29/05/2026
🦦🌍 World Otter Day (ကမ္ဘာ့ဖျံများနေ့) 🌿💧
ဖျံများအကြောင်း လူအများ ပိုမိုသိရှိလာစေရန်နှင့် ၎င်းတို့၏ သဘာဝနေရင်းဒေသများကို ကာကွယ်စောင့်ရှောက်ခြင်း၏ အရေးပါမှုကို သတိပြုမိစေရန်အတွက် မေလ၏ နောက်ဆုံးပတ်တွင် ကမ္ဘာ့ဖျံများနေ့ကို နှစ်စဉ်ကျင်းပကြသည်။ ဖျံများသည် ကမ္ဘာတစ်ဝှမ်းရှိ မြစ်ချောင်းများ၊ ရေဝပ် ဒေသများ၊ ကန်များနှင့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသော ဆော့ကစားတတ်သည့် ဉာဏ်ကောင်းသည့်အပြင် ဂေဟစနစ်အတွက်အရေးပါလှသည့် တိရစ္ဆာန်များ ဖြစ်ကြသည်။ ကမ္ဘာ့ဖျံ များနေ့တွင် လူတို့အား ဖျံများအကြောင်း ပိုမိုလေ့လာရန်နှင့် နောင်လာနောက်သား မျိုးဆက်များ တိုင်အောင် ဖျံများရှင်သန်ကျန်ရစ်စေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်နှင့် ဖျံများနှင့် ပတ်သက်သည့် အကြောင်း အရာများအား သိရှိလာနိုင်စေရန် ရည်ရွယ်ပါသည်။ 🦦✨
ဖျံများသည် (Weasel family) မျိုးနွယ်စုတွင် ပါဝင်ပြီး ၎င်းတို့၏ ချောမွေ့သည့် ကိုယ်ထည်၊ ခြေဖဝါးများတွင် ရေကူးရန်အတွက် Web များပါရှိပြီး ၎င်းတို့၏ ထူးချွန်လှသော ရေကူးနိုင်စွမ်းရည် များကြောင့် လူသိများကြသည်။ ကမ္ဘာတစ်ဝှမ်းတွင် ဖျံမျိုးစိတ်ပေါင်း ၁၃ မျိုးရှိပြီး တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် Smooth-coated Otter အား ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ 🐾💙 လက်ရှိတွင် ဖျံမျိုးစိတ် အများအပြားသည် နေရင်းဒေသများ ပျက်စီးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် ငါးအလွန်အကျွံ ဖမ်းဆီးခြင်း တို့ကြောင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေကြရသည်။
ဖျံများသည် ကျန်းမာသန်စွမ်းသော ရေဂေဟစနစ်ကို ထိန်းသိမ်းရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်နေသည်။ ဖျံများသည် Predator များဖြစ်ကြသဖြင့် ငါးနှင့် အခြားရေသတ္တဝါများကို ထိန်းချုပ်ပေးရာတွင် ကူညီပေးပြီး ဂေဟစနစ်ကို မျှတစေရန်ကူညီပေးနေပါသည်။ 🌊🐟 ဖျံများ ရှိနေခြင်းသည် ၎င်းတို့နေထိုင်ရာရေများ သန့်ရှင်းပြီး ကျန်းမာစိုပြည်နေခြင်း၏ လက္ခဏာတစ်ရပ်လည်း ဖြစ်သည်ဟု ယူဆနိုင်ပေသည်။
ယနေ့ခေတ်တွင် လူသားတို့၏ အပြုအမူများကြောင့် ဖျံကောင်ရေ အများအပြား လျော့နည်း လာနေခြင်းပင် ဖြစ်သည်။ ရေဝပ်ဒေသများနှင့် မြစ်ချောင်းများ ညစ်ညမ်းလာခြင်း နှင့် ပျက်စီးလာ ခြင်းတို့ကြောင့် ဖျံများအတွက် အစာရေစာ အရင်းအမြစ်များနှင့် ဘေးကင်းလုံခြုံသော နေထိုင်ရာ အရပ်ဒေသများ လျော့နည်းလာစေသည်။ ⚠️🌧 အချို့ဒေသများတွင် ဖျံများကို ၎င်းတို့၏ သားမွေးအတွက် အမဲလိုက်ကြသလို၊ တရားမဝင် အိမ်မွေးတိရစ္ဆာန် အရောင်းအဝယ်ဈေးကွက်အတွက်လည်း ဖမ်းဆီးကြသည်။ ရာသီဥတုပြောင်းလဲမှုသည်လည်း ဖျံများ၏ နေရင်းဒေသများနှင့် အစာရရှိနိုင်မှုအပေါ် သက်ရောက်မှုရှိစေသည့် နောက်ထပ်ကြီးထွားလာနေသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
