Shadow Aquarium Shop

Shadow Aquarium Shop အလှမွေးငါးချစ်သူများ အားလုံးပဲမင်္ဂလာပါခင်ဗျာ🙏

လူ့အဖွဲ့အစည်းအရ ဇိမ်ခံပစ္စည်းများဆိုသည်မှာ... * ကားများ * ဈေးကြီးသောအဝတ်အစားများ * ကြီးကျယ်ခမ်းနားသော နေထိုင်မှုပုံစံအမှ...
28/07/2025

လူ့အဖွဲ့အစည်းအရ ဇိမ်ခံပစ္စည်းများဆိုသည်မှာ...
* ကားများ
* ဈေးကြီးသောအဝတ်အစားများ
* ကြီးကျယ်ခမ်းနားသော နေထိုင်မှုပုံစံ

အမှန်တော့ ဘဝ၏ စစ်မှန်သော ဇိမ်ခံပစ္စည်းများမှာ-
* ဖြည်းညှင်းသော နံနက်ခင်းများ
* ရွေးချယ်ခွင့်ရှိခြင်း
* ကောင်းမွန်စွာ အိပ်စက်ရခြင်း
* စိတ်အေးချမ်းသာမှု
* ငြိမ်သက်ပြီး ပျင်းရိဖွယ်ကောင်းသောနေ့ရက်များ
* ပစ္စုပ္ပန်တွင်ရှိနေခြင်း
* သင်ချစ်ရသောသူများ
* သင့်ကို ပြန်ချစ်သောသူများ

၎င်းတို့သည် ရယူပိုင်ဆိုင်ရမည့်အရာများမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနှင့် ပြည့်စုံသောဘဝ၏ ရလဒ်များသာဖြစ်သည်။

Credit...

8D Filter လေးတွေက လက်တလော ပစ္စည်းပြန်မဝင်သေးလို့ပါခင်ဗျာ အဲ့ဒါအစား အထူ 2 Cm ရှိတဲ့ ကျောက်ဂွမ်း အပြာ အဖြူတွေရှိပါမယ်လို့🌸...
28/07/2025

8D Filter လေးတွေက လက်တလော ပစ္စည်းပြန်မဝင်သေးလို့ပါခင်ဗျာ အဲ့ဒါအစား အထူ 2 Cm ရှိတဲ့ ကျောက်ဂွမ်း အပြာ အဖြူတွေရှိပါမယ်လို့🌸

ကျောက်ဂွမ်းအပြာ 1 ပေ 1 ပေ ခွဲ တချပ် - 7500 Ks
ကျောက်ဂွမ်း အဖြူ 1 ပေ 1 ပေ ခွဲ တချပ် - 4000 Ks

ကျောက်ဂွမ်းအပြာ 200cmx100cmx2cm တလိပ် - 78000 Ks

အိမ်ရောက်ငွေချေ မရနိုင်သေးပါဘူးခင်ဗျာ Online Shop သီးသန့်မလို့ Pick Up နဲ့ Delivery Service 2 မျိုးသာရပါမယ်ခင်ဗျာ🙏

28/07/2025

စိတ်ပျော်ရာဆိုလို့ ဒီကောင်လေးတွေပဲရှိတာ လူ့လောကကြီးက ရှုပ်ထွေးလွန်းလို့ ငါးကန်ထဲသာဝင်ထိုင်ပြီးအေးချမ်းစွာနေလိုက်ချင်တာ🥰

အားလုံးပဲမင်္ဂလာပါဗျာအရင်တစ်ခေါက်က အလှမွေးငါးလေးတွေကိုဘာကြောင့်မွေးမြူသင့်တယ်ဆိုတဲ့ အကြောင်းအရာလေးကိုတင်ပြပေးခဲ့ပါတယ်အခု...
28/07/2025

အားလုံးပဲမင်္ဂလာပါဗျာ
အရင်တစ်ခေါက်က အလှမွေးငါးလေးတွေကိုဘာကြောင့်မွေးမြူသင့်တယ်ဆိုတဲ့ အကြောင်းအရာလေးကိုတင်ပြပေးခဲ့ပါတယ်

