JK Pet Food

JK Pet Food Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JK Pet Food, Pet Supplies, Pyi Taw Thar 1st Street, ရွှေနဒီအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လမ်းကြား, Shwebo.

24/04/2024

ကုန်းကြမ်းဈေးနဲ့ အစစအရာရာ ဈေးနှုန်းတွေ ၂ဆတက်သွားလို့ တပင်တိုင်ဆေးထုတ်လုပ်မှု့ကို အချိန်အတိုင်းအတာ တစ်ခုအထိရပ်ဆိုင်းထားမယ်လို့ အစည်းအဝေးအဝေးဆုံးဖြတ်ချက်အရ ရည်ရွယ်ထားပါတယ် .........တခြားဘာနည်းလမ်းရှိဦးမလည်း တပင်တိုင်ချစ်သူတွေအကြံပြုပေးကြပါနော် ........

လက်ကျန်စတော့လေးတွေကိုတော့ အရင်ဈေးအတိုင်းဘဲ ဆက် လက်ရောင်းချပေးပါမယ် .....

ဈေးနှုန်း ၂ဆတက်မလား ?🙄

ဆေးအရည်အသွေး လျော့ချမလား ?🤔

ထုတ်လုပ်မှု့ရပ်ဆိုင်းပြီး ဈေးနှုန်းတွေပြန်ကျချိန်အထိ
စောင့်ဆိုင်းမလား?😓

လမ်းပျောက်နေပြီ ပရဟိတ ဆိုတာလည်း Limit ရှိတယ်ဗျ ......တော်ရုံတန်ရုံစီးပွားရေးထိခိုက်တာလောက်အထိတောင့်ခံနိုင်ပေမယ် စီးပွားပျက်လောက်အထိကျတော့ ခံနိုင်ရည်မရှိဘူးပေါ့နော် ......

(တပင်တိုင်) ပင်ရင်းကအဲ့လိုကြေငြာထားပါတယ်
လောလောဆယ်တော့ လက်ကျန်လေးတွေရပါဦးမယ်ရှင့်
#ရွှေဘိုကိုယ်စားလှယ်

#193ပြည်တော်သာ၁လမ်း
#ရွှေဘိုမြို့...

သမီး ဘာလို့ ချောနေတာလဲသိလား။ ဘာလို့ သမီးရဲ့အမွှေးတွေ လှပြီး ကျန်းမာနေရသလဲမေးရင် အရည်အသွေးမြင့် NutriCoat Salmon oil နေ့စ...
20/03/2024

သမီး ဘာလို့ ချောနေတာလဲသိလား။
ဘာလို့ သမီးရဲ့အမွှေးတွေ လှပြီး
ကျန်းမာနေရသလဲမေးရင်
အရည်အသွေးမြင့်
NutriCoat Salmon oil နေ့စဉ် လျက်တယ်လေ။
အမွှေးအရေပြားအတွက် အကောင်းဆုံး
Nutricoat Salmon Oil

19/03/2024
03/03/2024

မင်မင်ရဲ့ online page လေးပါ follow လုပ်ပေးကြပါဦး
လိုအပ်တာရှိရင်လဲအားပေးကြပါဦးရှင့်
https://www.facebook.com/profile.php?id=61550084266876

Supermarket/convenience store

online page လေးဖွင့်ထားပေမဲ့ ဒီpage ပဲလူသိများလို့ ဒီကပဲဈေးရောင်းဦးမယ်မန်ကျည်းမှည့် အစေ့လွတ် အသစ် ပါရှင့်အသစ်စအလှစပါနော်...
02/03/2024

online page လေးဖွင့်ထားပေမဲ့ ဒီpage ပဲလူသိများလို့ ဒီကပဲဈေးရောင်းဦးမယ်
မန်ကျည်းမှည့် အစေ့လွတ်
အသစ် ပါရှင့်
အသစ်စအလှစပါနော်
၁ပိသာဆို အများကြီးပါလို့. စိတ်ကြိုက် သုံးနော်
နှစ်ပေါက်အထားခံပါတယ်ရှင့်

၁ပိသာ 7500
ရွှေဘိုမြို့တွင်းမဝေးရင် ပို့ပေးပါတယ်

တိလေးတွေအတွက်ကြိုက်တဲ့အနာလာခဲ့ ....တပင်တိုင်ရှိတယ်တိလေးတွေ ဘာဖြစ်နေတာလည်း,,.....?အနာဖြစ်နေတာလား လောက်တွယ်နေတာလား ဝဲခြောက...
29/02/2024

တိလေးတွေအတွက်ကြိုက်တဲ့အနာလာခဲ့ ....တပင်တိုင်ရှိတယ်

တိလေးတွေ ဘာဖြစ်နေတာလည်း,,.....?

