Chacca's Pet Haven

Chacca's Pet Haven At Chacca's Pet Haven quality is our top priority.

21/05/2026

မန်နေဂျာမကြီး အေးချမ်းစွာ လမ်းလျှောက်ထွက်တာကို ရပ်ကွက်ထဲက အပြင်ထွက်မရတဲ့ ကောင်တွေက အဲ့လောက် အော်ကြတာ…..
သူ့ အော်နေတာသိလို့ ဖော်ကင်ပိုလှုပ်ပြီး လျှောက်နေတာ ကမကြီးက

20/05/2026

Wtf bro ဘာဖြစ်တာလည်း ထထမေးနေလို့
ဘေဘီဂ်လ် စိတ်ကုန် 🤣


တနာရီပဲ ကြာတဲ့ Golden Retriever မီးလေး Rosy ရဲ့ Ygn to Bkk ခရီးစဉ်….အခုလို ရာသီအပြောင်းအလဲ ကာလတွေမှာ Rosy လို ခလေးအကြီး...
20/05/2026

တနာရီပဲ ကြာတဲ့ Golden Retriever မီးလေး Rosy ရဲ့
Ygn to Bkk ခရီးစဉ်….

အခုလို ရာသီအပြောင်းအလဲ ကာလတွေမှာ Rosy လို
ခလေးအကြီးတွေအတွက်ကတော့ cargo နဲ့ ပို့တာက လေယာဉ်စီးချိန်တိုတောင်းတဲ့အတွက် သက်တောင့်သက်သာဖြစ်ပြီး စိတ်ချလုံခြုံပါတယ်။

ဒါတွေကို ကြိုသိတဲ့ Rosy မိဘတွေက ၂၀၂၅ နှစ်ကုန်
ကတည်းက ကြိုစုံစမ်းပြီး စိတ်အချရဆုံး Air cargo Pet Relocation ကို ရွေးချယ်ခဲ့တာပါ။

ယနေ့ 20.5.2026 မှာ ဘန်ကောက်သို့ရောက်ရှိပြီ ဖြစ်ပါတယ်။

သမီးလေး Rosy နဲ့ မေမေတို့ ထိုင်းနိုင်ငံမှာ အမြဲတမ်း ကျန်းမာပျော်ရွှင်တဲ့ နေ့စဉ်တိုင်းကို ပိုင်ဆိုင်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

IPATA , IATA guidelines တွေနှင့်အညီ
Ygn to bkk လို ခရီးအနီးတွေကနေ
Usa, Uk, Ausi နဲ့ Europe လို့ ခရီးအဝေးတွေထိ
စိတ်ချလုံခြုံမှုအပြည့်ဖြင့် ပို့ဆောင်ပေးလျက်ရှိပါသည်။

မိမိတို့ရဲ့ ချစ်စနိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို
ပြည်ပသို့ ရွှေ့ပြောင်းဖို့ စဉ်းစားနေတယ်ဆိုရင် စိတ်ချရတဲ့ Chacca's ကို အခုပဲ ဆက်သွယ်လိုက်ပါ….

☎ Myanmar Hotline - +959 782 979 926
☎ Bangkok Hotline - +66 65 020 1200
📲 24 hrs Viber - +959 782 979 926
✅ WhatsApp - +959 750 391 297
📧 Email - [email protected]
Website - https://chaccapetrelocation.com တို့ကနေ ဆက်သွယ်နိုင်ပါပြီ။


Luffy လေးကို ကျနော့်မွေးနေ့မှာ အမှတ်မထင် မွေးဖြစ်သွားခဲ့တယ်…ဒီနေ့က တကယ်တော့ အိမ်က ခွေးမကြီးတို့ သူငယ်ချင်း ငှက်လေးတွေဆော...
19/05/2026

Luffy လေးကို ကျနော့်မွေးနေ့မှာ အမှတ်မထင် မွေးဖြစ်သွားခဲ့တယ်…

ဒီနေ့က တကယ်တော့ အိမ်က ခွေးမကြီးတို့ သူငယ်ချင်း ငှက်လေးတွေဆော့ဖို့ အရုပ်လေးတွေ သွားဝယ်တာပါ။ ဒါပေမယ့် တချို့သောတွေ့ဆုံမှုတွေက ကြိုတင်စီစဉ်ထားတာမဟုတ်ဘဲ ဘဝထဲကို ရောက်လာတတ်တယ်ထင်ပါတယ်။

