Dr.THZ - Small Animals Medical Center

Dr.THZ - Small Animals Medical Center "🏥Exotic & Small Animals Medical Center🏥"
🐱🦝🦁🐯🐴🐷🦌🐐🐔🦃🦘🦔🦥🐹🐭🐦🦢🦜🦚🐊🐢🦎🐍🐟🐵🦊🐶

"🐓ကြက်က​လေး ဇလုပ်ပြသနာဖြစ်ပြန်ပီ🐔"🐓ငှက်​လေး​တွေ ကြက်​လေး​တွေမှာ အဖြစ်များတဲ့ ထဲက ​တစ်ခု က​တော့ ဇလုပ်ပြသနာပါ...🐓ဒီက​လေးကလ...
13/05/2026

"🐓ကြက်က​လေး ဇလုပ်ပြသနာဖြစ်ပြန်ပီ🐔"

🐓ငှက်​လေး​တွေ ကြက်​လေး​တွေမှာ အဖြစ်များတဲ့ ထဲက ​တစ်ခု က​တော့ ဇလုပ်ပြသနာပါ...

🐓ဒီက​လေးကလည်း အစာ​သေချာမ​ကောက်​တော့တာ ၃ရက်​လောက်နဲ့

🐓မှိုင်​နေပြီး ဇလုပ်ကြီး တင်း​နေတာ ၁ပတ်​လောက်ရှိပါပီတဲ့ဗျာ

🐓အသိ​ဆေးခန်းတစ်ခုက ပိုင်ရှင်​တွေကိုညွှန်လို့ ကျ​နော်တို့ Dr.THZ - Small Animals Medical Center ​ဆေးခန်း ​ရောက်လာတယ်ဆိုပါ​တော့...

🐓​ရောက်​ရောက်ချင်း ဆရာသန်းက စမ်းကြည့်လိုက်​တော့

🐓နည်းတာကြီးမဟုတ်ဖူး ဇလုပ်ထဲမှာ ​ရေလိုမျိုး​တွေ​ရော #အစာ​စေ့​တွေ #အဖတ်​တွေ မှများကြီး စမ်းမိ ကိုင်မိတာ

🐓 (ventriculus) လို့​ခေါ်တဲ့ အစာအိမ်ထဲကို မ​ရောက်ခင် ဇလုပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ အစာလမ်း​ကြောင်းမှာ တင်ပိတ်​နေတာပါ...

🐓​ပုံမှန်ဆို အစာတစ်ခုမ​ကောက်ခင် ငှက်​လေး​တွေ/ကြက်​လေး​တွေက များ​သောအားဖြင့် ဇလုပ်ရှင်းသွားပါတယ် အစာ​ကောက်ပြီး သတ်မှတ်ချိန်တစ်ခုအတွင်း​ရောက်​ရင်​ပေါ့...

🐓ခုက ​တော်​တော်ပိတ်​နေတာ ကြာပီလို့လည်း​ပြော​တော့...

🐓ဆရာသန်းလည်း က​လေးဇလုပ်ကို ​ဆေး​ပေးဖို့ အစာဖတ်​တွေ ပိတ်​နေတာ​တွေကို ခွဲစိတ်မှုမပြုလုပ်ပဲ ဖယ်ရှား​ပေးဖို့ လုပ်​ပေးခဲ့ပါတယ်

🐓မိနစ်၂၀​လောက်ကြာကြာ​ဆေး​ပေး ရှင်းထုတ်ပီးတဲ့ အခါမှာ​တော့...ဇလုပ်ထဲမှာ အစာ​လေး ၃ပုံ၁ပုံ​လောက်နည်းနည်းပဲကျန်ပါ​တော့တယ်

🐓ထွက်လာတာလည်း ကြည့်ပါအုန်းဗျာ ဆန်​စေ့​အမာတွေ​ရော #အမျှင်​တွေ​ရော #သရက်သီးဖတ် ​ #ပြောင်းဖူးအမျှင်​တွေ​ရောများကြီးပါ (​ရေ​တွေကလည်းအပြည့်)

🐓​ရေဓါတ်​တွေလည်းအရမ်းခမ်း​နေ​တော့ ရင်ညွန့်ရိုး​တော်​တော်​ပေါ်​နေပါပီ...အား​ဆေး​အမှုန့်လေး ​ရေထဲ ထည့်တိုက်ဖို့ ၅ရက်စာ​ပေးလိုက်ပါတယ်...

🐓အား​ဆေးလည်းထိုး​ပေးလိုက်ပြီး...

🐓အ​ခြေ​နေ​ထူးခြားပြီး သက်သာရင်ပြန်လာစရာမလိူ​တော့​ကြောင်းနဲ့ မသက်သာရင် ၂ရက်​လောက်​နေရင်

🐓ဇလုပ်​ပြန်​ဆေးရမယ်ဆိုတာ​လေး ပိုင်ရှင်ကို​သေချာ ရှင်းပြလိုက်ပြီး ကြက်​လေးကိုလည်း အိမ်ပြန်ခိုင်းလိုက်ပါတယ်...

🐓သူ​လေးလည်း​တော်​တော်ခံ​နေရမှာဗျာ လူ​တွေလိုဆိုရင်​တောင့် ရင်ပြည့်ပြီး ဗိုက်​အောင့်​နေသလိုမျိုး​ပေါ့...

🐓အမြန်ဆုံး​နေ​ကောင်းကျန်းမာ​အောင်ဆု​တောင်း​ပေးကြပါအုန်း​နော်

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

13/05/2026

ကြက်တူ​ရွေး​လေး​တွေ ​သွေးစစ်ချင်တယ်ဆိုရင်...

Medical check up လုပ်ချင်တယ်ဆိုရင်...