အနာဖြစ်နေတာလား
လောက်တွယ်နေတာလား
ဝဲခြောက်ယားနာဖြစ်နေတာလား
အရေပြားမှိုစွဲနေတာလား
အမွှေးတွေတုန်းပြီးဂတုံးဖြစ်နေတာလား
သန်းတွေမွှားတွေတွယ်နေတာလား ....
ပွေးလိုအကွက်တွေထနေတာလား

ဘာမှရှည်ရှည်ဝေးဝေးစဥ်းစားမနေနဲ့..အချိန်ကုန်ငွေကုန်ခံပြီး အလုပ်ရှုပ်ခံမနေကြနဲ့ အလီလီအခါခါ ပိုက်ဆံတွေကုန်ပြီး တိုင်ပတ်ခံမနေကြနဲ့နော်
တပင်တိုင်ဆေးသာထည့်ပေးလိုက်.....ဆေးရဲ့အာနိသင်နဲ့အစွမ်းသတ္တိကို ခင်ဗျားတို့ကိုယ်တိုင် မျက်မြင် တွေ့ရလိမ့်မယ် ......တပင်တိုင်ဆိုတာ တိလေးတွေရဲ့အနာအမျိုးမျိုးအတွက် အထိရောက်ဆုံးဘဲ ဘာအနာဖြစ်ဖြစ်ဗျာ ကင်ဆာကလွဲရင် ကြိုက်တဲ့အနာလာစမ်း ရက်ပိုင်းအတွင်းအကုန်ပျောက်တယ် ....တိလေးတွေအတွက်ကြိုက်တဲ့အနာလာခဲ့ ..တပင်တိုင်ရှိတယ် စိတ်အေးလိုက်တော့ ..။

#ရွှေဘိုမြို့ရဲ့တဦးထဲကိုယ်စားလှယ်

#193ပြည်တော်သာ၁လမ်း
#ရွှေနဒီအိမ်ဆောက်ပစ္စည်းဆိုင်လမ်းကြား

,,,,,

28/02/2024
28/02/2024

မန္တလေးမှ နေပြည်တော်သို့ ဒီနေ့ပို့ သဘက်ခါရောက်ပို့ဆောင်ကာ ငွေကြိုရှင်းစနစ်လေးနဲ့ဆိုတော့ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါပြီရှင့်

မန္တလေးမှ နေပြည်တော်အပြင် ရန်ကုန် နှင့် စစ်ကိုင်းမြို့များကိုလဲ ငွေကြိုရှင်းပေးပြီး မှန်ကန်တိကျစွာ ပို့ဆောင်ပေးနေပါပြီရှင့်

🔹ငွေကြိုရှင်းစနစ်အတွက် ခိုင်မာသော Online Shopဖြစ်ရပါမယ်ရှင့် (နေရာအတိအကျပြနိုင်ပြီး အနည်းဆုံး 3ထုပ်မှစတင်အပ်နိုင်ပါတယ်ရှင့်)

🔹မန္တလေးနှင့် စစ်ကိုင်းမြို့များအတွက် ဒီနေ့ပို့မနက်ဖြန်ရောက် နှင့် ရန်ကုန်၊ နေပြည်တော် မြို့များအတွက် ဒီနေ့ပို့သဘက်ခါအရောက်ပို့ဆောင်ပေးပါတယ်ရှင့်။

🔹အိမ်အရောက်ပို့ဆောင်ပေးမယ့်အပြင်Pick up freeမို့လို့အိမ်အရောက်ပစ္စည်းကောက်ခံခပေးစရာမလိုပါဘူးရှင့် ။(အနည်းဆုံး၃ထုပ်မှစပြီးအပ်ပေးရပါမယ်ရှင့်)

