မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic

  • Home
  • Myanmar
  • Naypyidaw
  • မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic

မင်း တိရစ္ဆာန်ကု ဆေးခန်း     Minn pet clinic Caring pets with the best service

ကဆုန်လပြည့်နေ့ ကုသိုလ်
30/04/2026

ကဆုန်လပြည့်နေ့ ကုသိုလ်

29/04/2026

Pawrent တို့ရဲ့ baby လေးတွေရော မအိပ်မီ ပတ်ချာလှည့်ကြလား🥰

05/02/2026

155 မိုင်ဝေးတဲ့ ခရီးရှည်ကြီးကို ဖြတ်ပြီး သခင်ဆီကိုအရောက်ပြန်လာခဲ့တဲ့ ကြောင်လေး

သစ္စာတရားနဲ့ ခင်တွယ်မှု ချစ်ခြင်းမေတ္တာဆိုတာ လူတွေဆီကပဲ ရရှိတာမျိုးမဟုတ်ဘူး...အခုလို တိရစ္ဆာန်လေးတွေရဲ့ ချစ်ခြင်းကလည်း ပိုပြီးတော့တောင် လေးနက်သေးတယ်...။

ဒီကြောင်‌လေးဆိုရင် သူတို့မြို့မှာ မုန်တိုင်းတိုက်ပြီး ရေကြီးတုန်းက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး
လူတွေနဲ့ တိရစ္ဆာန်တွေကို ဟိုတစ်စု ဒီတစ်စု ဘေးလွတ်ရာကယ်သွားကြတာ....အဲ့ဒီလိုကနေ ကြောင်လေးက အိမ်နဲ့အဝေးကိုရောက်ပြီး သခင်နဲ့လည်း ဝေးသွားခဲ့ရတယ်...။

ဒါပေမဲ့ သူ့ရဲ့အာရုံက ဘယ်လိုမှတ်မိလဲ မသိဘူးနော်....115 မိုင်ကျော်လောက် ရှည်လျားတဲ့ ခရီးရှည်ကြီးကို တန်းတန်းမတ်မတ် ဖြတ်သန်းပြီးတော့ သူ့သခင်နဲ့နေထိုင်ခဲ့တဲ့အိမ်လေးဆီ အရောက်ပြန်လာခဲ့တာ...။

နောက်ပိုင်းမှာတော့ ဒီကြောင်လေးလည်း သခင်နဲ့ ပြန်ဆုံသွားတယ်လို့ သိရပါတယ်...။

တကယ့်ကို မှတ်တမ်းတင်လောက်ပါပေတယ်နော်...။

22/01/2026

ကနေဒါနိုင်ငံတွင် ခွေးပိုင်ရှင်များ အလုပ်ကိစ္စဖြင့် အပြင်သွားရချိန်၌ မိမိတို့၏ အိမ်မွေးခွေးလေးများကို တစ်ကောင်တည်း ပစ်မထားခဲ့ဘဲ ခွေးများအတွက် သီးသန့်ဖွင့်လှစ်ထားသည့် "နေ့ကျောင်း" (Dog Daycare) များသို့ ပို့ဆောင်ပေးနေကြပြီဖြစ်သည်။

ထူးခြားသည်မှာ အဆိုပါခွေးလေးများသည် ကျောင်းနေကလေးငယ်များကဲ့သို့ပင် မနက်ခင်းတွင် အိမ်ရှေ့သို့ ရောက်လာသည့် ကျောင်းကြိုပို့ဗင်ကားများကို စီးနင်းကာ ကျောင်းတက်ကြခြင်းဖြစ်သည်။

လက်ရှိတွင် ကယ်လ်ဂရီ (Calgary)၊ တိုရွန်တို (Toronto) နှင့် ကစ်ချနာ-ဝါတာလူး (Kitchener-Waterloo) စသည့် မြို့ကြီးများတွင် ခွေးများအတွက် ကြိုပို့ယာဉ်လိုင်းများ စတင်လည်ပတ်နေပြီဖြစ်သည်။ "Ruff and Puff" နှင့် "PawTrips" ကဲ့သို့သော ကုမ္ပဏီများသည် အိမ်တိုင်ရာရောက် ဘတ်စ်ကားငယ်လေးများ စေလွှတ်ပေးပြီး ခွေးလေးများကို ကျောင်းသို့ ခေါ်ဆောင်သွားကြသည်။

