My Nature Produce

My Nature Produce Our aim is to nourish people & protect the planet 🌍 We have the power to create future sustainable ! Our Gardens are using compost to fertilize our soils.
(2)

MISSION STATEMENT

Nature’s Produce strongly believes in taking care of our Earth and its natural resources. It’s our honor & responsibility to work toward setting the standard of protecting our environment. We strive to be proactive & ensure that our My Nature Team, as well as our customer base, is helping reduce our generation’s carbon footprint. Using and marketing locally grown produce Urban i

n order to alleviate the detrimental effects of mass transportation. This compost provides natural nutrients for future harvests in order to prevent exhaustion of fertile lands. This will ultimately reduce desertification. Nature’s Produce is also recycling almost all boxes, shipping, office supplies and packing material to maximize the usage of our resources.

Trichoderma viride လက်ရှိအသုံးပြု​နေတဲ့ My Nature ရဲ့​တောင်သူ​တွေက တခါစမ်းသုံးပြီးတာနဲ့ တကယ်လက်​တွေ့အကျိုး​ကျေးဇူး​တွေရရ...
07/08/2025

Trichoderma viride လက်ရှိအသုံးပြု​နေတဲ့ My Nature ရဲ့​တောင်သူ​တွေက တခါစမ်းသုံးပြီးတာနဲ့ တကယ်လက်​တွေ့အကျိုး​ကျေးဇူး​တွေရရှိကြလို့ My Natureရဲ့ T. virde ကိုပုံမှန်အသုံးပြုလာကြပါတယ်။ T. viride အကျိုးပြုမှိုသည် မြေဆီလွှာကျန်းမာရေး ၊ရောဂါထိန်းချုပ်ရေး နှင့် အမြတ်အစွန်းတိုးတက်ရေးတို့ကို ရှာဖွေနေသော လယ်သမားများအတွက် အထူးတန်ဖိုးရှိပါသည်။
T. viride သည် မြေဆီလွှာနှင့် အပင်အမြစ်များတွင်သဘာဝအတိုင်းတွေ့ရှိရသော မှိုတစ်မျိုးဖြစ်ပြီး ဇီဝထိန်းချုပ်ရေးအဖြစ်လည်းကောင်း၊ အပင်ကြီးထွားမှုအားပေးသည့်မှ်ုအဖြစ်လည်းကောင်း ဆောင်ရွက်ပေးသည်။

လက်ရှိ အသုံးပြု​နေတဲ့ ​တောင်သူ​တွေက​တော့ မှို​ရောဂါကာကွယ်ဖို့နှင့် မြေ​ဆွေးပြုလုပ်တဲ့​နေရာမှာအဓိကထားအသုံးပြု​နေကြပြီး လက်ရှိအကျိုး​ကျေးဇူး​တွေရ​နေတဲ့​တောင်သူ​တွေဟာဆိုရင် T. Virideကို ပုံမှန်အသုံး​နေကြပါပီ။ ကျွန်မတို့ရဲ့ T.virideကို 🧪 Lab Test ရော၊ Fields Research တွေပါစမ်းသတ်ထားတဲ့အတွက် စိတ်ချစွာအသုံးပြု​နေနိုင်တာပဲဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း ပြည်နယ်၊ တိုင်း​ဒေသတချို့က နှစ်ရှည်စိုက်ခင်း​တွေမှာလည်းစမ်းသတ်​နေတာဖြစ်လို့မကြာခင် ပိုမှို​ကောင်းမွန်တဲ့ ရလဒ်​တွေကိုမြင်​တွေ့ရပါမယ်။ စိတ်ဝင်စားတဲ့​တောင်သူ​တွေအတွက် စမ်းသတ်ဖို့အတွက်ဆိုရင် အချိန်မ​ရွှေး My Nature ကိုဆက်သွယ်လို့ရပါတယ်​နော်😍

