Betta fish Lover Pakokku

Betta fish Lover Pakokku Betta fish Sale and health knowledge

18/02/2021

Babie

18/02/2021

Siamese Fighting Fish or Betta Fish
မြန်မာအခေါ် တိုက်ငါး 🐟

မူရင်းဒေသက Thailandလို့သာလူသိများကြပေမယ့် Indonisia,Malaysia,Vietnam နဲ့ Chinaတို့ရဲ့
ရေတိမ်တဲ့ လယ်ကွင်းတွေ ကန်တွေ အင်းအိုင်တွေမှာလဲတွေ့ရတယ် ဒါပေမယ့် Bettaတွေဟာ အနောက်နိုင်ငံတွေအထိပါ ကမ္ဘာကျော်ရေပန်းစားတဲ့Asiaသားတွေဖြစ်တယ် Bettaမျိူးစုမှာ မျိုးစိတ်ပေါင်း 73ခုရှိတယ် သူတိူ့ရဲ့ရေယက်ကွဲပြားပုံကိုကြည့်ပြီး အမျိုးအစားခွဲကြတယ် ထင်ရှားတဲ့မျိုးတွေက FullMoon , Spade Tail, CrownTail,
Elephant Ear, Round Tail, Double Tail(Split Tail),
Veil Tail, Deltas, Super Deltas , HalfMoon,Lyre
HMPKလို့ခေါ်တဲ့ Half Moon Plakat,
ဒီ Plakatဆိုတဲ့တာက ထိုင်းစကား Plakadကနေဆင်းသက်လာပြီး တိုက်ငါး လို့အဓိပ္ပါယ်ရတယ်

ခန္ဓာကိုယ်ကတော့ရိုးရိုးရှင်းရှင်းငါးတစ်ကောင်မှာရှိသင့်တဲ့ ပါးဟပ်တွေ အကြေးခွံတွေပါမယ်
တခြားငါးတွေနဲ့မတူတာက သိသိသာသာရှည်လျားပြန့်ကားနေတဲ့အမှီးတွေနဲ့ Labyrinthလို့ခေါ်တဲ့
လေရှုအင်္ဂါအပိုပါတယ် ဒီLabyrinthပါတဲ့အတွက်
သူတို့ဟာDissolved Oxygen(DO)နဲနေရင်တောင်မှပဲ ရေထဲကOxygenတင်မဟုတ်ပဲ
လေထဲကOxygenကိုပါတက်ယူပြီး
လွယ်လွယ်ကူကူအသက်ရှုနိုင်တယ် အဲ့ဒါကြောင့်လဲ ဖန်ပုလင်းလေးတွေနဲ့ဝါသနာရှင်တွေမွေးကြတယ် ဒါပေမယ့်မလုံလောက်ပါဘူး အနဲဆံူး
6လက်မပတ်လည် သို့မဟုတ် 8လက်မပတ်လည်ကန်လေးတွေနဲ့မွေးတာက ငါးကိုပိုပြီးRelaxဖြစ်စေပါတယ် အရောင်အနေနဲ့က အနီ အနက် အဝါ အဖြူ အပြာ လိမ္မော် အစိမ်း ခရမ်း စိမ်းပြာရောင်
အညိုရောင် ကြေးရောင် ပန်းရောင် အပြင်
အကြည်ရောင်ပါရှိတဲ့အတွက်
အရောင်အတော်စုံတယ်လို့ပြောလို့ရပါတယ်
တစ်ကောင်လုံးတစ်ရောင်တဲ့ပါတဲ့Solid Colourတွေရှိသလို အရောင်စပ်Colour Patternတွေလဲရှိတယ်
အရွယ်ရောက်ပြီးBettaတွေဟာ အများဆံူး၃လက်မထိကြီးပြီး အမတွေကအထီးတွေထက် မသိမသာလေးအကောင်သေးကြတယ် သက်တမ်းကတော့
ပျှမ်းမျှ၂နှစ်ကနေ၃နှစ်ထိနေနိုင်ကြတယ်ဗျ
ရေအပူချိန်ကတော့24°Cကနေ 30°Cထဲနေတဲ့အတွက် အပူပိုင်းငါးလို့လဲပြောလို့ရတယ်
Tankmateအနေနဲ့က သိပ်မကြီးတဲ့Fancyလေးတွေနဲ့ရောမွေးလို့ရတယ်Neon Tetraတို့ Glo Tetraတို့လိုမျိုးပေါ့ Tiger Bardလိုမြင်မြင်ရာလိုက်ဆိတ်နဲ့Schooling Fishတွေနဲ့အဆင်မပြေဘူးနော်
Bettaအမြှီးကိုလိုက်ဆိတ်လိမ့်မယ်
အမတွေကို တစ်ကန်ထဲမွေးနိုင်ပေမယ့်
အထီးတွေကတော့ တစ်ကောင်စီမွေးတာအကောင်းဆံူးပါ တိုက်ငါးဆိုတဲ့အတိုင်း အထီး၂ကောင်တွေ့ပြီးဆိုတာနဲ့ ရှိတဲ့အတောင် အကုန်ကားပြီး
မသေမချင်း နပန်းလုံးကြပါလိမ့်မယ်ဗျ

