Naypyitaw Zoological Garden

Naypyitaw Zoological Garden Ninety species of animals and numerically 420 are exhibited in Zoological Garden (Nay Pyi Taw). are exhibited in zoo.

There were more valuable and rare animals like white tiger, white Lion, penguin, sea otter, etc.

‎🐢 မေလ (၂၃) ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့လိပ်များနေ့ (World Turtle Day)" ကို ကြိုဆိုပါရစေ 🐢‎‎လိပ်တွေဟာ ကမ္ဘာမြေပေါ်မှာ ရှ...
23/05/2026

‎🐢 မေလ (၂၃) ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့လိပ်များနေ့ (World Turtle Day)" ကို ကြိုဆိုပါရစေ 🐢
‎
‎လိပ်တွေဟာ ကမ္ဘာမြေပေါ်မှာ ရှေးအကျဆုံးနဲ့ အထူးခြားဆုံး သတ္တဝါတွေထဲက အပါအဝင် ဖြစ်ပါတယ်။ သူတို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ရှေးလွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၂၀၀) ကျော်၊ ဒိုင်နိုဆောတွေ မပေါ်ခင် Paleozoic Era ခေတ်အတွင်းကတည်းက ကမ္ဘာမြေပေါ်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့တဲ့ ရှေးကျတဲ့ တွားသွားသတ္တဝါတွေ (Primitive Reptiles) ကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၂၆၀) ခန့်ကတည်းက ဒီနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားလာခဲ့ကြတာပါ။
‎
‎💡 ကုန်းလိပ် (Tortoise) နဲ့ ရေလိပ် (Turtle) ကို ဘယ်လိုခွဲခြားမလဲ။
‎လိပ်တွေကို သူတို့ရဲ့ နေထိုင်ကျက်စားရာနေရာ၊ အလေ့အထနဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေအပေါ် မူတည်ပြီး အလွယ်တကူ ခွဲခြားနိုင်ပါတယ်။
‎
‎ကုန်းလိပ် (Tortoise) ကုန်းမြေပေါ်မှာပဲ ကျက်စားနေထိုင်ကြပြီး၊ အများစုဟာ အသီးအရွက်စားတဲ့ လိပ်တွေ (Mostly Vegetarian) ဖြစ်ကြပါတယ်။
‎
‎ရေလိပ် (Turtle) ရေထဲမှာ ကျက်စားနေထိုင်ကြပြီး အစုံစား (Generally Omnivores) လိပ်တွေ ဖြစ်ကြပါတယ်။ ရေလိပ်တွေရဲ့ ခြေချောင်းလေးတွေကို အရေပြားတွေနဲ့ ဆက်သွယ်ထားပြီး ဘဲခြေထောက်လို ရေယက်တွေ ပါရှိတာကြောင့် ကုန်းလိပ်တွေနဲ့ သိသိသာသာ ကွဲပြားပါတယ်။
‎
‎ရေချိုလိပ် (Fresh Water Turtle) မြစ်၊ ချောင်းတွေမှာ နေထိုင်ကြပါတယ်။ (ခွံမာရေလိပ်တွေကို Terrapin လို့လည်း ခေါ်ပါတယ်။)
‎
‎ပင်လယ်လိပ် (Sea Turtle) ပင်လယ်ရေငံထဲမှာ ကျက်စားနေထိုင်ကြပါတယ်။
‎
‎ထူးခြားချက်အနေနဲ့- လိပ်တွေရဲ့ ပါးစပ်မှာ သွားတွေ မပါရှိပါဘူး။ ဒါပေမဲ့ အရိုးလို မာကြောတဲ့ နှုတ်ခမ်းတွေနဲ့ အစာကို ကိုက်ဖြတ် စားသောက်ကြတာ ဖြစ်ပါတယ်။
‎
‎⚠️ ဖိုးသက်ရှည်လိပ်တို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုများ
‎လိပ်တွေဟာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ဟန်ချက်ညီဖို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လူသားတွေရဲ့ ပယောဂကြောင့် လိပ်မျိုးစိတ်များစွာဟာ-
‎❌ နေရင်းဒေသများ ပျက်စီးခြင်း
‎❌ ပတ်ဝန်းကျင်နဲ့ လေထုနှင့် ရေထုညစ်ညမ်းခြင်း
‎❌ အလွန်အကျွံ အမဲလိုက်/စုဆောင်းခံရခြင်း
‎❌ တရားမဝင် အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်း
‎❌ ကမ္ဘာ့ရာရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း... စတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။
‎
‎ကမ္ဘာဦးအစကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အစားအစာကွင်းဆက်ညှိနှိုင်းမှုမှာ အရေးကြီးတဲ့ သဘာဝမိတ်ဆွေလိပ်တွေဟာ လူသားတွေနဲ့အတူ ယှဉ်တွဲနေထိုင်လာပြီး သဘာဝတရားရဲ့ အကျိုးကို သယ်ပိုးပေးနေတဲ့ "ဖိုးသက်ရှည်လိပ်များ" ကမ္ဘာတည်သရွေ့ ဆက်လက်ရှင်သန် တည်တံ့နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်နေပါပြီ။
‎
