03/03/2022
အိမ်မွေးခွေးလေးများနှင့် သေနှုန်းမြင့် ကူးစက်မြန်ပြင်းထန် Pravo Virus ပါဗိုသွေးဝမ်းရောဂါ
ပါဗိုသွေးဝမ်းရောဂါဟာ ခွေးငယ်လေးများနဲ့ ခွေးပိုင်ရှင်တွေအတွက် ဆိုးရွားလှတဲ့ အိပ်မက်ဆိုးကြီးဖြစ်ပါတယ်။ ပြေးလွှားဆော့ကစားမြူ းတူးနေတဲ့ ခွေးငယ်လေးတွေ ရုတ်တရက် သေဆုံးတဲ့ထိ ပြင်းထန်တဲ့ ရောဂါပါ။ ကာကွယ်ဆေးထိုးရင်း ကာကွယ်နိုင်ပေမယ့် ခွေးပိုင်ရှင်အားလုံး ဆောင်ရန် ရှောင်ရန် နဲ့ ဗဟုသုတဖြစ်စေဖို့ တင်ပြလိုက်ပါတယ်။
၁။ What is Parvo? ပါဗိုဆိုတာဘာလဲ
Parvo Virus ကူးစက်ခြင်းကြောင့် ဖြစ်တဲ့ ပါဗိုသွေးဝမ်းရောဂါ ဟာ ကုးစက်မြန်ပြင်းထန်တဲ့အူလမ်းကြောင်းရောဂါဖြစ်ပြီး မကုသရင် ရာနှုန်းပြည့် သေပါတယ်။
ခွေးငယ်လေးတွေမှာ သေနှုန်းမြင့်မားပါတယ်။
၂။ Transmission ကူးစက်ပျံ့နှံ ပုံ
*ရောဂါဖြစ်နေတဲ့ ခွေးနဲ့ တိုက်ရိုက်ထိတွေ့မိခြင်း
*ဗိုင်းရပ်စ်ဟာ မစင်ထဲကတဆင့်စွန့်ထုတ်ခြင်းကြောင့် ပတ်ဝန်းကျင်တွင် ရောဂါပိုးပျံ့နှံ့၍ ၎င်းပစ္စည်းများကို လျှာဖြင့်ယက်မိခြင်း၊ နုတ်သီးဖြင့် ထိမိခြင်းမှတဆင့် ကူးစက်ခြင်း
* ရောဂါပိုး ခန္ဓာကိုယ်ထဲရောက်ပြီး လေးငါးရက်ကစပြီး ဘာရောဂါလ္ခဏာမှ မပြခင် ရောဂါပိုးကို စွန့်ထုတ်နိုင်ပါတယ်။ နောက်ပိုင်း နေမကောင်းနေတဲ့တလျှောက်လုံးသာမက နလန်ထပြီး ဆယ်ရက်ထိ ရောဂါဖြန့်နေနိုင်ပါတယ်။
ဒါကြောင့် ရောဂါဖြစ်နေတဲ့ ဖြစ်ပြီးနာလန်ထတဲ့ခွေးများကို တခြားခွေးများနှင့် သီးခြားခွဲထားရပါမယ်။
၃။ What dogs are most at risk for Parvo?
ဘယ်လိုခွေးအမျိုးအစားတွေမှာ အဖြစ်များလဲ
အသက်ခြောက်ပတ်သားကနေ ခြောက်လသားအတွင်း ကာကွယ်ဆေးမထိုးရသေးတဲ့ခွေးငယ်လေးများ နဲ့ ကာကွယ်ဆေးကြိမ်ရေမပြည့်တဲ့ခွေးလေးများမှာအဖြစ်များပါတယ်။
* Rottweilers
* Doberman pinschers
* American Staffordshire Terriers
* English Springer Spaniels
* German Shepherd Dogs
*Labrador Retrievers
ခွေးအမျိုးအစားတွေမှာ ပါဗိုသွေးဝမ်းရောဂါ အဖြစ်များပြီး ဘာကြောင့်ဆိုတာကိုတော့ ခုထိ စမ်းသပ်ဖော်ထုတ်နေဆဲဖြစ်ပါတယ်။
၄။ Symptoms of Parvo in Dogs ရောဂါလက္ခဏာများ
Parvo virus ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်းဝင်ရောက်ပြီး နံရံများကိုဖျက်စီးခြင်း၊ ရိုးတွင်းခြင်ဆီရဲ့လုပ်ဆောင်မှုကိုကျဆင်းစေတဲ့အတွက် သွေးဖြူ ဥဆဲလ်များထုတ်လုပ်မှုလျော့ကျကာ ကိုယ်ခံအားကျစေသဖြင့် တခြားရောဂါများဝင်ရောက်လွယ်ခြင်း၊ ရောဂါတိုက်ထုတ်မှုနှေးခြင်း နှင့် တချို့ခွေးငယ်လေးများတွင် နှလုံးကိုပါ ထိခိုက်စေပါတယ်။
