Animals House

Animals House We Love Animals so we do pet service Business. We can available for any appointmented customer

ဆောင်းတွင်းမှာ  ခွေး တွေ ဟာ အအေးမိပြီး သေနိုင်ပါသလား ?=====================ဟုတ်ကဲ့ သေနိုင်ပါတယ်... ခွေးတစ်ကောင်သည် အအေးမ...
10/01/2022

ဆောင်းတွင်းမှာ ခွေး တွေ ဟာ
အအေးမိပြီး သေနိုင်ပါသလား ?
=====================

ဟုတ်ကဲ့ သေနိုင်ပါတယ်... ခွေးတစ်ကောင်သည် အအေးမိခြင်းကိုအချိန်ကြာမြင့်စွာထိတွေ့သောအခါ
Hypothermia ရောဂါကို ဖြစ်စေနိုင်သည်။

Hypothermia လို့ခေါ်သည့် ရောဂါသည် အလွန်အေးသော အအေးပမာဏ နှင့် ကြာရှည်စွာထိတွေ့
ခြင်းကြောင့်ဖြစ်သည်။ အအေးမိနိုင်သည့် အအေးပမာဏ နှင့် ထိတွေ့မှုလွန်ကဲလာပါက ခွေးလေးတွေရဲ့
ခန္ဓာကိုယ်သည် အပူရှိန် ထုတ်လွှတ်မှုပမာဏ လျှင်မြန်စွာဆုံးရူံးပါလိမ့်မည်။ ရှည်လျားသော အအေးဓါတ်
လွန်ကဲစွာ ထိတွေ့မှုများသည် နောက်ဆုံး၌ သူတို့၏ ခန္ဓာကိုယ်၏သိုလှောင်ထားသော စွမ်းအင်ကို ကုန်
အောင် အသုံးပြုပြီး အနိမ့်ဆုံး ခန္ဓာကိုယ် အပူချိန် ကို ကျဆင်းဖြစ်စေပါမည်။

Hypothermia ရောဂါသည် ခွေးငယ်များ နှင့် သက်ကြီးသော အရွယ်ရှိ ခွေးများအတွက် ဖြစ်ပွားဖို့
ပိုမိုလျှင်မြန် စေပါသည်။ ပြင်းထန်သော hypothermia ဖြစ်ပေါ်သည့်အခါ သင်၏ခွေးလေးသည်
သူတို့၏ ခန္ဓာကိုယ် အပူချိန်ကို သူတို့ဘာသာသူတို့ ထိန်းညှိနိုင်တော့မည်မဟုတ်တော့ပေ။

အကယ်၍ ကုသမှုမခံရပါက ၎င်းရောဂါသည် ဆိုးဝါးသောရောဂါဖြစ်သဖြင့် သင်၏ ခွေးလေးကို
အသက်ဆုံးရူံးစေနိုင်ပါသည်။ ဒါကြောင့် အမြန်ဆုံး နွေးထွေးသော ခြုံစောင်များနှင့် အနွေးဓါတ်များ
Heater အပူပေးစက်များ ဖြင့် အနွေးဓါတ်ပေး၍ သက်သာလာပြီဟု ထင်ရပါက ကျွှမ်းကျင်သည့်
တိကု ဆရာဝန်ထံ ချက်ချင်း မိမိ ခွေးလေးကို ကုသဖို့ ပြသသင့်ပါသည်။
CRD & Rockie

09/01/2022
Happy new year 🎉         #ခွေး  #အိမ်
31/12/2021

Happy new year 🎉
#ခွေး #အိမ်

31/12/2021
သားသားလေးတှေ🦮၊မီးမီး‌‌လေး‌တွေ🐩❤️ ကသင်တို့အတွက် အကောင်းဆုံး အဖော်လေးတွေ 🤩အပြင်းပြေစေတဲ့ အဖော်လေးတွေပါနော်🤩         #ခွေး ...
27/12/2021

