Hein Aquarium

Hein Aquarium Hein Aquarium Fish Farm Myanmar

ဟိတ်.......တွမ်.....တွမ်
29/09/2021

ဟိတ်.......တွမ်.....တွမ်

27/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ Local Puffer တွေအကြောင်းလေ့လာနေတာနဲ့ Page ကိုသိပ်အချိန်မပေးဖြစ်တာကြောင့် ဒီရက်ပိုင်းမှာ Contant တွေမရေးဖြစ်လို့ အားလုံးကိုအရင်ဆုံးတောင်းပန်ပါရစေ။ ဒီနေ့ကျနော်ပြောပြပေးမှာကတော့ ကပ်ပါးသန်း (Flukes) တွေအကြောင်းဖြစ်ပီး Gyrodactylus spp: ကပ်ပါးတွေ ငါးရဲ့အရေပြားမှာကပ်တွယ်ကြတဲ့အကြောင်းပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ ပါးဟက်တွေမှာလဲကပ်တွယ်တက်ကြပီး ဒိကောင်တွေကို ချိတ်သန်း (Hook worms) လို့လဲခေါ်ကြပါသေးတယ်။ ဒီကပ်ပါးကောင်တွေဟာ ငါးရဲ့အရေခွံကို ဖျက်ဆီးရုံသာမက သွေးကိုပါစုပ်ယူတက်ပီး ငါးတွေကိုဒဏ်ရာရစေကာ ထိုဒဏ်ရာတွေကနေတစ်ဆင့် မှိုရောဂါနဲ့ အခြားဘက်တီးရီးယားကြောင့် ဖြစ်တက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
ငါးတွေဟာ Gyrodactylus သန်းကပ်ငြိခံရပီဆိုရင် ငါးကန်ထဲမှာ ရုတ်တရက် ကမူးရှူးတိုးကူးတာမျိုး၊ ကျောက်တုံးတွေ ကျောက်စရစ်ခဲတွေကို ခန္ဓာကိုယ်နဲ့ပွတ်တာမျိုး စတဲ့လက္ခဏာတွေ မြင်တွေ့ရမှာလဖြစ်ပါတယ်။
Gyrodactylus တွေကိုဖယ်ရှားဖို့ဆိုရင်တော့ ပိုတက်ဆီယမ်ပါမင်းဂနိတ် 100 mg ကို ရေ ၁၀ လီတာ မှာဖျော်ပီး ငါးကို ၃၀-၄၀ စက္ကန့်စိမ်ပေးရပါမယ်ဗျ။
နောက်တစ်ခုအနေနဲ့က Discus ငါးတွေမှာအများဆုံးဒုက္ခပေးတက်တဲ့ Dactylogyrus spp: ကပ်ပါးကောင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ များသောအားဖြင့် ငါးရဲ့ပါးဟက်ပိုင်းတွေမှာ ကပ်တွယ်ကြပီး Discus ငါးအကောင် ၂၀၀ လောက်ကို ၆ ပတ်အတွင်း သေအောင်တိုက်ခိုက်နိုင်ကြပါတယ်။
Dactylogyrus ကပ်ပါးသန်းအတွက် Masoten ကိုသုံးသင့်ပီး Masoten ကပိုးသတ်ဆေးဖြစ်တာ
ကြောင့် လူကိုအဆိပ်သင့်စေနိုင်လို့ ကျွမ်းကျင်သူတွေ၊ သုံးနေကျသူတွေသာသုံးဖို့အကြံပြုယပါတယ်ဗျ။ Masoten အစား ဖော်မလင် (Formalin) ကိုအသုံးပြုလို့ရပီး ရေတစ်ဂါလံမှာ Formalin အစက် ၂၀ နှုန်းထည့်ပီး Dactylogyrus ကပ်ပါးသန်းရှိတဲ့ငါးကို ငါးမိနစ်မှ ၁၀ မိနစ်အထိစိမ်ပေးပီး ကုသနိုင်ပါတယ်ဗျ။ အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုပြောပြပေးမှာကတော့ ငါးစည်ဖောင်းရောဂါ (Swim bladder disease) အကြောင်းပါဖြစ်ပါတယ်။ Swim blad...
19/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုပြောပြပေးမှာကတော့ ငါးစည်ဖောင်းရောဂါ (Swim bladder disease) အကြောင်းပါဖြစ်ပါတယ်။ Swim bladder disease ဟာ ငါးကြင်းမျိုးရင်းတွေမှာအဖြစ်များပီး ရောဂါခံစားနေရတဲ့ငါးတွေဟာ ပုံမှန်ရေမကူးနိုင်တာမျိုး၊ တစ်ခါတစ်ရံခေါင်းအောက်ဆိုက်ပီးဖင်ထောင်နေတာမျိုး၊ ဝမ်းဗိုက်အပေါ်ပိုင်းရောက်ပီး ပက်လက်အနေအထားနဲ့ရေထဲမှာယက်ကန်ယက်ကန်ဖြစ်နေတာမျိုးတွေဖြစ်နေမှာပါ။
တစ်ခါတစ်လေမှာ ရေမကူးနိုင်တော့ပဲ ရေကန်အောက်ခြေမှာတစ်မြုတ်နေတက်ပါတယ်။
Swim bladder disease ရောဂါဟာ ငါးတွေကိုရုတ်တရက်မသေဆုံးနိုင်သော်လည်း ပျောက်ဖို့ကခက်ခဲပါတယ်။ ရောဂါကုသဖို့အတွက် အနည်းငယ်နွေးတဲ့ရေမှာ ဆားထည့်ပီးကုသနိုင်သော်လည်း မူလအနေအထားတိုင်းပြန်ရဖို့က ခက်ခဲပါတယ်။အားလုံးအဆင်ပြေကြပါစေဗျ။

