15/06/2022
ပိစိတို့ကို ချစ်ကြတဲ့ ချစ်သောကာကာများကို အားနာပေမယ့် ပိစိတို့ ဒီလထဲမှာတင် ဂိုဒေါင်စာချုပ်ပြည့်ပြီး ဆက်ရောင်းမယ့်သူတွေလည်း မရှိကြတော့တာကြောင့် လက်ကျန်ပစ္စည်းတွေကို လက္ကားစျေးနဲ့ အများကြီး စျေးလျှော့ပြီး လက်လွှဲ ရောင်းချင်လို့ပါရှင့်...
ဒါကတော့ ပစ္စည်းစာရင်းနဲ့ wholesale စျေးနှုန်းများ ဖြစ်ပြီး ပစ္စည်းပုံလေးတွေ တစ်ခုချင်းစီနဲ့ ပို့စ်သပ်သပ် ထပ်တင်ပေးပါမယ်။
Nekko တွေလည်း ဂျပ်ဖာပုံးလိုက် အများကြီးရှိပါသေးတယ်။ Nekko တွေအတွက် ၁ ~ ၂ ရက်အတွင်း စာရင်းလုပ်ပြီး ထပ်တင်ပေးပါမယ်နော်...
ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်ထဲမှာ ပစ္စည်းလာကြည့်လို့ ရပါတယ်။ ပစ္စည်းတွေအားလုံး Expire ကျန်ပြီး အနာအဆာ အပေါက်အပြဲမရှိကြောင်း အာမခံပါတယ်။ Error တစ်ခုခု ရှိခဲ့ရင် ပြန်အမ်းပေးပါမယ်။ နယ်မှာ ပြန်ရောင်းချင်ရင်လည်း သေချာ ပါကင်ထုပ်ပိုးပြီး ပို့ပေးပါတယ်...
AYA mBanking, KBZ pay တို့နဲ့လည်း % မယူပဲ လက်ခံပေးပါတယ်... ဂိုဒေါင်ရှင်းတာမို့ ပစ္စည်းလည်းထပ်မတင်တော့ပဲ ဒါ အကုန်ပါပဲနော်... ခုချိန် ငွေစျေးတွေတက်တာရယ် ပစ္စည်းတွေ သွင်းရခက်တာနဲ့ ယှဥ်ရင် အများကြီးတန်နေပါပြီရှင်...
တစ်ချိန်ချိန် ပြန်ရောင်းဖြစ်တဲ့အခါမှာလည်း ပြန်ဆုံကြပါမယ်ရှင့်... 😻
ပိစိရဲ့ အရင်းနှီးဆုံး ကာကာများကို အရင်မြင်စေချင်တာကြောင့် boost မလုပ်သေးပါရှင့်... နောက်ရက်တွေကျရင်တော့ ရောင်းမထွက်သေးရင် boost လုပ်သွားပါမယ်နော်... “တစ်ခုချင်းစီမဟုတ်ပဲ အားလုံးစုပြီး လက်လွှဲရောင်းချင်တာပါ..” ကျေးကျေးပါ ကာကာ တို့ရေ 🙏
အသေးစိတ် သိလိုတာရှိပါက ပေ့ချ်ဆီ မက်စေ့ပို့ပြီး မေးနိုင်သလို 📞 09 7552 99900 သို့လည်း ဆက်သွယ်နိုင်ပါကြောင်း 😻