ဆရာသန်းတို့ Dr.THZ ​ဆေးခန်းကို ယုံကြည်စိတ်ချစွာနဲ့ လာခဲ့လို့ရပါတယ်​နော် 🤗🤗🤗

"အဆိပ်မိတဲ့ ​Pitbull မ​လေး ဆီးချူ "ဒီက​လေး က​တော့ အဆိပ်​တောက်မိတယ်လို့ယူဆရပြီး #အဆိပ်မိတဲ့ လက္ခဏာ​တွေ ပြပြီး ​ဆေးခန်းကို...
07/05/2026

"အဆိပ်မိတဲ့ ​Pitbull မ​လေး ဆီးချူ "

ဒီက​လေး က​တော့ အဆိပ်​တောက်မိတယ်လို့ယူဆရပြီး

#အဆိပ်မိတဲ့ လက္ခဏာ​တွေ ပြပြီး ​ဆေးခန်းကို ​ရောက်လာခဲ့ပါတယ်

​သွေးစစ်ကြည့်တဲ့ အခါမှာလည်း ​ #ကျောက်ကပ်နဲ့ဆိုင်တဲ့ enzyme ​တွေ လည်းမြင့်​နေပြီး

၁ရက်ခွဲ​လောက် ဆီးမသွားနိုင်လို့ အ​ရေး​ပေါ်​ #ဆီးချူ​ပေးလိုက်တာ ( စိတ်​တော့ပူတယ်ဗျာ)

​တော်​သေးတယ် ​ #သွေးရည်ကြည်/ ​ #သွေး​တွေပါမယ်လို့ ထင်ထားတာ ...

ကံ​ကောင်းလို့ ​သွေး​တော့မပါ​​တော့ပဲ ဆီးချူလိုက်​တော့ က​လေးလည်း အဆင်​ပြေသွားတယ်...

​ဆေးခန်းမှာ ၄ရက်တိတိ အ​ကြော​ဆေးချိတ်ရပြီး လိုအပ်တဲ့ ​ဆေး​တွေ​ပေးခဲ့လို့...

ခု​တော့ က​လေးက ​ #တော်​တော်​လေး #လန်းလာပါပြီဗျာ

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

"ယုန်​လေး​တွေအတွက် ​ခေတ်မှီ အပ်စိုက်ကုသခြင်း📍"  စ​မေးစရာရှိပြီဗျာ...🐇 အပ်စိုက်ကုသခြင်းဆိုတာဘာလဲ​ပေါ့ ဆရာသန်း​ ❓️⁉️📍Acupu...
04/05/2026

"ယုန်​လေး​တွေအတွက် ​ခေတ်မှီ အပ်စိုက်ကုသခြင်း📍"

စ​မေးစရာရှိပြီဗျာ...

🐇 အပ်စိုက်ကုသခြင်းဆိုတာဘာလဲ​ပေါ့ ဆရာသန်း​ ❓️⁉️

📍Acupuncture in Rabbits ဆိုတာဟာ လူတွေမှာလိုပဲ သူတို့ရဲ့ #နာကျင်မှုကို သက်သာစေဖို့နဲ့ #ခန္ဓာကိုယ်ရဲ့ #လုပ်ငန်းဆောင်တာတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ အသုံးပြုတဲ့ ရှေးဟောင်း #တရုတ်ဆေးပညာတစ်ရပ် ဖြစ်ပါတယ်။

ဒီကုသမှုဟာ အနောက်နိုင်ငံတွေမှာ​​ခေတ်စားပြီး ထိိုင်းမှာ တောင်စတင် အသုံးပြုကုသနေကြပါပြီ။

ဘာလို့လဲဆိုရင်ပိုင်ရှင်တွေက

#ခွဲစိတ်တာ / #ဆေးပြင်းပြင်းတွေ တိုက်တာထက် ဒီလိုမျိုး နူးညံ့တဲ့ကုထုံးတွေကို ပိုမိုစိတ်ဝင်စားလာလို့ပဲဖြစ်ပါတယ်။

🐇 အဲ့တော့အပ်စိုက်ကုသခြင်းက ယုန်လေးတွေ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်း​တွေ ကို ဘယ်လိုကူညီပေးတာလဲ ဆရာသန်း ❓️⁉️

ယုန်တွေဟာ

1️⃣ #အရိုးအဆစ်နဲ့

2️⃣ #အာရုံကြောပိုင်းဆိုင်ရာ ပြဿနာတွေ

အာရုံကြောချို့ယွင်းမှု: accident တခုခုကြောင့် အာရုံကြောထိခိုက်မှုဖြစ်တာ ဒါမှမဟုတ်

. cuniculi / (အာရုံကြောပိုး) ကြောင့် ခေါင်းစောင်းတာနဲ့ နောက်ခြေမသန်တဲ့ ရောဂါ

#နား​ရောဂါ စတဲ့ အခြေအနေတွေမှာ အာရုံကြောပြန်လည်ကောင်းမွန်ဖို့ ကူညီပေးပါတယ်။


3️⃣ လိုမျိုးcaseတွေ ဖြစ်လာတဲ့အခါမှာလည်း အပ်စိုက်ကုသခြင်းကအလွန်ထိရောက်ပါတယ် 💯💯💯

အစာခြေစနစ်ပြဿနာ (GI Stasis): ယုန်​လေးတွေအတွက် အသက်အန္တရာယ်ရှိတဲ့ အစာအိမ်လှုပ်ရှားမှု ရပ်တန့်ခြင်းကို အပ်စိုက်ခြင်းဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်း ပြန်လည်အလုပ်လုပ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်

4️⃣ #အဆစ်အမြစ်ရောင်ခြင်း (Arthritis): အသက်ကြီးတဲ့ယုန်တွေမှာ ဖြစ်တတ်တဲ့ ခါးနာတာ၊ လမ်းလျှောက်ရခက်ခဲတာတွေကို သက်သာစေပါတယ်

နာကျင်မှုဝေဒနာ ခံစားရခြင်း: ခွဲစိတ်မှုလုပ်ပြီးနောက်ပိုင်း နာကျင်မှုတွေကို လျှော့ချပေးပါတယ်။

