Petto Myanmar

Petto Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Petto Myanmar, Pet Supplies, No. 876, Pin Lon Road, 34 Quarter, North Dagon Township, Yangon.

🐾နူးညံ့တဲ့ ခြေဖဝါးလေးတွေအတွက် အကောင်းဆုံး ဖေးမမှု TKC 🤗TKC Local ကြောင်သဲဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပြီး ဈေးနှုန်းသ...
29/01/2026

🐾နူးညံ့တဲ့ ခြေဖဝါးလေးတွေအတွက် အကောင်းဆုံး ဖေးမမှု TKC 🤗

TKC Local ကြောင်သဲဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပြီး ဈေးနှုန်းသင့်တင့်တဲ့ Bentonite (ရွှံ့စေး) အခြေခံ ကြောင်သဲအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

TKC Local ကြောင်သဲရဲ့ အဓိကအချက်များ
▫️အနံ့စုပ်ယူမှု - ကြောင်လေးတွေရဲ့ ဆီးနဲ့ မစင်နံ့တွေကို သက်သာစေဖို့အတွက် သဘာဝရနံ့လေးတွေ ပါဝင်ပါတယ်။ ဥပမာ - ကော်ဖီ၊ ပန်းသီး၊ လာဗင်ဒါ စသဖြင့် ရနံ့အမျိုးမျိုးရှိပါတယ်။
▫️ခဲနိုင်စွမ်း - ကြောင်ဆီးသွားတဲ့အခါ အလွယ်တကူ ခဲသွားတတ်တာကြောင့် ဂေါ်ပြားနဲ့ ခပ်ထုတ်ရတာ လွယ်ကူပါတယ်။
▫️ဖုန်မှုန့်နည်းပါးခြင်း - ကြောင်လေးတွေရဲ့ အသက်ရှူလမ်းကြောင်းနဲ့ မျက်စိကို မထိခိုက်စေဖို့ ဖုန်မှုန့်ထွက်ရှိမှုကို အတတ်နိုင်ဆုံး လျှော့ချထားပါတယ်။တခြား နိုင်ငံခြားဖြစ် အမှတ်တံဆိပ်တွေနဲ့ ယှဉ်ရင် ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်တဲ့အတွက် အိမ်မှာ ကြောင်အများကြီး မွေးထားသူတွေအတွက် အဆင်ပြေပါတယ်။

အသုံးပြုပုံ အကြံပြုချက်
ကြောင်သဲကို အကောင်းဆုံး အသုံးချနိုင်ဖို့ အောက်ပါအချက်လေးတွေကို သတိပြုပေးပါ -
▫️အထူထားရှိမှု - ကြောင်သဲဗန်းထဲမှာ သဲကို အနည်းဆုံး ၃ လက်မ ကနေ ၄ လက်မ အထူအထိ ထည့်ပေးပါ။ ဒါမှ ဆီးက ဗန်းအောက်ခြေမှာ ကပ်မသွားဘဲ သဲထဲမှာတင် ခဲသွားမှာ ဖြစ်ပါတယ်။
▫️နေ့စဉ် သန့်ရှင်းရေး - တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ခဲနေတဲ့ အတုံးတွေကို ခပ်ထုတ်ပေးခြင်းက အနံ့ဆိုးထွက်ခြင်းကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
▫️ဗန်းဆေးကြောခြင်း - တစ်လကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ဗန်းထဲက သဲဟောင်းတွေကို အကုန်သွန်ပြီး ဗန်းကို ဆပ်ပြာနဲ့ ဆေးကြောပေးဖို့ လိုပါတယ်။
▫️သတိပြန်ရန် - Bentonite သဲအမျိုးအစား ဖြစ်တဲ့အတွက် အိမ်သာဘေစင်ထဲကိုတော့ လုံးဝ (လုံးဝ) မလောင်းထည့်ပါနဲ့။ ပိုက်လိုင်းပိတ်ဆို့မှု ဖြစ်စေနိုင်ပါတယ်။

တိရိစ္ဆာန်လေး‌တွေနဲ့ပတ်သက်ပြီး သိလိုတာတွေရှိရင် (သို့မဟုတ်) ပစ္စည်းလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့
📍 Petto Myanmar Address
အမှတ် - ၈၇၆ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

