Naypyitaw Safari-ဆာဖာရီဥယျာဉ်

Naypyitaw Safari-ဆာဖာရီဥယျာဉ် The area is 291.52 acres in total and the area was selected based on natural tree compositions, topo Public & Government Service

တိရစ္ဆာန်ဥယျာဥ် (နေပြည်တော်)တွင် ၂၀၂၅ ခုနှစ် ၊ သြဂုတ်လ(၂၉) ရက်နေ့၌ နေပြည်တော်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) မ...
16/09/2025

တိရစ္ဆာန်ဥယျာဥ် (နေပြည်တော်)တွင် ၂၀၂၅ ခုနှစ် ၊ သြဂုတ်လ(၂၉) ရက်နေ့၌ နေပြည်တော်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း) မှ နောက်ဆုံးနှစ်ကျောင်းသား/ သူ (၉) ဦးတို့သည် “Welfare Assessment of Some Captive Animals in Nay Pyi Taw Zoo” ခေါင်းစဉ်ဖြင့် တောရိုင်းတိရစ္ဆာန် နှင့် ရေနေသတ္တဝါဆိုင်ရာရောဂါဗေဒဌာနတွင် ဘွဲ့ယူကျမ်းတင်သွင်းရန်အတွက် ဆင်ပြကွက် နှင့် ဝါလာဘီပြကွက်များ၌ ကွင်းဆင်း သုတေသန ပြုလုပ်ခဲ့ကြပါသည် ။

ထိုသို့ သုတေသနဆိုင်ရာလုပ်ငန်းများတွင် ထောက်ပံ့ပေးခြင်းသည် တိရစ္ဆာန်ဥယျာဥ်၏ ရည်ရွယ်ချက် များထဲမှ တစ်ခုဖြစ်ပြီး ကျောင်းသား/သူများ၏ ကွင်းဆင်း သုတေသနဆိုင်ရာ လုပ်ငန်းများ အတွက် တိရစ္ဆာန်ဥယျာဥ် (နေပြည်တော်)ရှိ တာဝန်ရှိသူ အသီးသီးမှ လိုအပ်သည်များကိုလည်း ထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသည် ။

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက...
13/09/2025

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏

✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇‍♀️🙇‍♂️

🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚

-----------------------------------------------------------------

🐯🐒🐢ဆာဖာရီဥယျာဥ် ( နေပြည်တော် ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨

📍ဝင်ကြေးများမှာ……
လူကြီး - ၂၅၀၀ ကျပ် ၊
ကလေး - ၁၅၀၀ ကျပ် ဖြစ်ပါသည်။ 🎉🎉

👉အသေးစိတ်သိရှိလိုသမျှကို
Hot Line Number
☎️ 09 445 200 094 ...... ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌

🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ ဆာဖာရီဥယျာဥ် ( နေပြည်တော် ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁‍♂️

🔹 LinkedIn Page
https://www.linkedin.com/company/naypyitawzooandsafari/

🔹 Telegram Channel
https://t.me/nptsafari

🔹 Instagram
https://www.instagram.com/naypyitaw_zooandsafari?igsh=MTZpeGU3cWwyaHRqcw==

🔹 YouTube
https://youtube.com/?si=NH0JCIeg5ErmbN9M

🔹 Tik Tok
https://www.tiktok.com/?_t=ZS-8yQG324Nw8o&_r=1

🔹 Website
http://www.nptzoosafari.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆‍♂️🙆

✨💚 ရေမြင်းတွေရဲ့ သဘာဝနှင့် ဗီဇအတွင်းမှာသာ တွေ့နိုင်တဲ့ “Parental Investment Period” ဟု ခေါ်သော မိဘမှ သားသမီးကို ပြုစုပျိ...
10/09/2025

