Animal Health

Animal Health အွန်လိုင်း တိရစ္ဆာန် ဆေးကုခန်း
Online Veterinary Consultation Clinic

ဖွင့်ချိန် မြန်မာစံတော်ချိန်
မနက် ၉:၀၀ နာရီ မှ
နံနက် ၄း၀၀ နာရီထိ

အခုလိုဆောင်းရာသီကာလမှာ သင့်အိမ်က ခွေးလေးက အန်ပဲအန်နေတယ်ဆိုရင် အောက်ပါအချက်တွေကို သတိထားပြီး လုပ်ပေးနိုင်ပါတယ် 👇🐶🔍 ဖြစ်နိ...
05/01/2026

အခုလိုဆောင်းရာသီကာလမှာ သင့်အိမ်က ခွေးလေးက အန်ပဲအန်နေတယ်ဆိုရင်

အောက်ပါအချက်တွေကို သတိထားပြီး လုပ်ပေးနိုင်ပါတယ် 👇🐶

🔍 ဖြစ်နိုင်တဲ့အကြောင်းရင်းများ

- အအေးမိခြင်း / အပူချိန်ကျခြင်း
- အစာမမှန်ခြင်း
- ဗိုင်းရပ်စ် / ဘက်တီးရီးယား
- အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာ

✅ အိမ်မှာ လုပ်ပေးနိုင်တဲ့အရာများ

- နွေးနွေးထွေးထွေးထားပါ
- အစာနဲ့‌ရေ ခဏရပ်ပါ။ (၆–၁၂ နာရီ)
- ရေကအနည်းငယ်တော့ တိုက်လို့ရပါတယ်။
- အန်တာသက်သာလာရင် အစာပျော့ပျော့လေးတွေ ပြန်ကျွေးပေးပါ။

🚨 တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ အမြန်ဆုံးပြသင့်တဲ့အခြေအနေ

❗ တစ်နေ့လုံး အန်တာမရပ်ဘူး။
❗ သွေးပါတာ၊ အဝါရောင်၊ အစိမ်းရောင် အန်တာ။
❗ အန်တာနဲ့ ဝမ်းလျှောတာ အတူတူဖြစ်လာတယ်။
❗ မစားမသောက်၊ အားနည်း၊ အိပ်ပဲအိပ်နေတယ်။
❗ ခွေးပေါက်လေးတွေ၊ သက်ကြီးခွေးတွေမှာ ဖြစ်တာ။

📌 သတိထားရမှာတစ်ခုက ဆရာဝန်ညွန်ကြားချက်မပါဘဲ လူသုံးဆေးတွေ လုံးဝ မတိုက်ပါနဲ့။
အန္တရာယ်ဖြစ်နိုင်ပါတယ်။



04/01/2026

Bahrain မှာ 84 ရက်ကြာစွဲကုရတဲ့ FIP ရောဂါကို 15 ရက်နဲ့ ကုနိုင်ခဲ့ပြီ။

ခွေးကြောင်လေးတွေ စကားမပြောနိုင်ပေမယ့်သူတို့ရဲ့ အမူအကျင့်တိုင်းမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတတ်ပါတယ် 💕မင်းအလုပ်က ပြန်...
04/01/2026

ခွေးကြောင်လေးတွေ စကားမပြောနိုင်ပေမယ့်
သူတို့ရဲ့ အမူအကျင့်တိုင်းမှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတတ်ပါတယ် 💕

မင်းအလုပ်က ပြန်လာတဲ့အခါ အရင်ဆုံး ပျော်တာ သူတို့ပါပဲ 🐾

ခွေးလေးက မင်းနောက်က ကောက်ကောက် လိုက်နေတာ၊ ကြောင်လေးက မင်းဘေးမှာပဲ လာအိပ်တာ…

ဒါတွေက သူတို့အတွက်တော့ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့ နည်းလမ်းလေးတွေပါပဲ 🐶🐱💖

ခွေးလေးတွေက အမြီးတရမ်းရမ်းနဲ့ ခုန်တတ်တာ၊ကြောင်လေးက ပွတ်သပ်ပြီး တညောင်ညောင်နဲ့ ချွဲတာ

ဒီလိုအပြုအမူတွေကိုသူတို့သဘောကျတဲ့လူတွေကိုပဲပြတတ်တာပါ။

သူတို့က မင်းကို ပိုင်ရှင်လို့သတ်မှတ်ထားတာမဟုတ်ဘဲ မိသားစုလို့သတ်မှတ်ထားတာပါ 🏡🐾

ဒါကြောင့်လဲ ခွေးကြောင်လေးတွေက
မင်းကို အမြဲ ယုံကြည်နေတာပါ 🩵

ဆိုတော့ မင်းနောက်ကို‌ရော ခွေးလေးတွေက အမြဲ လိုက်တတ်လား? ကြောင်လေးက မင်းဘေးမှာပဲ အိပ်တတ်လား?

