CHILI Pet Spa & Grooming

CHILI Pet Spa & Grooming Welcome to Chili Pet Spa

20/05/2026
20/05/2026

📌 ဒီလို ပူပြင်းတဲ့ရာသီမှာ မိဘတွေအနေနဲ့ ဒါလေးတွေသတိထားပါ။

- အဲကွန်းခန်းထဲထက် လေအဝင်အထွက်ရှိတဲ့ အခန်းက ပိုကောင်းပါတယ်။

- သောက်ရေအေးအေးလေး အမြဲအနားမှာ ချပေးထားပါ။

- အအေးစာလေးတွေ၊ အစာစိုနဲ့ အစာခြောက်လေးတွေမျှတအောင်ကျွေးပါ။

- အသက်ရှူအရမ်းမြန်ပြီး အမောဆို့လာရင်တော့ ရေပတ်အမြန်တိုက်ပြီး ဆေးခန်း ချက်ချင်းပြသပါ။



19/05/2026

"ဆရာရေ တိလေးတွေ သွားကျောက်အတွက် ပြုလုပ်ရမယ့် အရာလေးတွေ ပြောပြပေးပါဦး"

လို့ မန့်ထားတဲ့ တိမေမေတစ်ဦးရဲ့ Comment လေးအတွက် ပြန်မျှဝေပေးတာပါခင်မျာ 👇🏻

ကျွန်တော့်အနေနဲ့ လမ်းညွှန်ချက် အဆင့် (၂) ဆင့်ပြောပြပေးပါမယ်

📌 အဆင့် (၁)

အိမ်တွင်းစောင့်ရှောက်မှု (Daily Care) လုပ်ပေးပါခင်မျာ။

ဘယ်လိုမျိုးလဲဆို နေ့စဉ် သွားတိုက်ပေးခြင်း (Daily Brushing) က မဖြစ်မနေ လုပ်ရမယ့်အလုပ်ပါ။

သွားတိုက်ရလွယ်ကူအောင် Dental Treats (သွားကိုက်မုန့်) လေးတွေကိုပါ တွဲကျွေးပေးပါ။

📌 အဆင့် (၂)

ဆေးကုသမှု (Medical Care) ပေးရမယ့် အခြေအနေပါ။

သွားကျောက်တွေက ခဲပြီး အရမ်းထူနေပြီဆိုရင်တော့

ဆေးခန်းမှာ သွားကျောက်ခြစ်စက်နဲ့ Scale Remove လုပ်ပေးဖို့ လိုအပ်ပါတယ်။

👉🏻 သွားကျောက်တွေကို ပစ်ထားရင် သွားဖုံးရောင်ရုံတင်မကဘဲ

ဘက်တီးရီးယားတွေကတစ်ဆင့် နှလုံးနဲ့ ကျောက်ကပ်အထိ ထိခိုက်နိုင်လို့

ဒီနေ့ပဲ ကလေးရဲ့ သွားလေးတွေကို စစ်ဆေးပေးလိုက်ပါဦးဗျာ 🙏🏻



မင်္ဂလာပါရှင့်😍Chili Pet Spa ကနေကြိုဆိုပါတယ်ရှင့်မိမိတို့အိမ်က🐶🐶သားသားမီးမီးလေတွေ ကျန်းမာပြီးလှပသန့်ရှင်းလှပစေဖို့အတွက်အ...
18/05/2026

မင်္ဂလာပါရှင့်😍

Chili Pet Spa ကနေကြိုဆိုပါတယ်ရှင့်

မိမိတို့အိမ်က🐶🐶

သားသားမီးမီးလေတွေ ကျန်းမာပြီးလှပသန့်ရှင်းလှပစေဖို့အတွက်အ​ကောင်းဆုံးဝန်ဆောင်မူတွေ ကျွန်မတို့ရဲ့^*
Chili Pet Spa *^🐶မှ ပေးနေပါပြီရှင့်
Ph - 09260720039
ကြိုတင် booking လေးယူပေးပါနော်
ဆိုင်ဖွင့်ချိန်>> မနက်(၁၀)နာရီ >>>>>>ညနေ (၅)နာရီထိ
🐶 လိပ်စာ (အမှတ်(၉)ကျောင်းအနီး
ယုဇနရပ်ကွက်(၂၆၄)
Thz u all❤️

