Family Betta Shop

Family Betta Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Family Betta Shop, Pet service, Thanlyin.

ငါးနှင့်ငါး၏ခန္ဓာဗေဒ (အပိုင်း ၂)(Fish and Anatomy of Fish)ပုံထောက်၍ စာဖက်ပါ
09/10/2022

ငါးနှင့်ငါး၏ခန္ဓာဗေဒ (အပိုင်း ၂)
(Fish and Anatomy of Fish)

ပုံထောက်၍ စာဖက်ပါ

ဒီနေ့မာတော့ကျနော်ကယခင်နေ့လေးတွေနဲ့မတူအောင် ငါးခန္ဓာကိုယ် ဖွဲစည်းပုံလေးတွေကိုပြောပြပေးသွားမာဖြစ်ပါတယ်။ငါးနှင့်ငါး၏ခန္ဓာဗေ...
04/10/2022

ဒီနေ့မာတော့ကျနော်ကယခင်နေ့လေးတွေနဲ့မတူအောင် ငါးခန္ဓာကိုယ် ဖွဲစည်းပုံလေးတွေကိုပြောပြပေးသွားမာဖြစ်ပါတယ်။

ငါးနှင့်ငါး၏ခန္ဓာဗေဒ (အပိုင်း ၁)
(Fish and Anatomy of Fish)
ငါးများ၏ အဂ်ါများကိုလေ့လာရာတွင်
လူတို့၏အချို့သော အဂ်ါအစိတ်အပိုင်းများနှင်နှိုင်းရှင်၍လေ့လာနိုင်ပါတယ်။ငါးနှင့်
လူသတ္တဝါနှစ်မျိုးလုံးတွင် ကြွက်သားများကို ပံ့ပိုးပေးနေသည့်အရိုးများပါရှိသည်။ငါးနှင်လူတို့တွင်အခြားကိုယ်အဂ်ါများကိုသွေးလည်ပတ်စေရန်အလုပ်လုပ်ပေးသော နှလုံးများရှိသည်။လူတို့ခံစားနိုင်သောအာရုံငါးပါကိုလည်းငါးတို့ခံစားနိုင်သည်။အချို့အာရံဒများကိုမူလူတို့ထပ်ပင်ငါးတို့ကအသိဆတ်ကြသည်။ငါးနှင့်လူတို့၏အဓိကကွာဟချက်မှာ ရွှေ့လျှားပုံနှင့်စနစ်တကျလှုပ်ရှားနိုင်ခြင်းတို့ဖြစ်သည်။ရေထဲတွင် ငါးတို့သွားလာလှုပ်ရှားရန်အသုံးပြုသော အဓိက အဂ်ါမှာအမြီးပီတန်ကယ်(Caudal Peduncle)ဖြစ်ပီး၊ကျန်ဆူးတောင်များမှာ ငါးများတည့်မတ်တည်ငြိမ်စွာကူးခပ်နိုင်ရန်၊အထောက်အပံ့ပေးရန်အတွက်သာဖြစ်သည်။ငါးများတွင်ပါသော နှာပေါက်များ (Nostrils)သည်အနံခံရန်သာအသုံးပြုပီး အသက်ရှူရာတွင် သုံးလေ့မရှိချေ။ငါး၏အရေခွံများသည် အများအားဖြင့် အကြေးခွံနှင့်ဖုံးအုပ်ထားပြီးကြေးခွံသည်နူးညံ့သောတစ်သျှူးများကိုကပ်ပိုးများမကပ်ငြိရန်နှင့်နေလောင်ဒဏ်တို့မှကာကွယ်ရန်အသုံးပြုသည်။ငါးများ၏ပါးပုံသဏ္ဍာန်နှင့်တည်နေပုံသည် ငါးများအစာစားပုံနှင့်ရေတွင်မည်သည့်အမြင်၌ နေထိုင်သည်ကိုဖော်ပြသည်။
နောက်နေ့များတွင်
ငါး၏ပါးစပ်များ(Fish Mouths)
ငါးများ၏အကြေးခွံများ(Fish Scales)
ငါး၏မျက်စိဖွဲ့စည်းပုံ(Eye Structure)
ငါးအမြီးများ(Fish Tails)
ရေယက်များ(Fins)
အသက်ရှူအဂ်ါ(Breathing Organ)
သွားများ(Teeth)
ငါးစည်ဖောင်း(Swim Bladder)
စသည့်ငါး ခန္ဓာကိုယ်အစိတ်ပိုင်းများအကြောင်းကို တစ်ခုချင်းစီတင်ပေးသွားမာပါ။

လေးသည်တော်ငါး (Archer Fish)Archer Fish များကို အရှေ့တောင်အာရှနိုင်ငံများနှင့် သြစတြေးလီးယား တို့မာတွေ့ရသည်။ အရွယ်အစားက ၂...
03/10/2022