အဲဒါဆိုရင် မင်းက သူတို့ရဲ့ Safe Place ဖြစ်လို့ပါပဲနော် 💖

Comment မှာ ပြောပြခဲ့ပါဦး 💬



04/01/2026

တနေ့တနေ့ သူ့ထိုင်စနေရဝာာ

❄️ ဆောင်းရာသီလို အေးစက်တဲ့ ရာသီမှာ လမ်းကခွေးလေးတွေကတစ်ရာသီလုံး ဘယ်လိုတောင် အသက်ရှင်နေထိုင်ကြသလဲ?သူတို့မှာ ကျွန်တော်တို့လ...
03/01/2026

❄️ ဆောင်းရာသီလို အေးစက်တဲ့ ရာသီမှာ လမ်းကခွေးလေးတွေကတစ်ရာသီလုံး ဘယ်လိုတောင် အသက်ရှင်နေထိုင်ကြသလဲ?

သူတို့မှာ ကျွန်တော်တို့လို အနွေးထည်တွေ၊ စောင်တွေမရှိပေမဲ့ သဘာဝကပေးထားတဲ့

ဗီဇအသိဉာဏ်တွေနဲ့ အသက်ရှင်အောင် ကြိုးစားကြပါတယ်။

ဒီကလေးတွေကို အေးစက်တဲ့ရာသီမှာတောင်
အသက်ရှင်‌စေတဲ့ နည်းလမ်းအချို့ကတော့ -

🐾 အပေါ်ယံအမွေးအောက်မှာ အအေးဒဏ်ခံနိုင်တဲ့ အမွေးနုလေးတွေ ပိုထွက်လာပြီး အပူချိန်ကို ထိန်းညှိပေးပါတယ်။

🐾 အုပ်စုလိုက်နေထိုင်တာ၊ အတူအိပ်တာမျိုးနဲ့လည်း အနွေးဓာတ်ကို မျှဝေကြပါတယ်။

🐾 ကားဂိုဒေါင်ဟောင်းများ၊ လှေကားထစ်အောက်များ၊

စက်ရပ်ထားခါစ ကားအင်ဂျင်အောက်၊ ကားဘီးနား လေကာလို့၊ နွေးလို့ သွားနေတတ်ကြပါတယ်။

🐾 ကတ်ထူဖာဟောင်းများ၊ သစ်ရွက်ခြောက်ပုံများပေါ်မှာ အိပ်တတ်ကြပြီး အအေးဒဏ်ကို ကာကွယ်ကြပါတယ်။

🐾 ခွေးတွေ အေးတဲ့အခါ သူတို့ရဲ့ နှာခေါင်းကို အမြီးနဲ့အုပ်ပြီး ကိုယ်တွင်းအပူချိန် အပြင်မထွက်အောင် ဝိုင်းဝိုင်းလေး ခွေအိပ် တတ်ကြပါတယ်။

ဒါကတော့ ဘယ်သူမှသိပ်တွေးမိမှာမဟုတ်တဲ့ ခွေးလေးတွေရဲ့ သဘာ၀အလိုက် အသက်ရှင်ဖို့ ရုန်းကန်နေထိုင်ရပုံပါပဲ...

ဒီလိုရာသီဥတုမှာ သူတို့အဓိက လိုအပ်နေတတ်တာကတော့ အစားအစာပါပဲ။

အစာဝမှသာ ခန္ဓာကိုယ်က အပူစွမ်းအင် ထုတ်ပေးနိုင်တာမို့ပါ။

သင်ပစ်လိုက်တဲ့ ပါမုန့်အပိုင်းအစတစ်ချို့၊ ထမင်းအကျန်တစ်ခွက် ကလည်း နွေးထွေးတဲ့ အသက်ရှင်သန်မှု ဖြစ်သွားစေနိုင်ပါတယ်

