Shwe Taw Win Pet Clinic,Food&Accessories - Taungoo

Shwe Taw Win Pet Clinic,Food&Accessories - Taungoo Veterinary clinic ,Pet food & Accessories

15.1.2026  ရက်​​​နေ့ ​Shwe Taw Win ​ဆေးခန်းတွင် ​ နံနက်9:00 AM မှ ​နေ့လည်12:00 PM ထိ​ မွေး​နေ့ကုသိုလ်အလှူအဖြစ် တိ​လေးမျာ...
13/01/2026

15.1.2026 ရက်​​​နေ့ ​Shwe Taw Win ​ဆေးခန်းတွင် ​ နံနက်9:00 AM မှ ​နေ့လည်12:00 PM ထိ​ မွေး​နေ့ကုသိုလ်အလှူအဖြစ် တိ​လေးများအား🐕🐕😻😻 အခမဲ့ဆေးကုသမှုပေးသွားမည် ဖြစ်ပါသည် 🙏🙏🙏

​နေရာ * Shwe Taw Win pet clinic🏠🏠🏠
တပင်​ရွှေထီးရပ် ၊​ကေတုမတီမြို့။
အချိန် * နံနက် 9:00 AM - 12:00 PM

BSH ခဲ​လေးများ😻😻😻M 5 💥F 1💥4in1 ( USA ) vaccine  1st dose  done 💥သန် ၃ကြိမ်ချပြီး 💥✅​ကျန်းမာ​ရေး​ကောင်းမွန်ပြီး လှပ​သော ခ...
10/01/2026

BSH ခဲ​လေးများ😻😻😻
M 5 💥F 1💥
4in1 ( USA ) vaccine 1st dose done 💥
သန် ၃ကြိမ်ချပြီး 💥

✅​ကျန်းမာ​ရေး​ကောင်းမွန်ပြီး လှပ​သော ခ​လေးများအတွက် ​✅မွေးစားမိဘအလိုရှိ 🤭🤭
✅တကယ်ချစ် တကယ်​စောင့်​ရှောက်မယ်ဆိုရင်
✅ အိမ်​ပေါက်မို့ ​ ​ဇေးချိုချို နဲ့ရပါမယ်ရှင်

မျက်မြင်ကြည့်ချင်ရင် ​ဆေးခန်းမှာ လာကြည့်လို့ရပါမယ် 🏠

​ရွှေ​တော်၀င်​ဆေးခန်း🏠🏠
ရန် -မန်း လမ်း ၊တပင်​ရွှေထီးရပ် ​၊​ကေတုမတီ မြို့။
09.982848608,0943059238

Me👇👇👇🤭🤭
06/10/2025

Me👇👇👇🤭🤭

ည ၁၂နာရီမှ ​ရောက်ချလာတဲ့ ခ​လေးမ​မွေးနိုင်တဲ့  ​pinky Dystocia  case  မို့ အ​ရေး​​ပေါ် ခွဲ​မွေး​ပေးခဲ့ရတဲ့ ခ​လေး မိခင်​ရေ...
31/08/2025

ည ၁၂နာရီမှ ​ရောက်ချလာတဲ့ ခ​လေးမ​မွေးနိုင်တဲ့ ​pinky
Dystocia case မို့ အ​ရေး​​ပေါ် ခွဲ​မွေး​ပေးခဲ့ရတဲ့ ခ​လေး
မိခင်​ရော ခ​လေး၄​ကောင် ​ပါ ကယ်တင်ခွင့်ရခဲ့ပါတယ်

Good luck ပါခ​လေး​​တေ​ရေ

CS opeation



​ဆေးခန်းဖွင့်ချိန်
နံနက် 9:00 AM -12:00 AM
ည​နေ 4:00 PM -8::00 PM
လပြည့်​​နေ့တိုင်း​ဆေးခန်းပိတ်သည်

​Shwe Taw Win pet clinic
ရန်မန်းလမ်း တပင်​ရွှေထီးရပ် ၊​ကေတုမတီမြို့
09.982848608,09.43059238