လေးသည်တော်ငါး (Archer Fish)
Archer Fish များကို အရှေ့တောင်အာရှနိုင်ငံများနှင့် သြစတြေးလီးယား တို့မာတွေ့ရသည်။ အရွယ်အစားက ၂၄စင်တီမီတာရှိပီး
ရေအရည်အသွေးအနေနဲ့ ဆားငန်ရေ၊ရေချိုရေငန်စပ် ကိုကြိုက်ပီးအပူချိန် ၂၅-၂၈ ဒီဂရီစင်တီဂရိတ်နှင့်သင့်တော်သည်။အစားအစာအနေနဲ့ အင်းဆက် ၊အတောင်မဲ့ဖြုတ်၊ရေတီ၊အစာခြောက်များကျွေးနိုင်သည်။လိင်ခွဲခြားရန် ပြင်ပကွဲပြားခြားသော လက္ခဏာမရှိပေ။
မျိုးစိတ်တူခြင်းသာထားသင့်သည်။
Archer Fish သည်အာခေါင်နှင့်လျှာကိုပြွန်သဖွယ်ပြုလုပ်၍ပါးဟပ်ကိုရုတ်တရက်ပိတ်လိုက်ခြင်းဖြင့်ပါးစပ်ထည်းမရေသည်ပြွန်သဖွယ်ထွက်လာခြင်းဖြစ်သည်။
ကိုယ်ထည်အရောင်သည်ငွေရောင်ဖြစ်၍
အနက်ရောင်အပြောက်စင်းများကန့်လန့်ဖြတ်ခြယ်ထားသည်။ကျောရေယက်နှင့်စအိုများတွင်လည်းအနက်ရောင်အပြောက်အစင်းများရှိသည်။

Harlequin Fishဟာလီကွင်းငါးHarlequinကို ထိုင်းနိုင်ငံ၊မလေးရှားနှင့် စူမားတြား တို့တွင်တွေ့ရှိသည်။အရွယ်အစားကတော့ ၄စင်တီမီတ...
02/10/2022

Harlequin Fish
ဟာလီကွင်းငါး
Harlequinကို ထိုင်းနိုင်ငံ၊မလေးရှားနှင့် စူမားတြား တို့တွင်တွေ့ရှိသည်။အရွယ်အစားကတော့ ၄စင်တီမီတာရှိသည်။ အက်စစ်ကဲရေသွက်နှင့်သင့်တော်ပီးအပူချိန် ၂၂-၂၅ ဒီဂရီ စင်တီဂရိတ်ကိုကြိုက်သည်။
ရေပိုး၊အာတီးမီးယား၊ရေတီ၊အင်းဆက်နှင့်အစာခြောက်များကျွေးနိုင်သည်။
Harlequin ငါးများ၏ထူးခြားချက်မှာ ကိုယ်ထည်၏တစ်ဝက်ခန့်တွင် နက်ပြာရောင်တြိဂံကို ထင်ရှားစွာမြင်ရခြင်းပင်ဖြစ်သည်။တြိဂံပုံသည်အမြီးအရင်းသိုရှူးသွားသည်။ကျောဘတ်တွင်စိမ်းညိုရောင်ရှိသည်။ဝမ်းဗိုက်ပိုင်းသည်ငွေရောင်ဖြစ်သည်။
အထီးတွင် နက်ပြာရောင်တြိဂံပုံသဏ္ဍာန်အကွက်သည်ဝမ်းဗိုက်၏ဗဟိုခန့်ထိရောက်သည်အမ၏အမ၏ဝမ်းဗိုက်သည်ပိုပူ၍ ပြည့်ဖောင်းနေသည်။
သားဖောက်ရန်အထီးနှင့်အမတို့ကိုခွဲထားပီးတစ်နေ့လျှင် သုံးကြိမ်လေးကြိမ်ခန့်ဂရုတစ်စိုက်ကျွေးမွေးရန်လိုအပ်သည်။
၆၀ ×၂၀ ×၂၀ စင်တီမီတာအရွယ်ရှိသားဖောက်ကန်ထဲသို့ pH 6.5ရှိရေသွက်တစ်ဝက်ခန့်ထည့်ပြီး Cryptocorynespp
အပင် နှစ်ပင်ခန့်ထည့်ထားသင့်သည်။အပူချိန်ကို ၂၅ ဒီဂရီစင်တီဂရိတ်တွင်ထိန်းထားပါ။အထီးနှင့်အမတို့သည်ဥချရန်အတွက်အရွက်များစီသို့ကူးသွား၍ ဥချရန်နေရာသည်။ဥ ချရန်နေရာရွေးပီးသော် အမသည် ဥချမည့်သစ်ရွက်၏အောက်ဘက်ကိုဝမ်းဗိုက်နှင့်ပွတ်၍ဥချရန်ရာကြည့်သည်။ထို့နောက် ငါးမသည်သစ်ရွက်၏အောက်ဖက်တွင် ဥချရာဥများသည် သစ်ရွက်၏အောက်ဖက်တွင်ကပ်နေသည်။ယင်း ဥများကိုအထီးသည် အဖိုမျိုးရည်ဖျန်း၍ မျိုးအောင်စေသည်။အမသည် ဥပေါင်း ၃၀၀ ခန့်ဥတက်သည်။ဥ ဥခြင်းပီးဆုံးသော် အထီးနှင့်အမကို ဖယ်ထုပ်ရမည်။အချိန် ၂၄ နာရီကြာသော် ငါးသောက်ပေါက်များပေါက်လာသည်။ငါးပေါက်လေးများကိုအာတီးမီးယားကျွေး၍ပြုစုမွေးမြူနိုင်သည်။တစ်လခန့်ကြာသော် ၂ စင်တီမီတာခန့်ရှိ Harlequin ငါးပေါက်လေးများကို ကြည်နူးဖွယ်တွေ့မြင်နိုင်မည်ဖြစ်သည်။
Family Betta Shop