အခုတစ်ခေါက်ကတော့ အလှမွေးငါးလေးတွေကိုမွေးမြူရာမှာ လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို တင်ပြပေးလိုက်ပါတယ်ဗျ

အလှမွေးငါးလေးတွေကို မွေးမြူဖို့ရွေးချယ်ရာမှာဆိုရင် ၂မျိုး၂စားရှိပါတယ်
1.ရေချိုအလှမွေးငါး
2.ရေငံအလှမွေးငါး
တို့ပဲဖြစ်ပါတယ်

အခု ပြောပြပေးမဲ့ အကြောင်းအရာကတော့ ရေချိုအလှမွေးငါးတွေအတွက် ဆောင်ရန်ရှောင်ရန် လေးတွေပဲဖြစ်ပါတယ်

ရေချိုအလှမွေးငါး မွေးမြူနည်းမှာ မွေးမြူသူ Level skill ၃ဆင့်ခွဲထားပါတယ်

1.Beginner skill
2.Intermediate skill
3.Professional skill
တို့ပဲဖြစ်ပါတယ်

ကျွန်တော် အခုpostထဲမှာပါတဲ့အကြောင်းအရာတွေက အခုမှစမွေးမဲ့ beginner သမား များအတွက်အဓိက ရည်ရွယ်ထားပါတယ်ဗျ

1.ငါးရွေးချယ်နည်း
ကျွန်တော်တို့တွေ ငါးလေးတွေစမွေးမယ်ဗျာ ဘယ်လိုငါးလေးတွေကနေစမွေးသင့်လဲ ဆိုတဲ့အချက်က စပြောပေးပါမယ်
ပထမဆုံးအနေနဲ့စမွေးမဲ့ငါးတွေဟာ မွေးမြူသူအပေါ်မှာ ပထမဆုံးလက်ထဲစရောက်တဲ့အချိန်ကထဲက စိတ်ပျက်သွားစေနိုင်မဲ့ငါးတွေကိုမရွေးချယ်စေချင်ဘူး

ဥပမာ lucky fish / gar fish / flower horn စတဲ့ငါးတွေဟာ အရွယ်အစားကြီးမားသလို အစာကျွေးမှု ဂရုစိုက်ပေးနိုင်မှုတွေက အထူးလိုအပ်ပါတယ် ဒီလိုငါးတွေကို အတွေ့အကြုံမရှိဘဲမွေးမယ်ဆိုရင်တော့ ( မတော်တဆ ငါးသေသွားတာ ရောဂါဝင်တာ ငါးမလှလာတာ ဖြစ်သွားခဲ့ရင် )

ဒီငါးမွေးတဲ့ဝါသနာကိုစွန့်ပစ်မိမှာအမှန်ပါပဲ ဒါကြောင့် ကိုယ်နဲ့ကိုက်ညီမဲ့ငါးတွေကို ပဲစရွေးချင်ပါတယ်

ကျွန်တော်အကြံပြုချင်တဲ့ငါးတွေကတော့ zebra / guppy / molly စတဲ့ အရွယ်အစားသေးပြီး အကြမ်းခံ ထိန်းသိမ်းရလွယ်ကူတဲ့ငါးလေးတွေနဲ့ပဲ အစပြုစေချင်ပါတယ်

ဒီငါးလေးတွေဟာ ကန်နေရာယူမှုကလဲ သိပ်မရှိတဲ့အတွက် အိမ်သူအိမ်သားတွေရဲ့ ငြီးငြူမှုလဲ လျော့နည်း နိုင်ပါတယ်

( ဒီလိုကန်အသေးလေးကနေ ဝါသနာရင့်လာတော့ အိမ်ထဲမှာ ငါးကန်အပြည့်ဖြစ်သွားတဲ့သူတွေလဲကြုံဖူးပါတယ် )

နောက် လူအများစုကတော့ ငါးမွေးရင် တစ်ကောင်ထဲအဖော်မဲ့အထီးကျန်ဆန်မှာကိုစိုးရိမ်ကြပါတယ် ဒါကြောင့် အုပ်စုလိုက်ကူးခပ်နေရတာကိုပဲမြင်တွေ့စေချင်ကြပါတယ်

