AatasCat Myanmar

AatasCat Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AatasCat Myanmar, Pet Supplies, 197/B, Mingalar Road, (12) Ward, South Okkalapa Township, Yangon.

မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း************************************************မြန်မာပြည်တွင် အမေနေ့အဖြ...
15/01/2022

မြန်မာနိုင်ငံတွင် အမေများနေ့ ဖြစ်လာခြင်းအကြောင်း
************************************************

မြန်မာပြည်တွင် အမေနေ့အဖြစ် သတ်မှတ်ရာ၌ အမျိုးသား စာဆို စာရေးဆရာကြီး ဦးသော်ဇင်၊ စာရေးဆရာကြီး ဒဂုန်ဦးစန်းငွေ၊ စာရေးဆရာကြီး ဦးရန်အောင်၊ စာရေးဆရာကြီး တက်တိုး၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာမကြီး ဒေါ်စောမုံညင်း၊ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်စသည့် စာပေ ပညာရှင်များက ဆရာကြီးဦးသုခနှင့် တစ်စိတ် တစ်ဝမ်းတည်းပါဝင်ဆောင်ရွက်၍ ပြာသိုလပြည့်နေ့ တိုင်း ကို အမေနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ဆရာကြီး ဦးသုခသည် မိခင်ဖြစ်သူကို ကျိုက်လတ်တွင် ထားခဲ့ပြီး သားဖြစ်သူကို လွမ်းနေရသော မိခင်၏ ကြေကွဲ ခံစားချက်များသည် မြန်မာပြည်တွင် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီးဦးသုခ ရင်ထဲ၌ ကိန်းဝပ် အစပျိုးခဲ့ကြောင်း၊ ဆရာကြီးဦးသုခသည် ရင်ထဲမှ ခံစားချက်များကို ပရိသတ်များထံ လိုက်လံဟောပြော ကာ အမေ့မေတ္တာ ပြန့်ပွားရေးကို စတင် လှုံ့ဆော်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာကြီးဦးသုခ က အမေနေ့ အကြောင်း မိခင်မေတ္တာကို ဟောပြောစဉ် သီချင်းကိုလည်းဆို၊ ပြောလည်းပြော၊ ငိုလည်းငို၍ ဟောပြောစဉ် ပရိသတ် သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြောင်း မှတ်သား ခဲ့ဖူးသည်။

ပြာသိုလပြည့်နေ့တိုင်းကို အမေနေ့အဖြစ် ကျင်းပနိုင်ရန် စာပေပညာရှင်များက ကြိုးစားနေကြစဉ် (၁၉၉၅) ခုနှစ် တွင် မန္တလေးမှ အမေကိုမြတ်နိုးသူများက ဆရာကြီး ဦးသုခ အား အမေနေ့ သတ်မှတ်ပေးရန် ပူဆာ တိုက်တွန်း ခဲ့ခြင်းကြောင့် မန္တလေးမြို့တွင်ဆရာကြီး ဦးသုခ ကိုယ်တိုင် ဟောပြော၍ ပြာသိုလပြည့်နေ့ကို “အမေနေ့” အဖြစ် သတ်မှတ်ခဲ့သည်။

မူရင်းရေးသားသူ

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင့်🙏
02/01/2022

ပျော်ရွှင်ဖွယ် ကရင်နှစ်သစ်ကူးနေ့လေးဖြစ်ပါစေရှင့်🙏

၂၀၂၂ ခုနှစ် နှစ်သစ်အချိန်အခါ သမယမှစပြီး .....ချစ်မိတ်ဆွေများအားလုံး စီးပွား ဥစ္စာများ ဒီရေအလားတိုးပွားပြီး၊ စိတ်​၏ချမ်းသ...
31/12/2021

၂၀၂၂ ခုနှစ် နှစ်သစ်အချိန်အခါ သမယမှစပြီး .....
ချစ်မိတ်ဆွေများအားလုံး စီးပွား ဥစ္စာများ ဒီရေအလားတိုးပွားပြီး၊ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်🙏🙏🙏


🎅🏻🎄 Merry Christmas to You All🎄🎅🏻✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ 🎄ခရစ်စမတ် အချိန်အခါသမယလေးမှာ 🎄ချစ်မိတ်ဆွေများအားလုံး အေးချမ်းမှု၊...
24/12/2021

🎅🏻🎄 Merry Christmas to You All🎄🎅🏻
✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨ ✨

🎄ခရစ်စမတ် အချိန်အခါသမယလေးမှာ

🎄ချစ်မိတ်ဆွေများအားလုံး အေးချမ်းမှု၊ ပျော်ရွှင်မှုများ

ရရှိနိုင်စေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်


“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”•••••••••••••••••••••••••••••••••••••• ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လ...
18/11/2021

