Lucky Aquarium

Lucky Aquarium Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Aquarium, Pet service, Thanlyin.

12/09/2021

Peacock base လေးတွေပါဗျ။
Monster fish ကြိုက်သူများအတွက်။
အကောင်ရေနည်းပါတယ်ခင်ဗျ။😁😁
မြန်မြန်သာ လက်တို့ခေါ်ယူလိုက်တော့ဗျို့။
😊😊😊

20/08/2021

ဒိုင်းငါးရံ့လေး အကောင် အသင့်အတင့်စျေးအသင့်အတန်းလေးထဲကလိုချင်ပါတယ်ဗျ။
သန်လျင်ကဆို ပိုအဆင်ပြေမယ်ဗျ။ ရှိရင်ပြပေးခဲ့ပါနော်။

Piranhas ( ပေါရိသ )            Piranhas ( ပေါရိသ ) ငါးဆိုတဲ့နာမည်ကြားရုံနဲ့ ငါးချစ်သူအပေါင်းက ဘယ်လိုငါးမျိုးလဲ အလွယ်တကူသ...
19/08/2021

Piranhas ( ပေါရိသ )
Piranhas ( ပေါရိသ ) ငါးဆိုတဲ့နာမည်ကြားရုံနဲ့ ငါးချစ်သူအပေါင်းက ဘယ်လိုငါးမျိုးလဲ အလွယ်တကူသိရှိကြမှာပါ
ဟုတ်ပါတယ် ပေါရိသ ဆိုတဲ့နာမည်နဲ့လိုက်အောင် ချွန်ထက်သောသွားများနှင့် အသားအရမ်းကြိုက်ပြီး သောင်းကျန်းရန်လိုတတ်လို့ပါ
သူတို့ဟာ သူတို့ရဲ့ပိုင်နက်အတွင်းမှာကျူးကျော်လာတဲ့ ငါးတွေ ကို အမြဲလိုလို ချောင်းမြောင်းပြီး အမဲလိုက်သတ်ဖြတ်စားသောက်ကြပါတယ်
ဒီငါးမျိုးတွေဟာ လူတွေကိုထိခိုက်ဒဏ်ရာရလောက်အောင်အန္တရာယ်ပေးနိုင်ပေမဲ့ Monster fish type ကိုမှ သဘောကျတဲ့ ငါးချစ်သူအချို့ကတော့ ယနေ့တိုင်မွေးမြူလျက်ရှိကြပါတယ်
တကယ်လို့သင်လဲ Monster fish lover တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ သူတို့ရဲ့ သဘာဝနဲ့မွေးမြူပြုစုနည်းကို အောက်ပါအချက်တွေဖတ်ရင်း လေ့လာကြည့်ရအောင်လားဗျာ

*မူလဇာတိ = တောင်အမေရိကတိုက်ရှိမြစ်ဝှမ်းများ မိုးသစ်သစ်များအုံ့ဆိုင်းလျက်ရှိသော မြစ်ချောင်းများတွင်ကျက်စားနေထိုင်ကြပါတယ်

*ရေအမျိုးအစား = ရေချိုအမျိုးအစားနဲ့ အက်ဆစ်ကဲရေသွက်ကိုနှစ်ခြိုက်ကြပါတယ်

*ကန်အရွယ်အစား = ငါးတစ်ကောင်အတွက် ရေဂါလံပျမ်းမျှလိုအပ်ချက်ဟာ ၂၅ဂါလံဖြစ်ပါတယ် 4ကောင်အတွက်ဆိုရင်တော့ ဂါလံ၆၀အနည်းဆုံးလိုအပ်ပါတယ်

*Temp/Ph = 75°F - 80°F ( 21°C - 25°C )
/
*အကြီးဆုံးဆိုဒ် = 30cm

*သက်တမ်း = 10 - 20yrs

*အုပ်စုဖွဲ့နေထိုင်မှုရှိမရှိ = ၂ကောင်မှစတင်၍ အုပ်စုလိုက်မွေးနိုင်ပါတယ်

*Tankmate = ရန်လို၍တိုက်ခိုက်စားသုံးတတ်သောကြောင့် tankmate မရှိနိုင်ပါဘူး

*အစားအစာ = အသားငါးပုဇွန် / အသီးအနှံအချို့ / အသားငါးများက်ု ၃မိနစ်အတွင်းကုန်နိုင်သောပမာဏကိုသာကျွေးပါရန်
တစ်နေ့လျှင်နှစ်ကြိမ်သာကျွေးရန် အစာအကျွေးများမှုက ငါးများကို ရောဂါများစေနိုင်ပါတယ်

