RNPT Pet Foods & Accessories Shop

RNPT Pet Foods & Accessories Shop Pet Accessories Supplier

SPA DAY    #တော်၀င်နေပြည်တော်    #နေပြည်တော်
26/12/2025

SPA DAY
#တော်၀င်နေပြည်တော် #နေပြည်တော်

17/12/2025

အာဝုပိုင်ရှင်များ သတိထားနိုင်ကြပါစေ

#တော်၀င်နေပြည်တော်



#နေပြည်တော်


ဖေဖေ မေမေတို့ရေရာသီဥတုက အရမ်းအေးတယ်နော်အအေးမပက်အောင် ဂရုစိုက်ကြနော်ရေနွေးနွေးလေးနဲ့ ချိုး‌ပေး ချင်ရင်ရေပူ၊ရေအေးစနစ်ပါတဲ့...
05/12/2025

ဖေဖေ မေမေတို့ရေ

ရာသီဥတုက အရမ်းအေးတယ်နော်

အအေးမပက်အောင် ဂရုစိုက်ကြနော်

ရေနွေးနွေးလေးနဲ့ ချိုး‌ပေး ချင်ရင်

ရေပူ၊ရေအေးစနစ်ပါတဲ့

တော်၀င်နေပြည်တော် PAWS SPAS

လာခဲ့ပါနော်

ခွေးလေးတွေ ၊ကြောင်လေးတွေအတွက်

သီးသန့်ပါနော် 🥰🥰

ရွှေချီ ၉ လမ်း၊ပျဉ်းမနားမြို့

#တော်၀င်နေပြည်တော်


မိတ်ဟောင်း မိတ်သစ် များကို ၀မ်းသာစရာ သတင်း စကားလေး ပါးချင်ပါတယ်ခင်ဗျာဟို ယခင်က ဖွင့်လှစ်ခဲ့သော SPA and Grooming ၀န်ဆောင်...
24/11/2025

မိတ်ဟောင်း မိတ်သစ် များကို ၀မ်းသာစရာ သတင်း စကားလေး ပါးချင်ပါတယ်ခင်ဗျာ
ဟို ယခင်က ဖွင့်လှစ်ခဲ့သော
SPA and Grooming ၀န်ဆောင်မှုကို
အောင်မြင်နေချိန်မှာ
အကြောင်းအမျိုးမျိုးကြောင့်
ရပ်ဆိုင်းခဲ့ပါတယ်။
မိတ်ဟောင်း များရဲ့ အကြိမ် ကြိမ်
တိုက်တွန်းမှုများကြောင့်
မိတ်ဟောင်းများရဲ့
အားအင်များ ပေးမှုကြောင့်
ယခု တဖန် ယခင်နေရာမှာ
ပြန်လည် ဖွင့်လှစ်ပါမည်။
ပြန်လည် ဖွင့်လှစ်မည့်ရက်ကို
ထပ်မံ ကြေငြာ ပါမည်ခင်ဗျာ

21/11/2025

အပြည့်အစုံကို ကျွန်တော့်ရဲ့ TikTok မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာ

#တော်၀င်နေပြည်တော်






https://www.tiktok.com/.naing.vet?_r=1&_t=ZS-91aUS89ydz0

19/10/2025

မနက်ဖြန် ဆေးခန်းပိတ်ရက်ဖြစ်ပေမယ့် မနက် ပိုင်း အချိန်ပိုင်း ဖွင့်ပါတယ်ခင်ဗျာ
#တော်၀င်နေပြည်တော်






#နေပြည်တော်
#ပျဉ်းမနား

ကိုယ့် အလုပ် ကိုယ် ကိုယ်စီ လုပ်နေကြတယ်***********************************ခွေး အလုပ်က kite မယ်That တဲ့ အဖွဲ့ အစည်းက that ...
18/08/2025