Spotted Denio (ဒင်န် နီယို ငါးပြောက်)Sotted Denio လေးတွေဟာမြန်မာငါးစစ်စစ်ဖြစ်ပါတယ်။အရွယ်အစား ၃စင်တီမီတာရှိပီး မည်သည့်ရေအ...
29/09/2022

Spotted Denio
(ဒင်န် နီယို ငါးပြောက်)

Sotted Denio လေးတွေဟာမြန်မာငါးစစ်
စစ်ဖြစ်ပါတယ်။အရွယ်အစား ၃စင်တီမီတာရှိပီး မည်သည့်ရေအမျိုးအစာတွင်မဆိုမွေးမြူနိုင်သည်။ပိုးနီ အာတီးမီးယား ရေတီ အစာခြောက်ကျွေးနိုင်ပါသည်။အမ သည်ဥအိပ်ကပ်လာပါကဝမ်းဗိုက်သည်ပြည့်ဖောင်းနေသည်။အေးဆေးစွာအုပ်စုလိုက်ကူးနေတက်သည့်ငါးမျိုးဖြစ်သည်။ကိုယ်ပေါ်တွင်အလျှားလိုက်ရွှေရောင်အစင်းကိုအပြာရောင်အစင်းနှစ်ခုကအပြိုင်ညှပ်လျှက်ရှိသည်။ဝမ်းဗိုက်တွင်အပြာရောင်အစက်များအတန်းလိုက်ပါရှိသည်။စအိုရေယက်တွက်လည်း အပြာစက်များပါသည်။
သားဖောက်ရာတွင် Zebra Danio
(ဇီးဘယား)ကဲ့သို့ဖောက်နိုင်သည်။
Family Betta Shop

Zebra Denio(ဇီးဘယား) Zebraများကိုအိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင်စတင်တွေ့ရှိပီး အရွယ်အားဖြင့် ၄.၅စင်တီမီတာရှိသည်။မည်သည့်ရေအ...
29/09/2022

Zebra Denio(ဇီးဘယား)

Zebraများကိုအိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင်စတင်တွေ့ရှိပီး အရွယ်အားဖြင့် ၄.၅စင်တီမီတာရှိသည်။မည်သည့်ရေအမျိုးအစားတွင်မဆိုမွေမြူနိုင်သည်။အပူချိန် ၁၉-၂၅ ဒီဂရီစင်တီဂရိတ်ကိုကြိုက်သည်။ပိုးနီ၊အာတီးမီးယား၊ရေတီ၊အစာခြောက်ကျွေးနိုင်သည်။ အမသည် ဥကပ်လာသော ဝမ်းဗိုက်သည်သိသိသာသာဖောင်းနေသည်။
အလှမွေးငါးလောကတွင်စပေါ်ထည်းကယခုအချိန်ထိရေပန်းစားလျှက်ရှိသည်။စျေးနှုန်းခိုသာသည်။အကြမ်းခံသည်။သားဖောက်မျိုးပွားရန်လွယ်သည်။ကနဦး စပေါ်တုန်းဆိုလျှင်
စိမ်းညိုရောင်ကိုထည်ပေါ်တွင်အလျှားလိုက်အပြာရောင်နှင့်ရွှေရောင်အစင်းများပါရှိပီး ပါးဟက်မှစ၍အမြီးထိသွယ်တန်းလျှက်ရှိသည်။ ယခုအခါတွင်မူ Zebra အစိမ်း၊မော်ဒယ်စိမ်း၊အနီ၊အဝါ၊အပြာ၊အရောင်အသွေးစုံလင် မျိုးပွားထွန်းကားခဲ့သည်ဖြစ်ရာအလွန်လှပြကြသည်။Zebra များသည်အုပ်လိုက်မွေးမြူသင့်သောငါးဖြစ်သည်။ငါးကန်၏ရေမျက်နှပြင်နားတစ်ဝိုက်တွင် သွက်လက်စွာကူးနေလေ့ရှိသည်။
သားဖောက်ရန်အတွက်အုပ်စုလိုက်ဖောက်နိုင်သည်။ငါးကန်ကြီးကြီးတစ်ခုတွင်အပင်များပြည့်ကျပ်အောင်စိုက်ပြီး Zebra အစုံတစ်ဒါဇင်ခန့်ကိုထည့်၍ ပိုးနီနှင့်ရေတီပုံမှန်ကျွေးပီး ရေညှိပါသောရေစိမ်းများထည့်ပေးပါသုံးလခန့်ကြာသော်Zebraအပေါက်၁၀၀၀ခန့်ရနိုင်သည်။
မှန်ကန်တွင်ဖောက်လိုပါကစလားစတစ်ဇကာကိုမှန်ကန်အောက်ခြေမှငါးစင်တီမီတာအကွာခန့်တွင်ထားပါ ငါးအမကိုပလပ်စတစ်ဇကာအထွင်ဥချစေပီးအထိကမျိုးစေဖျန်းကာမျိုးအောင်စေသည်။မျိုးအောင်ပီးဥများသည်ဇကာပေါက်မှအောက်သိုကျသွားခြင်းဖြင့်ငါးထီးနှင့်ငါးမတို့ပြန်စားခြင်းမှကင်းဝေးမည်။ဥချခြင်းပီးသော်ငါးထီးနှင့်ငါးမတို့ကိုဖယ်ထုပ်ပီးဥများကိုသာကန်တွင်းချန်ထားပါဥများသည်၄၈နာရီအတွင်းသားပေါက်သည်။နှစ်ခန်ကြာသော်လွပ်လပ်စွာရေကူး၍အစာများကိုစတင်စားသောက်သည် ။အခြားငါးပေါက်လေးကဲ့သို့ပြုစုကျွေးမွေးနိုင်သည်။