19/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့ မျက်ပြူးရောဂါ Pop eye (Exophthalimia) အကြောင်းပဲဖြစ်ပါတယ်။ ဒီရောဂါခံသားနေရတဲ့ငါးတွေရဲ့မျက်စိဟာ မျက်လုံးအိမ်မှကျွတ်ထွက်လုနီးပါးပြူးနေပီး ဆေးမကုပဲထားပါက မျက်လုံးပေါက်ထွက်ပီး မျက်စိကန်းသွားနိုင်ပါတယ်ဗျ။ တယ်လီစကုပ်မျိုးစပ်ငါးတွေမှာအဖြစ်များပီး ငါးကန်ရေသန့်စင်မှုမရှိခြင်းနဲ့ ဘတ်တီးရီးယားတွေကြောင့် ဒီရောဂါဖြစ်ရတာလဖြစ်ပါတယ်။
ရောဂါကုသဖို့အတွက် ငါးကန်ကိုရေအသစ်လဲခြင်း၊ ရေသန့်စင်အောင်ဖန်တီးပေးခြင်းတွေပြုလုပ်ရပါမယ်ဗျ။ ကလိုရိုဖီနီကော Chlorophinicol 250 mg
(တစ်တောင့်နှုန်း) ကို ရေ ၂၀ လီတာနဲ့ဖျော်ပီး ရောဂယဖြစ်နေတဲ့ငါးကိုစိမ်ပေးလို့လဲရပါတယ်။ ဒီရောဂါကိုနုစဥ်မှာစပီးကုသသင့်ပါတယ်ဗျ။ အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲမင်္ဂလားပါဗျ။ ကျနော်ဒီနေ့ပြောပြချင်တဲ့အကြောင်းရာလေးကတော့ ဒရော့စီ (Dropsy) ရောဂါအကြောင်းပဲဖြစ်ပါတယ်။ ဒရော့စီဖြစ်...
19/09/2021

အားလုံးပဲမင်္ဂလားပါဗျ။ ကျနော်ဒီနေ့ပြောပြချင်တဲ့အကြောင်းရာလေးကတော့ ဒရော့စီ (Dropsy) ရောဂါအကြောင်းပဲဖြစ်ပါတယ်။ ဒရော့စီဖြစ်တဲ့ငါးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရောင်ကိုင်းလာပီး ကြေးခွံများပွနေကာ ဖြူတစ်ကောင်နဲ့တူနေပါတယ်။ ဒရော့စီဖြစ်ရတဲ့အကြောင်းရင်းအများကြီးရှိတဲ့အထဲက ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်ခြေပိုများပီး ဆေးကုသဖို့ခက်ခဲပါကာ ရောဂါဖြစ်တဲ့ငါးကို သီးသန့်ခွဲထားဖို့လိုပါမယ်ဗျ။
SERA တံဆိပ် SERA BAKTOPUR DIRECT ဆေးကဒရော့စီရောဂါအတွက် အထိရောက်ဆုံးနဲ့ အကောင်းဆုံးဆေးဖြစ်ပီး ဖော်ပြပါဆေးမရရှိပါက ကလိုရိုဖီနီကော (Chlorophenical) ကို ရေတစ်လီတာမှာ 25 mg နှုန်းနဲ့ ရေ ၁၀ လီတာတစ်တောင့်နှုန်းထည့်ပီး ကုသနိုင်ပါတယ်ဗျ။ အားလုံးအဆင်ပြေကြပါစေဗျာ။