📞 Petto Myanmar Phone Number
09 257 737 172

💫"လျှာဖျားမှာ အရည်ပျော်သွား‌စေမယ့် အကောင်းစား Pet Creamy"😋Pet Creamy ဆိုတာ ကြောင်လေးတွေအတွက် အစာအစို အမျိုးအစားဖြစ်ပြီး ...
26/01/2026

💫"လျှာဖျားမှာ အရည်ပျော်သွား‌စေမယ့် အကောင်းစား Pet Creamy"😋

Pet Creamy ဆိုတာ ကြောင်လေးတွေအတွက် အစာအစို အမျိုးအစားဖြစ်ပြီး ပျစ်ပျစ်လေးနဲ့ လျှာနဲ့ယက်စားရလွယ်ကူအောင် ပြုလုပ်ထားတဲ့ အဆာပြေမုန့် ဖြစ်ပါတယ်။
▫️အမဲသား 🥩
▫️ကြက်သား 🍗
▫️ဆယ်လ်မွန်ငါး 🍣 စတာတွေကို အနှစ်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲ?
✔️ရေဓာတ်ဖြည့်တင်းပေးခြင်း - ရေသိပ်မသောက်တဲ့ ကြောင်လေးတွေအတွက် ဒီလို Creamy Treat တွေက ရေဓာတ်ကို အထောက်အကူပြုပါတယ်။
✔️ရင်နှီးမှု တိုးပွားစေခြင်း - လက်နဲ့ကိုင်ပြီး တိုက်ကျွေးလို့ရတဲ့အတွက် ပိုင်ရှင်နဲ့ ကြောင်လေးကြားမှာ သံယောဇဉ် ပိုတိုးစေပါတယ်။
✔️ဆေးတိုက်ရလွယ်ကူခြင်း - ဆေးတိုက်ရခက်တဲ့ ကြောင်လေးတွေကို ဒီအနှစ်ထဲမှာ ဆေးရောပြီး ကျွေးလို့ရပါတယ်။
✔️အစာစားချင်စိတ် ဖြစ်စေခြင်း - နေမကောင်းလို့ အစာမစားချင်တဲ့ ကြောင်လေးတွေကို အစာစားချင်စိတ်ရှိလာအောင် ဒါလေးတွေနဲ့ မြှူကျွေးလို့ရပါတယ်။

ကျွေးတော့မယ်ဆိုရင် သတိထားရမည့်အချက်များ
▫️အရေးကြီးဆုံးအချက် - Creamy Treats တွေဟာ အာဟာရပြည့်ဝတဲ့ "ပင်မအစာ" (Main Meal) မဟုတ်ပါဘူး အဆာပြေမုန့်သာ ဖြစ်ပါတယ်။
▫️ပမာဏကို ကန့်သတ်ပါ - တစ်နေ့ကို အများဆုံး ၁ ချောင်း ကနေ ၂ ချောင်းထက် ပိုမကျွေးသင့်ပါဘူး။ အစားလွန်ရင် အဝလွန်တာ ဒါမှမဟုတ် တခြားအစာကို မစားဘဲ ဂျီကျတာမျိုး ဖြစ်နိုင်ပါတယ်။
▫️ပါဝင်ပစ္စည်းကို စစ်ဆေးပါ - တတ်နိုင်သမျှ ဆား နဲ့ တာရှည်ခံဆေး နည်းတာကို ရွေးချယ်ပါ။
▫️အသက်အရွယ် - အသက် ၂ လအထက် ကြောင်လေးတွေကိုပဲ စတင်ကျွေးသင့်ပါတယ်။

တိရိစ္ဆာန်လေး‌တွေနဲ့ပတ်သက်ပြီး သိလိုတာတွေရှိရင် (သို့မဟုတ်) ပစ္စည်းလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့
📍 Petto Myanmar Address
အမှတ် - ၈၇၆ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

📞 Petto Myanmar Phone Number
09 257 737 172

25/01/2026

Service ပေးတာကောင်းတဲ့ဟာကိုများ ဟွန့်🤣

ခွေး/ကြောင်များနှင့်ကြက်သွန်နီဓါတ်မတည့်မှု🌰✔️ကျွန်တော်တို့ အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ကြက်သွန်နီဟာ မပါမဖြစ် ဟင်းချက်တ...
21/01/2026