“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”
••••••••••••••••••••••••••••••••••••••

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်း လပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်း လပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏ အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့” ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။ သာမညဖလသုတ်တော်သည် ဒီဃနိကာယ်၊ သီလခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။

သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များ အတွက် ကြေးမုံမှန်ချပ်ကြီးတစ်ခုသဖွယ်ဖြစ်သည်။ ကိုယ်ကျင့်သီလရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်သည်။ သာမညဖလသုတ်သည် လူဒါယကာများအတွက် ပြဒါးချိန်ကြီးသဖွယ်ဖြစ်သည်။ မိမိတို့ ကိုးကွယ်နေသော ဆရာသမားတို့၏ ကျင့်ကြံမှု ဟုတ်၊ မဟုတ်၊ မှန်၊ မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်သည်။

အဇာတသတ်မင်းသားလေးသည် အသိဉာဏ် နုနယ်စဉ်အချိန် အရှင်ဒေဝဒတ်၏ စည်းရုံးမှုကို ခံရ၍ အရှင်ဒေဝဒတ်ကို အထင်ကြီးကာ ကိုးကွယ်ဆည်းကပ်မိလေသည်။ ဆရာကုန်မှားတော့ တစ်သံသရာလုံးမှောက် ဆိုသည့်အတိုင်း ဆရာတင်မှားမှုကြောင့် ဖခင် ဘုရင်ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီးမှားမိတော့သည်။ ဆင်းတု၊စေတီ၊ ဟောတရား စသည့်ကိုးကွယ်မှုတွေ များပြား ဖောင်းပွလွန်းသော ယခုလိုခေတ်ကြီးထိမှာ ကိုးကွယ်မှုဘက်က ဖောင်းပွလျှင် ကုသိုလ် တရားဘက်က ကြုံ့သွား၊ ကျစ်သွားတတ်သည် ကို သတိပြုရမည်ဖြစ်သည်။

အဇာတသတ်သည် ဖခင်ဘုရင်ဗိမ္ဗိသာရကို သတ်မိသည့်အချိန်မှစ၍ ညတိုင်အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်တော့သည်။ သူ့မျက်လုံးတွေကို လံှချက်ပေါင်း အရာအထောင်မက ထိုးဆွခြင်း ခံရသလို ဝေဒနာခံစားရသည်။ ထို ဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းမှ မစွမ်းနိုင်ဖြစ်နေသည်။

တန်ဆောင်မုန်းလပြည့် ညတစ်ညမှာ အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီဖြင့် ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်း မြူတိမ်သူရိန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပသဖြင့် ကြည်နူးသာယာဖွယ်ကောင်းလှသည့် တန်ဆောင်မုန်း လပြည့် ညအလှကို ကြည့်ရှုခံစားပြီး “မွေးလျော်ဖွယ်ကောင်းလှသော ညတစ်ညပါတကား၊ အလွန်လှပသော ညတစ်ညပါတကား ရှုချင်စဖွယ် ကောင်းလှသော ညတစ်ညပါတကား” ဟု တန်ဆောင်မုန်းလပြည့်ညအလှကို ချီးကျူးလေသည်။ အဇာတသတ်လည်း တကယ်တော့ အလှအပကို ခံစားတတ်သူတစ်ဦးဖြစ်တာကို တွေ့ရ၏။

အဇာတသတ်မင်းက “ယခုကဲ့သို့ သာယာလှပသော ညချမ်းမှာ အဘယ်ပညာရှိ ရဟန်းပုဏ္ဏားကို ချည်းကပ်ရလျှင် ကိုယ်တော်မြတ် စိတ်တော် ကြည်လင်နိုင်မည်နည်းး” ဟု မေးသောအခါ မှူးကြီးမတ်ကြီးတွေက သူတို့နီးစပ်ရာ တိတ္ထိဆရာကြီး ခြောက်ယောက်နာမည်တွေကို ပြောပြကြသည်။ ဘုရင်အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုသည် သမ္မာဒိဋ္ဌိတွေ မဟုတ်ကြဆိုတာကို သတိပြုမိသည်။

✦ပုရာဏကဿပဆရာကြီးက အကိရိယဝါဒ= ဘာမှလုပ်စရာမလိုဟူသော ဝါဒသမားဖြစ်သည်။ မလုပ် ၊မရှုပ် ၊မပြုတ်ဟူသော ဝါဒနှင့်တူသည်။