*ထိန်းသိမ်းဂရုစိုက်မှု = ပေါရိသ တွေဟာ အစားအရမ်းစားပြီး အညစ်အကြေးများတာကြောင့် ရေအရည်အသွေးကို ထိခိုက်စေပါတယ် ဒါကြောင့် power ကောင်းတဲ့ ရေသန့်ပစ္စည်းကိရိယာနှင့် Air pump များကိုသာရွေးချယ်တပ်ဆင်စေချင်ပါတယ်
တစ်ပါတ်ကို 25 - 30% နှုန်းရေလှဲပေးရန်လိုအပ်ပါတယ်
ညှိနံ့များနံသောကြောင့် carbon များကိုသုံးစွဲသင့်ပါတယ်

*အဖြစ်များသောရောဂါများ = ပေါရိသတွေဟာ သာမန်အားဖြင့် အကြမ်းခံကြတဲ့ငါးအမျိုးအစားတွေဖြစ်ပါတယ်
သာမန်နေကောင်းတဲ့ငါးတွေဟာ တစ်ခုခုကို ရန်လိုနေခြင်း
မှန်ကန်အတွင်း လှည့်ပတ်နေခြင်း အစာကိုလျင်မြန်စွာစားခြင်း
အရောင်တောက်ခြင်း စတာတွေဟာ သာမန်နေကောင်းတဲ့ငါးတွေရဲ့အမူအကျင့်ပဲဖြစ်ပါတယ်
ထိခိုက်ဒဏ်ရာရခြင်း အရေပြားပေါ်ကပ်ပါးပိုးပါခြင်း စသည့်ရောဂါများဖြစ်ပါက တတ်ကျွမ်းနားလည်သူများအားမေး၍အလျင်အလျင်မြန်ကုသသင့်ပါတယ်

* အထီးအမခွဲခြားခြင်း = ပေါရိသတွေကိုအထီးအမခွဲခြားရာမှာ ခန္ဓာကိုယ်ဆိုဒ်ကိုကြည့်ပြီးခွဲနိုင်ပါတယ် ခန္ဓာကိုယ်ထူတဲ့ကောင်ဟာ အမဖြစ်ပြီး ခန္ဓာကိုယ်ပါးတဲ့ကောင်ကတော့ အထီးဖြစ်ပါတယ် ဒီနည်းဟာ သိပ်အတိအကျကြီးမဟုတ်ပေမဲ့ ယေဘုယျနည်းလမ်းနဲ့ရွေးချယ်ခြင်းဖြစ်ပါတယ်

* သားဖောက်ခြင်း = ပေါရိသငါးတွေဟာ သားဖောက်ရန်အတွက် အလွန်ခက်ခဲတာဝန်များလှပါတယ် သားဖောက်ရာသီကတော့ အမေဇုန်မိုးသစ်တောဒေသတွင် မိုးများသောမိုးရာသီအချိန်မှသာ မိတ်လိုက်ကြပါတယ်
အရွယ်အစား 6 -8 " ရှိတဲ့ အထီးအမ 5ကောင်အား 125ဂါလံ ဆန့်ကန်ထဲမှာ မွေးမြူရပါမယ် ဒီ အထီးအမတွေဟာ လအတော်အကြာ တွဲပြီးသားငါးတွေဖြစ်နေရပါမယ်
ငါးတွေကို အစာရှင်တွေကျွေးရပါမယ် ( e.g ငါးအသေးအရှင်များ )
နောက် ဖောက်ကန်အောက်ခြေမှာ ကျောက်စရစ်များ ထူထူခင်းပေးရပါတယ် အရွက်ကြီးသောရေအောက်သက်ရှိအပင်များလဲထည့်ပေးရပါမယ်
အထီးအမများဟာ မိတ်လိုက်ချိန်ရောက်ပြီဆိုပါကာ ငါးအရောင်များမဲသွားကြပြီး ကျောက်စရစ်များကို တွင်းသဏ္ဍာန်တူးနေကြပါတယ် ဒီအခြေအနေမြင်ရပြီဆိုရင်တော့ သွားမနှောက်ယှက်တာအကောင်းဆုံးပါ
အထီးအမများ ဥချ သုတ်ဖြန်းပြီးပါက အထီးသည် ဥတွင်းနှင့်ဝေးရောမှ စောင့်ရှောက်နေပါမယ် အမကတော့ ဥကျင်းဘေးနားမှာနေပြီးစောင့်ရှောက်ပါလိမ့်မယ်
ဥများသည် ၃ရက်ကြာလျင် ငါးသားပေါက်များဖြစ်က အထီးက ဆက်လက်စောင့်ရှောက်ပါမယ် ဒီအချိန်မှာဆိုရင်တော့ သားလောင်းများအတွက် Artemia များ ဖောက်ကျွေးရန်အသင့်ပြင်ထားသင့်ပါပြီ သားပေါက်များဥချိန်နှင့် စောင့်ရှောက်နေချိန်တစ်လျှောက်လုံးသည် အန္တရာယ်အရှိဆုံးအချိန်ဖြစ်ပါတယ်

