ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး

  • Home
  • Myanmar
  • Pyay
  • ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး

ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး Purebred Rice Distributor

28/05/2026
24/05/2026

မိုးစပါးမှာ အထွက်နှုန်းကောင်းချင်တယ်ဆိုရင် မျိုးကောင်းမျိုးသန့်ဖြစ်ဖို့ လိုအပ်ပါတယ်🌾❗️

အထွက်နှုန်းကောင်းပြီး မျိုးကောင်းမျိုးသန့်လည်းဖြစ်ရမယ်ဆိုရင်တော့ ဖော်ပြပါ မျိုးစပါးတွေက တောင်သူတို့အတွက် အသင့်တော်ဆုံးပဲနော်✨

🌾အသီးလည်းထပ် အကြီးကြီးလည်းမြတ်လို့ တင်စားရလောက်အောင် အထွက်နှုန်းကောင်းတဲ့ “နယူးဧရာ-၁၁”စပ်မျိုးစပါး ✨
🔰၁ဧက အထွက်နှုန်း - (၁၅၀-၁၈၀)တင်း
🔰အသက်ရက် - (၁၁၅-၁၂၀)ရက်
🔰တစ်နှံပါ သီးလုံးပေါင်း - ( ၃၀၀ )လုံးနှင့်အထက်
🔰ဆန်ရည်ဆန်သား - ကြည်လင်
🔰စားသုံးမှုအဆင့် - ကောင်း
🔰ထူးခြားသည့်လက္ခဏာများ - တစ်နှံပါသီးလုံးများခြင်း၊ပင်စည်တောင့်တင်း၍ယိုင်လှဲမှုမရှိခြင်း၊ ရွက်ခြောက်ရောဂါခံနိုင်ရည်ရှိခြင်း

“နယူး-၁၀” ✨
🔰၁ဧက အထွက်နှုန်း - (၁၂၀-၁၅၀)တင်း
🔰အသက်ရက် - (၁၀၅) ရက်ဝန်းကျင်
🔰ဆန်ရည်ဆန်သား - ကြည်လင်ပြီး အကျိုးအကြေနည်းခြင်း
🔰စားသုံးမှုအဆင့် - ကောင်း
🔰ထူးခြားသည့်လက္ခဏာများ - ရွက်ခြောက်ရောဂါ အသင့်အတင့်ခံနိုင်ခြင်း၊ နှံစရှည်ခြင်း ၊ အစေ့အလေးချိန်များခြင်း

“ အထွက်နှုန်း ၂ဆ၊ အကျိုးအမြတ် ၂ဆ၊ ယုံကြည်မှု ၂ဆ “

အသေးစိတ်သိရှိလိုပါက
📩နယူးဧရှား Page Chat Box မှလည်းကောင်း
☎ဖုန်းနံပါတ်-09944130003, 09944230003 မှလည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

#နယူး၁၀ #နယူးဧရာ၁၁ #မိုးစပါး

 #အယ်နီညို (El Niño) ရာသီဥတုနှင့် စပါးစိုက်ပျိုး​ရေးအယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ ပုံမှန်ထက် ပူပြင်းခြောက်သွေ့တဲ့ ...
23/05/2026

