Best Companion

Best Companion Pet Feed Myanmar

"အလှမွေးကြက်ပေါက်နဲ့ တိုက်ကြက်ပေါက်လေးတွေရဲ့ စတင်မှုတိုင်းအတွက် Starter Feed OC1S"၁ ရက်သားကနေ ၂ လသားအရွယ်ဆိုတာ ကြက်ပေါက်...
21/05/2026

"အလှမွေးကြက်ပေါက်နဲ့ တိုက်ကြက်ပေါက်လေးတွေရဲ့ စတင်မှုတိုင်းအတွက်
Starter Feed OC1S"

၁ ရက်သားကနေ ၂ လသားအရွယ်ဆိုတာ ကြက်ပေါက်လေးတွေရဲ့ သွေးသား၊ အရိုးအဆစ်နဲ့ ကိုယ်ခံအားစနစ် စတင်တည်ဆောက်ရတဲ့ အရေးအကြီးဆုံး အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ဒီအချိန်မှာ အာဟာရမပြည့်ဝရင် ကြီးထွားမှုနှေးကွေးပြီး အသေအပျောက်များတတ်ပါတယ်။

အလှမွေးကြက် ဝါသနာရှင်များနှင့် တိုက်ကြက်မွေးမြူသူ ဝါသနာရှင်တို့ရဲ့ ကြက်ပေါက်လေးတွေ ကျန်းမာသန်စွမ်းပြီး မျိုးရိုးဗီဇအတိုင်း အပြည့်အဝ ဖွံ့ဖြိုးလာစေဖို့ OC1S အာဟာရပြည့်စပ်စာ ကို အထူးဖော်စပ်ထုတ်လုပ်ထားပါတယ်။

✅ကြက်ပေါက်လေးတွေ အစာခြေစနစ်နဲ့ ကိုက်ညီပြီး စားသုံးရလွယ်ကူအောင် Crumble အစာအရွယ်အစားကို စနစ်တကျ ထုတ်လုပ်ထားပါတယ်။

✅တိုက်ကြက်ပေါက်လေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းခိုင်ခံ့မှု၊ အရိုးအဆစ် ဖွံ့ဖြိုးမှုကို အထူးပံ့ပိုးပေးပါတယ်။

✅အလှမွေးကြက်ပေါက်လေးတွေရဲ့ မွေးရာပါ အလှအပကို ပေါ်လွင်စေမယ့် အမွှေးအတောင် ဖွံ့ဖြိုးမှုကို အားဖြည့်ပေးပါတယ်။

"ကြက်ပေါက်လေးတွေရဲ့ အနာဂတ်အတွက် ပထမဆုံးရက်ကစပြီး အာဟာရပြည့်ဝတဲ့ OC1S ကို ရွေးချယ်ကျွေးမွေးလိုက်ပါ"

18/05/2026

"အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်ခံအား တိုးမြှင့်ပေးမယ့် ကျေးကျုတ်ငှက်အာဟာရပြည့်စပ်စာ B1"

သင့်အိမ်က ကျေးကျုတ်လေးတွေက သင့်အတွက် အဖော်မွန်ကောင်းတွေ ဖြစ်နေပြီလား? ဒါဆိုရင် သူတို့လေးတွေ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာ...
12/05/2026

သင့်အိမ်က ကျေးကျုတ်လေးတွေက သင့်အတွက် အဖော်မွန်ကောင်းတွေ ဖြစ်နေပြီလား?
ဒါဆိုရင် သူတို့လေးတွေ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာရှိနေဖို့ အာဟာရပြည့်စုံတဲ့ B1 အစာလေးကို ကျွေးလိုက်ပါ...💙💙💙

B1 ကျွေးရင်ဘာတွေအထောက်အကူပြုမလဲ?
• အရောင်အသွေး စိုပြည်စေမယ်။
• တက်ကြွလန်းဆန်းစေမယ်။
• ကြီးထွားမှုကို မြန်ဆန်စေမယ်။

ကျေးကျုတ်မွေးမြူသူတွေအတွက် အဆင်ပြေဆုံးဖြစ်အောင် ထုတ်လုပ်ထားတဲ့ B1 အာဟာရပြည့်စပ်စာကို အစာကောက်တတ်စအရွယ်ကနေ စတင်ကျွေးလို့ရပါတယ်။

