Animal Health

Animal Health Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Animal Health, Riffa.

အွန်လိုင်း တိရစ္ဆာန် ဆေးကုခန်း
Online Veterinary Consultation Clinic

ဖွင့်ချိန် မြန်မာစံတော်ချိန်
မနက် ၉:၀၀ နာရီ မှ
နံနက် ၄း၀၀ နာရီထိ

Dr.Khun Thura
Veterinarian
Bahrain, Middle East
GCC Certified

ကြောင်လေးက ငချေ... အာဝုကတော့ ငချွဲ 🐶 ချွဲတတ်တာနဲ့ပတ်သက်ရင် အာဝုလေးတွေကို ဘယ်သူမှ မယှဉ်နိုင်ဘူးနော်🐾 အိမ်ပြန်ရောက်တာနဲ့ အ...
14/07/2026

ကြောင်လေးက ငချေ... အာဝုကတော့ ငချွဲ 🐶

ချွဲတတ်တာနဲ့ပတ်သက်ရင် အာဝုလေးတွေကို ဘယ်သူမှ မယှဉ်နိုင်ဘူးနော်

🐾 အိမ်ပြန်ရောက်တာနဲ့ အရင်ဆုံး ပြေးလာကြိုမယ်

🐾 ကိုယ်သွားတဲ့နေရာတိုင်း အရိပ်လေးလို လိုက်နေမယ်

🐾 "ပွတ်ပေးပါဦး..." ဆိုတဲ့ မျက်နှာလေးနဲ့ ခေါင်းတိုး၊ လက်တင်ပြီး အချွဲပိုတတ်တယ်

🐾 ကိုယ်ဝမ်းနည်းနေတာကို သတိထားမိရင်လည်း ဘေးနားမှာ တိတ်တိတ်လေး လာထိုင်ပေးပြီး အဖော်လုပ်ပေးတတ်တယ်

ဒါပေမယ့်...

သူတို့က စိတ်ကောက်တတ်ပါတယ်နော် 😂

အရမ်းကြီး ဆူလိုက်မိရင်၊ အော်လိုက်မိရင်
မတော်တဆ စိတ်ဆိုးအောင်လုပ်မိရင် အရင်လို အတင်းမချွဲတော့ဘဲ...

ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်လေး သွားထိုင်နေတတ်တယ်

ပြီးရင် မျက်လုံးလေးနဲ့ ခိုးခိုးကြည့်နေပြီး...

"ကျွန်တော် ဘာများမှားသွားလို့လဲ..." ဆိုတဲ့ မျက်နှာဘေးလေးနဲ့ 🥺

အဲ့ဒီလို သစ္စာရှိပြီး၊ ချစ်တတ်ပြီး၊ စိတ်ကောက်ရင်တောင် ငြိမ်ငြိမ်လေးပဲ နေတတ်တဲ့ အာဝုလေးတွေကို မချစ်ဘဲ ဘယ်လိုနေနိုင်မှာလဲ 🩵

ကိုယ့်အိမ်က အာဝုလေးက စိတ်ကောက်ရင် ဘယ်လိုပုံစံလေးနဲ့ နေတတ်လဲ?

Comment မှာ ပြောပြခဲ့ပါဦးဗျာ🐾



"ငါက အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး... အိမ်ပိုင်ရှင်၊ မင်းက ငါ့ကို အလုပ်အကျွေးလုပ်ပေးတဲ့သူ" ဆိုတဲ့ Mindset နဲ့ နေတဲ့ သတ္တဝါက...
13/07/2026

"ငါက အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူး... အိမ်ပိုင်ရှင်၊
မင်းက ငါ့ကို အလုပ်အကျွေးလုပ်ပေးတဲ့သူ"

