Thone Thone Pet Accessories & Supplies

Thone Thone Pet Accessories & Supplies Pet Accessories , Medicines , Food and Supplies တောင်းကြီးမြို့အတွင်း အိမ်ရောက်ငွေချေစနစ်ရှိပါသည်။�
အားပေးမှုကိုအထူးကျေးဇူးတင်လျက် �

ချစ်လှစွာသောမိတ်ဟောင်းမိတ်သစ် ဖောက်သည်ချစ် customer အားလုံး မင်္ဂလာပါခင်ဗျာ 👋👋🫡Thone Thone Pet အတွက် Thone Thone ပြန်လာပ...
28/11/2022

ချစ်လှစွာသောမိတ်ဟောင်းမိတ်သစ် ဖောက်သည်ချစ် customer အားလုံး မင်္ဂလာပါခင်ဗျာ 👋👋🫡

Thone Thone Pet အတွက် Thone Thone ပြန်လာပါပြီလို့ သတင်းစကားပါးပါရစေ‌ဗျာ 🔥🔥🔥

အားလုံးကိုလဲများစွာသတိရနေပါတယ်ခင်ဗျ
ကျွန်တော်မရှိတဲ့ချိန်ဆိုင်လေးရဲ့လိုအပ်ချက်တွေကိုနားလည်ခွင့်လွတ်အားပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

အားအင်အသစ် စိတ်ကူးအသစ်တွေနဲ့ပြန်လာမှာမို့လို့ ကျွန်တော်တို့ မကြာခင်ပြန်ဆုံကြမယ် 🤝🤜💯

ဆက်လက်ဝန်းရံအားပေးကြပါဦးလို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား

ကျေးဇူးတင်စွာဖြင့်

Anthony Jiang

⚜ ကြောင်တွေဆီက healing power ယူကြမယ် 🌸🌙🐈ကြောင်တွေက အသက် ၉ ချောင်းနဲ့ သတ္တဝါလို့ တင်စားရအောင် ဘယ်လောက်ဆတ်ဆလူးထထ ရအောင် အသ...
02/05/2022

⚜ ကြောင်တွေဆီက healing power ယူကြမယ် 🌸🌙🐈

ကြောင်တွေက အသက် ၉ ချောင်းနဲ့ သတ္တဝါလို့ တင်စားရအောင် ဘယ်လောက်ဆတ်ဆလူးထထ ရအောင် အသက်ရှင်နိုင်တဲ့ survival skill မြင့်တဲ့ အကောင်လေးတွေပါ။ တော်ရုံရောဂါဖြစ်ရင်လဲ မိမိကိုယ်ကို self healing လုပ်နိုင်ပါတယ်။

ဒါ့အပြင် သူတို့ မြောင်သံ တွေဟာ vibration frequency 20Hz -50Hz ကို ထုတ်ပေးနိုင်ပြီး လူတွေရဲ့ ကြွက်သား အသားစ နဲ့ အရိုးကို ကောင်းမွန်စေတဲ့ frequency နဲ့ တထပ်တည်းဖြစ်တယ်လို့ ဆိုပါတယ်။

ကြောင်တွေမှာ လူတွေလိုပဲ ကိုယ်ရောင်ကိုယ်ဝါ aura ရှိပြီး လူတွေ အတွက် လိုအပ်တဲ့ aura ကို ဖြည့်ဆည်းပေးတတ်ပါတယ်။ ဒါ့အပြင် သူတို့နဲ့ aura field တူတဲ့လူသားတွေကိုမှ သူတို့က အနားကပ်ခံပါတယ်တဲ့။

ကြောင်တွေရဲ့ aura အရောင်ဟာ ပျော်ရွှင်မှုကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင် - ထိုးထွင်းသိမြင်တတ်သော အလိုအလျောက်သိတတ်သော ခရမ်းရောင် - ဖြူစင်ကြင်နာသော အဖြူရောင် aura တွေ ဖြစ်တတ်ပြီး

