Taung Paw Tar PPK

  • Home
  • Taung Paw Tar PPK
Directions Contact the business

Taung Paw Tar PPK Programmingနှင့်အခြားသင်ခန်းစာများ

မင်္ဂလာပါရှင့် တောင်ပေါ်သားရှမ်းကိုးမီး ကကြိုဆိုပါတယ်ရှင့်ပရိုမိုးရှင်းများစွာနဲ့စလော့/ကာစီနို/ငါးပစ်ဂိမ်း ရှမ်းကိုးမီး ...
17/07/2022

မင်္ဂလာပါရှင့် တောင်ပေါ်သားရှမ်းကိုးမီး ကကြိုဆိုပါတယ်ရှင့်
ပရိုမိုးရှင်းများစွာနဲ့
စလော့/ကာစီနို/ငါးပစ်ဂိမ်း ရှမ်းကိုးမီး ဂိမ်းပေါင်းများစွာကို တနေရာထဲမှာ ကစားနိုင်ပါပီရှင့်

💹Programming ဖြင့် ဝင်ငွေရှာခြင်း💲လုပ်ရိုးလုပ်စဉ်အတိုင်းကတော့ ဘာမှပြောနေစရာမလိုပါဘူး။ ကွန်ပြူတာ ကျောင်းတစ်ခုခု တက်လိုက်တ...
19/11/2019

💹Programming ဖြင့် ဝင်ငွေရှာခြင်း💲

လုပ်ရိုးလုပ်စဉ်အတိုင်းကတော့ ဘာမှပြောနေစရာမလိုပါဘူး။ ကွန်ပြူတာ ကျောင်းတစ်ခုခု တက်လိုက်တယ်။ ကျောင်းဆင်းတယ်။ လခစား Programmer တစ်ယောက်ဝင်လုပ်တယ်။ အိုကေ။

ဒါမှမဟုတ်လဲ Programming သင်တန်းတစ်ခုတက်တယ် Programmer ဖြစ်သွားတယ်။ အလုပ်ဝင်လုပ်တယ်။ သောကြောနေ့ဆို TGIF လုပ်တယ်။ ဟေးပျော်တယ်။ ဒါတွေကတော့ ရိုးရှင်းပါတယ်။

အခုဒီမှာ ပြောချင်တာလေးကတော့ လုပ်ငန်းခွင်ဝင်နေတဲ့ သူပဲ ဖြစ်ဖြစ်၊ မဝင်ရသေးတဲ့ သူပဲဖြစ်ဖြစ် Programming ကို အသုံးချပြီး ဘယ်လို ဝင်ငွေရှာမလဲ။ ဒါမှမဟုတ် အပိုဝင်ငွေပေါ့။ ဒါနဲ့ စကားမစပ် ဇူကာဘတ်က ဖေ့ဘုတ်ရဲ့ ဆေ့ ခလုတ်ဖြုတ်လိုက်တာ သိလိုက်လား။

ဟုတ်ကဲ့ပါ။

Programming ကို အသုံးချပြီး ဝင်ငွေရှာလို့ရတဲ့ နည်းလမ်းတွေထဲကမှ တော်တော်များများ လုပ်ကြတဲ့ ပုံစံနှစ်ခုကို ထောက်ပြပေးချင်ပါတယ်။

1️⃣ကိုယ်ပိုင် အတွေးအခေါ်နဲ့ ဖန်တီးထားတဲ့ Mobile App တစ်ခုခု၊ Website တစ်ခုခု ဒါမှမဟုတ် Desktop Software တစ်ခုခုလုပ်ပါ။

2️⃣Desktop Software၊ Mobile App၊ Website တွေကို ကိုယ်ပိုင် အတွေးအခေါ်နဲ့ လုပ်ထားတာ မဟုတ်ပဲ ဝယ်ယူသူတွေရဲ့ လုပ်ငန်း လိုအပ်ချက်အတိုင်း တန်ကြေးတစ်ခုခုနဲ့ အလုပ်လက်ခံပါ။

ဒီအကြောင်းလေးတွေကို အသေးစိတ်ပြောဖို့ ပုံလေးတွေ ကြည့်လိုက်ပါဦးနော်။

ကျနော်တို့Pageကနေလည်း Programming Courseတွမှာယူလို့ရပါပီနော်🥰🥰🥰
https://m.facebook.com/story.php?story_fbid=113174096764478&id=105558654192689

Hacking Course>>>>
https://m.facebook.com/story.php?story_fbid=125144445567443&id=105558654192689

Windows 8/10 တွင် ပါသော ယူနီကုဒ်စနစ်သုံးမြန်မာစာကို ထည့်သွင်းနည်း(အရမ်းလွယ်တယ်)=========================================...
03/11/2019