Customerတို့ရဲ့ပစ္စည်းများကို Dispatch Riderနဲ့စိတ်ချယုံကြည်ရပြီးဈေးနှုန်းသက်သာစွာပို့ဆောင်နိုင်ပါပြီရှင့်

အသေးစိတ်သိရှိလိုပါက Hot Line ဖုန်းများ ကိုဆက်သွယ်မေးမြန်းနိုင်သလိုမင်မင်တို့ရဲ့page messengerကနေလဲစုံစမ်းနိုင်ပါတယ်ရှင့်။

Hotline Phone : 09-43002469
09-765002469
09-765002496

#ငွေကြိုရှင်း


https://www.facebook.com/100063536658062/posts/927285006066046/
28/02/2024

https://www.facebook.com/100063536658062/posts/927285006066046/

ခွေးများအတွက် ပျားရည်အသုံးပြုနည်း

ပျားရည်ဟာ သဘာဝအတိုင်း အင်ဇိုင်းများ မြင့်မားပြီး antioxidants နှင့် flavonoids များ မြင့်မားစွာ ပါဝင်သောကြောင့် MRSA အပါအဝင် ခံနိုင်ရည်ရှိသော ဘက်တီးရီးယားများကို သေစေပါတယ် ။

ပျားရည်ဟာ ဓာတ်မတည့်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ခွေးဂေဟာချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ မီးလောင်ဒဏ်ရာများ၊ အပူလောင်ဒဏ်ရာများနှင့် အနာများအပါအဝင် ရောဂါများကို သက်သာစေပါတယ်။

ရောဂါအသီးသီးအတွက် ပျားရည်ကို ဘယ်လို အသုံးပြုရမလဲဆိုတာ ပြောပြပေးပါမယ်။

ပျားရည်ဟာ အပူလောင်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အပူဒဏ်ရာများနှင့် အနာများအတွက် လိမ်းဆေးအဖြစ် အသုံးပြုလို့ရပါတယ်။ ဒီလိုအသုံးပြုရာမှာ သဘာဝပျားရည်စစ်စစ်ကို အသုံးပြုဖို့လိုပါတယ်။

စမ်းသပ်ချက်များအရ ပျားရည်ကို အနာလိမ်းဆေးအဖြစ် လိမ်းပေးခြင်းက ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားပေးကာ ရောင်ရမ်းမှုတွေနဲ့ နာကျင်မှုတွေကို လျော့နည်းစေပြီး အရေပြားအသစ်များ ကြီးထွားလာစေကြောင်း ရှာဖွေတွေ့ရှိထားပါတယ်။ ပျားရည်က ဘတ်တီးရီးယား ထိုးဖောက်ဝင်ရောက်မှုများကို ကာကွယ်ပေးပါတယ်။

မီးလောင်ဒဏ်ရာများအတွက် ပျားရည်ကိုဘယ်လိုအသုံးပြုရမလဲ?

မီးလောင်ဒဏ်ရာအသေးစားလေးတွေဆိုရင်- အနာတစ်ဝိုက်ရှိ ​အမွှေးများကို ပထမဆုံးညှပ်ပါ။ မီးလောင်နေသောနေရာကို အရက်ပြန်အပျော့စား ဖြင့် သန့်စင်ပေးပါ။ ( ရှာလကာရည် လက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေအေး စားပွဲတင်ဇွန်း 10 ဇွန်းသုံးပြီး ဖျော်ထားပါ။ ရှာလကာရည်ကို အရက်ပြန်အပျော့စား အစားထိုးအသုံးပြုလို့ရပါတယ်။ )

ရှလကာရည်နည်းလမ်းကို အသေးစား/အပူလောင်မှုများအတွက်သာ သုံးပါ။ ** အနာကြီးများတွင် မသုံးပါနဲ့** ။ အနာသက်သာသွားသည်အထိ ပျားရည်ကို ထူထူလေး လိမ်းပေးပါ။ အနာဧရိယာပေါ်တွင် ပတ်တီးပါးပါးလေးပတ်ပေးပါ ။ ထို့နောက် အနာနေရာကို လျှာဖြင့်လျက်ခြင်း ထိခြင်းများမရှိအောင် ခွေးလည်ပတ်ကော်လာများကို အချိန်တစ်ခုအထိအသုံးပြုပေးပါ။