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုပြောပြပေးမှာကတော့ ရေချိုအလှမွေးငါးတွေမှာ ဖြစ်လေ့ရှိတက်တဲ့ ရေယက်၊ အမြီးတွေပုတ်ရတဲ့ရောဂါအကြ...
18/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုပြောပြပေးမှာကတော့ ရေချိုအလှမွေးငါးတွေမှာ ဖြစ်လေ့ရှိတက်တဲ့ ရေယက်၊ အမြီးတွေပုတ်ရတဲ့ရောဂါအကြောင်းနဲ့ ဘယ်လိုကုသရမလဲဆိုတာကို တိုတိုနဲ့ လိုရင်းလေးပြောပြပေးပါမယ်ဗျ။
ရေယက်နဲ့ အမြီးတွေပုတ်ရခြင်းအကြောင်းကတော့ ဘက်တီးရီးယားတွေကြောင့်ဖြစ်ပီး ရေယက်တွေကြည့်လင်ခြင်းမရှိပဲ အလင်းပိတ်နေတာမျိုး၊ ရေယက်တွေစုတ်ပြဲပီး သွေးစလေးတွေတွေ့နေရတာမျိုးဖြစ်ပါတယ်။ ငါးပေါင်လေးတွေမှာအဖြစ်များပီး တစ်ချို့ရောဂါလက္ခဏာတွေဟာတော့ ငါးကြီးတွေကိုက်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။
ဒီရောဂါကို အလျှင်မြန်ဆုံးနဲ့ အထိရောက်ဆုံးကုသဖို့ဆိုရင်တော့ SERA တံဆိပ် SERA BAKTOPUR ဆေးကို ဘူးပါအညွှန်းတိုင်းအသုံးပြုကုသနိုင်ပီး ယင်းဆေးဝယ်ယူရန်အခက်အခဲရှိပါက Mouth Fungus မှာလို Penicillin နဲ့လဲကုသနိုင်ပါတယ်ဗျ။ အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်ဒီနေ့ပြောပြပေးမယ့်အကြောင်းရာလေးကတော့ အပူပိုင်းရေချိုငါးတွေရဲ့ပါးစပ်မှာ အများဆုံးဖြစ်လေ့ရှိတဲ...
18/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်ဒီနေ့ပြောပြပေးမယ့်အကြောင်းရာလေးကတော့ အပူပိုင်းရေချိုငါးတွေရဲ့ပါးစပ်မှာ အများဆုံးဖြစ်လေ့ရှိတဲ့ Mouth Fungus အကြောင်းပဲဖြစ်ပါတယ်ဗျ။ Chondrococus columnaris လို့ခေါ်တဲ့ ဘတ်တီးရီးယားတွေကြောင့် ငါးရဲ့ပါးစပ်မှာ မှိုစွဲတာဖြစ်ပီး အခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတော့ ကူးစက်ခြင်းမရှိပဲ ပါးစပ်မှာသာဖြစ်တာကြောင့် Mouth Fungus လို့လဲခေါ်ကြတာဖြစ်ပါတယ်။ ကူးစက်လွယ်ရောဂါဖြစ်ပီး ငါးတစ်ကောင်မှ တစ်ကန်လုံးကို ကူးစက်ကာ ငါးရဲ့နှုတ်ခမ်းတစ်ဝိုက်မှာ အဖြူရောင်မျဥ်းကြောင်းလေးတွေမြင်ပီဆိုရင်တော့ အမြန်ဆုံးကုသပေးဖို့လိုပီး အချိန်မှီမကုသနိုင်ပါက ငါးတစ်ကန်လုံးပြုတ်သွားနိုင်ပါတယ်။