ကျောင်းတစ်ရက်တာ လှုပ်ရှားမှုများ
ဤခွေးကျောင်းများ၏ လုပ်ထုံးလုပ်နည်းမှာ ကျောင်းနေကလေးများ၏ နေ့စဉ်အချိန်ဇယားနှင့် များစွာဆင်တူသည်-

• မနက်ခင်း: အိမ်တိုင်ရာရောက် လိုက်လံကြိုဆောင်ခြင်း။

• ကျောင်းတွင်: အုပ်စုလိုက် ကစားခြင်း၊ အချင်းချင်း မိတ်ဖွဲ့ပေးခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးရေး ဂိမ်းများဆော့ကစားခြင်းနှင့် အပြင်ထွက် လမ်းလျှောက်ခြင်း။

• နားနေချိန်: အစာစားခြင်းနှင့် သတ်မှတ်ထားသော အချိန်အတိုင်း အနားယူခြင်း။

• ညနေခင်း: အိမ်တိုင်ရာရောက်ပြန်လည်ပို့ဆောင်ပေးခြင်း။

အိမ်တွင် တစ်ကောင်တည်းရှိနေပါက ပျင်းရိခြင်း၊ အထီးကျန်ခြင်းနှင့် စိုးရိမ်စိတ်မြင့်မားခြင်း (Separation Anxiety) တို့ကို ခံစားရနိုင်သည့် ခွေးလေးများအတွက် ဤကဲ့သို့ အခြားခွေးများနှင့်အတူ နေ့တာကုန်ဆုံးရခြင်းမှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအတွက် များစွာအထောက်အကူပြုသည်။ အထူးသဖြင့် စွမ်းအင်အလွန်အကျွံရှိသော ခွေးလေးများအတွက် လှုပ်လှုပ်ရှားရှားနေရခြင်းကြောင့် ပိုမိုကျန်းမာပျော်ရွှင်စေပါသည်။

27/12/2025

ကြောင်တွေလို နေထိုင်ပါ။
…………………………………
ကြောင်တွေဟာ သူနဲ့မဆိုင်တာကို စိတ်မဝင်စားဘူး။
တော်ရုံတန်ရုံနဲ့ သူများကိစ္စ ဝင်မပါဘူး။သူ့ဘာသာသူနေတယ်။
ဒီတော့ သူနဲ့ဆိုင်တဲ့ကိစ္စမှာ အာရုံစူးစိုက်မှုကောင်းတယ်။
သူလုပ်ရင် အောင်မြင်တယ်။ သူပြိုင်ရင် အနိုင်ရတယ်။

ကြောင်တွေလို စားသောက်ပါ။
ကြောင်တွေဟာ နည်းနည်းလေးပဲစားတယ်။
ဒီတော့ စားဖို့သောက်ဖို့ဟာ သူတို့အတွက် မခက်ခဲဘူး။
ဘယ်နေရာရောက်ရောက် အေးဆေးဘဲ။
စားဖို့သောက်ဖို့ကို ဘယ်တော့မှ တွေးမပူရဘူး။

ကြောင်တွေလို တုံ့ပြန်ပါ။
ကြောင်တွေဟာ သူတို့ ထိခိုက်မခံနိုင်တဲ့ ကိစ္စမျိုးမှာ
အပြင်းထန်ဆုံး တုံ့ပြန်တိုက်ခိုက်ကြတယ်။
သူတို့ကို ဒါမျိုးနောက်တစ်ခါ မလုပ်ရဲအောင် သတိပေးတဲ့သဘော။

ကြောင်တွေလို တွေးပါ။
ကြောင်တွေဟာ လူတွေကို ငပေါတွေပါလို့ သတ်မှတ်တယ်။
အပိုအလုပ်တွေ လုပ်နေကြတဲ့ သတ္တဝါလို့ မြင်တယ်။
အရေးမကြီးတာကို အရေးကြီးနေကြတဲ့ သတ္တဝါတွေလို့ တွေးတယ်။
ကြောင်တွေဟာ လူတွေကို အထင်မကြီးဘူး။

ကြောင်တွေလို ယုံကြည်မှုရှိပါ။
ကြောင်တွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်တယ်။
လူအပါအဝင် ဘယ်သတ္တဝါကိုမှ မယုံကြဘူး။
ဒါကြောင့် ကြောင်တွေဟာ သတိကြီးကြတယ်။
သတိမရှိတဲ့ ကြောင်ဆိုဟာ ရူးနေတဲ့ကြောင်ပဲဖြစ်တယ်။

