝါ aura ရှိပြီး လူတွေ အတွက် လိုအပ်တဲ့ aura ကို ဖြည့်ဆည်းပေးတတ်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ aura field တူတဲ့လူသားတွေကိုမှ သူတို့က အနားကပ်ခံပါတယ်တဲ့။

ကြောင်တွေရဲ့ aura အရောင်ဟာ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင် - ထိုးထွင်းသိမြင်တတ်သော အလိုအလျောက်သိတတ်သော ခရမ်းရောင် - ဖြူစင်ကြင်နာသော အဖြူရောင် aura တွေ ဖြစ်တတ်ပြီး

တခါတလေလဲ Dark Power တွေ လွှမ်းမိုးနေတတ်ပါတယ်။ Wick Aura အကျင့်ပုတ် aura တွေလဲ ရှိတတ်ပါတယ်။ အကျင့်ပုတ်တယ်ဆိုတာ သခင်ကို ခိုက်စေတာမဟုတ်ပါဘူး။ ဂျီကျတဲ့အကျင့်လေးတွေ မျက်နှာဇိုးကြီးနဲ့ သခင်ကို ခိုင်းတဲ့အကျင့်တွေ သခင်ခေါ ်တာသိသိနဲ့ အဖက်မလုပ်တာလေးတွေ ကို ပြောတာပါ။

အနက်ရောင် ကြောင်များ - သခင်ဆီကို ရောက်လာတဲ့ negative energy တွေကို သူ က ကြားခံ ကာကွယ်လေ့ရှိပါတယ်။ အများစုက ကြောင်နက်ဆို bad luck လို့ ပြောတယ်။ တကယ်တော့ သူတို့က မကောင်းတဲ့အရာကို ကြိုသိနိင်တာမို့ သတိပေးတာပါ။ ကြောင်တွေထဲမှာ အသက်အပြင်းဆုံး ကောင်လို့ ပြောရမယ်။ Healer လေးတွေပါ။

အဖြူရောင်ကြောင်များ - သခင်ကို ငွေကံကောင်းစေပါတယ်။ လှလှလေးထားပေးဖို့လိုပါမယ်။သူ့ကို အနီရောင်ရွှေရောင်ပစ္စည်းလေးတွေပေးထားရင် သူ့ကို ကောင်းကောင်းထားတဲ့ သခင် ငွေတွေအများကြီးရပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးတတ်ပါတယ်။

အဝါရောင်ကြောင်များ - စပ်စပ်စုစု ဘဲဥတို့အဖွဲ့ပါပဲ။ အမြဲတမ်း လေ့လာစူးစမ်းနေတတ်ပြီး သခင်ကို ဆရာ ပြန်လုပ်တတ်ပါတယ်။ဉာဏ်အရမ်းကောင်းပြီး motivation ပေးတတ်တဲ့ကောင်လေးတွေပါ။ သူတို့ကို ဖက်ထားပြီးဖြစ်စေ သူတို့ရှေ့မှာဖြစ်စေ သခင်က လုပ်မယ့်စီးပွားရေးတွေ အပြောင်းအလဲတွေ နိုင်ငံရေးတွေ ပြောပြရင် နားမထောင်သလိုလိုနဲ့ နားလေးနှစ်ဖက်ထောင်ပြီး အသက်ရှူ ရင်း အာရုံစိုက်ပြတတ်ပါတယ်။ ပြီးရင် ဖြေရှင်းနည်း သို့မဟုတ် အောင်မြင်နည်းတွေ ကိုယ်သတိထားမိအောင်လုပ်တတ်ပါတယ် ဥပမာ - TV ရှေ့ ဖြတ်လျောက်ပြပြီး ဖွင့်ခိုင်းတာ စာအုပ်ကိုတွန်းချတာ တခါတလေ သခင်က အိပ်ဖို့လိုနေပြီဆိုရင် ကုတင်ပေါ ်တက်ပြတာ စသဖြင့်ပေါ့။ BFF လေးပါ။ ကြောင်အချင်းချင်းကိုလဲ ဦးဆောင်တတ်ပါတယ်။

အညိုရောင်ကြောင်များ - သခင်တွေအိမ်မက်နိမိတ်မကောင်းတာကို ခြေဖျက်ပေးပါတယ်။ အိမ်မသန့်တာကို သန့်ပေးတယ်။ ဘယ်လိုလဲဆိုတော့ သူ့ကိုယ်လုံးနဲ့ နေရာတကာ လိုက်ပွတ် လူးလှိမ့်တယ်။
အိမ်မသန့်ရင် အဲ့လိုလူးလိမ့်ပြီး cleansing လုပ်ပြတယ်။ မီးဖိုချောင်မှာညစ်ပတ်နေရင် တဆာဆာအော်တယ်။ သခင်မှာ မသန့်တာပါလာရင် ငုတ်တုတ်ထိုင်ကြည့်တယ်။ သူ့ကို ကောင်းကောင်းကျွေးမွေးရင် သခင့်ကလေးတွေပါ လိုက်ကြည့်ပေးတတ်ပါတယ်။ စာတွေဘာတွေမလုပ်ရင် ခြောက်ချက်သွားကုတ်တာမျိုး။ အိမ်တော်ထိန်းမြောင်ပေါ့။