‎မိမိတို့ တိရစ္ဆာန်ဥယျာဉ်များတွင်လည်း မြန်မာနိုင်ငံဒေသရင်း လိပ်မျိုးစိတ်များအပြင် ဒေသတွင်းရှိ လိပ်မျိုးစိတ်များကိုပါ စနစ်တကျ မွေးမြူထိန်းသိမ်း စောင့်ရှောက်ပြသထားရှိပါကြောင်း "ကမ္ဘာ့လိပ်များနေ့" ကို ဂုဏ်ပြုရင်း ဗဟုသုတအဖြစ် မျှဝေလိုက်ရပါတယ်။
‎
‎📌 အထူးမေတ္တာရပ်ခံချက် (မှတ်ချက်)
‎မြန်မာလူမျိုးတွေဟာ အခါကြီးရက်ကြီးနေ့တွေမှာ "ဇီဝိတဒါန" အလှူအနေနဲ့ လိပ်တွေကို ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အဲဒီလို လွှတ်တဲ့အခါမှာ "ကုန်းလိပ်ကို ကုန်းမှာလွှတ်ပြီး၊ ရေလိပ်ကို ရေမှာလွှတ်ပေးကြပါ" လို့ အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်။ (ရေထဲကို ကုန်းလိပ်ကြီးတွေ မှားလွှတ်မိရင် ရေမကူးတတ်တဲ့အတွက် အသက်အန္တရာယ် ရှိနိုင်လို့ပါရှင့်။)
‎
‎🐢 Warmest welcome to "World Turtle Day" on May 23rd! 🐢
‎
‎Turtles are among the oldest and most unique creatures on Earth. Looking back at their history, they evolved from primitive reptiles that successfully set foot on Earth over 200 million years ago during the Paleozoic Era, even before the appearance of dinosaurs. They have survived and reproduced for ages, tracing their origins back to around 260 million years ago to the present day.
‎
‎💡 How to differentiate between a Tortoise and a Turtle?
‎Turtles and tortoises can be easily distinguished based on their habitats, habits, and distinct physical characteristics.
‎Tortoise: They live exclusively on land and are mostly vegetarians (herbivores).
‎Turtle: They live in water and are generally omnivores (eating both plants and meat). Their toes are connected by skin, forming webbed feet like a duck's, which makes them noticeably different from tortoises.
‎• Freshwater Turtle: They live in rivers and streams. (Hard-shelled freshwater turtles are also known as Terrapins.)
‎• Sea Turtle: They live in the saltwater of oceans and seas.
‎Fun Fact: Turtles and tortoises do not have teeth in their mouths! Instead, they cut and chew their food using sharp, bone-like ridges along their jaws.
‎
‎⚠️ Threats Faced by the Long-Lived Giant
‎Turtles and tortoises play a vital role in maintaining the balance of our natural ecosystem. However, due to human activities today, many species are facing life-threatening challenges, including:
‎❌ Habitat destruction
‎❌ Air and water pollution
‎❌ Overhunting and overharvesting
‎❌ Illegal wildlife trade as exotic pets
‎❌ Global climate change
‎🌳 Since ancient times, turtles have lived together with humans as natural friends that are important for protecting the environment and keeping the food chain balanced. These long-living turtles help nature, so we all need to work together to protect them and help them continue to live and survive forever
‎
‎📌 Special Request (Note)
‎In Myanmar culture, people traditionally release turtles as a "Zivita Dana" (the gift of life) charity on auspicious days.
‎When doing so, we earnestly request you to "Release tortoises on land, and turtles into the water." (If a tortoise is mistakenly thrown into deep water, it can drown as it cannot swim!)
‎