*ကန်အပြင်အဆင် = ပေါရိသတွေဟာ သဘာဝမှာဆိုရင် အလင်းရောင်မှိန်သော မိုးသစ်တောကြီးများတွင်နေထိုင်ကြပါတယ်
ဒါကြောင့် အလှမွေးငါးကန်ထဲထည့်မွေးပါက သဘာဝနှင့်အနီးစပ်ဆုံးတူအောင်ဖန်တီးပေးရပါတယ် နောက်ခံစတစ်ကာအနက်ကပ်ခြင်း
မီးကိုခပ်မှိန်မှိန် ပေးခြင်း အောက်ခံကျောက်စရစ်များခင်းခြင်း သစ်ဆွေးတုန်းများထည့်ခြင်း စသည်ဖြင့် အလှဆင်နိုင်ပါတယ်

*ဆောင်ရန်ရှောင်ရန် = ပေါရိသတွေဟာ လူတွေကိုထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိနိုင်လောက်အောင် အန္တရာယ်များပါတယ် ဒါကြောင့်အမြဲတစေဂရုစိုက်သင့်ပါတယ် ကန်သန့်ရှင်းရေးလုပ်ပါက လက်ကို ထူသော ရာဘာလက်အိတ် အထပ်ထပ်စွတ်ပြီးမှကန်ထဲလက်နှိုက်ခြင်း ဒါမှမဟုတ် အရွယ်ကြီးမားသောငါးဖမ်းပိုက်နှင့်သေချာအုပ်ဖမ်းကာ ယာယီကန်ထဲထည့်ခြင်းလုပ်သင့်ပါတယ် ငါးဖမ်းပိုက်သေးပါက ခုန်ထွက်ကာ လူကိုအန္တရာယ်ပြုနိုင်ပါတယ်
ဒါ့အပြင် အစာကျွေးတဲ့အခါမှာလား အခြားငါးများကဲ့သို့ လက်ကို ရေမျက်နှာပြင်နှင့်နီးသောနေရာအထိချမကျွေးသင့်ပါဘူး ခပ်မြင့်မြင့်ကနေကျွေးသင့်ပါတယ်
ပေါရိသ ထည့်ထားသောငါးကန်များအား အဖုံးအမြဲ အုပ်ထားပေးရန်လိုအပ်ပါတယ်

#မှတ်ချက် ။ ။ အသားစားငါးအရိုင်းဖြစ်သောကြောင့် သာမန်ငါးမွေးအတွေ့အကြုံရှိသူများမမွေးသင့်ပါဘူး
ကလေးများရှိသောအိမ်များတွင်လဲ ဒီငါးတွေကိုမမွေးမြူသင့်ပါဘူး လက်ချောင်းများပြတ်ထွက်အောင်ကိုက်နိုင်စွမ်းရှိကြပါတယ်
မွေးမည်ဆိုပါက ငါးသက်တမ်းကုန်ဆုံးသည်အထိ တာဝန်ယူနိုင်မှသာ မွေးမြူသင့်ပါတယ်
အခြားငါးများကဲ့သို့မြစ်ချောင်းအင်းအိုင်များတွင်လွှတ်လိုက်ပါက ဒေသခံငါးမျိုးရင်းနှင့်သဘာဝ သယံဇာတ များကိုထိခိုက်ပျက်စီးစေပါတယ်