တခါတလေလဲ Dark Power တွေ လွှမ်းမိုးနေတတ်ပါတယ်။ Wick Aura အကျင့်ပုတ် aura တွေလဲ ရှိတတ်ပါတယ်။ အကျင့်ပုတ်တယ်ဆိုတာ သခင်ကို ခိုက်စေတာမဟုတ်ပါဘူး။ ဂျီကျတဲ့အကျင့်လေးတွေ မျက်နှာဇိုးကြီးနဲ့ သခင်ကို ခိုင်းတဲ့အကျင့်တွေ သခင်ခေါ ်တာသိသိနဲ့ အဖက်မလုပ်တာလေးတွေ ကို ပြောတာပါ။

အနက်ရောင် ကြောင်များ - သခင်ဆီကို ရောက်လာတဲ့ negative energy တွေကို သူ က ကြားခံ ကာကွယ်လေ့ရှိပါတယ်။ အများစုက ကြောင်နက်ဆို bad luck လို့ ပြောတယ်။ တကယ်တော့ သူတို့က မကောင်းတဲ့အရာကို ကြိုသိနိင်တာမို့ သတိပေးတာပါ။ ကြောင်တွေထဲမှာ အသက်အပြင်းဆုံး ကောင်လို့ ပြောရမယ်။ Healer လေးတွေပါ။

အဖြူရောင်ကြောင်များ - သခင်ကို ငွေကံကောင်းစေပါတယ်။ လှလှလေးထားပေးဖို့လိုပါမယ်။သူ့ကို အနီရောင်ရွှေရောင်ပစ္စည်းလေးတွေပေးထားရင် သူ့ကို ကောင်းကောင်းထားတဲ့ သခင် ငွေတွေအများကြီးရပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေးတတ်ပါတယ်။

အဝါရောင်ကြောင်များ - စပ်စပ်စုစု ဘဲဥတို့အဖွဲ့ပါပဲ။ အမြဲတမ်း လေ့လာစူးစမ်းနေတတ်ပြီး သခင်ကို ဆရာ ပြန်လုပ်တတ်ပါတယ်။ဉာဏ်အရမ်းကောင်းပြီး motivation ပေးတတ်တဲ့ကောင်လေးတွေပါ။ သူတို့ကို ဖက်ထားပြီးဖြစ်စေ သူတို့ရှေ့မှာဖြစ်စေ သခင်က လုပ်မယ့်စီးပွားရေးတွေ အပြောင်းအလဲတွေ နိုင်ငံရေးတွေ ပြောပြရင် နားမထောင်သလိုလိုနဲ့ နားလေးနှစ်ဖက်ထောင်ပြီး အသက်ရှူ ရင်း အာရုံစိုက်ပြတတ်ပါတယ်။ ပြီးရင် ဖြေရှင်းနည်း သို့မဟုတ် အောင်မြင်နည်းတွေ ကိုယ်သတိထားမိအောင်လုပ်တတ်ပါတယ် ဥပမာ - TV ရှေ့ ဖြတ်လျောက်ပြပြီး ဖွင့်ခိုင်းတာ စာအုပ်ကိုတွန်းချတာ တခါတလေ သခင်က အိပ်ဖို့လိုနေပြီဆိုရင် ကုတင်ပေါ ်တက်ပြတာ စသဖြင့်ပေါ့။ BFF လေးပါ။ ကြောင်အချင်းချင်းကိုလဲ ဦးဆောင်တတ်ပါတယ်။

အညိုရောင်ကြောင်များ - သခင်တွေအိမ်မက်နိမိတ်မကောင်းတာကို ခြေဖျက်ပေးပါတယ်။ အိမ်မသန့်တာကို သန့်ပေးတယ်။ ဘယ်လိုလဲဆိုတော့ သူ့ကိုယ်လုံးနဲ့ နေရာတကာ လိုက်ပွတ် လူးလှိမ့်တယ်။
အိမ်မသန့်ရင် အဲ့လိုလူးလိမ့်ပြီး cleansing လုပ်ပြတယ်။ မီးဖိုချောင်မှာညစ်ပတ်နေရင် တဆာဆာအော်တယ်။ သခင်မှာ မသန့်တာပါလာရင် ငုတ်တုတ်ထိုင်ကြည့်တယ်။ သူ့ကို ကောင်းကောင်းကျွေးမွေးရင် သခင့်ကလေးတွေပါ လိုက်ကြည့်ပေးတတ်ပါတယ်။ စာတွေဘာတွေမလုပ်ရင် ခြောက်ချက်သွားကုတ်တာမျိုး။ အိမ်တော်ထိန်းမြောင်ပေါ့။