Family Betta Shop

Butterfly RamButterfly Ramလေးတွေကိုတောင်အမေရိကတိုက်မာတွေ့ရှိတာဖြစ်ပီးအရွယ်အစားကတော့ ၅စင်တီမီတာထိရှိပါတယ်။အမကတော့အနည်းငယ်...
28/09/2022

Butterfly Ram

Butterfly Ramလေးတွေကိုတောင်အမေရိကတိုက်မာတွေ့ရှိတာဖြစ်ပီးအရွယ်အစားကတော့ ၅စင်တီမီတာထိရှိပါတယ်။အမကတော့အနည်းငယ်သေးသည်။အစာအတွက်
ပိုးနီ ၊အာတီးမီးယား၊ရေတီ၊အစာခြောက်များကျွေးနိုင်ပါသည်။ရေအရည်အသွေးကတော့
အက်စစ်ကဲရေနှင့်သင့်တော်ပီး
အပူချိန် ၂၄ -18 စင်တီဂရိတ်ဟာအကောင်းဆုံးပါ။
Butterfly Ram သည်စိမ်းညိုရောင်တွင်တောက်ပသောခရမ်းပြာကြေးခွံများနှင့်မီးရောင်အောက်တွင်အလွန်လှပသောငါးဖြစ်သည်။အထီးနှင့်အမအရောင်တို့သည်
သိသိသာသာကွာခြားခြင်းမရှိပေ။သိုရာသွင်အမတွင်ဥအိပ်ကပ်ပီးသားပေါက်ချိန်နီးလာပါက ဆူးတောင်များသည် အနီရောင်သန်းနေပီးအပြာရောင်အစက်အပြောက်များဖြင့်လွှမ်းခြုံထားသည့်အလှမှာတစ်ခါမြင်ပီးမေ့မရနိုင်သည့်အလှမျိုးဖြစ်သည်။
Ram တစ်စုံကိုမွေးမြူသားဖောက်ရန်အတွက်
60×30×30 cm³ (၁၀ဂါလံဆံ ) မှန်ကန်လိုအပ်သည်။မှန်ကန်၏အောက်ခြေတွင်သန်စင်စွာဆေးကြောထားသော နှစ် မီလီမီတာခန်ရှိကျောက်စရစ်အသေးလေးများကို ထုအားဖြင် ငါး စင်တီမီတာခန့်ခင်းထားပါ။မှန်ကန်၏အနောက်ဘက်တွင် အလှဆင်အပင်များစိုက်ပီး အရှေ့ဘက်တွင်အနီရောင်ကျောက်ပြားကိုခင်းထားပါ။
သားဖောက်ရန်ရေ၏ pH မှာ ၆. ၈-၇ ခန့်နှင့်အပူချိန် ကို ၇၅-၈၀ ဒီဂရီဖာရင်ဟိုက် ခန့်ရှိနေစေရန်ပြုလုပ်ပေးပါ။
အထီးနှင့်အမဥဥချိန်တွင်အရောင်များစိုပြေတောက်ပလာသည်။အထူးသဖြင့်အမ၏ဝမ်းဗိုက်ဝန်းကျင်တွင်ချယ်ရီနီရောင်ဖြစ်နေသည်။ ဥဥရန်နီးလာချိန်တွင် အထီးနှင့်အမတို့သည် ငါကန်အတွင်းရှိ ကျောက်ပြားကို ပါးစပ်ဖြင့်စုပ်ယူသန့်ရှင်းကြသည်။အမသည်ကျောက်ပြားပေါ်သို့ဥများ စီတန်းဥချပီးချိန်တွင် ဘေးဘက်သို့အနည်းငယ်ဖယ်ပေးလိုက်ရာ အထီးက ဥများပေါ်သို့ အဖိုမျိုးရည်ဖျန်းပေးသည်။ဤသို့ဖြင့် ဥအရေအတွက် ၂၀၀မှ၄၀၀ခန့်အထိ ဥချပီးသောအခါ အထီးနှင့်အမ တို့သည် ဥများအနီးရှိ ရေဟောင်းနှင့်ရေသစ်လဲလှယ်စေရန် ရေယက်များ၊ဆူးတောင်များနှင့် ယက်ခက်ပေးကြသည်။ဤသိုဖြင့်ဥများအတွက် ဥများအတွက်အောက်စီဂျင်ဓာတ်ကိုပိုမိုရရှိစေနိုင်သည်။
‌ ဥများစတင်ဥချပြီး နှစ်ရက်ခန့်အကြာတွင် ဥမှငါးပေါက်လေးများပေါက်လာပြီး လေးရက်ခန်အကြာတွင် မိဘများနှင့်အတူရေအတူတူကာအစာကိုစတင်ရှာလာကြသည်။အစအဖြစ် အာတီးမီးယားအပေါက်ကိုကျွေးသင့်သည်။အာတီးမီးယားအပေါက်များကိုတစ်နေ့လျှင် သုံးလေးကြိမ်ကျွေးမွေးပါကတစ်လခွဲခန့်အကြာတွင်အလွန်လှပသောRamအပေါက်လေးများကိုရရှိလာဖြင့်မည်သည့်ခံစားချက်နှင့်မှမတူသော ကျေနပ်နှစ်သိမ့်မှု့ကို ရရှိလာစေပါသည်။

