Turtles & Tortoises Planet - Myanmar

Turtles & Tortoises Planet - Myanmar To share knowledge about Turtles & Tortoises

Baby Sulcata Tortoises are now available!!Pm for more details and pri-ceHave a nice day❤️ဆူကာတာလိပ်လေးတွေ ရပါပြီဗျ။ ရန်က...
20/06/2022

Baby Sulcata Tortoises are now available!!
Pm for more details and pri-ce
Have a nice day❤️
ဆူကာတာလိပ်လေးတွေ ရပါပြီဗျ။ ရန်ကုန် in stockပါ။
စျေ-းနှုန်းကို လာမေးလို့ရပါတယ်။

Happy World Sea Turtle Day🐢❤️        မင်္ဂလာပါခင်ဗျာ ဒီနေ့ကတော့ ပျော်ရွှင်စရာ ပင်လယ်လိပ်များနေ့ပဲဖြစ်ပါတယ်။         ဒီနေ...
16/06/2022

Happy World Sea Turtle Day🐢❤️

မင်္ဂလာပါခင်ဗျာ ဒီနေ့ကတော့ ပျော်ရွှင်စရာ ပင်လယ်လိပ်များနေ့ပဲဖြစ်ပါတယ်။
ဒီနေ့မှာ ကျွန်တော်ကနေ မြန်မာ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ ရှိနေတဲ့ ပင်လယ်လိပ်မျိုးစိတ်စာရင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
ပင်လယ်လိပ်မျိုးစိတ်တွေကို ဝိုင်းဝန်းထိန်းသိမ်းပေးကြပြီး မြန်မာ့ပင်လယ်ပြင်ကို တတ်အားသ၍ စောင့်ရှောက်ပေးကြဖို့ အားလုံးကို တောင်းဆိုပါတယ်။
ဒီလိုမျိုး မြန်မာ့ပင်လယ်ပြင်မှာရှိနေတဲ့ ပင်လယ်နေသတ္တဝါမျိုးစိတ်တွေအပြင် ရေပေါ်ရေအောက်သက်ရှိသတ္တဝါတွေရဲ့ မျိုးစိတ်ကို ခွဲခြားလေ့လာနိုင်ဖို့အတွက် ကျွန်တော်တို့ groupတွေကို Joinပေးဖို့/ Inviteပေးဖို့တောင်းဆိုချင်ပါတယ်။
https://www.facebook.com/groups/489765949013837/?ref=share_group_link

https://www.facebook.com/groups/1068174120446036/?ref=share_group_link

*သာယာသောနေ့လေးဖြစ်ပါစေ*

Photo credit to
-Thanda Ko Gyi/ Myanmar Ocean Project
-Original owners

Happy World Turtles Day🐢Turtle IDBurmese Painted Terrapin/ Burmese Roofed Turtle-Batagur trivittata-မြန်မာ့ဂုဏ်ဆောင်တိုက...
23/05/2022

Happy World Turtles Day🐢

Turtle ID
Burmese Painted Terrapin/ Burmese Roofed Turtle
-Batagur trivittata
-မြန်မာ့ဂုဏ်ဆောင်တိုက်လိပ်/ လိပ်ခုံး

Photo crd:

Baby Sulcata Tortoises are arrived 💓Cb for more information 💓One head- 1️⃣ #️⃣ #️⃣ #️⃣ #️⃣ #️⃣အကောင်လေးတွေ ရန်ကုန်မှာပါဗ...
10/05/2022

Baby Sulcata Tortoises are arrived 💓
Cb for more information 💓
One head- 1️⃣ #️⃣ #️⃣ #️⃣ #️⃣ #️⃣
အကောင်လေးတွေ ရန်ကုန်မှာပါဗျ၊ စိတ်ဝင်စားတဲ့သူများရှိရင် Chat box ကနေ လာမေးနိုင်ပါပြီ။ 😛🐢ကမ္ဘာ့တတိယအကြီးဆုံးလိပ်လေးတွေရဲ့ပိုင်ရှင်ဖြစ်လို့ရပါပြီ။

အခွံပြား စင်းရှောရေလိပ်များGenus - Lissemys English Name - Flapshell Turtles မြန်မာတစ်နိုင်ငံလုံးမှာတွေ့ရတဲ့ Burmese Fla...
21/04/2022

အခွံပြား စင်းရှောရေလိပ်များ
Genus - Lissemys
English Name - Flapshell Turtles

မြန်မာတစ်နိုင်ငံလုံးမှာတွေ့ရတဲ့ Burmese Flapshell Turtleကို စင်းရှောလိပ်လို့ခေါ်ပြီး Scientific Nameအရ Lissemys scutata ဖြစ်ပါတယ်။