🐇 အပ်စိုက်ကုသခြင်းရဲ့ တစ်ခြားအကျိုးရလဒ်​တွေက​ရော ဆရာသန်း ⁉️❓️

အပ်စိုက်ကုသခြင်းဆိုတာကယုန်လေးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ သတ်မှတ်ထားတဲ့ အာရုံကြောဆုံချက်နေရာ (Acupoints) လေးတွေကို အပ်ချောင်းလေးတွေနဲ့ လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်-

•ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုကို ပိုကောင်းစေတယ်

• နာကျင်မှုကို သက်သာစေတဲ့ Endorphins ဓာတ်တွေကို ထွက်ရှိစေပြီးတော့ ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

🐇 အဲလိုအပ်စိုက်ကုသတဲ့အခါမှာယုန်လေးတွေအတွက် နာကျင်မှုခံစားရလား ဆရာ ⁉️❓️

အဖြေကတော့ နိုးပါ ဗျာ 💯

ဘာလို့လည်းဆို​တော့ အပ်တွေက #အရမ်းသေးငယ်ပြီး #နူးညံ့တဲ့အတွက် ယုန်လေးတွေဟာ များသောအားဖြင့် နာကျင်မှုမခံစားရပါဘူး။

ကုသမှုခံယူနေစဉ်အတွင်းမှာ ယုန်လေးတွေဟာ အေးအေးဆေးဆေးဖြစ်သွားပြီး အိပ်ငိုက်သွားတာမျိုးတောင် ရှိတတ်ပါတယ်။ 😴😴😴

ဇိမ်ကျ တယ်ဗျာ​နော့ 🥰😁

ကျ​​နော်တို့ Dr.THZ - Small Animals Medical Center မှာ အပ်စိုက်ကုသခြင်း(အပ်စိုက်ကုထုံး) နဲ့ တိ​လေး​တွေရဲ့ ကျန်းမာ​ရေးကို ​ပိုမိုအဆင်​ပြေ ​ကောင်းမွန်​အောင်ကြိုးစား​ပေးချင်​ပါတယ်...

က​လေး​တွေအတွက် အ​ကောင်းဆုံးဖြစ်​အောင်လည်း အမြဲတမ်း ကြိုးစားပြင်ဆင်လျက်ရှိပါတယ်ဗျ...

လက်ရှိ​ထိ​တော့ ဒီကုထုံးမျိုး အသုံးမပြုနိုင်​သေးပါ..😔

ဒီ post ​လေးက တိချစ်သူ ယုန်ချစ်သူ​​တွေအ​နေနဲ့ ဗဟုသုတရ​စေရန် ကျန်းမာ​ရေးရှု​ထောင့်က​နေ မျှ​ဝေ​ပေးခြင်းသာဖြစ်ပါတယ်ခမျ...🙏🏻🙏🏻🙏🏻👍👍👍

မှတ်ချက် : ဒါပေမဲ့ အပ်စိုက်ကုသတယ်ဆိုတာ ဖြည့်စွက်ကုသမှု (Supportive care)တစ်ခု သာဖြစ်ပြီး လိုအပ်တဲ့ ပဋိဇီဝဆေး ဒါမှမဟုတ် အခြားအနောက်တိုင်းဆေးဝါးတွေနဲ့ တွဲဖက်ကုသရမှာ ဖြစ်ပါတယ်။

"လိပ်​လေး အနာသန့်ပြီး ultrasound ရိုက် "🐢လွန်ခဲ့တဲ့ ၂လ ၃လ​​လောက် ဧရာ၀တီတိုင်းဘက်က လှည်းဘီးကြိတ်ခံရပြီး 🐢​လိပ်​လေးရဲ့ ​​က...
01/05/2026

"လိပ်​လေး အနာသန့်ပြီး ultrasound ရိုက် "

🐢လွန်ခဲ့တဲ့ ၂လ ၃လ​​လောက် ဧရာ၀တီတိုင်းဘက်က လှည်းဘီးကြိတ်ခံရပြီး

🐢​လိပ်​လေးရဲ့ ​​ကြောခုံးအခွံ ကွဲ သွားလ်ု့..

🐢​ဆေးခန်းမှာ အနာသန့်ရှင်း​ရေး လုပ်​ပေးခဲ့ဖူးပါတယ်...

🐢ရက်​တွေကြာ​တော့ ပိုင်ရှင်​တွေ ဘက်မှ အဆက်အသွယ်လည်း ​သေချာ မရ​တော့...

🐢ဆရာသန်းဖုန်းထဲမှာ ပဲ ဒီလိပ်က​လေးရဲ့ ပုံ​​လေး​တွေခွဲစိတ်ပုံ​လေး​တွေပဲ သိမ်းထားခဲ့ရတာ​ပေါ့...

🐢အမှန်က ဆရာသန်းတို့အဖွဲ့လည်း ဒီလိပ်က​လေး အစာ​သေချာမ၀င်ရင် အသက်မရှင်နိုင်​လောက်ဖူးလို့ ခန့်မှန်းထားကြလို့ပါ...😪

🐢ရုတ်တစ်ရက်ဆိုသလို မ​နေ့က မှ ပိုင်ရှင်​တွေ စာပို့ပြီးပြန်ဆက်သွယ်လာ​တော့ အံသြသွားတာ...

🐢က​လေးက ဆရာသန်း ရဲ့ အနာသန့်ပီးလုပ်​ပေးလိုက်တဲ့ ​ကြောခွံ​တွေ ပြန်ကွာကျလာလို့တဲ့....

🐢၀မ်းသာသွားတယ် ဗျာ ဒီက​လေး​လေး မ​သေဘူးဆိုတာ​သိရ​တော့​လေ...

🐢​ဆေးခန်း​ရောက် ​တော့ အနာ​လေး​တွေ​သေချာသန့်ပြီး အခွံကွဲတဲ့လိပ်​လေး​တွေကို ပြုစု​စောင့်​ရှောက်တဲ့ပုံစံအတိုင်း ​သေချာ​လေး ပြုစု​ပေးလိုက်ပြီး...
(အ၀ါ​တွေက သနပ်ခါးမဟုတ်ဖူး​နော် 🤣)

🐢Check up အ​နေနဲ့ ဆီး​ကျောက်ရှိမရှိ ultrasound ​လေး ရိုက် စစ်​ဆေး​ပေးခဲ့ပါ​သေးတယ်...(ဆီး​ကျောက်မရှိပါ)

🐢ဆရာသန်းတို့ အားလုံးသတိရ​နေကြတာပါ...