အာဟာရဓာတ်တွေ ပြည့်စုံစွာ ဖြည့်စွက်ထားလို့ သီးသန့် အားဆေးတွေ တိုက်စရာမလိုဘဲ ကျေးကျုတ်ငှက်ကလေးတွေကို ကျန်းမာစေမှာပါ။

အဖော်မွန်ကောင်းလေးတွေအတွက် အကောင်းဆုံးသော အစာ "Best Companion B1"

"သင့်ကြက်တွေကို အကောင်းဆုံးစောင့်ရှောက်ဖို့ စဉ်းစားနေပါသလား?"အလှမွေးကြက်တွေရဲ့ အမွှေးအတောင်တွေ တောက်ပနေစေဖို့နဲ့ တိုက်ကြ...
07/05/2026

"သင့်ကြက်တွေကို အကောင်းဆုံးစောင့်ရှောက်ဖို့ စဉ်းစားနေပါသလား?"

အလှမွေးကြက်တွေရဲ့ အမွှေးအတောင်တွေ တောက်ပနေစေဖို့နဲ့ တိုက်ကြက်တွေရဲ့ ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်စေဖို့အတွက် Best Companion (OC1) အစာက အဖြေပါပဲ။

• အလှမွေးကြက်များအမွှေးအတောင်လှပခြင်း၊ အရောင်အသွေးတောက်ပခြင်း၊ ကျန်းမာသန်စွမ်းခြင်းတို့ကိုအပြည့်အဝထောက်ပံ့ပေးပါတယ်။

• တိုက်ကြက်များ ကြွက်သားထွက်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းတို့အတွက် အထောက်အကူပြုပေးပါတယ်။

"အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်ဝတဲ့ OC1 အစာကို ကျွေးခြင်းဖြင့် ၂လသားနဲ့အထက် သင့်ကြက်တွေရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ပါ"

"ကြက်တူရွေးငှက်ချစ်သူတို့ရေ...သင့်ကြက်တူရွေးလေးတွေအတွက် အာဟာရဓာတ် လုံလောက်ရဲ့လားဆိုတာ ပူနေရသလား?P1 အာဟာရပြည့်စပ်စာ တစ်ထု...
03/05/2026

"ကြက်တူရွေးငှက်ချစ်သူတို့ရေ...
သင့်ကြက်တူရွေးလေးတွေအတွက် အာဟာရဓာတ် လုံလောက်ရဲ့လားဆိုတာ ပူနေရသလား?
P1 အာဟာရပြည့်စပ်စာ တစ်ထုပ်ရှိရုံနဲ့ အားလုံးအဆင်ပြေပါပြီ"

ချစ်စရာကောင်းတဲ့ Love Bird လေးတွေကနေစလို့ မြန်မာ့ကြက်တူရွေးမျိုးနွယ်စုတွေ၊ Cockatoo နဲ့ Macaw အကြီးစားတွေအထိ ကျွေးမွေးနိုင်ဖို့ထုတ်လုပ်ပေးထားတဲ့ P1 အာဟာရပြည့်စပ်စာဖြစ်ပါတယ်။

ငှက်လေးတွေ ကြိုက်နှစ်သက်တဲ့ အရည်အသွေးမြင့် အစေ့အဆံများသာမက (၁၀၀%) အာဟာရပြည့်ဝစေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်၀စွာပါဝင်တဲ့ ဖြည့်စွက်စာအတောင့် (Pellets) များကိုပါ စနစ်တကျ ရောစပ်ပေးထားပါတယ်။

P1 အာဟာရပြည့်စပ်စာကျွေးမွေးခြင်းဖြင့် အာဟာရမျှတမှုရှိရုံတင်မကဘဲ ကြက်တူရွေးငှက်လေးတွေရဲ့ အမွှေးအတောင် အရောင်အသွေး စိုပြေစေဖို့နဲ့ ကိုယ်ခံအားကောင်းမွန်စေဖို့အတွက် အထိရောက်ဆုံး ကူညီပေးနိုင်ပါတယ်။

သင့်ရဲ့ ငှက်လေးတွေအတွက် "အကောင်းဆုံး" ကိုပဲ ရွေးချယ်ပေးချင်တယ်ဆိုရင် P1 အာဟာရပြည့်စပ်စာ ကို သတိရလိုက်ပါ!

