Master Leo's Activities

Master Leo's Activities မင်္ဂလာပါ ခင်ဗျာ Leo pageကကြိုဆိုပါတယ်🔥

ငွေနဲ့ဝယ်လို့မရတဲ့ သစ္စာတရား​လေယာဉ်ခုံအမှတ် ၂-အေ (2A) က ခရီးသည်ဟာ ဟိုဘက်ခုံက ခွေးအိုကြီးရဲ့ အမာရွတ်တွေကို မမြင်ခဲ့ပါဘူး။...
24/01/2026

ငွေနဲ့ဝယ်လို့မရတဲ့ သစ္စာတရား

​လေယာဉ်ခုံအမှတ် ၂-အေ (2A) က ခရီးသည်ဟာ ဟိုဘက်ခုံက ခွေးအိုကြီးရဲ့ အမာရွတ်တွေကို မမြင်ခဲ့ပါဘူး။ သူမြင်တာကတော့ သူ့ရဲ့ အဆင့်မြင့် First Class အတွေ့အကြုံကို လာပြီး ဖျက်ဆီးနေတဲ့ ညစ်ပတ်စိုစွတ်နေတဲ့ တိရစ္ဆာန်တစ်ကောင်လို့ပဲ မြင်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ ငွေဘယ်လောက်ရှိရှိ ဝယ်လို့မရတဲ့ "သစ္စာတရား" အကြောင်း သင်ခန်းစာတစ်ခုကို သင်ယူရတော့မှာပါ။

​ကျွန်တော် လေယာဉ်မှူးဖြစ်လာတာ အနှစ် ၂၀ ရှိပါပြီ။ အင်ဂျင်ချို့ယွင်းတာ၊ လူနာ အရေးပေါ်ဖြစ်တာတွေ ကြုံခဲ့ဖူးပေမဲ့ အခု​ပြောပြမဲ့ "သူရဲကောင်းခရီးစဉ်" (Hero Flight) တစ်ခုရဲ့ တိတ်ဆိတ်မှုကိုတော့ ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။

အဲဒီနေ့က ဟူစတန်ကနေ စီယက်တဲလ်ကို ပျံသန်းဖို့ ပြင်နေတဲ့ မိုးအုံ့အုံ့ အင်္ဂါနေ့တစ်နေ့ပေါ့။ ​လေယဥ်မှာပါတဲ့ cargo (ကုန်ပစ္စည်း) စာရင်းမှာ အထူးမှတ်ချက်တစ်ခု ပါလာတယ် - "HR - (Human Remains) လူသေရုပ်အလောင်း" တဲ့။ ကျွန်တော်တို့ စစ်သည်တော်တစ်ဦးကို သူ့အိမ်အရောက် ပြန်ပို့ပေးရမှာပါ။

​လေယာဉ် စမထွက်ခင်မှာပဲ လေယာဉ်မယ် ​ခေါင်းဆောင် ဆာရာက သတင်းပို့လာပါတယ် -

"ကပ္ပတိန်၊ First Class မှာ ပြဿနာတက်နေတယ်။ ခုံ ၂-အေ က ခရီးသည်က ၂-ဘီ က တိရစ္ဆာန်ကို ဖယ်ခိုင်းနေလို့" တဲ့။

​ကျွန်တော် ​လေယာဥ်​ခေါင်းခန်းက​နေ ခရီးသည်​တွေရှိ​နေတဲ့ ကက်ဘင်အခန်းထဲကို လမ်းလျှောက်ဝင်သွားတော့ ဝတ်စုံပြည့်နဲ့ လူချမ်းသာတစ်ယောက်က ဒေါသတကြီး မတ်တတ်ရပ်နေတာကို တွေ့ရတယ်။ "ဒါက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ကျွန်တော် ဒီခုံအတွက် ဒေါ်လာ ၂,၀၀၀ ပေးထားတာ။ ဒီလို အနံ့အသက်မကောင်းတဲ့ ခွေးတစ်ကောင်နဲ့ ဘေးချင်းကပ် မထိုင်နိုင်ဘူး" လို့ သူက အော်ဟစ်နေပါတယ်။