Mouth Fungus ကိုကုသရန်အတွက် ပင်နီစလင် (Penicillin) 10,000-25,000 unit ကို ရေတစ်လီတာနဲဖျော်ပီး ရောဂါပျောက်ကင်းသည်အထိ ငါးကိုစိမ်ထားပေးပီး ကုသနိုင်ကာ ၄ ရက်မှ ၅ ရက်အတွင်း ရောဂါပျောက်ကင်းနိုင်ပါတယ်ဗျ။ အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုဆက်ပီးပြောပြပေးမှာကတော့ ရာသီအကူးပြောင်းတွေမှာနဲ့ heater ပေးရတဲ့ငါးတွေမှာအဖြစ်များတဲ့ မှို...
17/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုဆက်ပီးပြောပြပေးမှာကတော့ ရာသီအကူးပြောင်းတွေမှာနဲ့ heater ပေးရတဲ့ငါးတွေမှာအဖြစ်များတဲ့ မှို (Fungus) ရောဂါအကြောင်းပဲဖြစ်ပါတယ်ဗျ။ Saprolgnia နဲ့ Achyle တွေဟာ ငါးတွေရဲ့ပွန်းပဲ့နေတဲ့ဒဏ်ရာ သို့မဟုတ် ငါးတွေအားနည်းနေချိန်မှာ ကပ်တွယ်ပီး မှိုရောဂါကိုဖြစ်စေတာပါ။ ရောဂါလက္ခဏာအနေနဲ့ ငါးတွေမှိုစွဲခံရပီဆိုရင် ခန္ဓာကိုယ်မှာ ဝါဂွမ်းလေးကပ်နေသလိုဖြစ်နေပီး မှိုစွဲတဲ့နေရာမှ မှိုမျှင်လေးတွေထွက်နေတာကို သိသိသာသာမြင်ရမှာပါ။ မှိုရောဂါကိုမကုသပဲထားပါက ငါးတွေရဲ့ခန္ဓာကိုယ်အနှံ့ မှိုများပျံ့နှံ့ကာ ငါးတွေရဲ့တစ်သျှူးတွေကိုဖျက်ဆီးပီး ငါးများသေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ မှိုရောဂါလက္ခဏာတွေတဲ့ငါးတစ်ကောင်ကို Hospital Tank မှာသပ်သပ်ခွဲပီး အောက်ပါနည်းများအတိုင်း ကုသနိုင်ပါတယ်ဗျ။
SERA တံဆိပ် SERA MYCOPUR TETRA မှထုတ်လုပ်သော Fungistop ကို ဆေးအညျွန်းတိုင်းအသုံးပြုကုသနိုင်သလို ဖော်ပြပါဆေးဝယ်ယူရန်အခက်အခဲရှိပါက ၂ပေ၁ပေကန်ကို ရေအပြည့်
ဖြည့်ကာ Malachite Green အပိတ်တစ်ဝက်ခန့်
ထည့်ကာ ရောဂါဖြစ်နေတဲ့ငါကို စက္ကန့် ၃၀ စိမ်ပေးချင်းဖြင့်ကုသနိုင်ပါတယ်။ တစ်ကြိမ်နှင့်မပျောက်လျှင် နောက်တစ်ကြိမ်ထပ်စိမ်ပီးကုသနိုက်ပါတယ်ဗျ။ အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုဆက်ပီးပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Oodinium Limneticum လို့ခေါ်တဲ့ ပရိုတိုဇိုရာကောင်လ...