ဆိုတဲ့ Mindset နဲ့ နေတဲ့ သတ္တဝါကတော့... ကြောင်ပါပဲ 😼

🐾 ကိုယ်ခေါ်တဲ့အချိန်ကျ မလာဘူး...
Toilet ထဲဝင်ရင်တော့ အရင်ရောက်နေပြီ

🐾 အစာထည့်ပေးထားတာကို နှာခေါင်းလေးနဲ့ နမ်းကြည့်ပြီးရင်

"ဒီနေ့ လက်ရာတော့မကြိုက်ဘူး..." ဆိုတဲ့မျက်နှာပေးနဲ့ လှည့်ထွက်သွားတတ်တယ်

🐾 ကိုယ် Laptop ဖွင့်ပြီး အလုပ်လုပ်တာနဲ့ Keyboard ပေါ် တက်ထိုင်မယ်

စာဖတ်နေရင် စာအုပ်ပေါ် တည့်တည့်ကို လာအိပ်မယ်

🐾 သူ့ကို လာပွတ်ရင် စိတ်မဝင်စားဘူး

ကိုယ်အလုပ်များနေရင်တော့ "အခုချက်ချင်း ဂရုစိုက်ပေး" ဆိုပြီး အတင်းလာချွဲမယ်

🐾 ညဘက် ၂ နာရီလောက်ဆို အိမ်တစ်အိမ်လုံးကို ပြိုင်ကားများပြိုင်ပွဲကျင်းပသလို လုပ်ပြီး ပြေးပွဲကျင်းပတတ်သေးတယ်

ဒါပေမဲ့လည်း…

အဲ့ဒီ ဆူပုပ်ပုပ်၊ ချေမိုးမိုး၊ ဘုရင်မကြီးလို နေတတ်တဲ့အကျင့်လေးတွေကြောင့်ပဲ

သူတို့ကို ပိုချစ်မိတာက ကြောင်ချစ်သူတွေရဲ့ အားနည်းချက်ပါပဲ ❤️🐱

အိမ်က ကြောင်ဘုရင်၊ ဘုရင်မကြီးရဲ့ အချေဆုံးအကျင့်က ဘာလဲဆိုတာ Comment မှာ အတင်းတုတ်ခဲ့ကြဦးနော် 😹



အိမ်က ကလေးလေးတွေ နေမကောင်းဖြစ်တဲ့အခါ... ဆေးခန်းပြရမလား? အိမ်မှာပဲ စောင့်ကြည့်ရမလား? ဆိုပြီး စိတ်တွေရှုပ်၊ စိတ်ပူနေရတာ တိ...
12/07/2026

အိမ်က ကလေးလေးတွေ နေမကောင်းဖြစ်တဲ့အခါ...

ဆေးခန်းပြရမလား?
အိမ်မှာပဲ စောင့်ကြည့်ရမလား?

ဆိုပြီး စိတ်တွေရှုပ်၊ စိတ်ပူနေရတာ တိမိဘတိုင်း ကြုံဖူးကြမှာပါ 🐾

အိမ်မှာပဲ ပြုစုလို့ရနိုင်လား?
ဆေးခန်းပဲ အမြန်ပြဖို့လိုလား?

အိမ်မှာပြုစုနိုင်ရင်ရော

✅ ဘာတွေ ဆက်လုပ်ပေးရမလဲ?
✅ ဘာတွေ လုံးဝ ရှောင်ရမလဲ?
✅ ဘယ်အချိန်မှာ ဆေးခန်းကို ချက်ချင်း ပြေးရမလဲ?

