25/05/2025
-အခုလို ရာသီဥတု အကူးအပြောင်း ကာလတွေမှာ အဖြစ်များပြီး ကာကွယ်ဆေး မထိုးထားတဲ့ ကလေးတွေမှာ အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်နိုင်တဲ့ အတွက် အထူးဂရုစိုက်သင့်တဲ့ ရောဂါ နှစ်ခုအကြောင်း ဝေမျှပေးပါမယ်
FHV-1 (Feline Herpesvirus-1)
ကြောင်ရေယုန်ဗိုင်းရပ်စ် (သို့) ကြောင်နှာချေ/မျက်လုံးပြည်တည်ရောဂါ"
- ကြောင်တွေမှာ နှာချေ၊ မျက်လုံးပြည်တည်၊ အဖျားတက် တာတွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။
လက္ခဏာများ အနေနဲ့
- ပြင်းပြင်းထန်ထန် နှာချေခြင်း၊ နှာရည်ယိုခြင်း
- မျက်လုံးနာခြင်း၊ မျက်ရည်ပူများကျခြင်း
- အဖျားတက်ပြီး အားနည်းခြင်း တို့ကိုဖြစ်စေတတ်ပါတယ်။
FCV (Feline Calicivirus)
ကြောင်ပါးစပ်အနာဗိုင်းရပ်စ် (သို့) ကြောင်ချောင်းဆိုးရောဂါ
- ကြောင်တွေမှာ ပါးစပ်အနာ၊ လျှာနာ၊ အဆစ် နာတာတွေဖြစ်စေပါတယ်။ အသက်အန္တရာယ်ရှိပြီး ကြောက်စရာကောင်းတဲ့ရောဂါတစ်ခုပါ။
လက္ခဏာများ ကတော့
- ပါးစပ်အနာ(လျှာ၊ သွားဖုံး၊ နှုတ်ခမ်းတဝိုက်တွင် အနီစက်များဖြစ်ခြင်း)
- သွားရည်ကျခြင်း၊ အစာမျိုချရခက်ခြင်း
- ခြေထောက်နာ ပြီး လမ်းမလျှောက်နိုင်ခြင်း (အဆစ်ရောင်ခြင်း) ဖြစ်ပေါ်တတ်ပါတယ်။
ဒီလို လက္ခဏာ တွေ တွေ့ရပြီဆိုပါက နီးစပ်ရာ ဆေးခန်းတွင် ဆရာဝန်နဲ့ သွားရောက် ကုသသင့်ပါသည်။
အကောင်းဆုံးသော ကုသခြင်းမှာ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ပါတယ်။သို့သော် နေမကောင်းဖြစ်နေချိန်တွင် ကာကွယ်ဆေးကို လုံးဝ မထိုးရပါ။
ဒါ့ကြောင့် မိမိကြောင်လေးများကို အသက် ၂လခွဲ (သို့) သုံးလ သားတွင် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးပေးသင့်ပါတယ်။
- မိမိသည် ကြောင်အသစ်ဝယ်ပါက ၂ ပတ်ခွဲထားပါရောဂါကူးစက်နိုင်သောကြောင့် အခြားကြောင်များနှင့် မရောထားသင့်ပါ။
- ဒီရောဂါတွေက လူကို မကူးပါ၊ သို့သော် ကြောင်တစ်ကောင်မှ တစ်ကောင်ကို အလွယ်တကူကူးစက်နိုင်ပါတယ်။
- ကြောင်လေးတွေ နှာချေ/မျက်လုံးပြည်တည်နေပါက ဆေးခန်းအမြန်ပြပေးသင့်ပါသည်။
ဒါကြောင့် ကျတော်တို့ အနေနဲ့ ကြောင်လေးတွေကို ဒီရောဂါတွေကနေ ကာကွယ်ဖို့ ကာကွယ်ဆေးအချိန်မှန်ထိုး ဖို့ရန် အကြံပြုပါတယ်! 😊
-FHV-1 နဲ့ FCV က ကြောင်တွေအတွက် အဖြစ်များဆုံး ဗိုင်းရပ်စ်ရောဂါများ ဖြစ်ပြီး သေဆုံးနိုင်ခြေရှိ သောကြောင့် ကာကွယ်ဆေးထိုးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ် ခင်ဗျာ😽😽😽
🧰🚑🚑🚑House call service available အိမ်အရောက်ဆေးကုသ ဝန်ဆောင်မှု ပေးသည် 🦊💉💊🐶
☎️09798842524, 09771596557
🏡လိပ်စာကတော့ 🏡အမှတ် ၁၆၆/၄ သံသုမာလမ်းမကြီး သင်္ဃန်းကျွန်း သုဝဏ္ဏ ရေစက်မှတ်တိုင်အနီး MAB bank ရှေ့ထာဝရ တိရစ္ဆာန်ဆေးကုခန်း