​ခုံအမှတ် ၂-ဘီ ကို ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာ ကွေးနေတဲ့ ခွေးတစ်ကောင်။ သူက ချစ်စရာကောင်းတဲ့ ခွေးမျိုးမဟုတ်ဘူး။ မီးခိုးရောင်နဲ့ အမည်းစက်တွေကြားမှာ နားရွက်တစ်ဖက်ကလည်း ပြတ်နေသေးတယ်။ မိုးမိထားလို့ အမွှေးတွေက စိုစွတ်ပြီး မြေကြီးနံ့တွေ ထွက်နေပါတယ်။

​ခွေးကြိုးကို ကိုင်ထားတာကတော့ အသက် ၂၂ နှစ်အရွယ်လောက်ပဲရှိဦးမယ့် စစ်ဝတ်စုံဝတ်ထားတဲ့လေး စစ်သမီးမေလာ (Miller) ပါ။ သူမလက်​မောင်းမှာ ၂ရစ် နဲ့ဆို​တော့ တပ်ကြပ်​ပေါ့။ သူမရဲ့ မျက်လုံးတွေကတော့ အသက် ၁၀၀ လောက်ရှိနေတဲ့ လူတစ်ယောက်လို အိုစာပြီး ပင်ပန်းနေပုံရပါတယ်။

"သူက ရန်လိုသလားဗျ"
လို့ ကျွန်တော် မေးလိုက်တော့ ၂-အေ က လူက ဖြတ်ပြောတယ် -

"သူက အနံ့ဆိုးတယ်ဗျ။ အမာရွတ်တွေနဲ့ ရွံစရာကြီး။ သူ့ကို လှောင်အိမ်ထဲထည့်ပြီး ကုန်လှောင်ခန်းထဲ ပို့လိုက်ပါ" တဲ့။

​အဲဒီအချိန်မှာ ခွေးကြီးက ခေါင်းမော့လာတယ်။ သူ့မျက်လုံးနှစ်ဖက်က အရောင်မတူဘူး။ ဟောင်လည်းမဟောင်၊ ကုတ်လည်းမကုတ်ဘဲနဲ့ တိုးတိုးလေး ညည်းတွားလိုက်သံက လူတစ်ယောက် ငိုနေသလိုပါပဲ။ တပ်ကြပ်မေလာက တိုးတိုးလေး ပြောရှာတယ်။

"သူ့ကို အမှောင်ထဲမှာ ထားလို့မရဘူး ကပ္ပတိန်။ သူ အရမ်းကြောက်တတ်လို့ပါ"

​၂-အေ က လူကတော့

"အဲဒါ ကျွန်တော့်ကိစ္စမဟုတ်ဘူး"
လို့ပဲ အော်နေတုန်းပါပဲ။

ကျွန်တော် သေချာကြည့်လိုက်တော့ ခွေးကြီးဟာ မေလာရဲ့ ခြေထောက်ကို အသည်းအသန် ကပ်ထားပြီး တုန်ယင်နေတာ တွေ့လိုက်ရတယ်။ သူ့လည်ပတ်မှာ "​ဘော်ဘီ တို့ စပက်ကီတို့ စတဲ့" ​ခွေးနာမည်မျိုး အမည်ပေးထားတာမဟုတ်ဘဲ စစ်တပ်ကပေးထားတဲ့ နံပါတ်စဉ်တစ်ခုပဲ ရှိနေပါတယ်။

​"ဒီက တပ်ကြပ်ကြီးရယ်... သူက ဘယ်သူလဲဗျ"

