Woofs Pet Supplies

Woofs Pet Supplies Pet Food & Supplies

INSTOCK ပါရှင့် ☺️
13/08/2022

INSTOCK ပါရှင့် ☺️

📌 INSTOCK
08/08/2022

📌 INSTOCK

မြောင်မေမေနဲ့ဘေဘီလေးတို့အတွက် Royal Canin First Age Mother & Baby Cat လေးလဲ Instock ရှိပါတယ်ရှင့်

ဒီ Mother & Baby Cat လေးက

🐱 မြောင်မေမေရဲ့ကျန်းမာရေးနဲ့ မြောင်ဘေဘီလေးတွေကြီးထွားမှုအတွက်များစွာအထောက်အကူပေးပါတယ်ရှင့်
🐱အစာချေဖျက်စနစ်ကိုကောင်းမွန်စေပါတယ်

Royal Canin Mother & Baby Cat (400g) - 8,500 kyats

💵 အိမ်အရောက်ငွေချေ ရော Mobile Payment
ရောရပါတယ်ရှင့် (% ထပ်ပေးစရာမလိုပါဘူးရှင့်)
နယ်မြို့တွေဆိုရင်တော့ Prepaid ပါရှင့်

☎️ 095015700




08/08/2022
မြောင်တို့ ဝုတို့ အတွက် Instock ရှိတာလေးတွေ တင်ပေးလိုက်တယ်နော် 🐶🐱🦮RC Mini Indoor Adult (3kg) - 45,500RC Mini Puppy (800g...
30/07/2022

မြောင်တို့ ဝုတို့ အတွက် Instock ရှိတာလေးတွေ တင်ပေးလိုက်တယ်နော် 🐶🐱

🦮
RC Mini Indoor Adult (3kg) - 45,500
RC Mini Puppy (800g) - 17,500
RC Mini Indoor Adult (500g) - 9,500
RC Mini Adult (800g) - 15,500 (Out of stock)
RC Medium Adult (1kg) - 15,500
RC Maxi Starter (1kg) - 18,500
RC Maxi Puppy (1kg) - 17,500
RC Maxi Adult (1kg) - 15,500

🐈
RC Hair and Skin (400g) - 8,500
RC Fit 32 (400g) - 8,000
RC Mother and Baby Cat (400g) - 8,500
RC Sensible 33 (800g) - 8,500

📥Page Chat box မှာ မှာယူနိုင်ပါတယ်ရှင့်
🚚 Delivery service နဲ့ ရန်ကုန်မြို့တွင်းရော နယ်ကိုပါ ပို့ပေးပါတယ်ရှင့်
💵 အိမ်အရောက်ငွေချေရော Mobile Payment ပါရတယ်ရှင့် (% ထပ်ပေးစရာမလိုပါဘူးရှင့်)
နယ်မြို့တွေဆိုရင်တော့ Prepaid ပါနော်

☎️ 095015700

🇫🇷 Royal Canin Mini Series ထဲ က Mini Puppy လေးလဲ Instock ရောက်ပါပြီရှင့်🐶 Terrier, Sh*tzu, Pomeranian နဲ့ Chihuahua အမျိ...
18/07/2022

🇫🇷 Royal Canin Mini Series ထဲ က Mini Puppy လေးလဲ Instock ရောက်ပါပြီရှင့်

🐶 Terrier, Sh*tzu, Pomeranian နဲ့ Chihuahua အမျိုးအစားအတွက်သင့်တော်ပါတယ်ရှင့်
✅ ဒီ အစာခြောက်လေးက ကလေးတွေသွားဝါခြင်းကိုလျော့နည်းစေပါတယ်
💪🏼 Quality ကောင်းတဲ့ protein ဓာတ်တွေလဲပါဝင်တာမို့ ကိုယ်ခံအားလဲကောင်းစေပါတယ်ရှင့်