ဆိုတာတွေကို တိတိကျကျ လမ်းညွှန်မှူရယူနိုင်ဖို့
မေမေ၊ ဖေဖေတို့အားလုံး စိတ်ချရတဲ့ Dr72 ရဲ့ Animal Health မှာ

Online Veterinary Consultation ဝန်ဆောင်မှုကို ရယူနိုင်ပါပြီ

အိမ်ကနေပဲ တိရစ္ဆာန်ဆရာဝန်ရဲ့ တိကျတဲ့ အကြံဉာဏ်နဲ့ ကုသမှု လမ်းညွှန်ချက်တွေကို ရယူဖို့အတွက်

Page Messenger မှာ အခုပဲ စာပို့ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါပြီခင်ဗျာ 🤝🏼

အရေးကြီးတဲ့ အချိန်တိုင်းမှာ ကျွန်တော်ရှိနေပေးမှာပါ 🙏🏻




#တိကျန်းမာရေး

အိပ်ခါနီးရင် အာဝုလေးတွေ သူတို့နေရာကို လည်ပြီး နင်းနေတာ ကြည့်ရတာ တမျိုးလေး ချစ်ဖို့ကောင်းတယ်မလား? 😂သူတို့ ဘာလို့ အဲ့လို လ...
11/07/2026

အိပ်ခါနီးရင် အာဝုလေးတွေ သူတို့နေရာကို လည်ပြီး နင်းနေတာ ကြည့်ရတာ တမျိုးလေး ချစ်ဖို့ကောင်းတယ်မလား? 😂

သူတို့ ဘာလို့ အဲ့လို လုပ်လဲ သိကြလား?
ဒီလိုအကြောင်းရင်းလေးတွေတော့ ရှိတတ်ပါတယ်ဗျ

အန္တရာယ် ကင်း၊ မကင်း စစ်တာဖြစ်နိုင်ပါတယ်

သူတို့ရဲ့ ဗီဇအရ ကိုယ့်အတွက် အန္တရာယ်ကင်း၊ မကင်း မြွေတို့၊ ကင်းတို့ ရှိ၊ မရှိ ကြိုစစ်တဲ့ အကျင့်လေးပါ

အဲ့လို လည်ပြီး စစ်ကြည့်မှ စိတ်ချလက်ချ အိပ်နိုင်တာမျိုးပါ။

သက်သောင့်သက်သာ ဖြစ်အောင်လုပ်ပါ

နေရာတွေကို ညီညာသွားအောင် နင်းပေးပြီးကိုယ့်အတွက် အိပ်လို့ကောင်းတဲ့ နေရာလေး ဖြစ်သွားအောင် ပြင်တာပါ

အဲ့ဒါကြောင့် သူတို့က အဲ့လို လည်ပြီးမှ ဝပ်တာပါ

ကိုယ့်အိမ်က ကလေးတွေကော အိပ်ခါနီးတိုင်း အဲ့လို လည်နေတတ်လား?

ဘယ်နှစ်ပတ်လောက် လည်‌နေတတ်လဲ ပြောပြခဲ့ပါဦး 😂🩵



"အာဝုလေး ခဏခဏ အန်နေပြီ... ဆေးခန်းမရောက်ခင် ဘာလုပ်ပေးမလဲ? 🤢🚑"မေမေ၊ ဖေဖေတို့ရေ... အာဝုလေး အန်နေတယ်ဆိုရင် မစိုးရိမ်ဘဲ အရင်ဆ...
10/07/2026

"အာဝုလေး ခဏခဏ အန်နေပြီ...
ဆေးခန်းမရောက်ခင် ဘာလုပ်ပေးမလဲ? 🤢🚑"

မေမေ၊ ဖေဖေတို့ရေ...
အာဝုလေး အန်နေတယ်ဆိုရင် မစိုးရိမ်ဘဲ
အရင်ဆုံး ဒီအချက်တွေကို ဂရုစိုက်ပေးပါ

🐾 အစာကို (၁၂–၂၄) နာရီ ယာယီဖြတ်ထားပါ
🐾 ရေကို နည်းနည်းချင်း မကြာခဏ
တိုက်ပေးပါ
🐾 လူသုံးဆေးဝါး လုံးဝ မတိုက်ပါနဲ့
🐾 အန်ဖတ်ထဲမှာ သွေး၊ မကြေသေးတဲ့အစာ၊
ဒါမှမဟုတ် တစ်ခုခုပါလားဆိုတာ
စစ်ဆေးထားပါ