ကိုယ့် အလုပ် ကိုယ်

ကိုယ်စီ လုပ်နေကြတယ်
***********************************
ခွေး အလုပ်က kite မယ်

That တဲ့ အဖွဲ့ အစည်းက that မယ်

ကယ် မဲ့ သူ တွေက ကယ် မယ်

ဒါကြောင့် ကိုယ့်အလုပ် ကိုယ်

လုပ်နေကြတယ်

‎ခွေးရူးပြန်ရောဂါအကြောင်း ပြောပြီးပြီဆိုတော့‎‎ခွေးရူးပြန်ရောဂါ မဖြစ်အောင် ကာကွယ် တဲ့ နည်းလမ်း တွေ ရှိပါတယ်။‎‎ကာကွယ်ဆေးက‎...
05/08/2025

‎ခွေးရူးပြန်ရောဂါအကြောင်း ပြောပြီးပြီဆိုတော့

‎ခွေးရူးပြန်ရောဂါ မဖြစ်အောင် ကာကွယ် တဲ့ နည်းလမ်း တွေ ရှိပါတယ်။

‎ကာကွယ်ဆေးက

‎လူအတွက်ရော တိရစ္ဆာန် အတွက်ရော ရှိပါတယ်။

‎လူတွေအတွက်မှာက

‎Pre-exposure prophylaxis နဲ့

‎Post exposure vaccination ဆိုပြီး ရှိပါတယ်။

‎ထိုးရတဲ့ ကာကွယ်ဆေး အမျိုးအစားတွေလည်း

‎မတူကြပါဘူး။

‎စကတ်ဂျူး တွေကတော့ ဆရာ၀န် ရှင်းပြပါလိမ့်မယ်။

‎တိရစ္ဆာန်‌လေး တွေ ဘက်ကို သွားကြအုံးစို့။

‎ခွေး၊ကြောင်၊နွား၊မြင်း၊သိုးဆိတ်၊ferret မျိုးနွယ်၀င်တွေ -ဥပမာ -Hamster လို ကောင်လေးတွေပေါ့။

‎သူတို့လေးတွေကို ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးဖို့လိုအပ်ပါတယ်။