"အိမ်မွေးတိရစ္ဆာန်ကလေးများ ကျန်းကျန်းမာမာဖြင့်သက်တမ်းစေ့အသက်ရှည်စေဖို့  Best Companion မှ အာဟာရပြည့်စပ်စာများကိုရွေးချယ်...
01/05/2026

"အိမ်မွေးတိရစ္ဆာန်ကလေးများ ကျန်းကျန်းမာမာဖြင့်သက်တမ်းစေ့အသက်ရှည်စေဖို့ Best Companion မှ အာဟာရပြည့်စပ်စာများကိုရွေးချယ်လိုက်ပါ"
---------------------------------
Best Companion မှထုတ်လုပ်ထားသော အာဟာရပြည့်စပ်စာတွေကို တိရစ္ဆာန်ကလေးများ အတွက် နေ့စဥ်လိုအပ်သည့် အသားဓါတ်၊ကစီဓါတ်၊စွမ်းအင်၊အဆီဓါတ်၊အစာချေ အင်ဇိုင်းများ၊ဗီတာမင်များ၊
သတ္တုဓါတ်ဆားများ အပြည့်အဝရရှိနိုင်ရန်ဖော်စပ်ထားပေးထားပါတယ်။

✅သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများကိုသာ အသုံးပြုခြင်း၊

✅ဖြည့်စွက်ဆေးဝါးနှင့် အစာကုန်ကြမ်းကို သတ်မှတ်ထားသည့်အချိုးအတိုင်းရောစပ်ထားခြင်း၊

✅ရောစပ်ပြီးအစာများကို စနစ်တကျစမ်းသပ်ခြင်း

✅အစာအရည်အသွေး တစ်သတ်မတ်ထဲရှိရန် ထိန်းသိမ်းထားခြင်း

✅ကျွေးရန်သတ်မှတ်ထားသည့်ရက်အတွင်း အစာအရည်အသွေးလျော့နည်းကျဆင်းသွားခြင်းမရှိရန်စီစဉ်ထားခြင်း

စသည့်အချက် (၅)ချက်ကို အခြေခံပြီးထုတ်လုပ်ပေးပါတယ်။

👉အိမ်မွေးတိရစ္ဆာန်ကလေးများ စားသုံးသည့်အခါတွင် ကျန်းမာရေးကောင်းမွန်စေခြင်း၊အမွှေးအတောင်များထူထဲအရောင်စိုပြေစေခြင်းတို့သာမကပဲသားပေါက်သည့်အခါတွင် အခက်အခဲမရှိပဲ ကောင်းမွန်စွာသားပေါက်နိုင်ရန် တို့အတွက် အထောက်အကူပြုပေးမည့် အာဟာရပြည့်စပ်စာများဖြစ်ပါတယ်။

Best Companion မှထုတ်လုပ်ထားသော အာဟာရပြည့်စပ်စာများကို အစဉ်တစိုက် ဝယ်ယူအားပေးလျက်ရှိနေသော မိတ်ဆွေများအားလုံးကို တစ်ဦးချင်းစီတိုင်း ကျေးဇူးအထူးပင် တင်ရှိပါတယ်ခင်ဗျာ🙏

24/04/2026

ဟမ်းစတားသားပေါက်လေးတွေကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ?

အမေကနေပေါက်ဖွားလာတဲ့ဟမ်းစတားလေးတွေကောင်းကောင်းမွန်မွန်နဲ့ကြီးပြင်းလာဖို့အတွက် အမေကိုပဲအာဟာရပြည့်အောင်ကျွေးပြီးနှောက်ယှက်ခြင်း(ကလေးတွေကိုသွားကိုင်ခြင်း)မလုပ်တာက အရေးကြီးဆုံးအချက်ပါပဲ။

ဟမ်းစတားလေးတွေစပေါက်တဲ့ ၁ရက်ကနေ ၁၀ရက်အထိကတော့ ကလေးတွေကို ဟမ်းစတားအမေကပဲနို့တိုက်တာအကောင်းဆုံးပါပဲ။
ဟမ်းစတားအမေကိုပဲ အားရှိအောင် ကြက်ဥပြုတ်အကာ၊ငုံးဥတို့၊ပုဇွန်ပြုတ်၊ကြက်သားပြုတ်တို့ကိုသာအဓိကထားပြီးကျွေးပေးပါ။