Windows 8/10 တွင် ပါသော ယူနီကုဒ်စနစ်သုံးမြန်မာစာကို
ထည့်သွင်းနည်း(အရမ်းလွယ်တယ်)
===============================================
Microsoft ထုတ် Windows 8 တွင် ပထမဆုံးပါဝင်လာသော ယူနီကုဒ် စနစ်သုံးမြန်မာစာ စနစ်ဖြစ်သည်၊ ယူနီကုဒ်ဆိုသည် မှာ ကမ္ဘာပေါ်ရှိစာပေ နှင့် ဘာသာ စကားများအတွက် ISO အဖွဲ့မှ သတ်မှတ်ပေးထား စံထားရမည့် စနစ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မည်သည့်စာပေမဆို ထိုစနစ်ကိုလိုက်နာ၍ ကွန်ပျူတာပေါ်တွင် အသုံးပြုကြရသည်။ထိုစနစ်ကို အသုံးပြုပါက မည့်သည် ကွန်ပျူတာ မည်သည့်နေရာတွင်မဆို Windows 8 နှင့်အထက်ဖြစ်ပါက မည်သည့်မြန်မာစာမှ ထည့်သွင်းစရာမလိုပဲ မြင်နိုင်သုံးနိုင်သည်။
Windows 8/10 တွင် ပါသော မြန်မာစာကို ထည့်သွင်းနည်း
(1) Windows ကိုနှိပ်ပါ။ Command ရိုက်ရန် box ပေါ်လာမည်ဖြစ်သည်။
ပေါ်လာသော box ထဲတွင် add lang ဆိုသောစာသားကိုရိုက်ပါ။
Add a Language ကိုနှိပ်ပါ။
(2) Settings တွင် Language ကိုနှိပ်ပါ။
Add a preferred language တွင် ” + ” sign ကိုနှိပ်ပါ။
(3) Search Box တွင် my ဆိုသောစာသားကိုရိုက်ပါ။ မြန်မာစာ ကိုရွေးပေးပါ။ Next ကိုနှိပ်ပါ။ ( အခြားတိုင်းရင်းသား စာများကိုလဲထည့်သွင်းနိုင်ပါသည် )။
(4) မြန်မာစာ ပေါ်လာသောအခါ Install ကိုနှိပ်ပါ။
မြန်မာစာ ထည့်သွင်းပြီး၍ အသုံးပြုနိုင်ပါပြီ။ Touch Screen အတွက်ပါ Handwriting ၊ Speech recognition နှင့် Text-to-speech ကိုပါ တပ်ဆင်သွားပါတယ်။
(5) ကီးဘုဒ်ထည့်ရန် Options ကိုနှိပ်ပါ။
Add a keyboard ကိုနှိပ်ပါ။
(6) Myanmar (Visual order) မြန်မာစာ ( လက်နှိပ်စက် ) အားရွေးချယ်ပေးသွားပါမည်။
(7) Myanmar(Phonetic order) မြန်မာစာ (အသံထွက်)
အတိုင်းရိုက်ရခြင်းပုံစံကို အသုံးပြုလိုပါက အထက်ပါအတိုင်း ေရွး၍ အသုံးပြုနိုင်ပါသည်။
(8) ကွန်ပျူတာအောက်ညာထောင့်တွင် ကီးဘုဒ်ပြောင်းနိုင်သော applet လေးကိုတွေ့ရမှာဖြစ်ပါတယ်။
(9) ကျနော့်လို ကီးဘုဒ်လက်ကွက်မမှတ်ချင် သူများကတော့ ကြည့်ရိုက်ကီးဘုဒ် OnScreen Keyboard ကိုသုံးနိုင်ပါတယ်။
Search box တွင် osk ဟုရိုက်ပီး ဖွင့်သုံးပါ။ သို့ Pin to taskbar ဟုထားလျှင်အမြဲပေါ်နေပါမည်။
(10) အင်္ဂလိပ်-မြန်မာလက်ကွက် အကူးအပြောင်းလုပ်ခြင်း
မူရင်းပါသော မြန်မာစာလက်ကွက် ထည့်သွင်းပြီးသောအခါ မြန်မာစာ နှင့် အင်္ဂလိပ်စာကို Window+Space သုံး၍ ဖြစ်စေ၊ Ctrl+Alt ကို သုံး၍ဖြစ်စေ အကူးအပြောင်းလုပ်၍ အသုံးပြုနိုင်ပါသည်။ သို့သော် မြန်မာစာ နှင့် အင်္ဂလိပ်စာကို Ctrl+Shift ကို အသုံးပြု၍ အပြောင်းအလဲလုပ် ခြင်း၌အသားကျခဲ့ပြီဖြစ်ရာ အောက်ပါအတိုင်းပြင်ဆင်အသုံးပြုနိုင်ပါသည်။
Type Windows Key + R ကို နိပ် ၍ Run Box ခေါ်ပါ။
control ဆိုသော စာသားကို ရိုက် ၍ Control Panel သို့ဝင်ပါ။
Change Input Method သို့သွားပါ။
Advanced Setting သို့သွားပါ။
Change Language Bar Hot Keys သို့သွားပါ။
Change Key Sequence သို့သွား ၍ Switch Input Language တွင် Ctrl+Shift ကို ရွေးပါ။
ယူနီကုဒ်စနစ်ကို လိုက်နာသောမြန်မာစာကို အသုံးပြုခြင်းဖြင့် အားသာချက်များရှိပါသည်။
အားသာချက်များ
မြန်မာစာကို စီစဉ်တကျထားနိုင်သည် ဆိုလိုသည်မှာ အဂ်လိပ်စာတွင် A to Z သို့ Z to A စီနိုင်သကဲသို့ စီနိုင်သည်။
ထို့အပြင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများသည်လည်း စံ စနစ်ကိုလိုက်နာသည့် ဘာသာစကား စာပေများကိုသာ သူတို့၏ထုတ်ကုန်များတွင်ထည့်သွင်းထားမည်ဖြစ်သည်။
ထို့အပြင် (ေ) ဘေးရှိ အဝိုင်းစက်များထားရှိခြင်းအားဖြင့် တစ်ချောင်းငင် (ု, ူ, ်,့,ံ,ျ,ှ) စသည်များမှာ၂ခါရိုက်မိလျှင် အလွယ်တကူ သိရှိနိုင်သည်။
မြန်မာစာသင်ပုန်ကြီးအတိုင်း ရိုက်ရသည် ဖြစ်သည့်အတွက်ကြောင့် အလွယ်တူ တက်လွယ်သည်။
အမြှောက်၊ အညွှန်း စသည်တို့ကို စာလုံးထပ်ခြင်းမရှိပါ။
ပါဋ္ဌိ ပါဋ္ဌ်ဆင့် စာပေများကို အလွန်လွယ်ကူစွာရိုက်နိုင်သည်။ (ဥပမာ မန္တလေး၊ မဏ္ဍပ်၊ ဥက္ကဌ)
မြန်မာ အက္ခရာများ၏စာလုံးများသည် အခြားသော ဘာသာစာလုံးများ၏ နေရာများကို ယူပြီးသုံးစွဲထားခြင်းမရှိပါ။
စာလုံးပုံစံ အမျိုးမျိုး ရှိခြင်း။( ဥပမာ Padauk, Thelon, Myanmar3, Master Pieace, Parabike စသည်အားဖြင့်)
စာလုံး တစ်လုံးကို တစ်မျိုးသာမှတ်သားရခြင်း
စာလုံးများတွဲဖက်လိုက်ပါက ထပ်သွားခြင်း၊ အခြားပုံစံဖြင့် တူညီနေမှုမရှိခြင်း (ဥပမာ ငှက်၊ အမြှောက်၊ အညွှန်း )
စာလုံးပေါင်း သတ်ပုံ မှားယွင်းစွာရိုက်ပါက ရိုက်၍မရခြင်း (ဥပမာ ဦး ကို (ဉ) ညလေး ဖြင့် ပေါင်း၍မရပါ။ (ဉ်) ညလေးသတ်ကိုလည်း ဥ ဖြင့် ပေါင်းလို့မရပါ )
အားနည်းချက်များ
Myanmar(Phonetic order) ကီးဘုဒ်
တချို့စကားလုံးများအတွက် မြန်မာစာရေးထုံးကို မလိုက်နာနိုင်ခြင်းပင်ဖြစ်သည်၊ ဥပမာ – (မောင်) ဟုရိုက်လိုပါက (မ) ကိုအရင်ရေး၍ သဝေထိုး (ေ) ကိုနောက်မှရေးမှ အမှန်ပေါ်သည်။ တခြားစကားလုံးများအတွက်တော့ အတော်ကိုအဆင်ပြေပါသည်။ ထိုသို့ဖြစ်ရသည်မှာ Unicode စံကို လိုက်နာထားသောကြောင့်ဖြစ်သည်။ မည်သည့် ယူနီကုဒ်တွင်မဆို ဗျည်းအက္ခရာပြီးမှ သရ လိုက်ရမည်ဟု သတ်မှတ်ထားသည်။
ရေးထုံးလိုက်နာသော Myanmar (Visual order) မြန်မာစာ ( လက်နှိပ်စက် ) အားရွေးချယ်နိုင်ပါသည်။