‎ထိုးရမယ့်အသက်အရွယ်တွေက
‎အကြမ်းဖြင်းအားဖြင့်

‎ခွေး-ကြောင်-hamster ဆို အသက် ၃ လမှ စထိုးလို့ရပါတယ်။

‎နွား၊မြင်း၊သိုး၊ဆိတ် ဆို အသက် ၆ လ မှ စထိုးပေးနိုင်ပါတယ်။

‎နွား၊မြင်း၊သိုး၊ဆိတ် ကတော့
‎အဓိက နယ်ဘက်တွေမှာ
‎ပို အရေးကြီးပါတယ်။

‎Field ဆင်းတုန်းက ရွာတရွာမှာ တွေ့ခဲ့ရတယ်။

‎ဘယ်က ရူးပြီး လာတဲ့ခွေးမှန်းမသိ
‎ရွာထဲ ရှိတဲ့ နွားတွေ ဆိတ်ခြံတွေ ၀င်ကိုက်သွားတာ

‎အကိုက်ခံရတဲ့ နွားတွေ ဆိတ် တွေ အကုန်
‎ရှင်းပြစ်လိုက်ရတယ်။

‎ဆေးခန်း လာကြတယ်။

‎ဆရာ ကျွန်မခွေးလေး အခြား လမ်းဘေးခွေး

‎အကိုက်ခံလိုက်ရလို့ ကာကွယ်ဆေး ထိုးချင်လို့ ဆိုပြီး လာပြကြတယ်။

‎ခွေးရူးပြန်ရောဂါ ကာကွယ်‌ဆေး တနှစ်တကြိမ်

‎ပုံ မှန် ထိုးနေကျ လားမေးရတယ်။

‎အချို့ဆို တခါမှ မထိုးဖူးသေးဘူး။
‎အချို့က ပုံမှန်ထိုးနေကျ။

‎ခွေးရူးပြန်ကာကွယ်ဆေး ထိုးထားတဲ့၊ ကာကွယ်ဆေးထိုးမှတ်တမ်း ရှိထားတဲ့ ခွေး

‎အကိုက်ခံရတာနဲ့ ဘာမှ မသိ၊ဘာမှမထိုး၊ဘာမှတ်တမ်းမှ မရှိတဲ့ ခွေး အကိုက်ခံရတာနဲ့ က

‎ပိုင်ရှင်အနေနဲ့ စိတ် လုံခြုံမှု မတူပါဘူး။

‎ကိုယ့်ရဲ့ ခွေးလေး၊ကြောင်လေး

‎အခြားခွေး (မှတ်တမ်းမရှိ-ကာကွယ်ဆေးထိုးမထား) အကိုက်ခံရပြီဆိုရင်

‎အကိုက်ခံရတဲ့နေရာကို
‎Running water လို့ခေါ်တဲ့

‎ရေပိုက် အောက်မှာ အချိန်ကြာကြာ ရေဆေးပါ။

‎တိ ကုဆေးခန်း ကိုသွားပါ။

‎အနာကို open wound အနေနဲ့ပဲ ထားရပါမယ်။
‎မချုပ်ရပါဘူး။

‎Post exposure ကာကွယ်ဆေးကို

‎ပထမဆုံးအကြိမ်

‎Day-0 မှ စထိုးပါ။

‎ဒုတိယ အကြိမ်

‎Day-3

‎တတိယ အကြိမ်

‎Day-7

‎စတုတ္ထ အကြိမ်

‎Day-14

‎ပဉ္စမ အကြိမ်

‎Day -28

‎ဆိုပြီး ၅ ကြိမ် တိတိ ထိုးပေးရပါမယ်။

‎ကိုက်တဲ့ ခွေးက

‎ခွေးရူးသံသယ ရှိနေရင်

‎အကိုက်ခံရတာလား
‎သွား နဲ့ အခြစ်ခံရတာလား

‎မျက်နှာလား
‎ခြေဖျား၊ လက်ဖျားလား
‎စတဲ့ အကိုက်ခံထားရတဲ့
‎နေရာကိုလိုက်ပြီး ရောဂါ လက္ခဏာ ပြတဲ့ အချိန်မတူပါဘူး။

‎၄၅ ရက် တိတိ
‎လှောင်အိမ်ထဲမှာ ထားပြီး
‎နေ့စဉ် စောင့်ကြည့်ပြီး
‎အမူအကျင့် ပြောင်းလဲမှု ရှိ/မရှိ
‎စောင့်ကြည့် မှတ်တမ်းယူရပါမယ်။

‎Post exposure လည်း ထိုးပြီး
‎၄၅ ရက်လည်း ပြည့် ပြီ
‎အမူအကျင့် ပြောင်းလဲမှု မရှိ ဘူးဆိုရင်

‎Post exposure Vaccine အောင်ပြီ ဖြစ်လို့
‎စိတ်မပူရတော့ပါဘူး။

‎အခုဆို Repid Testkit နဲ့ ၃ ကြိမ် စစ်ပြီး
‎ရောဂါ ရှိ / မရှိ အကြမ်းဖျင်း စစ်ဆေး လို့ရနေပါပြီ။

‎Pre exposure ထိုး တဲ့ အခါ

‎Booster ကို ကိုယ်တွေလို မြန်မာ နိုင်ငံမှာဆိုရင်
‎နှစ်စဉ် ထိုး ပေးတာ အကောင်း ဆုံးပါ။

အခု ဆိုရင် သူများနိုင်ငံတွေမှာ anti rabies vaccine ကို
Oral အနေနဲ့ စတင်အသုံးပြုနေကြပါပြီ


ဆိတ်သားနဲ့  ဆန်ဆေးရည် မတည့်လို့လား ??‎‎အခုတလော social media မှာ ပြန့်နေတဲ့ အကြောင်းအရာတခုကို ‎‎အကျူကိတ် တွေပါ ဟုတ်သလိုလိ...
03/08/2025

ဆိတ်သားနဲ့ ဆန်ဆေးရည် မတည့်လို့လား ??