ဟမ်းစတားပေါက်ကလေးတွေ ၁၀ရက်ကနေ ၁၅ရက်အတွင်းမှာတော့ မျက်စိလေးတွေစပွင့်ပြီး အပြင်ကိုစူးစမ်းချင်လာပါပြီ။မြင်သမျှကို ကိုက်စားချင်လာပါပြီး။ကြက်ဥပြုတ်အကာလေးတွေနည်းနည်းစကျွေးလို့ရပါပြီ။
လျှောက်သွားနေလဲလှောင်အိမ်ထဲမှာဆို စိတ်မပူပါနဲ့။ပေါက်စလေးတွေရောက်ရာနေရာကို ဟမ်းမေမေကသိပါတယ်။သူ့ဘာသာလာခေါ်ပါလိမ့်မယ်။
ရေဘူးကို ဟမ်းစတားပေါက်စလေးတွေမှီနိုင်လောက်မယ့်နေရာမှာထားပေးပါ။ရေဘူးထိပ်မှာဘောစိပါပြီးပါးစပ်နဲ့ထိမှရေကျနိုင်တဲ့ဘူးမျိုးသုံးပေးပါ။

၁၅ရက်သားကနေ ၂၁ ရက်သားဆ်ိုရင်တော့ စိတ်ချလက်ချကိုင်ကြည့်လို့ရပါပြီ။ဟမ်းစတားအမေစတင်သားပေါက်ချိန်ကတည်းကသုံးထားတဲ့ Bedding အခင်းတွေကိုအသစ်လဲပေးပါ။အရေးကြီးပါတယ်။ဘတ်တီးရီးယားတွေပေါက်ဖွားမှုကို ရပ်သွားအောင်လှောင်အိမ်ကိုသေချာဆေးကြောသန့်စင်ပေးပါ။

၂၁ရက်သားကနေ ၂၈ရက်သားဆိုရင်တော့ ဟမ်းစတားလေးတွေကို အစာခြောက်ကျွေးလို့ရပါပြီ။
Best Companion ကH1 အာဟာရပြည့်စပ်စာကိုစတင်ကျွေးလို့ရပါတယ်။

ဟင်းသီးဟင်းရွက်သစ်သီးဝလံများကိုလဲအနည်းဆုံး၃ရက်တစ်ခါလောက် ပမာဏနည်းနည်းကျွေးပေးပါ။ပမာဏများသွားရင်လဲဝမ်းလျှောခြင်းပြသနာဖြစ်ပြီးဟမ်းကလေးတွေကိုဆုံးရှူံးရတတ်ပါတယ်။လုံးဝမကျွေးပဲအစေ့အဆံတွေပဲကျွေးနေရင်လဲ အူကျွံပြီးဆုံးရှူံးရတတ်တာကို သတိရပေးပါ။

၂၈ရက်ကနေ ရက် ၆၀အတွင်းမှာတော့အထီးအမသပ်သပ်စီခွဲထားပေးတာအကောင်းဆုံးပါပဲ။ဟမ်းစတားလေးတွေက သက်တမ်းတိုတာနဲ့အညီ ကိုယ်ဝန်ရနိုင်ခြေကလဲအချိန်တိုအတွင်းဖြစ်လေ့ရှိပါတယ်။လှောင်အိမ်အကျယ်အဝန်းလုံလုံလောက်လောက်နဲ့ကစားစရာ၊ပုန်းအိမ်လေးတွေပါထည့်ပေးထားပါ။ဒီပစ္စည်းလေးတွေအများကြီးထည့်ပေးထားရင် ဟမ်းလေးတွေအချင်းချင်းရန်ပွဲတွေလျော့နည်းစေပါတယ်။သို့ပေမယ့် ဟမ်းစတားလေးတွေက တစ်ကောင်ထဲနေတတ်တဲ့တိရစ္ဆာန်မျိုးဖြစ်တော့ တစ်ကောင်ကိုလှောင်အိမ်တစ်ခုနဲ့ပဲထားပေးတာအကောင်းဆုံးပါပဲ။

"ဟမ်းစတားလေးတွေကျန်းမာကြပါစေ"

"သင့်ရဲ့ ဟမ်းစတားလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ အာဟာရကို တစ်ပြိုင်နက်တည်း ပေးလိုက်ပါ"ဟမ်းစတားလေးတွေက သေးငယ်ပေမယ့် သူတို့လေ...
19/04/2026

"သင့်ရဲ့ ဟမ်းစတားလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ အာဟာရကို တစ်ပြိုင်နက်တည်း ပေးလိုက်ပါ"

ဟမ်းစတားလေးတွေက သေးငယ်ပေမယ့် သူတို့လေးတွေရဲ့ အာဟာရလိုအပ်ချက်ကတော့ သေးသေးလေးမဟုတ်ပါဘူး။