✨💚 ရေမြင်းတွေရဲ့ သဘာဝနှင့် ဗီဇအတွင်းမှာသာ တွေ့နိုင်တဲ့ “Parental Investment Period” ဟု ခေါ်သော မိဘမှ သားသမီးကို ပြုစုပျိုးထောင်ပေးရသည့် ကာလ ၏ အကြောင်း အရာများကို သိပြီး ကြပြီလားရှင့်?💁💁‍♂️


🌊ရေကို အလွန်နှစ်သက်ပြီး မိတ်လိုက်ခြင်း၊ သားပေါက်ခြင်း နှင့် နို့တိုက်ခြင်းတို့ကို ရေထဲမှာပဲ ပြုလုပ်လေ့ရှိသော ရေမြင်းတို့၏ “ Parental Investment Period ” မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အချက်တွေအများကြီး ရှိနေပါတယ် ။🥰🥰


🥰🥰အထူးသဖြင့် သူတို့၏ “Parental Investment Period” တွင် တွေ့နိုင်သော အချက်အလက်များမှာ .....

✅ ကိုယ်ဝန်ဆောင်ကာလဟာ (၈) လခန့်ကြာမြင့်တတ်ခြင်း ။

✅ တစ်ကြိမ်မွေးဖွားချိန်တွင် တစ်ကောင်တည်းသာ မွေးဖွားခြင်း ။

✅ ရေမြင်းငယ်များသည် မိခင်နို့ကို အသက် (၆ - ၈) လအထိ သောက်သုံးခြင်း ။

✅ မိခင်နှင့်အတူ အသက် (၁.၅) နှစ်မှ (၂) နှစ်အထိ နီးစပ်စွာနေထိုင်တတ်ခြင်း ။

✅ ရေမြင်းငယ်တွေဟာအသက် ၃နှစ်ခွဲ မှာ maturity ဖြစ်ပြီး မိတ်လိုက် မျိုးပွားခြင်းတို့ကို စတင်လုပ်ဆောင်ကြခြင်း ...... စသည့် အချက်အလက်တွေဟာ ရေမြင်းတို့၏ သဘာဝ နှင့် ဗီဇ တွင်သာ တွေ့နိုင်မည့် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေပဲ ဖြစ်ပါတယ် ။ 🥰🥰

👉💚ဒီလို စိတ်ဝင်စားဖွယ်ရာ ရေမြင်းတွေရဲ့ သဘာဝကို ကိုယ်တိုင် လေ့လာချင်သူတွေအတွက် ဆာဖာရီဥယျာဥ် (နေပြည်တော် ) တွင် ချစ်စဖွယ် ရေမြင်းမိသားစုလေးကို အခုပဲ လာရောက် ကြည့်ရှု နိုင်ပါပြီရှင် ။💁💁‍♂️

--------------------------------------------------------------------

🐯🐒🐢ဆာဖာရီဥယျာဥ် ( နေပြည်တော် ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၅ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨

📍ဝင်ကြေးများမှာ……
လူကြီး - ၂၅၀၀ ကျပ် ၊
ကလေး - ၁၅၀၀ ကျပ် ဖြစ်ပါသည်။ 🎉🎉

👉အသေးစိတ်သိရှိလိုသမျှကို
Hot Line Number
☎️ 09 445 200 094 ...... ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌

🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ ဆာဖာရီဥယျာဥ် ( နေပြည်တော် ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁‍♂️

🔹 LinkedIn Page
https://www.linkedin.com/company/naypyitawzooandsafari/

🔹 Telegram Channel
https://t.me/nptsafari

🔹 Instagram
https://www.instagram.com/naypyitaw_zooandsafari?igsh=MTZpeGU3cWwyaHRqcw==

🔹 YouTube
https://youtube.com/?si=NH0JCIeg5ErmbN9M

🔹 Tik Tok
https://www.tiktok.com/?_t=ZS-8yQG324Nw8o&_r=1

🔹 Website
http://www.nptzoosafari.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆‍♂️

