Betta Nation

Betta Nation Bettas Seller and Keeper

Hey yoh!
10/03/2023

Hey yoh!

Keeper တွေ ခေါင်းခဲရတဲ့ Betta နဲ့ ဝမ်းပြဿနာ

'' ကျနော့ Betta လေး p**p အဖြူတွေဖြစ်နေလို့ ဘာဖြစ်တာလဲ မသိဘူး '' ဆိုတဲ့ မေးခွန်းမျိုးကို ဒီရက်ပိုင်း page ရဲ့ Message Box မှာ တော်တော်များများ အမေးစိပ်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ '' Betta နဲ့ ဝမ်းပြဿနာ'' လို့ ခေါင်းစဉ်တပ်ပြီး ဒီနေ့ Article မှာ ဝမ်းနဲ့ ပတ်သက်သမျှ သိကောင်းစရာတွေကို မျှဝေပေးသွားမှာပဲ​ဖြစ်ပါတယ်။

'' ဝမ်းတလုံးကောင်း ခေါင်းမခဲဘူး '' ဆိုတဲ့စကားက ကျနော်တို့ လူတွေအတွက်တင်မဟုတ်ပါဘူး။ ငါးတွေအတွက်လည်း အရေးပါလှပါတယ်။ လူအပါအဝင် ငါး၊ ခွေး၊ ကြောင်၊ နွား ၊ အစရှိတဲ့ သတ္တဝါတွေဟာ အဆင့်မြင့် သတ္တဝါတွေဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အဆင့်မြင့်သတ္တဝါတွေဟာ Multicellular ဖြစ်ပြီး Cell တွေပေါင်းစပ်ခြင်းအားဖြင့် Special function တွေကို လုပ်ဆောင်နိုင်တဲ့ Tissue ၊ Tissue တွေပေါင်းစပ်ခြင်းအားဖြင့် နှလုံး၊ ကျောက်ကပ် အစရှိတဲ့ organ, အဂင်္ါ တွေ ဖြစ်လာပြီး ထိုမှတစ်ဖန် organ တွေစုပေါင်းကာ Respiratory System (အသက်ရှူစနစ်) ၊ Digestive System ( အစာခြေစနစ်) ၊ Reproductive System ( မျိုးပွားစနစ်) ၊ Excretory System ( အညစ်အကြေးစွန့်စနစ်) အစရှိတဲ့ System တွေဖြစ်လာပြီး အသက်ရှင်ရပ်တည်ဖို့လိုအပ်တဲ့ အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေကို ခွဲဝေတာဝန်ယူထားကြတာ​​ဖြစ်ပါတယ်။

တိုင်းရင်းသမားတော်တွေနဲ့ ဆရာဝန်တွေဟာ လူနာရဲ့ အပြင်ပန်းအခြေအနေကို စစ်ဆေးရုံတင်မကဘဲ ဆီး၊ ဝမ်း၊ ဝမ်းရဲ့အရောင် စတာတွေကို စစ်ဆေးပြီး ဒီလူနာဟာ နှလုံးမကောင်းတာလား၊ ကေ​ျာက်ကပ်မှာ ပြဿနာဖြစ်နေတာလား ဆိုတာမျိုးတွေကို တန်းသိနိုင်ကြပါတယ်။ ဒီတော့ ဝမ်းက အရေးကြီးတယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်တော့ပါဘူး။

ကိုယ်မွေးထားတဲ့ ငါးလေးတွေ '' အင်အင်းပါတာကို ထိုင်ကြည့်ဖူးလား'' လို့ မေးရင် နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်နေမလားပဲ။ ဒါပေမယ့်လည်း တခါတလေမှာ ကျနော်တို့ဟာ သေချာ ကြည့်ရှုစစ်ဆေးဖို့ လိုအပ်လှပါတယ်။

အညစ်အကြေးစွန့်တဲ့အခါ ဘာအရောင်ရှိလဲ?
ကျန်းမာသန်စွမ်းတဲ့ ငါးတစ်ကောင်ရဲ့ ဝမ်းဟာ ဘယ်လိုပုံစံရှိသလဲ?

စသဖြင့် ကိုယ့်ငါးရဲ့ အခြေအနေကို သူစွန့်ထားတဲ့ အညစ်အကြေး ကြည့်ရုံနဲ့ စစ်ဆေးနို်င်မယ်ဆိုရင် အသေအပျောက်နည်းပြီး မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာ အသေအချာပါပဲ။

ငါးတွေဘယ်လို အညစ်အကြေးစွန့်ကြသလဲ?

ငါးတွေဟာ A**l fin အနားက အပေါက်ငယ် Urogenital Opening (ဆီးလိင်ပြွန်) ကနေ အညစ်အကြေးစွန့်ကြပါတယ်။ ငါးတွေဟာ ကူးခတ်နေစဉ်၊ Flare နေစဉ်တွေမှာ အညစ်အကြေးစွန့်တတ်ကြပါတယ်။ ထူးခြားချက်တစ်ခုကတော့ Betta အများစုဟာ Private place လေးတွေရှာပြီး အဲ့နေရာမှာ ကိစ္စရှင်းတတ်ကြပါတယ်။

အရွယ်အားဖြင့် ၂ လက်မသာသာ လောက်ရှိတဲ့ ငါးတစ်ကောင်ရဲ့ အစာအိမ်ဟာ အင်မတန်သေးငယ်လှပါတယ်။ ဒါ့ကြောင့် ဒီလိုအစာအိမ်ကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးဟာ ပိုပြီး သေးငယ်သွားပါတယ်။ အစာပုံမှန်ကျွေးနေတဲ့ ငါးတစ်ကောင်ဟာ အညစ်အကြေးလည်း ပုံမှန်စွန့်နေမှာဖြစ်ပါတယ်။ ငါးဟာ ပုံမှန်ဝမ်းသွားနေမယ်၊ အညစ်အကြေးကလည်း ပုံမှန်ပဲဆိုရင်တော့ ရေပေါ်မှာ ပေါလောပေါ်နေတဲ့ ကိစ္စတွေရှိလာမှာမဟုတ်ပါဘူး။

ဒီနေရာမှာ အီးဋီကာလေး နည်းနည်းလောက်တော့ ဖွင့်ပါရစေ။ လေကြောရှည်တယ်တော့ မထင်လိုက်ပါနဲ့။ ပိုပြီး ပြည့်စုံသွားအောင်ပါ။

ဆိုတော့ Betta Fish ရဲ့ အညစ်အကြေးဟာ

- လုံးဝန်းရှည်မျောတဲ့ ပုံစံရှိပါတယ်
- အရောင်အားဖြင့် အညိုရောင် သို့ အညိုဖျော့ရောင်ရှိတတ်ပါတယ်
- ဒီနေရာမှာ အရောင်ဆိုးဆေးပါတဲ့ အစာတွေကျွေးတယ်ဆိုရင် အနီရောင် အနည်းငယ်ရောယှက်နေတတ်ပါတယ်

