Hein _ Veterinary Clinic

Hein _ Veterinary Clinic We serve all kinds of surgery and treatments

14/03/2022

Naphthalene and cats

ပရုပ်လုံးနဲ့ ခွေးကြောင်များ
ပရုပ်လုံးကို naphthalene or mothballလို့လဲခေါ်ပါတယ်။ပရုပ်လုံးရဲ့ methabolismက liverနဲ့ kidneyကိုအဓိက ထားပါတယ်။ခွေးကြောင်တွေမှာ ပရုပ်လုံးကို ရှုမိရင် သို့မဟုတ် စားမိရင် သို့မဟုတ် အနာမှာလိမ်းမိရင် သွေးထဲကနေတစ်ဆင့် liver သို့မဟုတ် kidneyကို ရောက်ပီး အသည်း ကျောက်ကပ်တို့ပျက်စီးစေပါတယ်။အဲ့လိုမျိုး side effectများတဲ့ဟာကို ကြောင်တွေ ခွေးတွေမှာ (လောက်ကောင် သို့ larva)သတ်တဲ့အခါသုံးတာတွေတွေ့လာရပါတယ်။အောက်ကကြောင်ပုံကတော့ လောက်တွယ်လို့ဆိုပီး လိုင်းပေါ်က ဆေးနည်းနဲ့ အနာကို ပရုပ်လုံးသွားသိပ်မိတာ လောက်တော့သေပါရဲ့ အနာပါပုပ်သွားပီး ကျောက်ကပ်ပါပျက်စီးပီး ဆီးအရောင်ပါအညိုရောင်ပြောင်းသွားပါတယ်။

https://m.facebook.com/story.php?story_fbid=3085775878407110&id=100009241859567

ခွေးကြောင်များတွင် အဖြစ်များသော ဆီးလမ်းကြောင်းရောဂါအကြောင်း(Urinary tract infection in dogs and cats)ခွေးများ ကြောင်များ...
29/01/2021

ခွေးကြောင်များတွင် အဖြစ်များသော ဆီးလမ်းကြောင်းရောဂါအကြောင်း
(Urinary tract infection in dogs and cats)

ခွေးများ ကြောင်များတွင် ဆီးလမ်းကြောင်းရောဂါများ အဖြစ်များလေ့ရှိပါတယ်။ဆီးလမ်းကြောင်းပိုးဝင်သည်ဆိုတာ ဆီးပို့ပြွန်က တစ်ဆင့် ဆီးအိမ်ထဲသို့ ရောဂါပိုး(infection)ဝင်ခြင်းပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့

*ဆီးခနခနညစ်ခြင်း

*ဆီးသွားရခက်ခြင်း

*ဆီးတစ်စက်စက် ထွက်ကျခြင်း

*ဆီးသွားရခက်သဖြင့် အသံနက်ဖြင့်အော်ခြင်း

*ဆီးစွန့်ပြွန်မှ သွေးပါခြင်း

အရမ်းပြင်းထန်လာပါက ဆီးခိုးရိုက်ပီးအန်ခြင်းတို့ဖြစ်လာနိုင်ပါတယ်။

ဖြစ်ရသည့်အကြောင်းခြင်းရာတွေကတော့

ဆီးအိမ်မှာ ကျောက်မှုန်များ ကျောက်များရှိခြင်း
ဆီးပို့ပြွန်တွင် ဆီးမှ အညစ်ကြေးများပိတ်ဆို့ခြင်း နှင့်
ဆီးအိမ်ရောင်ရမ်းခြင်းတို့ပဲဖြစ်ပါတယ်။

သတိပြုရမယ့်အချက်ကတော့

ပိုင်ရှင်တွေအနေနဲ့ မိမိတို့ ခွေးကြောင်တွေ ဆီးသွားတဲ့အခါ မူမမှန်တာတစ်စုံတစ်ရာရှိလာတယ်ဆိုရင် ပေါ့ပေါ့ဆဆမနေသင့်ပဲ နီးစပ်ရာ ဆေးခန်းမှာပြသကြဖို့ အကြံပြုအပ်ပါတယ်။

