Hlawga Park

Hlawga Park Hlawga Park is an open zoo in Myanmar's Yangon, that was established in 1989. The safari area of ​​Hlawkar Park is 818 acres. The mini zoo has 62 acres.

“ အာဇာနည်နေ့ ဒို့မမေ့ ” ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာပြည်သူ ပြည်သား များသည် အဖိုးမဖြတ် န...
19/07/2025

“ အာဇာနည်နေ့ ဒို့မမေ့ ”

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာပြည်သူ ပြည်သား များသည် အဖိုးမဖြတ် နိုင်ဖွယ်ရာ တန်ဖိုးရှိ လူ ၉ ဦးကို ဆုံးရှုံးခဲ့ကြရပါသည် ။ ယခုအချိန်တွင် အာဇာနည်နေ့ ဖြစ် မှတ်တမ်းတင် ကျန်ခဲ့ပါသည် ။ ထိုနေ့တွင် ကျဆုံးသွားသော အာဇာနည် ၉ ဦး၏ စွန့်လွှတ် အနစ်နာခံ ခြင်း နှင့် ပေးဆပ်ခဲ့ခြင်းတို့ကို အောက်မေ့သတိရရင်း အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပကြပါသည် ။

ယခုနှစ် ၂၀၂၅ ဇူလိုင်လ ၁၉ ရက် ( စနေနေ့ ) တွင် ကျရောက်သော ၇၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးပြီးလေသော အာဇာနည်ခေါင်းဆောင်ကြီးများကို လှော်ကားဥယျာဥ် (ရန်ကုန်) မိသားစုမှ လွမ်းဆွတ် တမ်းတရင်း အမှတ်ရဂုဏ်ပြုလိုက်ပါတယ်ရှင် ။

#အာဇာနည်နေ့



#အာဇာနည်များကိုမှတ်ရာနေ့

☘️သဘာဝ ဆိုတာ ကိုယ်တိုင် ပါဝင် နစ်မြောလိုက်မှပဲ သူ့ရဲ့ အရသာကို ထိထိမိမိ ခံစားနိုင်မယ်ဆိုတာ ဟုတ်ပါသလား ?  🤷‍♀️🤷‍♂️💁အဖြေကတေ...
14/07/2025

☘️သဘာဝ ဆိုတာ ကိုယ်တိုင် ပါဝင် နစ်မြောလိုက်မှပဲ သူ့ရဲ့ အရသာကို ထိထိမိမိ ခံစားနိုင်မယ်ဆိုတာ ဟုတ်ပါသလား ? 🤷‍♀️🤷‍♂️

💁အဖြေကတော့ ဟုတ်ပါတယ် ။ သဘာဝဆိုတာ မြင်တွေ့ရရုံထပ်ပိုပြီး ကိုယ်တိုင် ပါဝင် နစ်မြောလိုက်မှပဲ သူ့ရဲ့ အလှတရားတွေကို နီးစပ်စွာ ခံစားနိုင်မှာ ဖြစ်ပါတယ် ။ ဒီလို သဘာဝရဲ့ အလှတရားတွေကို အေးချမ်းစွာ ခံစားနိုင်ဖို့အတွက်ဆိုရင် ရန်ကုန်မြို့လယ်ခေါင်နှင့် မလှမ်းမကမ်းမှာရှိနေတဲ့ ကျယ်ကျယ် ဝန်းဝန်း စိမ်းစိမ်း စိုစိုဖြင့် အေးချမ်းလှပမှုတွေ ပြည့်နှက်နေတဲ့ လှော်ကားဥယျာဥ်ကြီးရှိနေပါတယ် ။ 🌳🌳

🌳🐒အေးချမ်း လှပပြီး စူးစမ်းလေ့လာစရာတွေဖြင့် ပြည့်နှက်နေသော လှော်ကားဥယျာဥ်ဝန်းကြီးထဲမှာ သဘာဝကို ချစ်မြတ်နိုးသူတိုင်းအတွက် အနည်းဆုံး တကြိမ် တခါလောက်တော့ လုပ်ကို လုပ်ကြည့် သင့် တဲ့ activity လေးတွေလည်း ရှိနေပါသေးတယ် ။ 🙌