‎
‎
‎
‎ #ကမ္ဘာ့လိပ်များနေ့
‎ #ဝိုင်းဝန်းထိန်းသိမ်းစို့

‎🌿🦋 Biodiversity Day – နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ (မေလ ၂၂ ရက်) 🌏‎‎နှစ်စဉ် မေလ (၂၂) ရက်နေ့ကို “အပ...
22/05/2026

‎🌿🦋 Biodiversity Day – နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ (မေလ ၂၂ ရက်) 🌏
‎
‎နှစ်စဉ် မေလ (၂၂) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ (International Day for Biological Diversity)” အဖြစ် ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါမှုကို လူထုသတိပြုမိလာစေရန် ရည်ရွယ်ထားပါသည်။ 🌱
‎
‎ဇီဝမျိုးစုံမျိုးကွဲဟူသည် ကမ္ဘာမြေပေါ်တွင် တည်ရှိနေသော သက်ရှိသတ္တဝါများ၊ အပင်များ၊ သစ်တောများ၊ မြစ်ချောင်းများ၊ အင်းဆက်ပိုးမွှားများနှင့် အဏုဇီဝပိုးမွှားများ အပါအဝင် သက်ရှိအားလုံး၏ စုံလင်ကွဲပြားမှုကို ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာစိုပြည်သော ဇီဝမျိုးစုံမျိုးကွဲစနစ်သည် ဂေဟစနစ် မျှခြေကို ထိန်းသိမ်းရန်နှင့် လူသားတို့၏ ရပ်တည်ရှင်သန်မှုကို အထောက်အကူပြုရန်အတွက် မရှိမဖြစ် လိုအပ်လှပါသည်။ 🍃
‎
‎မြန်မာနိုင်ငံသည်လည်း ကွဲပြားစုံလင်သော ဂေဟစနစ်များ၊ ထူးခြားဆန်းပြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် တန်ဖိုးရှိလှသော သဘာဝသစ်တောများ ပိုင်ဆိုင်ထားပြီး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသော နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဆင်၊ ကျား၊ လိပ်၊ ကုန်းလိပ်များနှင့် ပရိုင်းမိတ်မျိုးစဉ်များ ကဲ့သို့သော ရှားပါးပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် တိရစ္ဆာန်အမြောက်အမြား ပေါကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ 🐘🐅🐢
‎
‎သို့သော်လည်း ယခုအခါတွင် သစ်တောပြုန်းတီးမှု၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု၊ နေရင်းဒေသများ ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဇီဝမျိုးစုံမျိုးကွဲများသည် ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ⚠️🌍
‎
‎ဤနေရာတွင် တိရစ္ဆာန်ဥယျာဉ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ ရပ်တည်နေသည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ တောရိုင်းတိရစ္ဆာန်များအားကယ်ဆယ်ခြင်း မျိုးပွားခြင်းဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းပညာပေးခြင်းတို့မှတစ်ဆင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများဖြစ်ကြပါသည်။ 🏞️🦓
‎
‎ထိုသို့သော ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တိရစ္ဆာန်အများအပြားကို စနစ်တကျ ပြုစုစောင့်ရှောက်ကာကွယ်ပေးနိုင်သည့်အပြင် လာရောက်လည်ပတ်သူများကိုလည်း တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ နေရင်းဒေသများနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းခြင်းတို့၏ အရေးပါပုံကို အသိပညာပေး မျှဝေပေးလျက်ရှိပါသည်။ 💚
‎
‎ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ခြင်းသည် တောရိုင်းတိရစ္ဆာန်များကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ နေထိုင်ရာကမ္ဘာမြေ၊ လူမှုအသိုက်အဝန်းနှင့် အနာဂတ်မျိုးဆက်များကို ကာကွယ်ခြင်းပင် ဖြစ်ပါသည်။ 🌍✨
‎
‎🌱 သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျှော့ချခြင်း
‎🌱 သဘာဝသစ်တောများ ထိန်းသိမ်းခြင်း
‎🌱 တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း
‎🌱 ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း
‎
‎ဤကဲ့သို့သော သေးငယ်သည့် လုပ်ဆောင်ချက်များကပင် အနာဂတ်အတွက် ကြီးမားသော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးနိုင်ပါသည်။ 🌏🌱
‎
‎🌏“သဘာဝတရားနှင့် ဟန်ချက်ညီညီ အတူယှဉ်တွဲ နေထိုင်ခြင်း” သည် ကမ္ဘာလုံးဆိုင်ရာ တာဝန်တစ်ရပ်သာမက နောင်မျိုးဆက်ပေါင်းများစွာအထိ ရေရှည်တည်တံ့ပြီး ကျန်းမာစိုပြည်သော ကမ္ဘာမြေကြီး ဖြစ်လာစေရန် ကျွန်ုပ်တို့အားလုံး အတူတကွ ဆောင်ရွက်သွားကြဖို့ Biodiversity Day မှာ တိုက်တွန်းပညာပေးရေးသားလိုက်ရပါသည်။ 🌳🤝
‎
‎------------------------------------------------------
‎
‎🌿🦋 International Day for Biological Diversity (22 May) 🌏
‎
‎Every year on 22 May, the world celebrates the International Day for Biological Diversity to raise public awareness about the importance of protecting our environment and conserving wildlife. 🌱
‎
‎Biodiversity refers to the variety of all living organisms on Earth, including animals, plants, forests, rivers, insects, and microorganisms. A healthy biodiversity system is essential for maintaining ecological balance and supporting human survival. 🍃
‎
‎Myanmar is one of the countries rich in biodiversity, with diverse ecosystems, unique wildlife species, and valuable natural forests. Our country is home to many rare and endangered animals such as elephants, tigers, turtles, tortoises, and primates. 🐘🐅🐢
‎
‎However, biodiversity is currently facing major threats due to deforestation, illegal wildlife trade, habitat destruction, climate change, and environmental pollution. ⚠️🌍
‎
‎This is one of the reasons why zoos and environmental conservation organizations play an important role in wildlife rescue, breeding programs, research activities, and conservation education to protect endangered species. 🏞️🦓
‎
‎Through these conservation efforts, endangered animals can be properly protected and cared for, while visitors also gain awareness about the importance of wildlife, their habitats, and conservation. 💚
‎
‎Protecting biodiversity is not only about protecting wildlife but also about protecting our planet, our communities, and future generations. 🌍✨
‎
‎🌱 Reduce environmental pollution
‎🌱 Protect natural forests
‎🌱 Avoid the use of illegal wildlife products
‎🌱 Participate in conservation activities
‎
‎Even small actions can create meaningful changes for the future. 🌏🌱
‎
‎🌏 “Living in harmony with nature” is not only a global responsibility but also a shared commitment to creating a sustainable and healthy planet for future generations. On this Biodiversity Day, let us work together to protect and conserve biodiversity. 🌳🤝
‎