ခွေး/ကြောင်များနှင့်ကြက်သွန်နီဓါတ်မတည့်မှု🌰

✔️ကျွန်တော်တို့ အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ကြက်သွန်နီဟာ မပါမဖြစ် ဟင်းချက်တဲ့နေရာမှာ အရသာရှိရှိ စားသုံးကြပါတယ်။ သို့ပေမယ့် အိမ်မွေးတိရစ္ဆာန်လေးများအတွက်ကျ အလွန်အန္တရာယ်များကြောင်း ပိုင်ရှင်တို့အနေနဲ့ သိထားကြရပါမည်။
✔️ကြက်သွန်နီတွင် Disulfides နှင့် Thiosulphates ဟုခေါ်သောဒြပ်ပေါင်းများပါဝင်သည်။ ကြက်သွန်နီကိုစားသုံးမိခြင်းက Hemolytic Anemia လို့ခေါ်တဲ့ ကိုယ်တွင်းသွေးအားနည်းရောဂါများနှင့်သွေးနီဥများကိုပျက်စီးစေသည့်အခြေအနေများကိုဖြစ်ပေါ်စေသည်။ အမှန်ကတော့ကြက်သွန်နီမှာရှိတဲ့ဒြပ်ပေါင်းတွေက အိမ်မွေးတိရစ္ဆာန်ရဲ့ခန္ဓာကိုယ်ထဲလှည့်ပတ်နေသော သွေးနီဥများကို ပျက်စီး ပေါက်ပြဲစေတတ်ပါတယ်။
✔️ထိုသို့ဖြစ်ခဲ့လျှင် သိသာစေမယ့် လက္ခဏာတွေကတော့ အစောပိုင်း အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းဖြစ်မယ်။ နောက်ပိုင်းရောက်ရင် သွေးအားနည်းလက္ခဏာတွေဖြစ်တဲ့ အသက်ရှူရခက်ခဲခြင်း၊ အားနည်းခြင်း၊ သွားဖုံးများ အရောင်ဖျော့ သို့မဟုတ် ရွံ့ရောင်လို ညိုပုတ်ပုတ်အရောင်ပြောင်းသွားခြင်း၊ အသက်ရှူမြန်ခြင်း နှင့် နှလုံးခုန်နှုန်းတွေမြင့်တက်လာမယ်။ ဝမ်းဗိုက်နာကျင်ခြင်း နှင့် ဆီးအရောင်ပုံမှန်မဟုတ်ခြင်း စတဲ့ ကြက်သွန်နီအစာထဲမှာ ပါတဲ့အတောအတွင်းမှာ သွေးအားနည်းတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပါတယ်။
✔️ကြက်သွန်နီရဲ့ အစိတ်အပိုင်းတွေ အားလုံးနဲ့ မတည့်တာမို့ နည်းနည်းပါလဲမရပါဘူး။ အရွက်၊ အမြိတ်၊ ဥ၊ နောက်ဆုံး ကြက်သွန်နီအမှုန့်တောင်မရပါဘူး။ ဒါကြောင့်မို့ လူတွေစားသုံးတဲ့ Pizza (ပီဇာ)၊ Tomato Sauce (ခရမ်းချဉ်သီးဆော့စ်)၊ Chinese Food (တရုတ်အစားအစာများ)၊ Some Baby Foods (ကလေးမုန့်များ) များဟာ ကျွေးဖို့မသင့်တော်ပါဘူး။

တိရိစ္ဆာန်လေး‌တွေနဲ့ပတ်သက်ပြီး သိလိုတာတွေရှိရင် (သို့မဟုတ်) ပစ္စည်းလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့
📍 Petto Myanmar Address
အမှတ် - ၈၇၆ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

📞 Petto Myanmar Phone Number
09 257 737 172

သင့်ဟမ်းစတားလေး ကျန်းမာအသက်ရှည်ဖို့ Buddy အစာကို ဒီလိုကျွေးပါ😶‍🌫️✔️Buddy Hamster အစာရဲ့ပါဝင်မှုများBuddy အစာဟာ အခြေခံအား...
18/01/2026

သင့်ဟမ်းစတားလေး ကျန်းမာအသက်ရှည်ဖို့ Buddy အစာကို ဒီလိုကျွေးပါ😶‍🌫️

✔️Buddy Hamster အစာရဲ့ပါဝင်မှုများ
Buddy အစာဟာ အခြေခံအားဖြင့် Seed Mix (အစေ့အဆန်အရော) အမျိုးအစားဖြစ်ပါတယ်။ အထဲမှာပါဝင်တာဆိုရင် များသောအားဖြင့် -
▫️နေကြာစေ့ 🌻
▫️ပြောင်းဖူးစေ့ 🌽
▫️ဂျုံစေ့ 🍚
▫️မြေပဲ 🥜
▫️ပဲနီလေး နဲ့ အခြားအစေ့အဆန်လေးတွေ ပါဝင်ပါတယ်။