👉ဒီ activity လေးတွေကတော့ ဘာလဲဆိုရင်တော့ ..... လှပတဲ့ ရှုခင်းတွေကို အနီးစပ်ဆုံး စူးစမ်းနိုင်မယ့် Trekking Activity ဖြစ်တဲ့ တောင်တတ်ခြင်း အစီအစဉ်ဖြစ်ပြီး ၊ လူငယ်တွေအကြိုက် အုပ်စုဖွဲ့ပြီး ပါဝင်နိုင်မယ့် Biking Activity ဖြစ်တဲ့ စက်ဘီး စီးနင်းခြင်း အစီအစဥ်လည်းရှိနေပါသေးတယ် ။ နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်တစ်ခုကတော့ ကန်ရေပြင်ကျယ်ပေါ်မှာ Paddle Boat ကို စီးနင်းရင်း ရေပြင်လယ်မှာ လှုပ်ရှားဆော့ကစားရမည့် SUP Activity ပဲဖြစ်ပါတယ်။🌊

✌️ဒီလို အစီအစဥ်ကောင်းတွေဟာ တစ်ဦးတစ်ယောက်ထဲမှ စပြီး မိသားစုလိုက်ပဲ ဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် ပျော်ပျော်ပါးပါး ပါဝင် ဆော့ကစားနိုင်ပြီး သဘာဝရဲ့ အလှအပ ၊ အေးချမ်းမှု စတဲ့ အရသာတွေကိုလည်း ထိထိ မိမိ ခံစားနိုင်မှာဖြစ်လို့ သဘာဝ နဲ့ ထိတွေ့ နိုင်ဖို့ လှော်ကားဥယျာဥ်ကို လာရောက်လည်ပတ်ကြပါစို့နော် ။☘️✨






💚💁လှော်ကားဥယျာဉ်( ရန်ကုန် ) အတွင်း အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ နေ့လည် (၁း၀၀) တို့တွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝ...
12/07/2025

💚💁လှော်ကားဥယျာဉ်( ရန်ကုန် ) အတွင်း အပတ်စဉ် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ နေ့လည် (၁း၀၀) တို့တွင် သက်ဆိုင်ရာ နယ်ပယ်အလိုက် တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများ၏ Professional skill များအား Upgrade လုပ်ပေးရန် Capacity Building Trainingများ ကို အစဥ်မပြတ် အမြဲ ပို့ချပေးလျှက် ရှိပါတယ်။🙆🙆‍♂️

👉 ဒီလို အပတ်စဥ် Capacity Building Training တွေကို မပျက်မကွက် အစဥ်တစိုက် လုပ်ဆောင် နေရခြင်း ဟာ တိရစ္ဆာန်ဥယျာဥ်အတွင်း အလည်လာသူများ နှင့် တိလေးများအကြား ရင်းနှီးစွာ ဆက်သွယ်နိုင်စေ ရန် ၊ တိလေးများအား ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် နှင့် အနာဂတ်တွင် ပိုမိုကောင်းမွန် သော တိရစ္ဆာန်ဥယျာဥ်ကြီးများ ဖြစ်လာစေရန် ရည်ရွယ်ထားခြင်းတို့ကြောင့် ဖြစ်ပါတယ်ရှင် ။ 🙇‍♀️🙇‍♂️



🙏🙏ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”ဆိုသည့်အတိုင်း ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက...
09/07/2025

🙏🙏ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ”ဆိုသည့်အတိုင်း ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေ တည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင် နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂရပြီး တောထွက်တော်မူသောနေ့ ၊ ဘုရားအဖြစ်သို့ ရောက်ရှိပြီး ဓမ္မစင်္ကြာ တရားဦးကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဟောကြားတော်မူသောနေ့၊ တိတ္ထိသင်းကိုနှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့ဖြစ်ခြင်းကြောင့် ဝါဆိုလပြည့် ❝ ဓမ္မစင်္ကြာအခါတော်နေ့ ❞ သည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ထူးခြား မွန်မြတ်သောနေ့ တစ်နေ့ပဲ ဖြစ်ပါတယ်ရှင် ။ 🙇‍♀️🙇‍♂️