T. virideဟာ လယ်သမားများအတွက် အဓိကဘယ်လိုအအကျိုးကျေးဇူးများရရှိ​စေတာလည်း?

၁။ ဇီဝနည်းဖြင့် ရောဂါထိန်းချုပ်ခြင်း

T. virideသည် စိုက်ပျိုးရေးတွင် အရေးပါသော မှိုရောဂါများစွာကို ထိန်းချုပ်ပေးနိုင်သည်:

* Fusarium ပင်ညှိုးရောဂါ
* Rhizoctonia အမြစ်ပုပ်ရောဂါ
* Pythium damping-off ပင်ခြေပုပ်ရောဂါ
* Sclerotinia ပင်စည်ပုပ်ရောဂါ
* Alternaria အရွက်စက်/ပြောက်ရောဂါ
* Phytophthore ရာဘာ ရွက်/သီးရွက်​ကြွေ​ရောဂါ

T. viride သည် ဤရောဂါပိုးများကို အောက်ပါနည်းလမ်းများဖြင့် တိုက်ခိုက်နိုင်သည်

* မှိုများကို တိုက်ရိုက်စားသုံးခြင်း (Mycoparasitism)

* ရောဂါပိုးများ၏ ဆဲလ်နံရံများကို ဖျက်ဆီးသည့် အင်ဇိုင်းများ (chitinases နှင့် glucanases) ထုတ်လုပ်ခြင်း

* အမြစ်တဝိုက်ရှိ နေရာနှင့် အာဟာရများအတွက် ပြိုင်ဆိုင်ခြင်း

၂။ အပင်ကြီးထွားမှု မြှင့်တင်ပေးခြင်း

-မျိုးစေ့အညှောင့်ထွက်နှုန်းနှင့် အပင်ငယ်များ သန်စွမ်းမှုကို အားပေးသည်
-အမြစ်ဖွံ့ဖြိုးမှုကို အားပေးသည်
-ဖော့စဖရပ်၊ ဇင့်နှင့် သံဓာတ်ကဲ့သို့သော အာဟာရများကို ပျော်ဝင်လွယ်စေသည်
-အပင်ကြီးထွားမှုဟော်မုန်းများ (auxins နှင့် gibberellins) ထုတ်လုပ်ပေးသည်

စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် သဟဇာတဖြစ်မှု

*ဇီဝမြေဩဇာများ* (Azospirillum, Azotobacter, Rhizobium,Phosphobacteria) နှင့် အခြာဇီဝမြေဩဇာများနင့် ရောစပ်အသုံးပြုနိုင်သည်
* ဓာတုမှိုသတ်ဆေးများ/ဘက်တီးရီးယားသတ်ဆေးများ နှင့် တစ်ချိန်တည်း အသုံးမပြုပါနှင့်

*သဘာဝမြေဩဇာများ၊ ဖြည့်စွက်မြေဩဇာများ နှင့် ကောင်းစွာ တွဲဖက်အသုံးပြုနိုင်သည်။

စိုက်ပျိူးရေးသမားများအတွက် စီးပွားရေးအကျိုးကျေးဇူးများ

၁။ဓာတုပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ၏ ကုန်ကျစရိတ်ကို လျှော့ချပေးသည်
၂။မြေကြီးမှဖြစ်သော ရောဂါများကြောင့် သီးနှံဆုံးရှုံးမှုကို လျှော့ချပေးသည်
၃။အထွက်နှုန်းနှင့် အရည်အသွေးကို မြှင့်တင်ပေးသည်
၄။ မြေဆီလွှာ၏ အာဟာရဓာတ်နှင့် ဇီဝမျိုးကွဲများ တိုးတက်စေသည်
၅။အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ဓာတ်ကြွင်းမဲ့သော သီးနှံထုတ်လုပ်မှုအတွက် အကောင်းဆုံးဖြစ်သည်