ဒီလို အုပ်စုဖွဲ့ကူးခပ်တာကိုကြည့်ချင်တဲ့ သူတွေကလဲ မိမိကန်ထဲထည့်မဲ့ငါးတွေရဲ့ သဘောသဘာဝကိုလဲသိသင့်ပါတယ်

အချို့သောငါးတွေက အုပ်စုလိုက်အတူနေနိုင်ပေမဲ့ အချို့ငါးတွေကတော့ အခြားငါးများကိုတိုက်ခိုက်အနိုင်ကျင့်ကြပါတယ်

ဥပမာ cichlids ငါးမျိုးတွေဟာ အခြားငါးများကို အနိုင်ကျင့်ဗိုလ်ကျတတ်ကြပါတယ် ဒါကြောင့် ဒီငါးတွေကို သီးသန့်မွေးမြူသင့်ပါတယ်

2.ငါးရွေးချယ်ဝယ်ယူနည်း
ကျွန်တော်တို့မွေးမြူငါးနာမည်တွေငါးအမျိုးအစားတွေ သိပြီးရင် ငါးတွေဝယ်ယူတော့မယ်ဆ်ု ဘယ်လိုငါးအခြေအနေရှိတဲ့ငါးတွေကို ဝယ်ယူရမလဲဆိုတာကို ပြောပြပေးပါဦးမယ်

အလှမွေးငါးဆိုင်တစ်ဆိုင်ကိုရောက်သွားတဲ့အခါ ဆိုင်မှာရှိတဲ့ငါးတွေအားလုံးရဲ့အခြေအနေနဲ့ ဆိုင်ရှင်ရဲ့ငါးကန်တွေပေါ်ဂရုစိုက်မှုကိုအရင်အကဲခပ်သင့်ပါတယ်
ဥပမာ ဆိုင်ခန်းထဲမှာရှိတဲ့ငါးအများစုဟာ မှိုင်နေတာ ငါးကန်ထဲကူးခပ်သွားလာမှုမရှိတာ အချို့သောငါးတွေကသေနေပြီး အချို့သောငါးတွေက လေအိပ်ပေါက် ရေထဲမျောနေတာ စတဲ့အခြေအနေအများစုနဲ့ တိုက်ဆိုင်နေရင် ဒီဆိုင်ကငါးတွေကို ဝယ်ဖို့စဉ်းစားသင့်ပါတယ်

နောက် ငါးကန်ရေတွေဟာ ဘယ်အချိန်သွားသွား အမြဲနောက်ကျိနေမယ်ဆိုရင်တော့ ဆိုင်ရှင်က ငါးတွေကိုဂရုစိုက်မှုမရှိကြောင်းပေါ်လွင်နေပါပြီ ဒီလိုအနေအထားတွေဖြစ်နေပြီဆိုရင်တော့ အခြား ပိုစိတ်ချရတဲ့ ငါးဆိုင်ကနေဝယ်ယူတာ ပိုအဆင်ပြေနိုင်ပါတယ်

တကယ်လို့မိမိနေရာကအခြားဆိုင်မရှိဘူးဆိုလဲ ထိုငါးတွေထဲမှ
ရေအမြဲကူးခပ်နေတဲ့ငါး
အမြှီးအတောင်မကုပ်တဲ့ငါး
ရေယက်သွေးကြောမပေါ်တဲ့ငါး
whitespot/ရေသန်းမပါတဲ့ငါး
စတဲ့အချက်တွေ ကင်းလွတ်တဲ့ငါးကိုပဲရွေးချယ်မွေးမြူစေချင်ပါတယ်
( ဒီအချက်တွေကတော့ ဘယ်ငါးဆိုင်မဆိုရွေးချယ်သင့်ပါတယ် )

3.ငါးမှန်ကန်ပြင်ဆင်တပ်ဆင်ခြင်း
ကျွန်တော်တို့တွေ မွေးမဲ့ငါးလဲရွေးချယ်ပြီးပြီ ဝယ်လဲဝယ်ပြီးပြီဆိုတော့ ငါးတွေအတွက်အိမ်လိုအပ်လာပါပြီ