ဖိအားအနာများအတွက် လမ်းညွှန်ချက်များ-

အနာဧရိယာတစ်ဝိိုက်ရှိ ခွေးမွှေးများကို ညှပ်ပါ။ ဒဏ်ရာကို သန့်စင်အောင် ညင်သာစွာ ပွတ်ပေးပါ။ ပျားရည်ကို သန့်ရှင်းသော spatula ဖြင့် အနာပေါ် ညင်သာစွာ လိမ်းပေးခြင်းဖြင့် ပျားရည်ကို တိုက်ရိုက် လိမ်းလို့ရပါတယ်​။ သန့်စင်သောအဝတ်စဖြင့် အနာနေရာကို ဖုံးအုပ်ပြီး ပိတ်စ ဖြင့် ဖွဖွလေးပတ်ပေးပါ။ ပျားရည်ကို အဝတ်စပေါ် တိုက်ရိုက်လိမ်းပြီး အနာနေရာကို အစိုဓာတ်သိမ်းထားဖို့ ပိတ်စနဲ့ ပတ်ထားသင့်ပါတယ်။

Kennel ခွေးချောင်းဆိုး​ရောဂါအတွက် ပျားရည်

ခွေးကြီးများအတွက် တစ်နေ့ 1 ဇွန်း၊ ခွေးလတ် 2 ဇွန်း ( တစ်နေ့ လက်ဖက်ရည်ဇွန်း 2 ဇွန်း )၊ ခွေးငယ်လေးများ တစ်နေ့ လက်ဖက်ရည်ဇွန်း 1 ဇွန်းတိုက်ပါ ။ ပျားရည်စစ်စစ်ဖြစ်ဖို့ အရေးကြီးပါတယ်။

ပျားရည်ဟာ အစာခြေစနစ်အတွက်လည်း ကောင်းပါတယ်။ အစာခြေစနစ်ကောင်းဖို့အတွက်လည်း ပမာဏအတူတူ တိုက်လို့ရပါတယ်။

ပျားရည်ဟာ စွမ်းအင်အဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။

ပျားရည်စစ်စစ်ဟာ ကာဗိုဟိုက်ဒရိတ်၏ သဘာဝအရင်းအမြစ်ဖြစ်ပြီး စွမ်းအင်တိုးစေပါတယ်
တိုက်ကျွေးပမာဏအနေနဲ့ ခွေးကြီးများကို တစ်နေ့ ၁ ဇွန်း၊ ခွေးလတ်စား တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ခွေးငယ်လေး တစ်နေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း တိုက်ပါ။

ပျားရည်ဟာမထင်ထားမှတ်လောက်အောင် အံ့သြဖွယ်ကောင်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများပေးပါတယ်။

ခွေးများအတွက် ပျားရည်နှင့်ပတ်သက်လာလျှင် လျှို့ဝှက်ချက်ကတော့ အရည်အသွေးနှင့် အသုံးပြုရန် ရည်ရွယ်ထားသည့် ပမာဏဖြစ်ပါတယ်။
ပျားရည်တွင် သကြားပါဝင်မှု မြင့်မားခြင်းကြောင့် ခွေးများတွင် အဝလွန်ခြင်းနှင့် သွားပိုးစားခြင်းကဲ့သို့သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ခွေးကို ချိုမြိန်သောအရာများ ကျွေးပါက၊ သွားများကို ပုံမှန်သေချာတိုက်ပေးဖို့လိုအပ်ပါတယ် ။ ထို့အပြင် ပျားရည်သည် ၎င်းတို့၏ သက်ဆိုင်ရာအခြေအနေများ၏ လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ပေါင်းစပ်စေသောကြောင့် ဆီးချိုရောဂါ သို့မဟုတ် အဝလွန်သောခွေးများ (ခွေးဖက်တီးလေးများ) အတွက်အသုံးမပြုသင့်ပါ။