စိန်ခေါ်မှုများနှင့် သတိပြုရမည့်အချက်များ

၁။အလွန်ခြောက်သွေ့သော (သို့) ဆားငန်သော မြေဆီလွှာများတွင် ထိရောက်မှုနည်းသည်
၂။ သဘာဝအာဟာရနှင့် စိုထိုင်းဆ လုံလောက်စွာလိုအပ်သည်
၃။ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ
၄။ အရည်အသွေးအာမခံထားသော ထုတ်ကုန်များကိုသာ အသုံးပြုပါ

Trichoderma viride သည် ဇီဝမှိုသတ်ဆေးတစ်ခုထက် ပိုပပြီးရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် မိတ်ဖက်တစ်ဦးဖြစ်သည်။ သီးနှံများကို သဘာဝနည်းဖြင့် ကာကွယ်ပေးပြီး အပင်ကြီးထွားမှုကို အားပေးခြင်းဖြင့် လယ်သမားများအား ကုန်ကျစရိတ်လျှော့ချရန်၊ အမြတ်အစွန်းတိုးရန်နှင့် မြေဆီလွှာ၏ ရေရှည်ကျန်းမာရေးကို မြှင့်တင်ရန် ကူညီပေးသည်။ မှန်ကန်စွာ အသုံးပြုပါက *T. viride* သည် သီးနှံအထွက်နှုန်းကို ပြောင်းလဲစေနိုင်
ပြီး ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေးနိုင်ပေသည်။

Thank You Shopping With Us 😍☀️

References: My Nature Research Results



မှိုလက်တွေ့စိုက်ပျိုးတတ်ဖို့အတွက်ဆိုရင် မှိုစိုက်တဲ့အဆင့်ဆင့်တွေကို စာတွေ့ကိုစနစ်တကျနားလည်ပြီး လက်တွေ့ကိုအဆင့်ဆင့်လုပ်တတ...
04/08/2025

မှိုလက်တွေ့စိုက်ပျိုးတတ်ဖို့အတွက်ဆိုရင် မှိုစိုက်တဲ့အဆင့်ဆင့်တွေကို စာတွေ့ကိုစနစ်တကျနားလည်ပြီး လက်တွေ့ကိုအဆင့်ဆင့်လုပ်တတ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီလို စာတွေ့လက်တွေ့ကို သင်တန်းသား/သူအားလုံးက်ု တယောက်ခြင်းစီးလက်တွေ့လုပါတတ်ဖို့ အုပ်စုလေးတွေခွဲပြီး My Nature ရဲ့ ဆရာဆရာမလေးတွေကနေ စနစ်တကျလက်ထပ်သင်ကြားပေးနိုင်အောင်စီစဉ်ပေးပြီး လက်တွေ့ကိုလိုက်လုပ်စေတဲ့ နည်းစနစ်ကိုအသုံးပြုသင်ကြားပေးခဲ့တာဖြစ်တတ်အတွက် လာရောက်သင်ယူကြတဲ့ သူအားလုံးကို မှိုစိုက်ပျိုးရေးကိုစလုပ်ဖို့ လုံလောက်တဲ့အသိပညာဗဟုသုတတွေရရှိစေတာဖြစ်လို့ သင်တန်းတတ်ပြီးတဲ့သင်တန်းသားတွေဟာဆိုရင် ပြန်လည်အသုံးချနေကြတာတွေကို သိရှိရပါတယ်။

ဒီတခေါက်သင်တန်းသားတွေဟာဆိုရင်လည်းအားလုံးတတ်ညီလက်ညီ တတ်ကြွစွာလက်တွေ့သင်ယူကြတာတွေ့ရတာတွေ့တာဖြစ်လို့ မကြာမှီ မှိုစိုက်ပျိုးရေးကို စတင်လုပ်ကိုင်ကြတဲ့အတွေ့အကြုံလေးတွေကို ပြန်လည်မျှဝေပေးနိုင်ဖို့ My Nature ရဲ့ Peer to Peer Lifelong Learning Program မှာ အားလုံးမျှဝေပေးနိုင်/သင်ယူနိုင်မဲ့ Program အသစ်လေးကိုမကြာမှီမိတ်ဆက်ပေးပါမယ်နော်😍👨‍🌾🍄