🐢သား​လေး​ရေ...ကျန်းမာသက်ရှည်​ပေးနော်...

(ကိုယ်ကသာဆု​တောင်း​ပေးတာ သူကဖြင့် ဖလန်းဖလန်းဖြစ်​နေပီ...😅)

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

"🦜ဘီဖိုး အန် အာဖတာ 🦜✂️"ငှက်​လေး​တွေ ကြက်တူ​ရွေး​လေး​တွေ ​တောင်ပံညှပ်​တော့မယ်ဆိုရင်...ဘာ​တွေသိထားသင့်လဲ... ❓️⁉️1️⃣​တောင်ပ...
29/04/2026

"🦜ဘီဖိုး အန် အာဖတာ 🦜✂️"

ငှက်​လေး​တွေ ကြက်တူ​ရွေး​လေး​တွေ ​တောင်ပံညှပ်​တော့မယ်ဆိုရင်...ဘာ​တွေသိထားသင့်လဲ... ❓️⁉️

1️⃣​တောင်ပံနဲ့ပတ်သတ်တဲ့ ခန္ဓာ​ဗေဒ

2️⃣​သွေး​ကြော​​နေရာ

3️⃣​​တောင်ပံ ညှပ်ရမည့်နေရာအ​နေထား

4️⃣ငှက်အမျိုးအစား အလိုက်​တောင်ပံအရွယ်အစားကွာခြားပုံ

5️⃣ပိုင်ရှင်ရဲ့ ဆန္ဒ

6️⃣ငှက်​လေး​​တွေရဲ့ လတ်တလော ကျန်းမာ​ရေး

7️⃣Stress ရှိမရှိ

8️⃣ကပ်​ကြေးအမျိုးအစား

9️⃣ပတ်၀န်းကျင် စတာ​​တွေ စတာ​တွေ အားလုံး​တော့ သိထားသင့်တယ် လိုအပ်မယ်လို့​တော့ထင်ပါတယ်ဗျ...💯💯💯

ဘာ​ကြောင့်အ​မွှေး​တောင်​တွေ ညှပ်ကြတာလဲဆို​တော့...🤔

✅️ မလိုလားအပ်တဲ့ အန္တရာယ်​တွေဖြစ်မှာစိုးလို့ရယ်...

✅️ အ​​ဝေးလွတ်ပြီး ပြန်သွားမှာဆိုးလို့ရယ်...

ဟုတ်တယ်မလား ပီး​တော့​​ရော ဘာကျန်​သေးလဲဗျ🤔

အိမ်​မွေးငှက်​လေး​တွေ ​မွေးမြူသူများ အ​နေဖြင့် က​လေး​တွေကို ဂရုစိုက်ပြုစုပုံ​တွေ ​ဆေးတိုက်ပုံတိုက်နည်း​တွေ , အစာ​ရွေးချယ်ပုံ(diet) , ​တောင်ပံညှပ်တာမှမဟုတ်ပဲ တစ်ခြား အ​သေးစိတ် ​စောင့်​ရှောက်သင့်တဲ့ အ​ကြောင်း​လေး​တွေကို လည်း ​နောက်ပိုင်း ​တွေမှာ sharing လုပ်​ပေးသွားမှာဖြစ်လို့...

ဆရာသန်းရဲ့ ဒီ page ​လေးကို အမြဲ၀င်ကြည့်​ပေးလို့ရတယ်​နော့် 😊🙏🏻🙏🏻🙏🏻

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

"တောင်ပံကျိုး​နေတဲ့ လင်း၀က်​လေးး😔"🦩ဒီက​လေး​လေးက​တော့ အရမ်းငယ်​​သေးတယ် လသား​လေးပါ...🦩ပိုင်ရှင် ဦး​လေးနဲ့အန်တီ​ရဲ့ ခြံထဲက...
25/04/2026

"တောင်ပံကျိုး​နေတဲ့ လင်း၀က်​လေးး😔"

🦩ဒီက​လေး​လေးက​တော့ အရမ်းငယ်​​သေးတယ် လသား​လေးပါ...

🦩ပိုင်ရှင် ဦး​လေးနဲ့အန်တီ​ရဲ့ ခြံထဲကို ကျလာလို့

🦩လမ်းလည်း မ​​လျှောက်နိုင် ​တောင်ပံလည်းကျ​နေလို့

🦩ကျ​နော်တို့ Dr.THZ ​ဆေးခန်းကို ​ခေါ်လာတာပါ...

​🦩ဆေးခန်း​ရောက်​တော့ မှ ​သေချာစစ်ကြည့်လိုက်​တော့...

🦩က​လေးက ​တောင်ပံ လက်​မောင်ရိုး အလယ်တည့်တည့်မှာ ကျိုး​နေရှာတာ...

​🦩ဆေးခန်း​ရောက်​တော့ ည​နေဘက် ၆နာရီ ခွဲ​လောက်...

🦩ထုံးစံအတိုင်း ဆရာသန်းက မနက်ပိုင်းနဲ့ည​နေပိုင်းထိုင်​တော့ ဆရာသန်းနဲ့​တွေ့ ချက်ချင်း အမြန်ဆုံး ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်...

🦩က​လေး ရဲ့အ​ခြေ​နေရ bone plate ပြားတပ်လို့ အဆင်​မ​ပြေတာ​ကြောင့် အ​ရေး​ပေါ် pin လို့​ခေါ်တဲ့ ရိုး ထည့်ပြီး ကျိုး​နေတဲ့ လက်​​မောင်းရိုး၂ဖက်ကို ပြန်ဆက်ပြီး ​သေချာ​လေး ပြန်ချုပ်​ပေးလိုက်ပါတယ်...

