15/02/2023
Dog Fighting ဆိုတာ ၁၇၅၀ ခုနှစ်လောက်က စတင်ပေါ်ပေါက်ခဲ့ ခွေးတစ်ကောင်နဲ့ တစ်ကောင်ကို ရန်တိုက်ပေးပြီး အချင်းချင်းကိုက်ဖြတ်သတ်ပုတ်ကြတာကို ဖျော်ဖြေရေးတစ်ခုအနေနဲ့ကြည့်ခြင်းပဲဖြစ်ပါတယ်။
ဒီကိုက်ပွဲများက မိနစ်အနည်းငယ် မှ နာရီများစွာအထိကြာနိုင်ပြီး ခွေးနှစ်ကောင်စလုံးဟာ ထိုးဖောက်ဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများမှ အရိုးကျိုးခြင်းနှင့် နောက်ဆုံး အသက်သေဆုံးသည်အထိ ဒဏ်ရာများခံစားရနိုင်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ကိုလံဘီယာ၊ ဂူအမ်၊ ပွာတိုရီကိုနှင့် အမေရိကန်ရှိ ပြည်နယ် 50 လုံးတွင်Dog Fighting ကို ရာဇ၀တ်မှုတစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။
Dog Fighting သာမက
- တိုက်ခိုက်ရန်ရည်ရွယ်ချက်အတွက် ခွေးများလက်ဝယ်ထားရှိခြင်းကိုလည်း ရာဇ၀တ်မှုအဖြစ်
- Dog Fighting ပွဲတွင် ပွဲကြည့်ပရိသတ်တစ်ဦးအဖြစ် ပွဲကြည့်ခြင်းကိုလည်း ရာဇဝတ်မှုအဖြစ်
စသဖြင့် အသီးသီးသတ်မှတ်ခဲ့ကြပါတယ်။
🔸တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုဥပဒေကို ပြင်ဆင်ပြီးနောက် ခွေးများ၊ ကြက်တိုက်ခိုင်းခြင်းနှင့် ကြက်တိုက်ခိုင်းသည့် အသုံးအဆောင်ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းတို့ကို တားမြစ်ခဲ့ပြီး ချိုးဖောက်ပါက ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၂၅၀,၀၀၀ ကျသင့်မှာဖြစ်ပါတယ်။
ခေတ်မီတိုးတက်ပြီး ပွင့်လင်းမြင်သာတဲ့နိုင်ငံကြီးများတွင်တောင် Underground မှာ Dog Fighting လို Activites များကို တစ်စတစ်စတွေ့နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလိုတိရစ္ဆာန်အခွင့်အရေးလုံးဝမရရှိတဲ့နိုင်ငံကြီးမှာတစ်ယောက်ချင်းစီက မသိကျိုးကျွံပြုနေမယ်ဆိုရင် ဒီထက်အများကြီးပိုဆိုးတဲ့အခြေအနေတွေကို ပြောင်ပြောင်တင်းတင်းလုပ်လာကြမှာဖြစ်ပါတယ်။
မသိနားမလည်တဲ့ တိရစ္ဆာန်လေးတွေကို စိတ်ပိုင်းဆိုင်ရာဖျော်ဖြေမှုအတွက် ညှင်းပန်းနှိပ်စက်တိုက်ခိုက်စေတဲ့ Dog Fighting ကိုကျွန်တော်တို့ဟာ ပြင်းပြင်းထန်ထန် ကန့်ကွက်သင့်ပါတယ်။
ဒါကြောင့်တစ်ဦးတစ်ယောက်ချင်းစီမှစတင်ကာ Dog Fighting ကို ကျွန်တော်တို့အားလုံးအတူဆန့်ကျင်လိုက်ကြရအောင်။