ကလေးများနဲ့ တိချစ်သူများအားလုံး ကျန်းမာကြပါစေ 🙏🏻



🚨 ဆောင်းရာသီ မနက်ခင်းတိုင်းမှာ ကားစက်မနှိုးခင် ဒါလေးတစ်ချက် သတိထားပေးပါ။အေးတဲ့ ရာသီဥတုမျိုးတွေမှာ ကြောင်လေးတွေက နွေးထွေး...
02/01/2026

🚨 ဆောင်းရာသီ မနက်ခင်းတိုင်းမှာ ကားစက်မနှိုးခင် ဒါလေးတစ်ချက် သတိထားပေးပါ။

အေးတဲ့ ရာသီဥတုမျိုးတွေမှာ ကြောင်လေးတွေက နွေးထွေးတဲ့ နေရာလေးတွေရှာဖွေပြီး အိပ်စက်တတ်ပါတယ်။

အထူးသဖြင့်သတိထားစေချင်တာက ကြောင်လေးတွေဟာ အလွန်ကျဉ်းမြောင်းတဲ့ နေရာလေးတွေထဲအထိ တိုးဝင်နိုင်တဲ့အတွက် -

➡️ ကားအင်ဂျင်ဖုံး ရဲ့ အတွင်းပိုင်း
➡️ ကားဘီးနဲ့ ဘီးကပ်ပြားကြား
➡️ ကားအောက်ခြေရှိ အိတ်ဇောပိုက်နဲ့ အင်ဂျင်အနီးအနား

အဲဒီနေရာတွေမှာ အနွေးဓာတ်ကြောင့် ဝင်အိပ်နေတတ်ပါတယ်။ပြီးရင် အဲ့ဒီအနွေးငွေ့လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတတ်ကြပါတယ်။

ကားသမားက မသိဘဲ စက်နှိုးလိုက်တဲ့အခါ -

📌 လည်ပတ်သွားတဲ့ ပန်ကာကြိုးကြား ညပ်မိပြီး ပြင်းထန်တဲ့ ဒဏ်ရာရတာ

📌 ရုတ်တရက် တက်လာတဲ့ အင်ဂျင်အပူရှိန်ကြောင့် အပူလောင်တာ

📌 လန့်နိုးပြီး ထွက်ပြေးချိန်မှာ ဘီးအောက် ရောက်သွားတာမျိုးတွေ မတော်တဆဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ ကားမောင်းမထွက်ခင်

✅ ကားထဲမဝင်ခင် ကားအင်ဂျင်ဖုံးကို လက်ဝါးနဲ့ ခပ်ပြင်းပြင်း နှစ်ချက်၊ သုံးချက်လောက် ပုတ်ပေးပါ။

✅ စက်မနှိုးခင် စက္ကန့်အနည်းငယ် စောင့်ပါ။ ဟွန်းကို တိုတိုလေး တစ်ချက်တီးပေးပါ။ ကြောင်လေးတွေ ထွက်ဖို့ အချိန်ပေးပါ။

သင့်ရဲ့ ၁ မိနစ်စာ ဂရုစိုက်မှုဟာ အပြစ်ကင်းတဲ့ အသက်လေးတစ်ခုကို ကယ်တင်လိုက်တာဖြစ်နိုင်ပါတယ် 🩵

💬 အခြားတိချစ်သူလေးတွေလဲ သတိထားရအောင် share သွားနိုင်ပါတယ်။

📌သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး online ဆေးခန်းပြကာ အသေးစိတ်ဆွေးနွေး လိုပါက page messenger တွင်လာရောက်ပြသဆွေးနွေးနိုင်ပါပြီ။



နှစ်သစ်မှာ သားသားမီးမီးတို့အတွက် ဘာလက်ဆောင်ပေးဖြစ်ကြလဲ ?🎁🐶🐱မပေးရသေးဘူး။ ဘာပေးရမလဲမသိဘူးဆိုရင်ဘာပေးရမလဲမသိဘူးဆိုရင် ကလေးတ...
01/01/2026