အနီရောင်ပါလို့ လူတွေမှာလို ဝမ်းကိုက်တာမျိုးတော့ မဟုတ်ပါဘူး။

String p**p သို့မဟုတ် ငါးမှာ တန်းလန်း၊ တွဲလောင်းကျနေတယ်၊ ဒါမှမဟုတ် ငါးရဲ့ အညစ်အကြေးဟာ အဝါ သို့ အဖြူရောင်ဖြစ်နေပြီဆိုရင်တော့ ဒါဟာ နာမကျန်းဖြစ်နေပြီဆိုတာကို ပြသတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

ငါးတွင်ဖြစ်သော ဝမ်းချုပ်ခြင်း

အကယ်၍ ငါးရဲ့ အညစ်အကြေးဟာ ခန္ဓာကိုယ်က​​ေန တန်းလန်းဖြစ်နေပြီဆိုရင်တော့ ငါးကို အနီးကပ် ကြည့်ရှုစစ်ဆေးဖို့ လိုအပ်လာပါပြီ။ လေအိတ်ပြဿနာ သို့မဟုတ် ဝမ်းချုပ်နေတဲ့ ငါးတစ်ကောင်ဟာ ရေပေါ်မှာ ပေါလောပေါ်နေနို်င်သလို၊ တခါတရံ ကန်ရဲ့အောက်ခြေမှာ ငြိမ်သက်ပြီး တက်ကြွမှုမရှိဘဲ ထိုင်းမှိုင်းနေတတ်ပါတယ်။

ငါးတစ်ကောင် ရေပေါ်မှာ ပေါလော ပေါ်နေတယ်ဆိုတာ အဖြစ်များတဲ့ သာမန်ပြဿနာတစ်ခုပါပဲ။ ကံကောင်းထောက်မစွာနဲ့ ဒီပြဿနာဟာ ေဖြရှင်းရလွယ်သလို၊ ကုသဖို့လည်း လွယ်ကူလှပါတယ်။ လေအိတ်ပြဿနာကို ကြိုတင်ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ အစာကို အလွန်အမင်း မကျွေးမိစေဖို့ပါပဲ။ '' ငါးတွေ မှာကျွေးတာနည်းလို့ သေတဲ့ငါးမရှိပါဘူး။ အစာများလို့သေတဲ့ ငါးပဲရှိပါတယ်'' (ဤကား စကားချပ်)

ဒီနေရာမှာ Betta တွေဟာ အစာမစားဘဲ ၁၀ရက်ကနေ ၁၄ ရက်အထိ နေနိုင်စွမ်းရှိကြပါတယ်။ သင့်တင့်ရုံပမာဏကို တစ်နေ့တစ်ကြိမ် သို့ နှစ်ကြိမ်ကျွေးရုံနဲ့ လုံလောက်ပါတယ်။ တချို့တွေကတော့ အူလမ်းကြောင်းရှင်းစေရန် အလို့ငှာ တစ်လမှာ ၂ ရက်တန်သည် ၊၃ ရက်တန်သည် အစာဖြတ်ထားလေ့ရှိကြပါတယ်။

အမျှင်ဓာတ်များတဲ့ Daphnia ၊ ရွှေပဲသီး လို ပဲစေ့တွေကို ကျွေးပေးခြင်းအားဖြင့် ငါးရဲ့ အူလမ်းကြောင်းကို ရှင်းစေနိုင်ပါတယ်။ ဒါ့အပြင် ရေအပူချိန်ကိုလည်း ၇၄ ဒီဂရီဖာရင်ဟိုက်ကနေ ၈၂ ဒီဂရီဖာရင်ဟိုက်ကြား ထားပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ရေအပူချိန်နည်းတဲ့အခါ ငါးရဲ့ အစာခြေဖျက်နိုင်စွမ်းကို နှေးကွေးသွားစေနိုင်လို့ဖြစ်ပါတယ်။

ကပ်ပါးပြဿနာ

အကယ်၍ ငါးရဲ့ အညစ်အကြေးဟာ အဖြူရောင် သို့ အရမ်းဖျော့တဲ့အရောင် ဖြစ်နေခြင်းဟာ ကပ်ပါးတွယ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဝမ်းဖြူတိုင်း ကပ်ပါးတွယ်တာ ဖြစ်နိုင်ဖို့က Chance အရမ်းနည်းပါတယ်။ ( အပင်အသစ်တွေ ဆိုင်ကဝယ်လာပြီး ကန်ထဲကို ချက်ချင်းထည့်လိုက်တာမျိုး မလုပ်ဘူးဆိုရင်ပေါ့)

** Live plant တွေမှာ ကပ်ပါးတွေ ပါလာတတ်တာ သတိပြုပါ **

ကပ်ပါးတွယ်ပြီ ဆိုရင်တော့ ကပ်ပါးသတ်ဆေး ခပ်ရပါတော့မယ်။

များသောအားဖြင့် အစာမဝင်တဲ့အခါမှာလည်း ဝမ်းအဖြူတွေသွားတတ်ပါတယ်။ Betta တစ်ကောင် အစာမစားရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။

- Stress
- အခြား ရန်လိုသော ငါးများနှင့်တွဲထားခြင်း
- ပုန်းခိုစရာ နေရာများမရှိခြင်း
- ကန် ကျဉ်းခြင်း
- ရေအရည်အသွေး ညံ့ဖျင်းခြင်း
စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် Internal parasite တွေကြောင့်မဟုတ်ဘဲ

- External Bacteria
- Fungal Infection တွေကြောင့် နာမကျန်းဖြစ်တဲ့ အခါမှာလည်း အစာစားလေ့မရှိကြပါဘူး။

ဒီလိုတွေဖြစ်လာပြီဆိုရင် အရင်ဆုံး

- အရောင် အခြေအနေ
- အတောင် အခြေအနေ
- ရေကူးခတ်ပုံ

စတဲ့ အချက်တွေကို သတိထား စစ်ဆေးသင့်ပါတယ်။ အခြားလက္ခဏာတွေ တွေ့ခဲ့ရင်လည်း ရောဂါအခြေအနေတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ကုသဖို့ လုပ်ဆောင်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ ကန်ထဲက ငါးကို Stress ဝင်စေမယ့် အရာတွေအကုန်ဖယ်ရှားပါ။ အစာကျွေးတဲ့အခါ အစာဝင်လားဆိုတာ သေချာသိရအောင် ဂရုစိုက်ကျွေးပါ။ ဒီလိုလုပ်လို့မှ အစာမဝင်သေးဘူးဆိုရင် အစာပြောင်းကြည့်ပါ။ Brime Shrimp, Frozen dried food တွေ အခုဆို နေရာတော်တော်များများ ဝယ်လို့ရနေပါပြီ။

အဆုံးသတ်အနေနဲ့
- ငါးရဲ့ အညစ်အကြေးဟာ A**l fin နားမှာ ကပ်နေလား
- မျှင်မျှင်လေးတွေဖြစ်နေလား သတိပြုပါ။
- ဝမ်းဟာ အညိုရောင် ဖြစ်နေမှ ပုံမှန်ဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာလှပတဲ့ Betta လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Keeper တွေ ခေါင်းခဲရတဲ့ Betta နဲ့ ဝမ်းပြဿနာ'' ကျနော့ Betta လေး p**p အဖြူတွေဖြစ်နေလို့ ဘာဖြစ်တာလဲ မသိဘူး '' ဆိုတဲ့ မေးခွန...
13/01/2022