စမ်းသပ်ချက်များအရ စူပါမားကတ်များ store ဆိုင်များရှိ ပြုပြင်ထားသော ပျားရည်တွေက မြင့်မားသော fructose ပြောင်းဖူးရည်ကဲ့သို့သော စျေးပေါသောထုတ်ကုန်များဖြင့် ရောကာ၊ အပူပေးပြီး လျှင်မြန်စွာ အအေးခံထားတဲ့အတွက် ပုလင်းအတွင်းပိုင်း ပိုမိုချောမွေ့သောအသွင်အပြင်ကို ရရှိနေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ super market နဲ့ store ဆိုင်များမှ ပျားရည်မှာ ဘယ်လောက်စစ်ပါတယ်လို့ ပြောနေပါစေ၊ စျေးဘယ်လောက်ကြီးပါစေ အကျိုးမရှိပါ။ ဒေသထွက်ပျားရည်စစ်စစ်ဖြစ်ဖို့ အရေးကြီးပါတယ်။

အောက်ကွန််မန့်မှာ အိမ်ကသားသားမီးမိီးလေးတွေ အတွက် ပျားရည်ဘယ်လိုသုံးလေ့ရှိတယ်ဆိုတာ မျှဝေပေးခဲ့ကြပါဦးဗျ🐝🐝🐝



27/02/2024

🚨🚨သွေးဝမ်းရောဂါဆိုးကို သတိ🚨🚨ပြုရန် အချိန်ကာလရာသီဖြစ်ပါသည်ရှင့်

သွေးဝမ်းရောဂါက ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်ပြီး ကူးစက်နှုန်းမြန် သေနှုန်းမြန်တဲ့ ရောဂါတစ်မျိုးဖြစ်လို့ တိချစ်သူကို ဂရုထားစေချင်ပါတယ်

ခွေးငယ်လေးတွေ မှာ အဖြစ်များတဲ့ သွေးဝမ်းရောဂါဟာ အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း ခွေးငယ်
လေးတွေမှာ ပိုပြီးပြင်းထန် ပိုဖြစ်တာတွေတွေ့ရပါတယ်

သွေးဝမ်းရောဂါ ရဲ့ အစဦးပိုင်း လက္ခဏာ တွေကတော့ အရင်ဆုံး မှိုင်တွေပြီး ငြိမ်နေတာမျိုးပဲ ဖြစ်ပါတယ် သာမန်ဖျားနာတွေလိုပဲ အစပြုပါတယ် ထိုနောက် တဖြေးဖြေးနဲ့ အန်မယ်(အထူးသဖြင့် အမြှုပ်လိုလေးတွေ နေရာအနှံ့တွေ့ရမယ်) ငြိမ်သက်နေမယ် ဝမ်းလျောမယ် အထူးသဖြင့် ဝမ်းက ကော်ဖီရောင် သွေးပုပ်ရောင်ဘက်ကို သွားပြီး အတော်လေး နံတာကို တွေ့ရပါမယ်
ဒီချိနိက ခွေးပေါက်မဝယ်သင့်သေးပါဘူး ဝယ်မယ်ဆိုရင်လည်း ကာကွယ်ဆေး နှစ်ကြိမ်ခန့် သေချာထိုးပြီးသားကိုသာ ဝယ်စေလိုပါတယ်

ခွေးအသစ်ဝယ်မယ်ဆိုလည်း ကာကွယ်ဆေးထိုးနှံပြီးသားခွေးကို ဝယ်ယူသင့်တယ်

ပြီးတော့ ဆေးမထိုးရသေးတဲ့ခွေးလေးတွေကိုလည်း ကျန်းမာနေတုန်း မြန်မြန်ဆေးထိုးထားဖို့လိုအပ်ပါတယ်

ကာကွယ်ဆေး က ထိုးပြီးပြီးချင်းရောဂါဒဏ်ကို မကာကွယ်နိုင်ပါ နှစ်ပတ်ခန့်နေမှ ကာကွယ်စွမ်းအား စထွက်လာတတ်ပါတယ် ဒါကြောင့် ဆေးထိုးပြီးပြီးချင်လည်း ရောဂါကူးနိုင်ပါသေးတယ် အကြိမ်ပြည့်ထိုးမှ သာစိတ်ချရပါမယ်