ငါးမှန်ကန်ကိုဘယ်လိုပြင်ဆင်မလဲဆိုတော့ အရင်ဆုံးငါးကန်ထားဖို့နေရာလိုအပ်လာပါပြီ ငါးကန်နေရာက လူသွားလူလာများပြီး ဆူညံသံတွေများတဲ့နေရာမှာ ထားဖို့ကအဆင်မပြေနိုင်ပါဘူး

လူဝင်လူထွက်နည်းပြီးနေရောင်တိုက်ရိုက်မကျတဲ့ အခန်းတစ်နေရာမှာစီစဉ်ပေးရပါမယ် နောက် ငါးကန်တင်တဲ့စင်ကလဲ လိုအပ်လာပါပြီ ငါးကန်တင်စင်ဟာ ငါးကန်ရဲ့ရေဝိတ်ကို ကြာရှည်ခံနိုင်တဲ့စင်မျိုးကိုရွေးချယ်သင့်ပါတယ်

ငါးကန်ရဲ့အရွယ်အစားကလဲ မိမိမွေးမဲ့ငါးအရွယ်အစား/အရေအတွက်နဲ့လိုက်ဖတ်ညီရပါမယ် ငါးကန်အရွယ်အစားရွေးချယ်ရာမှာ မိမိမွေးထားတဲ့ငါးရဲ့ အကြီးဆုံးဖြစ်လာမဲ့ဆိုဒ်ကိုပါထည့်တွက်ပြီးပြင်ဆင်သင့်ပါတယ်

အကြမ်းအားဖြင့်တော့ ငါးအရွယ်အစား ၁လက်မအတွက် ရေ4.5L ရှိရပါမယ်

ငါးကန်ထဲမှာငါးထည့်တဲ့အခါကျရင် ငါးဆန့်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ ပြည့်ကျပ်နေအောင်မမွေးမြူသင့်ပါဘူး ငါးတစ်ကောင်အတွက် ရှိသင့်တဲ့ ရေပမာဏကို အနီးစပ်ဆုံး ဖြစ်အောင်ထားပေးရပါမယ် ဒါမှလဲ ကျန်းမာပျော်ရွှင်တဲ့ငါးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်

4.ငါးကန်ကို လိုအပ်ပစ္စည်းတပ်ဆင်ခြင်း
အလှမွေးငါးတွေအတွက် အဓိကလိုအပ်ချက်ကတော့ ရေအပူချိန် ရေph နဲ့ ရေသန့်စင်မှုတွေပဲဖြစ်ပါတယ်

Heater
ငါးကန်တိုင်းမှာ လိုအပ်တဲ့အပူချိန်ရရှိစေရန်အတွက် heater တပ်ဆင်ပေးဖို့လိုအပ်ပါတယ် ငါးအများစုကတော့ 72°F to 84°F အတွင်းမှာ ရှိတဲ့အပူချိန်တွေလိုအပ်ပါတယ်

Water Ph
ရေph ကိုလဲ ပုံမှန်စစ်ဆေးပေးသင့်ပါတယ် ရေph မမှန်ကန်မှုကြောင့်လဲ ငါးရောဂါနဲ့ ရေညှိပြဿနာတွေတိုးပွားစေပါတယ်

5.ငါးကန်အလှဆင်ပစ္စည်းတပ်ဆင်ခြင်း
ငါးကန်ထဲမှာအလှဆင်ပစ္စည်းထည့်ခြင်းကလဲ အချို့သော လူတွေကနှစ်သက်သလို အချို့ကြတော့လဲ မနှစ်သက်ကြပါဘူး

အလှဆင်ပစ္စည်းထည့်မယ်ဆိုရင် အထူးသတိထားရမှာက ငါးတွေကို ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့ အချိန်အတက်တွေ မပါစေဖို့ရွေးချယ်ပေးရပါမယ် နောက်အလှဆင်ပစ္စည်းများကို ကန်ထဲမထည့်ခင် ရေနှင့်စင်ကြယ်စွာဆေးကြောပြီးမှထည့်သင့်ပါတယ်