🦩ပီး​တော့ လိုအပ်တဲ့​ဆေး​တွေ​ပေးပြီး ချက်ချင်းဆိုသလိုပဲ ​တောင်ပံ ​လေးလှုပ်ရှားမှု​လေး ​ကောင်းသွားတာမြင်ရ​တော့ အ​မောလည်း​ပြေ စိတ်ချမ်းသာသွားရပါတယ်...

​🦩နောက်ရက် follow up ပြန်​ခေါ်ပြီး အနာကျက်​ဆေးနဲ့ပိုးသတ်​ဆေး​တွေသုံး laser ပစ်​ပေး​တော့ခွဲစိတ်ပြီး ဒုတိယ​မြောက်​နေ့မှာ လမ်း​လေးစ​လျှောက်ပီး က​လေးက​တောင်ပံ​လေး ပြန်သုံးလာတာ ​တွေ့ရပါတယ်
(Comment မှာ video ​လေး ပို့ထား​ပေးပါတယ်)

​🦩နောက်ရက်​တွေ follow up ၀င်​ဆောင်မှုအ​နေနဲ့ ဖုန်း​လေးဆက်လက်​မေးမြန်းခဲ့ပါတယ်...

🦩ဒါ​ပေမယ့် က​လေးက အရမ်းငယ်​သေး​တော့ ​သေချာ​လေး ဂရုစိုက် ​စောင့်​ရှောက်မှ အသက်ရှည်ရှည်​နေနိုင်မှာမလို့

🦩ဒီလင်း၀က်​က​လေးကိုလည်း အမြန်ဆုံး​နေ​ကောင်းကျန်းမာလာ​အောင် ဆု​တောင်း​ပေးကြပါအုန်းခမျ...

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

"အရိုး​ပျော့​ရောဂါ(MBD) ခံစား​နေရတဲ့ လိပ်က​လေး..."🐢ဒီက​လေး​လေး​ကို အစာအဟာရမျှတ​အောင်​ကျွေး​မွေးပြီး ​နေရာထိုင်ခင်း အ​နေထ...
18/04/2026

"အရိုး​ပျော့​ရောဂါ(MBD) ခံစား​နေရတဲ့ လိပ်က​လေး..."

🐢ဒီက​လေး​လေး​ကို အစာအဟာရမျှတ​အောင်​ကျွေး​မွေးပြီး ​နေရာထိုင်ခင်း အ​နေထိုင်​တွေ ​တော်​တော် ပြင်ဆင်နိုင်မှ အသက်ရှင်သန်ခွင့်ရမှာမလို့....

🐢ဆရာသန်း ​ဆေးခန်းမှာ အစာပိုက်ထည့်ပြီး ​သေချာပြုစုဖို့ ​ဆေးရုံတင်ထားရှိလိုက်ပါတယ်ဗျ...

🐢အစာ​ရေမြိုပိုက်တပ်တာ မှိန်း​ဆေး​လေး​ပေးထား​တော့ နည်းနည်း​တော့မူး​နေ​သေးတယ်...

🐢အမြန်ဆုံးဒီ​ရောဂါဆိုးကြီးမှ ​လွတ်​မြောက်ပီး ​နေ​ကောင်းကျန်းမာ သက်ရှည်ပါ​စေ...လိပ်က​လေး​ရေ...

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

"စတုဒီသာ ဒီ​နေ့စ​ကျွေး​နေပါပြီ​နော်..."💦မနက်ဖန် အကြို​နေ့မှာလည်း မုန့်လုံး​ရေ​ပေါ်နဲ့ ​ဆေးကုလားမ​ကျောက်​ကျော ​​​ဖျော်​ရေ...
12/04/2026

"စတုဒီသာ ဒီ​နေ့စ​ကျွေး​နေပါပြီ​နော်..."

💦မနက်ဖန် အကြို​နေ့မှာလည်း မုန့်လုံး​ရေ​ပေါ်နဲ့ ​ဆေးကုလားမ​ကျောက်​ကျော ​​​ဖျော်​ရေ တစ်​နေကုန် ​တိုက်​ကျွေးမှာမလို့...

💦အမျိုးတို့ ...တိချစ်သူမိတ်​ဆွေအ​ပေါင်းတို့... အိမ်နီးချင်းတို့ ​...ရွှေပြည်သာသူ/သားအ​ပေါင်းတို့...

💦မနက်ဖန် ထပ်ဆုံကြမယ်​နော် 👋👋👋

💦 ပက် သာ ပက်... Dr. THZ တဲ့ 🤣 💦ဟာ.....ဆရာသန်းတို့ ဒီနှစ်​ရော ဘာ   ​တွေ ရှိတာလဲ ​ပြောခဲ့အုန်း​လေ💦 ဟိုးး....🖐ဘာ plan ​တွေရ...
09/04/2026

💦 ပက် သာ ပက်... Dr. THZ တဲ့ 🤣

💦ဟာ.....
ဆရာသန်းတို့ ဒီနှစ်​ရော ဘာ ​တွေ ရှိတာလဲ ​
ပြောခဲ့အုန်း​လေ

💦 ဟိုးး....🖐ဘာ plan ​တွေရှိတာလဲဆိုတာလေးမ​ပြောခင်...

💦 သကြ်န်တွင်း ​ဆေးခန်းပိတ်ရက်​လေး
အရင်​ပြောပြပါမယ်....☺️

💦 (14.4.2026) မှ (16.4.2026) ထိ၃ရက်ကို သကြ်န်ပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်ဗျ... ❌️❌️❌️

💦 သကြ်န်(13.4.2026) အကြို​နေ့ကို လည်း မနက်( ၈နာရီမှ ည​နေ ၄နာရီ) အထိသာ ​ဆေးခန်းဖွင့်လှစ်မှာဖြစ်ပါတယ်...

💦ပိတ်ရက်​တွေ ​ပြောပီးပီ ဆို​တော့....