‎
‎
‎
‎
‎
‎
‎
‎
‎
‎

‎မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day) ‎‎‎မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ကို ...
15/05/2026

‎မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ (Endangered Species Day)
‎
‎
‎မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ကို နှစ်စဉ် မေလတွင် ကျင်းပပြုလုပ်ကြပါတယ်။ တိရစ္ဆာန်များ၊ အပင်များနှင့် အင်းဆက်ပိုးမွှားအချို့၏ တည်ရှိမှု သည် အလွန်ပျက်စီးလွယ်သည်ကို သတိပေးရန်နှင့်အဖိုးတန်မျိုးစိတ်များကို ကာကွယ်ရန် များစွာ အရေးကြီးကြောင်းကို လေ့လာရန်နှင့် လူသားတို့အား တိုက်တွန်းရန်အတွက် ဤနေ့ကို ဖန်တီးထားခြင်းဖြစ်ပါတယ် 💁💚
‎
‎
‎"မျိုးသုဉ်းရန်အန္တရာယ်ရှိသော" ဟူသည့် စကားအဓိပ္ပါယ်မှာ လူ (သို့မဟုတ်) ပြင်ပ၏ သက်ရောက်မှုတစ်ခုခုကြောင့် သဘာဝ နေရင်း ဒေသအတွင်းရှိ ဇီဝမျိုးစိတ်တစ်မျိုး၏ အရေ အတွက်သည် စိုးရိမ်ဖွယ်ကောင်းလောက်အောင် အလွန်အမင်းကျဆင်းနေခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ် ။ မျိုးစိတ်ဟုဆိုရာတွင် မျိုးရိုးဗီဇဖလှယ်ခြင်း (သို့မဟုတ်) အပြန်အလှန်ပေါက်ပွားနိုင်သော သတ္တလောကနှင့် ရုက္ခလောကရှိ ဇီဝရုပ်များကိုဆိုလိုခြင်း ဖြစ်ပါတယ် 💁💚
‎

‎
‎ကမ္ဘာပေါ် ရှိနိုင်ငံများတွင် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များအား နေရင်းဒေသ နေရာများတွင် အမျိုးသားဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများတည်ထောင်ထိန်းသိမ်းခြင်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များတည်ထောင်ထိန်းသိမ်းခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံအလိုက် ကြိုးစားဆောင်ရွက်နေသော်လည်း နေ့စဉ်နှင့် အမျှ နို့တိုက်သတ္တဝါမျိုးစိတ်များ၊ ငှက်မျိုးစိတ်များ၊ ကုန်းနေရေနေနှင့်တွားသွားသတ္တဝါမျိုးစိတ် များ၊ အင်းဆက်မျိုးစိတ်များ၊ ရေနေသတ္တဝါမျိုးစိတ်များ၊ ရုက္ခဗေဒအပင်မျိုးစိတ်များသည် လူတို့၏ ပယောဂများကြောင့်သော်လည်းကောင်း အခြားသောသက်ရောက်မှုများကြောင့်သော် လည်းကောင်း တဖြည်းဖြည်း မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာခြင်း ဖြစ်ပါတယ်။ 💁💚
‎
‎
‎လွန်ခဲ့သော နှစ်သန်းပေါင်း(၅၀၀)ကျော်ခန့်က စတင်ခဲ့သည်ဟု ခန့်မှန်းရသော ဤကမ္ဘာ မြေပေါ် ရှိ (Ecosystems) သက်ရှိ သက်မဲ့ အဖွဲ့အစည်းများ သည် တစ်ခုနှင့်တစ်ခု ဟန်ချက်ညီညီ ချိတ်ဆက်၍ အမှီသဟဲပြု ရှင်သန်နေထိုင်ခဲ့ရာမှ ယနေ့ခေတ်တွင် အဖက်ဖက်မှ ပျက်စီး ယိုယွင်းလာနေသော ဂေဟ ဗေဒစနစ်ကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် ချိန်ခွင်လျှာတည်ငြိမ် မျှတစေရန် လူသားများအနေဖြင့် မိမိတို့နေထိုင်ရာ သဘာဝပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံ မျိုးကွဲများ အား ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် "Wildlife Conservation Finance: Investing in People and Planet" တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတွက် လူနှင့်ကမ္ဘာကြီးအပေါ်တွင် ငွေကြေးရင်းနှီး စိုက်ထုတ်ကြဖို့ တိုက်တွန်းနိုးဆော်ထားပါကြောင်းနှင့် နှစ်ပေါင်းရှည်ကြာစွာ လူသားများနှင့် အတူ ယှဉ်တွဲနေထိုင်လာခဲ့ကြသည့် ဇီဝမျိုးစုံမျိုးကွဲများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးလိုအပ်လျှက်ရှိပါကြောင်း မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့ တွင် တိုက်တွန်းနိုး ဆော်သတိပေးလိုက်ရပါတယ်ရှင် 💁💚
‎
‎--------------------------------------
‎
‎Endangered Species Day
‎
‎Endangered Species Day is observed annually in May. This day serves as a reminder of how vulnerable certain animals, plants, and insects are to extinction. It aims to raise awareness about the importance of protecting these species and encourages people to learn about and take action for their conservation.
‎
‎The term "endangered" refers to a species whose population has declined significantly due to human or external influences, making them at risk of extinction in their natural habitats.
‎
‎A species is defined as a group of organisms in the animal or plant kingdoms that can interbreed and produce fertile offspring.
‎Countries around the world are making efforts to conserve endangered species by establishing wildlife sanctuaries, protected areas, zoos, and botanical gardens. Despite these efforts, many species of mammals, birds, reptiles, insects, aquatic animals, and plants continue to face threats due to human activities and other factors.
‎
‎Ecosystems, which have been functioning in balance for over 500 million years, are now deteriorating. To restore and maintain ecological balance, it is crucial for humans to protect the diverse species in their natural environments.
‎
‎This year's theme, "Wildlife Conservation Finance: Investing in People and Planet," emphasizes the need for financial investment in wildlife conservation. It highlights the importance of collective efforts to safeguard the biodiversity that has coexisted with humanity for generations. Endangered Species Day urges us to recognize the importance of biodiversity and take action to preserve it for future generations.
‎
‎
‎ #မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များနေ့