အသက် ၂လ မှ ၁၀လ အထိကျွေးလို့ရပါတယ်ရှင့်

Royal Mini Puppy (800g) - 17,500 kyats

📥 Page Chat box မှာဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်
🚚 Delivery service နဲ့ ရန်ကုန်မြို့တွင်းရော နယ်ကိုပါ ပို့ပေးပါတယ်
💵 အိမ်အရောက်ငွေချေရော Mobile Payment ပါရတယ်ရှင့် (% ထပ်ပေးစရာမလိုဘူးနော်)
နယ်မြို့တွေဆိုရင်တော့ Prepaid ပါရှင်

☎️ 095015700

ပြင်သစ် 🇫🇷 ထုတ် Royal Canin Mini Indoor Adult (3kg) လေး Instock ပါရှင့်💪🏼 လှုပ်ရှားမှုနည်းတဲ့ အိမ်တွင်းပုန်း ဝုပိစိလေးတိ...
06/07/2022

ပြင်သစ် 🇫🇷 ထုတ် Royal Canin Mini Indoor Adult (3kg) လေး Instock ပါရှင့်

💪🏼 လှုပ်ရှားမှုနည်းတဲ့ အိမ်တွင်းပုန်း ဝုပိစိလေးတို့ အတွက် သင့်တော်ပါတယ်ရှင့်
🦮 ဝမ်းအနံ့နံတာကိုလဲလျှော့ချပေးပါတယ်ရှင်
💁🏼‍♀️ ကျန်းမာလှပတဲ့ အမွေး နဲ့ အရေပြားတွေရရှိအောင်ပြုလုပ်ပေးပါတယ်
✅ သွားကျောက်တည်တာတွေကိုကာကွယ်ပေးပြီး ခံတွင်းကျန်းမာရေးအတွက်အထူးကောင်းမွန်စေပါတယ်
📌 အသက် ၁၀လ မှ ၈နှစ်အထိကျွေးလို့ရပါတယ်ရှင့်

🤔 အထုပ်ကြီးလဲဖြစ်လို့ ခဏခဏ ဝယ်စရာမလိုတော့ဘူးပေါ့

Mini Indoor Adult (3kg) - 45,500 kyats

📥မှာချင်တယ်ဆို Page Chat box ကိုလာလိုက်နော်
🚚 Delivery service နဲ့ ရန်ကုန်မြို့တွင်းရော နယ်ကိုပါ ပို့ပေးပါတယ်
💵 အိမ်အရောက်ငွေချေရော Mobile Payment ပါရတယ်ရှင့် (% ထပ်ပေးစရာမလိုဘူးနော်)
နယ်မြို့တွေဆိုရင်တော့ Prepaid ပါရှင်

☎️ 095015700

🚨 FYI 🚨
28/06/2022

🚨 FYI 🚨

🐶ခွေးလေးတွေကို မကျွေးသင့်သော အစားအစာများ....

🥺..အညိုရောင်မျက်လုံးရွဲကြီးတွေနဲ့ သင့်ကိုကြည့်ပြီး သင့်အနားမှာ လာပြီး ပွတ်ကာသီကာချွဲနွဲ့နေတဲ့ ခွေးကလေးတွေကို သင်မချစ်ဘဲ နေနိုင်ပါ့မလား။ သင်ချစ်ရတဲ့ခွေးကလေးတွေကို အခြားသူတွေ နာကျင်အောင်လုပ်ရင်ကော သင်ခံနိုင်ပါ့မလား။ တခါတလေမှာ အမှတ်မထင်ဘဲ သင်ချစ်ရတဲ့ခွေးကလေးတွေကို သင်ကိုယ်တိုင် နာကျင်အောင် လုပ်မိတာမျိုးတွေ၊ သူတို့နဲ့မတည့်တဲ့အစာလေးတွေ ကျွေးမိတာမျိုးတွေ မတော်တဆဖြစ်တတ်ပါတယ်။ အဲလိုမျိုးတွေ မဖြစ်ရအောင် ဒီဆောင်းပါးလေးကို ဖော်ပြလိုက်ရပါတယ်။