18/01/2021

အပြင်းစားအာရုံကြောရောင်ရောဂါ

ကြောင်တွေမှာ အဖြစ်များတဲ့ အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်ဖြစ်ရတဲ့အကြောင်းအရာတွေကတော့....ဓါတ်မတည့်တဲ့အရာတွေကို လျက်မိခြင်း...
15/01/2021

ကြောင်တွေမှာ အဖြစ်များတဲ့ အရေပြားရောဂါ တစ်မျိုးဖြစ်ပါတယ်

ဖြစ်ရတဲ့အကြောင်းအရာတွေကတော့....
ဓါတ်မတည့်တဲ့အရာတွေကို လျက်မိခြင်း
ပါးစပ်ကိုကြွက်ကိုက်မိခြင်း
မှိုစွဲခြင်းကြောင့်ဖြစ်ခြင်း
သန်းများကိုက်ခြင်းကြောင့်ဖြစ်ခြင်း

ဤရောဂါသည် အနာသေးသော် အခြေအနေလွန်သွားပါက အစားမစားနိုင်တဲ့အထိ ဖြစ်စေနိုင်သောကြောင့် စောလျင်စွာပြသပါရန် အကြံပေးအပ်ပါသည်။

ကင်ဆာကြိတ်(tumor)
12/01/2021

ကင်ဆာကြိတ်(tumor)

07/01/2021

ဒီနေ့မှာတော့ဖြင့် အဆုတ်ပြည်တည်နာ(Pyothorax)အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

အဆုတ်ပြည်တည်နာ ဆိုတာကတော့ အဆုတ်ရောဂါနဲ့ပတ်သက်တဲ့ရောဂါတွေထဲကမှ ရောဂါတစ်မျိုးဖြစ်ပါတယ်။

အဆုတ်ပြည်တည်နာဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့
*အဆုတ်ရောဂါဖြစ်နေခြင်း
*ရင်ဘတ်ကိုထိခိုက်ဒဏ်ရာရ​​ခြင်း မှတဆင့် အဆုတ်ကိုထိခိုက်မိခြင်း
*အဆုတ်ထဲကိုသံကောင်များရောက်နေခြင်း
*အဆုတ်ကင်ဆာဖြစ်နေခြင်း
*အဆုတ်မှာအနာဖြစ်နေခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒါဆို အဆုတ်ပြည်တည်နာဖြစ်နေတာကို ဘယ်လို သိနိုင်မလဲ???

*ရံဖန်ရံခါ ချောင်းဆိုးတာ
*အဖျားတက်တာ
*အစာစားပျက်တာ
*ပိန်လာတာ ၊ မောပန်းလာတာ
*နောက်ပိုင်းမှာအသက်ရှူရခက်ခဲလာတာ စတဲ့
အခြေအနေတွေကိုကြည့်ပြီးသိနိုင်ပါတယ်။ဒါ့အပြင် ဓာတ်မှန်(X_Ray)ရိုက်ပြီးတော့လည်းသိရှိနိုင်ပါတယ်။

မိမိတို့ကြောင်လေးတွေ ခွေးလေးတွေက အထက်မှာဖော်ပြထားတာ အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ မပေါ့ဆသင့်ဘဲ ဆေးခန်းသို့အမြန်ဆုံးသွားရောက်ပြီးဆွေးနွေးကုသမှုခံယူသင့်ကြောင်း အကြံပြုလိုပါတယ်။

အားလုံးပဲမင်္ဂလာပါ ဒီနေ့ညမှာပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ခွေးတွေကြောင်တွေမှာအဖြစ်များတဲ့ နားပြည်ယိုခြင်းပဲ ဖြစ်...
17/12/2020

အားလုံးပဲမင်္ဂလာပါ ဒီနေ့ညမှာပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ခွေးတွေကြောင်တွေမှာအဖြစ်များတဲ့ နားပြည်ယိုခြင်းပဲ ဖြစ်ပါတယ်။

နားပြည်ယိုခြင်းဆိုတာဘာလဲ?