အိန္ဒိယနယ်စပ် ဘင်္ဂလာဒေ့ရှ်နယ်စပ်ဖြစ်တဲ့ ရခိုင်ပြည်တို့ချင်းပြည်တို့မှာပဲ တွေ့ရတဲ့လိပ်မျိုးကို
Indian Flapshell Turtle ၊ ပြောက်စင်းရှောလို့ခေါ်ပါတယ် ၊ သူ့ရဲ့ Scientific Nameက Lissemys punctataဖြစ်ပါတယ်။

ကွာခြားချက်က အဝါတောက်တောက်အစက်ပြောက်တွေ ပါတာနဲ့မပါတာဘဲ ကွာပါတယ်။ မြန်မာစင်းရှောလိပ်က ဘာမှမပါဘဲ ပြောင်ဖြစ်နေပြီး အိန္ဒိယ စင်းရှောလိပ်မှာ အစက်​ပြောက်ဝါတွေပါပါတယ်။

အခွံပျော့လည်းမပျော့ မာလည်းမမာတဲ့ အခွံပြားလိပ်အုပ်စုကို Genus- Lissemys လို့ခေါ်ပြီး
Lissemysတွေက ရှေ့ခြေမှာ ဖွင့်နိုင်ပိတ်နိုင်တဲ့ ပတ္တာပါတယ်။ နောက်ခြေမှာတော့ ပတ္တာမပါတော့ပါဘူး။

Lissemys scutata မြန်မာစင်းရှောလိပ်တွေဟာ မြန်မာမျိုးရင်းလိပ်တွေဖြစ်ပြီး တခြားနိုင်ငံတွေမှာမတွေ့ရပါဘူးဗျ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ မြစ်ချောင်းအင်းအိုင်တွေမှာတွေ့ရပြီး အသားစားတဲ့ရေလိပ်ဖြစ်ပါတယ်။ ❌ဘုရားကန်တွေမှာလို ကန်စွန်းရွက်နဲ့ပေါက်ပေါက် ကျွေးလို့ မရပါဘူးနော်❌

Lissemys punctata လို့ခေါ်တဲ့ Indian Flapshell Turtle ကတော့ အိန္ဒိယနိုင်ငံမျိုးရင်းဖြစ်တာမို့ မြန်မာနဲ့ အိန္ဒိယနယ်စပ်/ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်ရှိ မြစ်ချောင်းများ/ ချင်းပြည်တစ်ဝိုက်ရှိ ကုန်းနိမ့်ချောင်းများမှာတွေ့ရမှာဖြစ်ပါတယ်။ အရမ်းအေးတဲ့ဒေသတွေမှာတော့ မနေနိုင်ပါဘူးခင်ဗျ။ ဥအုရာသီမှာ ကုန်းပေါ်တက်ကြပြီး အချိန်အများစုကို ရေထဲမှာပဲကုန်ဆုံးတတ်ကြပါတယ်။ တောရွာဒေသတွေမှာ အစားအစာအဖြစ် စားသောက်နေမှုကြောင့် မကြာမီ ရှားပါးလာနိုင်တာမို့ ထိန်းသိမ်းပေးသင့်ပါတယ်ခင်ဗျ။

သူတို့ဟာ ကျူးကျော်မျိုးစိတ်တွေမဟုတ်ဘဲ မျိုးရင်းရေလိပ်လေးတွေဖြစ်တာမို့ ဘုရားကန်၊ ဘုန်းကြီးကျောင်းကန်တွေမှာ မလွှတ်သင့်ဘဲ လူသူဝေးတဲ့ ချောင်းစပ် ၊ မြစ်စပ်တွေမှာပဲ လွှတ်ပေးပါဗျ။
Photos crd to original owners



📌လိပ်တွေကိုမြင်ရင် ဘုရားကန်ထဲမလွှတ်ဘဲ သဘာဝထဲ လွှတ်ရမှာကိုတော့သိပြီ၊ ဒါပေမယ့်ဘယ်လိုလိပ်တွေကို သဘာဝထဲ ပြန်မလွှတ်သင့်လဲ?🐢  ...
11/04/2022

📌လိပ်တွေကိုမြင်ရင် ဘုရားကန်ထဲမလွှတ်ဘဲ သဘာဝထဲ လွှတ်ရမှာကိုတော့သိပြီ၊ ဒါပေမယ့်ဘယ်လိုလိပ်တွေကို သဘာဝထဲ ပြန်မလွှတ်သင့်လဲ?🐢