ကန်SetUpကတော့ထွေထွေထူးထူးမလိုဘူး
၇လက်မပတ်လည်လောက်ကန်လေးထဲ
ကျောက်လေးခင်းချင်ရင်ခင်း မခင်းချင်ရင်သဲလေးခင်း မီးလေးဆင်ပြီး စာကြည့်စားပွဲပေါ်တင်ထားယုံပဲ နောက်ပြီး သူတို့က ရေနွေကြမ်းလိုရေအရောင်ကိုသဘောကျတဲ့အတွက် ကန်ထဲကို
ဗံဒါရွက်ခြောက်လေးထည့်ပေးထားလို့ရတယ်
အစာအနေနဲ့က Bettaတွေက Carnivoresအသားတွေဖြစ်တဲ့အတွက် ရေတီ ရေတီခြောက် သွေးတီ
သွေးတီအခဲ ပိုးလောက်လန်း Artimia အမဲနှလုံးစာ
အစာခြောက် ဒါတွေကျွေးလို့ရတယ်

အထီးအမခွဲတာက အထီးဆိုရင်အရွယ်ရောက်တဲ့အခါကန်ပေါ်မှာပူစီပေါင်းလေးတွေနဲ့အသိုက်ဆောက်ပြပါလိမ့်မယ် ဒါဟာသူဖောင်းဒိုင်းလုပ်ချင်နေပြီဆိုတာကို ပြောပြနေတာဖြစ်ပါတယ် ဒါကိုဝါသနာရှင်တွေက အိမ်သယ်တယ်အိမ်စွဲတယ်လို့လဲခေါ်ပါတယ်
အမဆိုဗိုက်အိုးကဥတွေနဲ့ပြည့်ပြိီး စအိုဝလေးမှာ
ဥဖြူဖြူလေးတွေတွေ့ရပါလိမ့်မယ်
၁ပေပတ်လည်လောက်ကန်လေးကို ရေ၇လက်မလောက်ထည့်ပါမယ် ပြီးရင်အထီးကိုကန်ထဲလွှတ်ပါတယ် ကန်မျက်နှာပြင်ပေါ် ပလတ်စတစ်တွေကိုဖြဲပြီး ချပေးထားရပါမယ်
အဲ့ပလတ်စတစ်အောက်လေးတွေမှာ အထီးက
အမြှုပ်တွေနဲ့အသိုက်သွားဆောက့်ပါလိမ့်မယ်
အထီးအသိုက်ဆောက်နေချိန်မှာ အမကို ဖန်ပုလင်းလေးထဲထည့်ပြီး ပုလင်းအတိုင်း ကန်ထဲချထားပါ
ပြီးရင် ကန်ထောင့်မှာ အမပုန်းဖို့ရာ ကျောက်ခဲခပ်ကြီးကြီးတစ်တုံးချထားပေးပါ အထီးအသိုက်က ၂လက်မ ပတ်လည် ၃လက်မပတ်လည်လောက်ရှိလာပြီဆိုရင် အမကိုလွှတ်လိုက်ပါ သိပ်မကြာခင်
အထီးကအမကို အသိုက်အောက်ခေါ်ပြီး
ဖောင်းဒိုင်းကြပါလိမ့်မယ် ပြီးရင်အမကိုဥညှစ်ပေးပါလိမ့်မယ် ပိုင်ရှင်နှာဘူးက သွားမချောင်းပါနဲ့
ကြည့်ချင်ရင်အ​ဝေးကကြည့်ပါ ဥချပြီးရင် အထီးက အမကို နင်ဒိုးတော့ဒီကလေးတွေငါပဲစောင့်ရှောက်မယ်ဆိုပြီး လိုက်ကိုက်ပါလိမ့်မယ်
ဒီအခါ ကယ်ရာမဲ့တဲ့ကောင်မလေးဟာ
ကျောက်တံူးနောက်ဝင်ပုန်းပါလိမ့်မယ်
အဲ့အခါ လင်ကလဲလိုက်ကိုက်လွှတ်အိမ်လဲမပြန်ရဲပဲ လမ်းပျောက်နေတဲ့ကောင်မလေးကိုဖမ်းပြီး သူ့ကန်ပြန်လွှတ်ပေးလိုက်ပါ ဥတွေကိုမုဆိုးဖိုအထီးကြီးကစောင့်ရှောက်ပါလိမ့်မယ် ဥလေးတွေဟာ ၂၄နာရီကြာတဲ့အခါပေါက်လာပြီး ငါးလေးတွေဟာပေါက်ပေါက်ချင်း
ရေလွတ်လပ်စွာမကူးနိူင်သေးပါဘူး မုဆိုးဖိုအဖေကြီးက ပါးစပ်လေးနဲ့ငုံပြီး အသိုက်ကြားထဲပြန်ထည့်ပေးပါလိမ့်မယ်၅ရက်ကနေ ၉ရက်လောက်အတွင်းမှာငါးလေးတွေရေကူးပြီး အစာစစားနိုင်ပါပြီး အဲ့အခါ အထီးကိုထုတ်ပြီး Artimiaကြွေးကာ
စော်မရှိတဲ့Fa ကြီးက ကလေးတွေကိုဆက်ပြီးပြုစုပျိူးထောင်ပေးနိုင်ပါပြီ

Address

Pakokku

Telephone

+959768771995

Website

Alerts

Be the first to know and let us send you an email when Betta fish Lover Pakokku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Betta fish Lover Pakokku:

Share

Category