✦အဇိတကေသကမ္ဗလဆရာကြီးက နတ္ထိကဝါဒ= ဘာမှမရှိ ဟူသော ဝါဒသမားဖြစ်သည်။

✦မက္ခလိဂေါသာလဆရာကြီးက အဟေတုကဝါဒ= ကြောင်းကျိုးပယ် ဝါဒသမား ဖြစ်သည်။

✦ပကုဓ ကစ္စာယနဆရာကြီးက အကတဝါဒ= မပြုမပြင် ဝါဒသမား ဖြစ်သည်။ ပြုလည်းမပြု ၊ ပြင်လည်းမပြင်သူ ဖြစ်သည်။

✦သဉ္စယဗေလဋ္ဌဆရာကြီးက အမရာဝိက္ခေပဝါဒ= ဝေ့လည်ချောင်ပတ် ဝါဒသမားဖြစ်သည်။

✦နိကဏ္ဌနာဋပုတ္တဆရာကြီးက စာတုယာမသံဝရဝါဒ= စောင့်စည်းမှုလေးမျိုးဖြင့် ကံသုံးပါးကို ထိန်းထားသော ဂျိန်းဝါဒဖြစ်သည်။

အဇာတသတ်မင်းသည် အမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကကို မေးတော်မူရာ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်အထံသို့ ချဉ်းကပ်ဖို့ရန် ဆရာဇီဝကကို စီစဉ်စေသည်။ ဆရာဇီဝကက ဘုရင့်အနီးမှာ ယောက်ျားကိုယ်ရံတော် တစ်ယောက်မျှ မထားရှိဘဲ အမျိုးသမီးကိုယ်ရံတော်တပ်ကို ယောက်ျားအသွင် ဝတ်ဆင်စေပြီး လိုက်ပါစေသည်။ ဆင်မယဉ်သာ ငါးရာပေါ်၌ သက်တော်စောင့်အဖြစ် အမျိုးသမီးစစ်သည်တော် ငါးရာကို လိုက်ပါ စောင့်ရှောက်စေပြီး ဘုရားကျောင်းတော်သို့ သွားရန် စီစဉ်ပေးသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော အချိန်သည် တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန် ဖြစ်သည်။ ထိုအချိန်က ဘုရားရှင်သည် ရာဇဂြိုလ်မြို့ အနီး ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးလျက်ရှိသည်။

ဘုရားကျောင်း တော်သို့သွားသောအခါ -ညအခါ ဖြစ်သည်ကတစ်ကြောင်း၊ -တောရိပ်၊သစ်ရိပ် ဖုံးအုပ် နေသဖြင့် အမှောင်ဖုံးနေသည်က တစ်ကြောင်း၊ ထိုနှစ်ချက်ကြောင့် လိုက်ပါသူအားလုံး မီးရှူးး မီးတိုင် ကိုယ်စီထွန်းညှိပြီး သွားကြရသည်။ မီးရှူးမီးတိုင်ကို ပေါရာဏ ဝေါဟာရအားဖြင့် “တန်ဆောင်(တန်ဆောင်တိုင်)” ဟုခေါ်ဝေါ်သည်။ အဇာတသတ်နှင့် အခြံရံပရိသတ်တို့ တန်ဆောင်မုန်း လပြည့်ည၌ တန်ဆောင်တိုင်မီးထွန်းပွဲ ကျင်းပ ကြသကဲ့သို့ ဖြစ်သည်။ အဇာတသတ်ဘုရင်က ဘုရားရှင်ထံ ခွင့်ပန်ပြီး သူသိလိုသော အကြောင်းအရာများကို လျှောက်ထား လေသည်။

“ရှင်တော်မြတ်ဘုရား..လောကမှာ အတတ်ကြီး ဆယ့်ရှစ်ရပ်စသော အတတ်ပညာတို့သည် မျက်မှောက် လက်ငင်း အကျိုးတရားကို ခံစားရရှိနိုင်ပါသည်။ ရဟန်းပြုခြင်းဖြင့် မျက်မှောက်လက်ငင်း အကျိုး တရားကို ခံစားရရှိနိုင်ပါသလား ဘုရား။ တိတ္ထိဆရာကြီးခြောက်ဦးကို မေးဖူးပါသည်။ သူတို့အားလုံးက သူတို့ဝါဒကိုသာ တင်ပြ၍ ဝေ့လည်ချောင်ပတ် လုပ်ကြပါသည်ဘုရား။” ဟု သာမညဖလ-ရဟန်းပြုခြင်း၏ မျက်မှောက် လက်ငင်းအကျိုးကိုမေးလျှောက်သည်။