သားသားလေးတှေ🦮၊မီးမီး‌‌လေး‌တွေ🐩❤️
ကသင်တို့အတွက် အကောင်းဆုံး အဖော်လေးတွေ 🤩အပြင်းပြေစေတဲ့ အဖော်လေးတွေပါနော်🤩
#ခွေး #အိမ်

How to take care of your puppies❓သင့်ရဲ့ ခွေးငယ်လေးတွေကိုဘယ်လိုပြုစုမလဲ❓ခွေးငယ်လေးတွေကို  စနစ်တကျ ဘယ်လိုဂရုစိုက် မွေးမြူ...
26/12/2021

How to take care of your puppies❓

သင့်ရဲ့ ခွေးငယ်လေးတွေကိုဘယ်လိုပြုစုမလဲ❓

ခွေးငယ်လေးတွေကို စနစ်တကျ ဘယ်လိုဂရုစိုက် မွေးမြူရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

ခွေးငယ်လေးတွေဟာ အင်မတန်မှဂရုစိုက်ရပါတယ်။
အထူးသဖြင့်ငယ်တုန်းအချိန်မှာ weaning period (သားခွဲတဲ့အချိန်) ၄၅ရက်မှာ ဂရုစိုက်ဖို့လိုပါတယ်။အဲ့အချိန်က အရေးကြီးဆုံးအချိန် ဖြစ်လို့သူတို့ရဲ့ခန္ဓာကိုယ်က ခုခံအားစနစ်ရော အူလမ်းကြောင်းတွေရဲ့ အလုပ်လုပ်ပုံကရော
မပြည့်စုံသေးတဲ့ အချိန်မှာ ရောဂါတွေဝင်လွယ်ပါတယ်။

✅ ပထမအနေနဲ့ အစာနဲ့ပတ်သက်ပီးပြောပါမယ်။

အစာကတော့ dog food puppy စာ တစ်မျိုးထဲပဲကျွေးပါ။လူစားတဲ့ အစာတွေလျောက်မကျွေးပါနဲ့။တချို့က ပြောပါတယ် ဒီနေရာမှာ dog food puppyစာ မစားဘူးတဲ့ဆရာ။
မိခင်နို့ပြတ်ကထဲက ကျွေးရင် စားပါတယ်။တချို့က ကြက်သားပြုတ်ကျွေးပါတယ်။မကျွေးလို့မရတာတော့ မဟုတ်ပါဘူး အဲ့ချိန်က အူလမ်းကြောင်းက ကောင်းကောင်းမဖွံ့ဖြိုးတဲ့အချိန်မှာ ဒီအသားတွေကို သူတို့ရဲ့ အူလမ်းကြောင်းက ကောင်းစွာမချေဖျက်နိုင်သလို ကောင်းစွာလဲ အာဟာရဓါတ်တွေကို ပြည့်ပြည့်ဝဝ မစုပ်ယူနိုင်ပါဘူး။အခန့်မသင့်ရင် အူလမ်းကြောင်းရောင်ရမ်းတာတွေဖြစ်ပီးတော့ အခြားမလိုလားအပ်တဲ့ရောဂါတွေ ဝင်လာနိုင်ပါတယ်။

ဒါကြောင့် တက်နိုင်သမျှ ငယ်တုန်းအချိန်မှာ puppyစာ တစ်မျိုးထဲပဲ ကျွေးပါ။puppyစာထဲမှာ ခွေးငယ်လေးတွေအတွက်လိုအပ်မဲ့ nutrient အာဟာရအကုန်ပါပြီးသားဖြစ်ပါတယ်။

✅ ဒုတိယအနေနဲ့ပြောချင်တာ ခွေးငယ်လေးတွေကို လျှောက်လွှတ်မထားပါနဲ့။သူတို့က လျှောက်သွားပီး အေးတဲ့နေရာတွေမှာ အိပ်မယ်။ကျောက်စရစ်လေးတွေ ခဲလေးတွေကို ကောက်စားမိမယ်။မာတဲ့အရာတွေကို သွားယားလို့ကိုက်တဲ့ အခါ အဲ့မာတဲ့အပိုင်းစလေးတွေက အူလမ်းကြောင်းထဲ၀င်သွားပြီး အူလမ်းကြောင်းမှာ စူးနေရင် ဗိုက်နာတာတွေ ဝမ်းသွားတာတွေ အန်တာတွေဖြစ်လာပီး ခုခံအားကျရာကနေ ရောဂါပိုးတွေဝင်ရောက်တက်ပါတယ်။