လူသားတို့၏ ဘဝခရီးလမ်းကိုသာမက၊ သက်ရှိလောကတစ်ခုလုံး၏ ဘဝခရီးလမ်းကို မေတ္တာအလင်းဖြင့် လမ်းပြလျက်၊ နွေးထွေးသော ကရုဏာအရိပ်ဖြင့...
10/05/2026

လူသားတို့၏ ဘဝခရီးလမ်းကိုသာမက၊ သက်ရှိလောကတစ်ခုလုံး၏ ဘဝခရီးလမ်းကို မေတ္တာအလင်းဖြင့် လမ်းပြလျက်၊ နွေးထွေးသော ကရုဏာအရိပ်ဖြင့် ထွေးပွေ့စောင့်ရှောက်ခဲ့သော 'မိခင်' များသည် ဤလောကဝယ် အနှိုင်းမဲ့သော အနန္တဂုဏ်ကျေးဇူးရှင်များ ဖြစ်ကြပါတယ်။

သားသမီးတို့၏ သုခကိုသာ ရှေးရှု၍၊ အနှိုင်းမဲ့သော ချစ်ခြင်းမေတ္တာတို့ဖြင့် ပေးဆပ်ပုံဖော်ပေးခဲ့သည့် မိခင်များ၏ ကျေးဇူးတရားသည် တိုင်းတာ၍မရနိုင်သော တန်ဖိုးတစ်ခုပင် ဖြစ်ပါတယ်။

ယနေ့ မေလ (၁၀) ရက်နေ့တွင် ကျရောက်သော အမေများနေ့ (Mother’s Day) အခါသမယတွင် ကမ္ဘာတစ်ဝှမ်းရှိ မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကာ မိမိတို့ မြေတောင်မြှောက်ပေးခဲ့သည့် သားသမီးများ၏ အောင်မြင်မှုကို အေးချမ်းစွာ ကြည့်ရှုခံစားနိုင်ပါစေကြောင်း ရိုသေစွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

သားသမီးများ၏ ဘဝအောင်မြင်မှုတိုင်းသည် မိခင်များ၏ မေတ္တာရိပ်အောက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အမြဲထာဝရ အောက်မေ့သတိရရင်း သဘာဝတရားနှင့် သက်ရှိလောကကို အလှဆင်ပေးသော မေတ္တာရှင် မိခင်များအားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။

#အမေများနေ့

✨ကုန်းနေသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်ကြီးတွေ တစ်နေ့တာ ဘာတွေစားသလဲ? 🐘🐘လူအများ စိတ်ဝင်တစား မေးမြန်းလေ့ရှိကြတဲ့ တိရစ္...
04/05/2026

✨ကုန်းနေသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်ကြီးတွေ တစ်နေ့တာ ဘာတွေစားသလဲ? 🐘

🐘လူအများ စိတ်ဝင်တစား မေးမြန်းလေ့ရှိကြတဲ့ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့မှာရှိတဲ့ ဆင်ကြီးတွေရဲ့ အစာပြင်ဆင်ကျွေးမွေးပုံနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးလိုပါတယ်ရှင်။

💚တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော အသီးအရွက်စား သတ္တဝါများထဲမှ ဆင်များကို အစာပြင်ဆင်ကျွေးမွေးရာတွင် အာဟာရပြည့်ဝမှု၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝဗီဇကို လှုံ့ဆော်ပေးနိုင်မှုတို့ ရရှိစေရန်အတွက် စနစ်တကျ စီမံဆောင်ရွက်ပေးလျက် ရှိပါတယ်။

🐘ဆင်များသည် အပင်စားသတ္တဝါများ ဖြစ်သည့် အလျောက် သဘာဝတောတောင်များထဲတွင် မြက်၊ အပင်ငယ်များ၊ ချုံပင်များ၊ သစ်သီးဝလံများ၊ သစ်ခေါက်နှင့် အပင်မြစ်များကို စားသုံးလေ့ရှိကြပါတယ်။ ဒါ့ကြောင့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ဆင်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန် သီးသန့်စနစ်တကျ ပြင်ဆင်ကျွေးမွေးလျက်ရှိပါတယ်။