အဆုံးထိဖက်ပေးလို့ကျေးဇူးတင်ပါတယ်။

Oscarဗင်နီဇွဲလားအရှေ့ပိုင်း၊အမေဇုံမြစ်ဝှမ်း တွင်Oscar များကိုတွေရှိခဲ့တာဖြစ်သည်။အရွယ်အစား ၃၀ စင်တီမီတာအထိကြီးနိုင်ပီးမည်...
26/09/2022

Oscar

ဗင်နီဇွဲလားအရှေ့ပိုင်း၊အမေဇုံမြစ်ဝှမ်း တွင်
Oscar များကိုတွေရှိခဲ့တာဖြစ်သည်။အရွယ်အစား ၃၀ စင်တီမီတာအထိကြီးနိုင်ပီးမည်သည့်ရေအမျိုးအစားတွင်မဆိုမွေးမြူနိုင်သည်။ အစာကတော့ ပုစွန်၊အမဲနှလုံး၊ငါးအရှင်လေးများ၊ရေတီ၊တီကောင်အကြီး၊
အစာခြောက်များ ကျွေးနိုင်ပါသည်။Oscarမွေးမယ်ဆိုင်တော့ မျိုးစိတ်တူခြင်းသာမွေးသင့်ပီးငါးအစုံမွေးမယ်ဆိုရင်တော့အရွယ်တူငါးခြင်းသာမွေးသင့်သည်။
Oskerကို၁၂၀× ၄၅ ×၄၅ စင်တီမီတာအရွယ်ရှိငါးကန်တွင် ခြောက်ကောင်ခန့်ထည်မွေးလျှင်အဆင်ပြေသည်။Filterကောင်းကောင်းသုံးမွေးလျှင် တစ်ပတ်ကို ငါးကန်၏ ၂၀% သာရေလဲပေးရန်လိုသည်။အရွယ်ရောက်ပီး Oscar ခြောက်ကောင်မှ သားဖောက်ရန်တစ်စုံရနိုင်သည်။Oscar တို့သည် Cichlidsမျိုးရင်းများဖြစ်၍အရွယ်ရောက်ဖြစ်သော အထီးနှင့်အမတို့သည် မိမိစိတ်ကြိုက်ကြင်ဖော်ကိုရွှေးချယ်ကြသည်။
Oscar အရိုင်းများ၏မူလအရောင်သည် ခပ်မှိန်မှိန်ဖြစ်သည်။ကိုယ်ပေါ်တွဲအမဲရောင်အကွက်ကြီးများသည်ဟိုတစ်ကွက်ဒီတစ်ကွက်ကျားထားသည်။ယနေ့ရေပန်းစားလာသော အော်စကာအနီ (Red Oscar)နှင့်အော်စကာအနီအနက်စင်း(Tiger Oscar)တို့သည် ထိုင်နိုင်ငံ၊ဗန်ကောက်မြို့မှ Mr.Charoen pattabongse ဆိုသူမျိုးထွန်းသားဖောက်ခဲ့ခြင်းဖြစ်သည်။
Oscarများကိုမွေးမြူရာတွင် ၅စင်တီမိီတာ ၊၇စင်တီမီတာ အရွယ်လောက်တွင် စတင်ပီးဂရုတစိုက်ပြုစုစောင့်ရှောက်နိုင်လျှင်ပိုအဆင်ပြေသည်။အမဲနှစ်လုံးနှင့်ပုစွန်ဆိတ်(အခွန်မခွာပဲကြွေးရန်)ကိုကြွေးပါက Oscar၏အနီနောင်သည်ပို၍တောက်ပလာသည်။Power filterကိုမသုံးပါက ရေမှန်မှန်လဲပေးခြင်း၊အစာမှန်မှန်ကြွေးပေးခြင်းဖြင့် တစ်နှစ်ခန့်ပြုစုလိုက်လျှင် အလွန်လှပသော
Oscar ကြီးများရနိုင်သည်။
Oscar ကိုသားဖောက်မျိုးပွားလိုပါက
၉၀ ×၄၅× ၄၅ စင်တီမီတာ အရွယ်မှန်ကန်ကိုသုံးသင့်သည်။ယင်းမှန်ကန်ထဲသို့ ရေသွက်ထည့်ပြီး ယင်းကြောက်စရစ်များအပေါ်တွင် အိမ်မိုးကျောက်ပြား ၂၅ ×၂၀ စင်တီမီတာအရွယ်တစ်ချပ်ကို ကန်၏တစ်နေရာတွင်ခင်းထားပါ။မိမိကြင်ဖော်ကိုမိမိစိတ်ကြိုက်ရွေးထားသော Oscar တစ်စုံကိုထည့်ပီးအစာမှန်မှန်ကျွေးခြင်း၊ရေမှန်မှန်လဲပေးခြင်းတို့ပြုလုပ်ပေးပါက အမသည် ကျောက်ပြားပေါ်တွင် ဥများတန်းစီဥပြီး အထီးကအဖိုမျိုးရည်များ ဖျန်း၍ မျိုးအောင်စေသည်။Oscar အစုံသည်