Harmful Genesဒီ article ကတော့ အလှမွေးကို ဆိုင်ကဝယ်လာတယ်။ အိမ်ရောက်တော့ ကန်လေးထဲမှာ ထည့်ထားမယ်။ အစာကျွေးမယ် အလှကြည့်မယ်။ ...
03/01/2022

Harmful Genes

ဒီ article ကတော့ အလှမွေးကို ဆိုင်ကဝယ်လာတယ်။ အိမ်ရောက်တော့ ကန်လေးထဲမှာ ထည့်ထားမယ်။ အစာကျွေးမယ် အလှကြည့်မယ်။ ပီးရင် ငါးလေးတွေ ထပ်ဖောက်မယ်။ ပေါက်လာတဲ့ Fry လေးတွေကို ပြုစုပျိုးထောင်မယ်။ ဒီလိုအဆင့်မှာ ရပ်မနေဘဲ Genetics control breeding လုပ်ပြီး၊ Genetics Designing - လက်ရှိထွက်ပေါ် ပြီးသား Design, color mixing တေွက​​ေန ခွဲထွက်ပြီး မတူညီတဲ့ ပုံစံ အသစ်အဆန်းတွေ ( ဥပမာ - Avatar Betta လိုမျိုး​ေပါ့ ) ဖန်တီးလိုတဲ့ အနုပညာရှင်တွေအတွက် အဓိကမျှဝေပေးလိုပါတယ်။

ပထမဆုံး Breeder တော်တော်များများဟာ F3 ထက်ပိုပြီးတော့ F4,F5, etc အထိ ဆက်မသွားသင့်မှန်း တော်တော်များများ သိရှိကြပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် Inbreeding အရမ်းများတဲ့အခါ - *Harmful genes can arise from the mating between very close relatives due to high inbreeding* အင်မတန် သွေးနီးတဲ့ ဗီဇနှစ်ခု ရောယှက်တဲ့အခါ Harmuful genes တွေ ထွက်ပေါ်လာလေ့ရှိပြီး၊ ဒီလို ဗီဇတွေကို ဆက်ခံရတဲ့ သက်ရှိတွေဟာ ချွတ်ယွင်းချက်တွေ အမြောက်အများနဲ့ ထွက်ပေါ်လာကြပါတယ်။

ကျနော်တို့ လူ့သမိုင်းမှာ ရှေးယခင်က မင်းမျိုးမင်းနွယ်တွေဟာ သူတို့ရဲ့သွေးမှာ Outsider ရဲ့ သွေး အရောမခံလိုတဲ့မတွက်ကြောင့် ဆွေမျိုးအချင်းချင်းကိုပဲ ပြန်လည် ထိမ်းမြားလက်ဆက်စေခဲ့ပါတယ်။ တူညီတဲ့ မိဘနှစ်ပါးက ဆင်းသက်လာတဲ့ ညီအစ်ကို၊ ေမာင်နှမ၊ ထို ညီအစ်ကို အရင်းတွေက ဆင်းသက်ပေါက်ဖွားလာတဲ့ မျိုးဆက်၊ တစ်နည်းအားဖြင့် ဝမ်းကွဲတွေကို ပြန်လည်ပေးစားခဲ့ကြပါတယ်။ ဒီလို နည်းလမ်းဟာ မျိုးဆက်အစောပိုင်းမှာ ပြဿနာမပေါ်ပေမယ့် later generation တွေမှာ ပြဿနာများစွာ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါ့ကြောင့်ပဲ ဘယ်မင်းဆက်မှာမဆို အစောပိုင်းမျိုးဆက်တွေဟာ အင်မတန်ထူးချွန်ထက်မြက်ကြပေမယ့် မင်းဆက်ပျက်သုဉ်းခါနီး မျိုးဆက်တွေဟာ များသောအားဖြင့် ကျပ်မပြည့်ကြတာများပါတယ်။

ကဲထားပါ။ Betta တွေအကြောင်း ဆက်ပြောရမယ်ဆိုရင် F3 ကျော်လာတဲ့ Bloodline ဟာ ကြာလေကြာလေ Defective individuals အရေအတွက် ပိုပိုများလာနိုင်ပါတယ်။

weak,

sick,

ဖွံ့ဖြိုးမှုနောက်ကျခြင်း၊

ခန္ဓာကိုယ်မှာ အဖု သို့မဟုတ် အပေါက်တွေပါလာတဲ့ ''Draggers'' လို့ခေါ်တဲ့ fry တွေ ( အထူးသဖြင့် ဉီးခေါင်းမှာ အများဆုံး ပါလာတတ်ပါတယ်)

စတာတွေဟာ typical problem တွေပါပဲ။

ဒါတင်မကသေးပါဘူး။

protruding back( dolphin head) ,

crooked fins အတောင်တွေကောက်နေတာ၊

အတောင်နဲ့ ခန္ဓာကိုယ်အချိုးမကျတာ( ဉပမာ - ခန္ဓာကိုယ်ကသေးပြီး အတောင်တွေအရမ်းကြီးနေတာမျိုး - vice versa)

စတာတွေဟာ Harmful genes တွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ချွတ်ယွင်းချက်တွေပါပဲ။

ဒါကြောင့် Blodlone 3 ကို ဖန်တီးကြတဲ့အခါ သတိပြုနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ အခါအခွင့် သင့်ရင့်သလို Genetics Designing နဲ့ ပတ်သက်တဲ့ knowledges တွေကို မျှဝေပေးသွားပါဉီးမယ်ယ အခုတော့ မအားသေးဘူး...ရေလှယ်နေလို့ 😐

Ich / IckScientific Name - Ichthyophthirius Multifillisဒီရောဂါကတော့ ရေမသန့်ခြင်း၊ Stress နဲ့ ရောဂါဖြစ်နေတဲ့ ငါးဆီကနေ ကူး...
08/12/2021

Ich / Ick

Scientific Name - Ichthyophthirius Multifillis

ဒီရောဂါကတော့ ရေမသန့်ခြင်း၊ Stress နဲ့ ရောဂါဖြစ်နေတဲ့ ငါးဆီကနေ ကူးစက်ခံရခြင်း စတာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ သိသာထင်ရှားတဲ့ လက္ခဏာတွေအနေနဲ့ ငါးရဲ့ ခန္ဓာကိုယ်၊ အတောင်နဲ့ ပါးဟက်တွေမှာ သကြား သို့မဟုတ် ဆားပွင့် လို ဖြူဖြူအပွင့်လေးတွေ ကပ်နေသလိုမျိုး မြင်တွေ့ရနိုင်ပါတယ်။ Ich ဖြစ်နေတဲ့ငါးဟာ ကန်ထဲမှာရှိတဲ့ Decoration တွေ၊ substance တွေနဲ့ ပွတ်တိုက်နေတတ်ပါတယ်။

Ich သို့မဟုတ် Ick ဟာ ရေချိုအလှမွေးငါးတွေကြားမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ငါးကို အင်မတန် ခံရခက်စေတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ ၎င်းကို မကုသဘဲထားမိတဲ့အခါ သေဆုံးတဲ့အထိ ဖြစ်နိုင်တဲ့အတွက် စောစောအဖြေရှာပြီး ပျောက်ကင်းအောင်ကုသဖို့အကြံပြုချင်ပါတယ်။