🙏🙏ထိုကဲ့သို့ မွန်မြတ်လှသော ဝါဆိုလပြည့် ❝ ဓမ္မစင်္ကြာအခါတော်နေ့ ❞ တွင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာများရွတ်ဆိုပွားများခြင်းဖြင့် ကောင်းခြင်းအဖြာဖြာတို့ကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လှော်ကားဥယျာဉ် (ရန်ကုန် ) မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။🙇‍♀️🙇‍♂️

🎉🎉မြန်မာအမျိုးသမီးများနေ့သည် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ ၊ ကြိုးပမ်းအားထုတ်မှုနှင့် တာဝန်ယူမှုများကို ဂုဏ်ပြုသော အထိ...
03/07/2025

🎉🎉မြန်မာအမျိုးသမီးများနေ့သည် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍ ၊ ကြိုးပမ်းအားထုတ်မှုနှင့် တာဝန်ယူမှုများကို ဂုဏ်ပြုသော အထိမ်းအမှတ်နေ့တစ်ရက် ဖြစ်ပါတယ်ရှင် ။🙆🙆

👧👷‍♀️🙆အမျိုးသမီးများသည် နိုင်ငံတော်၏အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်အဖြစ် အမြဲအရေးပါသူများ ဖြစ်ကြပါတယ်ရှင် ။ ထိုကဲ့သို့ ထူးချွန် ထက်မြက်လှပါသော အမျိုးသမီးကောင်းလေးတွေ များစွာတည်ရှိနေသည့် မြန်မာနိုင်ငံတွင် မြန်မာ့အမျိုးသမီးများနေ့ကို ဇူလိုင်လ 3 ရက်နေ့အဖြစ် သတ်မှတ်ထားပြီး မြန်မာအမျိုးသမီးများ၏ ပံ့ပိုးမှု ၊ ပါဝင်မှု ၊ ကြိုးစား အားထုတ်မှု ၊ ခေါင်းဆောင်မှု များကို မှတ်တမ်းတင် ဂုဏ်ပြုကြခြင်းရင်း နောက်အနာဂတ်တွင်လည်း ပိုမိုထူးချွန် ထက်မြက်လာမည့် အနာဂတ်အမျိုးသမီးကောင်းလေးတွေအား လက်ကမ်း ကြိုဆို နိုင်ပါစေကြောင်း လှော်ကားဥယျာဉ် (ရန်ကုန် ) မိသားစုမှ ညွှန်းဆို၍ အသိပေးအပ်ပါတယ်ရှင် ။💁💚

#မြန်မာအမျိုးသမီးနေ့


🎖️Htoo Zoos and Gardens မှ ကြီးမှူး၍ ထိုင်းနိုင်ငံ ZPOT (Thailand ) မှ Dr.Visit Arsaithamkul နှင့် Dr.Sumate Kamolonorra...
28/06/2025

🎖️Htoo Zoos and Gardens မှ ကြီးမှူး၍ ထိုင်းနိုင်ငံ ZPOT (Thailand ) မှ Dr.Visit Arsaithamkul နှင့် Dr.Sumate Kamolonorranath တို့လာရောက်၍ Animal Welfare Auditory Training Workshop အား ၂၀၂၅ ခုနှစ် ဇွန်လ (၂၄,၂၅,၂၆) ရက်နေ့တို့တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင်ကျင်းပပြလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာဌာန) နှင့်တာဝန်ရှိသူများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေ မန်နေဂျာနှင့် တာဝန်ရှိသူများ၊ မွေးမြူရေးဆေးတက္ကသိုလ် (ရေဆင်း) မှ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာဥယျာဉ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ တိရစ္ဆာန်ဆေးကုသ ဆရာဝန်များ၊ Htoo Zoos & Gardens Business Unit မှ တာဝန်ရှိသူများ၊ ဥယျာဉ်အသီးသီးမှ တိရစ္ဆာန်ထိန်းသိမ်းသည့် ကြီးကြပ်သူ တိထိန်းဝန်ထမ်းအသီးသီးတို့မှ တက်ရောက်ခဲ့ကြပါသည်။🙌🙌