ဘုရားရှင်၏အဖြေကို ချုပ်၍တင်ပြရလျှင် “ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်း ရနိုင်သော အကျိုး” တို့မှာ- (၁)။ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ရခြင်းအကျိုး၊ (၂)။ အခွန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ရခြင်းအကျိုး၊ (၃)။ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်လေးပါးမှ ကင်းဝေးရခြင်း အကျိုး၊ (၄)။ ဒုစရိုက်တရားတို့ကိုရှောင်ကြဉ်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံရခြင်း အကျိုး၊ (၅)။ ပွဲသဘင်အမျိုးမျိုး၊ကစားပွဲအမျိုးမျိုး၊ မကောင်းသော စကားအမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခတွေမှ ကင်းလွတ်၍ မဇ္ဈိမသီလနှင့် ပြည့်စုံရခြင်း အကျိုး၊ (၆)။ နက္ခတ် ဗေဒင် ယတြာ ဆေးကုပေးခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံရခြင်းအကျိုး၊ (၇)။ ဣန္ဒြေခြောက်ပါးလုံး အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး၊ (၈)။ သတိနှင့်ပြည့်စုံခြင်း အကျိုး၊ (၉)။ သမ္ပဇဉ်ခေါ် ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းအကျိုး၊ (၁ဝ)။ သန္တောသ-စားဝတ်နေရေး ရောင့်ရဲနိုင်ခြင်းအကျိုး၊ (၁၁)။ နီဝရဏငါးပါးမှ ကင်းလွတ်ရခြင်းအကျိုး၊ (၁၂)။ ဈာန်တရားတွေ ရနိုင်ခြင်းအကျိုး၊ (၁၃)။ ဝိဇ္ဇာဉာဏ်ရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရခြင်းအကျိုး၊ အထက်ပါအကျိုးတရားတို့သည် သာမညဖလခေါ် ရဟန်းပြုသဖြင့် မျက်မှောက်လက်ငင်းရရှိနိုင်သော အကျိုးတရားတို့ဖြစ်ကြသည်။

အဇာတသတ်မင်းသည် သာမညဖလတရားတော်ကို နာကြားရသည့်အတွက် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားတော့သည်။ ပုထုဇဉ်တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်အဖြစ် ဧတဒဂ်ပေးမှတ်တမ်းတင်ခြင်းခံရသည်။ ဒုက္ခကြီးလေးသော မဟာအဝီစိငရဲ၌ မကျတော့ဘဲ၊ ဒုက္ခပေါ့ပါးသော လောဟကုမ္ဘီငရဲငယ်၌သာ ခံစားရတော့မည်။ နောင်အနာဂတ်ကာလ၌ “ဝိဇိတာဝီ အမြည်ဖင့် ပစ္စေကဗုဒ္ဓါတစ်ပါး” ဖြစ်ရမည်။ အဇာတသတ်မင်းသည် ပထမသံဂါယနာတင် ဒကာအဖြစ် ခံယူရသည်။ ဘုရားရှင်၏ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့သည်။ ဗုဒ္ဓသာသနာနှစ်ကို အတိအကျ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျသုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးဖြစ်သည်။ နောင်အခါ သီရိဓမ္မာသောက မင်းကြီးသည် အဇာတသတ်မင်း၏ စုဆောင်း ထားသော ဓာတ်တော်များကို ရှာဖွေ၍ စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားကိုးကွယ် သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓ ဘာသာဝင်များဖူးမြော်ကြရသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသော ပွဲတော်များသည် -တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ -ကထိန်သင်္ကန်း အလှူပွဲတော်၊ -မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊ -မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ -ကျီးမနိုး ပွဲတော်၊ -သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 【အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်】 Posted by► www.facebook.com/youngbuddhistassociation.mm

🌟✨ Happy Diwali ✨🌟✨✨✨✨✨✨✨✨✨ဒေဝါလီနေ့ (Diwali) သို့မဟုတ် ဒီပါဝလီ (Deepavali) နေ့မှာ ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်င...
04/11/2021

🌟✨ Happy Diwali ✨🌟
✨✨✨✨✨✨✨✨✨

ဒေဝါလီနေ့ (Diwali) သို့မဟုတ် ဒီပါဝလီ (Deepavali) နေ့မှာ ဟိန္ဒူဘာသာဝင်ညီကိုမောင်နှမများ အပေါ်ငြိမ်ချမ်း သာယာမှုများ ကျရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏

ကြောင်လေးတွေမှာ အပြစ်ရှိလား“””””””””””””””””””””””””””””””””””””””””””ကမ္ဘာပေါ်မှာ ကြောင်ချစ်သူလူတန်းစားတစ်ရပ် အခိုင်အမာ...
26/10/2021