✔️ကျွေးတဲ့အခါ သတိထားရမယ့်အချက်များ
Buddy အစာက ဈေးနှုန်းချိုသာပြီး အနံ့မွှေးပေမယ့် ဟမ်စတာလေးတွေအတွက် အဆီဓာတ် နည်းနည်းများနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအတိုင်း ကျွေးသင့်ပါတယ် -
▫️နေကြာစေ့ကို စစ်ထုတ်ပါ - Buddy အစာထဲမှာ နေကြာစေ့ အရမ်းများတတ်ပါတယ်။ နေကြာစေ့ အများကြီးစားရင် ဟမ်းစတားတွေ အဝလွန်ပြီး ရောဂါရတတ်လို့ တစ်နေ့ကို ၂ စေ့၊ ၃ စေ့ထက် ပိုမကျွေးသင့်ပါဘူး။
▫️ပရိုတင်းဖြည့်စွက်ပါ - Buddy ထဲမှာ အသားဓာတ် (Protein) နည်းတတ်ပါတယ်။ တစ်ပတ်ကို တစ်ခါလောက် ပိုးစာခြောက် ဒါမှမဟုတ် ကြက်ဥပြုတ် (အကာတင်) အနည်းငယ် ရောကျွေးပေးရင် ပိုကောင်းပါတယ်။

✔️ဟမ်းစတားလေးတွေအတွက် အစာကျွေးနည်းစနစ်
▫️ပမာဏ - တစ်နေ့ကို ထမင်းစားဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းခန့်ပဲ ကျွေးပါ။ ဟမ်းစတား အမျိုးအစားပေါ်မူတည်ပြီး အတိုးအ‌လျော့လုပ်ပါ။
▫️အစာဟောင်း စစ်ဆေးပါ - ဟမ်းစတားတွေက အစာကို ပါးစပ်ထဲငုံပြီး တစ်နေရာမှာ ဝှက်ထားတတ်ပါတယ်။ အစာခွက်ထဲ အစာကုန်တိုင်း ထပ်မထည့်ဘဲ သူတို့ဝှက်ထားတာတွေ ကုန်၊ မကုန် အရင်စစ်ပါ။
▫️လတ်ဆတ်တဲ့ အသီးအရွက် - Buddy အပြင် တစ်ပတ်ကို ၂ ကြိမ်လောက် မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း အနည်းငယ် (လက်သည်းခွံခန့်) ကို ရောကျွေးနိုင်ပါတယ်။
တိရိစ္ဆာန်လေး‌တွေနဲ့ပတ်သက်ပြီး သိလိုတာတွေရှိရင် (သို့မဟုတ်) ပစ္စည်းလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့
📍 Petto Myanmar Address
အမှတ် - ၈၇၆ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

📞 Petto Myanmar Phone Number
09 257 737 172

အရသာလည်းရှိ အာဟာရလည်းပြည့်စုံတဲ့ Cutie Catz (20 kg) ကြောင်လေးတွေရဲ့ အကြိုက်ဆုံး😋အိမ်မှာကြောင်လေးတွေ အများကြီးမွေးထားတဲ့ ...
12/01/2026

အရသာလည်းရှိ အာဟာရလည်းပြည့်စုံတဲ့ Cutie Catz (20 kg) ကြောင်လေးတွေရဲ့ အကြိုက်ဆုံး😋

အိမ်မှာကြောင်လေးတွေ အများကြီးမွေးထားတဲ့ မေမေတို့အတွက် အသက်သာဆုံး Cutie Catz 20 Kg‼️
တစ်ထုပ်ချင်းဝယ်တာထက် (၂၀) ကီလို အိတ်ကြီးဝယ်တာက ပိုတွက်ခြေကိုက်စေတဲ့အပြင် အရည်အသွေးကလည်း ထိုင်းနိုင်ငံထုတ်မို့ စိတ်ချရပြီး အနံ့လေးကလည်း မွှေးနေရောပဲ‌နော်။
▫️မျက်စိအားကောင်းစေတဲ့ Vitamin A ပါဝင်ခြင်း။
▫️အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။
▫️အရွယ်စုံ ကြောင်လေးတွေအတွက် သင့်တော်ခြင်း။