လိပ်ပါးနီလို့ခေါ်တဲ့ (Red-Eared Slider)(Trachemys sp)တွေဟာ သဘာဝထဲကို လုံးဝကို ပြန်မလွှတ်သင့်တဲ့ လိပ်မျိုးစိတ်တွေဖြစ်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ( IUCN ) မှ ဖော်ပြထားတဲ့ ကမ္ဘာပေါ်တွင်အဆိုး ရွားဆုံးသော ကျူးကျော်မျိုးစိတ်စာရင်းတွင် ပါဝင်နေပြီး၊ သေချာဂရုမစိုက်နိုင်ဘဲ သဘာဝထဲပြန်လွှတ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တဲ့ မျိုးစိတ်တစ်ခုဖြစ်နေပါပြီ။

ဘာကြောင့် လိပ်ပါးနီတွေကို ဒီလိုမျိုး ပြစ်မှုတွေတပ်ပြီး ကျူးကျော်မျိုးစိတ်အဖြစ်သတ်မှတ်ရတာလဲဆိုရင် အလှမွေးမျိုးစိတ်ဖြစ်ပြီး အစာကွင်းဆက်မှာအရေးပါမှုမရှိတဲ့ လိပ်ပါးနီတွေဟာ သူတို့ရဲ့မျိုးရင်းနေရာဌာန(အမေရိကန်နိုင်ငံ)မဟုတ်ဘဲ တခြားနိုင်ငံ တခြားနယ်မြေတစ်ခုရဲ့ ဂေဟစနစ်ထဲကိုရောက်သွားတဲ့အခါမှာ မျိုးရင်းလိပ်တွေရဲ့ တာဝန်ကိုလုယူပါတော့တယ်။ မျိုးရင်းငါးမျိုးစိတ်တွေရဲ့ မျိုးပွါးနှုန်းကို လိုတာထက်မပိုစေဖို့ မျိုးရင်းလိပ်တွေက ထိန်းပေးနေတာပဲဖြစ်ပါတယ်၊ ဒီလိုမျိုး တည်ငြိမ်စွာလည်ပတ်နေတဲ့အစာကွင်းဆက်ဟာ လိပ်ပါးနီတွေဝင်ရောက်ကျူးကျော်လာတဲ့အခါမှာ ပျက်ယွင်းသွားရပါတယ်။

လိပ်ပါးနီတွေက မျိုးရင်းငါးတွေကို အလွန်အကြူးစားသောက်ကြတာကြောင့် မျိုးရင်းငါးအရေအတွက် တဖြေးဖြေးလျော့နည်းလာရပါတယ်၊ ဒါ့အပြင် မျိုးရင်းလိပ်တွေလည်း အစာဝဝလင်လင်မစားရတာကြောင့် ကြီးထွားနှုန်းတွေလျော့ကျရပါတယ်။ တစ်ဖက်မှာလည်း လိပ်ပါးနီအမတွေက မျိုးရင်းလိပ်တွေ ဥဝပ်မယ့် ဝပ်ကျင်းတွေမှာ ကျူးကျော်ပြီး ဥအုကြတာကြောင့် မျိုးရင်းလိပ်မတွေ ဝပ်ကျင်းပျောက်တဲ့ ကြက်တွေလိုဖြစ်ပြီး မျိုးဆက်ပြန့်ပွါးနှုန်းအလွန်လျော့ကျသွားရပါတယ်။ မျိုးရင်းရေလိပ်တွေရဲ့ နေပူဆာလှုံရာနေရာကို လုယူတာမျိုးတွေ၊ လိပ်အချင်းချင်း ရန်လိုနေရာလုတာတွေကိုပါ လုပ်တတ်ကြပါသေးတယ်။

လိပ်ပါးနီတွေဟာ ပတ်ဝန်းကျင်အသစ်မှာ အလွယ်တကူပဲ လိုက်လျောညီထွေပြောင်းလဲနေထိုင်နိုင်ကြပြီး ရာသီဉတုဒဏ်နဲ့ နိုင်ငံအများစုရဲ့ အပူချိန်ဒဏ်တွေကို ခံနိုင်တာကြောင့် မျိုးရင်းလိပ်တွေထက် သူတို့ကပိုမာတယ်လို့ပြောလို့ရပါတယ်၊ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ထဲကို သူတို့ဝင်ရောက်လာပြီဆိုရင် ထိခိုက်ရတဲ့သူတွေက အကြမ်းမခံနိုင်ဘဲ နုတဲ့ မျိုးရင်းလိပ်တွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး လိပ်ပါးနီတွေရဲ့ ကျူးကျော်မှုကိုခံရတဲ့ မျိုးရင်းလိပ်မျိုးစုတွေဟာ အလျင်အမြန်ပဲ မျိုးတုံးရပါတော့တယ်။ နောက်တစ်ချက်အရ ကျူးကျော်လိပ်ပါးနီတွေက မျိုးရင်းလိပ်များနဲ့ မိတ်လိုက်ကြတာကြောင့် မလိုလားအပ်တဲ့ အန္တရာယ်ရှိမျိုးကွဲတွေထပ်တိုးလာနိုင်ပါသေးတယ်။