အဖြူ အမည်းရောနေတဲ့ကြောင်များ ; အသက်ဘယ်လောက်ကြီးကြီး အဆော့မက်တဲ့ဟာတွေပါ။ ပေါတောတော နဲ့ ပလပ်ကျွတ်နေတဲ့အထာနဲ့ တခါတလေ မျက်လုံးပြူ းပြီး သခင်ကို ဘုကြည့်ကြည့်ပါတယ်။ အကြောင်းက သခင် နောက်ကွယ်မှာ ဘာတွေ ပေါက်ကရလုပ်လဲဆိုတာ အကုန်သိပြီး ဗုဒ္ဓေါ ဗုဒ္ဓေါ ဖြစ်နေတာပါ။ သူတို့ ဗြောင်းဆန်အောင်ဆော့ပေးတယ်ဆိုတာ သခင်ဘေးနားက နတ်ဆိုးတွေကို ရှင်းထုတ်ပေးတယ်လို့ ထင်နေတဲ့ကောင်လေးတွေပါ။ တခါတလေ attention အရမ်းယူပါတယ်။ သခင့်ကို သူတို့ကလွဲရင် ဘယ်သူမှ မစောင့်ရှောက်နိုင်ဘူးလို့ စိတ်ကြီးဝင်နေတဲ့ အုပ်စုပါ။ တကယ်လဲ သူတို့ ရဲ့ energy က ရှားပါတယ်။ အလွန်ပါးနပ်ပေမယ့် ငတုံးလိုနေတတ်တဲ့ ဖရဲသီး energyပါ။

မီးခိုးရောင်ကြောင်များ -Protector Cat လို့ပြောရပါမယ်။ သခင့်ရဲ့ စိတ်ဝေဒနာတွေကိုကုစားပေးတယ်။ သူ မရှိသလိုလေးနေပြတတ်တယ်။ သခင့်ကို အဝေးကနေ ဂရုစိုက်နေတတ်တယ်။ သခင့်အိမ် လုံခြုံရေး တခြားကောင်တွေလာမသောင်းကျန်းအောင် ကာကွယ်ပေးတယ်။ ကြွက်ခုတ်တာ မြွေဖမ်းတာစသဖြင့် လုပ်ပေးတတ်တယ်။ အေးဆေးနေတတ်တယ်။ သခင့်ကိုစကားသိပ်မပြောဘဲ စိတ်ကနေ လှမိးဆက်သွယ်လေ့ရှိတယ်။ မပြောဘဲနဲ့ စိုက်ကြည့် အလိုက်သိဆိုတဲ့ကောင်လေးတွေပေါ့။

အစင်းကြားရောင်ကြောင်များ /နှစ်ရောင် သုံးရောင်စပ်များ - တွဲပြတ် ဘဲပစ် ဆော်ပစ် Rs ပိုင်ဆိုင်ထားတဲ့သခင်တွေကို တရားပြမယ့်ကောင်တွေပါ။ သခင်တွေအသည်းကွဲတာကို လာရောက်ကုသပေးမယ့် therapist cat တွေ ဖြစ်ပါတယ်။ အဲ့ကြောင်လေးတွေနားကပ်ပြီး စိတ်ဆင်းရဲစရာ RS ကိစ္စတွေ Nobody loves me တွေ ရင်ဖွင့်ပြောပေးရင် ကြောင်လောကထဲ သတင်းပြန်ဖြန့် ပေးပါလိမ့်မယ်။ ငါ့သခင်ကတော့ အသည်းကွဲနေပြန်ပြီ ငါ အိမ်ပြန်ဦးမှ ဆိုပြီး ဘော်ဒါမြောင်တွေထက် သခင်ကို ဦးစားပေးတဲ့ ကောင်လေးတွေပါ။ သခင်ကို ချစ်တတ်တဲ့ ကလေးတွေပေါ့။ ကိုယ့်နှလုံးသားတွေအရည်ပျော်အောင် ချွဲပါလိမိ့မယ်။

