18/04/2026
လွန်ခဲ့တဲ့ (၁၁) နှစ်ကဖြစ်သည်
နှစ်ဆန်း (၂) ရက်နေ့ဆိုတာ
မဲကင်းကုန်းခွေးဂေဟာမှာ လုပ်အားပေးဖို့
ဆရာဝန်ဆီမှာ ဆေးထိုးစသင်တဲ့နေ့
သူပေးတဲ့ အားဆေးပုလင်းလေးကိုင်ပြီး
ခြံထဲက အသက်ငင်နေတဲ့,၊ ရောဂါတွေနဲ့လဲနေတဲ့
ခွေးတွေကို ကယ်နိုင်လိုကယ်နိုင်ငြား
စတင်ပြီး လုပ်ဆောင်ခဲ့တဲ့နေ့
ခွေးတွေကို သတ်ပြီးရောင်းစားနေပါတယ်ဆိုပြီး
အကူညီတောင်းခဲ့တာတောင်
မသိဟန်ဆောင်နေနိုင်ပြီ
မဲကင်းကုန်းဂေဟာကို လုမှာစိုးလို့
အစစအရာရာ အကူညီတောင်းနေတုန်းကတော့
ဝင်မပါခဲ့ပဲ လျစ်လျူရှုထားတဲ့
သုံးထပ်တိုက်နဲ့နေတယ်ဆိုတဲ့ မိန်းမကို လွှဲလိုက်အပြီး
ကျမက မြောင်းဘေးနေတယ်ဆိုပြီး အနှိမ်ခံရတဲ့နှစ်
သူကိုယ်တိုင်ကျ ခွေးတွေကို ရွှေ့ပြောင်းသွားပေမယ့်
အောင်မြင်အောင်လုပ်မပြနိုင်ခဲ့ပဲ
ငါ့ကို ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့
ပြောခဲ့တဲ့သူတွေ
အခုလာကြည့်နော်
စောသဲဦး ခွေးလောကထဲဝင်တာ
ဒီနေ့ (၁၁) နှစ်ပြည့်ပြီ
ငါ့အိမ်ကနေ အဲ့ဂေဟာကို
(၈) ကောင်ပို့တာ
(၄) ကောင်ပဲပြန်ရတယ်
ကောင်းမွန်စွာကျွေးထားတဲ့ ခွေးတွေမို့
ဖက်တီးတွေဆိုတော့ ချက်ချင်း
ဆိတ်သားလုပ်တဲ့သူဆီ အရောင်းခံခဲ့ရတာ
ငါမသိခဲ့လို့ ငါညံ့လို့ခံရတာ
ဒါမယ့် အဲ့ဂေဟာကို ပြုတ်အောင်လုပ်နိုင်ခဲ့လို့
ဂုဏ်အယူဆုံးပဲ
ငါ့ကို နှိမ်ခဲ့တဲ့
ငါ့ကို ထိုးချခဲ့တဲ့
ငါ့ကို မကောင်းပြောခဲ့တဲ့
တစ်ဦးတစ်ယောက်ခြင်းကို
တစ်ယောက်မကျန်
အခုချိန်ထိ ငါမှတ်မိနေတုန်းပဲ
နင်တို့တွေက ငါ့ကို မခံချင်စိတ်နဲ့
အခု ဒီနေရာကိုရောက်အောင်
လုပ်ပေးကြသူတွေမို့
အရမ်းကျေးဇူးတင်တယ်သိလား
Btw ငါက မဲကင်းကုန်းဂေဟာကို
လုချင်တာမဟုတ်ဘူး
မဲကင်းကုန်းဂေဟာထဲမှာရှိနေတဲ့
ခွေးတွေကိုပဲ ကယ်တင်ချင်ခဲ့တာ
စဥ်းစားကြည့်စမ်းပါ
အသက် (၂၀) အရွယ်
ကောင်မလေးတစ်ယောက်က
ဘယ်လိုလုပ်လုပ်နိုင်မှာမို့လဲ 🤭