‎အခုတလော social media မှာ ပြန့်နေတဲ့ အကြောင်းအရာတခုကို

‎အကျူကိတ် တွေပါ ဟုတ်သလိုလို မှန်သလိုလိုနဲ့

‎ရှယ် နေကြတာတွေ့လို့ အမှန် သိအောင် ဖြေရှင်းပေးလိုက်ရပါတယ်။

‎ကိုယ်တွေ ကျောင်းသာဘ၀ တတိယနှစ်မှာ

‎Bacteria မျိုးစုံ virus မျိုးစုံ parasite မျိုးစုံ

‎ရဲ့ မျိုးရိုး မျိုးနွယ်စု အစုံ ရောဂါပိုး ရဲ့ သဘောသဘာ၀

‎အကုန် ကျက်ခဲ့ရ မှတ်ခဲ့ရ

‎အခုလည်း သူတို့တတွေနဲ့ပတ်သက်ပြီး အသစ်အဆန်း ဖြစ်ဖြစ်လာနေတာတွေကို

‎CDC ကနေ update လေ့လာနေရတယ်။

‎ဆက်ကြအုံးစို့ရဲ့။

‎အခု ဖြစ်ခဲ့တဲ့ အခြေအနေက

‎Bacillus anthracis ဆိုတဲ့ ဘတ်တီးရီးယား ရောဂါ ပိုးကြောင့် ဖြစ်တဲ့ Anthrix disease
‎ဖြစ်ပါတယ်။

‎တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်လို့

‎Zoonotic disease အဖြစ် သတ်မှတ်ခဲ့ပါတယ်။

‎Bioweapons အဖြစ်လည်း အသုံးပြုခဲ့ကြပါတယ်။

‎ရောဂါပိုးရဲ့ သဘောသဘာ၀ အကျဉ်း

‎ပုံသဏ္ဍာန် Rod -shape

‎Gram - positive

‎Spore အနေနဲ့ ဆက်လက်အသက်ရှင်နေနိုင်

‎မြင့်မားလွန်းတဲ့ အပူချိန်တောင် ခံနိုင်ရည်ရှိ။

‎ရောဂါပိုး ဖြစ်ပွားဖူးတဲ့ ဒေသတွေမှာ

‎သင့်တော်တဲ့ ပတ်၀န်းကျင် အပူချိန်

‎ဆိုထိုင်းဆ ရှိလျှင်

‎Outbreaks ဖြစ်ပွားတတ်ပါတယ်။

‎ကျွဲ-နွား-သိုး-ဆိတ် စတဲ့ ခွာ ကွဲသတ္တဝါ တွေမှာ

‎ရောဂါ ဖြစ်ပွားတတ်ပါတယ်။ မြင်းတွေမှာလည်း ဖြစ်ပွားတတ်တာ report တခုမှာ တွေ့ပါတယ်။ထိုမှတဆင့် လူကို ကူးစက်တတ်ပါတယ်။

‎ကူးစက်ပုံ၊ ရောဂါ ပြန့်ပွားပုံ

‎အစာကတဆင့် မြိုချမိ စားမိမယ်(ရောဂါပိုးပါသော အသား၊အစာ)။ spore ပါတဲ့ လေထု အမှုန် တွေကို ရှူ မိမယ်။
‎ခန္ဓာကိုယ် အနာကတဆင့် တိုက်ရိုက်၀င်မယ်။

‎ရောဂါ လက္ခဏာ များ

‎တိရစ္ဆာန် တွေမှာဆိုရင် ရောဂါ၀င်ပြီး ၂၄ နာရီ၄၈ နာရီအတွင်း အပူချိန် မြင့်တက်လာမယ်။အားနည်းလာမယ်။ အစားပျက်လာမယ်။

‎ဒွါရပေါက်တွေကနေ သွေးတွေ ယိုစီးထွက်ကျလာမယ်။ သွေး၀မ်းသွားမယ်။
‎ထွက်လာတဲ့သွေးတွေဟာ လုံး၀ ခဲမသွားပါဘူး။
‎နောက်ဆုံးတော့ ဆုံး သွားပါတယ်။