နောက် ကန်ထဲမှာ ပုန်းခိုစရာ အိမ်လေးတွေ သစ်ဆွေးတုန်း တွေထည့်ပေးလို့ရပါတယ်

ငါးကန်ကို အချို့က မီးများတပ်ဆင်၍အလှဆင်ကြပါသေးတယ်

မီးများတပ်တဲ့အခါမှာလား အရမ်းစူးရှစွာမပေးသင့်ပါဘူး
ငါးများလန့်တတ်ပြီး ကန်ထဲမှာ ရေညှိများပေါက်ဖွားစေနိုင်ပါတယ်
မီးအလင်းအားပေးမှုကိုလဲ တစ်နေကုန်မပေးသင့်ပါဘူး

6.အလှမွေးငါးအသစ်ထည့်တော့မယ်ဆိုရင် ???
ကဲ အပေါ်ကပြောခဲ့တဲ့ အချက်တွေအကုန်ပြည့်စုံသွားပြီဆိုရင်တော့ ငါးဝယ်ပြီး ကန်ထဲထည့်ရုံပဲကျန်တော့တာပေါ့ ဒီနေရာမှာလဲ ငါးကိုကန်ထဲကို တန်းမထည့်သင့်ပါဘူး ငါးထည့်ထားတဲ့အိတ်ကို ကန်ရေထဲ ၁၅မိနစ် မိနစ်၂၀ခန့် အရင်စိမ်ထားသင့်ပါတယ် ပြီးမှ အိတ်ထဲကို ကန်ရေ အနည်းငယ်ရော၍ အပူချိန်မျှအောင်လုပ်ပြီးမှ ငါးကိုကန်ထဲလွှတ်သင့်ပါတယ်
ပိုပြီးစနစ်ကျစေချင်တယ်ဆိုရင်တော့ ဆေးကုကန်သပ်သပ်ထားသင့်ပါတယ် ဒါမှငါးအသစ်တွေကို မိမိအရင်ငါးများနှင့်မရောခင် ကျန်းမာရေးကောင်းမကောင်းကို ၁ပါတ်မျှ စောင့်ကြည့်ပြီးမှ ရောတာပိုကောင်းပါတယ်

ဒါ့အပြင် မိမိငါးများထဲမှနေမကောင်းဖြစ်သောငါးတွေကို ဆေးကုကန်သပ်သပ်ခွဲ၍ ကုသခြင်းအားဖြင့် အခြားငါးများအားမကူးစက်စေရန်ကာကွယ်ပြီးဖြစ်ပါတယ်

7.မဖြစ်မနေလုပ်ဆောင်ပေးရမည့်အချက်များ
1.ရေပုံမှန်လှဲပေးခြင်း ( 25% or 50% )
2.ငါးများကိုအစာလိုအပ်သည်ထက်ပိုမကျွေးမိစေရန် ( နည်းနည်းနှင့်ခဏခဏကျွေးရန် )
3.Filter material များအား 2 or 3ပါတ်တစ်ခါ ဆေးပေးရန်
( ငါးကန်ရေဟောင်းနှင့်သာဆေးရန် )
ကဲ ဒီအချက်တွေအားလုံးကို သင်သာလိုက်နာပြီဆိုရင် အလှမွေးငါးလှလှလေးတွေကို ကျန်းမာသန်စွမ်းစွာ အမြဲမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်

သြော်!! ဒါနဲ့
ငါးမွေးမယ်ဆို အလှမွေးငါးနဲ့ပက်သတ်တဲ့ ဆက်စပ်ပစ္စည်းတွေကို ကျွန်တော်တို့ Shadow Aquarium Shop ကနေ ပြည့်စုံနိုင်သမျှ ပြည့်စုံနိုင်အောင်ကြိုးစားနေပါတယ်နော်

#အချိန်ပေးဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ

*မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ🙏*

ငါးမွေးသူအများစုနားလည်မှုလွဲမှားနေကြတဲ့ Bioring နဲ့ Bioball & Media ပြဿနာလေးပါ          Bio ring bioball Media တွေ ဆိုတာ...
27/07/2025

ငါးမွေးသူအများစုနားလည်မှုလွဲမှားနေကြတဲ့ Bioring နဲ့ Bioball & Media ပြဿနာလေးပါ

Bio ring bioball Media တွေ ဆိုတာက ထည့်ထားယုံနဲ့ရေကြည်တဲ့ filtet media တွေ မဟုတ်ပါဘူး