ကျွန်မတို့ Community Garden လေးကနေ စာတွေ့လက်တွေ့သင်ကြားပေးခဲ့တဲ့ Peer to Peer Lifelong Learning Program မှ မှိုမျိုးစုံစ...
02/08/2025

ကျွန်မတို့ Community Garden လေးကနေ စာတွေ့လက်တွေ့သင်ကြားပေးခဲ့တဲ့ Peer to Peer Lifelong Learning Program မှ မှိုမျိုးစုံစိုက်ပျိုးနည်းသင်တန်းလေးကို မှိုစိုက်ပျိုးရေးကိုစိတ်ဝင်စားကြတဲ့ သင်တန်းသူသင်တန်းသားများအတွက် အောင်မြင်စွာသင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ ဒီတခေါက်သင်တန်းမှာတော့ နယ်စုံကတကယ်စိတ်ပါဝင်စားကြတဲ့ သူတွေများစွာ လာရောက် သင်ယူလေ့လာကြတာကိုတွေ့ရပါတယ်။ သင်ယူသူတွေအတွက်လည်း ကျွန်မတ်ု့ My Nature Team မှ အချိန်မရွေးဆက်သွယ်ပြီး လိုအပ်တဲ့နည်းပညာအကူအညီတွေကိုလည်း ပေးနိုင်ဖို့ပြင်ဆင်နေပါတယ်နော်။

မှိုစိုက်ပျိုးရေးဆိုတာ တကယ်စိတ်ပါဝင်စားလို့စိတ်ပျိုးမယ်ဆိုရင် အရင်းနှီးနည်းနည်းနင့်စလို့ရပြီး မရရှည်အတွက် မိသားစုစားဝတ်နေရေးနှင့် နေ့စဉ်ဝင်ငွေကောင်းကောင်းဖန်တီးပေးနိုင်တဲ့လုပ်ငန်းဆိုတာ တကယ်စိုက်ပျိုးမေကြတဲ့ My Nature ရဲ့ သင်တန်းသား/သူတွေအသိဆုံးပါပဲနော်😍

Our Community Garden’s Peer to Peer Lifelong Learning Program successfully conducted a course on how to grow various mushrooms for trainees who are interested in mushroom cultivation. In this training
A, we saw many people from all over the county who were really interested in mushrooms cultivating learning.

If you are really interested in mushroom cultivation, you can start with a small investment and create a good daily income for your family. This is what My Nature’s trainees/people who really grow mushrooms know best. 😍







27/07/2025

Peer to Peer lifelong learning program ရဲ့ လက်တွေ့မှိုထုတ်လုပ်နည်းသင်တန်းရဲ့ သင်တန်းသူသင်တန်းသားများရဲ့ လက်တွေ့လုပ်ကိုင်နေကြတာလေးတွေ မျှဝေပေးလိုက်ပါတယ်ရှင့်😍





27/07/2025

သင်တန်းသားတွေအတွက် မှိုတန်ဖိုးမြင့်ထုတ်ကုန်တွေနှင့် မိတ်ဆက်ပေးခဲ့တဲ့ Tea Breaks






27/07/2025

သင်တန်းသားများအတွက် မှိုတန်ဖိုးမြင့်ထုတ်ကုန်များနဲ့ Tea Break Session






ကောက်ရိုးမှိုစိတ်ဝင်စားမဲ့ သင်တန်းသားတွေအတွက် ကောက်ရိုးမှိုမျိုးတွေပါ လေ့လာလို့ရအောင် အသစ်ထုတ်လုပ်ပြသထားပြီး ပြင်ဆင်ပေးထ...
25/07/2025