ဒီလိုမျိုး အဖက်ဖက်ကနေ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နဲ့ အစာကွင်းဆက်ကို ဒုက္ခပေးနိုင်ပြီး မြန်မာမျိုးရင်းလိပ်တွေကို မျိုးသုဉ်းစေမယ့် လိပ်ပါးနီဟာ သဘာဝထဲ လုံးဝမလွှတ်သင့်ဘဲ တိရစ္ဆာန်ရုံ/ ဘုရားကျောင်းကန် စတဲ့ သဘာဝနဲ့မထိတွေ့ရမယ့် ကန့်သတ်နယ်မြေနဲ့သာနေသင့်ပါတယ်ခင်ဗျ။ အောက်ဖော်ပြပါပုံတွေဟာ Googleမှာဖော်ပြထားတဲ့ လိပ်ပါးနီပုံတွေဖြစ်ပါတယ်။ ဒီလိုလိပ်တွေကို ဖမ်းမိရင် သဘာဝထဲမလွှတ်ဖို့အလွန်အရေးကြီးပါတယ်။ မွေးထားရင်လည်း လိပ်လေးသက်ဆုံးတိုင်မွေးထားဖို့၊ မမွေးချင်တော့ရင် အလွယ်တကူမြစ်ချောင်းထဲကို မလွှတ်ဖို့ အထူးဂရုစိုက်စေချင်ပါတယ်။



မြန်မာ့မျိုးရင်းလိပ်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးမတုံးစေဖို့ကာကွယ်တားဆီးပေးရန်ရည်ရွယ်ပြီး၊ ကျွန်...
10/04/2022

မြန်မာ့မျိုးရင်းလိပ်မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးမတုံးစေဖို့ကာကွယ်တားဆီးပေးရန်ရည်ရွယ်ပြီး၊ ကျွန်တော်တို့မှ မျိုးရင်းလိပ်မျိုးစိတ်ခွဲခြားပေးတဲ့ Groupတစ်ခုကို WOMရဲ့ Groupခွဲတစ်ခုအဖြစ် ဖွင့်လှစ်ထားပြီးပြီဖြစ်ပါတယ်။ သဘာဝထဲမှာရှိတဲ့ မြန်မာ့မျိုးရင်းလိပ်များဟာ ဒေသအတော်များများမှာ ဒေသခံတွေရဲ့ ဖမ်းဆီးစားသောက်မှုဒဏ်၊ အမဲလိုက်မှုဒဏ်နှင့် နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင်ကုန်သွယ်မှုဒဏ်တွေကို ခံနေရပြီး မျိုးတုံးတော့မယ့် အန္တရာယ်ကိုကြုံတွေ့နေရပါတယ်။ ဒါ့အပြင် မျိုးရင်းလိပ်များအား တွေ့ရှိပြီဆိုရင် ဖမ်းပြီး ဘုရားကန်တွေမှာလွှတ်ပေးကာ သဘာဝနဲ့မကိုက်ညီအောင်ထားတာမို့ မျိုးဆက်ပြတ်ကာ ပေါပေါလောလောတွေ့ရတဲ့ လိပ်လေးတွေတောင် အခုလိုအချိန်မှာ ရှားပါးနေပါပြီ။ ဒီလိုဖြစ်ရပ်တွေကို နည်းပါးသွားအောင်ရည်ရွယ်ပြီး လိပ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေဝေမျှဖို့၊ IDခွဲခြားပေးဖို့နဲတစ်တပ်တစ်အားထိန်းသိမ်းစောင့်ရှောက်ပေးဖို့ရန် ရည်ရွယ်ပြီး Turtles & Tortoises of Myanmarကို ဖွဲ့ထားပါတယ်ခင်ဗျ။ Joinထားပြီး ကိုယ့်ပတ်ဝန်းကျင်မှာ လိပ်လေးတွေတွေ့ရင် ပို့စ်တင်ပြီး IDခွဲခိုင်းနိုင်ပါပြီခင်ဗျ။