📍 အန်တာမရပ်ဘဲ ဆက်တိုက်ဖြစ်နေခြင်း၊
သွေးအန်ခြင်း၊ မှိန်းနေခြင်း၊
ဝမ်းလျှောတွဲဖြစ်ခြင်း ရှိရင်တော့

စောင့်မနေဘဲ နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းကို
ချက်ချင်း ခေါ်သွားသင့်ပါတယ်ဗျ

တကယ်လို့ အိမ်က က‌လေးတွေအတွက်
ကျန်းမာရေးနဲ့ ပတ်သတ်ပြီး
Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက
Page Messenger တွင် လာရောက်
ပြသဆွေးနွေးနိုင်ပါတယ် 🐶💙



အာဝုနဲ့ မြှောင်လေးတွေမှာ အန္တရာယ်ရှိတဲ့ ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများဝမ်းလျှောခြင်း၊ အန်ခြင်းနဲ့ အပူဒဏ်ကြောင့် တိလေးတွ...
09/07/2026

အာဝုနဲ့ မြှောင်လေးတွေမှာ အန္တရာယ်ရှိတဲ့ ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများ

ဝမ်းလျှောခြင်း၊ အန်ခြင်းနဲ့ အပူဒဏ်ကြောင့် တိလေးတွေမှာ

ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်ဗျ၊ ဒါကြောင့် ဒီလက္ခဏာတွေ တွေ့ရင် သတိထားပါ

✅ အရေပြားဆွဲကြည့်ပြီး ပြန်မကျခြင်း
✅ သွားဖုံးခြောက်ပြီး စေးကပ်နေခြင်း
✅ မျက်လုံးချိုင့်ဝင်ခြင်း
✅ သွားရည်ပျစ်ခြင်း
✅ ခြေဖျားလေးများ အေးစက်နေခြင်း
(ပြင်းထန်နိုင်)

ဒီလက္ခဏာတွေ တွေ့ရရင်တော့ အိမ်မှာ မစောင့်ကြည့်ဘဲ တိဆေးခန်းကို အမြန်ဆုံး ခေါ်သွားပါလို့ အကြံပြုပါတယ်ဗျား 🏥🐾

အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက်ပြသဆွေးနွေးနိုင်ပါတယ် ✅



အာဝုနဲ့ မြှောင်လေးတွေအတွက် 'အဆိပ်' ဖြစ်စေမယ့် အစားအစာ (၅) မျိုးခဏခဏပြောပေမယ့်လည်း မေမေ၊ ဖေဖေတို့ နားမထောင်တတ်လို့ ထပ်သတိ...
08/07/2026

အာဝုနဲ့ မြှောင်လေးတွေအတွက်
'အဆိပ်' ဖြစ်စေမယ့် အစားအစာ (၅) မျိုး

ခဏခဏပြောပေမယ့်လည်း
မေမေ၊ ဖေဖေတို့ နားမထောင်တတ်လို့
ထပ်သတိပေးတာပါဗျ 👀

👉🏻 ချောကလက် (Chocolate)
👉🏻 စပျစ်သီး / စပျစ်ခြောက် (Grapes)
👉🏻 ကြက်သွန်ဖြူ / ကြက်သွန်နီ (Onions & Garlic)
👉🏻 ကဖိန်းဓာတ် ပါဝင်သော အရာများ (Coffee & Tea)
👉🏻 အချိုမှုန့် နှင့် ဆားအလွန်များသော အစားအစာများ



အိမ်ကအာဝုလေးက ကိုယ့်ကို တကယ်ချစ်ရဲ့လား? အမှတ် ၁၀၀ ဖိုး စစ်ကြစို့ 👀✨ဒီအပြုအမူလေးတွေထဲက တစ်ခုလုပ်ခံရဖူးတိုင်း ၁၀ မှတ် ပေးသ...
06/07/2026