17/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ ကျနော်အခုဆက်ပီးပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Oodinium Limneticum လို့ခေါ်တဲ့ ပရိုတိုဇိုရာကောင်လေးတွေကြောင့်ဖြစ်ရတဲ့ ကတ္တီပါရောဂါခေါ် (Vavet Disease) အကြောင်းဖြစ်ပီး Oodinium ရောဂါလို့လဲခေါ်လးကြပါသေးတယ်။ ငါးရဲ့အရေပြားပေါ်မှာ အဝါရောင် သို့မဟုတ် ရွှေရောင်အမှုန်လေးတွေဖြူးထားသလိုပုံစံမျိုးဖြစ်ပီး Oodinium ကပ်ပါးကောင်တွေဟာ ရေထဲမှာအမြဲရှိနေတက်တယ်လို့လဲသိရပါတယ်။ Oodinium တွေဟာ ငါးများကျန်းမာသန်စွမ်းနေချိန်မှာ ဒုက္ခမပေးနိုင်သော်လည်း ငါးကန်အပူချိန်ကျပီး ငါးတွေအအေးမိတဲ့အခါမျိုးတွေမှာ ခန္ဓာကိုယ်ကို တွယ်ငြိတက်ပီး ငါးကိုရောဂါရစေတာလဲဖြစ်ပါတယ်။ White Spot ကဲသ်ု့အစက်ပြောက်ရောဂါမျိုးဖြစ်ပီး Oodinium ဟာအဝါရောင်အပျောက်လေးများဖြစ်ကာ အနီးကပ်သေချာကြည့်လျှင် ရွှေ့လျားနေတာကိုတွေ့ရပါတယ်။ ငါးကြီးတွေကို ဒုက္ခမမေးနိုင်သော်လည်း ငါးသားပေါက်များတွင်အလွယ်တကူကူးစက်နိုင်ပီး သေဆုံးတဲ့အထိဖြစ်တက်ပါတယ်။ Oodinium ရောဂါဟာ ငါးကြင်းမျိုးရင်းများ (Cyprinids)၊ ရေမျက်နှာပြင်ပေါ်တက်အသက်ရှူသောငါးများ (Labyrinth) နဲ့ Killifish တွေမှာအဖြစ်များတက်ပါတယ်။
Oodinium ရောဂါကိုကုသဖိူ့အတွက် Sera Oodinopura ဆေးကအကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်ပီး ဆေးဝယ်ယူဖိူ့မလွယ်ကူပါရ အခြားနည်းများကိုအသုံးပြုပီး ကုသနိုင်ပါတယ်။
Methylene Blue ကို White Spot မှာလို ရေတစ်လီတာမှာ 5% Methylene Blue ၅စက်နှုန်းထည့်ပီး ကုသနိုင်ပါတယ်။
နောက်တစ်နည်းအနေနဲ့ ၂ပေ၁ပေကန်ကို ရေအ
ပြည့်ထည့်ပီး 2% Acriflavine ၁၀ မီလီမီတာ နဲ့ အိမ်သုံးဆား နို့ဆီဘူးတစ်ဝက်ထည့်ကာ ရောဂါဖြစ်နေတဲ့ငါးကိုစိမ်ထားပေးနိုင်ပါတယ်။ ဆစ်ပတ်ခန့်စိမ်ပီးမပျောက်ပါက နောက်ရေအသစ်လဲဆေးဖျော်ကာ ထပ်စိမ်ပေးရပါမယ်ဗျ။ အားလုံးအဆင်ပြေကြပါစေ။