မိမိအိမ်မှာလည်း သွေးဝမ်းဖြစ်ဖူးတယ် ခွေးအသစ်ထပ်ဝယ်မယ်ဆိုရင်လည်း ကာကွယ်ဆေးအစုံ ထိုးပြီးသားခွေးကိုသာ ဝယ်သင့်တယ် ဘာလို့လည်းဆိုတော့ သွေးဝမ်းရောဂါ ပိုးဟာ ပတ်ဝန်ကျင်မှာ ရှင်သန်နေထိုင်နိုင်ပါတယ်

ခွေး​တွေရဲ့အသက်အန္တရယ်ခြိမ်း​​ခြောက်တဲ့ထိဆိုးရွားတဲ့ ​သွေးဝမ်း​​ရောဂါအ​ကြောင်း

*​သွေးဝမ်း​ရောဂါဆိုသည်မှာ Canine Parvovirus Virus (CPV)​ကြောင့်ဖြစ်ပွား​သော ရောဂါဖြစ်ပါတယ်။

​*သွေးဝမ်း​ရောဂါသည် ကူးစက်နှုန်းမြန်ပြီး အသက် 6လ​အောက်က​လေး​တွေနဲ့ ကာကွယ်​ဆေးမထိုးထားတဲ့က​လေး​တွေမှာအဖြစ်များပါတယ်။

*ခန္ဓာကိုယ်ရဲ့ကိုယ်ခံစွမ်းအား ၊ဝင်​ရောက်လာတဲ့​ရောဂါပိုးအ​ရေအတွက်​ပေါ်မှုတည်ပြီး ​ရောဂါပြင်းထန်မှုကွာခြားနိုင်ပါတယ်။

​*သွေးဝမ်း​ရောဂါပိုးဟာ ​ခွေး​တွေရဲ့အစာအိမ်အူလမ်း​ကြောင်းကိုအဓိကတိုက်ခိုက်တာ​ကြောင့် အူလမ်း​ကြောင်းနံရံရှိ​သွေး​ကြော​တွေကိုပျက်စီးစေပြီး အန်တာ ၊ ​အနံ့ပြင်း​သောသွေးဝမ်းသွားတာမျိုး​တွေဖြစ်​စေပါတယ်။

​​*သွေးဝမ်းဖြစ်​နေတဲ့​ခွေး​လေးနဲ့ထိ​တွေ့မိတာ ၊ သူတို့ရဲ့မစင် ၊အသုံးအ​ဆောင်ပစ္စည်း​နဲ့အစာခွက်​ရေခွက်​တွေကိုထိမိရာက​နေ ရောဂါကူးစက်နိုင်ပါတယ်။

*နို့ခွဲစအချိန်မှာ ​stress​ ကြောင့်​ခွေး​လေး​တွေကိုယ်ခံအားကျဆင်းတဲ့အခါမှာလည်း ​ရောဂါဝင်​ရောက်နိုင်ပါတယ်။​နွေး​နွေး​ထွေး​ထွေးထားဖို့ အဟာရပြည့်ဝစွာ​ကျွေးဖို့ အ​ရေကြီးပါတယ်။

​ #ရောဂါလက္ခဏာများ

*ရောဂါဝင်ပြီး 3ရက်က​နေ 10ရက်အတွင်း ​ရောဂါလက္ခဏာပြတတ်ပါတယ်။

*မှိုင်​နေခြင်း
*​မောပန်းနွမ်းနယ်ခြင်း
*အစာစားချင်စိတ်​လျော့နည်းခြင်း
*ဗိုက်နာခြင်း ၊​ဗိုက်​ဖောင်းခြင်း
*အဖျားတက်ခြင်း
*ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း
*​အော့အန်ချင်း
*​သွေးဝမ်းသွားခြင်း
*ကိုယ်အ​လေးချိန်ကျဆင်းခြင်း
*​ရေဓါတ်ခမ်း​ခြောက်ခြင်း