💦ကဲမယ့် plan ​လေး​ပြောပြမယ်..
အဲ့ ​ပြော​တော့မယ် စတာ...🤭🤣

💦 #စတုဒီသာ ​- ကျောက်​ကျော​ဖျော်ရည်🧋🥤နဲ့ မုန့်လုံး​ရေ​ပေါ်🍡 ​ကျွေးမှာပါ....

​💦ကျွေးမယ့်ရက်က (12.4.2026 နဲ့ 13.4.2026) ၂ရက်ထဲဖြစ်ပီး

💦အချိန်က( မနက်၈နာရီမှ ည​နေ ၆နာရီထိ)ဖြစ်လို့..... မှတ်ထားကြပီး ရှယ်လာကြိတ်လို့ရတယ်နော့ ....

💦အထူးအစီစဥ်အ​နေနဲ့က​တော့....👇👇🥔

💦မုန့်လာစားတဲ့ သူ​တွေ နဲ့ ​ဆေးခန်းလာပြမယ့် ပိုင်ရှင်​တွေ​ရော က​လေး​တွေ​ရောအားလုံးကို...

💦 ဆရာသန်းတို့ရဲ့ " ပက်သာပက် Dr.THZ " #အုန်းလက်မဏ္ဏာပ် လေးက သိကြားမင်းကြီးကိုကြိုဆိုတဲ့အ​နေနဲ့ #အတာ​ရေပက်ဖြန်း​ပေးမှာဖြစ်တယ်ဆိုတဲ့အ​ကြောင်း​လေးလည်း ထပ်မံအသိ​ပေး​ပြောကြားလိုက်ပါတယ်ဗျ....ဟဲဟဲ 💦🪣🪣🪣

💦အားလုံးပဲ မုန့်လာစားရင်း သကြ်န်​ရေ လာ​ဆော့လို့ရပါတယ်​နော်....တာ့တာ 👋👋👋

🔫💦🔫💦🔫💦🔫💦🔫💦🔫💦🔫💦🔫💦

🐿အသက်ရှုကြပ်လို့တဲ့ ရှဥ့်​လေးက🐿...ဟုတ်ကဲ့ ဒီရှဥ့်​လေးရဲ့ဖြစ်စဥ်​လေးက​တော့.....👇👇👇🐿 ပိုင်ရှင်အမက ရှဥ့်​လေး ၁ရက်​ကျော်​လော...
06/04/2026

🐿အသက်ရှုကြပ်လို့တဲ့ ရှဥ့်​လေးက🐿...

ဟုတ်ကဲ့ ဒီရှဥ့်​လေးရဲ့ဖြစ်စဥ်​လေးက​တော့.....👇👇👇

🐿 ပိုင်ရှင်အမက ရှဥ့်​လေး ၁ရက်​ကျော်​လောက်ရှိပြီ အသက်ရှုကြပ်​နေတာတဲ့ ပါးစပ်နဲ့ဟပြီး အသက်ရှု​နေတယ်လို့ ကျ​နော်တို့ Dr.THZ ​ဆေးခန်းကို ဖုန်းဆက်လာပါတယ်...📞📞📞📲📲📲

🐿 ဆရာသန်းနဲ့ ​သေချာဖုန်းရပြီး ​ဆေးခန်း​ခေါ်လာမှဖြစ်မယ် oxygen ရှူတာ ​ဆေး​ငွေ့ရှုတာ​တွေနဲ့ လိုအပ်တဲ့အဆုတ်နဲ့ပတ်သတ်တဲ့ အ​ရေး​ပေါ်ကုသမှု​တွေကို အမြန်ဆုံးခံယူမှရမယ်လို့​ပြောလိုက်ပါတယ်...🚨🚑

🐿 က​လေးလည်း ​​ဆေးခန်း​ရောက်​ရော...🏥

🐿 က​လေးက ​ရေဓါတ်​တွေလည်းခမ်းပြီး ပါးစပ်​လေးဟစိ ဟစိနဲ့ ​တိ​လေး​တွေရဲ့နောက်ဆုံးအချိန်လိုမျိုးဖြစ်​နေခဲ့တာ ​တွေ့ရ​တော့...

🐿 ဆရာသန်းတို့လည်း အမြန်ဆုံး oxygen ​ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်...🌬🌬

🐿​ နာရီပိုင်း​တော်​တော်ကြာကြာ oxygen ​ပေးလိုက် က​လေးအ​ခြေ​နေကို အနီးကပ်​စောင့်ကြည့်လိုက်နဲ့ လုပ်နေ​ပေမယ့်...

🐿က​လေးက ဘယ်လိုမှထူးခြားမှုမရှိပဲ ပါးစပ်​လေးဟစိဟစိနဲ့ ရှု​နေတုန်းပါ...😷🥺🥺

🐿 ပိုင်ရှင်အမကလည်း သူနို့တိုက်တာမှားလို့ ဇွန်း/​ဆေးထိုးပိုက်နဲ့တိုက်ရင်က​နေ ရံဖန်ရံခါ သီးတတ်တယ်လည်း​ပြော​တော့...

🐿ဆရာသန်းကလည်း ​သေချာတယ် အဆုတ်ထဲ​ရေ၀င်တာ အဆုတ်ပွရင်ကြပ် အဆုတ်ပိုး၀င်တာ​တွေ ​ရှေ့က​လေး​တွေ ရှဥ့်​တွေမှာ အဖြစ်များဆုံးပါလို့ပြန်လည်ရှင်းပြလိုက်ပါတယ်....😮‍💨🤒

🐿​နေ့ခင်း ထဲက​ဆေးခန်း​ရောက်​ပေမယ့် ည​နေ ၃/၄နာရီ​လောက်ကြာ​တော့...

🐿ပိုင်ရှင်အမက.....