နားပြည်ယိုခြင်း(Otitis extrana,Otitis media,Otitis interna) ဆိုတာ ခွေးတွေကြောင်တွေရဲ့ နားအတွင်းပိုင်းကနာကျင်ရောင်ရမ်း ပြီးတော့ နားအတွင်းထဲမှ အဝါရောင်အရည်တွေ၊အနက်ရောင် အရည်တွေ၊ကပ်စေးစေးဖြစ်တဲ့အရည်တွေ၊ပြည်တွေ စီးကျထွက်နေခြင်းပဲ ဖြစ်ပါတယ်။

နားပြည်ယိုခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

*Ear mite(နားအတွင်းထဲမှာကပ်ပါးပိုးရှိနေတာ)

*နားအတွင်းပိုင်းမှာအမွှေးတွေထူထဲစွာရှိနေတာ

*ပတ်ဝန်းကျင်မှာရှိတဲ့Allergyဖြစ်စေတဲ့အရာတွေနဲ့နားအတွင်းပိုင်းကိုထိတွေ့မိတာ

*နားအတွင်းပိုင်းမှာ စိုထိုင်းမှု များနေတာ
(ဥပမာ ရေချိုးတဲ့အခါ နားထဲရေဝင်တာ)

*နားယားယံခြင်းကြောင့်ခြေနဲ့ကုတ်ရာကနေ ပိုးဝင်တာ

စတာတွေကြောင့် နားပြည်ယိုခြင်းဖြစ်ပေါ်ပါတယ်။

မိမိခွေးလေးတွေကြောင်လေးတွေနားပြည်ယိုနေမှန်းဘယ်လိုသိနိုင်မလဲ???

*နားကိုခဏခဏ နောက်ခြေနဲ့ကုတ်တာ

*နားကိုခဏခဏခါတာ

*နားအတွင်းပိုင်းမှာပြည်တွေထွက်နေတာ

*ထွက်တဲ့အရည်တွေ ပြည်တွေက အနံ့အသက်ဆိုးရွားတာ စတာတွေကို ကြည့်ခြင်းအားဖြင့် နားပြည်ယို ၊ မယို သိရှိနိုင်ပါတယ်။

နားပြည်ယိုတာဆိုးရွားလာတဲ့အဆင့်မှာဆိုရင်

*ခေါင်းတစ်ခြမ်းစောင်းလာတာ

*လမ်းလျှောက်ရင်တယိမ်းတယိုင် ဖြစ်လာတာ

*ခန္ဓာကိုယ်ကို ပတ်ချာလည်နေတာ

နောက်ဆုံးမှာ Ear drumလို့ခေါ်တဲ့ နားစည် ပေါက်သွားပြီးဦးနှောက်ထဲကို ပိုးဝင်ရောက်သွားရင် သေဆုံးတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။

နားပြည်ယိုတာကလည်း သာမန် အဖြစ်များတဲ့ လက္ခဏာဆိုပေမယ့် ဦးနှောက်ထဲပိုးရောက်သွားတဲ့အဆင့်မှာဆိုရင် အသက်တောင်ဆုံးရှုံးနိုင်တာမို့လို့ ပေါ့ပေါ့ဆဆ ပြစ်ထားတာ မျိုး မလုပ်သင့်ပါဘူး။ဒါကြောင့်မို့လို့ မိမိတို့ရဲ့ ခွေးလေးကြောင်လေးတွေနာပြည်ယိုတဲ့လက္ခဏာ တွေကို တွေ့ရပြီဆိုတာနဲ့ စစ ဖြစ်ချင်းပဲ နီးစပ်ရာ ဆေးခန်းတွေမှာ သွားရောက်ကုသပြသပေးဖို့ လိုအပ်ကြောင်း အကြံပြုလိုပါတယ်။

14/12/2020

ရှင်မွေးလွန်းလေးးး😹💓

14/12/2020

ကားတိုက်သွားတာ ညှပ်ရိုးကျဥ်းသွားပြီးမမွေးနိုင်တော့လို့ ခွဲမွေးခဲ့ရပါတယ် 😿

12/12/2020

ခွဲမွေးထားတဲ့ချစ်စရာကလေးလေးများ😻💕

Cesarean section(ဗိုက်ခွဲမွေးခြင်း)
12/12/2020

Cesarean section(ဗိုက်ခွဲမွေးခြင်း)