Luffy လေးက အသက် ၁ နှစ် ၈ လရှိပြီ။ အရင်သခင်က မိသားစုအခြေအနေကြောင့် စိတ်မကောင်းစွာနဲ့ ဆက်မမွေးနိုင်တော့လို့ luffy လေးကို ရောင်းနေတာတွေ့တာပါ။

ရိုးရိုးသားသားပြောရရင်… အရင်တုန်းက ကျနော် ငှက်ဆို ကြောက်တယ်။ ကိုင်ဖို့တောင် မရဲခဲ့ဘူး။ မွေးဖို့ဆိုတာလည်း တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။

International Relocation လုပ်ရင်း ငှက်လေးတွေကို
စတွေ့ခဲ့တယ်။ “ကိုယ်တိုင်မသိဘဲ၊ ကိုယ်တိုင်မနားလည်ဘဲ service ပေးလို့ မရဘူး” ဆိုတဲ့စိတ်နဲ့ လေ့လာရင်း တစ်ကောင်ပြီးတစ်ကောင် ချစ်မိလာခဲ့တယ်။

ဒီနှစ်ထဲမှာလည်း နတ်သုဒ္ဒါ မုန့်တိုက် အိမ်က Luffy နဲ့ ပုံစံတူ ဖိုးလုံးလေးတို့ အုပ်စုကို ထိုင်းကနေ ရန်ကုန်ထိ သယ်ပေးထားတော့ စိတ်ထဲမှာ “တစ်နေ့နေ့တော့ အကြီးမျိုးလေးတွေ ကိုယ်လည်း မွေးချင်တယ်” ဆိုတဲ့စိတ်လေး ရှိနေခဲ့တာပါ

ဒါပေမယ့် ဒီနေ့ Luffy နဲ့ တွေ့တဲ့အချိန်မှာတော့ အားလုံးက ကွက်တိဖြစ်သွားတယ်။

မြင်မြင်ချင်း သံယောဇဉ်ဖြစ်သွားတယ်…
မြင်မြင်ချင်း ချစ်မိသွားတယ်…
မြင်မြင်ချင်း “ဒီခလေးက ကိုယ့်အိမ်သားဖြစ်လာမယ့် ခံစားချက်” မျိုးကို ဖြစ်သွားတာပါ

အခြေအနေတွေကြောင့် စိတ်မကောင်းစွာနဲ့ Luffy လေးကို ခွဲခွာပေးခဲ့ရတဲ့ အရင်သခင်အတွက်လည်း စိတ်အေးနိုင်အောင် ပြောချင်ပါတယ်…

Luffy လေးကို ကျနော်တို့အိမ်က ခလေးတွေနဲ့အတူ အနွေးထွေးဆုံး၊ လုံခြုံဆုံး၊ အပျော်ဆုံးဖြစ်အောင် ချစ်ပေးသွားပါမယ်။

တစ်ခါတလေ ဘဝမှာ အမှတ်ရဆုံးလက်ဆောင်တွေက စီစဉ်ထားတာမဟုတ်ဘဲ ရုတ်တရက် ရောက်လာတတ်တယ်…

Welcome Home, my little Luffy 🤍
ကျနော့်ဘဝရဲ့ အမှတ်ရဆုံး မွေးနေ့လေး ဖြစ်စေခဲ့လို့ ကျေးဇူးပါ Luffy လေးရေ…




ကျယ်မ ဘသူနဲ့မှ ပတ်သတ်မှု မရှိပါဘူး စပ်စုနေတာတွေ တော်လိုက်ကြတော့နော် ရက်တို သင်တန်း တက်ချင်ရင်တော့ cb နော်….
19/05/2026

ကျယ်မ ဘသူနဲ့မှ ပတ်သတ်မှု မရှိပါဘူး
စပ်စုနေတာတွေ တော်လိုက်ကြတော့နော်
ရက်တို သင်တန်း တက်ချင်ရင်တော့ cb နော်….