*🍬🍭Xylitol ဓာတ်ပါဝင်သောစားစရာများ
သကြားလုံးတွေ၊ ပီကေတွေ၊ သွားတိုက်ဆေး၊ ဖုတ်ထားသောအစားအစာတွေစတဲ့စားစရာတွေမှာ အချိုများပြီး xylitol ဓာတ်ပါဝင်ပါတယ်။ အဲဒီ့အစားအစာတွေက သင့်ရဲ့ခွေးကလေးအတွက် သွေးထဲက သကြားဓာတ်ကို ကျဆင်းစေပြီး အသည်းကိုထိခိုက်စေနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ အော့အန်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းအပြင် အခြားဆက်စပ်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

*🥑ထောပတ်သီး
ခွေးကလေးတွေကို ထောပတ်သီးကျွေးမိတဲ့အခါ အော့အန်ခြင်းနဲ့ ဝမ်းလျောခြင်းကဲ့သို့ ပြဿနာတွေဖြစ်နိုင်ပါတယ်။ အကယ်၍များ သင့်အိမ်မှာ ထောပတ်သီးအပင်ရှိတယ်ဆိုရင် သင့်ခွေးကို အပင်နဲ့ဝေးဝေးမှာနေပါစေ။ ထောပတ်သီးမှာပါတဲ့ ဓာတ်တစ်မျိုး persin က ထောပတ်သီးရဲ့ အရွက်တွေ၊ အစေ့တွေနဲ့ သစ်ခေါက်တွေမှာ ပါဝင်ပါတယ်။ ထောပတ်သီးအစေ့က သင့်ခွေးရဲ့ အူတွေ၊ အစာအိမ်တွေထဲ ရောက်သွားမယ်ဆိုရင် အသက်ရှုလမ်းကြောင်းပိတ်ဆို့ပြီး သေစေနိုင်ပါတယ်။

*🥃အရက်
အရက်ကလည်း သင့်ခွေးရဲ့အသည်းထဲမှာ ဆိုးဝါးတဲ့သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဦးနှောက်လည်း ပျက်စီးနိုင်ပါတယ်။ ဘီယာ၊ ဝိုင်၊ အဖျော်ယမကာနဲ့ အယ်လ်ကိုဟောနဲ့ပြုလုပ်ထားသမျှ အစာတွေက အကုန်ဆိုးဝါးစေနိုင်ပါတယ်။ သင့်ခွေးကို အော့အန်စေမယ်၊ ထိုင်းမှိုင်းလေးလံစေမယ်၊ အသက်ရှုပြဿနာဖြစ်မယ်၊ ကိုမာကဲ့သို့ရောဂါမျိုးဖြစ်မယ်၊ အသက်သေဆုံးနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။

*🌰ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ၊ နီ ၂မျိုးလုံးကို အမှုန့်လုပ်ထားတာမျိုး၊ ကြော်ချက်ထားတာမျိုး စသည်တို့ကို သင့်ခွေးနဲ့ဝေးဝေးမှာထားပေးပါ။ ကြက်သွန်က သင့်ခွေးရဲ့ သွေးနီဥဆဲလ်တွေကို သတ်ပစ်လိုက်နိုင်ပါတယ်။ အဲဒါကြောင့် သွေးအားနည်း၊ ဖျော့တော့တဲ့ရောဂါမျိုးဖြစ်လာနိုင်ပါတယ်။ ရှားရှားပါးပါး အနည်းငယ်လောက်ကျွေးမိတာမျိုးက အဆင်ပြေကောင်းပြေနိုင်ပေမယ့် အလွန်အကျွံကျွေးမိတာမျိုးက အဆိပ်ဖြစ်စေပါတယ်။