ဥခြင်း အလုပ်ပီးပါက ငါးဖောက်သူအနေနှင့်
ဆုံးဖြတ်ရမည့်အချက်တစ်ခုရှိလာပေသည်။
တစ်ချို့သော Oscarအစုံတို့သည် မိမိ၏ငါးဥများကို ရင်ရေယက်ဖြင့်ခက်ပေးခြင်း၊မျိုးမအောင်သော ဥများကို ပါးစပ်ဖြင့်ဖယ်ထုပ်ခြင်း၊တစ်ခါတစ်ရံ အထီးနှင့်အမတို့သည်
မိမိတို့၏ မျိုးဆက်သစ်များကိုပြုစုစောင့်ရှောက်ရင်း အချင်းချင်းရန်စောင်နေပြန်သည်။မေးရိုးခြင်း၊ပါးစပ်ခြင်းတေ့၍ တစ်ကောင်နှင့်တစ်ကောင်တွန်းနေတက်သည်။မည်သို့ပင်ဖြစ်စေ အထီးနှင့်အမတို့သည်
မိခင်၊ဖခင်စိတ်အပြည့်အဝ နှင့် မိမိတို့၏မျိုးဆက်သစ်တို့ကိုကြီးပြင်းသည်အထိစောင့်ရှောက်ကြသည်။ဤသို့ဖြင့်သုံးပတ်လျှင်တစ်ကြိမ်ခန့်သားဖောက်မျိုးပွားနိုင်သည်။
အချို့သော Oscar အစုံတို့သည်အထက်တွင်ဖော်ပြထားသောအစုံနှင့်လုံးဝကွာခြားသည်။မိမိတို့ဥထားသောဥများကိုပြန်စားခြင်း၊သားပေါက်များကို ရေမကူးမီပြန်စားခြင်းဖြင့်မျိုးဆက်သစ်တို့ကိုဆက်လက်ရှင်သန်ခွင့်မပေးခြေ။ယင်းကဲ့သို့သော Oscar အစုံကိုဖောက်ရတာတွင် အထီးအမကိုဥများနှင့်ခွဲ၍ဖောက်ရမည်။
ငါးဖောက်သူသည် မိမိဖောက်မည့်Oscar သည်မည်သည့်အမျိုးအစားတွင်ပါဝင်သည်ကိုတော့ သိဖို့လိုအပ်သည်။အကယ်၍ပထမ အမျိုးအစားဖြစ်ပါက ငါးသားပေါက်ကို နှစ်ပတ်ခန့်အရွယ်တွင် သားခွဲ၍ သီးခြားပြုစုနိုင့သည်။
ဒုတိယအမျိုးအစားဖြစ်သည့် Oscarအစုံကို သားဖောက်လိုပါက အထီးနှင့်အမ ဥချခြင်းပြီးစီးသော် ဥများကပ်နေသည်ကျောက်ပြား ၃၀ ၄၅ ၃၀ အရွယ်ငါးကန်ထဲသို့ပြောင်းထည့်ရမည်။သားဖောက်ကန်မှ ရေနဲ့အရည်အသွေးတူရေ (အပူချိန် pH„dH တူသောရေ)ကိုယင်းကန်ထဲသို့ကြိုထည့်ထားရန်လိုသည်။ဥ ကပ်နေသာ ကျောက်ပြားကို ၄၅ ဒီဂရီစောင်းထားပြီး ယင်းကျောက်ပြားအောက်မှ air stone နှင့်လေပေးထားရမည်။ဥများမှိုမတက်စေရန်နှင့် မျိုးမအောင်သောဥများမှမှိုမကူးစက်စေရန်
Methylene blue ကိုရေများပြာသည်အထိထည့်ထားရမည်။အချိန် ၃၆နာရီခန့်ကြာသော် ဥမှအကောင်ပေါက်လာမည်။ယင်းသားပေါက်လေးများသည်ကျောက်ပြားကိုပင်တွယ်ကပ်လျှက် ယင်းတို့တွင်ရှိသော ဥနှစ်အိပ်မှ အစာကိုစားလျှက်ရှိသည်။လေးရက်ခန့်ကြာလျှင် Oscar လေးများရေစကူးကြသည်။ယင်းအချိန်တွင် ကနဦးအစာကိုကျွေးရန်အချိန်တန်ပီဖြစ်သည်။အာတီးမီးယား အပေါက်သည်အသင့်တော်ဆုံးဖြစ်သည်။၁လခွဲ၂ခန့်အကြာတွင် Oscar ကြီးများနှင့်တူစပြုသော Oscar အကောင်ပေါက်လေးများကို ရရှိနိုင်ပါပီ။