သံပေတံ ကြီးက ဘာလုပ်ဖို့လည်း မိဘပြန်သိမ်း ပြန်သိမ်း မန်နေဂျာနဲ့ သံပေတံ က သက်ဆိုင်မှု မရှိ…
18/05/2026

သံပေတံ ကြီးက ဘာလုပ်ဖို့လည်း မိဘ
ပြန်သိမ်း ပြန်သိမ်း
မန်နေဂျာနဲ့ သံပေတံ က သက်ဆိုင်မှု မရှိ…

ဘသူ့မှ အဖတ်မလုပ် ချေမိုးနေရင် ခွေးမကြီး မှန်မှန်ကန်ကန်နေလို့ပဲ….နဲနဲ ဖင်ခါ အမြှီးလိုတာထက်ပိုလှုပ် အူယားဖားယား စီးကြိုနေပ...
18/05/2026

ဘသူ့မှ အဖတ်မလုပ် ချေမိုးနေရင် ခွေးမကြီး မှန်မှန်ကန်
ကန်နေလို့ပဲ….

နဲနဲ ဖင်ခါ အမြှီးလိုတာထက်ပိုလှုပ် အူယားဖားယား စီးကြိုနေပြီဆို တခုခု မဟုတ်တာ လုပ်ထားတာ သေချာနေပြီ…

အခုလည်း အူရွှင်နေလို့ အခန်းထဲ ဝင်ကြည့်တာ
သေးကွက်ကြီး…. တရားခံက ပုံပျက်နေပြီ ဘသူလည်းမေးစရာမလိုဘူး သေချာနေပါပြီ

မိုးရွာလို့ ဘစ်မကျန်တော့တဲ့ မန်နေဂျာခွေးမကြီး
17/05/2026

မိုးရွာလို့ ဘစ်မကျန်တော့တဲ့ မန်နေဂျာခွေးမကြီး

45 ရက်ကတည်းက မွေးထားတဲ့ မကွေးသူ Yu Ko လေးကို ပိုင်ရှင်ဖေဖေက ထိုင်းနိုင်ငံထိ ပြောင်းရွေ့ဖို့အတွက် ခရီးစဥ် ကြာချိန်အနည်းဆု...
16/05/2026

45 ရက်ကတည်းက မွေးထားတဲ့ မကွေးသူ Yu Ko လေးကို ပိုင်ရှင်ဖေဖေက ထိုင်းနိုင်ငံထိ ပြောင်းရွေ့ဖို့အတွက်
ခရီးစဥ် ကြာချိန်အနည်းဆုံး နဲ့ စိတ်အချရဆုံး ဖြစ်တဲ့ Air Cargo နဲ့ ပို့ပေး ဖြစ်ခဲ့ပါတယ်…..

Ygn to bkk က တနာရီပဲ လေယာဉ်စီးချိန် ကြာတဲ့အတွက်
Yu Ko လေးတို့လို့ အကြီးမျိုး ပိုင်ရှင်မိဘတွေ အတွက်
ကတော့ Air cargo နဲ့ ပို့တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

လှပပြီး သာယာတဲ့ ချင်းမိုင် (Chiang Mai) မြို့လေးမှာ ဖေဖေ မေမေတို့နဲ့ အတူ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေကြောင်း Chacca’s မှ ဆုတောင်းပေးလိုက်ပါတယ်….

ခရီးစဉ်တစ်ခုလုံး အစကနေ အဆုံးအထိ
သမီးလေး Yu Ko ကို စိတ်ချလက်ချ ယုံကြည်စွာ လွှဲအပ်ပြီး Chacca’s Pet Haven ကို ရွေးချယ်ပေးခဲ့တဲ့အတွက် လည်းအထူးပင် ကျေးဇူးတင်ရှိပါတယ်။

International Pet Relocation အတွက်…

Chacca’s Myanmar Hotline - 09782979926
24 hrs Viber - +95 9782979926
WhatsApp - +959750391297
Bkk Hotline - +66 65 020 1200
Email - [email protected]
Web - https://chaccapetrelocation.com တို့ကနေ ဆက်သွယ်နိုင်ပါပြီ။

မိုးအေးလို့ အလုပ်မသွားချင်တဲ့ ခွေးမကြီး….
15/05/2026

မိုးအေးလို့ အလုပ်မသွားချင်တဲ့ ခွေးမကြီး….

သထေးမက ဘဲနဲ့ အလေလိုက်နေတော့ မန်နေဂျာက ရုံးမှာ ထင်တိုင်းကြဲနေတာ…
14/05/2026

သထေးမက ဘဲနဲ့ အလေလိုက်နေတော့
မန်နေဂျာက ရုံးမှာ ထင်တိုင်းကြဲနေတာ…

Address

Yangon

Telephone

+959777090722

Website

Alerts

Be the first to know and let us send you an email when Chacca's Pet Haven posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chacca's Pet Haven:

Share

Category