အားလုံးပဲမင်္ဂလာပါဗျ။ နိုင်ငံရေးလိုလို၊ စီးပွားရေးလိုလို၊ စော်အကန့်လိုလိုနဲ့ ဗျာများနေလို့ ပို့တွေလဲသိပ်မတင်ဖြစ်တော့ဘူး😁...
17/09/2021

အားလုံးပဲမင်္ဂလာပါဗျ။ နိုင်ငံရေးလိုလို၊ စီးပွားရေးလိုလို၊ စော်အကန့်လိုလိုနဲ့ ဗျာများနေလို့ ပို့တွေလဲသိပ်မတင်ဖြစ်တော့ဘူး😁 ဒီနေ့ပြောပြပေးမှာကတော့ အခုလိုမိုးတွင်းနဲ့ ဆောင်းဝင် နွေဦးပိုင်းတွေဟာ ငါးတွေအတော်များရောဂါဖြစ်လို့ကောင်းတဲ့ကာလလဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကူးမိတာနဲ့ ငါးရောဂါနှင့် ကုသခြင်းဆိုပီး ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကုသရမယ်ဆိုတဲ့ဆေးနည်းလေးတွေ ရေးတင်ပေးမှာပဲဖြစ်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ White Spot (Ichtyopthiriasis) အကြောင်းပဲဖြစ်ပါတယ်ဗျ။ အခြား Page တွေမှာလဲတင်ထားတာတွေ့ရပီး ဒါလေးကိုနဲနဲပြန်ကိုးကားပီး ရေးကြည့်ချင်ပါတယ်ဗျ။
White Spot က ရေချိုငါးတွေမှာအဖြစ်များပီး ရောဂါကူးစက်လွယ်ကာ ငါးကန်တစ်ခုတည်းမှအခြားငါးတွေကို ကူးစက်နိုင်တာကြောင့် ရောဂါမကျွမ်းခင်မှာ ကုသဖို့လိုပါတယ်။ ရောဂါကျွမ်းသွားရင်တော့ ငါးတွေသေတဲ့အထိဖြစ်နိုင်ပါတယ်တဲ့။ White Spot ဟာ Ichtyopthiriasis လို့ခေါ်တဲ့ ပရိုတိုဇိုယာ ကပ်ပါးကောင်တွေကြောင့်ဖြစ်ရတယ်လို့သိရပီး မိုက်ခရိုစကုပ်နှင့်ကြည့်မှမြင်နိုင်ကာ ထိတွေ့ရုံနှင့် ရောဂါကူးစက်နိုင်လို့ ရောဂါပျံ့နှံ့မှုလွယ်ကူတာလဲ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ ရေယက်နဲ့ အမြီးတွေမှယအဖြူစက်တွေစတင်ပေါ်လာတာဖြစ်ပီး နောက်ပိုင်းမှာတစ်ကိုယ်လုံးပျံ့နှံ့လာကာ ဒုတိယအဆင့်အနေနဲ့ညဘက်တီးရီးယားတွေကြောင့် ရောဂါဖြစ်တာတွေရယ်၊ မှို Fungus ရောဂါတွေ ဆက်တိုက်ဖြစ်လာတက်ပါတယ်။ White Spot ကိုထိရောက်စွာကုသဖို့အတွက် ဂျာမဏီနိုင်ငံ SERA၊ TETRA အစရှိတဲ့
ကုမ္ပဏီတွေက SERA COSTAPUR နဲ့ CONTRA SPOT ဆိုတဲ့ဆေးတွေကို ဘူးပါအညွှန်းတိုင်းအသုံးပြုကုသနိုင်ပါတယ်။
ဖော်ပြပါဆေးများ မရှိပါက မယလခိုက်ဂရင်း (Malachite Green) နှစ်ရာခိုင်နှုန်ကို ရေ ၁၀ဂါလံတွင် အပိတ်တစ်ပိတ်ထည့်ပီး ရောဂါရှိတဲ့ငါးကို မိနစ် ၃၀ တိတိစိမ်ပေးကာကုသနိုင်ပါတယ်။ ဒါမှမဟုတ်ရင် ၂ပေ၁ပေ ကန်ရေအပြည့်ထည့်ကာ မာလခိုက်ဂရင်း အပိတ်တစ်ဝက်ခန့်ထည့်ပီး ရောဂါဖြစ်နေတဲ့ငါးကို မပျောက်မချင်းစိမ်ထားနိုင်ပါတယ်ဗျ။
Methylene blue 5% ဖျောရည်ကို ရေလေးလီတာမှာ အစက်ငါးစက်နှုန်းထည့်ပီး ရောဂါဖြစ်တဲ့ငါးကိုစိမ်ကာ မပျောက်ပါက ရေအသစ်လဲပီးထပ်စိမ်ထားနိုင်ပါသေးတယ်။
White Spot ​ရောဂါခံစားနေရတဲ့ငါးများကို ဒုတိယအဆင့်ဘတ်တီးဂီးယားမဝင်ရောက်နိုင်အောင် ကလိုရိုဖာနီကော ၂၅ မီလီဂရမ်ကို ရေ တစ်လီတာ
ထည့်ပီး စိမ်ပေးခြင်းဖြင့်လဲ ကာကွယ်နိုင်ပါသတဲ့ဗျာ။ အားလုံးအဆင်ပြေကြပါစေ။

မင်မင်လဲချစ်လို့သေရာပါတဲ့အထိခေါ်ခဲ့လိုက်ပီ😊😊😊
16/09/2021

မင်မင်လဲချစ်လို့
သေရာပါတဲ့အထိခေါ်ခဲ့လိုက်ပီ
😊😊😊

Address

Ayaraungmya Road New City 4 Road
Singu

Telephone

+959769635863

Website

Alerts

Be the first to know and let us send you an email when Hein Aquarium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein Aquarium:

Share

Category