ကြောင်လေးတွေမှာ အပြစ်ရှိလား
“””””””””””””””””””””””””””””””””””””””””””
ကမ္ဘာပေါ်မှာ ကြောင်ချစ်သူလူတန်းစားတစ်ရပ် အခိုင်အမာရှိပေမယ့် တစ်ကိုယ်ကောင်းဆန်တယ်၊ အလိုက်မသိဘူး၊ မချစ်တတ်ဘူးဆိုတဲ့ အချက်တွေကြောင့် ကြောင်လေးတွေကိုမှ သက်သက်အမြင်မကြည်သူ လူတန်းစားတစ်ရပ်ကလည်း ရှိနေသေးတာပဲမဟုတ်လား။ မုန်းချင်သူကတော့ မုန်းမှာပဲ ဆိုတဲ့အတိုင်း ကြောင်လေးတွေရဲ့ အဲ့ဒီလို မထီတထီအပြုအမူတွေကြောင့်ပဲ ကြောင်ချစ်သူတွေက ချစ်နေရပြန်တာပါပဲ။ ဒါပေမယ့် ကြောင်ချစ်သူတွေ ဂရုမစိုက်လို့မဖြစ်တဲ့ ပြစ်ချက်တစ်ခုကတော့ ကြောင်လေးတွေမှာ ရှိနေတယ်။

ဘယ်ဟာများပါလိမ့်။
______________________
အဲဒါကတော့ ကြောင်လေးတွေရဲ့ မစင်မှာပါလာတဲ့ ကပ်ပါးကောင်တစ်မျိုးက ဖြစ်စေတဲ့ တောက်ဇိုပလက်စ်မိုးဆစ် (Toxoplasmosis) ဆိုတဲ့ ရောဂါတစ်မျိုးကြောင့်ပါ။ ကပ်ပါးကောင်နာမည်ကတော့ Toxoplasma gondii ပေါ့။ Toxoplasmosis ရောဂါပိုးကူးစက်ခံရတဲ့အခါ ရောဂါလက္ခဏာမပြဘဲ ငုပ်နေပြီး ရောဂါပိုးအကူးခံလိုက်ရတယ်လို့တောင် မသိလိုက်တဲ့သူ၊ ရောဂါလက္ခဏာပြရင်လည်း သိပ်ပြီး ဆိုးဆိုးဝါးဝါး မခံစားရတဲ့သူ၊ အသက်ဆုံးရှုံးရတဲ့အထိ ရောဂါလက္ခဏာပြင်းထန်သူ စသဖြင့် လူရဲ့ကိုယ်ခံအားနဲ့ ပိုးကူးစက်ခံရမှု အနည်းအများအပေါ်မူတည်ပြီး ရောဂါရဲ့ပြင်းထန်ပုံ အဆင့်ဆင့်ကွာခြားပါတယ်။

ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ လည်ပင်းတဝိုက်က အကျိတ်လေးတွေရောင်တာ၊ ခေါင်းကိုက်တာ၊ ကိုယ်၊ လက် ကိုက်ခဲတာ၊ လည်ချောင်းနာတာ စတဲ့ အအေးပတ်ရင် ဖြစ်တတ်တဲ့ သာမန်ရောဂါဝေဒနာလေးတွေပဲ ဖြစ်ပေမယ့် အဲ့ဒီလိုပဲ တရှောင်ရှောင်နဲ့ တစ်လလောက် ကြာချင်ကြာနေတတ်ပြီး များသောအားဖြင့် သူ့အလိုလိုပဲ ပျောက်သွားတတ်ကြပါတယ်။

ဒါပေမယ့် ကိုယ်ခံအားနည်းတဲ့သူတွေမှာတော့ .....
.... ဦးနှောက်အမြှေးပါးရောင်ပြီး ခေါင်းကိုက်တာ၊ တက်တာ၊ ဦးနှောက်သေ ကိုမာဝင်တာ
.... အဆုတ်ကိုထိခိုက်ပြီး ချောင်းဆိုးတာ၊ အဖျားကြီးတာ၊ အသက်ရှုကြပ်တာ
.... မျက်လုံးကို ထိခိုက်ပြီး အမြင်ဝါးတာ၊ မျက်လုံးကိုက်တာ စတဲ့ ပြင်းထန်တဲ့ ရောဂါဝေဒနာတွေကို ခံစားရတတ်ပါတယ်။