နှစ်သစ်မှာ သားသားမီးမီးတို့အတွက် ဘာလက်ဆောင်ပေးဖြစ်ကြလဲ ?🎁🐶🐱

မပေးရသေးဘူး။ ဘာပေးရမလဲမသိဘူးဆိုရင်ဘာပေးရမလဲမသိဘူးဆိုရင်

ကလေးတွေ တကယ်သဘောကျမယ့် လက်ဆောင်လေးတွေကို စဉ်းစားကြည့်ရအောင် -

🎁 ပုံမှန်စားနေကျထက် ပိုထူးခြားတဲ့ အသားမုန့် (သို့) Snacks လေးတွေ။

🎁 အစားအစာထည့်ပြီး ကစားရတဲ့ ကစားစရာမျိုးတွေက။

🎁 နောက်ဆုံးအကောင်းဆုံးကတော့ အကောင်းဆုံးလက်ဆောင်ကတော့

သူတို့လေးတွေကို အချိန်ပေးပြီး လမ်းလျှောက်ထွက်တာ၊ အတူတူဆော့ပေးတာပါပဲ။

တိမေမေ၊ ဖေဖေတို့ကော ဒီထဲက ဘယ်အချက်ကို ရွေးမလဲ?

ဒါမှမဟုတ် တခြားထူးခြားတာလေးတွေ ပေးဖဖြစ်ခဲ့လား comment မှာ ကြွားခဲ့ပါဦး ❤️



Wishes of Happy New Year 🎊 For My Children 🩵အထီးကျန်တဲ့ အချိန်တွေကို အဖော်ပြုပေးတယ်၊ ဝမ်းနည်းနေတဲ့အခါ ဘေးနားမှာ ငြိမ်ငြိ...
31/12/2025

Wishes of Happy New Year 🎊
For My Children 🩵

အထီးကျန်တဲ့ အချိန်တွေကို အဖော်ပြုပေးတယ်၊ ဝမ်းနည်းနေတဲ့အခါ ဘေးနားမှာ ငြိမ်ငြိမ်လေးလာထိုင်ပေးတတ်တယ်၊ အိမ်ပြန်လာတိုင်း အပြေးအလွှား ကြိုဆိုတတ်တဲ့ မိသားစု၀င်တိလေးတွေအားလုံးအတွက်ပါ။

🐾 နာကျင်မှုကင်းဝေးပါစေ။

စကားမပြောတတ်တဲ့ သူတို့လေးတွေ ဝေဒနာခံစားရတဲ့အခါ ကျွန်တော်တို့ ရင်ထဲမှာ အဆိုးဆုံးပါပဲ။

ဒီနှစ်သစ်မှာ သူတို့လေးတွေ ဖျားနာခြင်းကင်းပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်လေးတွေ ပိုင်ဆိုင်ပါစေ။

🐾 ထာဝရ နွေးထွေးပါစေ။

မိုးရွာရွာ၊ လေတိုက်တိုက် သူတို့လေးတွေအတွက် လုံခြုံတဲ့ ရင်ခွင်တစ်ခု အမြဲရှိနေပါစေ။

အထူးသဖြင့် လမ်းဘေးမှာ ခိုလှုံရာမဲ့နေတဲ့ ကလေးတွေလည်း ဒီနှစ်မှာ ကြင်နာတတ်တဲ့ မိသားစုတွေနဲ့ ဆုံတွေ့ပြီး ဗိုက်ဝဝ အိပ်စက်ခွင့်ရပါစေ။

🐾 နားလည်မှုတွေ ပိုရှိပါစေ။

တစ်ခါတလေ သူတို့လေးတွေ ဆိုးနွဲ့တဲ့အခါ၊ ပစ္စည်းတွေ ဖျက်ဆီးမိတဲ့အခါ... အပြစ်ပေးတာထက် "သူတို့မှာ ငါပဲရှိတာ" ဆိုတဲ့ စိတ်နဲ့

ပိုပြီး သည်းခံနားလည်ပေးနိုင်တဲ့ မေတ္တာတရားတွေ ကျွန်တော်တို့ လူသားတွေဆီမှာ ပိုတိုးပွားလာပါစေ။

အိမ်တိုင်းမှာ ပျော်ရွှင်စရာ ဟောင်သံ၊ မြည်သံလေးတွေ ပဲ့တင်ထပ်နေပါစေ။

လမ်းဘေးက ကလေးတွေရဲ့ ဗိုက်ဟောင်းလောင်းဖြစ်နေတဲ့ညတွေ ကုန်ဆုံးပါစေ။

လူသားနဲ့ တိလေးတွေကြားက မေတ္တာတရားဟာ ကမ္ဘာကြီးကို ပိုမိုလှပအောင် ဖန်တီးနိုင်ပါစေ။

ဆုတောင်းတိုင်း မပြည့်တတ်ပေမယ့် မေတ္တာတရားပြည့်ဝတဲ့ဆုတောင်းတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နေရာအနှံ့ပျံ့နှံ့လာရင်တော့ ဒီဆုတောင်း ပြည့်တန်ကောင်းပါရဲ့ ❤️