* Severe Bloody Diarrhea ပြန်းထန်သောသွေးဝမ်းသွားခြင်း
* Lethargy ထိုင်းမှိုင်းလေးကန်ခြင်း
* Fever အဖျားတက်ခြင်း
* Weakness အားယုတ်ခြင်း
* Vomiting အန်ခြင်း
* Anorexia အစားအသောက်ပျက်ခြင်း
* Dehydration ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးခြင်း
* Weight loss ကိုယ်အလေးချိန်ကျဆင်းခြင်း
* Hypothermia ခန္ဓာကိုယ်အပူချိန်လျော့ကျခြင်း (ရောဂါအလွန်ပြင်းထန်နေချိန်)
၅။ Treatment ရောဂါကုသခြင်း
အထက်ပါ ရောဂါလ္ခဏာများထဲမှ အချို့ကို တွေ့ရပြီး ခွေးလေးမှိုင်နေတာနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ထံအမြန်ဆုံးသွားပြပါ။ သေချာမကုသပါက ရာနှုန်းပြည့် သေဆုံးတတ်တဲ့အတွက် တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုများကို သေချာလိုက်နာပြီး အနီးကပ်စောင့်ရှောက်ကုသရပါမယ်။ လိုအပ်ပါက ဆေးရုံမှာ ထားပြီး ကြပ်မတ်ကုသသင့်ပါတယ်။
*အူလမ်းကြောင်းတွင်း အလွှာများကွာကျမှုကြောင့် နောက်ဆက်တွဲ ဘက်တီးရီးယားပိုးများမဝင်ရောက်နိုင်အောင် သင့်လျော်တဲ့ ပဋိဇီဝဆေး ပေးခြင်း
* ခန္ဓာကိုယ် ရေဓာတ်ဆုံးရှုံးခြင်းအတွက် သွေးကြောတွင်းသို့ ဓာတ်ဆားရည်သွင်းပေးခြင်း
* အအန်ပျောက်ဆေးများပေးခြင်း
* အာဟာရဓာတ်ဖြည့်ပေးခြင်း
သေချာဂရုတစိုက်ကုသခြင်းဖြင့် အချို့ခွေးလေးများမှာ သုံးလေးရက်အတွင်း သက်သာလာပြီး တချို့တွင် တစ်ပတ်ဆယ်ရက်ကြာတတ်သည်။ ပုံမှန်အတိုင်းနာလန်ထစေရန် တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လက်ပြုစုဖို့ရန် လိုအပ်ပါတယ် ။
၆။ Prevention ကာကွယ်ခြင်း
ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်နိင်ပါတယ်။
* အသက် ၆ ပတ်သားတွင် တစ်ကြိမ်
* ဆယ်ပတ်သားတွင် တစ်ကြိမ်
* ဆယ့်လေးပတ်သားတွင် တစ်ကြိမ် ထိုးနှံပေးရမှာဖြစ်ပါတယ်။
နောက် တစ်နှစ်ကြာလျှင် ထပ်ထိုးဖို့လိုပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့ခွေးလေးများ၊ ကာကွယ်ဆေးကြိမ်ရေမပြည့်သေးသောခွေးလေးများကို ကာကွယ်ဆေးမထိုးထားတဲ့ တခြားခွေးကြီးတွေနဲ့ ထိတွေ့မှုမရှိစေရအောင် သတိပြုဖို့လိုပါတယ်။ ခွေးလေးများ နို့ခွဲတဲ့အချိန်မှာ အဖြစ်များတတ်တာမို့ အဲ့ဒီအချိန်မှာ သေချာဂရုစိုက်ပြုစုစောင့်ရှောက်သင့်ပါတယ်။ သန်မချတဲ့ခွေးငယ်လေးများမှာ ရောဂါပိုးပြင်းထန်တဲ့အတွက် သန်ချဆေးလည်း စနစ်တကျတိုက်ကျွေးရပါမယ်။
# # #မိမိတို့ရဲ့ အချစ်တော်ခွေးလေးတွေ အသက်မဆုံးဖို့ Parvo Vaccine ထိုးကြစို့။
crd Dr Swe Mar Tun
Dr Su Sandi
တကောင်းမြို့
09-250799841