ချစ်စရာကောင်းတဲ့ သင့်ရဲ့ ဟမ်းစတားလေးတွေ အသက်ရှည်ကျန်းမာပြီး အမြဲတက်ကြွနေဖို့ဆိုရင် Best Companion ရဲ့ အစေ့အဆံစုံစုံလင်လင်ပါဝင်ပြီးဖြည့်စွက်အစာတောင့်လေးတွေပါဝင်တဲ့ H1 အာဟာရပြည့်စပ်စာက အသင့်တော်ဆုံးပါပဲ။

ဘာတွေထူးခြားလဲ?
• ✅ သဘာဝအစေ့အဆံစစ်စစ်:
နေကြာစေ့၊ ပြောင်းဖူးနဲ့ တခြားအာဟာရဖြစ်စေမယ့် အစေ့အဆံတွေကို အချိုးကျကျ ရောစပ်ထားလို့ စားရတာ အကြိုက်တွေ့စေမှာပါ။

• ✅ ကျန်းမာသန်စွမ်းစေခြင်း:
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစွာပါဝင်လို့ ကိုယ်ခံအားကောင်းမွန်ပြီး အမွှေးအမျှင်တွေကို တောက်ပစေပါတယ်။

• ✅ တက်ကြွပျော်ရွှင်စေခြင်း:
တစ်ညလုံးဆော့ကစားနေမယ့် ဟမ်းစတားလေးတွေရဲ့ သဘာဝအတိုင်း တက်ကြွလန်းဆန်းနေစေမယ့် H1 ဖြစ်ပါတယ်။

"အရည်အသွေးကို ကောင်းမွန်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ H1 ဟမ်းစတားအာဟာရပြည့်စပ်စာကို အခုပဲရွေးချယ်လိုက်ပါ"

12/04/2026

"မြန်မာ့နှစ်သစ်ကူးဆုမွန်ကောင်းတောင်းလွှာ"

ယခုကျရောက်မည့် ၂၀၂၆ခုနှစ်၊ တန်ခူး-ကဆုန် ၁၃၈၇-၁၃၈၈ခုနှစ် မြန်မာ့နှစ်သစ်ကူးအချိန်ခါ သမယမှစတင်ပြီး မိတ်ဟောင်း၊မိတ်သစ်များအားလုံး ဘေးရန်ကင်းကွာပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းများနှင့် ပြည့်စုံကြကာ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်း ကျွန်တော်များ Best Companion(အကောင်းဆုံးအဖော်မွန်)တိရစ္ဆာန်အစာလုပ်ငန်း မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

"Best Companion က သင့်ကြက်လေးတွေရဲ့ အနာဂတ်အတွက် တာဝန်ယူပေးပါရစေ"ကြက်မွေးတာ လွယ်ပေမဲ့ အစာကျွေးတာတော့ ဂရုစိုက်ရပါတယ်။အလှမွ...
10/04/2026

"Best Companion က သင့်ကြက်လေးတွေရဲ့ အနာဂတ်အတွက် တာဝန်ယူပေးပါရစေ"

ကြက်မွေးတာ လွယ်ပေမဲ့ အစာကျွေးတာတော့ ဂရုစိုက်ရပါတယ်။
အလှမွေးကြက်ပဲဖြစ်ဖြစ်၊ တိုက်ကြက်ပဲဖြစ်ဖြစ် သူတို့လေးတွေရဲ့ အလှအပနဲ့ ကြံ့ခိုင်မှုဟာ အစာအာဟာရအပေါ်မှာ အဓိက မူတည်ပါတယ်။

💎 OC1S (Starter Feed)
အခြေခံကောင်းမှ အနာဂတ်လှမှာပါ။
၁ ရက်သားမှ ၂ လသား ကြက်ပေါက်လေးတွေအတွက် သီးသန့်ပါ။ ဒီအရွယ်မှာ အာဟာရပြည့်ဝမှ နောက်ပိုင်းမှာ ကိုယ်ခန္ဓာ တောင့်တင်းပြီး အမွေးအတောင် စိုပြည်လှပမှာ ဖြစ်ပါတယ်။