09/09/2025

ဉာဏ်စမ်း ပျော်ရွှင် Quiz time အစီအစဥ် ရဲ့ အဖြေမှန်က ဘာဖြစ်မလဲဆိုတာကြည့်ရှုပေးပါဦးရှင်🥰🥰

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက...
06/09/2025

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏

✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇‍♀️🙇‍♂️

🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚

အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့ International Vulture Awareness Day - September (6)ကမ္ဘာပေါ်တွ...
06/09/2025

အပြည်ပြည်ဆိုင်ရာ လင်းတထိန်းသိမ်းရေး အသိပညာမြှင့်တင်ရေးနေ့
International Vulture Awareness Day - September (6)

ကမ္ဘာပေါ်တွင် ကမ္ဘာဟောင်းလင်းတ နှင့် ကမ္ဘာသစ်လင်းတဟူ၍ နှစ်မျိုးခွဲခြားထားပြီး စုစုပေါင်း လင်းတမျိုးစိတ် (၂၃) မျိုးရှင်သန်ပေါက်ဖွားနေထိုင်ပါသည် ။ ကမ္ဘာဟောင်းလင်းတများ ကို အာရှ ၊ အာဖရိက နှင့်ဉရောပတိုက်တို့တွင် တွေ့ရှိရပြီး အမေရိကနှင့် ကာရေဘီယံတို့တွင် ကမ္ဘာ သစ် လင်းတမျိုးစိတ်များကို တွေ့ရှိရပါသည် ။

မြန်မာနိုင်ငံတွင် လင်းတမျိုးစိတ် (၆) မျိုးကို တွေ့ရှိရပါသည် ။ မြန်မာနိုင်ငံတွင်တွေ့ရသော လင်းတ (၆) မျိုးမှာ လင်းတနှုတ်သီးရှည် ၊ လင်းတကျောဖြူ ၊ လင်းတခေါင်းနီ ၊ ဟိမဝန္တာလင်းတ ၊ လင်းတဖြူ နှင့် လင်းတမဲတို့ကို တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် လင်းတများကို ကချင် ၊ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ် ၊ ရှမ်း ပြည်နယ် တို့တွင် တွေ့ရှိရသော်လည်း အကောင်ရေ တဖြည်းဖြည်းလျော့နည်း ကျဆင်းလာပြီး ယခုအခါ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ တွေ့ရှိရပါတော့သည်။

ဆီအုန်းစားသော လင်းတမျိုးစိတ် (Palm nut vulture) တစ်မျိုးမှလွဲ၍ ကျန်သောလင်းတ မျိုးစိတ် အားလုံးသည် တိရစ္ဆာန်အသေကောင်များကိုသာ စားလေ့ရှိပြီး အချို့သော လင်းတမျိုးစိတ် များသည် ငှက်ငယ်များ ၊ အင်းဆက်များ နှင့် ကြွက်များကဲ့သို့သော သားကောင်ငယ်များကိုလည်း အမဲလိုက်၍ ဖမ်းဆီး စားသောက်တတ်ပါသည်။

လင်းတများသည် ၎င်းတို့နေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရှိ ဇီဝမျိုးစုံ မျိုးကွဲများ၏ ထူးခြား သောလက္ခဏာ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ရှိ အသေကောင်များ နှင့် အခြားသော အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်းဖြင့် အရေးကြီးသော ဂေဟစနစ်ဝန်ဆောင်မှုများ ကိုလုပ်ဆောင်နေသည့် ငှက်များလည်း ဖြစ်ကြပါသည်။ ထို့ကြောင်း လင်းတများကို သဘာဝတရားကြီး အား အခမဲ့ သန့်ရှင်းရေးပြုလုပ်ပေးနေသူများ 'Nature's Clean-Up Crew' ဟု မကြာခဏ ရည်ညွှန်း တင်စား ခေါ်ဝေါ်လေ့ရှိကြပါသည်။