နှစ်သစ်မှာ အားလုံးပဲ ချစ်ရတဲ့ မိသားစုလေးတွေနဲ့အတူ စိတ်ချမ်းမြေ့စရာ အချိန်ကောင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 🙏🏻



ခွေးလေးတွေမှာလည်း "ချစ်သူ" ရှိသလား? 🐶🩵တိချစ်သူတွေ သိချင်နေတဲ့ ဒီမေးခွန်းရဲ့ အဖြေကတော့ "ရှိပါတယ်" တဲ့ ဒါပေမဲ့ လူသားတွေလို...
30/12/2025

ခွေးလေးတွေမှာလည်း "ချစ်သူ" ရှိသလား? 🐶🩵

တိချစ်သူတွေ သိချင်နေတဲ့ ဒီမေးခွန်းရဲ့
အဖြေကတော့ "ရှိပါတယ်" တဲ့

ဒါပေမဲ့ လူသားတွေလို ရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘဲ အရမ်းရိုးရှင်းပါတယ်။

💫 ခွေးလေးတွေ အချင်းချင်း ချစ်တဲ့အခါ လူတွေလိုပဲ Oxytocin (ဟော်မုန်း) ထွက်လာတတ်ပါတယ်။

💫 သူတို့မှာလည်း အုပ်စုထဲမှာမှ အမြဲတပူးပူးတတွဲတွဲနေပြီး ဂရုစိုက်ပေးချင်တဲ့ "အထူးသီးသန့် အဖော်" ရှိတတ်ပါတယ်။

💫 တစ်ကောင်နဲ့တစ်ကောင် လျှာနဲ့ရက်ပေးတာ၊ ပူးကပ်အိပ်တာတွေဟာ သူတို့ရဲ့အချစ်ကိုဖော်ပြတဲ့နည်းလမ်းတွေပါပဲ။

အတိုချုပ်ပြောရရင်... ခွေးလေးတွေရဲ့အချစ်က လူသားတွေလို ကတိကဝတ်တွေထက်

"ယုံကြည်မှုနဲ့ နွေးထွေးမှု" အပေါ်မှာပဲ အခြေခံတဲ့ အပြစ်ကင်းစင်ဆုံး အချစ်မျိုး ဖြစ်ပါတယ် ✨

ခွေးလေးတွေမှာ လူသားတွေလို စိတ်ကူးယဉ်ဆန်တဲ့ အချစ်မျိုးရှိတယ်လို့ တိတိကျကျ ပြောဖို့ ခက်ခဲပေမဲ့၊

သူတို့မှာ အလွန်ခိုင်မြဲတဲ့ သံယောဇဉ်၊ လွမ်းဆွတ်တတ်တဲ့စိတ်နဲ့

နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ ရှိတာကတော့ ငြင်းလို့မရတဲ့ တကယ့်အမှန်တရားပါပဲ 🩵



💫 ကြောင်လေးတွေရဲ့ မျက်စိသူငယ်အိမ်က အရုပ်လေးတွေလိုမျိုး ချစ်စရာကောင်းလောက်အောင် ဝိုင်းစက်သွားတာကို မြင်ဖူးလား?➡️ ဒီလိုအခြ...
29/12/2025

💫 ကြောင်လေးတွေရဲ့ မျက်စိသူငယ်အိမ်က အရုပ်လေးတွေလိုမျိုး

ချစ်စရာကောင်းလောက်အောင် ဝိုင်းစက်သွားတာကို မြင်ဖူးလား?