💁💁‍♂️အဆိုပါ Workshop တွင် Important role of Animals Welfare in Zoos and Aquariums နှင့် ပတ်သက်သည်များအားရှင်းလင်းတင်ပြခြင်း၊ Ethics and Code of Animal Welfare in SEAZA Standard ခေါင်းစဉ်တို့ဖြင့် ထိုင်းနိုင်ငံမှ Dr.Visit Arsaithamkul နှင့် Dr.Sumate Kamolonorranath တို့မှ အသေးစိတ် ရှင်းလင်း ပို့ချ ခဲ့ပါသည်။👏👏

💁💁‍♂️ထို့ပြင် SEAZA guidelines မှ ထုတ်ပြန်ထားသည့် Animals Welfare Check List တို့အားအသေးစိတ်ရှင်းလင်းပြောကြားပြီးပြကွက်အသီးသီးသို့ အုပ်စု(၄)ခွဲခြားကာ SEAZA guidelines တို့အားအသုံးပြု၍ ပြကွက်အလိုက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါသည်။ 🤗🤗

💁💁‍♂️ကွင်းဆင်းအကဲဖြတ်ခြင်းများပြီးသည်နောက်တွင် သက်ဆိုင်ရာ ပြကွက်အလိုက် စစ်ဆေးခဲ့သည့် အချက်အလက်များအား Power Point presentation ဖြင့် ပြန်လည်တင်ပြခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ တိရစ္ဆာန်ပြကွက်အလိုက် လိုအပ်သည့်ထောက်ပံ့မှုနှင့် လိုအပ်ချက်တို့အား အသေးစိတ် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။🙆🙆

--------------------------------------------------

The Animal Welfare Auditory Training Workshop, held from June 24 to 26, 2025, at Nay Pyi Taw Zoo, was organized by Htoo Zoos and Gardens and conducted by Dr. Visit Arsaithamkul and Dr. Sumate Kamolonorranath from ZPOT (Thailand).
The opening ceremony was attended by the Deputy Director General (Administration) of the Forest Department, the General Manager from the Myanmar Timber Enterprise, professors from the University of Veterinary Science (Yezin), zoo administrators, veterinarians and supervisors from Yangon, Nay Pyi Taw, and Mandalay, as well as representatives from the Htoo Zoos & Gardens Business Unit.

During the workshop, Dr.Visit Arsaithamkul and Dr.Sumate Kamolonorranath from Thailand delivered detailed presentations on:
• The important role of animal welfare in zoos and aquariums, and
• Ethics and the Code of Animal Welfare based on the SEAZA Standard.
In addition, they provided a detailed explanation of the SEAZA Animal Welfare Checklist
Participants were divided into four groups to assess specific enclosures such as those housing the Red Panda, Asian Elephant, Barbary Sheep, White Rhinoceros, Tiger, and Reptiles based on SEAZA guidelines.

In addition, they provided a detailed explanation of the SEAZA Animal Welfare Checklist
Following the field assessments, each group delivered PowerPoint presentations to report their findings. These were followed by in-depth discussions led by the respective teams, focusing on the required support and identified needs for each animal exhibit. The workshop concluded successfully with active engagement and constructive dialogue among all participants.

🏞️ Time to Find Your Happy Place at Hlawga Park🥺🥺မြို့ပြရဲ့ စည်ကားရှုပ်ထွေးမှုနဲ့ အလုပ်ပင်ပန်းမှုတွေကနေ ခဏလောက် ခြားနားထ...
25/06/2025

🏞️ Time to Find Your Happy Place at Hlawga Park

🥺🥺မြို့ပြရဲ့ စည်ကားရှုပ်ထွေးမှုနဲ့ အလုပ်ပင်ပန်းမှုတွေကနေ ခဏလောက် ခြားနားထွက်ပြီး သဘာဝအေးချမ်းမှုအတွင်းမှာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့ အကောင်းဆုံးအချိန်ကတော့ အခုပါပဲ။🍀🍀