*☕🍫ကော်ဖီ၊ လက်ဖက်ရည် နဲ့ အခြားကဖင်းဓာတ်ပါသောအစားအစာများ
ကိုကာကိုလာ၊ ချောကလက်၊ ခွန်အားဖြည့်အချိုရည်နဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေက သင့်ရဲ့ခွေးကို မကျွေးသင့်ပါဘူး။ အဲဒါတွေက အသက်အန္တရာယ်တောင်ထိခိုက်နိုင်ပါတယ်။ အနာသက်သာစေတဲ့ဆေးနဲ့ အဖျားပျောက်ဆေးတစ်ချို့မှာ ကဖင်းဓာတ်တွေပါဝင်နေတတ်ပါတယ်။ အကယ်၍များ သင့်ခွေးကို ကဖင်းပါတဲ့အစားအစာတွေ ကျွေးမိနေတယ်ဆိုရင် တိရိစ္ဆာန်ဆရာဝန်နဲ့ အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်မြန်ပြလိုက်ပါ။

*🍇စပျစ်သီးနဲ့ စပျစ်သီးခြောက်များ
စပျစ်သီးနဲ့ စပျစ်သီးခြောက်တွေ ကျွေးခြင်းက သင့်ခွေးရဲ့ကျောက်ကပ်ကို ထိခိက်စေနိုင်ပါတယ်။ ပမာဏအနည်းငယ်လေးသာ ကျွေးမိတယ်ဆိုရင်တောင် ဖျားနာခြင်းဖြစ်စေနိုင်ပါတယ်။ အော့အန်ခြင်းက ပထမဆုံးပြတဲ့လက္ခဏာပါပဲ။ ရက်အနည်းငယ်ကြာတဲ့အခါ သင့်ခွေးက စိတ်ဓာတ်ကျခြင်းနဲ့ နှေးကွေးလေးလံထိုင်းမှိုင်းလာပါလိ့မ်မယ်။

*🥛နို့နဲ့ အခြားနို့ထွက်ပစ္စည်းများ
ပူပြင်းတဲ့နေ့တွေမှာ သင့်ခွေးကို ရေခဲမုန့်တွေကျွေးမိနေသလား။ သူ့ကို ရေတိုက်မယ့်အစား နို့နဲ့ နို့်ကိုအခြေခံထားတဲ့အစားအစာများက ဝမ်းလျောခြင်းနဲ့ အခြားအစာခြေစနစ်နဲ့ဆိုင်သောပြဿနာတွေဖြစ်စေပါတယ်။ ထိုအစားအစာတွေက သူတို့အတွက် အလာဂျီဖြစ်စေပြီး ယားယံစေနိုင်ပါတယ်။

*🍖အဆီတွေနဲ့ အရိုးတွေ
အသားက ရတဲ့အဆီတွေနဲ့ အရိုးတွေက ချက်ပြုတ်ထားတာပဲဖြစ်စေ၊ မချက်ပြုတ်ထားတာပဲဖြစ်စေ သင့်ရဲ့ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ ထိုအစာတွေက သူတို့ရဲ့ ပန်ကရိယကို ထိခိုက်စေပါတယ်။ ပုံမှန်လိုမျိုး အရိုးတွေကျွေးနေကျဆိုပေမယ့် အရိုးလေးတွေက သူ့ကို အသက်ရှုကြပ်စေနိုင်ပါတယ်။ သစ်သားစတွေ ရှသလိုမျိုး သူ့ရဲ့လည်ချောင်းကို ရှစေနိုင်ပြီး ပိတ်ဆို့စေတတ်ပါတယ်။

*🍐တည်သီး၊ သစ်တော်သီးနဲ့ ဆီးသီးတွေ
ထိုအသီးတွေက အစေ့တွေကြောင့်သူတို့ကို ထိခိုက်နိုင်ပါတယ်။ သူတို့ရဲ့အူထဲမှာ ပိတ်ဆို့စေနိုင်ပါတယ်။ သစ်တော်သီးနဲ့ ဆီးသီး တွေမှာ Cyanide ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် သူတို့လေးတွေကို အဆိပ်ဖြစ်စေပါတယ်။

*🥚ဥအမျိုးမျိုး
မချက်ပြုတ်ထားတဲ့ ဥတွေကို ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ မချက်ပြုတ်ထားတဲ့ဥတွေကနေ ဘက်တီးရီးယားတွေကြောင့် အစာ အဆိပ်ဖြစ်စေနိုင်ပါတယ်။

