16/08/2025
🐕Rottweiler , Dogo နဲ့ ခွေးရူးပြန်ရောဂါ
✅️ Rott တို့ Dogo တို့ ဆိုတာ
ဗီဇကိုက "ခါးကော့လို့ ပေးထားမှာ မဟုတ်တဲ့
အကယ်ဒမီနေဝင်း ဖြစ်နေတာ ဆိုတော့"
တစ်ချိန်ချိန်မှာ တစ်စုံတစ်ယောက်ယောက်ကို
တွယ်ထုတ်လိုက်နိုင်တာကြောင့်
ခွေးရူးပြန်ကာကွယ်ဆေးကို စနစ်တကျ
ထိုးထားဖို့တော့လိုပါလိမ့်မယ်
🐕Rabies@ ခွေးရူးပြန်ရောဂါကွယ်ဆေးကို စနစ်တကျ ဘယ်လိုထိုး ရမလဲ 💉💉💉?
လွယ်တဲ့နည်းကတော့
✅️ ဆရာဝန်ဆီ ခေါ်သွားပြီး ထိုးလိုက်ရုံပါပဲ 👌
Reputable Pawrent မှန်းသိ အောင်
ဆရာဝန်ကို ဆရာပြန်လုပ်တတ်သူဆိုရင်
ဒီလိုသိထားရပါမယ်
✅️ Rabies လို့ ခေါ်တဲ့ခွေးရူးပြန်ကာကွယ်ဆေးကို
ခွေးအသက်(၃)လ ဆို စထိုး လို့ရပါပြီ
Body Weight မကောင်းတဲ့ကလေး
သေးညှက်တဲ့ ကလေးဆို
အသက်(၄)လ လောက်မှ ထိုးပေးတာ
ပိုကောင်းပါတယ်
✅️ ကာကွယ်ဆေးထိုးတဲ့အချိန်မှာ အဖျားအနာကင်းရပါမယ်
✅️ ကိုယ်ခံအားမြှင့်တင်ထားရပါမယ်
✅️ သန်း/မွှားများ ရှင်းထားရပါမယ်
✅️ သန်ချထားပြီးဖြစ်ရပါမယ်
✅️ ကာကွယ်ဆေး မထိုးထားတဲ့ အခြားတိ များနဲ့ ထိတွေ့ရောနှောပြီးမထားရပါဘူး
ယနေ့ခေတ်မှာ ခွေးရူးပြန်
ကာကွယ်ဆေး တစ်လုံးကို
အရင်လို ငွေ 2000 ကျပ်လောက်နဲ့ ဝယ်မရတော့ပါ
USA ဆေးဆိုရင် ငွေ 6000ကျော်
India ဆေးဆိုရင် ငွေ 5000ကျော်
Korea ဆေးဆိုရင် ငွေ 4000ကျော်
စျေးနှုန်းဖြစ်နေပါပြီ
ဆရာဝန်ရဲ့ ပညာခ ဘာညာနဲ့ဆို
ခွေးရူးပြန်ကာကွယ်ဆေးတစ်ခါထိုး ၁သောင်းခွဲ အထက်တော့ ကုန်ကျနိုင်ပါတယ်
ဆရာဝန်ကို ပေးရတာနဲ့တန်အောင်
ရစ်မယ်ဆိုရင်တော့
ဒါတွေထပ်ပြီး သိထားဖို့လိုအပ်ပါသေးတယ်
✅️ ကာကွယ်ဆေးကို 2-7'C အတွင်း သိုလှောင် ထိန်းသိမ်းရဲ့လား
ကာကွယ်ဆေးထည့်တဲ့ ရေခဲသေတ္တာ မီးလာရဲ့လား
Solar&Inverter တပ်ထားလား ဘာညာ ခိုးရှိုးရပါမယ်
✅️ ကိုယ့်ကလေးကို USA ဆေး ထိုးပေးမှာလား
Korea ဆေးထိုးမှာလား
India ဆေးထိုးပေးမှာလား လာညာမေးရပါမယ်
✅️ ဆေးထိုးပြီးရင် Vaccination certificate Card လေး ထုတ်ပေးရဲ့လား
❎️ ဒီထက်ထပ်ပြီး အမေးမြန်းထူရင်လဲ
ဆရာဝန်စိတ်ဆိုးပြီး "မင်းဆရာဝန်လား
ငါဆရာဝန်လား" ဖြစ်နေပါအုံးမယ်
ဒီလောက်ဆို ရပါပြီ
ဆရာဝန်ရယ် ရှေ့နေရယ် ဝပ်ရှော့ဆရာရယ်
ဆိုတာ စျေးဆစ်မိရင် အိမ်ပြန်မရောက်ဘဲ
ဖြစ်မှာကြောက်ရလို့
ကျသလောက်ရှင်းပြီးသာ ပြန်လာခဲ့လိုက်ပေတော့