အဖြူ အမည်းရောနေတဲ့ကြောင်များ ; အသက်ဘယ်လောက်ကြီးကြီး အဆော့မက်တဲ့ဟာတွေပါ။ ပေါတောတော နဲ့ ပလပ်ကျွတ်နေတဲ့အထာနဲ့ တခါတလေ မျက်လုံးပြူ းပြီး သခင်ကို ဘုကြည့်ကြည့်ပါတယ်။ အကြောင်းက သခင် နောက်ကွယ်မှာ ဘာတွေ ပေါက်ကရလုပ်လဲဆိုတာ အကုန်သိပြီး ဗုဒ္ဓေါ ဗုဒ္ဓေါ ဖြစ်နေတာပါ။ သူတို့ ဗြောင်းဆန်အောင်ဆော့ပေးတယ်ဆိုတာ သခင်ဘေးနားက နတ်ဆိုးတွေကို ရှင်းထုတ်ပေးတယ်လို့ ထင်နေတဲ့ကောင်လေးတွေပါ။ တခါတလေ attention အရမ်းယူပါတယ်။ သခင့်ကို သူတို့ကလွဲရင် ဘယ်သူမှ မစောင့်ရှောက်နိုင်ဘူးလို့ စိတ်ကြီးဝင်နေတဲ့ အုပ်စုပါ။ တကယ်လဲ သူတို့ ရဲ့ energy က ရှားပါတယ်။ အလွန်ပါးနပ်ပေမယ့် ငတုံးလိုနေတတ်တဲ့ ဖရဲသီး energyပါ။

မီးခိုးရောင်ကြောင်များ -Protector Cat လို့ပြောရပါမယ်။ သခင့်ရဲ့ စိတ်ဝေဒနာတွေကိုကုစားပေးတယ်။ သူ မရှိသလိုလေးနေပြတတ်တယ်။ သခင့်ကို အဝေးကနေ ဂရုစိုက်နေတတ်တယ်။ သခင့်အိမ် လုံခြုံရေး တခြားကောင်တွေလာမသောင်းကျန်းအောင် ကာကွယ်ပေးတယ်။ ကြွက်ခုတ်တာ မြွေဖမ်းတာစသဖြင့် လုပ်ပေးတတ်တယ်။ အေးဆေးနေတတ်တယ်။ သခင့်ကိုစကားသိပ်မပြောဘဲ စိတ်ကနေ လှမိးဆက်သွယ်လေ့ရှိတယ်။ မပြောဘဲနဲ့ စိုက်ကြည့် အလိုက်သိဆိုတဲ့ကောင်လေးတွေပေါ့။

အစင်းကြားရောင်ကြောင်များ /နှစ်ရောင် သုံးရောင်စပ်များ - တွဲပြတ် ဘဲပစ် ဆော်ပစ် Rs ပိုင်ဆိုင်ထားတဲ့သခင်တွေကို တရားပြမယ့်ကောင်တွေပါ။ သခင်တွေအသည်းကွဲတာကို လာရောက်ကုသပေးမယ့် therapist cat တွေ ဖြစ်ပါတယ်။ အဲ့ကြောင်လေးတွေနားကပ်ပြီး စိတ်ဆင်းရဲစရာ RS ကိစ္စတွေ Nobody loves me တွေ ရင်ဖွင့်ပြောပေးရင် ကြောင်လောကထဲ သတင်းပြန်ဖြန့် ပေးပါလိမ့်မယ်။ ငါ့သခင်ကတော့ အသည်းကွဲနေပြန်ပြီ ငါ အိမ်ပြန်ဦးမှ ဆိုပြီး ဘော်ဒါမြောင်တွေထက် သခင်ကို ဦးစားပေးတဲ့ ကောင်လေးတွေပါ။ သခင်ကို ချစ်တတ်တဲ့ ကလေးတွေပေါ့။ ကိုယ့်နှလုံးသားတွေအရည်ပျော်အောင် ချွဲပါလိမိ့မယ်။