ကောက်ရိုးမှိုစိတ်ဝင်စားမဲ့ သင်တန်းသားတွေအတွက် ကောက်ရိုးမှိုမျိုးတွေပါ လေ့လာလို့ရအောင် အသစ်
ထုတ်လုပ်ပြသထားပြီး ပြင်ဆင်ပေးထားပါတယ်နော်😊

ကောက်ရိုးမှိုစိုက်ပျိုးနည်းသင်တန်း​တွေကို Request လုပ်ထားတဲ့ သင်တန်းသား​တွေအတွက်လည်းမကြာမှီ သင်တန်း​ပေးနိုင်​အောင် ကျန်မတို့ Peer to Peer Lifelong Learning Program မှာ အ​သေးစိတ်ပြင်ဆင်ပြီး စနစ်တကျ​လေ့လာသင်ကြားနိုင်ဖို့ပြင်ဆင်​ပေး​နေပါတယ်ရှင့်😊🍄
မှိုမျိုးစုံစိုက်ပျိုးပြီး မိသားစု​နေ့စဉ်ဝင်​ငွေရရှိဖို့နင့် အစားအစာအာဟာရလုံ​လောက်စွာရရှိဖို့အတွက် မှိုစိုက်ပျိုး​ရေးဟာဆိုရင် မြို့ပြ ကျေးလက်​ဒေသ​တွေအတွက် အချိန်တိုအ​တောအတွင်း ဖန်တီးဖြည့်ဆည်း​ပေးနိုင်တဲ့ပညာရပ်​လေးဖြစ်ပါတယ်။ Home Gardeningေလးနှင့်တွဲလုပ်နိုင်ရင်​တော့ မိသားစုစားဝတ်​နေ​ရေးကို လုံ​လောက်တဲ့ပံပိုးမှု့​လေးရမှာအ​သေအချာ​ပေါ့​နော်☀️။









မှိုစပ်စာ နှပ်ဖို့လိုလား ဆိုတဲ့မေးခွန်းကို သင်တန်းသူ/သားတွေကမေးလေ့ရှိကြပါတယ်။ နှပ်ဖို့လိုအပ်တာနှင့်မနပ်ပဲ မှိုစပ်စာလုပ်က...
24/07/2025

မှိုစပ်စာ နှပ်ဖို့လိုလား ဆိုတဲ့မေးခွန်းကို သင်တန်းသူ/သားတွေကမေးလေ့ရှိကြပါတယ်။ နှပ်ဖို့လိုအပ်တာနှင့်မနပ်ပဲ မှိုစပ်စာလုပ်ကြတဲ့အခါမှာ မိမိအသုံးပြုမဲ့ ကုန်ကြမ်းပေါ်မှုတည်ပြီး ကွဲပြားကြပါတယ်။ ကျွန်မတို့သင်တန်းပေးတဲ့အခါတိုင်းလိုလိုမှာ စပ်စာကိုEM အသုံးပြုပြီး အချိုးအစားမှန်မှန်နှင့် လက်တွေ့စပ်ပြတဲ့အခါ သင်တန်းသားအများစုက EMထည့်ပြီးစပ်စာလုပ်တာဟာ အပူပေးပြီးမှိုထုပ်ပေတွပိုးသန့်တဲ့အချိန် အကျိုးပြုအဏုဇီဝတွေ အကုန်သေကုန်မာဖြစ်လို့အကျိုးမရှိနိုင်တဲ့အကြောင်းဆွေးနွေးကြပါတယ်။