ကြောင်လေးတွေဆီက healing power လိုချင်ရင် သူ့နဖူးလေးနဲ့ ကိုယ့်နဖူးလေး တို့ထိပေးပါ။ သူ့အသားနဲ့ ကိုယ်အသားကပ်ထားပါ။ ကိုယ့်နှလုံးခုန်သံရှိတဲ့ ဘယ်ဘက်အခြမ်းမှာ ကြောငိလေးရဲ့ ခေါင်းကို ထားပေးပါ။

စိတ်ဝင်စားစရာတခုခု အတူလုပ်ပါ။ ခေါ်ပါ။ ငှက်တွေအတူတူ ထိုင်ကြည့်ပါ။ TV အတူတူ ကြည့်ပါ။ အတူတူ နေ့ခင်းတရေးအိပ်ပါ။

Credit✨📝

Air-lax Gel ၀မ်းချုပ်တဲ့ ခလေးတွေအတွက် အထူးသင့်လျော်တဲ့ဆေးလေးပါ အမွှေးရှည်တဲ့ အာဝုတို့ မြောင်လေးတို့အတွက် ဆောင်ထားသင့်ပါတ...
28/04/2022

Air-lax Gel

၀မ်းချုပ်တဲ့ ခလေးတွေအတွက် အထူးသင့်လျော်တဲ့ဆေးလေးပါ
အမွှေးရှည်တဲ့ အာဝုတို့ မြောင်လေးတို့အတွက် ဆောင်ထားသင့်ပါတယ်နော်

အာဝုလေးတို့ မြောင်လေးတွေအတွက် အစာခြေလမ်းကြောင်းမှာ အမွှေးလုံးပိတ်ဆို့မှုကို သက်သာစေ​ပြီး အမွှေးလုံးအန်ခြင်း လျော့ချစေပါတယ်

၀မ်းချုပ်တတ်သော ကလေးတွေအတွက် သက်သာစေပါတယ်

သုံးစွဲရန်အညွှန်း...

ပထမဦးဆုံး ၂ရက်၃ရက် ဆက်တိုက် လက်တစ်ဆစ်သို့မဟုတ် လက်တစ်ဆစ်ကျော် ကျွေးလို့ရပါတယ်
နောက်ပိုင်းတွေမှာတော့ တစ်ပတ်ကို ၁ကြိမ် ၂ကြိမ်ပဲ ကျွေးရပါတော့မယ်နော်

Price 10000ks

မြောင်တို့အကြိုက် အရုပ်လေးတွေPrice 2500ks
28/04/2022

မြောင်တို့အကြိုက် အရုပ်လေးတွေ
Price 2500ks

Hello ...မီးညောင်ဒယ်ဒီ မာမီ များအတွက် Bioline Cat Shampooဂျာမန်နည်းပညာ🇩🇪နဲ့ထုတ်လုပ်ထားပြီး သဘာဝစစ်စစ်🌿🍃ကနေထုတ်ယူပြုလုပ်ထ...
28/04/2022

Hello ...မီးညောင်ဒယ်ဒီ မာမီ များအတွက်
Bioline Cat Shampoo
ဂျာမန်နည်းပညာ🇩🇪နဲ့ထုတ်လုပ်ထားပြီး
သဘာဝစစ်စစ်🌿🍃ကနေထုတ်ယူပြုလုပ်ထားတဲ့အတွက် စိတ်ချစွာအသုံးပြုနိုင်မဲ့ shampoo လေးပါ

အမျိုးအစားလေးမျိုးရရှိနိုင်ပါတယ်

1. Bioline Mid Care Cat shampoo
ပျော့ပြောင်းတဲ့formula နဲ့အမွေးအမျှင်တွေကိုပြန်လည်သန်စွမ်းစေပါတယ်

2. Long Hair Shampoo
အမွှေးရှည်တွေကိုဖီးရတာလွယ်ကူစေပြီးအမွေးထုံးချင်းမှကာကွယ်ပေးမဲ့

3.Kitten Shampoo
ကြောင်ပေါက်လေးတွေရဲ့ sensitive ြဖစ်တဲ့အမွှေးနုလေးတွေကိုလွန်စွာအကြိုးပြုအားြဖည့်တဲ့ formula ပါပြီး အမွေးလေးတွေကိုကျန်းမာတောက်ပြောင်စေပါတယ်