✅ နောက်တစ်ခုက အေးတဲ့နေရာတွေမှာ မထားပါနဲ့။ရေစိုစိုနေရာတွေ ကြွေပြားပေါ်တွေမှာ ရေချိုးခန်းလို အေးတဲ့နေရာတွေ airconအခန်းတွေထဲမှာ ပန်ကာရှေ့မှာ အကြာကြီးထားတာမျိုးတွေရှောင်ကြင်ပါ။

✅ကာကွယ်ဆေးအပြည့်စုံထိုးပီး အသက် ၅လလောက်မှ ရေချိုးပေးပါ။အအေးဓါတ်ကလဲ သွေးကြောတွေကို ကျုံ့စေပီး သွေးလည်ပတ်မှု ကောင်းကောင်းမရတဲ့အခါ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကို ကျစေလို့ အသက်ရှူလမ်းကြောင်းရောဂါတွေ သွေးဝမ်းလိုကူးစက်ရောဂါတွေဝင်ရောက်တက်တာကို သတိပြုပါ။
ဖြစ်နိုင်မယ်ဆို အကျီလေးတွေဝတ်ထားပေးပါ။

✅ပုံမှန် သံချဆေးတိုက်ပါ။

✅ကာကွယ်ဆေးကိုလဲ ပုံမှန်ထိုးပါ။

Hein _ Veterinary Clinic

Merry Christmas 🎄☃️           #ခွေး  #အိမ်
25/12/2021

Merry Christmas 🎄☃️
#ခွေး #အိမ်

သားသားတို့ အိမ်မက်လေးတွေကို ဖြစ်ခွင့်ပေးလိုက်ပါ🥺           #ခွေး  #အိမ်
24/12/2021

သားသားတို့ အိမ်မက်လေးတွေကို ဖြစ်ခွင့်ပေးလိုက်ပါ🥺
#ခွေး #အိမ်

Meow က ဆံပင်နဲနဲ ပါးခိုင်းတာလေ 🙄         #ခွေး  #အိမ်
24/12/2021

Meow က ဆံပင်နဲနဲ ပါးခိုင်းတာလေ 🙄
#ခွေး #အိမ်

သားသားကို အိမ်ကို သာ  လိုက်ခွင့်ပေး 😀         #ခွေး  #အိမ်
23/12/2021

သားသားကို အိမ်ကို သာ လိုက်ခွင့်ပေး 😀
#ခွေး #အိမ်

သားသား လဲ အပြင်ထွက်ပြီးသူများတွေလိုလျောက်သွားချင်တာပေါ့ 😢သားသားဆီကို မြန်မြန်လာခဲ့ပါနော်       #ခွေး  #အိမ်
21/12/2021

သားသား လဲ အပြင်ထွက်ပြီးသူများတွေလိုလျောက်သွားချင်တာပေါ့ 😢
သားသားဆီကို မြန်မြန်လာခဲ့ပါနော်
#ခွေး #အိမ်

သားသား ကလေ ကိုကို/မမ တို့ကို အရမ်းချစ်တယ်သားသားက ကိုကို/မမ တို့အိမ်မှာနေချင်တယ်ဆိုရင်ရော ခေါ်ကြမှာလား ?ဒါမှမဟုတ် သားသားက...
15/12/2021

သားသား ကလေ ကိုကို/မမ တို့ကို အရမ်းချစ်တယ်
သားသားက ကိုကို/မမ တို့အိမ်မှာနေချင်တယ်ဆိုရင်ရော ခေါ်ကြမှာလား ?
ဒါမှမဟုတ်
သားသားကို ချစ်ရင် တစ်ခုခုပြောခဲ့ပါလား
#ခွေး #အိမ်

Address

Kyaung Street
Mingaladon
11021

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Animals House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category