လို့ ကျွန်တော် မေးလိုက်တော့ မေလာက မျက်ရည်တွေကို ထိန်းရင်း -

"သူ့နာမည်ကက 'စကီးတား' (Skeeter) ပါ။ သူက ဗုံးရှာဖွေရေး စစ်ခွေးဟောင်းတစ်ဦးပါ"
လို့ ဖြေပါတယ်။

​လေယာဉ်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။

"အိုကေ... သူ့ရဲ့ အမှုထမ်းခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ သူ ဘာလို့ ဒီမှာ ရှိနေတာလဲ"

လို့ ဟိုလူက မေးပြန်တယ်။ တပ်ကြပ်မေလာက ကျွန်တော့်ကို ကြည့်ပြီး ရင်ကွဲမတတ် ဆို့နင့်စွာနဲ့ ပြောပြရှာတယ် -

​"ဘာလို့လဲဆိုတော့ သူက အစောင့်အရှောက် (Es**rt) အနေနဲ့ လိုက်လာတာမို့လို့ပါ ကပ္ပတိန်။ စကီးတားက ကျွန်မရဲ့ခွေး မဟုတ်ပါဘူး။ သူက ဆာဂျင် (တပ်ကြပ်ကြီး) ကေးလက်ဗ်ဗန့်စ် (Caleb Vance) ရဲ့ ပါတနာပါ။ ဆာဂျင်ကြီးဗန့်စ်က လေယာဉ်ရဲ့ ကုန်လှောင်ခန်းထဲမှာ ပါလာပါတယ်။ သူ... သူ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာပါ။ ဗုံးပေါက်ကွဲတုန်းက စကီးတားလည်း နားရွက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတဲ့အထိ စကီးတားက ကေးလက်ဗ်ရဲ့ အလောင်းပေါ်မှာ ၆ နာရီကြာအောင် ဝပ်ပြီး စောင့်နေခဲ့တာ။ ဘယ်သူ့ကိုမှ အနားပေးမကပ်ခဲ့ဘူး။ အခုလည်း ဆာဂျင်ကေးလက်ဗ် ဒီလေယာဉ်ပေါ်မှာ ရှိနေမှန်း သူသိတယ်။ ဒါပေမဲ့ မမြင်ရလို့ သူ တုန်ယင်နေတာပါ။ ဒါ သူ့ရဲ့ နောက်ဆုံးတာဝန်ပါ... သူက ကေးလက်ဗ်ကို အိမ်အရောက် လိုက်ပို့ပေးနေတာပါ"

​ဒီစကားလည်း ဆုံးရော လေယာဉ်ပေါ်မှာ လေထုက ဆွဲထုတ်ခံလိုက်ရသလို ငြိမ်ကျသွားပါတော့တယ်။ ခုံ၂-အေ က လူရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး သူ့ရဲ့ တန်ဖိုးကြီး ရှူးဖိနပ်တွေနဲ့ ဟိုခွေးအိုကြီးရဲ့ ရွှံ့ပေနေတဲ့ ခြေဖဝါးတွေကို ပြိုင်တူ ငုံ့ကြည့်မိသွားတယ်။

​သူ ဘာစကားမှ မပြောတော့ဘဲ သူ့ရဲ့ ဒေါ်လာ ၃,၀၀၀ တန် ကက်ရှ်မီးယား အ​ပေါ်ဝတ်ကုတ်အင်္ကျီကို ချွတ်လိုက်ပါတယ်။ လေယာဉ်မယ်ကို ​​တောင် စောင်မတောင်းတော့ဘဲ သူ့ရဲ့ တန်ဖိုးကြီး အင်္ကျီနဲ့ တုန်ယင်နေတဲ့ ခွေးကြီးကို အသာလေး ခြုံပေးလိုက်ပါတယ်။

"တောင်းပန်ပါတယ် သူငယ်ချင်းရာ... တကယ် တောင်းပန်ပါတယ်"
လို့ တိုးတိုးလေး ပြောရှာတယ်။