4. Insect Repellent Shampoo
ကိုက်တတ်တဲ့အင်းဆက်ပိုးမွှားရန်ကကာကွယ်ပေးပြီ အရေပြားယားယံအဆင်မပြေခြင်းများကိုလျှော့ချပေးပါတယ်

Price 4000ks

အခုလို ပူပြင်းတဲ့ရာသီမှာ အချစ်တော်ခလေး လေးတွေ ရေဓာတ်ပြည့်ဝနေဖို့ အရမ်း အရေးကြီးပါတယ်နော်ခလေးလေးတွေ ရေဓာတ်ပြည့်ဝစေဖို့  ​...
28/04/2022

အခုလို ပူပြင်းတဲ့ရာသီမှာ အချစ်တော်ခလေး လေးတွေ
ရေဓာတ်ပြည့်ဝနေဖို့ အရမ်း အရေးကြီးပါတယ်နော်

ခလေးလေးတွေ ရေဓာတ်ပြည့်ဝစေဖို့ ​
✅ရေဓာတ်ပြည့်ဝသော အစားအစာ များ
✅ သန့်ရှင်း​​သော သောက်ရေ
✅ petme Lyte ကဲ့သို့ electrolyte ဓာတ်ဆား ​​ဖြည့်စွက်စာများ အထူးလိုအပ်ပါတယ်

ဒါကြောင့် တိချစ်သူတိုင်း နွေရာသီမှာ မရှိမဖြစ်ဆောင်ထားသင့်သောဓာတ်ဆားတစ်မျိုးပဲ ဖြစ်​ပါတယ်နော်

Petme -Lyte ဓာတ်ဆား

Price - 1000 Ks

အသဲ အရသာနှင့်ထုတ်လုပ်ထားပြီး သူ့မှာ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့
Glucose
Sodium
Potassium
Vitamin B (1,2,6,12)
Taurine
Lysime အပြင် Prebioticလို့ခေါ်တဲ့ အူနံရံမှာရှိတဲ့ အစာခြေအမျှင်လေးတွေ အလုပ်ပိုလုပ်လာနိုင်အောင်လုပ်ပေးတဲ့ ဓာတ်တွေလည်းပါဝင်ပါသေးတယ် ။

ဒါကြောင့်မို့ ရေဓာတ်ခမ်းခြောက်နေတဲ့ ကလေးတွေ ၊ ခရီးပန်းနေတဲ့ကလေးတွေ ၊နေမကောင်းဖြစ်ပြီ နလန် မထူနိုင်တဲ့ကလေးတွေ အစာစားချင်စိတ်မရှိတဲ့ ကလေးတွေအတွက် သောက်သုံးနိုင်ပါတယ် ။
သူရဲ့အားသာချက်က ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ electrolye, amino acid နှင့် vitaminတွေပါဝင်တာကြောင့် ကလေးတွေကို သယ်ယူပို့ဆောင်တဲ့ အချိန်မျိုးမှာတိုက်ပေးရင် စိတ်ဖီစီးမူ ဒဏ်ကိုလျော့ကျစေနိုင်ပါတယ် ။

ဒီဓာတ်ဆားလေးကတော့ ဝမ်းပျော့နေတဲ့ ကလေးတွေ ဝမ်းလျှောနေတဲ့ ခလေးတွေအတွက် အရမ်းသင့်တော်တဲ့ ဓာတ်ဆားပါ ။

အညွှန်း
ခန္ဓာကိုယ် အလေးချိန် ၅ - ၁၀ ကီလိုရှိရင် တစ်နေ့ ၂ ထုတ်
ခန္ဓာကိုယ်အလေးချိန် ၁၀ - ၃၀ ကီလိုရှိရင် တစ်နေ့ ၂ထုတ်မှ ၄ထုတ်အထိ ခွေးလေးတွေမှာ တိုက်လို့ရပါတယ် ။
ကြောင်လေးတွေမှာတော့ တစ်နေ့ တစ်ထုတ်နှုန်း တိုက်ရပါမယ် ။

