04/12/2023
“𝐑𝐨𝐲𝐚𝐥 𝐃𝐨𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫ရဲ့ အာဝုလိမ္မာသင်တန်းလေးကို December Intakeအတွက် အပ်နှံနိုင်ပါပြီ”
မင်္ဂလာပါရှင်…
🐶𝐑𝐨𝐲𝐚𝐥 𝐃𝐨𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫🐶ရဲ့ အာဝုလိမ္မာသင်တန်းလေးကို December Intakeအတွက် စတင် လက်ခံပေးနေပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်ရှင့်။
Royal Dog Training Centerမှာ ဖီဖီ၊ မီမီတို့ရဲ့ အချစ်တော် အာဝုလေးများကို ယဉ်ကျေးဖို့၊ လိမ္မာဖို့၊ သွက်လက်ဖို့၊ ကြံ့ခိုင်ဖို့၊ ကျွမ်းကျင်ပါးနပ်ဖို့အတွက် Personal Trainerများကိုယ်တိုင် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။
အာဝုလေးတို့ ပိုမိုကျွမ်းကျင်လိမ္မာစေဖို့အတွက် Basic Obedience Package (3)မျိုး ခွဲခြားပေးထားပါတယ်ရှင့်။
“Basic Level 1 Package”
----------------------
Level 1 Class မှာ သင်ကြားပေးမှာတွေက -
🐶 Basic Commandsတွေဖြစ်တဲ့ Sit, Stand, Go, Down, Stay, Come, Shake စတာတွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
💦 သင်တန်းကာလအတွင်း Spa (1)ကြိမ် ပါဝင်ပါတယ်။
သင်တန်းကာလ - 10 days
သင်တန်းကြေး - 3သိန်းကျပ်
“Basic Level 2 Package”
----------------------
Level 2 Class မှာ သင်ကြားပေးမှာတွေက -
🐶 Basic Commandsတွေဖြစ်တဲ့ Sit, Stand, Go, Down, Crawl, Stay, Come, Shake, High Five, Take စတာတွေအပြင် Swimming Class လေးပါ ပါဝင်မှာဖြစ်ပါတယ်။
💦 သင်တန်းကာလအတွင်း Spa (2)ကြိမ် ပါဝင်ပါတယ်။
သင်တန်းကာလ - 16 days
သင်တန်းကြေး - 5သိန်းကျပ်
“Basic Level 3 Package”
----------------------
Level 3 Class မှာ သင်ကြားပေးမှာတွေက -
🐶 Basic Commandsတွေဖြစ်တဲ့ Sit, Stand, Go, Down, Crawl, Spin, Stay, Come, Shake, High Five, Take, Jump စတာတွေအပြင် Swimming Class လေးနဲ့အတူ Healthy Trainingလေးတွေလည်း ပါဝင်ပါတယ်။
💦 သင်တန်းကာလအတွင်း Spa (3) ကြိမ်ပါဝင်ပါတယ်။
သင်တန်းကာလ - 22 days
သင်တန်းကြေး - 7သိန်းကျပ်
Royal Dog Training Center မှာ…
🏊♀️ ကလေးတွေ ကစားဖို့အတွက် ကျယ်ဝန်းတဲ့ မြက်ခင်းပြင်နှင့် ရေကူးကန်တို့ ထားရှိပေးထားလို့ ကလေးတွေ စိတ်လက်ပေါ့ပါးစွာ သင်ကြားနိုင်မှာပါ။
👩⚕️ သင်တန်းကာလအတွင်း ကလေးတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သန့်ရှင်းရေး ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေလည်း ပြုလုပ်ပေးသွားမဲ့အပြင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ရင်လည်း Centerမှာရှိတဲ့ တိဆရာဝန်ကိုယ်တိုင် ထိုးနှံပေးဦးမှာ ဖြစ်ပါတယ်။
🐶 သင်တန်းသား အာဝုလေးများကို…
>> မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် လေ့ကျင့်သင်ကြားပေးခြင်း၊
>> တစ်ရက်လျှင် အစာသုံးကြိမ် စနစ်တကျ ကျွေးမွေးခြင်း၊
>> ကစားချိန် သီးသန့်ထားရှိပေးခြင်း စသဖြင့် သားသမီးအရင်းသဖွယ် စောင့်ရှောက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
>> သင်တန်းကြေးထဲမှာ နေစား(အငြိမ်း) ဖြစ်ပြီး ကလေးတွေအတွက် ကောင်းမွန်တဲ့ အစာခြောက်၊ ကြက်သား၊ အမဲသားတို့နဲ့ကျွေးမွေးစောင့်ရှောက်ထားမှာဖြစ်လို့ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ်ရှင့်။
>> အိမ်လွမ်းတတ်တဲ့ ကလေးများကိုလည်း အစာဂရုစိုက်ကျွေးမွေးပေးမှာဖြစ်တဲ့အပြင် ဖေဖေ၊ မေမေတို့အနေနဲ့လည်း ကလေးကို လွမ်းတိုင်း လာရောက်ကြည့်ရှုလို့ ရပါတယ်ရှင့်။
🚎 ပြင်ဦးလွင်က မဟုတ်တဲ့ ကလေးများကိုတော့ 𝐑𝐨𝐲𝐚𝐥 𝐃𝐨𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 ရဲ့ ကိုယ်ပိုင် 𝐃𝐨𝐠 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭 𝐕𝐞𝐡𝐢𝐜𝐥𝐞 အသုံးပြုပြီး 𝐓𝐫𝐚𝐢𝐧𝐞𝐫 ကိုယ်တိုင် လာရောက်ခေါ်ဆောင်ပေးတဲ့ အစီအစဉ်လေးလည်း ရှိပါတယ်။
** နေရာဒေသပေါ်မူတည်ပြီး ခရီးစရိတ် ကျသင့်ငွေလေးတော့ ရှိပါမယ်ရှင့်။
🎥 သင်တန်းသား အာဝုလေးများရဲ့ တစ်နေ့ထက်တစ်နေ့ တိုးတက်လာမှုများကို Video မှတ်တမ်းများ တင်ပေးထားပြီး ကလေးမိဘများကို ပို့ဆောင်ပေးသွားဦးမှာပါ။
** ကလေးသောက်နေကျ ဆေးဝါးများရှိပါက တစ်ပါတည်း ယူဆောင်ပေးခဲ့ပါရှင်။
** ကလေးများရဲ့ ကျန်းမာရေးနှင့် သန့်ရှင်းရေးကို အထူးအလေးထားတာကြောင့် မွှား၊ သန်းနှင့် တခြားအရေပြားကပ်ပါးပိုးများရှိတဲ့ အာဝုလေးများကိုတော့ သင်တန်းကျောင်းမှာ လက်ခံလို့ မရပါဘူးရှင်။
** ကလေးများကို ရိုက်နှက်သင်ကြားခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ပါ။
အခုလို အဖက်ဖက်ကနေ ပြည့်စုံစွာနဲ့ စနစ်တကျ ဆောင်ရွက်ပေးထားတဲ့ သင်တန်းကျောင်းလေးဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ အမြန်ဆုံး အပ်နှံလိုက်ကြပါစို့နော်။
𝐑𝐨𝐲𝐚𝐥 𝐃𝐨𝐠 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫
-------------------------------
🏛 Kyun Ta Bin Village, Wet Wun, Maymyo
☎ Phone No: 09967722805
📧Email: [email protected]
Royal Dog Training Center