ကြောင်လေးတွေဆီက healing power လိုချင်ရင် သူ့နဖူးလေးနဲ့ ကိုယ့်နဖူးလေး တို့ထိပေးပါ။ သူ့အသားနဲ့ ကိုယ်အသားကပ်ထားပါ။ ကိုယ့်နှလုံးခုန်သံရှိတဲ့ ဘယ်ဘက်အခြမ်းမှာ ကြောငိလေးရဲ့ ခေါင်းကို ထားပေးပါ။

စိတ်ဝင်စားစရာတခုခု အတူလုပ်ပါ။ ခေါ်ပါ။ ငှက်တွေအတူတူ ထိုင်ကြည့်ပါ။ TV အတူတူ ကြည့်ပါ။ အတူတူ နေ့ခင်းတရေးအိပ်ပါ။

Credit

😻သားသားမီးမီး​လေး​တွေ အရမ်းကြိုက်တဲ့ KIMI ​ညှောင်စာ ​လေး​တွေ 🥰🥰🥰
17/12/2021

😻သားသားမီးမီး​လေး​တွေ အရမ်းကြိုက်တဲ့ KIMI ​
ညှောင်စာ ​လေး​တွေ 🥰🥰🥰

၂၀.၁၀.၂၀၂၁ သီတင်းကျွတ်လပြည့်နေ့မှ စတင်ပြီးပြည်သူအပေါင်း ဘေးရန်ကင်းကွာ၍ အရာအားလုံးအောင်မြင်ပါစေ.. 😇စီးပွားဥစ္စာများလည်းတိ...
20/10/2021

၂၀.၁၀.၂၀၂၁ သီတင်းကျွတ်လပြည့်နေ့မှ စတင်ပြီး
ပြည်သူအပေါင်း ဘေးရန်ကင်းကွာ၍
အရာအားလုံးအောင်မြင်ပါစေ.. 😇
စီးပွားဥစ္စာများလည်းတိုးတက် ပြီး အစစ အရာရာ အဆင်​ပြေကြပါ​စေ ..လို့ Shwe Panda မိသားစုမှ ဆုမွန်​ကောင်း​တောင်းအပ်ပါတယ် 🙏🙏🙏

Kimi ​ကြောင်စာ ​ခြောက်များ ကို လက်လီ/လက်ကား    ၀ယ်ယူရရှိနိုင်ပါပီ🥰ချစ်တဲ့မင်မင်🐼လက်ကား ၀ယ်ယူချင်တဲ့ 🥰Customerများအတွက် 🐱...
07/10/2021

Kimi ​ကြောင်စာ ​ခြောက်များ ကို လက်လီ/လက်ကား
၀ယ်ယူရရှိနိုင်ပါပီ🥰
ချစ်တဲ့မင်မင်🐼
လက်ကား ၀ယ်ယူချင်တဲ့ 🥰Customerများအတွက်
🐱အထုတ်​သေး ၁အိတ်➡️ အထုတ်၁၀၀ပါ🤑 ၅၀၀၀၀ကျပ်
🐱အထုတ်ကြီး ၁အိတ်➡️ အထုတ်၆၀ပါ 🤑၆၀၀၀၀ကျပ်
😍အထုတ်​သေး ၁ထုတ် ၆၀၀ကျပ်
😍အထုတ်ကြီး ၁ထုတ် ၁၁၅၀ကျပ်

မြန်မာနိုင်ငံ အမြန်ဆုံး​အေးချမ်းပါ​စေ🙏🙏🙏နိုင်ငံ​ရေး အ​ခြေ​နေမတည်ငြိမ်ပါ​သော​ကြောင့် ပစ္စည်း​ရောင်းချ /ပို့​ဆောင် မှု့မျာ...
11/03/2021

မြန်မာနိုင်ငံ အမြန်ဆုံး​အေးချမ်းပါ​စေ🙏🙏🙏
နိုင်ငံ​ရေး အ​ခြေ​နေမတည်ငြိမ်ပါ​သော​ကြောင့် ပစ္စည်း​ရောင်းချ /ပို့​ဆောင် မှု့များ ခဏရပ်နားထား​ပါကြောင်း ​လေးစားစွာအသိ​​ေပးအပ်ပါတယ်ရှင်

Address

No. 195(A), Aung Tagon 5th Street, 29 Ward, North Dagon Tsp. Yangon
Yangon

Opening Hours

Monday 09:00 - 20:45
Tuesday 09:00 - 20:45
Wednesday 09:00 - 20:45
Thursday 09:00 - 20:45
Friday 09:00 - 20:45
Saturday 09:00 - 20:45
Sunday 09:00 - 20:45

Telephone

+959257776007

Website

Alerts

Be the first to know and let us send you an email when Shwe Panda Pet Food and Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Panda Pet Food and Accessories:

Share

Category