Toxoplasmosis ရောဂါကူးစက်နိုင်ချေများတဲ့ နောက်ထပ်တစ်အုပ်စုကတော့ ကိုယ်ဝန်ဆောင်မိခင်နဲ့ သန္ဓေသားပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ဒီရောဂါပိုး ကူးစက်ခံရတဲ့အခါ ကိုယ်ဝန်ပျက်ကျတာ၊ ဒါမှမဟုတ် ကလေးအသေမွေးတာ ဒါမှမဟုတ် မိခင်ကနေတဆင့် သန္ဓေသားကို ကူးစက်တာ စသဖြင့် ဖြစ်စေတတ်ပြီး ကိုယ်ဝန်လနုစဉ်မှာကတည်းက ရောဂါကူးခံရလေ၊ ရောဂါလက္ခဏာ ပိုပြင်းထန်လေ ဖြစ်တတ်ပါတယ်။

ရောဂါပိုးကူးစက်ခံရတဲ့ သန္ဓေသားတွေဟာ မွေးပြီးပြီးချင်းမှာ ရောဂါလက္ခဏာမပြတတ်ကြပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အထက်ပါ ဦးနှောက်နဲ့ အမြင်အာရုံကို ထိခိုက်တဲ့ လက္ခဏာတွေ ပေါ်လာတတ်ပြီး နုနယ်တဲ့ ကလေးအသက်ဆုံးရှုံးရတဲ့အထိ ဆိုးလာတတ်ပါတယ်။ ရောဂါဒဏ်ကိုခုခံပြီး အသက်ရှင်သန်နိုင်ခဲ့တဲ့ ကလေးငယ်တွေမှာတောင် ဦးနှောက်၊ မျက်လုံး၊ အဆုတ်နဲ့ နှလုံးမှာ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ကျန်ရှိနေခဲ့တတ်ပြီး စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုနှောင့်နှေးတာ၊ အမြင်အကြားအာရုံချို့တဲ့တာ၊ အတက်ရောဂါစွဲကျန်ခဲ့တာ စတဲ့ ကြီးမားတဲ့ ထိခိုက်မှုတွေ ခံစားရတတ်ပါတယ်။

ဒီလောက်တောင် ဆိုးကျိုးသက်ရောက်မှုများတဲ့ ရောဂါဟာ ကူးစက်နိုင်မယ့် နည်းလမ်းကတော့ တစ်နည်းပဲရှိပါတယ်။ အဲ့ဒါကတော့ ရောဂါပိုးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကတဆင့် ကိုယ်ခန္ဓာထဲကို ဝင်ရောက်တဲ့ နည်းသာဖြစ်ပါတယ်။ အဲဒါကြောင့် ကြောင်လေးတွေရဲ့ မစင်အညစ်အကြေးကို သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အညစ်အကြေးရှိခဲ့ရာအနီးတဝိုက်နဲ့ မိမိရဲ့လက်ကို ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်အောင် သန့်စင်တာ၊ အဲဒီလိုမသန့်စင်ရသေးဘဲနဲ့ အစားအစာချက်ပြုတ်တာတို့၊ စားသုံးတာတို့ လုံးဝမလုပ်တာ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကြောင်လေးတွေရဲ့ အညစ်အကြေးတွေ သန့်ရှင်းရေးမလုပ်စေတာ၊ မဖြစ်မနေလုပ်ရရင်လည်း လက်အိတ်သုံးစေပြီး ပြီးတဲ့အခါမှာလည်း လက်ကိုသေချာ စနစ်တကျ ပြန်ဆေးတာ စတဲ့အချက်တွေကို လိုက်နာကျင့်သုံးပြီး ထိထိရောက်ရောက်ကာကွယ်လို့ရပါတယ်။

ကြောင်လေးတွေရဲ့ မစင်မှာ Toxoplasmosis ရောဂါပိုးကိုတွေ့ရတယ်ဆိုပေမယ့် ကြောင်လေးတွေကတော့ ဘာရောဂါလက္ခဏာကိုမှ မခံစားရပါဘူး။ ဒါ့အပြင် ငယ်စဉ်ကထဲက အိမ်ထဲမှာပဲမွေးပြီး အပြင်လုံးဝမထွက်၊ တခြားအပြင်ကြောင်တွေနဲ့ ထိတွေ့မှုမရှိတဲ့ အိမ်ကြီးသခင်ကြောင်လေးတွေမှာတော့ ဒီရောဂါပိုး မရှိနေနိုင်ပါဘူး။ ကြောင်လေးတွေရဲ့ မစင်အပြင် မကျက်တကျက်ချက်ထားတဲ့အသားတွေ၊ ရေသေချာဆေးပြီးမသန့်စင်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ မကျိုချက်ထားတဲ့ရေ သို့မဟုတ် ရေသန့်မဟုတ်တဲ့ ရေစိမ်းတွေကနေ တဆင့်လည်း ကူးစက်နိုင်တဲ့အတွက် အသားငါးတွေကို ကျက်အောင်ချက်ဖို့၊ အသီးအရွက်တွေကို သေချာသန့်စင်ဖို့၊ ရေသန့် သို့မဟုတ် ကျိုချက်ထားတဲ့ရေကိုသာသောက်သုံးဖို့ကလည်း အရေးကြီးပါသေးတယ်။