တိရိစ္ဆာန်လေး‌တွေနဲ့ပတ်သက်ပြီး သိလိုတာတွေရှိရင် (သို့မဟုတ်) ပစ္စည်းလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့
📍 Petto Myanmar Address
အမှတ် - ၈၇၆ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

📞 Petto Myanmar Phone Number
09 257 737 172

11/01/2026

မျက်စိကိုနောက်နေတာပဲ မရှင်းနိုင်ရင်မဝယ်ကျပါနဲ့🤣

11/01/2026

အကန်တွေပဲပြောတတ်တယ် ဟုတ်ကဲ့😎

🐶 ခွေးလေးတွေရဲ့ အပြုအမူနောက်ကွယ်က လျှို့ဝှက်ချက်များ (Body Language)ခွေးလေးတွေက စကားမပြောတတ်ပေမယ့် သူတို့ရဲ့ ကိုယ်အမူအရာ...
06/01/2026

🐶 ခွေးလေးတွေရဲ့ အပြုအမူနောက်ကွယ်က လျှို့ဝှက်ချက်များ (Body Language)

ခွေးလေးတွေက စကားမပြောတတ်ပေမယ့် သူတို့ရဲ့ ကိုယ်အမူအရာတွေကတစ်ဆင့် ကျွန်တော်တို့ကို စကားတွေ အများကြီး ပြောနေတတ်ပါတယ်။ မိမိရဲ့ အချစ်တော်လေးတွေ ဘာကိုဆိုလိုချင်တာလဲဆိုတာ သိရအောင် အတူတူ လေ့လာကြည့်ရအောင်။
▫️အမြီးလေး ခါနေတာ🐕
ခွေးတစ်ကောင် အမြီးခါတာဟာ ပျော်ရွှင်တာအပြင် အခြားအဓိပ္ပာယ်တွေလည်း ရှိနိုင်ပါတယ်။
အမြီးကို ခပ်နိမ့်နိမ့်လေး အမြန်ခါနေရင် စိတ်လှုပ်ရှားနေတာ ဒါမှမဟုတ် ရိုကျိုးမှုကို ပြတာပါ။
အမြီးကို တောင့်တောင့်ကြီးနဲ့ အပေါ်ထောင်ပြီး ခါနေရင် ဒါက သတိပေးနေတာပါ။ စိုးရိမ်နေတာ ဒါမှမဟုတ် ရန်လိုတဲ့ အမူအရာ ဖြစ်နိုင်ပါတယ်။
▫️ဗိုက်ကလေး လှန်ပေးတာ🤗
ခွေးလေးတွေက သင့်ရှေ့မှာ ဗိုက်ကလေး လှန်ပြတယ်ဆိုတာ သင့်ကို အပြည့်အဝ ယုံကြည်တယ် လို့ ဆိုလိုတာပါ။ ဗိုက်က သူတို့အတွက် အနုနယ်ဆုံး အစိတ်အပိုင်းဖြစ်လို့ သင့်ကို အန္တရာယ်မပေးဘူးလို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
▫️ခေါင်းလေးကို စောင်းကြည့်တာ🤪
ကျွန်တော်တို့ စကားပြောတဲ့အခါ သူတို့လေးတွေက ခေါင်းလေးစောင်းပြီး ကြည့်တတ်ကြပါတယ်။ ဒါဟာသင်ပြောတဲ့ စကားလုံးတွေကို သေချာကြားအောင် နားထောင်တာ၊ သင့်ရဲ့ မျက်နှာအမူအရာကို သေချာမြင်ရအောင် ကြိုးစားတာ ဖြစ်ပါတယ်။
▫️အရာဝတ္ထုတွေကို လိုက်ကိုက်တာ (Chewing)
အထူးသဖြင့် ခွေးပေါက်လေးတွေမှာ ပိုတွေ့ရပါတယ်။ သွားပေါက်ခါစမလို့ ယားယံတာကြောင့်လည်း ဖြစ်နိုင်သလို၊ သူတို့ရဲ့ စူးစမ်းချင်စိတ် (Curiosity) ကြောင့်လည်း ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ပါးစပ်က လက်လိုမျိုး အသုံးဝင်တာမို့ ပစ္စည်းတွေကို ကိုက်ပြီး စမ်းသပ်ကြည့်တာပါ။
▫️မျက်နှာကို လျက်တာ (Licking)🤭
ဒါကတော့ အားလုံးသိကြတဲ့အတိုင်း "အချစ်ကို ဖော်ပြခြင်း" ပါပဲ။ ခွေးမကြီးတွေက ခွေးလေးတွေကို လျက်ပေးပြီး သန့်ရှင်းရေးလုပ်ပေးသလို၊ သူတို့ကလည်း သင့်ကို မိသားစုဝင်တစ်ယောက်လို ချစ်လို့ နမ်းရှုပ်တာ ဖြစ်ပါတယ်။
အကြံပြုချက် - ခွေးလေးတွေရဲ့ အမူအကျင့်ကို နားလည်ပေးတာဟာ သူတို့နဲ့ သင့်ကြားက သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။ ဒီ Post လေးက ခွေးချစ်သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ သူငယ်ချင်းတွေ သိအောင်လည်း Share ပေးလိုက်ပါဦးနော်။ 🐾❤️