Ich Parasite တွေဟာ ငါးတစ်ကောင်ကနေ နောက်တစ်ကောင်ကို လျင်လျင်မြန်မြန်ကူးစက်နိုင်ပြီး ကန်ထဲမှာ သူတို့ရှိနေတာကို သာမန်ကြည့်ရုံနဲ့ သတိထားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအချက်တွေကြောင့် ကိုယ်ဝယ်လာတဲ့ ငါးအသစ်တွေကို Quarantine ထားဖို့ အင်မတန်အရေးကြီးတာပဲဖြစ်ပါတယ်။ ကိုယ်ဝယ်လာတဲ့ငါးဟာ Ich ပါလာနိုင်သလို၊ ကောင်းကောင်းထိန်းသိမ်းစောင့်ရှောက်ခံခဲ့ရလားဆိုတာ မသိနိုင်တဲ့အတွက်ကြောင့်ပါ။ နောက်တစ်ခုက ငါးတွေ Stress ဝင်တဲ့အခါ၊ ရေမသန့်တဲ့အခါ၊ ရေအပူချိန်နည်းလွန်းတဲ့အခါမျိုးတွေမှာ Ich ဝင်နိုင်ချေ ပိုများပါတယ်။ Betta တွေ အိုမင်းလာတဲ့အခါမှာလည်း Ich ဝင်လာနိုင်တာ သတိပြုသင့်ပါတယ်။

ရောဂါလက္ခဏာများ

ကိုယ့်ရဲ့ငါးမှာ Ich ​ဖြစ်နေလား၊ မဖြစ်ဘူးလားဆိုတာ ခွဲခြားရ အင်မတန်လွယ်ကူလှပါတယ်။ Ich parasite တွေဟာ သကြား သို့ ဆားပွင့် ပုံစံရှိပြီး ခန္ဓာကိုယ်၊ အတောင်နဲ့ ပါးဟက်တွေမှာ ကပ်တွယ်နေတာကို သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။ ငါးရဲ့ ကိုယ်မှာ အဖြူပွင့် အရေအတွက် ဘယ်လောက်ရှိသလဲဆိုတဲ့ အချက်အပေါ်မူတည်ပြီး ရောဂါအခြေအနေ ပြင်းထန်မှုကို ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။

ရောဂါ ပြင်းထန်တဲ့ အခါမျိုးတွေမှာ ငါးဟာ အစာမစားတော့ဘဲ အလွန်အမင်းယားယံမှုကြောင့် တစ်ခုခုနဲ့ အပြင်းအထန် ပွတ်တိုက်နေတတ်ပါတယ်။ ဒီလို ပွတ်နေတာကြောင့် အတောင်တွေစုတ်ပြဲလာတာ၊ အကြေးခွံတွေ ပျက်စီးရာကနေ အခြားရောဂါတွေပါ ဖြစ်လာတတ်ပါတယ်။ အခြား ရောဂါလက္ခဏာတွေအနေနဲ့ အတောင်ကုပ်လာတာ၊ အသက်ရှုရခက်ခဲတာတွေ ဖြစ်လေ့ရှိပါတယ်။

Ich Parasites

Ich protozoan တွေဟာ မျိုးပွားနှုန်း အင်မတန်မြန်ဆန်ပြီး ၎င်းတို့ရဲ့ သက်တမ်းဟာ ၇ ရက်သာ ရှင်သန်နိုင်​ြကပါတယ်။ ဘဝသက်တမ်းမှာ အဆင့်သုံးဆင့်ရှိပြီး ၎င်းတို့အကြောင်းကို သေချာ ဂဃနဏ သိရှိထားမယ်ဆိုရင် ထိထိရောက်ရောက်နဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

အဆင့်သုံးဆင့်ကတော့
(ပုံကိုကြည့်ရင် နားလည်သွားပါလိမ့်မယ်)

📌 Trophont Stage

ဒီအဆင့်ကိုတော့ Feeding Stage လို့လည်းခေါ်ပါတယ်။ parasite တွေ ငါးရဲ့ ကိုယ်ပေါ်မှာ ကပ်တွယ်နေပါပြီ။

📌 Tomont Stage

အရွယ်ရောက်လာတဲ့ parasite တေ​ွဟာ ငါးရဲ့ခန္ဓာကို်ယ်ပေါ်ကနေ ကွာကျပြီး tank ထဲမှာရှိတဲ့ Object တွေပေါ်မှာ ကပ်တွယ်နေထိုင်နေကြပါတယ်။ ဒီအဆင့်ဟာ မျိုးပွားတဲ့အဆင့်ဖြစ်ပြီး Binary Fission နည်းနဲ့ (10 ကြိမ်အထိ) လျင်လျင်မြန်မြန် မျိုးပွားပြီး ပွားများလာပါတော့တယ်။

📌 Theront Stage

သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ Ich Parasite တွေဟာ ကန်ထဲမှာ လွတ်လပ်စွာ ကူးခတ်သွားလာနိုင်စွမ်းရှိသွားပါပြီ။ ဒီအဆင့်ရောက်တဲ့ အချိန်မှာ ၎င်းတို့ကို မဖြစ်မနေ ရှင်းလငး်ပစ်ဖို့ လိုအပ်လာပါပြီ။ သူတို့ဟာ တွယ်ကပ်ဖို့ Host (လက်ခံကောင်) ကို 48 နာရီ အတွင်း ရှာဖွေပြီး မတွယ်ကပ်နိုင်ဘူးဆိုရင် သေဆုံးကြရမှာဖြစ်ပါတယ်။

ကုသနည်း

- သံသယရှိတဲ့ Betta ကို Hospital tank ဆီသို့ပြောင်းရွှေ့ပါ။

- ရေအပူချိန်ကို 81 - 86 ဒီဂရီ ဖာရင်ဟိုက်အထိဖြည်းဖြည်းချင်း မြှင့်တင်ပါ။ ဒီလို အပူချိန်မြှင့်တင်ခြင်းကို 10 ရက်လောက်အထိ လုပ်ဆောင်သင့်ပါတယ်။ Ich Parasite တွေဟာ အေးစက်တဲ့ ရေကို ပိုနှစ်သက်ကြပါတယ်။ ရေအပူချိန် လျော့နည်းလေလေ ၎င်းတို့ရဲ့ ဘဝသက်တမ်း ပိုကြာမြင့်လေလေ ဖြစ်ပြ​ီး မျိုးပွားနှုန်းကိုလည်း ပိုမို မြန်ဆန်စေနိုင်ပါတယ်။ ဒီအချက်ဟာ အခုလို အပူချိန်နည်းတဲ့ ဆောင်းရာသီမှာ သတိပြုစရာ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

- ဒီနေရာမှာ သတိပြုစရာ နောက်တစ်ချက်က ပူနွေးတဲ့ရေဟာ အောက်ဆီဂျင် နည်းပါးသွားလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ေအာက်ဆီဂျင် ခပ်ပါးပါးလေး ဖွင့်ပေးထားဖို့တော့လိုပါလိမ့်မယ်။ အောက်ဆီဂျင် အလုံအလောက်ရရှိစေခြင်းက ငါးရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်လာစေပြီး ရောဂါတွေ တိုက်ခိုက်ရာမှာ သိသိသာသာ တိုးတက်လာစေပါလိမ့်မယ်။