သူ့မှာအသုံးပြုနည်း နည်းလမ်းတွေရှိပါတယ်
1. ရေအမြဲစီးဆင်းနေတဲ့ filter box or sump tank စတဲ့ နေရာတွေမှာရေမြုပ်အောင်ထည့်ပေးရပါမယ်

2. Bioring bioball Media တွေပေါ်မှာ Good bacteria မွေးဖို့ရန် အချိန် one week ခန့်ကြာမြင့်တတ်ပါသည် Good bacteria တွေက ရေအမြဲမြုပ်ပြီး စီးဆင်းနေတဲ့ရေမှာ ရှင်သန်နိုင်တဲ့အတွက် ရေလည်ပတ်နှုန်းကို ၁နာရီထက်ပိုကြာပြီး ရပ်လို့မရပါဘူး

3. Bioring bioball Media တွေ ဆေးတဲ့အခါမှာလဲ ကန်အဟောင်းထဲကရေနဲ့ပဲအသာအယာဆေးပေးရပါမယ်

4. Bioring bioball ကရေကြည်အောင်လုပ်ပေးတဲ့ ပစ္စည်းမဟုတ်ပါဘူး သူတို့မှာပေါက်ဖွားတဲ့ good bacteria တွေကပဲ ရေရဲ့အရည်အသွေးအဆိပ်အတောက်တွေကို ထိန်းသိမ်းဖယ်ရှားပေးတဲ့အတွက် ဘယ်နှပေကန်ငါးဘယ်လောက်မှာ bioring bioball ဘယ်လောက်သုံးပေးမှရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူး ဒါကြောင့် အရေအတွက်များများသုံးလေ good bacteria များများပေါက်ဖွားလေဖြစ်မှာပါ

5. ဆိုဒ်အကြီးအသေးကွာလို့လဲ လုပ်ဆောင်ချက်မပြောင်းလဲပါဘူး ဆိုဒ်သေးမှာပါတဲ့ bacteria အရေအတွက်ထက် ဆိုဒ်ကြီးမှာပါတဲ့ bacteria အရေအတွက် ပိုများသွားတာပဲရှိပါတယ်။

#စနစ်တကျငါးမွေးနည်းများသိရှိပိုင်ဆိုင်နိုင်ကြပါစေဗျ

*မူရင်းရေးသားသူအား Crd ပေးပါတယ်ခင်ဗျာ🙏*

Shadow က အလုပ်အရမ်းများတာမလို့ Shadow ထမ်းနိုင်တဲ့ တာဝန်တွေကိုပဲ လုပ်ပေးပါတယ်ခင်ဗျာ အိမ်ရောက်ငွေချေမှာပြီး လာပို့မှ ဖုန်...
27/07/2025

Shadow က အလုပ်အရမ်းများတာမလို့ Shadow ထမ်းနိုင်တဲ့ တာဝန်တွေကိုပဲ လုပ်ပေးပါတယ်ခင်ဗျာ အိမ်ရောက်ငွေချေမှာပြီး လာပို့မှ ဖုန်းမကိုင်တာ မယူတာ ဦးနှောက်စားတာတွေက ဒီခေတ်ကာလမှာအများဆုံးတွေ့လာရတာမလို့ အိမ်ရောက်ငွေချေမပေးတာပါ