ကြောင်တွေလို အစွဲအလမ်းကင်းပါ။
ကြောင်တွေဟာ သခင်အပေါ်တောင် အစွဲအလမ်းနည်းတယ်။
ဒါကြောင့် သူတို့ မနေချင်တော့ရင် ထွက်သွားမှာဘဲ။
အဲ့လို ထွက်သွားဖို့လဲ အမြဲအဆင်သင့်ပြင်ထားကြတယ်။
သူတို့နဲ့ အဆင်ပြေမယ့် နေရာသစ်ကို ရှာထားတာမျိုးပေါ့။

Credit

ကြည်နူးဝမ်းမြာက်မိသောနေ့လေးတစ်နေ့….ပိုင်ရှင်က ပျောက်သွားတဲ့ကလေးလေးတွေပုံနဲ့စာ လာပေးပြီးမကြာမီ နေ့မကူးဘဲ…..ဒီနေ့ ညနေ ၆ နာ...
25/12/2025

ကြည်နူးဝမ်းမြာက်မိသောနေ့လေးတစ်နေ့….

ပိုင်ရှင်က ပျောက်သွားတဲ့ကလေးလေးတွေပုံနဲ့စာ လာပေးပြီးမကြာမီ နေ့မကူးဘဲ…..
ဒီနေ့ ညနေ ၆ နာရီလောက်မှာ…..
တိုက်တိုက်ဆိုင်ဆိုင် pet food လာဝယ်သူက ကလေးတွေရှိတဲ့နေရာသိ….
ကံကောငိးလွန်းစွာနဲ့ ကလေးလေးတွေ ပိုင်ရှင်နဲ့ချိတ်ဆက်မိပါပြီ… 🤗

01/12/2025
03/06/2025

ကြောင်မှတဆင့် ကူးစက်တတ်သောရောဂါများ

❌❌❌❌❌❌❌❌❌❌❌❌❌❌

(Edit - ဒီရောဂါတွေအကြောင်းရေးပေးတာက ကြောင်မွေးထားသူတွေ အသိသတိလေးရှိကြရအောင်ဖြစ်ပါတယ်။ ကြောင်မွေးတိုင်း ဒီရောဂါဖြစ်တာမဟုတ်ပါ။ ကူးစက်ရောဂါဆိုတာ ကာကွယ်လို့ရနိုင်တဲ့ရောဂါတွေပါ။ ကာကွယ်ဆေး ထိုးတန်ရာထိုး၊ ကြောင်ကိုင်ပြီး လက်ဆေး၊ ကြောင်စာတွေ သန့်သန့်ရှင်းရှင်း ကိုင်တွယ်၊ ကြောင်အညစ်အကြေးကို စနစ်တကျ သန့်ရှင်းမယ်ဆိုရင် ကြောင်ဆိုတာ အိမ်မွေးတိရစ္ဆာန်ဖြစ်ပါတယ်။ လူတွေရဲ့အဖော်မွန်သတ္တဝါလေးတွေပါ။ ကျနော်ကိုယ်တိုင်လည်း ကြောင်ချစ်ပါတယ်။ စေတနာထားပြီးရေးသားပေးတာမို့ အမုန်းတရားတွေ မဖြန့်ဝေပါနဲ့ခင်ဗျာ 🙏🙏)

၁။ Toxoplasmosis

ဒါကတော့ HIV လူနာတွေကဲ့သို့ ခုခံအားစနစ်အားလျော့တဲ့လူတွေမှာ အရမ်းကြောက်ရတဲ့ရောဂါဖြစ်ပါတယ်။ ကြောင်ရဲ့ချေးကို ထိမိရာကတဆင့် ကူးစက်နိုင်ပါတယ်။ Toxoplasma gondii ဆိုတဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်တာပါ။

၂။ Cat scratch disease

ဒါကတော့ Bartonella henselae လို့ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ ကြောင်ကုတ်တာ၊ ကိုက်တာကနေတဆင့် ဖြစ်တတ်ပါတယ်။ ဖျားမယ်၊ lymph အကြိတ်ယောင်မယ်၊ အာရုံကြောပြဿနာတွေဖြစ်တတ်ပါတယ်။

၃။ Dermatophytosis

ကြောင်ရဲ့အမွှေးကတဆင့် တိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်တဲ့ ပွေးရောဂါတစ်မျိုးပါ။ Ring-like skin lesions ပွေးကွက်တွေ မြင်ရပါမယ်။