- Ich Parasite တွေကို ဖြေရှင်းဖို့အတွက်ဆိုရင် malachite green နဲ့ formalin ပါတဲ့ Rid Ich Plus လိုဆေးတွေကို အကြံပြုချင်ပါတယ်။

- တစ်နေ့ကို ရေ 25 ကနေ 50% ကြားလဲလှယ်ပေးခြင်းဖြင့်လည်း ပျော်ဝင်နေတဲ့ ဆေးပမာဏကို ထိန်းညှိပေးပြီး ရေထဲက Ich Trophonts နဲ့ Tomite တွေကို ဖယ်ရှားနိုင်မှာ​​ ဖြစ်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်တဲ့ Betta လေးတွေပိုင်ဆိုင်နိုင်ကြပါစေ။

Velvet DiseaseVelvet Disease ကတော့ ငါးရဲ့ခန္ဓာကိုယ်မှာ အမှုန်တွေကပ်နေသလိုမျိူး ဖြစ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါ...
06/12/2021

Velvet Disease

Velvet Disease ကတော့ ငါးရဲ့ခန္ဓာကိုယ်မှာ အမှုန်တွေကပ်နေသလိုမျိူး ဖြစ်နေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါကို Gold Dust Disease လို့လည်းခေါ်ကြပါသေးတယ်။ Velvet ဟာ ငါးတစ်ကောင်ကနေ နောက်တစ်ကောင်၊ ကန်တစ်ကန်ကနေ နောက်တစ်ကန်ကို လျင်လျင်မြန်မြန်ကူးစက်တတ်တာကြောင့် ပြဿနာကို မြန်မြန်အဖြေရှာဖို့တော့ လိုပါလိမ့်မယ်။ အခြားရောဂါတွေလိုပဲ Velvet ဟာ ေစာစောသိပြီး မြန်မြန်ကုသနိုင်ရင် လွယ်လွယ်ကူကူပျောက်ကင်းနိုင်ပေမယ့် အသိနောက်ကျတဲ့အခါ သေဆုံးတဲ့အထိ အခြေအနေဆိုးရွားတတ်ပါတယ်။

ဒီ Article မှာတော့

▶ Velvet ရောဂါဆိုတာဘာလဲ

▶ ရောဂါလက္ခဏာ

▶ ကြိုတင်ကာကွယ်နည်း

▶ ကုသနည်း စသဖြင့်

အပိုင်းလေးပိုင်းခွဲပြီးဖော်ပြပေးသွားပါမယ်။

Velvet ရောဂါဆိုတာဘာလဲ?

Velvet Disease ( Coral Disease, Gold Dust Disease, Rust Disease) စတဲ့ နာမည်အမျိုးမျိုးနဲ့ ဒီရောဂါဟာ Tank ထဲမှာရှိတဲ့ သေးငယ်တဲ့ parasite (ကပ်ပါး) တွေကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်။ ဒီလို ဆဲလ်တစ်လုံးထဲပါတဲ့ Single-celled parasite တွေဟာ ငါးရဲ့ခန္ဓာကိုယ်အပေါ်လွှာက Slime coat (အကျိအချွဲလွှာ) ကို ထိုးဖောက်ပြီး Cell တွေကို စားသုံးဖို့ ကြံစည်ကြိုးစားကြတာဖြစ်ပါတယ်။ ဒီကောင်တွေကို marine tank တွေမှာ အတွေ့များပြီး၊ Freshwater aquarium တွေမှာလည်း တခါတရံ တွေ့ရတတ်ပါတယ်။

- Velvet ရောဂါကိုဖြစ်ပွားစေသော Parasite များ

ဒီရောဂါကိုဖြစ်ပွားစေတဲ့ အဓိက Algae (Dinoflagellate) နှစ်မျိုးရှိပါတယ်။ Amyloodinium Ocellatum (အမ်မွိုင်လိုဒီနီယမ် အိုဆယ်လာတန်)
နဲ့ Oödinium (အိုဒီနီယမ်) လို့ခေါ်တဲ့ Parasite တွေပဲဖြစ်ပါတယ်။ ဒီကောင်တွေဟာ Brackish water (ရေငန်ထက်ပေါ့၍ရေချိုထက်ပိုငန်သောရေ) နဲ့ Seawater တွေမှာ နေထိုင်ပေါက်ဖွားလေ့ရှိကြပါတယ်။ ရံဖန်ရံခါ ရေချိုမှာလည်း တွေ့ရတတ်ပါတယ်။

Velvet ကိုဖြစ်စေတဲ့ Single-celled organism တွေရဲ့ ဘဝစက်ဝန်းမှာ

▶ Tomont (protozoan)

▶ Juventile (immature)

▶ Adolescent ဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။

Oödinium တွေဟာ ၎င်းတို့ဘဝစက်ဝန်းရဲ့ ပထမအဆင့် မှာ Single-Celled organism တွေအဖြစ်နဲ့ Tank ထဲမှာရှိတဲ့ Decoration တွေ Substance တွေအပေါ်မှာ ရှင်သန်ကျက်စားကြပါတယ်။ ၎င်းတို့ ဟာ Fission (ဆဲလ်ခွဲထွက်ခြင်း = မူလဆဲလ်မှ တစ်ပုံစံတည်းထပ်တူကျသော Cell တစ်လုံးအဖြစ် ခွဲထွက်ခြင်း) နဲ့ မျိုးပွားကြပါတယ်။ Oödinium တစ်​ကောင်ဟာ အခြား Oödinium Tomite 256 ကောင်အထိ ခွဲထွက်နိုင်တဲ့အတွက် Tank ထဲမှာဘာလို့ Algae တေ​ွ မြန်မြန်ဆန်ဆန်ပွားလာရသလဲဆိုတဲ့အချက်ကို နားလည်လောက်ပြီထင်ပါတယ်။

၎င်းတို့ဟာ တဖြည်းဖြည်းကြီးထွားလာကြပြီး ရွေ့လျားသွားလာနိုင်တဲ့ Juvenile တွေဖြစ်လာကာ ကန်အနှံ့ကူးခတ်သွားလာနိုင်စွမ်းရှိသွားပါပြီ။ Tank ထဲမှာရှိတဲ့ Betta ကတော့ ၎င်းတို့ကပ်တွယ်ဖို့အတွက် Host (လက်ခံကောင်) ဖြစ်လာပါတော့တယ်။ Adolescent အရွယ်ရောက်လာတဲ့အခါမှာတော့ ၎င်းတို့ဟာ ငါးရဲ့ အပေါ်ယံ protective layer တစ်ခုဖြစ်တဲ့ Slime Coat (အကျိအချွဲ) ကို ဖောက်ထွင်းဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။ ဒီအချန်မှာ ငါးရဲ့ခန္ဓာကိုယ်ဟာ ၎င်းတို့ကို ကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။

ရောဂါလက္ခဏာမ​ျား

Keeper တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ငါးလေးတွေ ကျန်းမာပျော်ရွှင်စွာနေနိုင်စေဖို့အတွက် မူမမှန်တဲ့ လက္ခဏာတစ်ခုခု တွေ့တာနဲ့ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရင်းကို မြန်မြန်ဆန်ဆန်လအဖြေရှာသင့်ပါတယ်။ ဒီလိုမှသာ ရောဂါမပြင်းထန်ခင် ပျောက်ကင်းအောင်ကုသနိုင်မှာပဲဖြစ်ပါတယ်။