ဓာတ်ဆားဖျော်ရန်အညွှန်း
ဓာတ်ဆားတစ်ထုတ်ကို ရေ 200cc နှင့်ဖျော်ပါ ။
ဖျော်ပြီးရင် ၂၄ နာရီအတွင်းပဲတိုက်ရပါမယ်နော်။
အရည်တိုက်ရတာ အခက်အခဲရှိရင် အစာထဲထည့်ကျွေးလို့ရပါတယ်။

အားလုံးပဲ မင်္ဂလာပါခင်ဗျ....🐵ကျွန်တော် ထုံးဖြူးထားတဲ့နေရာတွေမှာ ဆော့ရတာ ကြိုက်ပါတယ်ခင်ဗျ....🙊တစ်ရက် ၂ခါလည်း ရေချိုးပါတယ်...
26/04/2022

အားလုံးပဲ မင်္ဂလာပါခင်ဗျ....🐵
ကျွန်တော် ထုံးဖြူးထားတဲ့နေရာတွေမှာ ဆော့ရတာ ကြိုက်ပါတယ်ခင်ဗျ....🙊
တစ်ရက် ၂ခါလည်း ရေချိုးပါတယ်ခင်ဗျ....🐒
ထမင်းတော့မစားပါဘူး မုန့်ပဲသရေစာ အသီးအနှံ ဖျော်ရည်တွေပဲ စားသောက်ပါတယ်ခင်ဗျ....🍌🌽🍦🍫🍭🍼🥛
မှာ ဝယ်ယူအားပေးတဲ့ customer များ အားလုံးကို ချစ်ပါတယ်ခင်ဗျ.....💓💯

Edit တစ်ရောင် တစ်အိတ်စီပဲ ကျန်လို့ စျေးလျှော့ပေးထားပါတယ်ရှင့်Tiger cat litter 10LPrice 11000ksCoffeeLavender
24/04/2022

Edit တစ်ရောင် တစ်အိတ်စီပဲ ကျန်လို့ စျေးလျှော့ပေးထားပါတယ်ရှင့်

Tiger cat litter 10L
Price 11000ks

Coffee
Lavender

✅Zerokrim✅"သန်ချပေးခြင်း"ခွေး၊ကြောင် လေးတွေကို သန်ချပေးဖို့ တကယ်ကို လိုအပ်ပါတယ်။ ခွေး၊ကြောင်လေးတွေဟာ မွေးပြီးကာစအချိန်မှ...
24/04/2022

✅Zerokrim✅

"သန်ချပေးခြင်း"

ခွေး၊ကြောင် လေးတွေကို သန်ချပေးဖို့ တကယ်ကို လိုအပ်ပါတယ်။
ခွေး၊ကြောင်လေးတွေဟာ မွေးပြီးကာစအချိန်မှ တစ်သက်တာလုံး ဝမ်းဗိုက်ထဲမှာ သန်ကောင်စွဲခြင်းအန္တရာယ်ရှိနိုင်တာဖြစ်လို့ သန်ချပေးခြင်းကို မဖြစ်မနေလုပ်ဆောင်ပေးရပါမယ်။

သန်ကောင်ရောဂါအန္တာရယ်ရှိပြီဆိုရင်…
ဝမ်းဗိုက်ဖောင်းနေခြင်း၊
ကိုယ်အလေးချိန်ကျခြင်း(သို့) ပိန်လာခြင်း၊
အမွေးအမျှင်များ ခြောက်သွေ့မွဲညစ်နေခြင်း၊
အမွေးများကျွတ်ခြင်း၊
အန်တဲ့အခါ သန်ကောင်များပါလာခြင်း၊
ဝမ်းသွားတဲ့အခါ သန်ကောင်များတွေ့ရခြင်းတို့ ဖြစ်လာပါတယ်။
ခွေး၊ကြောင်လေးတွေရဲ့ အူလမ်းကြောင်းမှာ တွေ့ရလေ့ရှိတဲ့သန်ကောင်တွေကတော့…သန်လုံးကောင်၊ သန်ပြားကောင်၊ချိတ်သန်ကောင်၊ ကြာပွတ်သန်ကောင် စတာတွေပဲ ဖြစ်ပါတယ်။

