Hamster World - Hamster Food & Snack Shop

Call Directions

Hamster World - Hamster Food & Snack Shop Myanmar Hamster Accessories Distributor 🐹💕
Whole Sale & Retail shop 🛍️🛒

📍Address- No.48/164လမ်း/တာမွေမြို့။🚏

30/10/2026

ဆိုင်ပိတ်ရက်လေးပါရှင့်🫶🏻💕

📢 Ninja Van / Royal ဖြင့် အိမ်အရောက်ပို့ဆောင်မှု ရယူသူများအတွက် အရေးကြီးအသိပေးချက် 📢ချစ်ရတဲ့ Hamsterworld Customer လေးမျ...
30/10/2026

📢 Ninja Van / Royal ဖြင့် အိမ်အရောက်ပို့ဆောင်မှု ရယူသူများအတွက် အရေးကြီးအသိပေးချက် 📢

ချစ်ရတဲ့ Hamsterworld Customer လေးများရှင့် 💗

ယခင်ကတည်းက ယခုအချိန်အထိ Ninja Van / Royal Delivery များဖြင့် ပို့ဆောင်ခဲ့သော Hamster Food, Accessories များတွင် အဆင်မပြေမှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်ရှင့်။

📌 ကြုံတွေ့ခဲ့ရသော ပြဿနာများမှာ

🐹 ဟမ်းစတားမုန့်၊ အစာထုပ်နှင့် အခင်းများ Delivery ရုံးတွင် ကြွက်ဖောက်ခံရခြင်း

🏠 ကြွေအိမ်၊ ကော်ပစ္စည်းနှင့် သစ်သားပစ္စည်းများ ကွဲကြေ၊ ပျက်စီးခြင်းတို့ ဖြစ်ပါတယ်။

အဆိုပါကိစ္စများအတွက် Delivery ရုံးများသို့ အကြိမ်ကြိမ် ဆက်သွယ်တင်ပြခဲ့သော်လည်း ပစ္စည်းများမှာ ၎င်းတို့၏ သတ်မှတ်ကန့်သတ်ထားသော ပစ္စည်းစာရင်းတွင် ပါဝင်နေသည့်အတွက် လျော်ကြေးပေး၍ မရနိုင်ကြောင်းသာ ပြန်လည်အကြောင်းကြားခဲ့ပါတယ်ရှင့်။

ယခင်ကတော့ မင်တို့ဆိုင်ဘက်မှ Customer များ နစ်နာမှုမရှိစေရန် ကိုယ်ပိုင်ငွေဖြင့် အစားထိုးလျော်ပေးခဲ့ပါတယ်။

သို့သော် ရရှိတဲ့အမြတ်ထက် ပစ္စည်းတန်ဖိုးနှင့် လျော်ကြေးကုန်ကျစရိတ်များက ပိုမိုများပြားလာပြီး အလားတူပြဿနာများလည်း ထပ်ခါထပ်ခါ ဖြစ်ပေါ်နေသောကြောင့် ဆိုင်ဘက်မှ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရခြင်းဖြစ်ပါတယ်ရှင့်။

🚨 အရေးကြီးအသိပေးချက်

ယခုမှစတင်၍ Ninja Van / Royal ဖြင့် အိမ်အရောက်ပို့ဆောင်မှု ရွေးချယ်သော Order များတွင် Delivery ပို့ဆောင်စဉ် ဖြစ်ပေါ်လာသည့် ပစ္စည်းကွဲကြေခြင်း၊ ပျက်စီးခြင်း၊ ကြွက်ဖောက်ခံရခြင်းနှင့် အခြားပျက်စီးဆုံးရှုံးမှုများအတွက် Hamsterworld ဆိုင်ဘက်မှ လျော်ကြေးပေးခြင်း၊ အစားထိုးပေးခြင်းများ ဆောင်ရွက်ပေးနိုင်တော့မည် မဟုတ်ပါရှင့်။

မင်တို့ဆိုင်ဘက်မှတော့ ပစ္စည်းများကို ပို့ဆောင်မပေးမီ သေချာစွာ စစ်ဆေးပြီး လုံခြုံစိတ်ချရအောင် အမြဲထုပ်ပိုးပေးလျက်ရှိပါတယ်ရှင့်။ 💗

🚚 ကားဂိတ်တင်ဖြင့် ပို့ဆောင်မှုကို အကြံပြုပါတယ်ရှင့်

ကြွေအိမ်၊ သစ်သားအိမ်၊ အစာနှင့် အခင်းပစ္စည်းများ အများအပြားမှာယူသူများအနေဖြင့် ကားဂိတ်တင်ဖြင့် ပို့ဆောင်မှုကို ဦးစားပေးရွေးချယ်ပေးကြဖို့ အကြံပြုပါတယ်ရှင့်။