Joinရန်Link 👇🏻👇🏻

https://www.facebook.com/groups/1068174120446036/

📌🐢ဘာလို့လိပ်တွေကို ဘုရားကန်ထဲမလွှတ်သင့်လဲ📌        လိပ်တွေမှာ ရေလိပ်နဲ့ ကုန်းလိပ်ဆိုပြီး အခြေခံအားဖြင့်နှစ်မျိုးရှိပါတယ်။...
02/04/2022

📌🐢ဘာလို့လိပ်တွေကို ဘုရားကန်ထဲမလွှတ်သင့်လဲ📌

လိပ်တွေမှာ ရေလိပ်နဲ့ ကုန်းလိပ်ဆိုပြီး အခြေခံအားဖြင့်နှစ်မျိုးရှိပါတယ်။ ကုန်းနေရေနေTerrapin မျိုးတွေရှိသေးပေမယ့် မြန်မာပြည်မှာ တွေ့ခဲတာမို့ သူတို့ကိုတော့ မပြောတော့ပါဘူးခင်ဗျ။ ဒီပို့စ်မှာတော့ လိပ်လေးတွေကို ဘာကြောင့်ဘုရားမှာမလှူသင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပထမဆုံး ရေလိပ်တွေအကြောင်းကို ပြောချင်ပါတယ်ခင်ဗျ၊ လိပ်တွေဟာ ဇီဝကမ္မလိုအပ်ချက်တွေအရ နေရောင်ခြည်ကနေ UVAနဲ့ UVBကိုရယူဖို့လိုအပ်ပါတယ် ။ Reptile တွေမွေးဖူးတဲ့သူတွေရှိရင် UVမီးသီးတွေတပ်ကြရတာကိုသိမှာပါ။ ရေလိပ်တွေလည်းreptile အုပ်စုဝင်တာမို့ သူတို့ဟာ ကုန်းပေါ်တက်ပြီး အခွံနဲ့အရေပြားတွေကနေတစ်ဆင့် နေရောင်ခြည်ကိုစုပ်ယူလေ့ရှိကြပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ရေလိပ်တွေကို ဘုရားကန်ထဲမှာလွှတ်လိုက်တဲ့အခါ သူတို့အတွက် တက်စရာ ကုန်းမရှိတော့တာမို့ နေရောင်ကို စုပ်ယူနိုင်ခြင်းမရှိတော့ပါဘူး။ နောက်တစ်ချက်က ရေလိပ်တွေဟာ ဥအုရာသီရောက်တဲ့အခါ ကုန်းပေါ်တက်ပြီး သဲသောင်ပြင်မှာ တွင်းတူး ဥအုကြရပါတယ်။ ဒီလိုအုနိုင်မှ သူတို့ဟာ မျိုးဆက်မပြတ်ဘဲ ဆက်လက်ပေါက်ဖွားရှင်သန်နေနိုင်ကြမှာပါ။ ဘုရားကန်တွေမှာ တစ်ခါတစ်ရံ ရှင်ဥပဂုတ္တရေလယ်ကျွန်းတွေရှိတတ်တာမို့ အဲ့ပေါ်တက်ပြီးနေရောင်စုပ်ယူနိုင်ရင်တောင်၊ သူတို့မျိုးပွါးဖို့အတွက်လိုအပ်တဲ့ သဲမြေမရှိတာမို့ သေချာပေါက် မျိုးဆက်မပွါးနိုင်တော့ပါဘူး။ မိတ်လိုက်နိုင်ရင်တောင် ဥအုနိုင်ဖို့ %ဟာအလွန်နည်းသွားပါပြီ။ ဘုရားကန်ထဲက ရေလိပ်တွေဟာ မျိုးဆက်ပြတ်ရခြင်း၊ မျိုးသုဉ်းရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ပါပဲ။

နောက်တစ်ခါကုန်းလိပ်တွေဘက်ကိုပြောပါ့မယ် အရင်တစ်နေ့က ကုန်းလိပ်တစ်ကောင်ကို ဘုရားရေကန်ထဲမှာလွှတ်ထားလို့ သဲတွေထဲမှာပေါက်နေတဲ့မြက်တွေကိုပါစားနေရတယ်လို့တင်ထားတာတွေ့ရပါတယ်။ ဒါကလုံးဝကိုမဖြစ်သင့်တဲ့အချက်ပါ ကုန်းလိပ်တွေဟာ ရေလည်းကျွမ်းကျင်စွာမကူးနိုင်သလို ရေလိပ်တွေစားသလိုလည်း အစာကိုမစားနိုင်ကြပါဘူး၊ မြန်မာမျိုးရင်းကုန်းလိပ်တွေက အသီးအရွက်စားတဲ့မျိုးတွေဖြစ်ပါတယ် ကုန်းလိပ်မှန်းရေလိပ်မှန်းသေချာမသိဘဲ ရေကန်ထဲမှာထည့်ထားတယ်ဆိုတာက လိပ်ကိုကယ်ထားတာမဟုတ်ဘဲ နှိပ်စက်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်သူတို့စားတဲ့အစားအသောက်ကိုလည်းမကျွေးဘဲ ပြီးစလွယ်ထားတာက လိပ်လေးအတွက် ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။ ရေလည်းမကူးတတ်တော့ တခြားရေလိပ်တွေလိုကျယ်ကျယ်ဝန်းဝန်းမနေရဘဲ ဒီနေရာကျဉ်းလေးမှာပဲလှည့်နေရမှာပါ။