Shadow က ပစ္စည်းပို့ရင် တော်ရုံထိခိုက်တာလောက်တော့အေးဆေး ခံနိုင်အောင် အိတ်ဖိုးတိတ် ဖိုးတွေ အသေ သုံးတာမလို့ ပစ္စည်းတခုပို့ ရင် အဲ့ပစ္စည်းက Return ပြန်လာရင် Shadow အတွက်လုံးဝ အဆင်မပြေပါဘူးခင်ဗျာ ကျွန်တော့်စီက ပစ္စည်းတွေက အသက်သာဆုံးစျေးတွေလိုက်ရှာယူတယ် အသက်သာဆုံးစျေးနှုန်းနဲ့ရအောင်ပြန်ရောင်းပေးနေတာပါ စျေးသက်သာလို့ လိမ်တယ်လို့ ထင်နေရင်တော့ Page ထဲဝင်ကြည့်ပါ ဒီ page က မနေ့ တနေ့က မှ လိုင်းပေါ် တက်အရောင်းအဝယ်လုပ်နေတာ တပြားသားမှ မရှိပါဘူးခင်ဗျာ ပစ္စည်းမှာတယ် ရောက်မလာတာ ပစ္စည်းတွေပျက်စီးပြီးရောက်လာတာ ပစ္စည်းတွေက အစုတ်တွေဖြစ်နေရင် Fake Account နဲ့ Comment မှာစိတ်ကြိုက်ဆဲသွား ပြီးရင် ဘယ်နေ့ဘယ်နေ့ ကဘာမှာတာ ဘာ ကတော့ ဘာဖြစ်သွားတာ Page ကိုလာပြောတယ် တာဝန်မယူဘူး ပြောသွား Shadow စိတ်မဆိုးဘူး မဆိုးဘူးဆို အဲ့လိုလဲ တခါမှကိုမဖြစ်ဖူးတာကို Costumer စီပစ္စည်းမပို့ခင် အကုန်စစ်ပြီးမှ ပို့တယ် အရေအတွက် က အစ ပစ္စည်း Quality အစာတွေဆိုလဲ Date ပေါက်မပေါက် ဘာဆို ဘာမှ ပြောစရာမရှိလောက်အောင်ကို အဆင်ပြေအောင်ထုပ်ပိုးပြီးပို့ဆောင်ပေးရတာဖြစ်လို့ အိမ်ရောက်ငွေချေ မရပါဘူးခင်ဗျာ အတင်းဝယ်ခိုင်းနေတာလဲ တခါမှမရှိတာမလို့ အိမ်ရောက်ငွေချေလုံးဝမရတာကို ကြိုတင်သိပြီး အဆင်ပြေတယ်ဆိုမှပဲ လာရောက်ဝယ်ယူအားပေးကြပါခင်ဗျာ အိမ်ရောက်ငွေချေပို့ပေးပါတွေဘာတွေ သိန်း ဆယ်ချီမှာမယ် အိမ်ရောက် ငွေချေရလားဘာလားညာလားတွေ Shadow က စိတ်လဲ မဝင်စားပါဘူး Shadow က ကိုယ်ထမ်းနိုင်တဲ့ဝန်တွေပဲထမ်းပါတယ်

ဒီခေတ်မှာ အာရုံစားတဲ့သူတွေအရမ်းများတာကြောင့် Shadow Aquarium Shop စီမှာ ပစ္စည်းက ကိုယ် နဲ့စျေးသင့်တယ် ပစ္စည်းလဲကောင်းစေရမယ် အိမ်ရောက်ငွေချေမရလဲ ရတယ် ဆက်ဆံရေးလဲ အဆင်ပြေတယ် ကိုယ်နဲ့လဲ ကိုက်တယ်ဆိုမှပဲလာရောက်ဝယ်ယူအားပေးကြ ဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ

တဆိုင်လုံးအကုန်ယူမယ်ပြောလဲ အိမ်ရောက်ငွေချေမရပါဘူးခင်ဗျာ 🙏

27/07/2025

ရောက်ကုန် ဖြစ်နေတဲ့ Feeding Ring လေးတွေ ဒီနေ့ထပ်ရောက်ထားပါတယ်ခင်ဗျာ

ရေပေါ်စာကျွေးသူတွေအတွက်လုံးဝ အကြိုက်တွေ့စေမှာပါ။

Feeding Ring - 3000 Ks

ပို့ဖြစ်သည်။ လာယူသည်။ ဂိတ်တင်သည်။ Ninja Van အပ်သည်။ Bee အပ်သည်။ အားပေးမှုအတွက်ကျေးဇူးပါခင်ဗျာ🙏Shadow Aquarium Shop က သင်...
26/07/2025

ပို့ဖြစ်သည်။ လာယူသည်။ ဂိတ်တင်သည်။ Ninja Van အပ်သည်။ Bee အပ်သည်။ အားပေးမှုအတွက်ကျေးဇူးပါခင်ဗျာ🙏

Shadow Aquarium Shop က သင့်ငါးကန်ရဲ့ လိုအပ်ချက်တွေ အတွက် အမြဲ ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ 🥰