အသုံးပြုခဲ့သော ကားဂိတ်များဘက်မှလည်း သတ်မှတ်စည်းကမ်းချက်များအရ ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် တန်ဆာခ၏ (၁၀) ဆအထိ လျော်ကြေးပေးသည့် အစီအစဉ်ရှိတာကြောင့် ပိုမိုစိတ်ချရပါတယ်ရှင့်။ 💕

Customer လေးများအနေဖြင့် မိမိတို့၏ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ရရှိနိုင်စေရန် ပို့ဆောင်မှုနည်းလမ်းကို သေချာရွေးချယ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။

အမြဲအားပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ 🐹💗

With Love,
Hamsterworld 🐹💕

Green Tea set အလှလေး🍃🍀အစိမ်းလေးတွေကြိုက်လို့ သေချာလေး ရွေးဆင်ပြီး အားပေးသွားတဲ့ ကန်လေးပါရှင့်💚
28/10/2026

Green Tea set အလှလေး🍃🍀

အစိမ်းလေးတွေကြိုက်လို့ သေချာလေး ရွေးဆင်ပြီး အားပေးသွားတဲ့ ကန်လေးပါရှင့်💚


🎂🎁 Birthday အမှတ်တရ လက်ဆောင်အလှူလေး 🎁🎂💕 Hamsterworld ကို အမြဲယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့ Customer လေးတွေအားလုံးအတွက် သတင...
27/10/2026

🎂🎁 Birthday အမှတ်တရ လက်ဆောင်အလှူလေး 🎁🎂

💕 Hamsterworld ကို အမြဲယုံကြည်စွာ ဝယ်ယူအားပေးကြတဲ့ Customer လေးတွေအားလုံးအတွက် သတင်းကောင်းလေး လာပါပြီရှင့် 💕

လာမယ့် November 1 ရက်နေ့ လေးက မင်မင့်ရဲ့ အသက် 27 နှစ်ပြည့် မွေးနေ့လေး ဖြစ်ပါတယ်ရှင့်။ 🎂💗

ဒီနှစ်မွေးနေ့လေးမှာတော့ မင်မင်ချစ်ရတဲ့ Hamster ချစ်သူလေးတွေအတွက် အမှတ်တရအဖြစ် လက်ဆောင်အလှူလေးတစ်ခု ပြုလုပ်ပေးဖို့ စီစဉ်ထားပါတယ်ရှင့်။ 🐹🎁

Hamsterworld ရပ်တည်လာခဲ့တဲ့ ၅ နှစ်တာကာလအတွင်း လူကြိုက်အများဆုံးနဲ့ ရောင်းအားအကောင်းဆုံး Product လေးတစ်ခုဖြစ်တဲ့ Hamsterworld Local Daily Food လေးကို မွေးနေ့အမှတ်တရအဖြစ် လက်ဆောင်ပေးသွားမှာပါရှင့်။ 💕

🎀 လက်ဆောင်ပေးမယ့် အစီအစဉ်လေးကတော့…

📅 October 29, 30, 31 ရက်နေ့များအတွင်း Hamsterworld မှာ ပစ္စည်းမှာယူအားပေးကြတဲ့ Customer လေးတွေရဲ့ Order တိုင်းမှာ

🎁 Hamsterworld Local Daily Food (1 ထုပ်) စီကို မွေးနေ့အမှတ်တရ မေတ္တာလက်ဆောင်အဖြစ် ထည့်ပေးသွားမှာ ဖြစ်ပါတယ်ရှင့်။

စုစုပေါင်း အထုပ် 100 အထိ လက်ဆောင်အလှူလေး ပြုလုပ်ပေးဖို့ စီစဉ်ထားတာမို့ မင်မင့်ရဲ့ Customer လေးတွေအားလုံးကို တတ်နိုင်သလောက် လက်ဆောင်လေးတွေ ထည့်ပေးချင်ပါတယ်ရှင့်။ 🥹💗

ဒီလက်ဆောင်လေးက တန်ဖိုးကြီးမားတဲ့အရာ မဟုတ်ပေမယ့် မင်မင့်ရဲ့ မွေးနေ့လေးမှာ Hamster ချစ်သူလေးတွေနဲ့အတူ ပျော်ရွှင်မှုလေးတွေ မျှဝေချင်တဲ့ စိတ်ရင်းလေးနဲ့ ပြုလုပ်ပေးတာပါရှင့်။ 🎀

📢 ဆိုင်ပိတ်ရက် အသိပေးခြင်း

မင်မင့်ရဲ့ မွေးနေ့ဖြစ်တဲ့ November 1 ရက်နေ့ မှာတော့ Hamsterworld ဆိုင်လေးကို တစ်ရက်ပိတ်ထားမှာ ဖြစ်ကြောင်းလည်း ချစ်ရတဲ့ Customer လေးတွေကို ကြိုတင်အသိပေးပါရစေရှင့်။ 💕