အပေါ်က လိပ်တွေရဲ့အလေ့အထနဲ့ပတ်သက်ပြီးပြောပြတာပါ။ နောက်တစ်ချက်က အစားအသောက်ပါ၊ ဘယ်လိပ်မှ ဘုရားတွေမှာရောင်းနေတဲ့ ပေါက်ပေါက်စုပ်ကို မစားကြပါဘူးခင်ဗျာ။ တွေ့နေကျဖြစ်တဲ့ စင်းရှောလိပ်(Burmese Flapshell Turtle)/ အနားပျော့လိပ်(Softshell Turtle)မျိုးစိတ်တွေဟာ အသားစားမျိုးစိတ်တွေဖြစ်ပါတယ်။ ကိုယ်က ကုသိုလ်ရချင်လို့ ဘုရားက ငါးကန်မှာလွှတ်လိုက်ရင် အဲ့ဒီငါးတွေဟာ လိပ်တွေရဲ့ အစာလေးတွေဖြစ်သွားရပါပြီ။ ဒါဆို ကုသိုလ်ထက် အကုသိုလ်ပိုကြီးသွားရပါလိမ့်မယ်။ နောက်တစ်ချက်က အလှမွေးငါးတွေဖြစ်တဲ့ ရွှေငါးမျိုးစိတ်တွေ၊ ငါးကြင်းမျိုးစိတ်တွေဟာ မြစ်ငါးတွေနဲ့မတူဘဲ စားမိတဲ့လိပ်တွေကိုအဆိပ်ဖြစ်စေပါတယ်၊ ဒါကိုရှင်းပြရင်စာရှည်မှာမို့ဒီမှာရပ်လိုက်ပါ့မယ်။ ဒါကြောင့်မို့ အလှမွေးငါးတွေနဲ့ယှဉ်တွဲထားလို့မရဘူးဆိုတာလေးကိုတော့ သတိထားစေချင်ပါတယ်။ ဘုရားကန်တွေမှာရောင်းနေကြတဲ့ ပေါင်မုန့်ဖြတ်စ ကိတ်မုန့်ဖြတ်စတွေဟာလည်း နို့ထွက်ပစ္စည်းအနည်းနဲ့အများ ပါဝင်နေတတ်ကြတာမို့ လိပ်တွေနဲ့ မတည့်ပါဘူး၊ ရေလိပ်အတွက် အစာက မြစ်ငါးပဲဖြစ်တာမို့ တခြားဟာတွေကို ကျွေးနေခြင်းက မှားယွင်းတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။

ပုံထဲမှာဆိုရင် ပထမပုံမှာ ကုန်းလိပ်ကလေးကို ရန်ကုန်က ဘုရားတစ်ဆူမှာရှိတဲ့ ရေကန်ထဲထည့်ထားပါတယ်။ လိပ်လေးသွားစရာမြေမရှိဘဲ ကျောက်တုံးကြမ်းကြီးတွေပေါ်မှာနေနေရပါတယ်။ ဒုတိယပုံမှာ လိပ်တွေမစားတဲ့/ လိပ်နဲ့မတည့်တဲ့ ပေါင်မုန့်ဖြတ်စတွေနဲ့ ပေါက်ပေါက်စုပ်တွေကို အစာအဖြစ်ရောင်းနေတာပါ။ မည်သည့်စီးပွါးရေးကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။ ဒါကြောင့်မို့ အကယ်၍များ လိပ်လေးတွေမိထားလို့ လွှတ်ချင်ရင်ဖြစ်စေ၊ ဝယ်ပြီး လွှတ်မယ်ဆိုရင်ဖြစ်စေ လူသူမနီးတဲ့ မြစ်တွေချောင်းတွေမှာပဲ လွှတ်ပေးသင့်ပါတယ်။ လိပ်လေးတွေကို မျိုးဆက်ပြန့်ပွါးစေဖို့ ကူညီကယ်တင်ပေးပါခင်ဗျာ။ 🐢