*🥩🍣အသားစိမ်း ၊ ငါးစိမ်းများ
ဥတွေလိုမျိုးပဲ အသားစိမ်း၊ ငါးစိမ်းတွေကို သင့်ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ ဆော်လမွန်၊ ထရောက်၊ ပင်လယ်ငါး၊ ငါးကြင်း စတဲ့ အစာတွေကို အစိမ်းကျွေးမိတဲ့အခါ အစာအဆိပ်ဖြစ်စေနိုင်ပါတယ်။ အသားတို့၊ ငါးတို့မှာ ကပ်ပါးကောင်တွေသေစေဖို့အတွက် ကျက်အောင်ချက်ပြုတ်ပြီးမှ ကျွေးသင့်ပါတယ်။

*🧂ဆား
ဆားများတဲ့အစားအစာများကို သင့်ခွေးလေးတွေကို မကျွေးသင့်ပါဘူး။ ဆားများတဲ့အစားအစာကို စားမိတဲ့အခါ သူတို့မှာ ရေငတ်တာမျိုးဖြစ်စေနိုင်ပါတယ်။ ဆားများတဲ့အစားအစာတွေ အစားများတဲ့အခါ အော့အန်ခြင်း၊ လေးလံခြင်း၊ ကိုယ်အပူချိန်တိုးခြင်း စတဲ့ပြဿနာတွေအပြင် အသက်သေဆုံးခြင်းအထိဖြစ်စေနိုင်ပါတယ်။

*💊သောက်နေကျဆေးဝါးများ
လူတွေသောက်သုံးတဲ့ဆေးဝါးတွေကို ခွေးလေးတွေကို မတိုက်သင့်ပါဘူး။ သင့်ကလေးအတွက် ထားထားတဲ့ဆေးတွေကိုလည်း ခွေးလေးတွေ မရောက်နိုင်တဲ့နေရာမျိုးမှာ ထားသင့်ပါတယ်။ တစ်ချို့သောဆေးဝါးတွေက သင့်ခွေးလေးတွေကို သေဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။

အထက်ပါအချက်လေးတွေကို မှတ်ထားပြီး မတော်တဆ ကျွေးမိတာမျိုး ၊ သင်ချစ်တဲ့ခွေးလေးတွေကို အန္တရာယ်ဖြစ်စေတာမျိုးမဖြစ်ဖို့ ဂရုစိုက်လိုက်ပါနော်။


Quality ကောင်းတဲ့ ပြင်သစ်နိုင်ငံ 🇫🇷 ထုတ် Royal Canin Maxi Starter (1kg) လေး Instock ရောက်ပြီနော်ဒီ RC Maxi Starter လေးက ...
28/06/2022

Quality ကောင်းတဲ့ ပြင်သစ်နိုင်ငံ 🇫🇷 ထုတ် Royal Canin Maxi Starter (1kg) လေး Instock ရောက်ပြီနော်

ဒီ RC Maxi Starter လေးက ဝု မိခင် နဲ့ ကလေးတို့အတွက်
💪🏼 ကျန်းမာသန်စွမ်းပြီးကိုယ်ခံအားကောင်းစေပါတယ်
✅ဦးနှောက်ဖွံ့ဖြိုးမှုကိုလဲ အထောက်အကူပေးပါတယ်ရှင့်
💁🏼‍♀️ အစာခြေဖျက်စနစ် ကောင်းမွန်စေပါတယ်
✅ ဝု မေမေတို့ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ကျွေးချိန် နဲ့ ကလေးတွေ အသက် ၂လ အထိကျွေးနိုင်ပါတယ်ရှင့်

Maxi Starter (1kg) - 18,500 kyats

📥Page Chat box မှာ မှာယူနိုင်ပါတယ်ရှင့်
🚚 Delivery service နဲ့ ရန်ကုန်မြို့တွင်းရော နယ်ကိုပါ ပို့ပေးပါတယ်ရှင့်
💵 အိမ်အရောက်ငွေချေရော Mobile Payment ပါရတယ်ရှင့် (% ထပ်ပေးစရာမလိုပါဘူးရှင့်)
နယ်မြို့တွေဆိုရင်တော့ Prepaid ပါနော်