🎯ဆင်များအတွက် အမျှင်ဓာတ် (Fiber) ရရှိမှုသည် အစာခြေစနစ်နှင့် သွားကျန်းမာရေး ကောင်းမွန်စေရန်အတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် သဘာဝနှင့် လိုက်လျောညီထွေဖြစ်စေရန် မြက်စို၊ မြက်ခြောက်များအပြင် ဂျုံဖွဲ၊ ထန်းလျက်၊ ဆား၊ ငှက်ပျောသီးနှင့် မုန်လာဥများကိုလည်း မျှတစွာ ကျွေးမွေးလျက်ရှိပါတယ်။

📍ပြင်ဆင် ကျွေးမွေးရာတွင် အရွယ်အစားအလိုက် အောက်ပါအတိုင်း ခွဲခြားသတ်မှတ်ထားပါတယ် -

အရွယ်ရောက်ဆင်တစ်ကောင်လျှင်: မြက်စို (၃၅၀) ပေါင်၊ ဂျုံဖွဲ (၅) ပေါင်၊ ထန်းလျက် (၁၀) ကျပ်သားနှင့် ဆား (၁၀) ကျပ်သား။

ဆင်ငယ်တစ်ကောင်လျှင်: မြက်စို (၃၀၀) ပေါင်၊ ဂျုံဖွဲ (၃) ပေါင်၊ ထန်းလျက် (၅) ကျပ်သားနှင့် ဆား (၅) ကျပ်သား …… တို့ကို မျှတစွာ ကျွေးမွေးလျှက်ရှိပါတယ်။

📌ထိန်းသိမ်းစောင့်ရှောက်ထားသော ဆင်များအတွက် လိုအပ်သည့် အာဟာရဓာတ်များ လုံလောက်စွာရရှိစေရန် ဗီတာမင် (Vitamin) နှင့် အမျှင်ဓာတ်များကို မျှတစွာ ကျွေးမွေးလျက်ရှိပါတယ်။ ဆင်များသည် အမျှင်ဓာတ်များသော အစားအစာများကို အမြောက်အမြား စားသုံးရသူများ ဖြစ်ကြသဖြင့် တစ်ခါတရံ အစာမကျေခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းမျိုး ဖြစ်တတ်ပါတယ်။

👉ဒါ့ကြောင့် ဝမ်းလွယ်ကူစွာ သွားနိုင်ရန်နှင့် အစာအိမ်နှင့် အူလမ်းကြောင်းကို သန့်စင်ပေးနိုင်ရန်အတွက် တစ်ပတ်လျှင် တစ်ကြိမ် (ဆင် ၆ ကောင်အတွက် မန်ကျည်းသီး ၂ ပိဿာနှုန်းဖြင့်) အစာထဲတွင် ရောနှော၍ ထည့်သွင်း ကျွေးမွေးပါတယ်။

💁မန်ကျည်းသီးကျွေးခြင်းဖြင့် အစာဟောင်းများကို စွန့်ထုတ်ရ လွယ်ကူစေသည့်အပြင် ၎င်းတွင်ပါဝင်သော ဗီတာမင်စီ (Vitamin C) နှင့် အခြားသတ္တုဓာတ်များက ဆင်များ၏ ကိုယ်ခံအားစနစ်ကိုလည်း များစွာအထောက်အကူပြုစေပါတယ်။

🐘ဆင်များ၏ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် မျက်စဉ်းခပ်ပေးခြင်း၊ ခြေသည်းလက်သည်းများ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အပတ်စဉ် အားဆေးတိုက်ကျွေးခြင်းနှင့် (၃) လတစ်ကြိမ် သံချဆေးတိုက်ကျွေးခြင်း စသည့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။

✌️ဒါ့ပြင် ဆင်တစ်ကောင်ချင်းစီ၏ အခြေအနေအပေါ်မူတည်၍ သီးခြားလိုအပ်ချက်များရှိပါက ဖြည့်စွက်စာ (Supplement) များ ထပ်မံတိုက်ကျွေးလေ့ရှိပါတယ်။ ကျွေးမွေးထားသည့် အစာများကို ကုန်စင်အောင် စားသောက်ခြင်း ရှိ၊ မရှိကိုလည်း အမြဲမပြတ် အကဲဖြတ်ပြီး ဆင်များ၏ ကျန်းမာရေးဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ ထားရှိကာ အာဟာရ ပြည့်ဝစေရန် အနီးကပ် ကြီးကြပ်ကျွေးမွေးလျက် ရှိပါတယ်။

🍃သဘာဝတောတောင်များထဲတွင် နေထိုင်ကျက်စားလေ့ရှိသော ဆင်များသည် တစ်နေ့လျှင် (၁၆) နာရီမှ (၁၈) နာရီခန့်အထိ အချိန်ပေးကာ အစာစားတတ်သည့် သတ္တဝါများဖြစ်ပြီး၊ တစ်နေ့လျှင် အစာအလေးချိန် ပေါင် (၃၃၀) မှ (၃၇၅) ပေါင်ခန့်အထိ စားသုံးလေ့ရှိကြပါတယ်။