Windows 10 Login Password ခတ်နည်းနဲ့ပြန်ဖြုတ်နည်း=====================ကွန်ပျူတာ Login Password ဘယ်လို ခတ်ရမလဲ?တကယ်မသိလို...
03/11/2019

Windows 10 Login Password ခတ်နည်းနဲ့ပြန်ဖြုတ်နည်း
=====================

ကွန်ပျူတာ Login Password ဘယ်လို ခတ်ရမလဲ?
တကယ်မသိလို့မေးထားသူတွေအတွက် Windows
Login Password ခတ်နည်းနဲ့ပြန်ဖြုတ်နည်းနှစ်နည်းကို
ပုံတွေထဲမှာ စာရေးထားပြီး ဖော်ပြ ပေးလိုက်ပါတယ်။
တစ်ပုံချင်းစီကို ထောက်ကြည့်ပါ။ Password ပေးနည်း
နှစ်နည်းကို ဖော်ပြထားပါတယ်။

Programming ဆိုတာ ကွန်ပျူတာတစ်လုံးပေါ်မှာ လုပ်ဆောင်ချက်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ အရာတွေလို့ အကြမ်းအနေနဲ့ မှတ်ယူနိ...
27/10/2019

Programming ဆိုတာ
ကွန်ပျူတာတစ်လုံးပေါ်မှာ လုပ်ဆောင်ချက်တွေကို အမိန့်ပေးခိုင်းစေနိုင်တဲ့ အရာတွေလို့ အကြမ်းအနေနဲ့ မှတ်ယူနိုင်မှာဖြစ်ပါတယ်။
Credit: တောရက်စ် ( MC )

ဒီတော့ ကျွန်တော်တို့ ထိတွေ့နေကြတဲ့ ကွန်ပျူတာဆိုတဲ့ အရာတွေကို ပထမဆုံးလေ့လာကြည့်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာဟာ ထိတွေ့ကိုင်တွယ်နိုင်သောအရာ (Hardware) နဲ့ ထိတွေ့ကိုင်တွယ်လို့ မရနိုင်သောအရာ (Software) တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

▪️Hardware ဆိုတာ

Input Device များ ဖြစ်တဲ့

a. Keyboard
b. Mouse
c. Scanner
d. Microphone
e. We**am

Output Device များ ဖြစ်တဲ့

a. Monitor
b. Printer
c. Speaker
d. Headphones
e. Projector

များကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီနေရာမှာ သိထားရမှာက Hardware မှာ မှတ်ဉာဏ်ပဲရှိပြီးတော့ အသိဉာဏ်မရှိပါဘူး။ ဒါကြောင့် (Computer has no Intelligence.) လို့ဆိုနိုင်မှာဖြစ်ပါတယ်။

▪️Software ဆိုတာ

ကွန်ပျူတာကြီး အသက်ဝင်လာအောင်၊ အလုပ်တွေလုပ်လို့ရအောင် သူ့မှတ်ဉာဏ်ကို အားကိုးပြီး အသိဉာဏ်နဲ့တူတဲ့ Software တွေကို Run ပေးရပါတယ်။

ဒီ Software တွေကြောင့် ကွန်ပျူတာဟာ လုပ်ဆောင်ချက်တွေကို လုပ်နိုင်တာဖြစ်ပြီး၊ Hardware တွေကို ခိုင်းစေရန်အတွက် Software တွေလိုအပ်လာပါတယ်။