အိမ်ကအာဝုလေးက ကိုယ့်ကို တကယ်ချစ်ရဲ့လား? အမှတ် ၁၀၀ ဖိုး စစ်ကြစို့ 👀✨

ဒီအပြုအမူလေးတွေထဲက တစ်ခုလုပ်ခံရဖူးတိုင်း ၁၀ မှတ် ပေးသွားမှာမို့လို့ စုစုပေါင်း ဘယ်နှမှတ်ရလဲ တွက်ကြည့်ရအောင်ဗျ

🫧 အိမ်ပြန်လာရင် အမြီးတရမ်းရမ်းနဲ့ လာကြိုတယ် (+၁၀ မှတ်)

🫧 ကိုယ့်မျက်နှာနဲ့ လက်တွေကို လိုက်လျက်တတ်တယ် (+၁၀ မှတ်)

🫧 ကိုယ့်အနားမှာ လာပြီး နံဘေးချင်း ကပ်အိပ်တယ် (+၁၀ မှတ်)

🫧 ကိုယ့်မျက်လုံးကို သေသေချာချာ စိုက်ကြည့်တတ်တယ် (+၁၀ မှတ်)

🫧 သူအချစ်ဆုံး ကစားစရာအရုပ်ကို လာပေးတယ် (+၁၀ မှတ်)

🫧 ကိုယ့်ခြေထောက်ပေါ် ခေါင်းလေး လာတင်တတ်တယ် (+၁၀ မှတ်)

🫧 ကိုယ်စိတ်ညစ်နေရင်၊ မျက်နှာမကောင်းရင် အနားလာပြီး ကပ်နေပေးတယ် (+၁၀ မှတ်)

🫧 ကိုယ်သွားလေရာ နောက်ကနေ တကောက်ကောက် လိုက်တယ် (+၁၀ မှတ်)

🫧 ကိုယ့်အဝတ်အစား အဟောင်းတွေကို လိုက်ကိုက်တတ်၊ လိုက်အိပ်တတ်တယ် (+၁၀ မှတ်)

🫧 ဗိုက်ကလေးကို အထိခံပြီး ပက်လက်လှန်ပြတတ်တယ် (+၁၀ မှတ်)

ကဲ... မေမေ၊ ဖေဖေတို့ အခု ဘယ်နှမှတ် ရကြလဲဗျာ?

၁၀၀ အပြည့်ရတဲ့ မိဘတွေရှိရင် Comment မှာ လာကြွားခဲ့ပါဦး🤭




အာဝုလေးတွေ ပျော်ဖို့ မကြာမကြာလုပ်ပေးသင့်တဲ့ Activities လေးတွေ 🐶✨- လမ်းလျှောက်ထွက်ပေးပါ။ ပြီးရင် ဇွတ်မဆွဲဘဲ စိတ်ကြိုက်သူသ...
05/07/2026

အာဝုလေးတွေ ပျော်ဖို့ မကြာမကြာ
လုပ်ပေးသင့်တဲ့ Activities လေးတွေ 🐶✨

- လမ်းလျှောက်ထွက်ပေးပါ။
ပြီးရင် ဇွတ်မဆွဲဘဲ စိတ်ကြိုက်
သူသွားတဲ့နောက်လိုပ်ပေးလိုက်ပါ။

- အရုပ်လေးတွေကို တစ်ဖက်စီဆွဲပြီး
ဆော့ပါ။ (မိဘနဲ့ ပိုခင်တွယ်ပြီး
ကြွက်သားသန်မာစေတယ်)

- သူငယ်ချင်းအသစ်တွေနဲ့ ပေးတွေ့ပါ။
ပေးဆော့ပါ။ (လူကြောက်၊ ခွေးကြောက်
မဖြစ်တော့ဘဲ လိမ်မာလာမယ်)

- အမွှေးပုံမှန်ဖြီးပေးပြီး ‌လက်သည်း
ပုံမှန် ညှပ်ပေးပါ။

ဒီနေ့ရော အိမ်ကကလေးတွေကို
ဘယ် Activity လေး လုပ်ပေးဖြစ်လဲဗျ?