💎 OC1 (Complete Feed)
အချိုးအစားကျကျနဲ့ ခန့်ညားစေမှာပါ။
၂ လသားအထက် ကြက်ကြီးတွေအတွက် ဖြစ်ပါတယ်။ ကြွက်သားတက်စေပြီး အမွေးအတောင်တွေကို အရောင်အသွေး ပိုမိုတောက်ပစေမှာမို့ အလှမွေးသူတွေနဲ့ တိုက်ကြက်ဝါသနာရှင်တွေအတွက် "အကြိုက်တွေ့စေမယ့်" အစာဆိုရင်လဲမမှားပါဘူး။

✅ ဘာလို့ Best Companion ကို ရွေးချယ်သင့်တာလဲ?
• အာဟာရဓာတ် စုံလင်စွာ ပါဝင်ခြင်း။
• ကြီးထွားနှုန်း သိသိသာသာ မြန်ဆန်ခြင်း။
• ရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေခြင်း။

သင့်ရဲ့ ဂုဏ်ယူရတဲ့ ကြက်လေးတွေဖြစ်ဖို့ အတွက် Best Companion ကို အခုပဲ ရွေးချယ်လိုက်ပါ...🏆

"ကော့ကတေးငှက်ကလေးတွေ အကြိုက်ဆုံးအရသာနဲ့ အာဟာရကို တစ်ပြိုင်တည်းရရှိနိုင်မယ့် C1"ကော့ကတေးငှက်ကလေးတွေဟာ တခြားငှက်တွေထက် ပို...
07/04/2026

"ကော့ကတေးငှက်ကလေးတွေ အကြိုက်ဆုံးအရသာနဲ့ အာဟာရကို တစ်ပြိုင်တည်းရရှိနိုင်မယ့် C1"

ကော့ကတေးငှက်ကလေးတွေဟာ တခြားငှက်တွေထက် ပိုမိုနုနယ်ပြီး အာဟာရကို ဂရုစိုက်ကျွေးမွေးဖို့ ပိုပြီးလိုအပ်ပါတယ်။

ကော့ကတေးမွေးမြူသူ တော်တော်များများ ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ငှက်ကလေးတွေ အစာရွေးတာ၊ အမွေးအတောင်တွေ အရောင်မှိန်တာနဲ့ ကိုယ်ခံအားနည်းတာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ C1 ကို အထူးထုတ်လုပ်ထားပါတယ်။

• High Protein & Energy: ကြီးထွားနှုန်း မြန်ဆန်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။

• Natural Seeds & Grains: သဘာဝကရတဲ့ အစေ့အဆန်တွေကို အာဟာရလိုအပ်ချက်နဲ့အညီ အချိုးကျ ပေါင်းစပ်ထားလို့ အရသာရှိပြီး အစာကြေညက်လွယ်ပါတယ်။

• Immune Booster: ရောဂါဘယဒဏ်ကနေ ကာကွယ်ပေးမယ့် ဗီတာမင်ဓာတ်များ ပါဝင်ပါတယ်။

C1 အာဟာရပြည့်စပ်စာဟာ ငှက်ကလေးတွေရဲ့ နှုတ်သီးနဲ့ ခြေသည်းတွေကို ပိုမိုခိုင်မာစေပြီး ဥဖောက်မွေးမြူသူများအတွက်လည်း ဥအရည်အသွေးကို ပိုမိုကောင်းမွန်စေပါတယ်။

အလှမွေး ကော့ကတေးလေးတွေ ကျန်းမာလှပပြီး သီချင်းတအေးအေးဆိုနေတာကို မြင်ချင်တယ်ဆိုရင်တော့ C1 Cockatiel Special Feed ကို အခုပဲ စမ်းကျွေးကြည့်လိုက်ပါ!

📍 မှာယူလိုပါက -

ရန်ကုန်
Best Companion
အမှတ် ၅၂၅၊ရွက်လှလမ်းသွယ် ၊ပုလဲမြို့သစ် ၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။
ဖုန်းနံပါတ်
09256573184
09256573185
09788153174

မန္တလေးမြို့
Lucky Pet (Pet Food & Accessories Shop)
၇၅(ဘီ)၊၁၁၄လမ်းနှင့် ၁၁၅လမ်းကြား၊မန္တလေးမြို့
ဖုန်းနံပါတ်
09797592196
09950268864 တို့မှာဆက်သွယ်ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

Address

No. 525, Ywet Hla Lane, Pale Myo Thit, Mingalardon Township
Yangon
11021

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Telephone

+959988592912

Website

Alerts

Be the first to know and let us send you an email when Best Companion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Best Companion:

Share

Category