*ဆက်တိုက်အန်ခြင်း ၊ဝမ်းသွားခြင်း​ကြောင့် ခန္ဓာကိုယ်အတွင်း​ရေဓါတ်ခမ်း​ခြောက်ခြင်းကိုဖြစ်​ပေါ​စေပြီး အူးလမ်း​ကြောင်းနဲ့ကိုယ်ခံအားစနစ်ကို ပျက်စီး​စေနိုင်ပါတယ်။ ​

ခွေးဓာတ်ဆားရေတိုက်ပြီး ဓါတ်ဖြည့်​ပေးခြင်း ၊ ​နောက်ဆက်တွဲ​​ရောဂါထပ်မဖြစ်​စေရန် ပဋိဇီဝ​ဆေးများ​ပေးခြင်း ၊ 24နာရီပြုစု​စောင့်​ရှောက်​ပေးခြင်း တို့ပြုလုပ်​​ပေးရပါမယ်။

*​မိမိတို့ရဲ့​ခွေး​လေး အထက်ပါလက္ခဏာ​တွေစပြပြီဆိုလျှင် ​ပေါ့ဆမ​နေပဲ လိုအပ်တဲ့စစ်​ဆေးမှု ၊ကုသမှု​တွေပြုလုပ်​ပေးဖို့အ​ရေးကြီးပါတယ်။

​*​သွေးဝမ်း​ရောဂါပိုးကိုသတ်နိုင်တဲ့​ဆေးမရှိတာ​ကြောင့် ​ရောဂါဖြစ်လာပြီဆိုလျှင် ​ခန္ဓာကိုယ်မှ​ရောဂါပိုးကိုတိုက်ထုတ်နိုင်သည်ထိ ကိုယ်ခံအား​ကောင်းလာ​အောင်ပြုလုပ်​ပေးရပါမယ်။

*သွေးဝမ်း​ရောဂါကိုကာကွယ်ဖို့ရာအတွက် ​ခွေးအသက် 6ပတ်ကစ 3ပတ်ခြားပြီး (2)ကြိမ် ပြည့်​အောင် ကာကွယ်​ဆေးကိုစနစ်တကျထိုး​ပေးဖို့လိုပါတယ်။ Booster dose အ​နေဖြင့် တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုး​ပေးဖို့လိုပါတယ်။

*ကျန်းမာ​သော puppy ​လေးများပိုင်ဆိုင်ဖို့အတွက် သန်ပုံမှန်ချ​ပေးခြင်း ၊ကာကွယ်​ဆေးစနစ်တကျထိုး​ပေးခြင်းကို ပိုင်ရှင်​တွေအ​နေနဲ့ အဓိကထားပြီးလုပ်​ဆောင်​ပေးသင့်ပါ​ကြောင်း
Crd

💚Cat girl &Dog girl💚"သ‌‌န္ဓေတားဆေး",,အရွယ်ရောက့်ပြီး၊တသားကျပြီး၊နှစ့်သားကျပြီး၊🐕🐶🐱🐈ညောင်/ခွေး တို့အတွက့်,သောက့်ဆေး၊ရပါပြ...
25/02/2024

💚Cat girl &Dog girl💚
"သ‌‌န္ဓေတားဆေး",,
အရွယ်ရောက့်ပြီး၊
တသားကျပြီး၊
နှစ့်သားကျပြီး၊
🐕🐶🐱🐈ညောင်/ခွေး တို့အတွက့်,
သောက့်ဆေး၊ရပါပြီ၊
#တနေ့၁လုံး3dayကွက့်တိ့
တိုက့်။
ဆေးလုံးသေးသေးလေးမို့
လွယ်ကူစွာ၊တိုက့်,
တိုက့်ရ၊လွယ်ကူပါသည်။
Price ,တစုံစာ 6000
💥
မှတ့်ချက့် #မိမိ့ခလေးကို
တိုက့်သော၊Dateကို မှတ့်ထားပါ။
ခွေး/ကြောင် သန္ဓေတားဆေး တိုက်ရာတွင်
#သတိပြုရမည့်အချက်များ
🐾၁။ အချိန်
တားဆေးသည် တစ်နေ့တစ်လုံး အချိန်မှန် ၃ ရက်ဆက် တိုက်ရမည်ဖြစ်ပါသည်။
ဥပမာ
ဒီနေ့ ညနေ ၄ နာရီ တိုက်ပါက
မနက်ဖြန် ညနေ ၄နာရီ
သဘက်ခါ ညနေ ၄ နာရီ တိုက်ပါ။