#အယ်နီညို (El Niño) ရာသီဥတုနှင့် စပါးစိုက်ပျိုး​ရေး

အယ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ ပုံမှန်ထက် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ဖြစ်ပေါ်စေတဲ့အတွက် စပါးစိုက်ပျိုးရေးအပေါ်မှာ ကောင်းကျိုးထက် ဆိုးကျိုးသက်ရောက်မှု ပိုများပါတယ်။
🌾စပါးစိုက်ပျိုးရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ အဓိကအကြောင်းအရာတွေကို အောက်ပါအတိုင်း အုပ်စုခွဲပြီး ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
​၁။ ရေအရင်းအမြစ် ရှားပါးလာခြင်း
#​စိုက်ပျိုးရေ မလုံလောက်ခြင်း။ မိုးရွာသွန်းမှု လျော့နည်းပြီး မိုးနောက်ကျတတ်တာကြောင့် မိုးစပါးစိုက်ပျိုးဖို့ ရေမလုံလောက်မှုတွေ ကြုံရနိုင်ပါတယ်။ ဆည်ရေ၊ ကန်ရေတွေ ခန်းခြောက်လို့ နွေစပါးစိုက်ပျိုးဖို့လည်း အခက်အခဲရှိလာနိုင်ပါတယ်။
#​မြေဆီလွှာ ခြောက်သွေ့ခြင်း။ ပြင်းထန်တဲ့ အပူရှိန်ကြောင့် မြေဆီလွှာထဲက ရေငွေ့ပျံနှုန်း မြန်ဆန်ပြီး မြေဆီလွှာ ပတ်ကြားအက်တာ၊ ပျိုးထောင်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်ပါတယ်။
​၂။ စပါးပင် ကြီးထွားမှုနှင့် အထွက်နှုန်း ထိခိုက်ခြင်း
​အပူဒဏ်ကြောင့် စပါးပင်ပင်ပန်းခြင်း: အပူချိန် အဆမတန်မြင့်မားရင် စပါးပင်တွေ အစာချက်လုပ်မှု (Photosynthesis) လျော့ကျပြီး ပုညှက်ခြင်း၊ အရွက်များ လောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
#​အဖျင်းအမှော် များခြင်း။
အထူးသဖြင့် စပါးမှို့ကပ်ချိန်နဲ့ ပန်းပွင့်ချိန်တွေမှာ အပူချိန် အရမ်းမြင့်ရင် စပါးဝတ်မှုန်ကူးမှုကို ထိခိုက်စေပြီး စပါးနှံတွေ ခြောက်ကာ အဖျင်းအမှော် အလွန်များပြား သွားတတ်ပါတယ်။
​🐛 #ပိုးမွှားနှင့် ရောဂါများ ပိုမိုကျရောက်ခြင်း
​ဖျက်ပိုးများ ပေါပွားခြင်း: ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဟာ ဖြုတ်ညို (Brown Planthopper)၊ ရွက်လိပ်ပိုး နဲ့ ဖြုတ်စိမ်း ကဲ့သို့သော ဖျက်ပိုးတွေ အလွယ်တကူ ပေါက်ဖွားအုံဖွဲ့ဖို့ အကောင်းဆုံး အခြေအနေ ဖြစ်သွားတတ်ပါတယ်။
#စပါး​ရောဂါကျရောက်ခြင်း။
စပါးဂုတ်ကျိုးရောဂါ (Blast Disease) နဲ့ ရွက်ခြောက်ရောဂါတွေဟာ ရာသီဥတု ဖောက်ပြန်တဲ့အချိန်မျိုးမှာ ပိုမိုဆိုးရွားစွာ ကူးစက်တတ်ပါတယ်။
​၄။ စိုက်ပျိုးစရိတ် မြင့်မားလာခြင်း
#​ရေတင်စရိတ် တက်လာခြင်း။ မိုးရေ မရတဲ့အတွက် ရေစုပ်စက်တွေနဲ့ ရေတင်ရတဲ့အခါ စက်သုံးဆီစရိတ် ပိုမိုကုန်ကျလာပါတယ်။
#​ပိုးသတ်ဆေးနှင့် မြေဩဇာ အသုံးပြုမှု ပိုများလာခြင်း: ပိုးမွှားဒဏ်နဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင် ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးတွေကို ပိုမိုသုံးစွဲရတဲ့အတွက် စိုက်ပျိုးစရိတ် တက်လာတတ်ပါတယ်။
​💡 တောင်သူဦးကြီးများအတွက် အကြံပြုချက်:
အယ်နီညိုဒဏ်ကို ကာကွယ်ဖို့အတွက် ရေအနည်းလို (သို့မဟုတ်) အပူဒဏ်ခံ စပါးမျိုးစေ့များ ကို ရွေးချယ်စိုက်ပျိုးခြင်း၊ ရေကို စနစ်တကျ ချွေတာသုံးစွဲတဲ့ စနစ် (AWD - Alternate Wetting and Drying) ကို အသုံးပြုခြင်းနှင့် မိုးလေဝသသတင်းများကို ဂရုတစိုက် နားထောင်ပြီး စိုက်ပျိုးချိန်ကို ညှိနှိုင်းခြင်းတို့ ပြုလုပ်သင့်ပါတယ်။

ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး

23/05/2026
22/05/2026

ယူရီးယားမြေဩဇာ ရည်ညွှန်းဈေး တစ်လအတွင်း ကျပ် ၆၀၀၀၀ ကျော် မြင့်တက်

ယခု မေလအတွက် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ဧပြီလနှင့် နှိုင်းယှဉ်ပါက ကျပ် ၆၀၀၀၀ ကျော် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၉၄,၀၀၀ သတ်မှတ်ထားခဲ့သော်လည်း အခု မေလတွင် တစ်အိတ်လျှင် ကျပ် ၁၅၇,၀၀၀ အထိ သတ်မှတ်လိုက်ခြင်းဖြစ်ပြီး တစ်လအတွင်း ကျပ် ၆၃,၀၀၀ မြင့်တက်လာခြင်း ဖြစ်သည်။

ထို့ပြင် DI Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ကို ကျပ် ၁၁၅,၀၀၀ ဖြင့်သာ ဆက်လက်သတ်မှတ်ထားသဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှု မရှိကြောင်း သိရသည်။

Complex ၁၅ ပတ်လည် မြေဩဇာအတွက်မူ ယခုလတွင် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထားခြင်း မရှိကြောင်းလည်း အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး မေလ ၁ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင် လက်ကားဈေးနှုန်းအဖြစ် အသင်းဝင်ကုမ္ပဏီများအား ရောင်းချသွားရန် ညွှန်ကြားထားကြောင်း သိရသည်။

ထုတ်ပြန်ထားသည့် ဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက်ငင်းငွေချေစနစ် လက်ကားဈေးနှုန်းများဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်များအပေါ် မူတည်ကာ ဈေးနှုန်းကွာခြားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

GSR နှမ်းနက်တစ်ထုပ်ဝယ်ယူလျှင် ဆုလာဘ်မှ ဖြန့်ချိမည့် ​ဆေးဖြန်းပုံးတစ်ပုံးတွင် အသုံးပြုနိုင်​​​သော NEO biostimulants အပင်ရ...
16/05/2026

GSR နှမ်းနက်တစ်ထုပ်ဝယ်ယူလျှင် ဆုလာဘ်မှ ဖြန့်ချိ
မည့် ​ဆေးဖြန်းပုံးတစ်ပုံးတွင် အသုံးပြုနိုင်​​​သော NEO biostimulants အပင်ရွက်ဖျန်းအား​ဆေး ၂ထုပ် လက်​ဆောင်ယူပါ🤩

✅️ လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါပြီ

မှာယူလိုပါက Page Messenger (သို့)
☎️09-400541592
☎️09-693107742
☎️09-758101025 တို့ကို
ဆက်သွယ်မှာယူနိုင်ပါပြီ။

🚚နယ်ဝေးများကားဂိတ်တင်ပေးပါသည်။

🌾 ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး 🌾
📌အမှတ်(၂၂)၊ငုဝါလမ်း၊နဝဒေးကုန်တင်ကားဝန်း၊
အရှေ့ဘက်တန်း၊ပြည်မြို့။

15/05/2026

Address

Pyay

Alerts

Be the first to know and let us send you an email when ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည့်စေသူ မျိုးသန့်မျိုးစပါးဖြန့်ချိရေး:

Share