Comment မှာ ပြောခဲ့ပါဦး 🐾




မြှောင်လေးတွေ နဖူးနဲ့ ဇွတ်တိုးပြီး လာဝှေ့တာ... အချစ်ပြသနည်းတစ်မျိုးပါပဲ 🐱 🤍အိမ်က မြှောင်လေးတွေက တစ်ခါတလေ ကိုယ့်နားကို တိ...
04/07/2026

မြှောင်လေးတွေ နဖူးနဲ့ ဇွတ်တိုးပြီး လာဝှေ့တာ... အချစ်ပြသနည်းတစ်မျိုးပါပဲ 🐱 🤍

အိမ်က မြှောင်လေးတွေက တစ်ခါတလေ ကိုယ့်နားကို တိုးတိုးလေးကပ်လာပြီး

နဖူးလေး၊ ပါးလေးနဲ့ ကိုယ့်မျက်နှာ၊ လက်၊ ခြေထောက်တွေကို ဇွတ်လိုက်ဝှေ့တတ်ကြတယ်မလား?

အဲ့ဒီအပြုအမူလေးက ချစ်စရာကောင်းရုံတင်မကဘဲ အဓိပ္ပာယ်လည်း အရမ်းနက်ရှိုင်းပါတယ်

မြှောင်လေးတွေရဲ့ နဖူးနဲ့ ပါးနေရာတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်အနံ့ထွက်တဲ့ အကျိတ်လေးတွေ ရှိပါတယ်

အဲဒီအနံ့လေးကို ကိုယ့်ဆီ လာပွတ်ထားတာက...

"မင်းက ငါယုံကြည်ရတဲ့သူ"
"မင်းအနားမှာ နေရတာ ငါလုံခြုံတယ်"
"မင်းက ငါ့မိသားစုပဲ" ဆိုတဲ့ အဓိပ္ပာယ်ပါ 🤍🐾

ဒါဟာ မြှောင်လေးတွေ လူကို အချစ်နဲ့ ယုံကြည်မှုအပြည့်ရှိမှ လုပ်တတ်တဲ့ သဘာဝအပြုအမူတစ်ခုဖြစ်ပြီး၊

သူတို့ရဲ့ အနံ့နဲ့ ကိုယ့်အနံ့ကို ရောနှောထားခြင်းအားဖြင့် "ဒီလူက ငါနဲ့ တစ်ဖွဲ့တည်း" လို့ သတ်မှတ်နေတဲ့ သဘောလည်း ပါဝင်ပါတယ်

မေမေ၊ ဖေဖေတို့အိမ်က မြှောင်လေးတွေရော ဘယ်အချိန်ဆို ဒီလို လာဝှေ့တတ်ကြလဲ?

Comment မှာ ပြောပြခဲ့နိုင်ပါတယ်ဗျ 🐱

အိမ်က က‌လေးတွေအတွက် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး Online ဆေးခန်းပြကာ

အသေးစိတ်ဆွေးနွေးလိုပါက Page Messenger တွင် လာရောက်ပြသဆွေးနွေးနိုင်ပါတယ် ✅



Address

Riffa

Opening Hours

Monday 11:30 - 04:00
Tuesday 11:30 - 04:00
Wednesday 11:30 - 04:00
Thursday 11:30 - 04:00
Friday 11:30 - 04:00
Saturday 11:30 - 04:00
Sunday 11:30 - 04:00

Telephone

09969867312

Alerts

Be the first to know and let us send you an email when Animal Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Animal Health:

Shortcuts

Share