☎️ 095015700

ပြင်သစ်နိုင်ငံ 🇫🇷 ထုတ် Royal Canin Medium Adult (1kg) လေး Instock ဝယ်ယူနိုင်ပါပြီရှင့်💪🏼 Protein 26% တောင်ပါဝင်တာမို့ ကိ...
26/06/2022

ပြင်သစ်နိုင်ငံ 🇫🇷 ထုတ် Royal Canin Medium Adult (1kg) လေး Instock ဝယ်ယူနိုင်ပါပြီရှင့်

💪🏼 Protein 26% တောင်ပါဝင်တာမို့ ကိုယ်အလေးချိန်နဲ့ ကိုယ်ခန္ဓာအတွက်လဲကောင်းမွန်စေပါတယ်
🦮 အသက်ကြီးတဲ့အာဝုတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျောက်ကပ်ဆိုင်ရာရောဂါ၊ခြေဆစ်နာခြင်း၊ရောင်ခြင်း မဖြစ်လာအောင်လဲ ကာကွယ်ပေးပါတယ်
💁🏼‍♀️Omega ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျန်းမာလှပတဲ့ အမွေး နဲ့ အရေပြားတွေရရှိအောင်လဲ ကူညီပေးပါတယ်ရှင်

Medium Adult (1kg) - 15,500 kyats

📥Page Chat box မှာ မှာယူနိုင်ပါတယ်ရှင့်
🚚 Delivery service နဲ့ ရန်ကုန်မြို့တွင်းရော နယ်ကိုပါ ပို့ပေးပါတယ်ရှင့်
💵 အိမ်အရောက်ငွေချေရော Mobile Payment ပါရတယ်ရှင့် (% ထပ်ပေးစရာမလိုပါဘူးရှင့်)
နယ်မြို့တွေဆိုရင်တော့ Prepaid ပါနော်

☎️ 095015700

နှစ်သစ်ကစပြီး မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အောင်ပွဲဆင်နိုင်...
17/04/2022

နှစ်သစ်ကစပြီး မြန်မာပြည်သူပြည်သားများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ
မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အောင်ပွဲဆင်နိုင်သော မြန်မာနှစ်သစ်ဖြစ်ပါစေလို့ Woofs Pet Supplies Team မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

May this new year bring us closer to knowing the meaning of ‘freedom.’ 🕊

မတရားသောစစ်ရဲ့ဆိုးကျိုးတွေမှ လူသားတွေရော တိလေးတွေရော အမြန်ဆုံးအေးချမ်းရပါစေ 😔🙏🏼Photo crd goes to original owners
25/02/2022

မတရားသောစစ်ရဲ့ဆိုးကျိုးတွေမှ လူသားတွေရော တိလေးတွေရော အမြန်ဆုံးအေးချမ်းရပါစေ 😔🙏🏼

Photo crd goes to original owners

မြောင်တို့အာဝုတို့ကိုကိုမလိုချင်တော့ရင် လမ်းပေါ်မှာ မပစ်ကြပါနဲ့နော် လုံခြုံစိတ်ချရတဲ့မွေးစားသူတွေစီပဲပို့ပေးကြပါရှင့် 🥺
02/02/2022

မြောင်တို့အာဝုတို့ကိုကိုမလိုချင်တော့ရင် လမ်းပေါ်မှာ မပစ်ကြပါနဲ့နော်

လုံခြုံစိတ်ချရတဲ့မွေးစားသူတွေစီပဲပို့ပေးကြပါရှင့် 🥺

If you can't keep your pet anymore, come talk to us. You can discuss with our vets for health issues and also find a new responsible owner at Adopt Me Program.
PLEASE DON'T ABANDON YOUR PET.

Petunity
Sharing One World
petunity.net

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+9595015700

Website

Alerts

Be the first to know and let us send you an email when Woofs Pet Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Woofs Pet Supplies:

Share

Category