🐾၂။ ပမာဏ
နေ့စဉ် ဆေးတစ်လုံးလုံး ဝင်ရပါမည်။ လိုအပ်သော အနည်းဆုံးပမာန ဖြစ်ပါသဖြင့် ထိုထက်လျော့၀င်လို့မရပါ။
တခြမ်းထဲဝင်လို့ မရပါ။
ဥပမာ Creamyနဲ့ရောကာ တစ်ဝက်ပဲဝင်ခြင်း။

🐾၃။ အစာရှိချိန် ၊အစာနှင့်ရော တိုက်နိုင်ပါသည် ။

🐾၄။ သားမတောင်းခင် မိတ်မလိုက်ခင်တိုက်ရပါမည်။ မိတ်လိုက်ပြီးမှတိုက်တာမျိုး၊ ကိုယ်၀န်ရှိမရှိမသေချာပဲတိုက်ပါက ဆေးတိုက်ပြီး ၀န်ကိုယ်ရှိတာမဟုတ်ပဲ ကိုယ်၀န်ရှိပြီးသားကို တိုက်ပြီးသား ဖြစ်နေသောကြောင့် တားဆေးအာဏိသင်ပျက်ပြယ်ပါပြီ။

🐾၅။ ၂လမှ ၃ လ အတွင်း ကိုယ်၀န်ထပ်မံထားနိုင်ရန် နောက်တကြိမ်တိုက်ရပါမည်။ လူကဲ့သို့ ခွေးကြောင်များတွင်လည်း နောက်တကြိမ် သားဉကြွေခြင်းများရှိပါသည်။ ၂ လမှ ၃ လ ဆိုသည်မှာ ၅၆ ရက်မှ ၈၄ ရက်အတွင်း hormone အပြောင်းအလဲအတက်အကျသည် တစ်ကောင်နှင့်တစ်ကောင်မတူနိုင်ပါသောကြောင့် သားပြန်တောင်းမည့် လက်ခဏာများကို ကြည့်ပြီး ၂ လ မှ ၃ လ အတွင်း ထပ်မံတိုက်ရပါမည်။ ၃ လ အတိမှ တိုက်ရမည်ဟု မဟုတ်ပါ။

အထက်ပါ ၅ ချက် တိကျ မှန်ကန်ပါက
#၉၀%အထက် သန္ဓေတားပေးပါတယ်။

မည်သည့်ဆေးတွင်မှ ၁၀၀% ဆိုသည်မှာမရှိပါ။

#ဆိုးကျိုးနည်းပါးပါတယ်။

👍ဆေး၏အာဏိသင်မှာ
🔸၁.သားဉကြွေခြင်းကို တားဆီးပေးခြင်းကြောင့် သန္စေမအောင်နိုင်ပါ
🔸၂.သားဉကြွေပြီးချိန်မှတိုက်ပါက hormone level ကို လိုအပ်သလောက်သာချပေးသောကြောင့် မိတ်မအောင်မြင်တော့ပါ။

မှတ်ချက်
တားဆေးမို့
မိတ်လိုက်ပြီးမှ တိုက်လို့ မရပါ။
သန္ဓေတည်နေစဉ် မတိုက်ရပါ။
#လိုအပ်သူများ pre order ပါ
#ကြိုတင်မှာကြားပေးပါရှင့်
တစုံစာ 6000ပါ

ြည်တော်သာ1လမ်း
#ရွှေနဒီအိမ်ဆောက်ပစ္စည်းဆိုင်လမ်းကြား
#ရွှေဘိုမြို့

Address

Pyi Taw Thar 1st Street, ရွှေနဒီအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လမ်းကြား
Shwebo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959976550023

Website

Alerts

Be the first to know and let us send you an email when JK Pet Food posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JK Pet Food:

Share

Category