Velvet ရဲ့ လက္ခဏာတွေကတော့ ပထမဆုံး
🔷 အရောင်တွေကျွတ်လာတာ
🔷 သံချေးရောင် သို့မဟုတ် အဝါရောင်သန်းလာတာတွေ ဖြစ်လာလေ့ရှိပါတယ်။

Physical changes တွေအနေနဲ့
🔷 အတောင်တွေကုပ်လာတာ
🔷 အသက်ရှူရခက်ခဲလာတာ
🔷 အကြေးခွံတွေ ကျွတ်လာတာ စတာတွေ ဖြစ်တတ်ပါတယ်။

Behavioral changes တွေကတော့

🔷 Active မဖြစ်တာ

🔷 အစာမစားတာ

🔷 တစ်ခုခုနဲ့ ပွတ်တိုက်နေတာမျိုးတွေ

ေတွ့ရမှာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်နည်း

Velvet ရောဂါဟာ အင်မတန်ကူးစက်လွယ်တဲ့ရောဂါဖြစ်တာကြောင့် အခုဖော်ပြသွားမယ့်နည်းလမ်းတွေကို လိုက်နာပြီး ကြိုတင်ကာကွယ်ကြဖို့ အကြံပြုချင်ပါတယ်။

- ကိုယ့်ဆီကို အခုမှ အသစ်ရောက်လာတဲ့ငါးတွေကို နေရာသပ်သပ်စီခွဲထားပါ။
- ရေကို ပုံမှန်လဲလှယ်ပါ။
- ရေ အရည်အသွေးကို အမြဲမပြတ် စစ်ဆေးပါ။
- ငါးတွေကို တစ်ကန်ထဲမှာ စု မထားပါနဲ့။
- အစာကို သင့်တင့်မျှတအောင်ကျွေးပါ။

ကုသနည်း

အပေါ်မှာ ပြောခဲ့တဲ့ ကြိုတင်ကာကွယ်မှုတွေက အလုပ်မဖြစ်ဘဲ Velvet ဖြစ်နေပြီလို့ သံသယရှိတာနဲ့ စတင်ကုသဖို့ လုပ်ဆောင်ပါ။

📌 Water Change

သိသိချင်း ရေအသစ်လဲလိုက်ခြင်းဟာ ရေထဲမှာ လျှောက်သွားနေတဲ့ parasite တွေကို ရှင်းလင်းနိုင်ပြီး ရေထဲမှာရှိတဲ့ Pollutant တွေကိုပါ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

📌 Raise Water Temperature

ရေရဲ့ အပူချိန်ကို မြှင့်တင်ပေးခြင်းအားဖြင့် Gold Dust Disease ကို ကုသရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။ အပူချိန် ၇၄ ကနေ ၇၉ ဒီဂရီဖာရင်ဟိုက်အတွင်းဟာ Betta တွေအတွက် အသင့်တော်ဆုံး အပူချိန်ဖြစ်ပါတယ်။ ၂၄ နာရီအတွင်း ရေအပူချိန်ကို ဖြည်းဖြည်းချင်း ၈၄ ဒီဂရီဖာရင်ဟိုက်အထိ မြှင့်တင်ခြင်းအားဖြင့် Parasite တွေရဲ့ Lifespan ကို တိုတောင်းလာစေမှာဖြစ်ပါတယ်။

📌 Decrease Light

Velvet Betta မှာ ကပ်တွယ်နေတဲ့ Organism တွေဟာ ၎င်းတို့ရှင်သန်ဖို့အတွက် အလင်းရောင်လိုအပ်ပါတယ်။ Tank ကို ၇ ရက်လောက် အမှောင်ထဲမှာ ထားခြင်းအားဖြင့် Algae တွေကို အစာပြတ်လပ်စေပါလိမ့်မယ်။ ဒီနည်းလမ်းက ရောဂါကို ကုသရာမှာ တိုက်ရိုက်သက်ရောက်မှုမရှိပေမယ့် ကန်ထဲက Juvenile parasite အရေအတွက်ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုနည်းလမ်းတွေအပြင် Chemical Treatment တွေအနေနဲ့

📌 Aquarium salt

ဆားဟာ ငါးရဲ့ အကျိအချွဲထုတ်လုပ်မှုကို ပိုအားကောင်းစေပြီး Velvet လိုရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်နို်င်ပါတယ်။ ရေတစ်ဂါလံ (၄လီတာ) ကို Aquarium salt လက်ဖက်ရည်ဇွန်း တစ်ဇွန်းကနေ သုံးဇွန်းအတ​ွင်းထည့်ပေးရင် လုံလောက်ပါတယ်။ ဒါ့အပြင်ဆားကို ရောဂါပျောက်ကင်းပြီးတဲ့ အခါ Healing ပိုကောင်းအောင်လည်း အသုံးပြုနိုင်ပါတယ်။

📌 Copper Sulfate

Copper Sulfate ကတော့ ရက်ရှည်ကုသရတဲ့ Treatment တစ်ခုဖြစ်ပြီး 10 ရက် နီးပါး ကြာမြင့်လေ့ရှိပါတယ်။ Copper Sulfate ကို သံုး​​ ပြီး ထိထိရောက်ရောက်နဲ့ အန္တရာယ်ကင်းကင်း ကုသနိုင်ဖို့အတွက် ပမဏအချိုးအစားနဲ့ တရက်ကို ဘယ်နှစ်ကြိမ်ခပ်ရမယ်ဆိုတာကို ချင့်ချိန် အသုံးပြုသင့်ပါတယ်။ အခြားသော Bettafix လို ဆေးတွေ သုံးပြီးလည်း Velvet ရောဂါကို ကုသနိုင်မှာဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ Betta လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

02/12/2021

Easy Hatching
Video Credit - ThinFrog

𝘾𝙤𝙢𝙥𝙖𝙧𝙞𝙨𝙤𝙣 𝙤𝙛 𝙂𝙞𝙖𝙣𝙩 𝘽𝙚𝙩𝙩𝙖 𝙖𝙣𝙙 𝙉𝙤𝙧𝙢𝙖𝙡 𝘽𝙚𝙩𝙩𝙖
17/11/2021

𝘾𝙤𝙢𝙥𝙖𝙧𝙞𝙨𝙤𝙣 𝙤𝙛 𝙂𝙞𝙖𝙣𝙩 𝘽𝙚𝙩𝙩𝙖 𝙖𝙣𝙙 𝙉𝙤𝙧𝙢𝙖𝙡 𝘽𝙚𝙩𝙩𝙖

Fish Fungus (ခန္ဓာကိုယ်ပေါ်တွင် မှိုစွဲကပ်ခြင်း)အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ပြင်ပကူးစက်မှု တစ်ခုခုကြောင့်ဖြစ်တဲ့ ...
17/11/2021

Fish Fungus (ခန္ဓာကိုယ်ပေါ်တွင် မှိုစွဲကပ်ခြင်း)

အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ပြင်ပကူးစက်မှု တစ်ခုခုကြောင့်ဖြစ်တဲ့ မှိုစွဲခြင်းတွေဟာ များသောအားဖြင့် ပြင်ပထိခိုက်မှု၊ ရေ အရည်အသွေး ညံ့ဖျင်းမှုတွေကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ အခြား ငါးတွေကိုပါ လျင်လျင်မြန်မြန် ကူးစက်လွယ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် မပေါ့လေျာ့သင့်ပါဘူး။ ဒါ့အပြင် fish fungus ဟာ ငါးကန်သံုးပစ္စည်းတွေ (ခွက်၊ fish net၊ ရေစုပ်ပိုက်)​ မှတဆင့်လည်း အခြားငါးတွေကို ကူးစက်စေနိုင်ပါတယ်။

မှိုစွဲကပ်တဲ့အခါ ငါးရဲ့ ခန္ဓာကိုယ်တစ်လျေှာက်နဲ့ အတောင်တွေမှာ ဝါဂွမ်း သဏ္ဍာန် မှိုတွေ ပေါ်လာပြီး ထိုမှတဆင့် ယားနာတွေပါ ဖြစ်လာတတ်ပါတယ်။ အဲ့လိုအနာတွေဟာ အင်မတန်ယားယံပြီး နေရခက်စေတဲ့အတွက် ငါးတွေဟာ ကန်ထဲမှာရှိတဲ့အပင်တွေ၊ အရာဝတ္ထုတွေနဲ့ ပွတ်တိုက်ပြီး နေရသက်သာအောင် ပြုလုပ်လေ့ရှိကြပါတယ်။ ဒါ့အပြင် အရောင်မှိန်လာတာ၊ အစာမစားတော့တာ၊ မောပန်း​တဲ့ပံုဖြစ်နေတာ၊ အတောင်တွေ ကုပ်နေတာ စတဲ့ လက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒီလို မှိုစွဲကပ်ခြင်းကို မကုသဘဲထားမယ်ဆိုရင်တော့ အတောင်တွေ ပုပ်လာတာ၊ မှိုကြောင့်ဖြစ်တဲ့ အခြားသော ရောဂါတွေအပြင် သေဆံုးသည်အထိ ဖြစ်စေနိုင်ပါတယ်။

ကုသနိုင်မည့်နည်းလမ်းများ

📌 ပထမဆံုး ရောဂါဖြစ်နေတဲ့ ငါးကို သီးသန့်ခွဲထားပါ။ ရေ quality​ ကို ထိန်းညှိပြီး အပူချိန်ကို 75-77 ဒီဂရီဖာရင်ဟိုက် အတွင်းထားပါ။ ရေထဲမှာရှိတဲ့ ကလိုရင်း ပမာဏကို လျှော့ချဖို့အတွက်
Aquarium salt အနည်းငယ် ခပ်ပေးနိုင်ပါတယ်။ ပံုမှန်အားဖြင့် ရေတစ်ဂါလံ၊ 4 လီတာနီးပါးကို Aquarium​ salt လက်ဖက်ရည်​ဇွန်း တစ်ဇွန်းဆိုရင် လံုလောက်ပါတယ်။ တစ်နေ့ကို ရေ 80% ခန့် လဲလှယ်ပေးပြီး ဆားပြန်ခပ်ပါ။

♦️ ဗန်ဒါရွက်၏ ဆေးဘက်ဆိုင်ရာ အသံုးဝင်ပံု

ကျနော်တို့ဆီမှာ လွယ်လွယ်​ကူကူ ပေါပေါများများ ရနိုင်တဲ့ ဗန်ဒါရွက်​ခြောက်ဟာ စျေးကြီးေပးဝယ်ရတဲ့ ဆေးတွေမှာရှိတဲ့ အာနိသင်မျိုးကို သဘာဝအတိုင်း ပေးစွမ်းနိုင်တဲ့ အဖိုးတန်ဆေးဝါးတစ်လက်ဖြစ်ပါတယ်။ ဗန်ဒါရွက်​ရဲ့ Tissue တွေထဲမှာ tannis လို့ခေါ်တဲ့ အဝါရောင်ရှိပီး ခါးသက်တဲ့ အရသာနဲ့ organic substance တွေဟာ ငါးရဲ့ကိုယ်မှာ ကပ်တွယ်နေတဲ့ မှိုနဲ့ bacteria တွေကို တိုက်ဖျက်နိုင်ပြီး ရောဂါပိုးကူးစက်မှုတွေကနေ လျင်လျင်မြန်မြန် ပြန်လည်သက်သာလာစေနိုင်ပါတယ်။

ဒါ့အပြင် ဗန်ဒါရွက်​မှာပါဝင်တဲ့ အဝါရောင် crystalline pigment (quercentin)​ ဟာ ရောင်ရမ်းမှုတွေကို လျှော့ကျစေတဲ့ အစွမ်းသတ္တိရိှပြီး infected fish တွေကို မြန်မြန် သက်သာလာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဗန်ဒါရွက်​ဟာ ငါးရဲ့ အရေပြားကို ပိုမိုကျန်းမာသန်စွမ်းစေပြီး မှိုတွေ ထပ်မပွားအောင်လည်း တားဆီးပေးနိုင်ပါတယ်။

မှိုစွဲကပ်ခြင်းကို ကုသနိုင်တဲ့ ဆေးဝါးတွေကတော့

- KanaPlex
- Erythromycin
- Triple Sulfa
- Maracyn Two
- Fungus Care စတာတွေပဲဖြစ်ပါတယ်။

အားလံုးပဲကျန်းမာပျော်ရွှင်တဲ့ Betta လေးတွေပိုင်ဆိုင်နိုင်ကြပါေစ။

#မှိုရောဂါ

16/11/2021

𝙎𝙝𝙤𝙬 𝙢𝙚 𝙬𝙝𝙖𝙩 𝙮𝙤𝙪 𝙜𝙤𝙩😎
16/11/2021

𝙎𝙝𝙤𝙬 𝙢𝙚 𝙬𝙝𝙖𝙩 𝙮𝙤𝙪 𝙜𝙤𝙩😎

Cloudy Eye (မျက်လံုးတိမ်ကွယ်ခြင်း)Cloudy Eye ဆိုတာကတော့ မျက်လံုးထဲမှာရှိတဲ့ Eye Lens ကို တိမ်ကွယ်ခြင်းပဲဖြစ်ပါတယ်။ တိမ်က...
16/11/2021

Cloudy Eye (မျက်လံုးတိမ်ကွယ်ခြင်း)

Cloudy Eye ဆိုတာကတော့ မျက်လံုးထဲမှာရှိတဲ့ Eye Lens ကို တိမ်ကွယ်ခြင်းပဲဖြစ်ပါတယ်။ တိမ်ကွယ်ခြင်းကုိ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ ထိရောက်တဲ့ ကုသမှုပြုလုပ်နိုင်ဖို့အတွက် တိကျသေချာတဲ့ ဆန်းစစ်မှုတွေပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။