Software ဆိုတဲ့နေရာမှာ အလွယ်ပြောရရင်တော့ Programming ဘာသာစကားတွေနဲ့ ရေးထားတဲ့ အစုအဝေးတစ်ခုကို ဆိုလိုပါတယ်။

ဥပမာအားဖြင့် Adobe Pagemaker, Photoshop, Office, AutoCAD, စသည်ဖြင့် အားလုံးကို Software လို့ခေါ်ဆိုနိုင်ပါတယ်။

အဲ့ဒါတွေ ဖြစ်လာအောင် Programming Languages တွေ နဲ့ရေးကြရပါတယ်။ အဲ့ဒီတော့ Programming ဆိုတာ Software ရေးနည်းလို့ဆိုနိုင်မှာဖြစ်ပါတယ်။

▪️Program တစ်ခုမှာ

1. Data
2. Instruction/ Command ဆိုပြီး နှစ်ခုပါတယ်။

ဥပမာအနေနဲ့ပြောမယ်ဆိုရင်

5 နဲ့ 4 ပေါင်းတဲ့ ကိစ္စတစ်ခုကို ဖော်ပြပါမယ်။
အရှင်းလင်းဆုံးပုံစံနဲ့ ပြရမယ်ဆိုရင် 5 + 4 လို့ရေးနိုင်ပါတယ်။
အဲ့ဒီနေရာမှာ 5 နဲ့ 4 က Data ဖြစ်ပြီး (+) က Instruction / Command ဖြစ်ပါတယ်။

Programming Language တွေများစွာ ရှိပါတယ်။ ဒါပေမယ့် အခြေခံသဘောတရားတွေကတော့ အားလုံးအတူတူပဲလို့ ဆိုနိုင်ပါတယ်။

Programming Language ကို အခြေခံအားဖြင့်တော့ (၃) မျိုး ခွဲခြားထားပါတယ်။

1. Machine Languages
2. Assembly Languages
3. High-Level Languages တို့ဖြစ်ပါတယ်။

1. Machine Languages

သူ့မှာ “0” ရယ် “1” ရယ်နှစ်ခုပဲ ရှိပါတယ်။ စက်အတွက် ရေးတဲ့စာလို့ နားလည်နိုင်ပါတယ်။ လူတစ်ဦးအနေနဲ့တော့ နားလည်ဖို့ မဖြစ်နိုင်ပါဘူး။ စက်တစ်လုံးအပေါ်မှာတော့ အပြည့်အဝနားလည်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

2. Assembly Languages

Assembly Languages မှာတော့ လူက 30% လောက်နားလည်လာပြီး စက်ကလည်း 70% လောက် နားလည်လာပါပြီ။

Assembly Languages မှာ Data တွေရှိမယ်၊ Instruction / Command တွေရှိမှာဖြစ်ပါတယ်။

ဥပမာအနေနဲ့ ထပ်ပြောရမယ်ဆိုရင်တော့ 10 + 20 = 30 ဆိုတာမျိုးပါ။ 10, 20, 30 က Data တွေဖြစ်ပြီး၊ + နဲ့ = က Instruction / Command တွေဖြစ်ပါတယ်။

ဒါပေမယ့် စက်ကို ဒီအတိုင်းသွားရေးပြမယ်ဆိုရင် သူကမသိနိုင်ပါဘူး။ သူက 0 နဲ့ 1 နှစ်ခုပဲသိတာ ဖြစ်ပါတယ်။ စက်နားလည်နိုင်ဖို့အတွက် ဘာသာပြန် (Compile) လုပ်ပေးရတယ်။

အဲ့ဒီအခါမှ Machine Language ဖြစ်သွားပြီး စက်မှ Run လို့ရသွားမှာဖြစ်ပါတယ်။ Compile ဆိုတာ ပြောင်းပေးတာဖြစ်ပါတယ်။ Assembly Language ကနေ Machine Language ကိုပြောင်းပေးတာကို Compile လုပ်တယ်လို့ခေါ်တယ်။ နာမည်အနေနဲ့ Assembler လို့ခေါ်ပါတယ်။

3. High-Level Languages

High-Level Languages မှာတော့ လူတွေက 100% ကို နားလည်လာပြီးဖြစ်ပါတယ်။

စက်ကိုလည်း နားလည်အောင် Compile လုပ်လို့ အဆင်ပြေသွားပြီးလို့ ဆိုနိုင်ပါတယ်။ High-Level မှာလည်း Data တွေ Instruction / Command တွေနဲ့ ပြည့်စုံပါတယ်။ Program တစ်ခုရေးပြီးလို့ စက်နားလည်အောင် Compile လုပ်ပေးရင် သူ့ကို နာမည်အနေနဲ့ Compiler လို့ခေါ်ပါတယ်။

▪️Programming Language များအကြောင်း

Programming Language တွေများစွာဟာ ယခင်အချိန်များစွာကတည်းက ထွက်ပေါ်ခဲ့ပါတယ်။ နည်းပညာရဲ့ သဘောတရားအရ အပြောင်းအလဲ မြန်ဆန်တဲ့အတွက်ကြောင့် ငုတ်လျှိုးပျောက်ကွယ်သွားတဲ့ Language တွေရှိခဲ့သလို၊ အသစ်ထပ်မံထွက်ရှိလာတဲ့ Language တွေကြောင့်လဲ Programming Language တွေဟာ ပိုမိုများပြားလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Programming Language တွေအကြောင်းကို အစအဆုံးတခုချင်းစီ လေ့လာနိုင်ဖို့ မလွယ်ကူပေမယ့် နာမည်ကျော်ကြားပြီး၊ လူသိများတဲ့ Programming Language တွေအကြောင်းကိုတော့ History များနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

C
၁၉၇၂ ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ C Programming Language ဟာ Programming လောကအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ နည်းပညာလောကအပေါ်မှာလည်း များစွာအကျိုးပြုခဲ့ပြီး၊ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