လေ့လာတွေ့ရှိချက် များအရ လင်းတ မရှိသော နေရာများ တွင် အသေ ကောင်များသည် ဆွေးမြေ့ရန် သုံးဆ (သို့မဟုတ်) လေးဆအထိ ကြာမြင့်ကြောင်း၊ တောရိုင်း တိရစ္ဆာန်များနှင့် အိမ်မွေး တိရစ္ဆာန်များ တွင် ရောဂါ ပြန့်ပွားမှု ကြီးမားသည့် သက်ရောက်မှုများရှိ နေပြီး လူသားများအတွက်ပါ ရောဂါပိုး အန္တရာယ် မြင့်မားစေနိုင်ကြောင်း သိရှိရပါသည်။

ထို့အပြင်လူသားများ၏ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး စသည်တို့ကို ဖျက်ဆီးခြင်း မရှိဘဲ လူသား တို့အတွက် ရောဂါဖြစ်လာနိုင်သော အသေကောင်ပုတ်များကို စားသုံး ပေးခြင်းဖြင့် ခွေးရူးရောဂါ နှင့် တီဘီရောဂါ ကဲ့သို့သော ရောဂါများပျံ့ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် လူသားများကို များစွာကူညီပေးနေသော ငှက်မျိုးစိတ်များ ဖြစ်ကြပါသည်။

လင်းတများသည် ဂေဟဗေဒအရ အရေးပါသောငှက်မျိုးစိတ်များဖြစ်ကြပြီး ယင်းတို့ ကျက်စား နေထိုင်ရာ နေရာအများအပြားတွင် ခြိမ်းခြောက်မှု အမျိုးမျိုးဖြစ်သော နေထိုင်ရာနေရင်း ဒေသ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာခြင်း၊ လူအများ အခြေချနေထိုင်လာခြင်းများ နှင့် နေရင်းဒေသများ ပျက်စီးဆုံးရှုံးလာခြင်း၊ ဓာတုဆေးဝါးများ အသုံးပြုသည့်အတွက် အဆိပ်သင့် သေဆုံးနေသော အသေကောင်များကို စားသုံးမိခြင်း၊ အစားအစာရရှိရန် ခက်ခဲလာခြင်း တို့ကြောင့် လင်းတမျိုးစိတ် (၂၃) မျိုးအနက် ထက်ဝက်ကျော်မှာ ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရပြီး အချို့သောမျိုးစိတ်များမှာ မျိုးသုဉ်းလုနီးပါးအန္တရာယ် နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။

သို့ဖြစ်ပါ၍ သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပြီး သဘာဝ ပတ်ဝန်းကျင်ကို အခမဲ့ သန့်ရှင်းရေး ပြုလုပ်ပေးနေသည့်အပြင် ကူးစက်ရောဂါများကို မပြန့်ပွားစေရန် ထိန်းချုပ်ပေးနေသည်ကို အခမဲ့ဝန်ဆောင်မူပေးနေသည့် စည်ပင်သာယာ လင်းတ ငှက်များ မျိုးသုဉ်း ပျောက်ကွယ် မသွားစေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ် ပါကြောင်း အပြည်ပြည်ဆိုင်ရာ လင်းတများ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာမြှင့်တင်ရေး နေ့တွင် လင်းတများအကြောင်း သိကောင်းစရာ အချက်အလက်များအား ဝေမျှလိုက်ရပါသည်။



🎖️Htoo Zoos & Gardens Business Unit တွင် ထိုင်းနိုင်ငံမှ  ‌Dr.Visit Arsaithamkul နှင့် Chaing Mai တိရစ္ဆာန်ဥယျာဉ်မှ အာဟာ...
04/09/2025