26/07/2025

စီးစလစ် မျိုးနွယ်စုတခု နှင့် ကျွန်တော့်ရဲ့ အပန်းဖြေရာ ဘာညာပေါ့🤭

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏Shadow Aquarium Shop မှကြိုဆိုပါတယ်🙆Shadow Aquarium Shop မှာ ပစ္စည်းအသစ် အစာအသစ် Itemအသစ...
26/07/2025

Hello အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏

Shadow Aquarium Shop မှကြိုဆိုပါတယ်🙆

Shadow Aquarium Shop မှာ ပစ္စည်းအသစ် အစာအသစ် Itemအသစ်လေးများထပ်မံရောက်ရှိလို့ထားပါတယ်ခင်ဗျာ

Shadow တင်ထားသော မည်သည့် Item မဆို ပစ္စည်းမပြတ်အောင်ကြိုးစားပေးနေပေမဲ့ အချို့ပစ္စည်းတွေကတော့ ဝယ်လို အားများပြီး ကျွန်တော် ကိုယ်တိုင် အရေအတွက် ရာချီယူထားပေမဲ့ ကုန်သွားပြီးထပ် မှာလို့ မရတဲ့ အခြေ အနေတွေရှိလို့ လိုအပ်သော ပစ္စည်းလေးများ မရသွားခဲ့ရင် Shadow က တကယ်ပဲ အားနာရပါတယ်ခင်ဗျာ🙏

Online Shop သီးသန့်သာ ရောင်းနေသေးတာမလို့ တိုက်အောက် လာယူ နှင့် Delivery Service ၂ မျိုးသာရပါဦးမယ်ခင်ဗျာ🙏

အိမ်ရောက်ငွေချေ Cash On Deli (COD) ဝန်ဆောင်မှုအား Shadow Aquarium Shop မှာမရနိုင်သေးတာတကယ်ပဲ အားနာရပါတယ်ခင်ဗျာ😢

Pick Up Address - ပုဇွန်တောင်,ရေကျော်,မောင်အေးကဖီးအနီး,ရန်ကုန်မြို့

Costumer Service Phone - ☎️ 09269378885

Pick Up လာယူမယ်ဆို Order ကြိုတင်ပေးပါ ဖုန်းကြိုဆက်ပေးပါ ဖုန်းမကိုင်ပါက ပစ္စည်းလိုက်ပို့နေလို့ ဖြစ်ပါတယ်ခင်ဗျာ📣

တရက်ကို ပါဆယ် ထုပ်ရတာ အနည်းဆုံး ၅ ဦး တိုက်အောက်လာယူတာက ၁၀ ဦး ထုပ်ပိုးရတာတွက်ချက်ရတာ ပစ္စည်း မမှားအောင် ဂရုစိုက်ရတာ Sha...
25/07/2025

တရက်ကို ပါဆယ် ထုပ်ရတာ အနည်းဆုံး ၅ ဦး တိုက်အောက်လာယူတာက ၁၀ ဦး ထုပ်ပိုးရတာတွက်ချက်ရတာ ပစ္စည်း မမှားအောင် ဂရုစိုက်ရတာ Shadow တယောက်တည်းလုပ်ရတာမလို့ အတော်လေး ဂရုစိုက်ရပါတယ် တိုက်အောက်လာယူတွေ အရမ်းစိမ့်တာမလို့ ပုံလေးတွေ မရိုက်ဖြစ်လိုက်ရတဲ့ Costumer များကို လဲ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🥰

ပါဆယ် ဘယ်လောက်များလာလာ Shadow ကတော့ ပါဆယ်တွေထုပ်ပြီး Pick Up Deli Order တွေတင်ပြီး မှပဲ အိပ်ပါတယ် 🤍

Shadow Aquarium Shop ကိုရွေးချယ်ပေးလို့ကျေးဇူးပါခင်ဗျာ🙏 အလှမွေးငါးချစ်သူတို့ ရွေးချယ်မှု မမှားကြောင်းကို Shadow ကို သက်သေ ပြခွင့် ပြု ပါခင်ဗျာ🥰

Address

Yagon

Telephone

+959269378885

Website

Alerts

Be the first to know and let us send you an email when Shadow Aquarium Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shadow Aquarium Shop:

Share