EM ဆိုတာက အားလုံးသိတဲ့အတိုင်း အကျိုးပြုအဏုဇီဝမျိုးစိတ်များစွာပါဝင်တဲ့ အရည်တမျိုးဖြစ်ပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့်သဘာဝမြေဆွေးတွေပြုလုပ်တဲ့အခါအသုံးပြုကြတာဖြစ်ပြီး သဘာဝအတိုင်းဆွေးမြေ့စေမူအချိန်ကို မြန်ဆန်အောင်လုပ်ပေးနိုင်တဲ့ အကျိုးကျေးဇူးရှိတာဖြစ်လို့ မိမိအသုံးပြုတဲ့နှပ်စာမှာ EM အသုံးပြုနှပ်စာပြုလုပ်ပြီး အသုံးပြုခြင်းဟာ မှိုတွေရဲ့ပွါးများမဲ့ နှပါစာကိုတဝက်တပျက်ဆွေးမြေ့စေပြီး မှိုတွေရဲ့ ပွါးများမှုက်ုမြင်တင်ပေးနိုင်တဲ့အတွက် ကောင်းကျိုးများစွာရရှိစေနိုင်တပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မှိုနှပ်စာကိုချက်ခြင်းပိုးမသန့်ပဲ အချိန်တခုကာလခြားပြီး အသုံးပြုမည့်သူတွေအတွက်တော့ EM Original /အပြင်းရှိယုံနှင့် ကိုယ်တိုင်ပြုလုပ်ရလွယ်ကူတဲ့ EM ကိုနှပ်စာပြုလုပ်အသုံးပြုနိုင်မယ်ဆိုရင်တော့ မှိုရဲ့ကျန်းမာရေးနှင့်အထွက်နှုန်းကိုပါ ကောင်းကျိုးရှိစေမှာဆိုတာမလွဲနိုင်ပါဘူး။

သစ်မာလွှစာလိုမျိုး၊ စပါးခွံ၊ ပြောင်းရိုး၊ပဲရိုး၊ကောက်ရိုးစတဲ့ မှိုစပ်စာတွေကိုသုံးမယ်ဆိုရင်တော့ နှပ်စာကိုEMနှင့်ကြိုတင်နှပ်ပြီးအသုံးပြုဖို့ လိုအပ်ပါတယ်။ ဒါမှသာ အထွက်နှုန်းကောင်းတဲမှိုစိုက်ထုပ်တွေကိုရရှိစေမှာဖြစ်ပါ
တယ်။ အ​သေးစိတ်ကို​တော့သင်တန်းမှာ ကျွန်မတို့ရဲ့အ​တွေ့အကြုံး၊စမ်းသတ်ချက်​လေး​တွေကိုအ​သေးစိတ်မျှ​ဝေ​ပေး​ပေးပါမယ်​နော်။
My Nature: 📱 09963690005








လာမဲ့သင်တန်းမှာတော့ စားသုံးသူအားလုံးရဲ့အကြိုက် နှို့စိမ်းမှို (MilkyMushroom) စိုက်ပျိုးနည်းကို စနစ်တကျစိုက်တတ်ဖို့ ခေါင...
21/07/2025

လာမဲ့သင်တန်းမှာတော့ စားသုံးသူအားလုံးရဲ့အကြိုက် နှို့စိမ်းမှို (MilkyMushroom) စိုက်ပျိုးနည်းကို စနစ်တကျစိုက်တတ်ဖို့ ခေါင်းစဉ်တခုအနေနှင့်သင်ကြားပြီး လက်တွေ့နှို့စိမ်းမှိုစိုက်ပျိုးနည်းကိုပါ ထည့်သွင်းပေးထားပါတယ်ရှင့်။ နှို့မှို့စိမ်းမှိုဟာဆိုရင် ခုချိန်မှာ မှိုစားသုံးသူများမှ ကြိုက်
နှစ်သစ်မှုများပြားလာပြီး မှိုစိုက်ပျိုးသူ တွေအတွက်စျေးကွက်တခုအနေဖြင့် ကောင်းကောင်းရရှိနေပြီး စားသုံးသူများအကြိုက်တွေ့နေတဲ့ နူးညံပြီးအရသာကောင်းမွန်တဲ့မှိုတမျိုးဖြစ်ပါတယ်။