Toxoplasmosis ရောဂါပိုးဟာ ကြောင်လေးတွေကို ထိတွေ့ကိုင်တွယ်ရုံနဲ့ အရေပြားကတဆင့်၊ အသက်ရှုရုံနဲ့ လေထဲကတဆင့်၊ ထိခိုက်ဒဏ်ရာတွေကနေ သွေးကတဆင့် မကူးစက်နိုင်ဘဲ အညစ်အကြေးပါတဲ့အရာကို အစာအိမ်အူလမ်းကြောင်းမှတဆင့် မတော်တဆစားသုံးမိရာမှသာ ကူးစက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါနည်းတွေကို ဂရုတစိုက် လိုက်နာရုံနဲ့ ဒီ Toxoplasmosis ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကြောင်လေးတွေမှာ အပြစ်မရှိတော့ဘူးပဲ မဟုတ်လား။


Dr KZT

26/10/2021

ချစ်ဖို့ကောင်းတဲ့ မြှောင်လေးတွေ🥰🥰🥰

အစာခိုးနေတဲ့အချိန် ပိုင်ရှင်တွေရဲ့လက်ပူးလက်ကြပ်မိသွားခဲ့ကြတဲ့ ချစ်စရာ ကြောင်လေးတွေ♥♥♥♥♥♥♥♥♥♥♥♥♥♥♥အချို့ကြောင်လေးတွေဟာ သူ...
26/10/2021

အစာခိုးနေတဲ့အချိန် ပိုင်ရှင်တွေရဲ့လက်ပူးလက်ကြပ်မိသွားခဲ့ကြတဲ့ ချစ်စရာ ကြောင်လေးတွေ
♥♥♥♥♥♥♥♥♥♥♥♥♥♥♥
အချို့ကြောင်လေးတွေဟာ သူတို့သခင်တွေက သင်ပေးထားသလို စည်းကမ်းနဲ့နေတတ်ကြပေမယ့် တချို့သောကြောင်တွေကတော့ လူလစ်တာနဲ့ အစာတွေကို ခိုးယူစားသောက်တတ်ကြပါတယ်။ ကြောင်လေးတွေဟာ သူတို့ကြိုက်တဲ့အစားအစာတွေကို အနံ့ရတာနဲ့ အစာနားကို ရောက်လာတတ်ကြပါတယ်။

စားပွဲပေါ်ကဟင်းတွေ၊ မုန့်တွေ ၊ အခြားအိမ်က နေပူလှန်းထားတဲ့အသားငါးတွေကိုလည်း ခိုးယူတတ်ကြပါတယ်။ အောက်ဘက်မှာတော့ ကြောင်လေးတွေ အစာခိုးနေတဲ့အချိန် ရိုက်ကူးခဲ့ထားတဲ့ရယ်စရာဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။‌

26/10/2021
Meow 😻 Happy Thadingyut 🪔🐱
19/10/2021

Meow 😻 Happy Thadingyut 🪔

🐱

“ ကြောင်များတွင် သွားဖုံးယောင်ခြင်းပြသနာ ”********************************သွားနဲ့ သွားဖုံးရောဂါများဟာ ကြောင်တွေမှာအဖြစ်မ...
13/10/2021

“ ကြောင်များတွင် သွားဖုံးယောင်ခြင်းပြသနာ ”
********************************
သွားနဲ့ သွားဖုံးရောဂါများဟာ ကြောင်တွေမှာအဖြစ်များပြီး အသက်သုံးနှစ်နဲ့အထက်ကြောင်များရဲ့ ၈၅% ဟာ သွားနဲ့သွားဖုံးရောဂါ အနည်းနဲ့အများရှိကြပါတယ်။
ကြောင်တွေမှာ သွားနဲ့သွားဖုံးရောဂါဖြစ်ရင် ပြင်းထန်စွာနာကျင်ခြင်း၊ အစားမစားနိုင်ခြင်း၊ နေရထိုင်ရမသက်မသာဖြစ်ခြင်းများဖြစ်စေပြီး
စနစ်တကျမကုသပါက အရိုးများနဲ့သွားများပါရောဂါပိုးဝင်ပြီး ရေစီးကမ်းပျိုရောဂါဖြစ်ခြင်း၊ သွားများကျွတ်ထွက်ခြင်း၊ ပါးစပ်တွင်းမှ ဘက်တီးရီးယားပိုးများ သွေးကြောမှတဆင့် တခြားကိုယ်အင်္ဂါများသို့ပျံ့နှံ့ရောဂါဖြစ်စေခြင်းတို့ဖြစ်စေပါတယ်။