C ကို ၁၉၆၉ ခုနှစ်ကနေ ၁၉၇၃ ခုနျစ်အတွင်း Dennis Ritchie က Bell Telephone Laboratories မှာ Unix Operating System အတွက် ဖန်တီးခဲ့တာဖြစ်ပါတယ်။ C ရဲ့နောက်ဆုံး Stable Release ကတော့ C 11 ဖြစ်ပြီး ၂၀၁၁ ခုနှစ်ရဲ့ ဒီဇင်ဘာလမှာ ထွက်ခဲ့တာဖြစ်ပါတယ်။

C++
C++ အကြောင်းကိုတော့ ကွန်ပျူတာအသုံးပြုသူအများစု ကြားဖူးနားဝတော့ အနည်းဆုံး ရှိကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ C++ ဟာ Programming Language လောကအတါင်းမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်ထိ အသုံးပြုနေဆဲ Language တစ်ခုဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

C++ ဟာ ၁၉၈၃ ခုနှစ်မှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး၊ C++ ရဲ့ Developer ကတော့ Bjarne Stroustrup ဖြစ်ပါတယ်။ Bell Telephone Laboratories ဟာ နည်းပညာလောကအတွက် အောင်မြေတစ်ခုလို့ ဆိုနိုင်ပြီး C++ ကိုလည်း အဆိုပါနေရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

C #
Microsoft ရဲ့ Product တစ်ခုဖြစ်တဲ့ C # ကတော့ ၂၀၀၁ ခုနှစ်မှာစတင် Develop လုပ်ခဲ့တာဖြစ်ပါတယ်။ C # ရဲ့ Stable Release ကတော့ 4.0 ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အချိန်က ဖြန့်ချိပေးခဲ့တာဖြစ်ပါတယ်။ Microsoft ဟာ လွန်ခဲ့တဲ့ ၃ လအချိန်ကတော့ Beta Release 5.0 ကိုထပ်မံ ဖြန့်ချိပေးခဲ့ပါတယ်။ Windows Application တွေရေးသားရာမှာ များစွာလွယ်ကူအဆင်ပြေတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Perl
Perl ဟာလည်း C-Base Programming Language တစ်ခုဖြစ်ပြီး၊ ၁၉၈၈ ခုနှစ်က ပေါ်ထွက်ခဲ့ပါတယ်။ Perl ရဲ့ Developer ကတော့ Larry Wall ဖြစ်ပါတယ်။

Scripting Language တစ်ခုဖြစ်ပြီး System Administration, Text Processing နဲ့ Web Server အတွက် လုပ်ငန်းတာဝန်ပိုင်းတွေမှာ အသုံးပြုမှု များပါတယ်။ Perl ရဲ့ Stable Release ကတော့ 5.16.0 ဖြစ်ပြီး Preview Release ကတော့ 5.17.1 ဖြစ်ပါတယ်။

Java
Java ကတော့ Programming Language တွေထဲမှာ လက်ရှိအောင်မြင်မှုမြင့်မားနေတဲ့ Language တစ်ခုဖြစ်ပါတယ်။ Windows Application, Web Application တွေနဲ့ Mobile Application တွေကို ရေးသားနိုင်တဲ့ Language အမျိုးအစားတစ်ခုဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

Java ရဲ့ Developer ကတော့ James Gosling ဖြစ်ပြီး၊ Sun Microsystems ကဖြစ်ပါတယ်။ Java ဟာ ၁၉၉၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပေမယ့် အသုံးပြုသူတွေထံကို ချပြခဲ့တာကတော့ ၁၉၉၅ ခုနှစ် အရောက်မှသာဖြစ်ပါတယ်။ Java ရဲ့ အောင်မြင်မှုဟာ Programming လောကအပေါ်ရိုက်ခတ်မှုများစွာ ရှိခဲ့ပြီး၊ Android Application တွေကို Java နဲ့ ရေးသားထားတာဖြစ်ပါတယ်။

PHP
PHP ကတော့ Web ပိုင်းမှာ အလွန်ကို အောင်မြင်နေတဲ့ Server-Side HTML Scripting Language အမျိုးအစားဖြစ်ပါတယ်။ PHP ကိုတော့ ၁၉၉၅ ခုနှစ်က Rasmus Lerdorf ကစတင် Develop ပြုလုပ်ခဲ့တာဖြစ်ပြီး၊ PHP ရဲ့ Stable Release ကတော့ 5.4.4 ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ရဲ့ ဇွန်လ (၁၄) ရက်နေ့မှာ ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။ Dynamic Web Page တွေကို ဖန်တီးတဲ့နေရာမှာ အကောင်းမွန်ဆုံး Scripting Language ဖြစ်တဲ့အတွက် Web Developer အများစု အသုံးပြုတဲ့ Language တစ်ခုဖြစ်ပါတယ်။

Python
Python ကိုတော့ သိကျွမ်းသူအနည်းသာ ရှိပါလိမ့်မယ်။ ဒါပေမယ့် Python ဟာလည်း စွမ်းအားမြင့်မာတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပြီး၊ High Level Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Python ကို ၁၉၉၁ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပြီး၊ Python ရဲ့ Designer ကတော့ Guido Van Rossum ဖြစ်ပါတယ်။ Google Application Engine မှာ ပထမဆုံး အသုံးပြုခဲ့တဲ့ Programming Language အမျိုးအစားတစ်ခုအဖြစ် လူသိများပါတယ်။

VB
Microsoft ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တာနဲ့တင် VB ဟာ ဘယ်လောက် Strong ဖြစ်တယ်ဆိုတာ သိသာနိုင်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ စတင် Develop ပြုလုပ်ခဲ့တဲ့ VB ဟာဆိုရင် သက်တမ်းအရ ၁၉ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။