➡️ ဒီလိုအခြေအနေက တိချစ်သူတွေအတွက် ချစ်စရာကောင်းတယ်ဆိုပြီး ခံစားကြရပေမယ့်

အဲ့လိုဖြစ်ရတဲ့ အခြေအနေလေးတွေရှိနေတတ်ပါတယ်။

😿 ပထမအချက်က သူတို့ကြောက်တဲ့အချိန်ပါ။

တခုခုက သူတို့အတွက် ကြောက်စရာကောင်းတဲ့အခါ သူတို့ရဲ့ မျက်စိသူငယ်အိမ်က ဝိုင်းစက်သွားတတ်ပါတယ်။

🙀 နောက်တချက်ကတော့စိတ်လှုပ်ရှားစရာကောင်းတဲ့အခြေအနေပါ။

ဥပမာ တခုခုကသူတို့ရှေ့မှာ အရမ်းစိတ်ဝင်စားစရာကောင်းနေတဲ့အခါ အဲ့လိုဖြစ်တတ်ပါတယ်။

😸 နောက်ဆုံးတချက်ကတော့ ကစားချင်တဲ့အခါပဲဖြစ်ပါတယ်။

ဘောလုံးလေးတွေ၊ ကြိုးလေးတွေ အဲ့လိုအရာတွေနဲ့ကစားနေရတဲ့အခါမှာပဲဖြစ်ဖြစ်၊

သင်တဲ့ပြေးလိုက်လိုက်တိုင်း ဆော့ချင်တဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ်

သူတို့ရဲ့မျက်စိသူငယ်အိမ်လေးတွေဟာဝိုင်းစက်နေတတ်ပါတယ်။

သင့်အိမ်က ကြောင်လေးမှာရော အဲ့လိုဖြစ်သွားတာမျိုး ကြုံဖူးကြလား? 😻

Comment မှာ မျှဝေပေးခဲ့ပါအုံး 💬



အကြည့်က 😂
28/12/2025

အကြည့်က 😂

📌 ခွေးလေးတွေမှာ ဗီဇအရကြမ်းတမ်းတတ်တဲ့သဘာ၀အနည်းငယ်ရှိပေမယ့် ရန်လိုပြီး တွေ့သမျှလူလိုက်ဆွဲနေတာမျိုးကတော့ ပုံမှန်မဟုတ်ပါဘူး။...
28/12/2025

📌 ခွေးလေးတွေမှာ ဗီဇအရကြမ်းတမ်းတတ်တဲ့သဘာ၀အနည်းငယ်ရှိပေမယ့်

ရန်လိုပြီး တွေ့သမျှလူလိုက်ဆွဲနေတာမျိုးကတော့ ပုံမှန်မဟုတ်ပါဘူး။ နောက်ပြီး ဒါဟာ သူတို့ရဲ့အပြစ်လို့ ဆိုလို့မရပါပြန်ပါဘူး။

အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းအများစုဟာ ပိုင်ရှင်ရဲ့ သင်ပြမှု၊ ထိန်းကွပ်နိုင်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

➡️ တစ်ချို့တွေက စည်းကမ်းမထားဘူး။

အဲ့လို မရပါဘူး။ 'ဒါကတော့ မင်းတို့ ဆက်လုပ်လို့မရဘူး' ဆိုတဲ့ Limit တစ်ခုကို တော့ နားလည်အောင် သင်ပြထားနိုင်ရပါမယ်။

➡️ တစ်ချို့မိဘတွေ အရမ်းအလိုလိုက်တယ်။ ဟိုက ဟောင်တာ၊ မာန်ဖီတာမျိုးဆို ကြောက်ပြတယ်။

အဲ့လိုမရပါဘူး။ အဲ့လို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံက ကလေးတွေကို ပိုပြီး ရန်လိုလာစေပါတယ်။

➡️ တစ်ခါတစ်လေတော့ ကြောက်အောင် ခြောက်ထားပါ။

ပြင်းပြင်းထန်ထန် အပြစ်ပေးခိုင်းတာလုံး၀မဟုတ်ပါ။ အစပိုင်းမှာ လေ့ကျင့်ပေးဖို့၊ စကားနားထာင်ဖို့ဆိုရင် အကြောက်တစ်ယောက်တော့ရှိရပါတယ်။ ‌‌‌‌‌‌‌

ပြောချင်တာက ချစ်ပါ။ မေတ္တာပေးပါ။
ဒါပေမယ့် အဆိုးလေးဖြစ်မသွားအောင် စည်းကမ်းနဲ့ ထိန်းပါ။

တိချစ်သူမိဘများနဲ့ ကလေးများအားလုံးကျန်းမာကြပါစေ 🙏🏻❤️

🔺 ကူးယူဖော်ပြခွင့်မပြုပါ။



Address

Riffa

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:30

Telephone

09969867312

Alerts

Be the first to know and let us send you an email when Animal Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Animal Health:

Share