🎖️Htoo Zoos & Gardens Business Unit တွင် ထိုင်းနိုင်ငံမှ ‌Dr.Visit Arsaithamkul နှင့် Chaing Mai တိရစ္ဆာန်ဥယျာဉ်မှ အာဟာရဗေဒပညာရှင် ( Nutritionist ) Miss Somprattana Sirikulpan တို့အား ပင့်ဖိတ်၍ 2-9-2025 မှ 4-9-2025 အထိ တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)၏ ရှင်းလင်းဆောင်တွင် Zoo Animals Nutrition Workshop အား ကျင်းပပြုလုပ်ခဲ့ပါသည် ။ 👏👏

👉💚တိရစ္ဆာန်ဥယျာဥ် ဆိုသည်မှာ တောရိုင်းတိရစ္ဆာန်များကို မျိုးသုဥ်း ပျောက်ကွယ်သွားခြင်း (Extinction) မရှိ​စေရေး အတွက် ကြိုးစား၍ ထိန်းသိမ်း ကာကွယ် စောင့်‌ရှောက်နေကြသော ရှေ့တန်းတိုက်စစ်မှူးများ ဖြစ်ကြပါသည် ။ ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက် သည့်အခါ Animals Welfare ဆိုသည့် တိရစ္ဆာန်များ၏ ကောင်းကျိုးချမ်းသာ သုခကို ခံစားရ‌ရှိရေးသည် အလွန် အရေးပါ အရာရောက်ပြီး တောရိုင်းတိရစ္ဆာန်များ၏ အာဟာရဗေဒ ( Nutrition ) သည်လည်း တိရစ္ဆာန်ဥယျာဥ်များ၏ ရေရှည်ဖွင့်ဖြိုးတိုးတတ်မှုအတွက် အသက်တမျှ အရေးကြီးသော အစိတ် အပိုင်း ( Vital Role )မှ ပါဝင်နေပါသည် ။ 💚👈

👉💚 မျိုးသုဥ်းလုနီးပါး မျိုးစိတ်များကို ထိန်းသိမ်းကာကွယ် စောင့်‌‌ရှောက်ခြင်းသည် ခေတ်သစ် တိရစ္ဆာန်ဥယျာဥ်များ၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည် ။ တိရစ္တာန်ဥယျာဥ်အတွင်းရှိ တိရစ္ဆာန်များအတွက် ၎င်းတို့မျိုးစိတ် တစ်ခုချင်းအလိုက် သဘာဝအတိုင်း ကောင်းမွန် မှန်ကန်သော အစားအစာများကို ရွေးချယ် ကျွေးမွေးပေးခြင်းသည် Nutrition ၏ အခြေခံအုတ်မြစ်ဖြစ်ပါသည် ။ 💚👈

🏅ယခုကျင်းပနေသည့် Nutrition Workshop မှ ရရှိလာမည့် အသိပညာများသည် တိရစ္ဆာန်မျိုးစိတ်အလိုက် သင့်တော်သော အာဟာရပြည့်ဝသည့် အစားအစာများ ကျွေးမွေးနိုင်ရန် ၊ ရောဂါ ဘယများကင်းရှင်းစေရန် ၊ သက်တမ်းရှည်ကြာစွာနေနိုင်ရန် နှင့် ကောင်းကောင်း မွန်မွန် အောင်မြင်စွာ သားဖောက်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အသိပညာများအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည် ။ 🥰🥰

🎯ကျန်းမာသည့် တိရစ္ဆာန်များသည် ပိုမိုတတ်ကြွကြပြီး ဧည့်သည်များ အတွက် ပညာပေးလုပ်ငန်းများတွင်ပါဝင်ကာ ဥပမာ (Keeper Talk) ကဲ့သို့ အစီအစဥ်များဖြင့် ဧည့်သည် ပရိတ်သတ်အား ပိုမို ဆွဲဆောင် နိုင်စွမ်းများ ရှိလာပါသည် ။ 🥰🥰