21/03/2026

ကိုယ့်ရဲ့ အာဝုလေးကို ဘယ်လောက်ပဲချစ်ချစ် အလိုမလိုက်သင့်တာတွေကတော့ ရှိပါတယ်။
အရေးကြီးဆုံးကတော့ အာဝုလေးတွေ ဘယ်လောက်ပဲ သနားစရာကောင်းအောင် လုပ်ပြပြီး တောင်းနေပါစေ လုံးဝ ချမကျွေးသင့်တဲ့ စားစရာတွေကို သိထားဖို့ပါ။

တချို့ စားစရာတွေက အန္တရာယ် မရှိဘူး ထင်ရပေမယ့် နည်းနည်းလေး စားမိရင်တောင် ပြဿနာတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အာဝုလေးတွေ ရှောင်ကြဉ်ရမယ့် အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

🚫 သကြား အစားထိုး Xylitol
အာဝုလေးတွေအတွက် အန္တရာယ် အရှိဆုံးက အစားအစာတွေမှာ အချိုဓါတ်ရဖို့ သကြားအစားထိုး အသုံးပြုကြတဲ့ Xylitol ဖြစ်ပါတယ်။
Xylitol နည်းနည်းလေးကတောင် အာဝုလေးတွေရဲ့ သွေးတွင်းသကြားဓါတ်ကို ရုတ်ခြည်း ကျဆင်းစေပြီး အတက်ရောဂါ၊ အသည်းထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် Xylitol ကို သွားတိုက်ဆေး၊ ပီကေက စလို့ မုန့်မျိုးစုံ အဆုံး နေရာတိုင်းမှာ သုံးစွဲတတ်တာမို့ သတိကြီးကြီးထားဖို့ အရမ်း အရေးကြီးပါတယ်။

🚫 ချောကလက်
အာဝုလေးတွေနဲ့ ချောကလက် မတည့်ဘူးဆိုတာ လူတိုင်းနီးပါး သိပါတယ်။
ချောကလက်မှာပါတဲ့ Theobromine က လူတွေအတွက် ဘာမှ မဟုတ်ပေမယ့် အာဝုလေးတွေအတွက် အဆိပ်လိုပါပဲ။
ချောကလက် ပမာဏများများ စားမိရင် ဝမ်းပျက်တာ၊ ပျို့အန်တာကနေ နှလုံးခုန် မမှန်တာ၊ တက်တာအဆုံး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

🚫 ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်လိုမျိုး အဆီဓါတ်များတဲ့ အစာတွေကြောင့် အာဝုလေးတွေ မုန့်ချိုအိတ်ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။
ဒီလိုစားစရာတွေမှာ အများအားဖြင့် အငန်ဓါတ်ကဲလေ့ ရှိတာမို့ ရေငတ်ရေဆာတာ၊ ဗိုက်ပျက်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

🚫 အငန်ဓါတ်
အငန်ဓါတ်၊ ဆားများများ ပါတဲ့ အစားအစာတွေ စားမိရင် အလွန်အမင်း ရေဆာရေငတ်တာ၊ ဆီးမကြာခဏ သွားတာအပြင် ဆိုဒီယမ် အဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။
ဆိုဒီယမ် အဆိပ်သင့်ရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်တာမို့ အာဝုလေးတွေကို အငန်ဓါတ်လျှော့ကျွေးတာ အကောင်းဆုံးပါပဲ။

🚫 ကြက်သွန်ဖြူ၊ ကြက်သွန်နီ
အများကြီး စားမိရင် အာဝုလေးတွေရဲ့ သွေးနီဥ ပျက်စီးပြီး သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။
နည်းနည်းလေးဆိုရင် ဘာမှမဖြစ်ပေမယ့် ခဏခဏ ကျွေးမိနေမယ် ဆိုရင် ခန္ဓာကိုယ်ထဲ စုလာနိုင်တာမို့ သတိထားသင့်ပါတယ်။