ကျွန်တော်တို့ရဲ့ Group ကို Join ထားပြီး မြန်မာမျိုးရင်းမျိုးစိတ်တွေကို လေ့လာလို့ရပါတယ်။ https://www.facebook.com/share/g/1AB1UDF9ae/?mibextid=wwXIfr

Photos crd to original owner”Mr. Takahashi Ryu”

Amazing Turtle Friday 🐢Painted Terrapins-Batagur borneoensis(Brunei/ Indonesia/ Thailand/ Malaysia)Female- Forehead grey...
25/03/2022

Amazing Turtle Friday 🐢

Painted Terrapins
-Batagur borneoensis
(Brunei/ Indonesia/ Thailand/ Malaysia)

Female- Forehead grey
Male- Forehead white with red stripe between eyes

Photo crd to Google



ရက္ခိုင်တောင်လိပ်၊ လိပ်ပျင်း၊ ဗိုက်ဝါလိပ်၊ ဘီးကြားလိပ်English Name -Arakan Forest Turtle                           -Rakh...
19/03/2022

ရက္ခိုင်တောင်လိပ်၊ လိပ်ပျင်း၊ ဗိုက်ဝါလိပ်၊ ဘီးကြားလိပ်

English Name -Arakan Forest Turtle
-Rakhine Forest Turtle

Scientific Name - Heosemys depressa

ရခိုင်တောင်လိပ်တွေဟာ အလွန့်အလွန်ရှားပါးနေတဲ့ ရခိုင်ဒေသမျိုးရင်းရေလိပ်တစ်မျိုးပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရခိုင်ပြည်တစ်နေရာထဲမှာသာတွေ့ရပြီး ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ စစ်တကောင်းတောင်တန်းဒေသများ၊ ဧရာဝတီတိုင်းအနောက်ခြမ်းနဲ့ ချင်းပြည်နယ်တောင်ဖက်ခြမ်းတွေမှာလည်း အနည်းငယ်တွေ့ရပါတယ်။ တခြားသော Forest Turtle တွေလိုပဲ ကုန်းပေါ်မှာအနေများတဲ့ ရေလိပ်တစ်ကောင်ဖြစ်ပါတယ်။ ရခိုင်ရိုးမတောင်တန်းဒေသရှိ အပူပိုင်းအမြဲစိမ်းသစ်တော ဝါးတောတွေအနေများပါတယ်။ သစ်တုံးတွေကျောက်တုံးတွေပေါ်မှာ ကောင်းမွန်စွာ တွယ်ကုတ် သွားလာနိုင်ပြီး တစ်ခါတစ်ရံ ရိုးမထဲရှိ စမ်းချောင်းငယ်များ/ မြောင်းငယ်များမှာ တွေ့ရနိုင်ပါတယ်။ ဥအုနှုန်းနည်းပါးခြင်း၊ စားကျက်မြေနှင့်သစ်တောဝါးတောများပြုန်းတီးမှုကြောင့် သဘာဝနေရင်းအရပ်ဒေသများ ရှားပါးလာခြင်းနဲ့ အစားအစာအဖြစ် စားသောက်ခြင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်ရန်အလွန်နီးကပ်နေတဲ့လိပ်တစ်မျိုးလည်းဖြစ်ပါတယ်။

အစုံစားလိပ်ဖြစ်ပြီး မှို၊ အင်းစက်၊ ကျောရိုးမဲ့သတ္တဝါသတ္တဝါငယ်များ၊ ငါး၊ ပုစွန်၊ တောတွင်းတိရစ္ဆာန်အသေကောင်များ၊ သစ်သီးမှည့်များနဲ့ အရွက်တွေကိုကြိုက်ကြပါတယ်။ ရခိုင်လိပ်တွေက ငယ်စဉ်မှာ ရေထဲမှာနေရတာကြိုက်တတ်ကြပေမယ့် အသက်ကြီးလေ ကုန်းပေါ်နေကြလေပါ။ အရွယ်ရောက်ရခိုင်လိပ်တွေဟာ ကုန်းပေါ်မှာပဲနေကြပြီး အစားစားခြင်း၊ အိပ်ခြင်းနဲ့ ပုန်းခြင်းကို ကုန်းလိပ်တွေလိုပြုမူကြပါတယ်။ ညပိုင်းမှာတက်ကြွစွာအစားရှာတတ်ကြပြီး မိုးရာသီနဲ့ မိုးရွာတဲ့အချိန်တွေကိုနှစ်သက်ကြပါတယ်။ ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဥအုကြပြီး အုတဲ့ဥအရေအတွက်ဟာအလွန်နည်းပါတယ်၊ လိပ်မတစ်ကောင်ဟာ တစ်နှစ်အုရင် ၂ဥ ၃ဥလောက်ပဲအုနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ရခိုင်တောင်လိပ်တွေရဲ့ မျိုးဆက်ပြန့်ပွါးမှုဟာ အလွန်အားနည်းနေရတာပါ။