၄။ Hookworm, Roundworm

ချိတ်သံကောင်၊ သံလုံးကောင်တွေကလည်း ကြောင်ရဲ့ မစင်ကတဆင့် ကူးစက်နိုင်ပါတယ်။
Ancylostoma Braziliense (Cat hookworm)
Toxocara Cati (Cat roundworm)

၅။ Rabies (ခွေးရူးပြန်)

Rabies virus ကူးစက်ခံထားရတဲ့ ကြောက်ကိုက်တာကတဆင့်လည်း ခွေးရူးပြန်ရောဂါ ဖြစ်တတ်ပါတယ်။

၆။ Salmonella

Non-typhoidL salmonella ဘက်တီးရီးယားတွေက ကြောင်ကတဆင့် လူကို ကူးစက်နိုင်ပါတယ်။ ကြောင်မစင် နဲ့ သူတို့ရဲ့ အစာခြောက်တွေကို လက်ဗလာနဲ့ကိုင်တွယ်တာကတဆင့် ဖြစ်နိုင်ပါတယ်။


#ရောဂါကင်းဝေးကျန်းမာကြပါစေ

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၊ဇွန်လ၊ ၂၀၂၅

ချစ်သောတိလေးတွေအတွက်ဆို
29/05/2025

ချစ်သောတိလေးတွေအတွက်ဆို

“လူတွေတောင်မှ အနိုင်နိုင်... တိလေးတွေနဲ့ ဘယ်လိုလုပ်မလဲ”

ဒါကတော့ နိုင်ငံခြားမှာ အသံတွေထွက်နေတဲ့ စကားအချို့ပါ။ လက်ရှိမှာ ကမ္ဘာတစ်ဝန်း စီးပွားရေးကျဆင်းမှုတွေနဲ့ ကြုံတွေ့နေရပြီး အမေရိကန်လို နိုင်ငံမျိုးမှာတောင်မှ တိချစ်သူတွေက သူတို့ရဲ့ တိလေးတွေကို လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေ မလုပ်ပေးနိုင် ဖြစ်လာပါတယ်။

အထူးသဖြင့် တိဆေးခန်းတွေရဲ့ ကုန်ကျစရိတ်က သိသိသာသာ မြင့်တက်လာခဲ့ပြီး ဒီအချက်တွေကပဲ တိချစ်သူတွေအတွက် အဓိကစိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။ ကိုယ်တွေဆီမှာဆိုရင်လည်း တိချစ်သူတွေက တစ်ခုခုဆိုရင် သူတို့ကိုယ်တိုင်ပဲ အိတ်စိုက်၊ အရင်းအနှီးထုတ်ပြီး လုပ်လိုက်ရတာပါ။

လူက စားစရာမရှိရင်နေပါစေ၊ တိလေးတွေတော့ ငတ်လို့ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ကို အချို့တွေက ရှယ်ဖြုတ်နေတာပါ။ လူကသာ ရွှေဝါဆပ်ပြာနဲ့ ခေါင်းလျှော်ရင် လျှော်နေမယ်၊ တိလေးတွေအတွက်ဆိုရင်တော့ သောင်းဂဏန်းရှိတဲ့ သီးသန့်ရှန်ပူဆိုရင်လည်း ဝယ်ပေးကြတာပါပဲ။

အသိတွေထဲမှာလည်း ဒီလိုပါပဲ။ မမွေးတော့ပါဘူးကွာလို့ ပြောရင်းပြောရင်းနဲ့ပဲ တိလေးတွေက သူတို့ရဲ့ ကုတင်ပေါ်မှာ အပြည့်နေရာယူထားကြတာ။ လက်ရှိနိုင်ငံအနေအထားနဲ့ဆိုရင် ပိုရုန်းရတာပေါ့။ ဒါပေမယ့် သူတို့ခမျာ မမောနိုင်ပါဘူး။ အိမ်ပြန်ရောက်လို့ သူတို့ကို ပြေးကြိုနေတဲ့ တိလေးတွေကို မြင်လိုက်တာနဲ့ ပင်ပန်းသမျှဘဝအမောတွေက ပြေပျောက်သွားတာပါပဲ။

အချောလေးမို့ 💕
20/05/2025

အချောလေးမို့ 💕

Address

Zizawar Street. Shwekyarbin , Zabuthiri Township
Naypyidaw
15012

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959428323866

Website

Alerts

Be the first to know and let us send you an email when မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မင်း တိရစ္ဆာန်ကု ဆေးခန်း Minn pet clinic:

Share

Category