ဒီနေ့တော့ နီယွန်တက်ထရာလေးတွေအကြောင်းတင်ပေးမာဖြစ်ပါတယ်။Neon Tetreနီယွန်တက်ထရာလေးတွေကို အမေဇုံ (Amazon)မာစတင်တွေ့ရှိတာဖြစ်...
24/09/2022

ဒီနေ့တော့ နီယွန်တက်ထရာလေးတွေအကြောင်းတင်ပေးမာဖြစ်ပါတယ်။

Neon Tetre

နီယွန်တက်ထရာလေးတွေကို အမေဇုံ (Amazon)
မာစတင်တွေ့ရှိတာဖြစ်ပီး အရွယ်အစားက
4cmရှိပါတယ်။pH 6.8(အက်ဆစ်ဂုဏ်ရှိရေ)
dH2(ရေသွက်)အပူချိန် 20-26ဒီဂရီစင်တီဂရိတ်
ကိုကြိုက်နှစ်သက်ပါတယ်။အစာအနေနဲ့ကတော့
ရေတီ၊ပိုးလောက်လန်း၊ရေပိုး၊ အစာခြောက် တွေကျွေးနိုင်ပါတယ်။အထီးအမခွဲမယ်ဆိုရင်တော့
အမဟာဥအိပ်ကပ်လာပါကသိသိသာသာဖိုင့်လာပီး
အထီးသာ သွယ်ပါတယ်။
နီယွန်ငါးလေးတွေဟာ အရောင်အသွေးတောက်ပတဲ့ ရေချိုငါးလေးတွေဖြစ်သည်။နီယွန်အပြာရောင်အစင်းသည် မျက်စိမှ အင်ဒီပို့ အတောင် (Adipose fin )ထိတောက်ပစွာ ပါရှိသည်။အနီရောင်အစင်းသည် စအိုနားမှ အမြီးအရင်းထိ ပါရှိသည်။ငါးကန်တွင်သွက်လပ်စွာ လှုပ်ရှားလေ့ရှိသည်။
နီယွန်ငါးလေးတွေဟာ ငါးကန်ထဲတွင်အေးဆေးစွာနေတက်ပီးအုပ်စုလိုက်မွေးသင့်သောငါးလေးများဖြစ်သည်။အရွယ်တူ တက်ထရာ(Tetra)များနှင့်အတူမွေးမြူသင့်သည်။
နီယွန်ငါးလေးများကို သစ်ရွက်ဆွေးစိမ်ထားပြီးအက်ဆစ်ဂုဏ်ရှိသော ရေသွက်/ရေသန့် နှင့် ၂၄ စင်တီဂရတ် တွင်ဖောက်ယူမျိုးပွားနိုင်သည်။
အလျား 30×25×25 cm³ ရှိ မှန်ကန်ကို သန့်စင်စွာဆေးကြောပီး ပိုတက်ဆီယမ် ပါမင်းကနိတ်နှင့်တစ်ညစိမ်ထားပြီးပိုးမွှားသန့်စင်စေသည်။ယင်းကို မိုးရေ သို့မဟုတ် ပေါင်းခံရေနှင့် သန့်စင်စွာဆေးကြောကာ အလင်းရောင်အနည်းငယ်သာရရှိသောနေရာတွင်ထားပြီး သစ်ရွက်ဆေး(Peat)စိမ်ထားသော ပေါင်းခံရည်ကို ၁၂ စင်တီမီတာခန့် အ
မြင့်ထိ ထည့်၍ လေကောင်းစွာ ပေးထားရန်လိုသည်။သစ်ရွက်ဆွေးစိမ်ထားသောရေသည် pH 6.5
ရှိမရှိ တိုင်းကြည့်သင့်သည်။အကယ်၍ pHသည် 6.5 ထက်နိမ့်နေပါကပေါင်းခံရည်ထည့်၍ညှိယူသင့်သည်။ သိုးမွှေးချည်ကို ပုံပါအတိုင်း ပြင်ဆင်ပြီး ပိုးမွှားသေစေရန်ရေနွေးနှင့်ပြုတ်သင့်သည်။
နီယွန်ဖောက်ရာတွင်လိုအပ်သော ပစ်စည်းများအားလုံးကို ရေနွေးနှင့်ပြုတ်ရမည်။
သိုးမွှေးချည်ကို ငါးကန်၏ ဗဟိုရ်တွင်ထည့်ပီး အပူချိန်ကို ၂၄ စင်တီဂရိတ်တွင်ထားပီး ညနေခြောက်နာရီခန့်တွင် နီယွန်တက်ထွာတစ်စုံကိုဖောက်ကန်ထဲသို့ထည့်ပါ။နောက်တစ်နေ့နံနက်တွင် အထီးနှင့်အမတို့မိတ်လိုက်ပီးသည်အထိ စောင့်ကြည့်ကာ
အထီးအမကိုဖယ်ရှားပီး ဖောက်ကန်ကိုအဝတ်နဲ့အုပ်၍အမှောင်ချထားရမည်။၂၄ လေးနာရီအကြာတွင် နီယွန်ပေါက်လေးများ ကူးသန်းအစာရှာနေပီဖြစ်ရာ ဘဲဥနှစ် သုံးရက်ခန့်ကြွေးပါ။ထို့နောက် အာတီးမီးယားဖောက်ကျွေး၍ ဆက်လက်ပြုစုပါက တစ်လခွဲသာသာတွင် လှပသော နီယွန်တက်ထွာလေးများ မိတ်ဆွေငါးကန်ထဲတွင် ကူးခက်နေမည်ကို ဝမ်းမြောက်စွာ တွေ့ရမည်ဖြစ်သည်။