​လေယာဉ် ဆင်းတဲ့အခါမှာတော့ ဘယ်သူမှ လှုပ်ရှားခြင်းမရှိဘဲ ခွေးကြီးနဲ့ တပ်ကြပ်မေလာကို အရင်ဆင်းနိုင်အောင် စောင့်ပေးကြပါတယ်။ အပြင်မှာတော့ အလောင်းထည့်ထားတဲ့ သေတ္တာထွက်လာတာနဲ့ တစ်ပြိုင်နက် ဟိုခွေးအိုကြီးဟာ မတုန်မယင်တော့ဘဲ သေတ္တာနားမှာ ကျကျနန ထိုင်ပြီး အလေးပြုသလို စိုက်ကြည့်နေတာကို ကျွန်တော် မြင်လိုက်ရတယ်။ သူ တာဝန်ပြန်ထမ်းဆောင်နေတာပါ။

​နှစ်ပတ်အကြာမှာ ဆာဂျင်မေလာဆီက အီးမေးလ်တစ်စောင် ရောက်လာတယ်။ လေယာဉ်ပေါ်က ခုံ၂-အေ က လူဟာ သူမလေယာဉ်ပေါ်က ဆင်းသွားတဲ့အထိ စောင့်နေခဲ့ပြီး မေလာဆီမှာ စကီးတားရဲ့ ဆေးဖိုးဝါးခတွေ အားလုံးကို တစ်သက်စာ တာဝန်ယူဖို့ ရန်ပုံငွေတစ်ခု စီစဥ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လိုတဲ့အကူအညီအ​ထောက်အပံ့​တွေအားလုံးအတွက် သူတို​ပြောပါ၊ ဆက်သွယ်ပါဆိုပြီး သူ့ရဲ့ ဘစ်စနက်အလုပ်ကဒ်ပြားကိုလည်း​ ပေးခဲ့ပါတယ်တဲ့​။

"ကျွန်တော် လေယာဉ်ပေါ်တက်တုန်းက ပိုက်ဆံပဲရှိတဲ့ လူဆင်းရဲတစ်ယောက်ပါ။ အခုတော့ ချမ်းသာခြင်းဆိုတာ ဘာလဲဆိုတာ ခင်ဗျားတို့က ပြလိုက်ပြီ" လို့ သူက ပြောခဲ့ပါသတဲ့။

​၆ လအကြာမှာ ကျွန်တော် မဂ္ဂဇင်းတစ်စောင် တွေ့လိုက်ရတယ်။ အဲဒီ ခုံ ၂-အေ က လူဟာ "Vance's Watch" ဆိုတဲ့ အဖွဲ့အစည်းကို ထောင်ပြီး အငြိမ်းစား စစ်ခွေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေကို ကူညီပေးနေပါပြီ။ မဂ္ဂဇင်းထဲက ဓာတ်ပုံထဲမှာတော့ အဲဒီလူကြီးရဲ့ အဆင့်မြင့် ရုံးခန်းထဲက ကော်ဇောပေါ်မှာ ခွေးအိုကြီး စကီးတားဟာ အရမ်းတန်ဖိုးကြီးတဲ့ အ​ပေါ်ဝတ်အင်္ကျီကြီးခြုံလို့ အိပ်ပျော်နေတာကိုတွေ့ရပါတယ်။ ​ခွေးကြီး စကီးတားဟာ အခုဆိုရင် ​လေယာဥ်တစ်စီး​ပေါ်က ရိုးရိုးခရီးသည် တစ်​ယောက်မဟုတ်​တော့ပါဘူး။ အဖွဲ့အစည်းကြီး တစ်ခုရဲ့ ဂုဏ်ထူး​ဆောင် ဘုတ်အဖွဲ့ဝင်​တောင်ဖြစ်​နေခဲ့ပါပြီ။