Seizures(အတက်ရောဂါအကြောင်း)ဒီနေ့မှာတော့ ခွေးတွေ ကြောင်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့အတက်ရောဂါအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်...
25/10/2020

Seizures(အတက်ရောဂါအကြောင်း)

ဒီနေ့မှာတော့ ခွေးတွေ ကြောင်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့အတက်ရောဂါအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့်အတက်ရောဂါဟာ ဦးနှောက်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေ ပျက်စီးယိုယွင်းလာခြင်းကြောင့်ဖြစ်ပါတယ်။

အတက်ရောဂါမှာယေဘုယျအားဖြင့်ဆိုရင် တစ်ကိုယ်လုံးတက်ခြင်း(generalized seizures)နဲ့ ခန္ဓာကိုယ်ရဲ့တစ်စိတ်တစ်ဒေသ တစ်နေရာမှာပဲ တက်ခြင်း(partial or focal seizures)ဆိုပြီး နှစ်မျိုး ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့အချက်တွေက အတက်ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်

*ဦးနှောက်ဆဲလ်များရောင်ရမ်းနေခြင်း

*မွေးရာပါအတက်ရောဂါ

*ဦးနှောက်တွင်အကျိတ်ရှိနေခြင်း

*အသည်း၊ကျောက်ကပ်ရောဂါရှိခြင်း

*သံကောင်များ၊သံဥများ ဦးနှောက်ဆဲလ်ထဲသို့ရောက်ရှိနေခြင်း

*အာရုံကြောကိုသက်ရောက် ထိခိုက်စေတဲ့ အဆိပ်အတောက်တစ်ခုခုကိုစားမိခြင်း

*သွေးထဲမှာကယ်လ်ဆီယမ်(calcium)ဓာတ်လျော့နည်းနေခြင်း စတဲ့ အကြောင်းခြင်းရာတွေကြောင့် တက်ခြင်းဖြစ်ပေါ်လာပါတယ်။

အတက်ရောဂါကိုကုသနိုင်လား?????

အတက်ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်လားဆိုရင် အထက်မှာဖော်ပြထားခဲ့တဲ့ရောဂါဖြစ်စေတဲ့အကြောင်းအရာတွေပေါ်မူတည်ပါတယ်။

တချို့ အတက်ရောဂါတွေဟာ ပျောက်ကင်းအောင်ကုသနိုင်သလို တချို့ အတက်ရောဂါ တွေကတော့ သက်တမ်းတစ်လျှောက်လုံးဆေးနဲ့ထိန်းသွားရတာမျိုးလည်းရှိနိုင်ပါတယ်။

အတက်ကျဆေးတွေထဲမှာမှ တချို့အတက်ကျဆေးတွေဟာ ခွေး၊ကြောင် တွေရဲ့ အာရုံ ကြော တွေကို ထိခိုက်စေနိုင်ပြီး သူတို့ရဲ့ အမူအကျင့်တွေပါ ပြောင်းလဲသွားနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မိမိတို့ရဲ့ခွေး၊ကြောင် တွေမှာ အတက်ရောဂါ ဖြစ်ပြီဆိုတာနဲ့ အတက်ကျဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် တိုက်တာတွေမပြုလုပ်ပဲ နားလည်တတ်ကျွမ်းတဲ့တိကုဆရာဝန်နဲ့ အလျင်အမြန် သွားရောက်ပြသပေးဖို့ အကြံပြုလိုပါတယ်။

Address

Yangon

Opening Hours

Monday 17:00 - 18:00
Tuesday 17:00 - 18:00
Wednesday 17:00 - 18:00
Thursday 17:00 - 18:00
Friday 17:00 - 18:00
Saturday 17:00 - 18:00
Sunday 17:00 - 18:00

Telephone

+959969836595

Website

Alerts

Be the first to know and let us send you an email when Hein _ Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category