ကျနော်တို့ Family Betta Shopမှပထမဆုံးအနေနဲ့ Betta ဖောက်နည်းလေးတင်ပေးသွားမာပါနောက်နေ့တွေကျရင်လဲ Betta fish နဲ့ တချားငါးလေ...
23/09/2022

ကျနော်တို့ Family Betta Shopမှ
ပထမဆုံးအနေနဲ့ Betta ဖောက်နည်းလေးတင်ပေးသွားမာပါ
နောက်နေ့တွေကျရင်လဲ Betta fish နဲ့ တချားငါးလေးတွေအကြောင်းလဲတင်ပေးသွားမှာမို့လို့
like &Follow လေးလုပ်ပေးထားစေချင်ပါတယ်ခင်ဗျ။

Breeding Betta

အရွယ်ရောက်သော Betta fish တို့သည် အမြုတ်နှင့်အသိုက်လုပ်ကြသသည်။အရွယ်ရောက်သော အမတို့၏ဝမ်းဗိုက်သည် ကား၍ဖောင်းနေတက်သည်။
အမ ၏စအိုနားတွင် အဖြူအတန်းလေးပေါ်နေပါက သားဖောက်ရန်အဆင်သင့်ဖြစ်ပီဖြစ်သည်။
သားဖောက်ရန်အတွက် 20 cm ပတ်လည် ကန်နှင့် သင့်တော်သည်။ရေကို တစ်ဝက်ခန့်ထည့်သင့်ပြီး
ရေပေါ်တွင်ပေါလောမြောနိုင်သောအပင် (သို့)
ပလားစတစ် ဗန်ဒါရွက်ခြောက် ထည့်သင့်သည်။
ဖောက်မည့်ငါးကို ရေတီသန့်သန့်ကြွေးပါ
အပူချိန် 27 or 28 C သည်အကောင်းဆုံးဖြစ်သည်။
အထီးကိုဖောက်ကန်ထည်းဦးစွာထည်ပါ
ပီးမှ အမကို ဟောလစ်ပုလင်း ထဲထည်ပီး ပုလင်းကို
အထီးထည်းထားသောဖောက်ကန်အလည်တွင်ထည့်ထားပါ ။ ၂ရက်လောက်ထားပီးရင်းနည်းသွားပီးဆိုမ ကန်ထဲကိုလွှတ်ပါ ။Betta သဘာဝအတိုင်း ဥဥခါ အထီး က တစ်ခါတစ်လေ အမကပါ ဥများကိုပါးစပ်နှင့်ငုံ ၍အသိုက်ထည်းသို့တင်ပေးပါမည်
ဥချခြင်းပီးဆုံးပါက အမ ကိုသားပေါက်ကန်ကဖယ်ပစ်ပါ။ အထီးသည် ငါးပေါက်လေးများ လွတ်လပ်စွာရေကူးသည်ထိ စောင့်ရှောက်လေ့ရှိသည်။ ငါးပေါက်လေးများ ၄ရက်သားတွင်စ၍ အာတီးမီယားဖောက်ကျွေးသင့်သည်။ သားပေါက်လေးများလွပ်လပ်စွားရေကူးနိုင်ပါက အထီးကိုဖယ်သင့်သည်။
ထို့နောက် ငါးပေါက်လေးများကို ရေတီစသဖြင့် အဆင့်ဆင့်ကျွေးမွေးပြုစုသင့်သည်။
ကျန်းမာလှပသော Betta fish လေးများပိုင်ဆိုင်နိုင်ကျပါစေခင်ဗျ။

Address

Thanlyin

Website

Alerts

Be the first to know and let us send you an email when Family Betta Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category