🍀ဆင်များသည် ကမ္ဘာပေါ်တွင် အရွယ်အစားအကြီးဆုံး ကုန်းနေနို့တိုက်သတ္တဝါများ ဖြစ်ပါတယ်။ ၎င်းတို့၏ နှာမောင်းတွင် ကြွက်သားအမျှင်ပေါင်း (၄၀,၀၀၀) ကျော် ပါဝင်သောကြောင့် အလွန်သန်မာကြပြီး ထူးခြားသော လက္ခဏာများမှာ ရှည်လျားသည့် နှာမောင်း၊ အစွယ်၊ ကြီးမားသည့် နားရွက်များနှင့် တုတ်ခိုင်လှသည့် ခြေထောက်များပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ဆင်တို့၏ အရေပြားမှာ ထူထဲသော်လည်း ထိတွေ့မှုကို ခံစားလွယ်ကြပြီး၊ အမြင်အာရုံ အားနည်းသော်လည်း အနံ့ခံအာရုံနှင့် အကြားအာရုံတို့မှာမူ လွန်စွာ ထူးကဲ ကောင်းမွန်ကြပါတယ်။

🐘ဆင်များသည် သဘာဝတောတောင်များထဲတွင် မြက်၊ အပင်ငယ်များ၊ ချုံပင်များ၊ သစ်သီးဝလံများ၊ သစ်ခေါက်နှင့် အပင်မြစ်များကို ရှာဖွေစားသောက်တတ်သည့် သဘာဝရှိပါတယ်။

❗️ဒါ့ကြောင့် တိရစ္ဆာန်ဥယျာဉ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ဆင်များအတွက်လည်း သဘာဝအတိုင်း ရှာဖွေဖမ်းယူ စားသောက်တတ်သည့် အလေ့အထနှင့် လှုံ့ဆော်မှုများ ရရှိစေရန် Feeding Enrichment အစီအစဉ် အနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် မုန်လာဥနီ ၅၀ ကျပ်သားနှင့် ပြောင်းဖူး ၁၀ ဖူးတို့ကို ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်ကျွေးမွေးလျက်ရှိပါတယ်။

🙇‍♀️ယခုဖော်ပြပါ အချက်အလက်များသည် တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များ၏ တစ်နေ့တာ အာဟာရမှတ်တမ်းများမှတစ်ဆင့် အစာပြင်ဆင်ကျွေးမွေးပုံနှင့် ပတ်သက်၍ ဗဟုသုတရရှိနိုင်ရန် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

🙆ဆင်များ၏ တစ်နေ့တာ အာဟာရစနစ်၊ နေထိုင်မှုပုံစံနှင့် သဘာဝအလေ့အကျင့်များကို ပိုမိုအသေးစိတ် လေ့လာလိုပါက တိရစ္ဆာန်ဥယျာဉ်များသို့ လာရောက်လည်ပတ်ကြပါရန် နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်ရှင်။🎊

👷‎Happy International Labours' Day‎✍️‎​ယနေ့ မေလ ( ၁ ) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လောကကြီးအာ...
01/05/2026

👷‎Happy International Labours' Day

‎
✍️‎​ယနေ့ မေလ ( ၁ ) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လောကကြီးအား ပိုမိုကောင်းမွန်အောင် ထုဆစ်နေကြသည့် အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များ အားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။
‎
‎
✨‎​အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များ အားလုံး ခွန်အားသစ်များဖြင့် ရှေ့ဆက်ရင်း အခက်အခဲများကို ကြံ့ကြံ့ခိုင်ခိုင် ကျော်ဖြတ်ကာ အောင်မြင်မှုအသစ်များအား ရရှိပိုင်ဆိုင်နိုင်ပါစေရှင်။

Happy International Labour Day!

​On this May 1st, International Labour Day, I respectfully honor all workers, employees, and professionals who are shaping the world for the better.

​May all workers, employees, and professionals move forward with renewed strength, resiliently overcome every challenge, and achieve new heights of success.

‎​

"ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် စိတ်နှလုံး အေးချမ်းကြပါစေ"🙏ယနေ့သည် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆ...
30/04/2026

"ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် စိတ်နှလုံး အေးချမ်းကြပါစေ"

🙏ယနေ့သည် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးမြတ် ဖြစ်ပါတယ်။

✨ထိုကဲ့သို့ နေ့ထူးနေ့မြတ် အချိန်အခါ သမယတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မေတ္တာရိပ်၌ ခိုလှုံကာ မိဘပြည်သူအပေါင်း ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားများ တိုးတက် အောင်မြင်ကြပါစေကြောင်း လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

🎊မင်္ဂလာရှိသော ကဆုန်လပြည့်နေ့ အားလပ်ရက်မှာ ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း သဘာဝတရားနှင့်အတူ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

28/04/2026
💦နှစ်သစ်မင်္ဂလာ အခါသမယတွင် ပျော်ရွှင်ခြင်းအပေါင်း ခညောင်းပါစေ✨🍃အတာသင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ...
13/04/2026

💦နှစ်သစ်မင်္ဂလာ အခါသမယတွင် ပျော်ရွှင်ခြင်းအပေါင်း ခညောင်းပါစေ✨

🍃အတာသင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ သင်္ကြန်ရေအေးအေးလေးနှင့အတူ နှစ်ဟောင်းမှ အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ လန်းဆန်းတက်ကြွတဲ့ စိတ်ဓာတ်တွေ၊ အောင်မြင်မှုအသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။🙏🙏