ကျွန်တော်တို့ GU GU&GI GI PAGE မှတင်ဆက်သော အလှမွေးငါးပြုစုနည်းလမ်းညွှန်များကိုကြိုက်နှစိသက်ပါက လွတ်လပ်စွာ share နိုင် save နိုင်ကြပါတယ်ဗျ
Copy ကူး၍တင်မည်ဆိုပါကလဲ ကျွန်တော်တို့ Page နာမည်လေးကိုတော့ ပါအောင်ထည့်ပေးပါလို့တောင်းဆိုချင်ပါတယ်ဗျ
ဒါ့အပြင် အလှမွေးငါးဆက်စပ်ပစ္စည်းများကိုလဲ သင့်တင့်သောစျေးနှုန်းများနှင့်ဝယ်ယူနိုင်ပါတယ်ဗျ

မုံရွာမြို့ ပေ(၈၀)လမ်း ကြိုးကြာကန်ဘုန်းကြီးကျောင်းရှေ့
Ph No - 09791171665
နယ်ပို့ခ ( ကားဂိတ်ပို့ခ ) FREE ပါဗျ
တန်ဆာခ ဝယ်သူရှင်းပေးပါ
ကျေးဇူးတင်ပါတယ်ခင်ဗျ😇😇

ဒါ့အပြင် အလှမွေးငါးဆက်စပ်ပစ္စည်းများကိုလဲ သင့်တင့်သောဈေးနှုန်းများနှင့်ဝယ်ယူနိုင်ပါတယ်ဗျ။
Crd: GU GU&GI GI PAGE
မူပိုင် post ပိုင်ရှင်အား လေးစားလျက်ပါ အကို။

ကဲ ကို့ Gp ထဲက မိတ်ဆွေများကို့အိမ်မှာအမြတ်တနိုးထားရတဲ့ကို့ရဲ့ငါးလေးတွေကိုအောက်မှာ ကြွားခဲ့ပါလား။ လိုအပ်တာရှိရင်လဲမေးပါဗျ...
19/08/2021

ကဲ ကို့ Gp ထဲက မိတ်ဆွေများကို့အိမ်မှာအမြတ်တနိုးထားရတဲ့ကို့ရဲ့ငါးလေးတွေကိုအောက်မှာ ကြွားခဲ့ပါလား။ လိုအပ်တာရှိရင်လဲမေးပါဗျ။အကုန်လုံးဖြေပေးပါ့မယ်နော်။ ငါးအကြောင်းလေးတွေလဲ နေ့စဥ်နှင့်အမျှတင်ပေးမှာမို့ အခုပဲ like and share လေးနဲ့ Follow လေးလုပ်ပေးပါနော်။
Gp ထဲမှာ စိတ်ကြိုက် ကို့ငါးလေးတွေကို အရောင်း post.အဝယ် post. အလဲ post များကိုတင်လို့ရပါတယ်ဗျ။
အားလုံးပဲ မဂ်လာရှိသော ညချမ်းလေးမှာ ကိုယ်ချစ်ရတဲ့ငါးလေးတွေနဲ့ ပျော်ရွှင်ပါစေဗျာ။
😊😊😊😊😊

မဂ်လာပါ ခင်ဗျာ။ကျွန်တော်တို့ Lucky Aquarium gp လေးမှာ လိုအပ်တာလေးများရှိရင် ဝယ်ယူရရှိနိုင်သလို မိမိတို့မွေးထားသော ငါးလေး...
19/08/2021

မဂ်လာပါ ခင်ဗျာ။
ကျွန်တော်တို့ Lucky Aquarium gp လေးမှာ လိုအပ်တာလေးများရှိရင် ဝယ်ယူရရှိနိုင်သလို
မိမိတို့မွေးထားသော ငါးလေးများကိုပြန်ရောင်းသည်ဖြစ်စေ။ငါးကန်လေးတွေပြသည်ဖြစ်စေ။ အမျိုးမျိုးပြုလုပ်လို့ရပါတယ်ဗျ။
ငါးအကြောင်းလေးတွေလဲ တင်ပေးမှာမို့ မိမိတို့ သူငယ်ချင်းများကို လက်တို့ခေါ်ယူပေးကြပါဗျ။
ကျေးဇူးတင်ပါတယ် ။
မဂ်လာရှိသော ငါးလေးများပိုင်ဆိုင်ကြပါစေဗျာ။

Address

Thanlyin

Telephone

+959755134371

Website

Alerts

Be the first to know and let us send you an email when Lucky Aquarium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lucky Aquarium:

Share

Category