VB ဟာ Microsoft ရဲ့ Office Application ရေးသားမှုတွေကို အဓိကထားပါတယ်။ နောက်တစ်ခုအနေနဲ့ကတော့ VB ကို Virus code တွေ ရေးသားတဲ့နေရာမှာလည်း အသုံးပြုမှုများတာကို တွေ့ရပါတယ်။ VB ရဲ့ Stable Release ကိုတော့ Office 2012 ထွက်ရှိစဉ်က၊ တစ်ပြိုင်နက်ထွက်ခဲ့တာဖြစ်ပြီး၊ Version 7.0 ဖြစ်ပါတယ်။

Pascal
၁၉၇၀ ခုနှစ်က ပေါ်ထွက်ခဲ့တဲ့ Pascal ဟာလည်း သူ့အချိန်အခါက အောင်မြင်တဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Pascal ရဲ့ Developer ကတော့ Niklaus Wirth ဖြစ်ပါတယ်။ Pascal ဟာ ပြင်သစ်သင်္ချာပညာရှင် Blaise Pascal ကို ဂုဏ်ပြုပြီး ပေးခဲ့တဲ့ နာမည်လည်းဖြစ်ပါတယ်။ Pascal အသုံးပြုထားတဲ့ Application တွေကို လက်ရှိအချိန်ထိ အသုံးပြုနေရဆဲလည်းဖြစ်ပါတယ်။ Pascal ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း ကျွမ်းကျင်ပညာရှင်များက Strong & Safe Programming Language လို့ သတ်မှတ်ကြပါတယ်။

JavaScript
JavaScript ကိုတော့ ဒီဖက်အချိန်မှာ လူအတော်များများ သိရှိပြီးဖြစ်မှာပါ။ ဒါပေမယ့် Java Programming Language နဲ့မှားယွင်းတတ်ပြီး၊ JS ကို ၁၉၉၅ ခုနှစ်မှာ Brendan Eich က ဖန်တီးခဲ့တာဖြစ်ပါတယ်။

JavaScript ကို Netscape ကနေ မွေးဖွားလာတယ်လို့လဲ ဆိုနိုင်ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတော့ Brendan Eich ဟာ JavaScript ကို ဖန်တီးချိန်က Netscape မှာ အလုပ်လုပ်ကိုင်နေချိန်ဖြစ်တဲ့အတွက်ပါ။ JavaScript ဟာ Stable Release အဖြစ် 1.8.5 ကို ၂၀၁၁ ခုနှစ် မတ်လက ထုတ်လုပ်ခဲ့ပါတယ်။ Java Script ဟာ Scripting Language အမျိုးအစားဖြစ်တဲ့အတွက် Web Site အတော်များများမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။

Ruby
Ruby ဟာ Japan နိုင်ငံကနေဖွံ့ဖြိုးလာတဲ့ Programming Language အမျိုးအစားဖြစ်ပါတယ်။ Ruby ရဲ့ Designer ကတော့ Yukihiro Matsumoto ဖြစ်ပြီး၊ ၁၉၉၅ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ Ruby ရဲ့ Stable Release ကတော့ 1.9.3-p194 ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ(၂၀) ရက်နေ့က Release ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Dynamic အမျိုးအစားတစ်ခုဖြစ်ပြီး၊ OOP Language အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အာရှဒေသမှ Develop ပြုလုပ်တဲ့ Programming တစ်ခုဖြစ်ပြီး၊ အနာဂတ်ကာလမှာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Go

Go Programming Language ကတော့ Google Inc. ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Designer ကတော့ Robert Griesemer, Rob Pike, Ken Thompson တို့ဖြစ်ပါတယ်။

Go ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ အတွင်းကမှ စတင်ကြော်ငြာခဲ့တာဖြစ်ပြီး၊ အမျိုးအစားကတော့ Static ဖြစ်ပါတယ်။ Strong ဖြစ်ပြီး၊ File Name အနေနဲ့တော့ .go ကို အသုံးပြုတာတွေ့ရပါတယ်။ Go ရဲ့ Stable Version ကတော့ 1.0.2 ကိုသာ ရောက်ရှိသေးတာဖြစ်ပါတယ်။

Lynx

Lynx Programming Language ကတော့ ကြီးမားပြီး ကျယ်ပြန့်တဲ့ Network တွေမှာ အသုံးပြုပါတယ်။

Lynx ကိုတော့ University of Wisconsin-Madison က ၁၉၈၄ ခုနှစ်မှာ စတင် Develop ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Lynx ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Charlotte Multicomputer Operating System အတွက်ဖြစ်ပါတယ်။

FOCAL

Formula Calculator ရဲ့ ဦးဆုံး စာလုံးတွေကို မျှတစွာရယူထားတဲ့ FOCAL Programming Language ဟာ အခြေခံကျတဲ့ Programming Language အမျိုးအစားတစ်ခုဖြစ်ပါတယ်။

FOCAL ကို ဖန်တီးမှုတွေထဲမှာ အများဆုံးပါဝင်တာကတော့ Richard Merrill ဖြစ်ပါတယ်။ FOCAL ဟာ ၁၉၆၈ ခုနှစ်ကတည်းက Develop စတင်ပြုလုပ်နေပြီဖြစ်ပြီး၊ ရှေးပိုင်းကျတဲ့ Language အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

▪️IDE များ အကြောင်းသိကောင်းစရာ

IDE လို့ အသိများတဲ့ Integrated Development Environment တွေဟာ Programmer တွေအတွက် အဓိကနေရာကနေ အရေးပါတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်။

IDE တွေဟာ သက်ဆိုင်ရာ Language တွေအလိုက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး၊ Microsoft ရဲ့ Visual Studio လိုမျိုး IDE တွေဟာဆိုရင် Coding တစ်ကြောင်းမှ ရေးစရာမလိုဘဲ Web Login Page တွေ တည်ဆောက်နိုင်တဲ့အထိ ကောင်းမွန်လှပါတယ်။