🏕️လှော်ကားဥယျာဉ်က လာရောက်သူတိုင်းအတွက် သဘာဝအေးချမ်းမှုကို အပြည့်အဝ ထိတွေ့ ခံစားစေနိုင်တဲ့နေရာ ဖြစ်သလို၊ ထူးခြားဆန်းသစ်တဲ့ Water activity တစ်ခုဖြစ်တဲ့ Stand Up Paddle (SUP) ကို စီးကာ ရေပြင်အပေါ်မှာ လှုပ်ရှား သွားလာရင်း ကိုယ်ပိုင် အေးချမ်းမှုကို ခံစားနိုင်မှာ ဖြစ်ပါတယ် ။
ရှုပ်ထွေး ပင်ပန်းမှုတွေကို ပြေပျောက်နိုင်ဖို့ 🌿 တောအုပ်ကြားက သဘာဝတိတ်ဆိတ်မှု ၊ 🚣 ရေပြင်လယ်မှာ စိတ်ကိုအနားယူစေတဲ့ SUP ၊🐒🐒 သဘာဝ တိလေးတွေနဲ့ အနီးကပ်တွေ့ဆုံနိုင်မှု ၊ 📸 မှတ်တမ်းတင်ဖို့လှပတဲ့နေရာအများအပြား ရှိတဲ့ လှော်ကားဉယျာဉ်ကြီးဆီသို့ အလည်လာပြီး ကိုယ်ရဲ့ happy zone ကို ဖန်တီးရင်း ပျော်ရွှင်ဖွယ်အမှတ်တရကောင်းတွေကို ရယူလိုက်ပါ ။ 🙇‍♀️🙇‍♀️

💁💁‍♂️Reservation အတွက် အောက်ဖော်ပြပါ Hotline နံပါတ် တို့ကို တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ရှင် ။

☎️09 423 104 231
☎️09 429 998 624




🎖️Htoo Zoos and Gardens Business Unit၊  တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် BANCA             (Biodiversity and Nature Conse...
06/06/2025

🎖️Htoo Zoos and Gardens Business Unit၊ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် BANCA (Biodiversity and Nature Conservation Association)၊ တို့ပူးပေါင်း၍ မြန်မာနိုင်ငံ အတွင်း လင်းတထိန်းသိမ်းရေးလုပ်ငန်းများရှင်းလင်းတင်ပြခြင်းနှင့်အနာဂတ်တွင် အတူတကွပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ် ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ် 🥰🥰

💁💁‍♂️အစည်းအဝေးတွင် BANCA မှ တာဝန်ရှိသူ (၃)ဦး နှင့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မှ အုပ်ချုပ်ရေးမှူး၊ တိရစ္ဆာန်ဆေးကုသဆရာဝန်များ၊ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှု တာဝန်ရှိသူများ၊ ပညာပေးဌာနတို့မှ အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ရလာဘ်များရရှိစေရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်ရှင် 🙆🙆

“ Bungalow Promotion ” ကြီးကပေးသွားမယ့်  “ SUP အခမဲ့ စီးခွင့် အထူးအစီအစဉ်  ” 🏄‍♀️🏄‍♀️💦May လရဲ့ မိုးဖွဲ မိုးသည်း လေးတွေနဲ...
23/05/2025

“ Bungalow Promotion ” ကြီးကပေးသွားမယ့် “ SUP အခမဲ့ စီးခွင့် အထူးအစီအစဉ် ” 🏄‍♀️🏄‍♀️

💦May လရဲ့ မိုးဖွဲ မိုးသည်း လေးတွေနဲ့အတူ ချစ်သောလေးတို့ စိတ်ပြေ လက်ပျောက် အပန်းဖြေ နိုင်ဖို့အတွက် လှော်ကားဉယျာဉ်ကြီးမှာ အထူးအစီအစဉ်ကြီးကို တစ်ခု ရှိနေပါပြီနော် ......✨