"ဆရာရယ် ဆရာ့​ဆေးခန်းမှာပဲ အနီးကပ်ပြုစု​စောင့်​ရှောက်​ပေးပါ ​နောက်ဆုံးအချိန်ထိ​...ဖြစ်​နေတဲ့က​လေးအ​ခြေ​နေကိုလည်း သိပါတယ် ​အဆုံးထိ​မျှော်လင့်ထားပါတယ်....💔😭အိမ်မှာက oxygen ​တွေအသက်ကယ်​ဆေး​တွေ ဘာမှမရှိလို့ ဆရာပဲ လိုအပ်တာ အ​ကောင်းဆုံးပြုစု​ပေးပါ ​ဆေးခန်းမှာထားခဲ့ပါရ​စေဆိုပြီးခွင့်​တောင်းလာ​တော့...ဆရာသန်းတို့အဖွဲ့လည်း က​လေးအတွက်​နောက်ဆုံးအချိန်မှာအ​ကောင်းဆုံးဖြစ်​စေချင်ခဲ့လို့ ​ဆေးခန်းမှာထားခဲ့ဖို့ လက်ခံခဲ့ပါတယ်..."🏥

🐿 ပိုင်ရှင်အမ ပြန်သွားပြီးည​နေ​စောင်းသည်ထိ က​လေးအ​ခြေ​နေမတိုးတက်လာလို့ ဆရာသန်းက ​ဆေး​ငွေ့​လေး​ပြောင်းရှု​စေကာ ရင်ကြပ်တာပိုသက်သာမလားဆိုတဲ့စိတ်နဲ့ စီစဥ်ခဲ့လိုက်တာ...

🐿 အဲ့မှာ ထူးခြားချက် သံသယဖြစ်​စေတဲ့ အချက် တစ်ချက် စ​တွေ့​တော့တာပဲ...😳😳😳

🐿 အဲ့တာဘာလဲဆို​တော့....🤔

🐿က​လေးကို oxygen ရှုတဲ့အခန်းထဲက​နေ ICU ခန်း ​ဆေး​ငွေ့ရှုတဲ့ အခန်း​လေးထဲကို​ပြောင်း​လိုက်​တော့...

🐿ရှဥ့်​လေးက ရုတ်တစ်ရက်ဆိုသလို အမြန်​ပြေးလွှားပြီး ​ဆေး​ငွေ့ရှုတဲ့ အခန်းထဲမှာ စက္ကန့် ၃၀​လောက် ထ​ပြေးတယ်🏃🐿🏃... ပီး​တော့ အရင်လိုပြန်ငြိမ်သွားပြီး ပါးစပ်​လေး ဟစိ ဟစိနဲ့ လုံး၀မလှုပ်​တော့ပဲ ပြန်ဖြစ်သွားတာပါ...

🐿 စဥ်းစားစရာက အဲ့စက္ကန့်ပိုင်းအတွင်း ဘာလို့ရှဥ့်​လေးက မူလ​နေ​ကောင်းကျန်းမာ​နေတဲ့ ရှဥ့်​လေး​တွေရဲ့ လှုပ်ရှားမှုအတိုင်း ဖြစ်သွားတာလဲဆိုတာပါ...🤔🤔

🐿 အဲ့တာ နဲ့ oxygen ဘက်တစ်လှည့်​ပြောင်းရှု ICU ခန်းထဲထားတာ ​ဆေးခန်းပိတ်ချိန်​ရောက်လာခဲ့ပါတယ်...

🐿​ ဆေးခန်းပိတ်​တော့ ​ဆေးခန်းမှာကျန်ခဲ့တဲ့ ဆရာသန်းက ညဘက်ဆို က​လေး​တွေကို ပြုစု​စောင့်​ရှောက်လိုအပ်တာ အမြဲလုပ်​နေကြဆို​တော့...🧑‍⚕️🧑‍⚕️🧑‍⚕️

🐿ည​နေကဖြစ်တဲ့အဖြစ်ပျက်ကို မ​သင်ကာလို့ က​လေးကို လက်နဲ့ ​သေချာကိုင်ပြီး ဟိုးးးပါးစက်အတွင်းးးထဲကို မီး​လေးနဲ့ထိုးကြည့်လိုက်​တော့............မှ😱😱😱

🐿 ဟာာာာာာာာာ...........​😱😱😱

🐿 တွေ့ပြီ ​တွေ့ပြီ အ​ဖြေ​တွေ့ပြီ💡💡💡💡💡💡

🐿 ဘာအ​​ဖြေလည်းဆို​တော့...👇👇👇

🐿 ရှဥ့်​လေးရဲ့ အတွင်းအာ​ခေါင် ထိပ် အစာ​ရေမြို၀ ထိပ် လူ​တွေဆို အာသီးနား​ပေါ့...

🐿 အဲ့နားမှာ အာ​ခေါင်အနာလို အဖတ်ကြီးလိုလို ပြည်လိုလို မှိန်တိန်တိန် ​လေးမြင်လိုက်ရတယ်....🔦🔦

🐿​ သေ​ချာ​​အောင် ဆက်ပြီး တစ်​ယောက်ထဲ ကြိုးစားကိုင်ကြည့် မီးထိုးကြည့်​တော့မှ အဲ့ဟာကြီးက လှုပ်​နေ​တော့....🔦🔦

🐿​ သေချာပြီဗျာ💯💯💯....တစ်ခုခုပိတ်​နေတာဆိုပြီး ညှပ်ကရိယာနဲ့ ဆွဲထုတ်လိုက်​တော့မှ...

🐿 အို့.....မနည်းလှတဲ့ ရှည်ရှည် #အစာဖတ်အမျှင်တန်းကြီးဗျာ အရှည်က ​လက်သန်း တစ်​ချောင်းစာ​လောက်ရှည်တယ်...​

🐿 အောင်မ​လေး မ​သေ​ကောင်း မ​ပျောက်​ကောင်း😮‍💨

🐿 ရှဥ့်​လေးလည်း အဲ့ဒီအမျှင်တန်းကြီးဆွဲထုတ်ပြီးပြီးချင်း မဆွဲထုတ်ခင်ကရုန်းကန်​နေရာက​နေ ရုတ်တစ်ရက်ပြန်ငြိမ်ကျသွားပြန်​တော့....

🐿 စိတ်ထပ်ပူရပြန်တယ်ဗျာ...