Hamsterworld စတင်ရပ်တည်ခဲ့တဲ့ အချိန်ကနေ ဒီနေ့အထိ ၅ နှစ်တာကာလတစ်လျှောက်လုံး ယုံကြည်စွာ ဝယ်ယူအားပေးခဲ့ကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို မင်မင်က အမြဲတမ်း ကျေးဇူးတင်နေပါတယ်ရှင့်။ 🥹❤️

Hamsterworld လေး ဒီနေ့အထိ ရပ်တည်နိုင်ခဲ့တာလည်း ချစ်ရတဲ့ Customer လေးတွေရဲ့ ယုံကြည်မှုနဲ့ အားပေးမှုတွေကြောင့်ပါပဲ။

အခုလို မင်မင့်ရဲ့ ပျော်ရွှင်စရာ မွေးနေ့လေးမှာ ကိုယ်ချစ်ရတဲ့ Customer လေးတွေကိုလည်း ပျော်ရွှင်မှုလေးတွေ ပြန်လည်မျှဝေခွင့်ရလို့ ဝမ်းသာမိပါတယ်ရှင့်။ 🎂🐹💕

With Love,
Hamsterworld 🐹💗

26/10/2026

ပစ္စည်းသစ်တွေ အကုန်အရမ်းကြိုက်နေရောပဲ 😍


အသစ်လေးတွေ🥰💖Hamster အတွက် လိုအပ်တာတွေအစုံ ဆက်တိုက်ရောက်ထားလို့ ကန် ဆင်မည့်သူများအတွက် အသစ်အဆန်းတွေအများကြီးရှိပါမယ်ရှင့်...
26/10/2026

အသစ်လေးတွေ🥰💖

Hamster အတွက် လိုအပ်တာတွေအစုံ ဆက်တိုက်ရောက်ထားလို့ ကန် ဆင်မည့်သူများအတွက် အသစ်အဆန်းတွေအများကြီးရှိပါမယ်ရှင့်🎀


Hamster Daily food တွေ အစုံဆိုင်မှာပြန်ရောက်ပါပြီရှင့်🥕၁နှစ်အောက် ဟမ်းလေးတွေနဲ့ ၂နှစ်အထက် ဟမ်းစတားလေးတွေအတွက် လဲ Probiot...
24/10/2026

Hamster Daily food တွေ အစုံဆိုင်မှာပြန်ရောက်ပါပြီရှင့်🥕

၁နှစ်အောက် ဟမ်းလေးတွေနဲ့ ၂နှစ်အထက် ဟမ်းစတားလေးတွေအတွက် လဲ Probiotic food လေးတွေ stock အပြည့်ပြန်ပါ ပါပြီရှင့်🍃


ငလက်မလေးတွေရောက်ပါပြီရှင့်….😍💖 အပြင်မှာ လက်မလောက်ပဲရှိတယ် တကယ်သေးသေးလေးရယ် အသည်းတွေယားလိုက်တာဆိုတာလေတကယ်အူယားစရာလေးတွေ ဒ...
23/10/2026

ငလက်မလေးတွေရောက်ပါပြီရှင့်….😍💖

အပြင်မှာ လက်မလောက်ပဲရှိတယ် တကယ်သေးသေးလေးရယ် အသည်းတွေယားလိုက်တာဆိုတာလေတကယ်အူယားစရာလေးတွေ ဒီတစ်ညတော့အနားပေးလိုက်ဦးမယ်…🥰

Stock ကုန်နေတာလေးတွေ ပြန်ရောက်ထားပါတယ်ရှင့်❤️ပစ္စည်းတွေ အကုန် မင်မင်မဖောက်အာသေးလို့ ထပ်ပါသေးတာတွေလဲ နောက်နေ့ထပ်တင်ပေးပါမ...
22/10/2026

Stock ကုန်နေတာလေးတွေ ပြန်ရောက်ထားပါတယ်ရှင့်❤️

ပစ္စည်းတွေ အကုန် မင်မင်မဖောက်အာသေးလို့ ထပ်ပါသေးတာတွေလဲ နောက်နေ့ထပ်တင်ပေးပါမယ်ရှင့် ❤️

သတင်းကောင်းလေးတစ်ခုပါ ထည့်ပြောပေးချင်ပါတယ် အရမ်းချစ်စရာကောင်းတဲ့ Dormouse လေးတွေ မနက်ဖြန်ည မင့်ဆီရောက်လာကြပါတော့မယ်ရှင့်🥰


Address

No. 48/164လမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
Yangon
007

Opening Hours

Monday 11:00 - 06:00
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Friday 09:00 - 20:30
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959953213160

Website

Alerts

Be the first to know and let us send you an email when Hamster World - Hamster Food & Snack Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category