🏕️ဘန်ဂလိုတစ်ခန်းစာအတွက်ကို လူတစ်ဦးမှ SUP မိနစ် (သုံဆယ်)စာ အခမဲ့ စီးခွင့် ရမှာပဲဖြစ်ပါတယ် ။ ကျယ်ဝန်းလှတဲ့ ချောချောမွေ့မွေ့ရေပြင်ကျယ်ကြီးပေါ်မှာ လေညင်းဖြူးဖြူးလေးဖြင့် SUP (Stand Up Paddle Board) လေး အသာအယာ လှော်ခက်ရင်း Sea View ကို လက်တွေ့ဆန်ဆန် မြင်တွေ့ ခံစား ရသလို Beach Vibe ကို အပြည့်အဝ ခံစားရစေမှာပဲဖြစ်ပါတယ်ရှင့် 💁🍃

💙💙Promotion ကာလအတွင်း Booking ကြိုတင်ရန်အတွက် အခုဖော်ပြပါ ဖုန်းနံပါတ်များကို ဉယျာဉ်ဖွင့်ချိန် နံနက် ၈ နာရီမှာ ညနေ ၅ နာရီအတွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင် 🙌

📍Hotline Phone No 📍

☎️09 423 104 231
☎️09 429 998 624



🐢ကမ္ဘာ့လိပ်များနေ့ 🐢(World Turtle Day) မေလ (၂၃) ရက်🐢🐢လိပ်များသည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ(Dinosaurs) မပေါ်ပေါက်ခင် ...
23/05/2025

🐢ကမ္ဘာ့လိပ်များနေ့ 🐢(World Turtle Day)
မေလ (၂၃) ရက်

🐢🐢လိပ်များသည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ(Dinosaurs) မပေါ်ပေါက်ခင် လွန်ခဲ့သော နှစ်သန်းပေါင်း(၂၀၀) ကျော်ခန့်ကပေါ်ပေါက်ခဲ့ပြီး ရှေးအကျဆုံးသော ထူးဆန်းသည့် တွားသွား သတ္တဝါများပဲဖြစ်ကြပါတယ် ။ လိပ်များသည် ရှေးအစဉ်အဆက်ကပင် လူသားတို့အတွက် အစား အစာနှင့် လူ့အသုံးအဆောင်ပစ္စည်းများတို့ကို တိုက်ရိုက်အားဖြင့် အကျိုးကျေးဇူးပြုလျက်ရှိပြီး လူသားတို့အားအကျိုးမပြုသော အင်းဆက်ပိုးမွှားများအား စားသုံးခြင်း၊ ရေကို ညစ်ညမ်းစေသော ဒြပ်ဝတ္ထုများနှင့် ရေညှိရေမှော်တို့ကိုစားသုံးခြင်းအားဖြင့် လူသားတို့ အသုံးပြုနေသော မြစ်၊ ချောင်း၊ အင်းအိုင်တို့မှ ရေကိုသန့်စင်စေခြင်းဖြင့် လူသားတို့အား သွယ်ဝိုက်သော နည်းများဖြင့် အကျိုးကျေးဇူး ပြုပေးနေခြင်း ဖြစ်ပါတယ် ။ ထိုကဲ့သို့ အကျိုးကျေးဇူးများအပြင် သဘာဝဂေဟစနစ်တွင် ချိန်ခွင် လျှာညီမျှစေရန် တာဝန်တစ်ရပ်ကိုလည်းထိန်းကျောင်းပေးလျက်ရှိပြီး လူသားတို့ အလွယ်တကူ မြင်နိုင်စွမ်းမရှိသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးများကို အစဉ်ပံ့ပိုးပေးနေသော သတ္တဝါ များပင် ဖြစ်ကြပါသည်။🥰🥰