IDE တစ်ခုမှာ အခြေခံအားဖြင့် ပါဝင်တာကတော့

1. A Source Code Editor
2. Built Automation Tools
3. A Debugger

တို့ဖြစ်ပါတယ်။

အချို့သော IDE တွေမှာတော့ Compiler, Interpreter တို့ပါဝင်လာပြီး၊ ဥပမာအနေနဲ့ပြောရမယ် ဆိုရင်တော့ Visual Studio ကိုပဲ ထပ်မံညွှန်းဆိုရမှာ ဖြစ်ပါတယ်။

IDE တွေရဲ့အစပိုင်းကို ပြန်ကြည့်မယ်ဆိုရင် Command Based Application များကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဖက်အချိန်ကာလကို ရောက်ရှိလာချိန်မှာတော့ ပြီးပြည့်စုံတဲ့ IDE အများစုကို မြင်တွေ့နိုင်ပြီးဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတာတွေကတော့ နာမည်ကြီးပြီး လူသိများတဲ့ IDE တွေကို ဖော်ပြပေးလိုက်ပါတယ်။

Microsoft Visual Studio
IDE တွေထဲကမှ အကောင်းမွန်ဆုံးနဲ့ အပြည့်စုံဆုံး IDE လို့ဆိုနိုင်ပါတယ်။ Microsoft ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ Stable Release အဖြစ် Microsoft Visual Studio 2010 SP1 ကို ထုတ်လုပ်ထားပါတယ်။

Preview Release အနေနဲ့တော့ Visual Studio 2012 RC ကို ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့က ဖြန့်ချိပေးခဲ့ပါတယ်။ Microsoft Visual Studio ကိုတော့ C++ & C # တို့နဲ့ရေးထားတာဖြစ်ပြီး၊ Microsoft Windows တွေအတွက် သီးသန့်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ Microsoft Visual Studio ကို အသုံးပြုပြီး Microsoft Windows, Windows Mobile, WebSite တို့အတွက် ရေးဆွဲနိုင်မှာဖြစ်ပါတယ်။

Visual Studio ဟာ Language များစွာကို အထောက်အပံ့ပေးထားပြီး Built-in ပါဝင်တဲ့ Language တွေကတော့ C / C++ (via Visual C++), VB.Net (via Visual Basic.Net), C #(via Visual C #) တို့ဖြစ်ပါတယ်။ အခြားအထောက်အပံ့တွေ အနေနဲ့တော့ XML / XSLT, HTML / XHTML, JavaScript နဲ့ CSS တို့ဖြစ်ပါတယ်။

NetBeans
NetBeans ကတော့ Oracle Corporation ရဲ့ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Java နဲ့ရေးသားထားတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Java IDE အမျိုးအစားဖြစ်ပြီး Stable Release ကတော့ 7.1.2 ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ (၂၆) ရက်နေ့က ထုတ်လုပ်ဖြန့်ချိတာဖြစ်ပါတယ်။ NetBeans ကိုတော့ Cross-Platform အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Microsoft Windows, Mac OS, Linux, Solaris နဲ့ အခြား Platform တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

NetBeans အထောက်အပံ့ပေးတဲ့ Language တွေကတော့ Java, JavaScript, PHP, Groovy, C, C++, Scala, Clojure တို့နဲ့အတူ Ruby နဲ့ Ruby on Rails တို့ကိုပါ အထောက်အပံ့ပေးထားပါတယ်။ NetBeans ကို ၁၉၉၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Eclipse
Eclipse ကတော့ Free and Open Source Software Community ကနေ Develop ပြုလုပ်ထားတာဖြစ်ပြီး၊ Software Development Type ဖြစ်ပါတယ်။

Java အတွက် သီးသန့်ဖြစ်ပေမယ့်၊ Plug-in ထည့်သွင်း အသုံးပြုမယ်ဆိုရင်တော့ အခြား Language တွေများစွာကိုပါ Support ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Cross Platform အမျိုးအစားဖြစ်ပြီး Microsoft Windows,, Mac OS, Solaris, Linux တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Eclipse ရဲ့ Stable Release ကတော့ 3.7.2 Indigo ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ Eclipse ဟာ Plug-in ထည့်သွင်းအသုံးပြုမယ် ဆိုရင်တော့ C, C++, COBOL, Haskell, Perl, PHP, Python, R, Ruby, Scala, Ada, Clojure, Groovy နဲ့ Scheme တို့ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Eclipse SDK ဟာ Free and Open Source Software အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

JDeveloper
JDeveloper ကတော့ Oracle Corporation ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Java Developer တွေအတွက် ရေးထားတဲ့ IDE အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Cross-Platform အမျိုးအစားဖြစ်တဲ့အတွက် OS အများစုမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ ပြီးပြည့်စုံတဲ့ Java IDE အမျိုးအစား တစ်ခုဖြစ်ပါတယ်။ JDeveloper မှာတော့ Java, XML, SQL, PHP, HTML, P/SQL, JavaScript, BPEL တို့ကို Develop ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

JDeveloper ဟာ Design Coding, Debugging, Optimization နဲ့ Profiling to Developing တို့ကိုပါ ပြုလုပ်နိုင်မှာဖြစ်တဲ့အတွက် Java Developer များအတွက် များစွာအဆင်ပြေစေတဲ့ IDE အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

WinDev
WinDev ကို PCsoft က ၁၉၉၃ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်မှာတော့ Version 17 ကို ရောက်ရှိနေပြီးဖြစ်ပါတယ်။ WinDev ကိုတော့ Microsoft Windows ပေါ်မှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး၊