🚫 နွားနို့နဲ့ နို့ထွက်ပစ္စည်း
အာဝုလေးတွေရဲ့ အူလမ်းကြောင်းမှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ချေဖျက်ပေးမယ့် အင်ဇိုင်းမျိုး မရှိတတ်ကြပါဘူး။
ဒါကြောင့် ခွေးလေးတွေ အများစုမှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေ နည်းနည်းထက် ပိုစားမိရင် အစာမကြေတော့ဘဲ ပျို့အန်တာ၊ ဝမ်းပျက်တာတွေ ဖြစ်စေနိုင်ပါတယ်။

အထက်ပါ စားစရာတွေက လက်တကမ်းမှာ အမြဲလိုလို ရှိနေတတ်တာမို့ သေသေချာချာ မှတ်ထားပြီး ကိုယ့်ရဲ့ အာဝုလေးကို မကျွေးမိအောင် သတိထားသင့်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ အာဝုလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြပါစေနော်။

21/03/2026

ဆိုင်ပုံမန် -
မနက်(၁၀)နာရီကနေ >ည (၅ )နာရီထိ့ ပြန်ဖွင့်ပါပြီရှင်
ကြိုတင် booking ယူရန် - ph(09260720039)
Thz u all🥰

🥰😍မိမိတို့အိမ်က သားသားမီးမီးလေတွေ ကျန်းမာပြီးလှပသန့်ရှင်းလှပစေဖို့အတွက်အ​ကောင်းဆုံးဝန်ဆောင်မူတွေ ကျွန်မတို့ရဲ့^*  Chili ...
09/01/2025

🥰😍

မိမိတို့အိမ်က သားသားမီးမီးလေတွေ ကျန်းမာပြီးလှပသန့်ရှင်းလှပစေဖို့အတွက်အ​ကောင်းဆုံးဝန်ဆောင်မူတွေ ကျွန်မတို့ရဲ့^* Chili Pet Spa *^🐶မှ ပေးနေပါပြီရှင့်

Ph - 09260720039
ကြိုတင် booking လေးယူပေးပါနော်🐶

လိပ်စာ (အမှတ်(၉)ကျောင်းအနီး/(ယုဇန)ရပ်ကွက်

27/11/2024

*Chili pet spa *ကို အစဉ်အမြဲ အားပေးခဲ့ကြသော ချစ်သော customer တို့ရေ ဆိုင်ကိုပြန်လည် ပုံမန် ဖွင့်ရှိ့ထားပါပြီနော် ဆက်သွယ်ရ လွယ်ကူအောင်
MPT ph number-( 09260720039) ဆက်သွယ် ကြိုတင် booking ယူလို့ရပါပြီနော်
Thz u all❤️

🥰😍မိမိတို့အိမ်က သားသားမီးမီးလေတွေ ကျန်းမာပြီးလှပသန့်ရှင်းလှပစေဖို့အတွက်အ​ကောင်းဆုံးဝန်ဆောင်မူတွေ ကျွန်မတို့ရဲ့^*  Chili ...
27/11/2024

🥰😍

မိမိတို့အိမ်က သားသားမီးမီးလေတွေ ကျန်းမာပြီးလှပသန့်ရှင်းလှပစေဖို့အတွက်အ​ကောင်းဆုံးဝန်ဆောင်မူတွေ ကျွန်မတို့ရဲ့^* Chili Pet Spa *^🐶မှ ပေးနေပါပြီရှင့်

Ph - 09260720039
ကြိုတင် booking လေးယူပေးပါနော်🐶

လိပ်စာ (အမှတ်(၉)ကျောင်းအနီး

16/06/2024

အန်နေတဲ့ ခွေးကြောင်လေးတွေကို ဒါတွေ မကျွေးပါနဲ့📌



21/05/2024

Address

No 264 Yuzana
Myitkyina

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00

Telephone

+959770662246

Website

Alerts

Be the first to know and let us send you an email when CHILI Pet Spa & Grooming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category