💁ယခုအခါ ကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေထိုင်ခဲ့သည့် လိပ်မျိုးစိတ်အများစုသည် လူတို့၏ ပယောဂများဖြစ်သော လိပ်တို့ပေါက်ပွားရှင်သန်ရာ နေရင်းဒေသများ ဆုတ်ယုတ်ပျက်စီး ယိုယွင်းလာစေခြင်း၊ လိပ်နှင့်လိပ်ဥများကို လွန်ကဲစွာရှာဖွေရောင်းချခြင်း၊ စားသောက်ခြင်းနှင့် အခြားသော အသားစားသတ္တဝါများ၏ စားသုံးခြင်းကိုခံရခြင်းတို့ကြောင့် တဖြည်းဖြည်း မျိုးသုဉ်း ပျောက်ကွယ်တော့မည့် အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထို့အပြင် အမျိုးမျိုး သော လိပ်မျိုးစိတ်များနှင့် ယင်းတို့၏ဥများကို ရှာဖွေဖမ်းဆီးစုဆောင်းပြီး ပြည်တွင်းပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချခြင်းများသည်လည်း လိပ်များအားမျိုးသုဉ်းပျောက်ကွယ်စေသော အဓိကအချက်တစ်ချက်အဖြစ် ပါဝင်ပါသည်။ 🙌

✌️💚ယခု ၂၀၂၅ ခုနှစ် ကမ္ဘာ့လိပ်များနေ့ (World Turtle Day) အတွက် ဆောင်ပုဒ်မှာ "Dancing Turtles Rock!" ဖြစ်ပါသည်။ ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် ဤဆောင်ပုဒ်သည် လူသားများအနေဖြင့် လိပ်များကို ထိန်းသိမ်းကာကွယ်ရန် အတွက် တက်ကြွစွာလှုပ်ရှားကြဖို့ တိုက်တွန်းခြင်းနှင့် ထိန်းသိမ်းရေးအသိပညာများ မြှင့်တင်ရန် လှုံ့ဆော်ခဲ့ပါသည်။ 🎉🎉

🌍ကမ္ဘာဦးအစ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာပေါ်တွင် လူသားများနှင့် အတူ ယှဉ်တွဲနေထိုင်ခဲ့ကြပြီး လူသားတို့အကျိုးကို အစဉ်ထာဝရ သယ်ပိုးထမ်းရွက်နေသည့် ဖိုးသက် ရှည်လိပ်များ ဆက်လက်ပြီး ကမ္ဘာတည်သရွေ့ အဒွန့်ရှည်တည်တံ့နိုင်စေရေး ဝိုင်းဝန်း ထိန်းသိမ်း ကြပါရန်နှင့် လှော်ကားဥယျာဉ်(ရန်ကုန်)တွင် မြန်မာနိုင်ငံဒေသရင်း လိပ်မျိုးစိတ်များအပြင် ဒေသတွင်းရှိလိပ်မျိုးစိတ်များအား မွေးမြူထိန်းသိမ်းစောင့်ရှောက် ပြသထားရှိလျှက်ရှိပြီး လာရောက် ကြည့်ရူ့လေ့လာနိုင်ပါကြောင်း ကမ္ဘာလိပ်များနေ့ (World Turtle Day) နေ့တွင် ဖိတ်ခေါ်လိုက်ရပါတယ်ရှင် ။🙆💚🐢


မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) May 16😥💔 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ...
16/05/2025

မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) May 16

😥💔 မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ကို နှစ်စဉ် မေလတတိယပတ် သောကြာနေ့ တွင် ကျင်းပပြုလုပ်ကြပါတယ်။ တိရိစ္ဆာန်များ၊ အပင်များနှင့် အင်းဆက်ပိုးမွှားအချို့၏ တည်ရှိမှု သည် အလွန်ပျက်စီးလွယ်သည်ကို သတိပေးရန်နှင့်အဖိုးတန်မျိုးစိတ်များကို ကာကွယ်ရန် များစွာ အရေးကြီးကြောင်းကို လေ့လာရန်နှင့် လူသားတို့အား တိုက်တွန်းရန်အတွက် ဤနေ့ကို ဖန်တီးထားခြင်းဖြစ်ပါတယ် 💁💚

🌍💔 "မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားအဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ၏ သက်ရောက်မှုတစ်ခုခုကြောင့် သဘာဝ နေရင်း ဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေ အတွက်သည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ် 💁💚

👉 မျိုးစိတ်ဟုဆိုရာတွင် မျိုးရိုးဗီဇဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကိုဆိုလိုခြင်း ဖြစ်ပါတယ် 💁💚