☘️မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း မိသားစု၊ မိတ်ဆွေသင်္ဂဟများနှင့်အတူ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် လာရောက်လည်ပတ်ကြဖို့ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။🙇‍♀️🙇‍♀️

#အတာသင်္ကြန် #နှစ်သစ်ကူးဆုတောင်း

တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ - Zoo Lovers Day (April 8) နှစ်စဉ် ဧပြီလ (၈) ရက်နေ့ ဟာ တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို တ...
08/04/2026

တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ - Zoo Lovers Day (April 8)

နှစ်စဉ် ဧပြီလ (၈) ရက်နေ့ ဟာ တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထား မြတ်နိုးသူတွေအတွက် ထူးခြားတဲ့ "Zoo Lovers Day" ပဲ ဖြစ်ပါတယ်။

ဒီနေ့ဟာ တိရစ္ဆာန်ဥယျာဉ်တွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသလို၊ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လူတိုင်း ပူးပေါင်းပါဝင်လာဖို့ တိုက်တွန်းနှိုးဆော်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ယခင်က တိရစ္ဆာန်ဥယျာဉ်တွေကို အပန်းဖြေ ဖျော်ဖြေရေးနေရာတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြပေမဲ့၊ ယနေ့ခေတ်မှာတော့ သဘာဝထိန်းသိမ်းရေးဗဟိုချက်များ (Conservation Centers) အဖြစ် အသွင်ပြောင်းလဲလာခဲ့ပါပြီ။

ယနေ့ခေတ် တိရစ္ဆာန်ဥယျာဉ်တွေဟာ-

- Safe Haven: မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာဖြစ်ခြင်း။

- Research & Education: တိရစ္ဆာန်ဗေဒဆိုင်ရာ သုတေသနလုပ်ငန်းတွေနဲ့ လူထုအသိပညာပေး သင်ကြားရေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်း။

- Breeding & Reintroduction: မျိုးဆက်ပြတ်တောက်မသွားအောင် စနစ်တကျ မျိုးပွားမွေးမြူပြီး (Captive Breeding)၊ သဘာဝတောတောင်တွေထဲသို့ ပြန်လည်စေလွှတ်ခြင်း (Species Reintroduction)။

- Genetic Research: မျိုးရိုးဗီဇဆိုင်ရာ သုတေသနပြုချက်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ရေရှည်ရှင်သန်နိုင်ဖို့ ကြိုးပမ်းခြင်း …. အနေဖြစ် အဓိက အခန်းကဏ္ဍတို့မှ ပါဝင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

Zoo Lovers Day ဟာ တိရစ္ဆာန်တွေကို ဂုဏ်ပြုရုံတင်မကဘဲ နောင်လာနောက်သားတွေအတွက် တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို လက်ဆင့်ကမ်းနိုင်ဖို့ အားထုတ်ကြတဲ့နေ့ ဖြစ်ပါတယ်။

တာဝန်သိ တိရစ္ဆာန်ဥယျာဉ်တွေကို ပံ့ပိုးကူညီခြင်း၊ တိရစ္ဆာန်ဥယျာဉ်များသို့ သွားရောက်လည်ပတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်တွေမှာ ပါဝင်လှူဒါန်းခြင်း ဒါမှမဟုတ် အသိပညာပေးခြင်း စတာတွေဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ်က အံ့မခန်း သတ္တဝါလေးတွေ နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေမှာပါ။

ဒီနေ့မှာ ကျရောက်တဲ့ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ကနေစပြီး သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်းပါဝင် ဆင်နွှဲကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ 🐾💚



Zoo Lovers Day – April 8
Every year on April 8th, we celebrate "Zoo Lovers Day," a special day for those who cherish animals and the natural environment. This day highlights the vital role of zoos and serves as a call to action for everyone to participate in wildlife protection and global environmental conservation efforts.

While zoos were once viewed primarily as places for public entertainment, they have evolved into essential Conservation Centers in the modern era.

Today, zoos play a critical role through several key functions:
Safe Haven: Providing a secure sanctuary for endangered species.
Research & Education: Conducting zoological research and providing public education programs.

Breeding & Reintroduction: Implementing systematic Captive Breeding programs to prevent extinction and managing Species Reintroduction into the wild.
Genetic Research: Carrying out genetic studies to ensure the long-term survival of wildlife.

Zoo Lovers Day is more than just a celebration of animals; it is a commitment to preserving wildlife and biodiversity for future generations. By supporting responsible zoos, visiting them, donating to conservation programs, or spreading awareness, we all contribute significantly to ensuring that the world's most magnificent creatures thrive for years to come.
On this Zoo Lovers Day, we invite you to join us in our efforts to protect the environment and conserve wildlife. 🐾💚

Address

Between Yangon-Mandalay Old Highway Between 256/2 And 257/0 Miles Near Ye Sein Dam
Naypyidaw

Alerts

Be the first to know and let us send you an email when Naypyitaw Zoological Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naypyitaw Zoological Garden:

Share

Category