‎လူတွေမှာကျ ရောဂါကူးစက်တာအများဆုံးက

‎Anthrix ကြောင့် ‌ေ-တဲ့ အမဲသား၊ဆိတ်သား

‎စတာတွေကို မချက်ပြုတ်မီ ရေဆေးတဲ့အခါ

‎ရောဂါပိုးက လက်က အနာ၊အရေပြား ပေါက်ပြဲနေတဲ့ နေရာကတဆင့် ခန္ဓာကိုယ်ထဲ ၀င်ရောက်ပါတယ်။

‎ရွာ ဖက်တွေမှာ အဖြစ်များကြပါတယ်။

‎ရွာထဲ နွား နာကျပြီး ‌ေ-တဲ့အခါ

‎အမဲဖျက်ပြီး ရောင်းကြ၊၀ယ်ကြ၊ချက်ပြုတ်စားသောက်ကြပါတယ်။

‎Anthrix ဖြစ်နေတဲ့ တိရစ္ဆာန် နဲ့ တွေ့ရော

‎ဒုက္ခ နဲ့ လှလှ တွေ့ပြီး အခုလို ပုံထဲကအတိုင်း
‎မ‌ေ-ရုံ တမယ်နဲ့
‎ဒုက္ခ ရောက်ကြရရှာပါတယ်။
‎ရွာတွေဖက်မှာ အမဲ နာလို့ ခေါ်ကြပါတယ်။

‎ကျောင်းဆရာ ဘ၀နဲ့ တပည့်တွေနဲ့အတူရွာတွေဘက် field ဆင်းတော့
‎လက်တဖက် သိမ်ပြီး အ‌ေကြာ ‌ေ-သွား တဲ့ ဦးလေးကြီး တ‌ေယာ က်တွေ့တော့

‎အမဲ နာဖြစ်ပြီး အခု လိုဖြစ်သွားတာ တဲ့။

‎ညရောက်တော့ ရွာသူ ရွာသားတွေနဲ့ ဆွေးနွေးပွဲ မှာ Anthrix ရောဂါအကြောင်းကို

‎စောစောက ဦးလေးကြီးကို နမူနာပြပြီး
‎တပည့်တယောက် က အာဘောင်အာရင်းသန်သန်နဲ့ ပညာပေး ဆွေးနွေး ပေးခဲ့ ရပါတယ်။

‎အမှတ်တရတွေထဲက တခုပေါ့။

‎တိ တွေ အတွက်ကတော့ ကာကွယ်ဆေးတွေနှစ်စဉ် ပုံမှန်ထိုးပေးတဲ့နည်း နဲ့ Anthrix ကို
‎ကာကွယ်ပေးနေပါတယ်။

‎လူတွေအတွက် ကာကွယ် မှုကတော့
‎အိမ်ရှင်မတွေ အတွက် အရေးကြီးပါတယ်။

‎အသားငါး ကိုင်တဲ့အခါ

‎အထူးသဖြင့် အမဲသား၊ဆိတ်သား ကိုင်တဲ့အခါ

‎ကိုယ့် လက်မှာ အနာ ရှိ-မရှိ သေချာကြည့်ပါ။
‎အနာ ရှိနေရင် အခြား အနာ မရှိသူ ကိုင် ခိုင်းပါ။

‎အမဲသား၊ဆိတ်သား ကိုင်ပြီးရင်
‎လက်ကို ဆပ်ပြာ နဲ့ သေချာ ဆေးကြော ပါ။

‎Update အနေနဲ့

‎၀က်၊ နွားနို့၊ ဆိတ်နို့၊ ကျွဲနို့၊ သိုးနို့ နဲ့
‎ခွေး၊ ကြောင် တွေမှာတောင်

‎Anthrix ကို တွေ့လာရပြီ ဖြစ်ပါတယ်။



ပျားလဘို့ပါကွယ်ရို့ 😂😂
18/06/2024

ပျားလဘို့ပါကွယ်ရို့ 😂😂

Address

9 Shwe Chi Street
Pyinmana

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

09797459638

Alerts

Be the first to know and let us send you an email when RNPT Pet Foods & Accessories Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category