သန်ချပေးနိုင်တဲ့ အသက်အရွယ်နဲ့ အကြိမ်အရေအတွက်ကို အကြမ်းဖျင်းဖော်ပြပေးပါမယ်။

*အသက် 2ပတ်-12ပတ်သားမှာ သန်စချပေးနိုင်ပါပြီ။

*အသက် 12ပတ်အောက် ခွေး၊ကြောင်လေးများအတွက်-

အသက်6ပတ်-8ပတ်သား…၂ပတ်ခြား ၁ခါနှုန်းနဲ့ ၂ကြိမ် ချပေးနိုင်ပါတယ်။
အသက်12ပတ်သား…၁ကြိမ်
အသက်16ပတ်သား…၁ကြိမ် သန်ချပေးနိုင်ပါတယ်။
*အသက်12ပတ်သားအထက် ခွေး၊ကြောင်လေးများအတွက်-

ပထမဆုံးသန်ချခြင်းအတွက်…၂ပတ်ခြား ၁ခါနှုန်းနဲ့ ၂ကြိမ်ချပေးနိုင်ပါတယ်။

ဒုတိယမြောက်သန်ချခြင်းအတွက်…ပထမဆုံးသန်ချခြင်းအပီး 3ပတ်ကနေ 4ပတ်ခြားပီးလျှင် ၁ကြိမ် ပြန်လည်ချပေးနိုင်ပါတယ်။

ခွေး၊ကြောင်လေးများကို တစ်နှစ်လျှင်အနည်းဆုံး (၂)ကြိမ် သန်ချပေးဖို့ လိုအပ်ပါတယ်။

"Zerokrim "

Zerokrim သန်ချဆေးမှာ-

Praziquante …50mg
Pyrantel Pamoate…144mg
Fenbendazoel…500mg စတဲ့ သန်ချဆေး(၃)မျိုးပါဝင်တဲ့အတွက်

အူလမ်းကြောင်း မှာရှိတဲ့ သန်လုံးကောင်၊ သန်ပြားကောင်၊ ချိတ်သန်ကောင်၊ ကြာပွတ်သန်ကောင် များအားလုံးကိုနိုင်တဲ့ဆေးဖြစ်ပါတယ်။(လိုအပ်လျှင် ပထမအကြိမ်တိုက်ကျွေးပြီး ၃ရက်ခြားတွင်တစ်ကြိမ် ထပ်မံတိုက်ကျွေးနိုင်ပါတယ်)

ဆေးအသုံးပြုပုံ-

ဆေးကို ခွေး၊ကြောင် ၏ပါးစပ်တွင်းသို့ ဆေးလုံးအတိုင်းတိုက်ရိုက်တိုက်ကျွေးနိုင်သည့်အပြင် အစာနှင့်ရော၍လည်း တိုက်ကျွေးပေးနိုင်ပါတယ်

တစ်လုံး 800ks

🐶🐱 ခွေးလေး ကြောင်လေးများ အရိုးအဆစ်သန်မာအားကောင်းစေရန်အတွက်CALCIUM PHOSPHORUS USA Price - 22000 ks💯အရမ်းကို သိသာကောင်းမွန...
24/04/2022

🐶🐱 ခွေးလေး ကြောင်လေးများ အရိုးအဆစ်သန်မာအားကောင်းစေရန်အတွက်

CALCIUM PHOSPHORUS USA

Price - 22000 ks

💯အရမ်းကို သိသာကောင်းမွန်တဲ့ result တွေကြောင့် လူကြိုက်များတဲ့ USA made Calcium ပါ

✅ Calcium , Phosporus , Vitamin D3 နှင့်
Brewers dried yeast ပါဝင်ပါတယ်

🔷အရိုးအဆစ် သန်မာထွားကြိုင်နေတဲ့အချိန်မှာ
တိုက်ကျွေးရန် သင့်တော်ပါတယ်

🔷 ကိုယ်ဝန်ဆောင်စဉ် နှင့် နို့တိုက်ချိန်များမှာ
လည်းတိုက်ကျွေးသင့်ပါတယ်

အသုံးပြုပုံ

🐶🐶 အာဝုလေးတွေ အတွက် 20kg ကို ၁ လုံးတိုက်ရမှာပါ
အရိုးအဆစ် အထွားမြန်စေဖို့ နှင့် ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဆိုရင်
10kg ကို ၁လုံး တိုက်ကျွေးနိုင်ပါတယ် 😊