နှို့စိမ်းမှိုကို စိုက်ထုပ်၊ ခြင်း သို့ ပျိုးဘောင်များဖန်တီးပေးပြီး မြန်မာနိုင်ငံအနှံ့အပူပိုင်းမှအအေးပိုင်းတောင်ပေါ်ဒေသများအထိ ရာသီမရွေး ကောင်းစွာဖြစ်ထွန်ပြီး စိုက်ပျိုးရလွယ်ကူတဲ့ မှိုမျိုးစိတ်တခုဖြစ်တာဖြစ်တဲ့အတွက် မှိုစိုက်ပျိုးသူများအတွက် အဆင်ပြေစေတဲ့ မှိုများထဲမှတမျိုးဖြစ်ပါတယ်။

အရင်သင်တန်းသားအားလုံးရဲ့ စိတ်ဝင်စားမှုအများဆုံးမှိုမျိုး​တွေထဲကတခုဖြစ်ပါတယ်​နော်။

My Nature:📱09963690005










“လက်တွေ့မှိုစတင်စိုက်ပျိုးဖို့ လိုအပ်သော မှိုဆက်စပ်ပစ္စည်းများ” မှိုစိုက်ပျိုးထုတ်လုပ်ရေးကို လက်တွေ့စိုက်ပျိုးထုတ်လုပ်လိ...
18/07/2025

“လက်တွေ့မှိုစတင်စိုက်ပျိုးဖို့ လိုအပ်သော မှိုဆက်စပ်ပစ္စည်းများ”
မှိုစိုက်ပျိုးထုတ်လုပ်ရေးကို လက်တွေ့စိုက်ပျိုးထုတ်လုပ်
လိုပြီး အကြောင်းအမျိုးမျိုးကြောင့် In Person မတတ်နိုင်ပဲ Online Zoom ကပဲတတ်ပြီးလက်တွေ့လိုက်လုပ်လိုသူများအတွက်အောက်ပါပစ္စည်းများကိုကြိုတင်စုဆောင်းထားနိုင်ပါသည်။

၁။ရာဘာလွှစာမှုန့် သို့ ဝါစေ့ကြိတ်ဖတ်သို့မဟုတ် ကောက်ရိုး သို့ စပါးခွံ (ရောသုံးနိုင်)
လွှစာမှုန့်တို့သည်မှိုစိုက်ပျိုးထုတ်လုပ်ရန်အတွက် နှပ်စာအဖြစ်အသုံးပြုနိုင်ရန်။

၂။မှိုမျိုး
မိမိစိုက်ပျိုးလိုသောမှိုမျိုးများကိုကြိုတင်စုဆောင်းထားရန်း

၃။ မျိုးကလော်တံ
မျိုးပုလင်းမှမျိုးကို မှိုနပါစာအ်ပ်ထဲအလွယ်တကူထည်းနိုင်ရန်

၄။ အရက်ပြန်မီးခွက် နှင့် အရက်ပျံ
မှိုမျိုးများထည့်ရာတွင် အခြားမလိုလားအပ်သော မှိုများဝင်ရောက်မှုမရှိစေအောင် ပိုးသတ်ရန်အတွက်အသုံးပြုရန်