အိမ်မွေးတိရိစ္ဆာန်များကို မျိုးပွားအင်္ဂါ ဖြတ်တောက်ခြင်း (De-sexing) ၏ အဓိက အကြောင်းရင်းများ"De-sexing" သို့မဟုတ် "Spay ...
31/08/2025

အိမ်မွေးတိရိစ္ဆာန်များကို မျိုးပွားအင်္ဂါ ဖြတ်တောက်ခြင်း (De-sexing) ၏ အဓိက အကြောင်းရင်းများ

"De-sexing" သို့မဟုတ် "Spay & Neuter" ဆိုတာဟာ အိမ်မွေးခွေးများနှင့် ကြောင်များကို မျိုးပွားခြင်းမှ ကာကွယ်ဖို့ ခွဲစိတ်ကုသမှုတစ်ခု ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ တိရစ္ဆာန်လေးတွေအတွက် ကျန်းမာရေးသာမက အပြုအမူဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

အဓိက အချက် (၄) ချက်နဲ့ဖော်ပြပေးသွားပါမယ်။

၁။ မလိုလားအပ်တဲ့ သားပေါက်တွေ မမွေးဖွားစေရန်
(Population Control)

▪️ ခွေးကလေး၊ ကြောင်ကလေး အလွန်အကျွံ မွေးဖွားမှုကို လျှော့ချပေးပါတယ်။

▪️ ဒီလိုမှမပြုလုပ်ရင် မိသားစုတွေက မမွေးထားနိုင်တဲ့ ခွေးကလေး၊ ကြောင်ကလေးတွေ များလာပြီး စွန့်ပစ်ခံရတာ၊ လေလွင့်လေးတွေဖြစ်ရတာတွေ နည်းသွားစေပါတယ်။

၂။ ကျန်းမာရေး အကျိုးကျေးဇူးများ (Health Benefits)

♀️ အမများအတွက် (Spaying - သားအိမ်ထုတ်ခြင်း)

▪️ သားအိမ်ထဲမှာ ပြည်တည်နာ (pyometra) လို အန္တရာယ်များတဲ့ ရောဂါဖြစ်နိုင်ခြေကို လုံးဝဖြတ်တောက်ပစ်ပါတယ်။

▪️ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးပါတယ်။

▪️ သားအိမ်နဲ့ မျိုးဥအိမ် ကင်ဆာဖြစ်နိုင်ခြေကို ဖယ်ရှားပေးပါတယ်။

♂️ အထီးများအတွက် (Neutering - ဥထုတ်ခြင်း)

▪️ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေကို လုံးဝဖယ်ရှားပေးပါတယ်။

▪️ ဆီးကျိတ် ပြဿနာတွေ (ဥပမာ - ဆီးကျိတ်ကြီးတာ၊ ဆီးကျိတ်ရောင်တာ) ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

၃။ အပြုအမူဆိုင်ရာ ကောင်းကျိုးများ
(Behavioral Benefits)

▪️ အိမ်မှ ထွက်ပြေးချင်စိတ် (Roaming)

အထီးတွေဟာ အမရှာဖို့ အိမ်ကနေ ဝေးဝေးလျှောက်သွားတတ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ကားတိုက်မှု၊ ပျောက်ဆုံးမှု၊ အခြားတိရစ္ဆာန်တွေနဲ့ ခိုက်ရန်ဖြစ်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ De-sexing လုပ်ထားရင် ဒီစိတ်တွေ သိသိသာသာ လျော့သွားပါတယ်။

▪️ စိတ်တိုလွယ်ခြင်းနှင့် တိုက်ခိုက်ခြင်း
(Aggression & Fighting)

De-sexing လုပ်ထားတဲ့ အထီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တတ်တဲ့ စိတ်တိုလွယ်တာ၊ သခင်ကိုတောင် ပြန်ရန်လိုတာ၊ အခြားတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်တာတွေ နည်းသွားပါတယ်။

▪️ နေရာမှတ်သားခြင်း (Marking Territory)

အထူးသဖြင့် ကြောင်အထီးတွေဟာ သူတို့ရဲ့ နယ်မြေကို မှတ်သားဖို့အတွက် ဆီးပက်တတ်ကြပါတယ် (Spraying)။ ဒီအပြုအမူဟာ အိမ်တွင်းပရိဘောဂတွေမှာ လုပ်တတ်ပါတယ်။ De-sexing လုပ်ပေးခြင်းဟာ ဒီပြဿနာကို ၉၀% နီးပါး ဖြေရှင်းပေးနိုင်ပါတယ်။