🐿 စိတ်ထဲ ​နေမရတာနဲ့ လှုပ်ရှားဖို့ဖင်​လေးကို တို့ကြည့်ထိကြည့်နည်းနည်း တွန်းကြည့်​တော့ မှ ....

🐿 ဆရာသမား​လေးက ထ ​ပြေးပြ​တော့တာဗျာ....😁

🐿 အရမ်း၀မ်းသာသွားတယ်...😚ပိုင်ရှင်အမဆို မျက်ရည်​တွေ၀ိုင်းပြီး ပြန်သွားရှာတာ... အင်း​ပေါ့​လေ ကိုယ်ချင်းစာမိပါတယ်...

🐿 ပထမတစ်ဆင့်​တော့ ​ကျော်သွားပြီဆို​ပေမယ့်....၁ရက်​ကျော်​လောက်အစာမ​၀င်ထား​တော့ အစာ​လေး၀င်​အောင်...

🐿 ဆရာသန်းက သူသည်း​ခြေ​ကျောက်ဖြစ်ပြီး ဗိုက်​အောင့်တုန်းက ကျန်းမာ​ရေးအတွက် စားဖို့ အသင့်လုပ်ထားတဲ့ အ​စေ့အဆန် ဗူး​လေး နဲ့ ဆရာသန်းရဲ့က​လေးSugar glider ရဲ့မုန့်ချို​လေးနည်းနည်းကို သွားယူပြီး က​​လေး၀ါး နိုင်​အောင် လက်​လေး​တွေနဲ့ ​ခြေ ​သေချာဖဲ့ပြီးး ICU ခန်းထဲ က သူ့နားမှာ နည်းနည်း ပုံ​ပေးထားလိုက်တယ်...🥜🥔🧆

🐿 ဆရာသမား​လေးက ဗိုက်အရမ်းစာတဲ့ပုံပြ​ပေမယ့် လာ​တော့ နမ်းကြည့်ပြီး ငြိမ်ငြိမ်​လေး​နေ​နေပီးမစားဘူးးဗျာ စိတ်မ​ကောင်းထပ်ဖြစ်သွားတယ်...

🐿 ​နေပါအုန်းသူစိမ်းရှိလို့​နေမှာ ခန ​စောင့်ကြည့်ပါအုန်းမယ်​လေ အာ​ခေါင်နာ​နေလို့​နေမှာဆိုပြီး......

🐿 ⏰️၄၅မိနစ်​လောက်​နေမှ တစ်​ခေါက်ပြန်လာကြည့်​တော့...

🐿 အို့......​ပြောင်​နေ​ရောပဲ အကုန်ခိုးးတွယ်ထား ခိုးစားထားတာ....🤭🤭🤭🤤🤤🤤

🐿 ​နောက်ပြီး ဖမ်းလို့​တောင် မနိုင်​တော့ပါဗျာ...

🐿 ရှဥ့်ဆိုတဲ့အတိုင်းပဲ ၀ှီးခနဲ ၀ှီးခနဲ လှစ်လှစ်ကို ထလို့...

🐿အဲ့တာ​နဲ့​နေ​ကောင်းသွားလို့ ပိုင်ရှင်အမကို ​နောက်​နေ့မနက်ချက်ချင်းပဲ က​လေး​ဆေးရုံဆင်းလိူ့ရသွားပါပြီ အ​ဖြေရှာ​တွေ့ပြီး​နေ​ကောင်းသွားပါပြီလို့ဖုန်းဆက်လိုက်ပြီးးး

🐿 ရှဥ့်​လေး​ဆေးရုံက ဆင်းသွားပါ​တော့တယ်...🤩🤩🤩

🐿 ပုံပြင်​လေးက​တော့ ဒါပါပဲဗျာ....အယ်မှားလို့ 😁🤣🤭

🐿 ရှဥ့်​လေးရဲ့ဖြစ်စဥ်​လေးက​တော့ ဒါပါပဲဗျာလို့​​ပြောတာပါ... 🤭🤭🤭

🐿 ဒီမှာ​ပြောပြချင်တဲ့ သင်ခန်းစာ​လေးက​တော့...

🐿 ရှဥ့်လေးမှ မဟုတ် မိမိတို့ရဲ့တိ​လေး​တွေကို အမှန်တစ်ကယ်ချစ်ရင် တိ​လေး​တွေကို​သေချာတစ်ယုတစ်ယ ​စောင့်ကြည့်ဖို့နဲ့ သူတို့​လေး​တွေရဲ့ နီးစပ်ရာပတ်၀န်းကျင်မှာ ဓါတ်မတည့်​စေမယ့် ပစ္စည်း​တွေအသုံးအ​ဆောင်​တွေနဲ့ အလွယ်တစ်ကူမြိုချ /စားမိ/ မလျက်နိုင် မနမ်းကြည့်နိုင်​အောင် စတာ​တွေကို ဖယ်ထား သိမ်းထား သန့်ရှင်းပေးထားဖို့ အထူးလိုပါတယ်ဆိုတဲ့အ​ကြောင်း​လေးနဲ့ မတည့်တဲ့ အစာ​တွေကိုလည်း တိဆရာ၀န်​တွေနဲ့ ​သေချာ​ဆွေး​နွေးတိုင်ပင်ပြီး မ​ကျွေးမိ​စေဖို့လည်း ဒီ post ​လေးက​​နေမှာကြားလိုက်ပါတယ်ခမျ...🙏🏻🙏🏻🙏🏻

"ယုံကြည်မှုတိုင်းအတွက်
​ကျေးဇူးအထူးတင်လျက်...Dr.THZ🧑‍⚕️"

☎️09 975753915

🏥အမှတ် ၂၁၆ ၊ ၅/၁ရပ်ကွက် ၊ ​ရွှေလမ်း ၊ ​ရွှေပြည်သာမြို့နယ် ၊ ရန်ကုန်မြို့ ။ ။

Address

Shwe Street
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959975753915

Website

Alerts

Be the first to know and let us send you an email when Dr.THZ - Small Animals Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dr.THZ - Small Animals Medical Center:

Share

Category