27/01/2022
မင်မင် လည်း ဌက်ပေါက်လေးမွေးမလို့ သူတို့လေးတွေ အကြောင်းလေ့လာရင်း အခုရက်ပိုင်းလေးမှာ ဌက်ပေါက်လေးတွေဝယ်မဲ့ ဖီဖီ မီမီ တို့လည်း မင်မင် နဲ့ အတူလေ့လာကြရအောင်နော်😁😁😁
မင်မင် အားတဲ့အချိန်လေး နည်းနည်းချင်း shareပေးမယ် ဆိုတော့ ဖြေးဖြေးချင်းလေ့လာလို့ ရတာပေါ့ ☺️☺️☺️
ဟိုတစ်နေ့က ဌက်ပေါက်လေးတွေ ဘယ်လိုပုံမျိုးဆို ဘယ်အရွယ်ရောက်ပြီဆိုတာ တင်ပေးထားပါတယ်👇👇👇
အခု လေ့လာမှာကတော့ သူတို့ကို ဘယ်အရွယ်ဆို တစ်နေ့ ဘယ်နှစ်ကြိမ် အစာကျွေးရလဲ ဘယ်လောက် ပမာဏကျွေးသင့်လဲ ဆိုတဲ့အကြောင်းလေးပါ🤗🤗🤗
မီမီ ဖီဖီ တို့က တစ်နေ့တာ ကလေးကို အစာကျွေးဖို့ အချိန်ပေးရတဲ့ ဇယားလေးကိုကြည့်ပြီး တကယ် ကိုယ်တိုင်က လုပ်ပေးနိုင်တဲ့ အချိန်နဲ့ ချိန်ကြည့်ပြီးမှ ဘယ်နှရက်သားလောက် ကို မွေးသင့်လဲဆိုတာ ဆုံးဖြတ်ပြီးမှ ဝယ်ဖို့ အကြံပေးလိုပါတယ်😍😍😍
ကလေးတွေကို ဘယ်အရွယ်မှာ တစ်နေ့ အစာဘယ်နှစ်ကြိမ်ကျွေးသင့်လဲ?
1-2 ပတ်သား ...... တစ်နေ့လျှင် 6-10 ကြိမ်၊ 2-3 နာရီတိုင်း အစာကျွေးပါ၊
2-3 ပတ်သား ...... တစ်နေ့လျှင် 5-6 ကြိမ်၊ 3-4 နာရီတိုင်း အစာကျွေးပါ၊
၃-၄ ပတ်သား ...... တစ်နေ့လျှင် 4-5 ကြိမ်၊ 4 နာရီတိုင်း အစာကျွေးပါ၊
5-6 ပတ်သား ...... တစ်နေ့ နှစ်ကြိမ် အစာကျွေးပါ၊ လူးစေ့လေးနဲ့ အစာစ ကောက်တတ်မလား ကျွေးကြည့်ပါ၊
7 ပတ်သား....... ငှက်ကို တစ်နေ့တစ်ကြိမ်လောက်ကျွေးပါ၊အစာလည်း ကောက်ခိုင်းပါ၊
၈ ပတ်သား ....... အစာခွန့်ကျွေးခြင်းကို ဖြတ်လိုက်သင့်ပါပြီ၊ အာဟာရပြည့်ဝသော အစေ့အဆံများ နဲ့ အသီးအနှံများကို တစ်နေ့တာ အတွင်း အလှည့်ကျ ကျွေးပါ၊
ဘယ်လောက် ပမာဏကျွေးသင့်လဲ ဆိုတာ အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်၊
ကိုယ့်ကလေး အစာကျွေးတဲ့ အခါမှာ မိမိ ကလေးရဲ့ ဇလုတ်လေး(ပုံမှာ Crop လို့ရေးပြီး ပြထားတဲ့နေရာ)ကို ကြည့်ပါ၊ ပြည့်နေပြီဆို ထပ်မကျွေးပါနဲ့၊
ပုံက ဇယားမှာ ပြထားတဲ့ ပမာဏအတိုင်း ကွက်တိကျွေးရမယ်လို့ မဆိုလိုပါဘူး၊ ကလေးတွေက လူတွေလိုပါဘဲ၊ တစ်ကောင်နဲ့ တစ်ကောင် ဗိုက်ထဲဆန့်တာ ချင်းမတူပါဘူး၊ နှစ်ကောင် တစ်ပြိုင်ထဲမွေးတဲ့သူတွေ ဆိုပိုသိသာမှာပါ၊ တစ်ကောင်က အရမ်းစားပြီး နောက်တစ်ကောင်ကသိပ်မစားဘဲနေတာ သူတို့ ဗိုက်ဆန့်တာချင်းမတူလို့ပါ၊
မင်မင် ထပ်သတိပေးချင်တာကတော့ သူတို့ ဇလုတ်(Crop) ပြည့်မပြည့်ကို သေချာကြည့်ဖို့ပါဘဲ😋😋😋
မင်မင် postကိုလွတ်လပ်စွာ shareလို့ရပါတယ်၊ copyယူမယ်ဆိုရင်တော့crtပေပါ