​ခုံ ၂​-အေမှာစီးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးက​တော့ အရင်က ခွေးနံ့ကို ရွံရှာခဲ့ပေမဲ့ အခုတော့ အဲဒီခွေးကြီးကို သူ့ရဲ့ မိသားစုဝင်တစ်ယောက်လို တန်ဖိုးထားနေပါပြီ။ လူတစ်ယောက်ဟာ လေယာဉ်ပေါ်က နေရာတစ်ခုကို ငွေနဲ့ ဝယ်လို့ရပေမဲ့ "အုပ်စုတစ်ခု (သို့) လူ့အသိုက်အဝန်းရဲ့ နားလည်လေးစားမှု" ကိုတော့ ကိုယ်တိုင် ကြိုးစားမှပဲ ရနိုင်တာ မဟုတ်ပါလား။

Daily Stories
ဘာသာပြန်



21 Jan 26

အဖေ့ထက် သားကပိုကြီး 🙂‍↔️
20/06/2024

အဖေ့ထက် သားကပိုကြီး 🙂‍↔️

02/03/2024

၂နှစ်သား Leo 😍💚

12/02/2024
အမေလာတော့အမေ့နားကပ်ချွဲ ❤️
29/12/2023

အမေလာတော့အမေ့နားကပ်ချွဲ ❤️

Level 2တော့ပြီးသွားပြီအထင်တော့မသေးစေချင်လို😌ဘာမှမမှတ်မိတာတစ်ခုပဲ 🥴
20/10/2023

Level 2တော့ပြီးသွားပြီ

အထင်တော့မသေးစေချင်လို😌

ဘာမှမမှတ်မိတာတစ်ခုပဲ 🥴

12/09/2023

လူစကားကိုအရမ်းနားလည်နေပြီ။

ဆိုင်မှာ ကိုယ်ကဝန်ထမ်းကိုဆူရင် သူကပါအဲ့ဆူခံထိတဲ့ဝန်ထမ်းကိုမန်သေးတာ😂

မလုပ်ပါနဲ့သားရယ် အမေပဲပြောပါ့မယ်လို့မနဲပြောယူရတယ်🥴

မိဘအလုပ်ဆိုတော့လည်း သားသမီးအလုပ်ပဲပေါ့ ဆိုင်ဝိုင်းစောင့်ရတာပါပဲ 🙄
28/08/2023

မိဘအလုပ်ဆိုတော့လည်း သားသမီးအလုပ်ပဲပေါ့ ဆိုင်ဝိုင်းစောင့်ရတာပါပဲ 🙄

22/04/2023

မားမားနဲ့ Flower လေးတဖြတ်😁

30/03/2023

1ပတ်လောက်မှာတင် ခိုင်းတာတွေလည်းအကုန်လုပ်၊စကားလည်းနားထောင်နေပြီ။
ချစ်လိုက်တာသားလေးရေ မြန်မြန်လာခေါ်မယ်နော်🥺

4ရက်လောက်တုန်းက သွားတွေ့ပြီးပြန်လာတော့စိတ်မကောင်းပြီးမျက်ရည်တွေကျတယ်လို့ Trainer ကလှမ်းပြောတော့ကိုယ့်တွေမှာ ငိုရသေးတယ်🥺🥺

ပါးပါးနဲ့မားမားကထားခဲ့တော့လည်း အနားမှာရှိတဲ့ဆျာကိုကပ်ချွဲရမှာဘဲ🙁
26/03/2023

ပါးပါးနဲ့မားမားကထားခဲ့တော့လည်း အနားမှာရှိတဲ့ဆျာကိုကပ်ချွဲရမှာဘဲ🙁

24/03/2023

Day 3
3 ရက်မြောက်နေ့မှာတော့ဆရာကြီးတော်တော်လိမ်မာလာပါပြီ။❤️💜

10ရက်လောက်မှလာတွေ့ခိုင်းတာခု3ရက်ထဲကလွမ်းနေပြီသားလေးရေ🥺

Address

Yangon

Telephone

+959760634762

Website

Alerts

Be the first to know and let us send you an email when Master Leo's Activities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share