၅။ သတင်းစာစက္ကူ
မျိုးထည့်ပြီး ရင့်ကျက်အဆင့်တွင် ပိတ်ထားရန်

၆။ ပဲဖွဲ
မှိုနပ်စာပြုလုပ်ရန်

၇။ပြောင်းဖွဲ

မှိုနပ်စာပြုလုပ်ရန်

၈။ ဖွဲနု

မှိုနပ်စာပြုလုပ်ရန်

၉။ ဆားခါး
မှိုမျှင်ဆင်းအားကောင်းစေရန်နင့် အရည်အသွေးကောင်းစေရန်

၁၀။ သကြား
မှိုများအတွက်ဖြည့်စွက်အစာအဖြစ် သကြားဓာတ်လိုအပ်သောကြောင့် အသုံးပြုသည်။

၁၁။ မှိုပေါင်းတိုင်ဂီ
မှိုစပ်စာများအတွက် ပိုးသတ်ပေးရန်

၁၂။ ဂွမ်း
မှိုမျိုးအိပ်ကိုဆို့ရန်

၁၃။ ပလတ်စတစ်အိတ်
မှ်ုနပ်စာထည့်ရန်အိပ်

၁၄။ ကော်လာ
မှိုအိပ်ကိုပိတ်ရန်

၁၅။ သားရေကွင်း

မှိုအိပ်ကိုပိတ်ရန်

၁၆။ EM အသင့်သုံး တချို့နပ်စာဆွေးရန်အသုံးပြုကြသည်

၁၇။ မျိုးအိပ်အပေါက်ဖောက်ပျိုးထည့်ရန် သစ်သားချောင်း

၁၈။ သာမိုမီတာ ( အပူချိန်နှင့်စိုထိုင်းဆသိရှိစေရန်)

စသည့်မှိုဆက်စပ် ပစ္စည်းများကို စုထားပေးထားပြီးလက်တွေ့စိုက်ပျိုးရေးကိုစတင်နိုင်ပေသည်။
နေ့စဉ်ဝင်ငွေဖန်တီးဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် မှိုစိုက်ပျိုးထုတ်လုပ်မည့်နည်းပညာများကို စနစ်တကျရရှိနိုင်ဖို့နိုင်အတွက် Peers To Peers Lifelong Learning Program မှာ Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

MyNature: 📱 09963690005














ဒီတခေါက် သင်တန်းမှာတော့ နှို့စိမ်းမှို၊ကြွက်နားရွက်မှို၊ ငွေနှင်းပန်းရောင်၊ရွှေရောင်ငွေနှင်းမှိုတွေအတွက် လိုအပ်တဲ့နည်းပည...
14/07/2025

ဒီတခေါက် သင်တန်းမှာတော့ နှို့စိမ်းမှို၊ကြွက်နားရွက်မှို၊ ငွေနှင်းပန်းရောင်၊ရွှေရောင်ငွေနှင်းမှိုတွေအတွက် လိုအပ်တဲ့နည်းပညာတွေအားလုံးကိုတခါတည်း လေ့လာလို့ရအောင် မှိုစပ်စာလုပ်တာကနေနေ စိုက်ပျိူးပြုစုနည်းတွေကိုအသေးစိတ်စာတွေ့လက်တွေ့ လေ့လာသ်ယူပြီး ပြန်လည်အသူံးချနိုင်သည်အထိ သင်ကြားပေးမှာဖြစ်လို့ အောင်မြင်တဲ့မှိုစိုက်ပျိုးရေးတခုကို နေ့စဉ်မိသားစုဝင်ငွေရအောင် ဖန်တီးချင်တဲ့သူတွေအတွက် ကျွန်မတို့ Peer to Peer Lifelong Learning and Sharing သင်တန်းမှ အားလုံးကိုကြိုဆိုလိုက်ပါတယ်နော်🍄☀️💡👨‍🌾

တပိုင်တနိုင်ကနေစီးပွါးဖြစ်စနစ်တကျ မှိုစိုက်ပျိုးရေး Cycle တခုလုံးကို အသေးစိတ်သိရှိနိုင်ဖို့အတွက် ကျမတို့လက်လေ့လာစအ်းသတ်ထားတဲ့နည်းပညာအားလုံးကို အသေးစိတ်မျှဝေဆွေးနွေးပေးမှာဖြစါလို့ သင်တန်းပြီးတာနဲ့ အားလုံးလက်တွေ့ပြန်လည်အသုံးချနိုင်ကြတယ်ဆိုတာ သင်တန်းတတ်ပြီးတဲ့မှိုသင်တန်းသားအားလုံး သိပြီးဖြစ်ပါတယ်နော်😍😊☀️






Address

SSD M
Yangon

Telephone

+959421502723

Website

https://bit.ly/452473A, https://linktr.ee/mynatureproduceinfo, https://youtube.co

Alerts

Be the first to know and let us send you an email when My Nature Produce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Nature Produce:

Share

Category