🐱🐱 ပူစီလေးတွေအတွက်ကတော့
Body weight 2 kg ကို လေးပုံတစ်ပုံ နှုန်းနဲ့တိုက်နိုင်ပါတယ်။ နို့တိုက်မိခင်တွေကိုတော့ အများဆုံး တစ်နေ့ တစ်ခြမ်း တိုက်ကျွေးနိုင်ပါတယ်😊

🚫သတိပြုရန် ပူစီလေးတွေကို တစ်ရက် တစ်လုံးထက် ပိုမတိုက်သင့်ပါဘူးနော်



Nutrical Calcium👉ခွေးလေးတွေ အသက်ငယ်ရွယ်ချိန်တွင် ကယ်စီယမ်လိုအပ်မှု မြင့်မားကြသည်၊၊👉အကောင်ကြီးခွေးကလေးမှာပိုလိုအပ်လေ့ရှိသ...
24/04/2022

Nutrical Calcium

👉ခွေးလေးတွေ အသက်ငယ်ရွယ်ချိန်တွင် ကယ်စီယမ်လိုအပ်မှု မြင့်မားကြသည်၊၊
👉အကောင်ကြီးခွေးကလေးမှာပိုလိုအပ်လေ့ရှိသည်။
👉အရွယ်ရောက်ပီးသောခွေးလေးတွေအတွက်လည်းအရိုးအဆစ်သန်မာစေသည်။
👉calciumချို့တဲ့သောခွေးလေးများအတွက်လည်းတိုက်ကျွေးနိုင်ပါသည်။
Nutrical calciumအားဆေးမှာ Calcium,Phosphorus, Vit A, D3, C, B6 နဲ့ အချိုဓာတ်များ ပါဝင်တာကြောင့်အရသာကောင်းမွန်ပြီး အာဟာရပြည့်တဲ့ အားဆေးတစ်မျိုး ဖြစ်ပါတယ်။

၃လကစပီး တိုက်ကျွေးနိုင်ပါတယ်🐶

ဆေးအသုံးပြုပုံ
👉ကိုယ်အလေးချိန် 10kg လျှင် ဆေး တစ်လုံးနှုန်းဖြင့် တိုက်ကျွေးနိုင်ပါသည်။

Price - 9000ks(30 tablets)
15500ks(60 tablets)

Bearing Calcium (135 g)Beef Flavourကယ်လ်စီယမ်နှင့် ဗီတာမင်ပေါ ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးအဆစ်နှင့်ခန္ဓာကိုယ် ကြံ့ခို...
24/04/2022

Bearing Calcium (135 g)
Beef Flavour

ကယ်လ်စီယမ်နှင့် ဗီတာမင်ပေါ ကြွယ်ဝစွာ ပါဝင်သောကြောင့် အရိုးအဆစ်နှင့်ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းစေပြီး ကိုယ်ဝန်ဆောင်ကလေးတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။

🐶 တိလေးတွေကြိုက်နှစ်သက်မည့် အမဲသားနှင့်အသည်းအရသာဖြင့် ထုတ်လုပ်ထားလို့ သူတို့လေးတွေ ကြိုက်နှစ်သက်စေမှာပါ

🐶 ကယ်လ်စီယမ်ဓာတ်နှင့် သံဓာတ်အပြင် ခန္ဓာကိုယ် ဖွံဖြိုးမှုကို အထောက်အကူပြုသော ဗီတာမင် A,B1,B2,B6,B12,D,E ကြက်ဥအမှုန့်နှင့် အာဟာရဓာတ်များပြည်ဝစွာပါဝင်ပါတယ်။

🐶 ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး အရိုးအဆစ်များနှင့် သွားများကို သန်မာစေပါတယ်

ကိုယ်အလေးချိန်
1-5 kg : 1-5 လုံး
5-20 kg : 5-10 လုံး
20 kg အထက် : 10-15 လုံး

Price 6500ks

Address

Taunggyi
06101

Telephone

+959787643001

Website

Alerts

Be the first to know and let us send you an email when Thone Thone Pet Accessories & Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thone Thone Pet Accessories & Supplies:

Share

Category