🌍✨ ကမ္ဘာပေါ် ရှိနိုင်ငံများတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များအား နေရင်းဒေသ နေရာများတွင် အမျိုးသားဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတည်ထောင်ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံအလိုက် ကြိုးစားဆောင်ရွက်နေသော်လည်း နေ့စဉ်နှင့် အမျှ နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့်တွားသွားသတ္တဝါမျိုးစိတ် များ၊ အင်းဆက်မျိုးစိတ်များ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ ရုက္ခဗေဒအပင်မျိုးစိတ်များသည် လူတို့၏ ပယောဂများကြောင့်သော်လည်းကောင်း အခြားသောသက်ရောက်မှုများကြောင့်သော် လည်းကောင်း တဖြည်းဖြည်း မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာခြင်း ဖြစ်ပါတယ် 💁💚

👉💚လွန်ခဲ့သော နှစ်သန်းပေါင်း(၅၀၀)ကျော်ခန့်က စတင်ခဲ့သည်ဟု ခန့်မှန်းရသော ဤကမ္ဘာ မြေပေါ် ရှိ (Ecosystems) သက်ရှိ သက်မဲ့ အဖွဲ့အစည်းများ သည် တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ ချိတ်ဆက်၍ အမှီသဟဲပြု ရှင်သန်နေထိုင်ခဲ့ရာမှ ယနေ့ခေတ်တွင် အဖက်ဖက်မှ ပျက်စီး ယိုယွင်းလာနေသော ဂေဟ ဗေဒစနစ်ကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် ချိန်ခွင်လျှာတည်ငြိမ် မျှတစေရန် လူသားများအနေဖြင့် မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံ မျိုးကွဲများ အား ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "Wildlife Conservation Finance: Investing in People and Planet" တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတွက် လူနှင့်ကမ္ဘာကြီးအပေါ်တွင် ငွေကြေးရင်းနှီး စိုက်ထုတ်ကြဖို့ တိုက်တွန်းနိုးဆော်ထားပါကြောင်းနှင့် နှစ်ပေါင်းရှည်ကြာစွာ လူသားများနှင့် အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ဇီဝမျိုးစုံမျိုးကွဲများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးလိုအပ်လျှက်ရှိပါကြောင်း မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ တွင် တိုက်တွန်းနိုး ဆော်သတိပေးလိုက်ရပါတယ်ရှင် 💁💚

🌈ထိုကဲ့သို့ မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့တွင် ရှားပါးမျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်ရေးသားရင်း အံ့သြဖွယ်တောရိုင်း တိရစ္ဆာန်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် မျက်မြင် ကြုံတွေနိုင်ဖို့ လှော်ကားဉယျာဉ် (ရန်ကုန်) သို့ အလည်လာဖို့ ဖိတ်ခေါ်အပ်လိုက်ပါတယ်ရှင် 💁💚

--------------------------------------------------

Endangered Species Day – May 16
Endangered Species Day is observed annually on the third Friday of May. This day serves as a reminder of how vulnerable certain animals, plants, and insects are to extinction. It aims to raise awareness about the importance of protecting these species and encourages people to learn about and take action for their conservation.
The term "endangered" refers to a species whose population has declined significantly due to human or external influences, making them at risk of extinction in their natural habitats.
A species is defined as a group of organisms in the animal or plant kingdoms that can interbreed and produce fertilet offspring.
Countries around the world are making efforts to conserve endangered species by establishing wildlife sanctuaries, protected areas, zoos, and botanical gardens. Despite these efforts, many species of mammals, birds, reptiles, insects, aquatic animals, and plants continue to face threats due to human activities and other factors. Ecosystems, which have been functioning in balance for over 500 million years, are now deteriorating. To restore and maintain ecological balance, it is crucial for humans to protect the diverse species in their natural environments.
This year's theme, "Wildlife Conservation Finance: Investing in People and Planet," emphasizes the need for financial investment in wildlife conservation. It highlights the importance of collective efforts to safeguard the biodiversity that has coexisted with humanity for generations. Endangered Species Day urges us to recognize the importance of biodiversity and take action to preserve it for future generations.



#မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959423104231

Alerts

Be the first to know and let us send you an email when Hlawga Park posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hlawga Park:

Share

Category