၄။ အချိန်ကြာရှည် ကျန်းမာစွာ နေနိုင်ခြင်း
(Longer & Healthier Life)

အားလုံးသော အကျိုးကျေးဇူးတွေရဲ့ ရလဒ်အနေနဲ့ De-sexing လုပ်ထားတဲ့ ခွေးနဲ့ ကြောင်တွေဟာ ပျမ်းမျှအားဖြင့် ပိုပြီးကြာရှည်စွာ ကျန်းကျန်းမာမာ နေထိုင်နိုင်ကြပါတယ်။

👇 👇 👇 👇 👇 👇 👇

အချုပ်အားဖြင့် - ချစ်ရတဲ့ သင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို De-sexing လုပ်ပေးခြင်းဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ သခင်တစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုပါပဲ။

ဒီလိုလုပ်ပေးခြင်းဖြင့် သင့်ရဲ့ချစ်လှစွာသော ခွေး/ကြောင်လေးရဲ့ ကျန်းမာရေးကို ကာကွယ်ရာရောက်သလို၊ မလိုလားအပ်တဲ့ သားပေါက်တွေ များပြားလာခြင်းကနေလည်း ကာကွယ်ရာရောက်ပါတယ်။

🏥 အကောင်းဆုံး ခွဲစိတ်ကုသမှု အချိန်ကာလနဲ့ ပတ်သက်ပြီး နီးစပ်ရာ တိကုဆေးခန်းနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တိရိစ္ဆာန်လေးတွေအတွက် ဆေးခန်းစာရင်းတွေကို အောက်ပါလင့်ခ်မှာ စာရင်းပြုစုပေးထားပါတယ်။

Link: https://www.facebook.com/share/p/1BRdVrWGWV/

#မျိုးထိန်းခြင်း #သားဆက်ခြားခြင်း #ဥထုတ်ခြင်း #သားအိမ်ထုတ် #သင်းကွပ်ခြင်း

ကြောင်​လေးများတွင် viral  disease များ ဖြစ်ပွား​နေပါသဖြင့် အ​ရေး​ပေါ်ခွဲစိတ်မှု မှ အပ ​ကာကွယ်​ဆေးမထိုးထား​သောကြောင်​လေးမ...
31/07/2025

ကြောင်​လေးများတွင် viral disease များ ဖြစ်ပွား​နေပါသဖြင့် အ​ရေး​ပေါ်ခွဲစိတ်မှု မှ အပ ​ကာကွယ်​ဆေးမထိုးထား​သောကြောင်​လေးများအား ခွဲစိတ်ခြင်း လတ်တ​လော လက်မခံ​သေးပါ 🚫🚫🚫

😻ယခုအချိန် တွင် ကာကွယ်​ဆေး စနစ်တကျ ထိုးထားမှသာ ခွဲစိတ်မှု (သင်းကွပ်ခြင်း & သားအိမ်ထုတ်ခြင်း) လက်ခံပါမည်

​ရွှေ​တော်၀င်တိရစ္ဆာန်ကု​ဆေးခန်း
ရန်-မန်း လမ်း ၊တပင်​ရွှေထီးရပ် ၊​ကေတုမတီ မြို့
09.982848608,09.43059238

ခုလို မိုးရာသီ ရာသီဥတု စိုစွတ်တဲ့ ရာသီမှာ ​တိ​လေး ​တွေအတွက် ​ရောဂါ ၀င်​ရောက်ဖို့ အလွယ်ဆုံးနှင့် ဖျားနာ အ​အေးမိတာ အများဆု...
31/07/2025

ခုလို မိုးရာသီ ရာသီဥတု စိုစွတ်တဲ့ ရာသီမှာ ​တိ​လေး ​တွေအတွက် ​ရောဂါ ၀င်​ရောက်ဖို့ အလွယ်ဆုံးနှင့် ဖျားနာ အ​အေးမိတာ အများဆုံးဖြစ်နိုင်ပါတယ်