ကမ္ဘာ့ဖျံများနေ့သည် ဖျံများကို ကာကွယ်စောင့်ရှောက်ရာတွင် လူတိုင်း ကူညီပေးနိုင်ကြောင်း ကျွန်ုပ်တို့ကို သတိပေးလျက်ရှိသည်။ 🤝🌱 လူသားများသည် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့အစည်းများကို ပံ့ပိုးကူညီခြင်း၊ ညစ်ညမ်းမှုများကို လျှော့ချခြင်း၊ မြစ်ချောင်းများနှင့် ရေဝပ်ဒေသများကို ကာကွယ်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါပုံကို လူအများသိအောင် မျှဝေခြင်းတို့ ပြုလုပ်နိုင်ကြသည်။ သို့ဖြစ်ပါ၍ ဖျံများနှင့် ၎င်းတို့၏ နေရင်းဒေသများကို ကာကွယ်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊ စိတ်ဝင်စားစရာကောင်းပြီး ဆော့ကစားတတ်သော ဤတိရစ္ဆာန်လေးများ နောင်လာမည့် သားစဉ်မြေးဆက်တိုင်အောင် သဘာဝတောထဲတွင် ဆက်လက်ရှင်သန် တိုးပွားသွားစေရန် အရေးကြီးမှုအား သိရှိနိုင်စေရန် ကမ္ဘာ့ဖျံများနေ့တွင် ဝေမျှလိုက်ရပါသည်။ 🦦💚🌍
🦦🌿
......................................................
🦦🌍 World Otter Day 🌿💧
World Otter Day is celebrated every year during the last week of May to raise awareness about otters and the importance of protecting their natural habitats. Otters are playful, intelligent, and ecologically important animals that live in rivers, wetlands, lakes, and coastal areas around the world. This special day aims to encourage people to learn more about otters, support conservation efforts, and help ensure that future generations can continue to see these wonderful animals thriving in the wild. 🦦✨
Otters belong to the weasel family and are well known for their smooth bodies, webbed feet, and excellent swimming abilities. There are 13 species of otters worldwide, and the currently cares for the Smooth-coated Otter. 🐾💙 Today, many otter species are facing serious threats due to habitat destruction, water pollution, illegal wildlife trade, and overfishing.
Otters play an important role in maintaining healthy aquatic ecosystems. As predators, they help control fish and other aquatic animal populations, keeping the ecosystem balanced. 🌊🐟 The presence of otters is also considered a sign of clean and healthy waterways.
Today, human activities continue to cause a decline in otter populations. Pollution and destruction of wetlands and rivers reduce food sources and safe habitats for otters. ⚠️🌧 In some areas, otters are hunted for their fur or captured for the illegal pet trade. Climate change is also becoming a growing threat, affecting their habitats and food availability.
World Otter Day reminds us that everyone can help protect otters. 🤝🌱 People can support wildlife conservation organizations, reduce pollution, protect rivers and wetlands, and spread awareness about the importance of biodiversity. By working together to protect otters and their habitats, we can help these fascinating and playful animals continue to survive and thrive for generations to come. 🦦💚🌍
🦦🌿