၁။ သွားဖုံးယောင်ခြင်းဆိုတာဘာလဲ
သွားပတ်ခြာလည်မှာရှိတဲ့ သွားဖုံးများယောင်ယမ်းခြင်းဖြစ်ပြီး ရောဂါအဆင့်အလိုက်ပြင်းထန်မှုရှိပါတယ်။
သွားဖုံးယောင်မှုအပျော့စားဟာ ကြောင်အသက်အရွယ်မရွေးဖြစ်နိုင်ပြီး သွားနဲ့ခံတွင်းရောဂါအစပြုအချိန်လို့ပြောနိုင်ပါတယ်။
နောက်ပိုင်းမှာ သွားခြေအရင်းများမှာ ကျောက်တည်ပြီး သွားဖုံးယောင်မှုအနည်းငယ်ပြင်းထန်လာပြီး သွားဖုံးတစ်ရှူးများစတင်ပျက်စီးလာပါတယ်။ အဲ့ဒီအချိန်မှာ စနစ်တကျမကုသပါက နောက်ပိုင်းမှာ သွားဖုံးယောင်မှာအပြင်းထန်ဆုံးဖြစ်လာပြီး အစားအသောက်မစားနိုင်ခြင်း၊ ပြင်းထန်စွာနာကျင်မှုကြောင့် မေ့ဆေးသုံးပြီး သွားကျောက်များခြစ်ထုတ်ရခြင်း၊ သွားများနှုတ်ပစ်ရသည်ထိဖြစ်စေပါတယ်။

၂။ ‌ရောဂါလက်ခဏာများ
*သွားဖုံးများနီရဲယောင်ယမ်းခြင်း
* ခံတွင်းနံ့ထွက်ခြင်း
* သွားရည်တမြားမြားကျခြင်း
*အစာစားရခက်ခြင်း၊ အစာမစားနိုင်ခြင်း
*ကိုယ်အလေးချိန်ကျဆင်းခြင်း
* မအီမသာဖြစ်တဲ့အတွက်အပြုအမူများပြောင်းလဲခြင်း
၃။ ရောဂါဖြစ်ပွားရသည့်အကြောင်းရင်း
* Feline leukemia
Feline immunodeficiency virus
Feline calcivirus ကဲ့သို့ကူးစက်တတ်သော virus ရောဂါများ
* သွားနဲ့ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း
*မျိုးရိုးဗီဇ နှင့် နုတ်သီးတိုသည့်ခွေးအမျိုးအစားဖြစ်ခြင်း
* သွားများပုံမမှန်ပေါက်နေခြင်း၊ ငယ်သွားမကျွတ်ခင် ကြီးသွားများပေါက်ခြင်းကြောင့် သွားများထပ်ခြင်း
၄။ ကုသခြင်း
* သွားခြေအရင်းရှိ ကျောက်များ၊ သွားချေးဂျိုးများခြစ်ထုတ်ပစ်ခြင်း၊ သွားအခြေရှိတစ်ရှူးများသန့်စင်ပေးခြင်း
* ပုံမှန်သွားနဲ့ခံတွင်းကျန်းမာရေးကို စောင့်ရှောက်ခြင်းနဲ့ ဆေးဝါးများဖြင့်ကုသခြင်း
* ခံတွင်းသန့်ဆေးရည် သို့မဟုတ် gel ဖြင့်သန့်စင်ပေးခြင်း
* လိုအပ်ပါက ခံတွင်းဓာတ်မှန်ရိုက်ပြီး သွားနုတ်ကုသခြင်း

၅။ ကာကွယ်ခြင်း
ကြောင်အတွက်သင့်လျော်တဲ့သွားတိုက်ဆေး၊ သွားတိုက်တံများဖြင့် သွားကိုပုံမှန်တိုက်ပေးခြင်း

Dr. Swe Mar Tun
B.V.Sc., M.V.Sc ( Pathology)

Address

197/B, Mingalar Road, (12) Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:30

Telephone

+959258586878

Alerts

Be the first to know and let us send you an email when AatasCat Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category