​​ယခုအချိန် ​ကြောင်​လေး​တွေမှာ ​ရောဂါ အဖြစ်များဆုံး အချိန်ကာလဖြစ်ပါတယ် ။​
​ရောဂါ ကူးစက်မှု အမြန်ဆုံး နှင့်​သေနှုန်း မြင့် ​ရောဂါ များအ​ကြောင်း ရှင်းပြပါရ​စေ

​ Feline calcivirus (FCV ) ​ရောဂါ

😻 အသက်ရှူ လမ်း​ကြောင်းကို ၀င်​ရောက်ထိခိုက်​​စေတဲ့ virus ​ရောဂါ တမျိုး ပါ
​✅ ​ကြောင် အချင်းချင်း ကူးစက်နိုင်ပါတယ်
✅ အဓိကအားဖြင့်​ ​ကြောင်ငယ်​တွေနှင့် ကိုယ်ခံအားကျ​နေ​သော ​ကြောင်​​တေ ကာကွယ်​ဆေး မထိုးထား​သော ​ကြောင်​တွေမှာ အလွယ်တကူ အဖြစ်များပါတယ်

​ရောဂါ လက္ခဏာများ
✅ဖျားခြင်း
✅နှာ​စေးခြင်း
✅အသက်ရှူခက်ခြင်း
✅အားနည်းခြင်း
✅လည်​ချောင်းနာခြင်း စတာ​တေဖြစ်နိုင်ပါတယ်

ကူးစက်ခြင်း 👇👇👇

နှာရည် မျက်ရည် ပါးစပ် ရည် ​ချောင်းဆိုးတာက​နေတဆင့် ကူးနိုင်ပါတယ်✅

ပစ္စည်း litter box အစာခွက် ​ရေခွက် ​တွေက​နေလည်းကူးစက်နိုင်ပါတယ်✅

ကာကွယ်ခြင်း 👇👇👇

​ကာကွယ်​ဆေး ထိုး​ပေးခြင်း ပဲ ဖြစ်ပါတယ် ✅
အသက် ၈ပတ်သား မှ စတင် ၍ စနစ်တကျ ကာကွယ်ဆေး ထိုးနှံ​ပေးရပါမယ်

​သေနှုန်း မြင့်​ရောဂါ ဖြစ်ပါတယ်✅
ကုသ​ဆေး မရှိပါ ✅✅ supportive tm ဖြစ်တဲ့
အန်လျှင် အအန်သက်သာ​ဆေး ​ပေးရပါမယ်
အစာမစားလျှင် fluid therapy ​ပေးရပါမယ်
Share & don't copy 🚫🚫🚫

​ရွှေ​တော်၀င်​တိရစ္ဆာန်ကု​ဆေးခန်း🏠🏠🏠
ရန်-မန်း လမ်း၊တပင်​ရွှေထီးရပ် ​၊​ကေတုမတီမြို့
09.43059238 ,09 .982848608

ကြောင်လေးတွေ ကျန်းမာ​ပြီး သက်တန်း​စေ့ ​နေနိုင်​အောင် ဘယ်လို ကာကွယ်​ဆေးထိုးနှံသင့်ပါသလဲ  ???​ကြောင်​လေး​တေမှာ အသက် ၈ပတ်သာ...
31/07/2025

ကြောင်လေးတွေ ကျန်းမာ​ပြီး သက်တန်း​စေ့ ​နေနိုင်​အောင် ဘယ်လို ကာကွယ်​ဆေးထိုးနှံသင့်ပါသလဲ ???