ရခိုင်လိပ်တွေရဲ့ ကျောခွံဟာပြားပြီး ထင်ရှားသော အလယ်စောင်းရှိပါတယ်။ ကျောခွံအညိုရောင်မှာ အနက်ရောင် စင်းကျားလေးတွေရှိပါတယ်။ ရင်ခွံဟာ အဝါရောင်အခံရှိပြီး တစ်ကွက်စီမှာ အနက်ရောက်အကွက်လေးတွေကိုတွေ့ရနိုင်ပါတယ်။အနက်ရောင်/ အညိုရင့်ရောင်ဦးခေါင်းရှိပြီး ဝိုင်းစက်ကြီးမားတဲ့မျက်လုံးအနက်ရောင်ရှိပါတယ်။ နောက်ခြေထောက်ဟာ အလွန်ကြီးမားပြီး သန်မာတာမို့ ကြက်တူရွေးလိပ်တွေလိုပဲ သစ်တုံးတွေကျောက်တုံးတွေပေါ်မှာ ဖက်တွယ်သွားလာနိုင်ပါတယ်။ တစ်နေ့လုံး ဝါးရွက်တွေအောက် သစ်ရွက်တွေအောက်မှာ ပုန်းနေတတ်ပါတယ်။ စိုစွတ်အေးမြတဲ့ရာသီဥတုကိုကြိုက်တတ်ပါတယ်။ မြိုလူမျိုးတွေနေထိုင်ကြတဲ့ ရခိုင်တောင်တန်းတွေမှာ အများစုတွေ့ရတယ်လို့လည်း သိရပါတယ်။ ဒေသခံတွေရဲ့ အစားအစာဖြစ်နေရတဲ့ ရခိုင်လိပ်တွေဟာ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်နေပါတယ်။

ကျွန်တော်တို့ရဲ့ Group ကို Join ထားပြီး မြန်မာမျိုးရင်းမျိုးစိတ်တွေကို လေ့လာလို့ရပါတယ်။ https://www.facebook.com/share/g/1AB1UDF9ae/?mibextid=wwXIfr

ပုံများအား Googleနှင့် Wikiမှ ရှာဖွေစုစည်းတင်ပြထားခြင်းဖြစ်သည်။



River Flying လေးတွေအကုန် sold outသွားပါပြီခင်ဗျ❤️ယုံကြည်စွာ အားပေးလို့ကျေးဇူးပါခင်ဗျာ❤️
09/03/2022

River Flying လေးတွေအကုန် sold outသွားပါပြီခင်ဗျ

❤️ယုံကြည်စွာ အားပေးလို့ကျေးဇူးပါခင်ဗျာ❤️

Hello...

Australia မျိုးရင်းလေးဖြစ်တဲ့
Pignosed River Flying Turtle လေးတစ်ကောင်ရနိုင်ပါမယ်ဗျ။ ပုံမှာပါတဲ့ကောင်လေးတွေပါ။ ၅ကောင်ကတော့ မတင်ခင်ကတည်းက Sold outသွားပါပြီ။

လိပ်ပျံလို့ခေါ်ပြီး ပင်လယ်လိပ်နဲ့ဆင်တဲ့ တစ်မျိုးထဲသော ရေချိုလိပ်မျိုးဖြစ်ပါတယ်။ ရေသန့် ရေအေးကိုကြိုက်တဲ့အပြင် ရေအနက်မြင့်မြင့်ကိုကြိုက်ကြပါတယ် ။ အစုံစားလိပ်မျိုးဖြစ်ပါတယ်။

Care Guide မတင်ရသေးတာမို့ အကျဉ်းချုံးပဲဖော်ပြလိုက်တာပါဗျ။ waiting time လေးရက်လောက်ပါ။
Zay- 1 # # # # #
စျေးအတိအကျနဲ့ တခြားသိချင်တဲ့ မေးခွန်းတွေအတွက် Page Cbကိုလာပေးပါခင်ဗျ။

https://en.m.wikipedia.org/wiki/Pig-nosed_turtle

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Turtles & Tortoises Planet - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category