ရောဂါလက္ခဏာများ

အသိသာဆံုး သတိထားမိနိုင်တဲ့ လက္ခဏာတစ်ခုကတော့ ရောဂါရဲ့ နာမည်အတိုင်း မျက်လံုးပေါ်မှာ ခဲရောင်လွှမ်းတဲ့ အလွှာတစ်ခု စတင်ဖံုးအုပ်လာတာပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ငါးရဲ့ ခန္ဓာကိုယ်ကနေ ပြင်ပကဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖို့အတွက် အကျိအချွဲတွေကို စတင်ထုတ်လုပ်လာတတ်ပြီး မျက်လံုးပေါ်မှာ မှိုစွဲနေသလိုမျိုး မြင်ရတတ်ပါတယ်။ တခါတရံမှာ ငါးရဲ့ မျက်လံုးဟာ လိမ္မော်ရောင် သို့ အဝါရောင် သမ်းနေတတ်ပါတယ်။ တိမ်ကွယ်ခြင်းဟာ ငါးရဲ့ အမြင်အာရံုကို ဆံုးရှံုးစေပြီး ရေကူးဖို့ခက်ခဲတာ၊ အစာရှာဖို့ခက်ခဲတာတွေကြောင့် သေဆံုးတဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် မပေါ့လေျာ့သင့်ပါဘူး။ ဒီနေရာမှာ Cloudy Eye ဟာ cataracts(အတွင်းတိမ်)၊ Pop Eye စတဲ့ ရောဂါလက္ခဏာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပေမယ့် ရောဂါတစ်ခုချင်းစီအတွက် ကုသပံုတွေ မတူညီတာကြောင့် ဘာရောဂါလဲဆိုတာ သေချာဆန်းစစ်ဖို့တော့လိုပါလိမ့်မယ်။

ဖြစ်ပွားေစသော အကြောင်းအရင်းများ

ရေအရည်အသေွးညံ့ဖျင်းခြင်း၊ internal parasites တွေနဲ့ bacteria,​fungi, parasite စတဲ့ infection တွေဟာ Cloudy Eye ကို ဖြစ်စေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေပါပဲ။ ကျနော်တို့ ပတ်ဝန်းကျင်က လေထဲမှာ လူတွေကို အန္တရာယ်​ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေအများကြီးရှိနေသလို ငါးတွေဟာလည်း ရေထဲမှာ အန္တရာယ်​ရှိတဲ့ parasitic organism တွေနဲ့ နေ့စဥ်ထိတွေ့လျှက်ရှိပါတယ်။ ဒီနေရာမှာ ကျနော်တို့ နေ့တိုင်းမဖျားသလို ငါးတွေလည်းအဲ့လိုပါပဲ။ အဓိကအချက်ကတော့ လူတွေရော၊ ငါးတွေမှာပါ ကိုယ်ခံအားစနစ် ကောင်းမွန်နေတဲ့အခါ ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပေမယ့် ကျနော်တို့ကို ဒုက္ခ​မပေးနိုင်ခင်မှာပဲ ကိုယ်ခံအားစနစ်က တိုက်ခိုက်နှိမ်နင်းပစ်လိုက်ပါတယ်။ သို့သော်ငြားလည်း Transportation time ကြာမြင့်တာ၊ နေရာအသစ်နဲ့စတင်ထိတွေ့တဲ့အချိန် စတဲ့ အချက်တွေနဲ့ အခြား အမျိုးမျိုးသော အကြောင်းရင်းတွေကြောင့် ကိုယ်ခံအားစနစ်အားနည်းလာတဲ့ ရောဂါပိုးမွှားတွေ အလွယ်တကူဝင်ရောက်လာပြီး Cloudy Eye လိုရောဂါတွေကနေ သေဆံုးသည်အထိကို ဖြစ်စေနိုင်ပါတယ်။

ကုသနိုင်မည့်နည်းလမ်းများ

မျက်လုံး​တိမ်ကွယ်ခြင်းဟာ လံုးဝကို ပျောက်ကင်းအောင်ကုသနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ စောစောသိပြီး မြန်မြန်​ကုနိုင်ရင် အကောင်းဆံုးပါပဲ။ အကယ်၍ Cloudy Eye လို့ ယူဆရတဲ့ ရောဂါ​လက္ခဏာ​တွေ တွေ့လာပြီဆိုရင် အခုပြောပြသွားမယ့် Recovery Step တွေအတိုင်း ကုသကြည့်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

1♦️ အပင်ကန်တွေ၊ အလှကန်တွေနဲ့ထားတာဆိုရင် အဲ့လို community tank တွေကနေ ခွဲထုတ်ပြီး quarantine tank ဆီ ခွဲထားပါ။

2♦️ အရင်ဆံုး ငါးကို ဆေးကုမယ့် ကန်ထဲမထည့်ခင် ကန်ကိုအရင်ပြင်ဆင်ပါ။ ကန်ထဲမှာ ဘာအပင်၊ ဘာ object မှမထားဘဲ ဒီအတိုင်း အရှင်းထားပါ။ ကန်ထဲထည့်မယ့်ရေကိုလည်း မထည့်ခင် 24 နာရီ ကြာအောင် အရင်သိပ်ထားပါ။

3♦️ တရက်ပြည့်လို့ ရေအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ငါးကို quarantine​ tank ဆီ ဖြည်းညင်းစွာထည့်ပါ။ ကန်ထဲကို ဒီအတိုင်းတန်းမထည့်ဘဲ ပလတ်စတစ်အိတ် သို့ ခွက်တခုခုနဲ့ ရေမျက်နှာပြင်ပေါ်မှာ မိနစ် 20 လောက် အရင်ထားပြီးမှ ကန်ထဲ လွှတ်ပေးတာ ပိုကောင်းပါတယ်။

4♦️ Cloudy Eye ကို ကုသဖို့အတွက် Maracyn Two နဲ့ Kanaplex လို antibiotics တွေ သံုးလို့ရပါတယ်။ ဘူးခွံမှာပါတဲ့ ဆေးအညွှန်းကို ေသချာဖတ်ပြီး ရေပမာဏ ဘယ်လောက်ကို ဆေးဘယ်လောက် သံုးရမလဲဆိုတာကို ချင့်ချိန်ပါ။

5♦️ နေ့စဥ် ဆေးပံုမှန်ထည့်ပြီး တစ်ရက်ကို ရေ 50% လဲလှယ်ပေးပါ။ ဆေးမထည့်ခင် ရေကို အရင်လှယ်ပါ။

6♦️ ပြန်ကောင်းလာဖို့အတွက် ပံုမှန်အားဖြင့် 5 ရက်ကနေ 8 ရက်အထိ ကြာမြင့်တတ်ပြီး 3-4 ရက်အတွင်းမှာ သက်သာလာတာတတ်ပါတယ်။

7♦️ ေဆးကုနေတဲ့ အချိန်အတွင်းမှာ ရေ Quality ကို ထိန်းဖို့လည်း အရေးကြီးပါတယ်၊၊

8♦️ တကယ်လို့ ခုနပြောတဲ့ antibiotics​ တွေနဲ့ မသက်သာဘူးဆိုရင်တော့ Furran-2 လို ပိုပြင်းတဲ့ဆေးတွေနဲ့ Bacterial infection ကို ကုသနိုင်ပါတယ်။

အားလံုးပဲ ကျန်းမာလှတဲ့ Betta လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ❤️

Address

Pinya Road
Yangon

Telephone

+959420173082

Website

Alerts

Be the first to know and let us send you an email when Betta Nation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share