🎯ကမ္ဘာ့တိရစ္ဆာန်ဥယျာဥ်များ နှင့် ငါးပြတိုက်များဆိုင်ရာ အသင်းအဖွဲ့ကြီး ( WAZA )သည် တိရစ္ဆာန်များ၏ ကျန်းမာရေး နှင့် အာဟာရ စီမံ ခန့်ခွဲမှုများကို အလေးထား ဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့ကြီး ဖြစ်ပါသည် ။ မိမိတို့ နိုင်ငံရှိ တိရစ္ဆာန်ဥယျာဥ်များ၏ လူပ်ဆောင်မှုများ ဥပမာ (Nutrition Workshop) များ ဆောင်ရွက်ခြင်းသည် နိုင်ငံတကာ တိရစ္ဆာန်ဥယျာဥ်အဖွဲ့အစည်းများမှ လက်ခံကာ ယုံကြည်မှု ရှိလာစေပြီး ထိုလုပ်ဆောင်ချက်များသည် နိုင်ငံတကာ အဆင့်မှီ တိရစ္ဆာန်ဥယျာဥ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခု ပင်ဖြစ်ပါသည် ။ 🥰🥰

💚🎉ဤကဲ့သို့ Nutrition Workshop ကို ပြန်လည် စီစစ်ဆောင်ရွက်သည့်အတွက် တောရိုင်းတိရစ္ဆာန်များအတွက် မလိုလားအပ်သည့် အစားအစာများ အချည်းနှီး ဖြစ်မှုများကို လျော့ချနိုင်ပြီး ကုန်ကျစရိတ်များကိုလည်း လျော့စေနိုင်သည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည် ။ ဤကဲ့သို့ Nutrition Workshop ကိုဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများအတွက်လည်း ခေတ်မီပြီး လက်တွေ့ကျသည့် အသိပညာများ သင်ယူ တတ်မြောက်နိုင်ပြီး တိရစ္ဆာန်ဥယျာဥ်၏ အနာဂတ် အတွက်လည်း ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ပါသည် ။ 🥰🥰

👉💚ဤကဲ့သို့ Nutrition Workshop အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် တိရစ္ဆာန်ဥယျာဥ်၏ ဂုဏ်သိက္ခာ ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို မြင့်တင်ပေးပြီး ရေရှည်မှာ ကြီးမားသော အကျိူးကျေးဇူး ရရှိစေမှာ ဖြစ်ပါသည် ။💚👈


😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက...
30/08/2025

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏

✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇‍♀️🙇‍♂️

🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚

--------------------------------------------------------

🐯🐒🐢ဆာဖာရီဥယျာဥ် ( နေပြည်တော် ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨

📍ဝင်ကြေးများမှာ……
လူကြီး - ၂၅၀၀ ကျပ် ၊
ကလေး - ၁၅၀၀ ကျပ် ဖြစ်ပါသည်။ 🎉🎉

👉အသေးစိတ်သိရှိလိုသမျှကို
Hot Line Number
☎️ 09 445 200 094 ...... ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌

🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ ဆာဖာရီဥယျာဥ် ( နေပြည်တော် ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁‍♂️

🔹 LinkedIn Page
https://www.linkedin.com/company/naypyitawzooandsafari/

🔹 Telegram Channel
https://t.me/nptsafari

🔹 Instagram
https://www.instagram.com/naypyitaw_zooandsafari?igsh=MTZpeGU3cWwyaHRqcw==

🔹 YouTube
https://youtube.com/?si=NH0JCIeg5ErmbN9M

🔹 Tik Tok
https://www.tiktok.com/?_t=ZS-8yQG324Nw8o&_r=1

🔹 Website
http://www.nptzoosafari.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆‍♂️🙆

Address

Between Yangon-Mandalay Old Highway Between 256/2 And 257/0 Miles Near Ye Sein Dam
Naypyidaw

Alerts

Be the first to know and let us send you an email when Naypyitaw Safari-ဆာဖာရီဥယျာဉ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Naypyitaw Safari-ဆာဖာရီဥယျာဉ်:

Share

Category