တိရိစ္ဆာန်လေး‌တွေနဲ့ပတ်သက်ပြီး သိလိုတာတွေရှိရင် (သို့မဟုတ်) ပစ္စည်းလေးတွေ ဝယ်ယူချင်တယ်ဆိုရင်တော့
📍 Petto Myanmar Address
အမှတ် - ၈၇၆ ၊ ပင်လုံလမ်းမကြီး ၊ ၃၄ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

📞 Petto Myanmar Phone Number
09 257 737 172

🇲🇲တန်ဖိုးမဖြတ်နိုင်တဲ့ လွတ်လပ်မှုရဲ့ အရသာကို ရယူပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂုဏ်ပြုရင်း (၇၈) ကြိမ်မ...
04/01/2026

🇲🇲တန်ဖိုးမဖြတ်နိုင်တဲ့ လွတ်လပ်မှုရဲ့ အရသာကို ရယူပေးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂုဏ်ပြုရင်း (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို Petto Myanmar မိသားစုမှကြိုဆိုဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။🙇💗

🎆✨နှစ်သစ်ကူးရောက်လာတာနဲ့အမျှ ပြောင်းလဲမှုတွေကို လက်ခံပြီး 💫ရည်မှန်းချက်တွေကို လိုက်လံရှာဖွေကာ ရဲစွမ်းသတ္တိ၊ မေတ္တာ၊ အောင...
31/12/2025

🎆✨နှစ်သစ်ကူးရောက်လာတာနဲ့အမျှ ပြောင်းလဲမှုတွေကို လက်ခံပြီး 💫ရည်မှန်းချက်တွေကို လိုက်လံရှာဖွေကာ ရဲစွမ်းသတ္တိ၊ မေတ္တာ၊ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတဲ့🎊 ပိုမိုကောင်းမွန်တဲ့ 🗓️နှစ်တစ်နှစ်ဖြစ်ပါစေလို့ Petto Myanmar မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။🌟🤗

📢 ဆိုင်ပိတ်ရက် ကြေငြာခြင်း🚗မင်္လာရှိသော နှစ်သစ်ကိုကြိုဆိုတဲ့အနေဖြင့် 1.1.2026 ( Thursday ) မှာတစ်ရက်ပိတ်ပြီး 4.1.2026 (S...
31/12/2025

📢 ဆိုင်ပိတ်ရက် ကြေငြာခြင်း🚗

မင်္လာရှိသော နှစ်သစ်ကိုကြိုဆိုတဲ့အနေဖြင့် 1.1.2026 ( Thursday ) မှာတစ်ရက်ပိတ်ပြီး 4.1.2026 (Sunday) မှာတစ်ရက်ထပ်ပိတ်မှာမလို့ မင်မင်တို့ Petto Myanmar ဆိုင်လေးရဲ့ပိတ်ရက်တွေကိုကြိုတင်အသိပေးပါတယ်ခင်ဗျာ။😍
နောက်နေ့တွေမှာတော့ ပုံမှန်အတိုင်း ဆက်လက်ဝယ်ယူအားပေးနိုင်ပါတယ် ခင်ဗျာ။ ❤

Address

No. 876, Pin Lon Road, 34 Quarter, North Dagon Township
Yangon
11421

Opening Hours

Monday 09:30 - 18:30
Tuesday 09:30 - 18:30
Wednesday 09:30 - 18:30
Thursday 09:30 - 18:30
Friday 09:30 - 18:30
Saturday 09:30 - 18:30
Sunday 09:30 - 18:30

Telephone

+959257737172

Website

Alerts

Be the first to know and let us send you an email when Petto Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Petto Myanmar:

Share

Category