​ကြောင်​လေး​တေမှာ အသက် ၈ပတ်သားမှ စတင်၍ 4 in 1 Cat Vaccine (4မျိုးစပ်ကာကွယ်​ဆေး ) ကို စနစ်တကျ ထိုးနှံ​ပေးရပါမယ် ✅
4 in 1 vaccine ထဲမှာ

1. Feline Panleukopenia ( ကြောင်သွေးဝမ်း)
2.Feline Rhinotracheitis (Cat Flu)
3.Feline Caliciviral disease (Cat Flu) (​​ကြောင်တုပ်​ကွေး)
4.Feline Chalamydia-psittaci viral disease (Cat FIV)
(ကြောင်နာကျ) စတာ​တေ ပါ၀င်ပါတယ်

🫢 ဒီရောဂါတွေဟာ virus ကြောင့်ဖြစ်ပွားပြီး ကူးစက်နှုန်း အရမ်းမြန် ၊ သေနှုန်းမြင့်​တဲ့ ​ရောဂါ​တွေပါ​နော်။ မိမိ ​မွေးမြူထား​​​သော တိ​လေး များ ကျန်းမာ ​ပျော်ရွှင်ဖို့ အထိ​ရောက်ဆုံးက​ ကာကွယ်​ဆေး စနစ်တကျ ထိုးနှံ​ပေးရမှာ ဖြစ်ပါတယ် ။ဒါ့အပြင် ​ကြောင်​လေး​တေမှာ 4in1 ၄မျိုးစပ်ကာကွယ်​ဆေးအပြင် Feline AntiRabie Vaccine လည်း လိုအပ်ပါတယ်

ခွေး​လေးတွေမှာ ခွေးရူးပြန်သလို ကြောင်​လေးတွေမှာလဲ ဖြစ်ပွားတတ်ပါတယ် ။ လူကိုကိုက်မိတဲ့အခါ အသက်အန္တယ်ရှိပါတယ် ။ ဒါ​ကြောင့် နှစ်စဥ်ပုံမှန် ထိုးနှံ​ပေးရပါမယ်ရှင့်

တိ​လေးများ ကျန်းမာ​ပျော်ရွှင်စွာ သက်တမ်း​​စေ့​နေနိုင်ဖို့ ကာကွယ်ဆေးထိုးပြီး မွေးမြူကြ​အောင်​နော်

​ရွှေ​တော်၀င် ​တိရစ္ဆာန်ကု​ဆေးခန်း🏠🏠🏠
Pet food & Accessories
ရန် - မန်း လမ်း ၊တပင်​ရွှေထီးရပ် ပွင့်ဖြူ လက်ဖက်ရည်ဆိုင်အနီး ၊​ကေတုမတီမြို့
09.43059238,09.982848608

16/06/2025

မြောင်​လေး အိပ်စက်ပုံ အ​ကြောင်း တ​စေ့တ​စောင်း 🤭🤭

​ရွှေ​တော်၀င် ​ဆေးခန်း
​ကေတုမတီမြို့
09.982848608 ,09 43059238

ယူတို့​ရော🥴🥴👇👇👇
24/05/2025

ယူတို့​ရော🥴🥴👇👇👇

အသက်  ၁၁ နှစ်အရွယ် ​မြောင်ဘွားဘွားCyst  ​ရော pyometra  ​ရော တပြိုင်နက်တည်း ခွဲစိတ်​ပေးရတယ့် emergency  case
09/05/2025

အသက် ၁၁ နှစ်အရွယ် ​မြောင်ဘွားဘွား
Cyst ​ရော pyometra ​ရော တပြိုင်နက်တည်း ခွဲစိတ်​ပေးရတယ့် emergency case

အစာမစား ဆီးမသွားနိုင် ဖြစ်​နေတဲ့​မြောင်​မြောင် 😽😽ဆီးပိုက်ထည့်  ဆီးချူ​ပေးပြီး လိုအပ်တာ​တေ ဆက်လုပ်​ပေးရမယ် 💥💥✅✅​ရွှေ​တော်...
09/05/2025

အစာမစား ဆီးမသွားနိုင် ဖြစ်​နေတဲ့​မြောင်​မြောင် 😽😽

ဆီးပိုက်ထည့် ဆီးချူ​ပေးပြီး လိုအပ်တာ​တေ ဆက်လုပ်​ပေးရမယ် 💥💥✅✅

​ရွှေ​တော်၀င်တိရစ္ဆာန်ကု​ဆေးခန်း🏠🏠🏠
ရန် မန်း လမ်း၊ တပင်​ရွှေထီးရပ်၊​ကေတုမတီမြို့။
09. 982848608,09. 43059238

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Shwe Taw Win Pet Clinic,Food&Accessories - Taungoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share