Visual Basic, Java နဲ့ C # တို့ကို Support ပေးထားပါတယ်။ အခြားထုတ်ကုန်တစ်ခုအနေနဲ့ တွဲဖက်ပြီး ပါဝင်လာတာကတော့ WebDev ဖြစ်ပြီး Web Application များ Web Site များရေးဆွဲရာမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ WinDev ကတော့ 4GL (Fourth Generation Language) ကို အသုံးပြုထားပါတယ်။

Xcode
Apple အသုံးပြုသူအများစု ရင်းနှီးမယ့် နာမည်တစ်ခုဖြစ်ပါတယ်။ Apple Inc. ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး၊ Stable Release ကတော့ 4.3.3 (4E3002) ဖြစ်ပါတယ်။

Developer Preview အနေနဲ့တော့ 4.5 ကိုထုတ်လုပ်ပေးထားပြီး ၂၀၁၂ ခုနှစ် ဇွန်လ (၁၁) ရက်နေ့က ဖြန့်ချိခဲ့ပါတယ်။ Xcode ဟာ Apple ရဲ့ Mac OS & iOS Application တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ IDE အမျိုးအစားတစ်ခုဖြစ်တဲ့အတွက် Mac OS အမျိုးအစားတစ်ခုထဲမှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Xcode မှာ Interface Builder ပါဝင်တဲ့အတွက်ကြောင့် ပြီးပြည့်စုံတဲ့ IDE အမျိုးအစားတစ်ခုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ Xcode ရဲ့ Support ပေးတဲ့ Language တွေကတော့ C, C++, Objective-C, Objective-C++, Java, AppleScript, Python, Ruby တို့ကို အထောက်အပံ့ပေးထားပါတယ်။

▪️Programming ကိုလေ့လာသင်ယူလိုတယ်ဆိုရင်…

Programming ဘာသာရပ်တွေအနေနဲ့ ပြည်တွင်း/ ပြည်ပမှာ အလုပ်အကိုင်နေရာ အခွင့်အလမ်း များပြားတဲ့အတွက် လူငယ်အများစု စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

Programming ဘာသာရပ်မှာလည်း လေ့လာသင်ယူစရာလမ်းကြောင်းတွေ ကွဲပြားသွားပြီး အခြေခံအားဖြင့် Mobile Developer, Web Developer, Software Programmer လို့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

1. Mobile Developer
ဒီပညာရပ်ကို စိတ်ဝင်စားသူများအနေနဲ့ ဖုန်းနဲ့ပတ်သက်တဲ့

Application တွေကို ရေးသားနိုင်ဖို့ ကြိုးစားသင်ယူရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အောင်မြင်မှုပမာဏကြီးမားနေတဲ့ Android အတွက်

Application တွေကို ရေးသားချင်တယ်ဆိုရင်တော့ Java Programming Language ကိုလေ့လာသင်ယူရမှာ ဖြစ်ပါတယ်။ Mobile Developer တစ်ဦးဖြစ်ဖို့အတွက် အချိန်ကာလအနေနဲ့တော့ ကြိုးစားအားထုတ်မှုအလိုက် အချိန်ကာလ (၆) လကနေ (၉) လအတွင်း ကြာမြင့်မှာဖြစ်ပါတယ်။

2. Web Developer
ဒီအပိုင်းဟာလည်း သင်ကြားပေးတဲ့ သင်တန်းများစွာရှိပြီး သင်ယူတဲ့ သင်တန်းသားများစွာရှိတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်။

Web Developer တစ်ဦးအနေနဲ့ ကိုယ်တိုင် Web Site တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သင်ယူရမယ့် အပိုင်းမှာတော့ အခြေခံအားဖြင့် HTML, CSS, JavaScript နဲ့ Photoshop တို့ကို သင်ယူရမှာဖြစ်ပြီး၊ Web Site တစ်ခုလုံးကို ကျွမ်းကျင်စွာ တည်ဆောက်ထိန်းသိမ်းနိုင်ဖို့ အတွက်တော့ Domain, Host, FTTP နဲ့ PHP အစရှိတဲ့ ဘာသာရပ်အသီးသီးကိုပါ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

CMS Package တွေဖြစ်တဲ့ WordPress, Joomla တို့ဟာလည်း Web Site တည်ဆောက်မှု အပိုင်းကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ပျော်ရွှင်စရာ လေ့လာသင်ယူမှု အပိုင်းတွေဖြစ်ပါတယ်။

3. Application Programmer
လူငယ်အများစု စိတ်ကူးယဉ်ကြတဲ့နေရာတစ်ခုဖြစ်ပြီး စိတ်ဓါတ်ကြံ့ခိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

Programmer တစ်ဦးအနေနဲ့ ဖိအားတွေကို သင်တန်းမှာကတည်းက စတင်ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီး၊ များစွာလှသော Programming Language တွေထဲက အားသန်ရာ Language တစ်ခုကို တစိုက်မတ်မတ် လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

Programming Language တွေအနေနဲ့ အချို့ကို ဖော်ပြပေးရမယ်ဆိုရင် C++, C #, Java, Python, Perl, VB အစရှိတဲ့ Language တွေအကြောင်းနဲ့ Programming Concept တွေအကြောင်းကို သင်ယူရမှာဖြစ်ပါတယ်။ Programmer တစ်ဦးအဖြစ် ရပ်တည်လိုတဲ့ လူငယ်များအတွက်တော့ အချိန်ကာလတစ်ခုကို ပေးဆပ်ရမှာဖြစ်ပါတယ်။

Ref : https://goo.gl/Uj4KHS

အချစ်မှာမျက်စိမရှိပါ......
17/10/2019

အချစ်မှာမျက်စိမရှိပါ......

Address


Website

Alerts

Be the first to know and let us send you an email when Taung Paw Tar PPK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taung Paw Tar PPK:

Shortcuts

  • Want your business to be the top-listed pet store/pet service?

Share