22/05/2026
ခွဲစိတ်ခန်းဝင်ရမယ့် တိလေးတွေရှိရင် ဒီပို့စ်ကို အဆုံးထိဖတ်ဖို့ လိုမယ်နော်👇🏻
ခွဲစိတ်ပြီးနောက် ဂရုစိုက်ပေးတာအပြင် မခွဲစိတ်ခင်မှာ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ပေးထားဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။❗
ခွဲစိတ်တဲ့နေရာမှာ တတ်နိုင်သမျှ အခက်အခဲ၊ အနှောင့်အယှက် မရှိရလေအောင် Operation မဝင်ခင် ပြင်ဆင်ရမယ့် Checklist လေးကို မျှဝေပေးလိုက်ပါတယ်။✨
🥩 အစာရေစာ ဖြတ်ထားပေးခြင်း
မနက်ဖြန် ခွဲခန်းဝင်ရမယ်ဆိုရင် ဒီနေ့လိုညမျိုးကတည်းက အစာကျွေးတာ၊ ရေတိုက်တာမျိုး ရပ်ထားရပါမယ်။ သနားလို့ဆိုပြီး ကျွေးလိုက်တဲ့အခါ အစာရေပြွန်မှာ ပိတ်ဆို့တာတွေဖြစ်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
🩺 Medical Check-up လုပ်ပေးထားခြင်း
ခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည် ရှိ၊ မရှိသိရဖို့ သွေးကြိုစစ်ထားရမှာဖြစ်ပြီး တိလေးမှာ ရှိရင်းစွဲ ရောဂါအခံနဲ့ ပုံမှန်သောက်နေကျ ဆေးတွေရှိတယ်ဆိုရင်လည်း ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။
🧼 ရေချိုးပေးထားခြင်း
ခွဲစိတ်ပြီးတဲ့အခါ အချိန်အတော်ကြာအထိ ရေချိုးလို့မရတာကြောင့် မခွဲစိတ်ခင် (၁) ရက်အလိုမှာ ရေချိုးသန့်စင်ပေးထားခြင်းက အကောင်းဆုံးပါပဲ။
🐾 အနားယူဖို့နေရာ ကြိုတင်ပြင်ဆင်ပေးခြင်း
ခွဲစိတ်ပြီး အိမ်ရောက်တဲ့အခါ ကောင်းကောင်းအနားယူနိုင်ဖို့ သန့်ရှင်းတဲ့နေရာလေးတစ်ခု အိမ်မှာ ကြိုပြီးပြင်ဆင်ထားဖို့လိုပါမယ်။
တိလေးတွေကို တကယ်ချစ်မြတ်နိုးပြီး တကယ်ကို ကျန်းမာစေချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို တစ်သွေမတိမ်းလိုက်နာမှ ဖြစ်မယ်နော် 🥰
ဆေးခန်းရွေးချယ်မှုကလည်း အရေးကြီးတာကြောင့် Pet Care Center မှာဆိုရင် တိလေးတွေရဲ့ ခွဲစိတ်မှုကိစ္စတွေကို ဝါရင့်ကျွမ်းကျင်ဆရာဝန်ကြီးတွေလက်ထဲ ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါတယ်ရှင့် 💁🏻♀️
🗨️ ဆေးခန်းမလာခင်မှာ တိလေးတွေနဲ့ ပတ်သက်ပြီး မေးမြန်းချင်တာရှိရင် Page Chatbox သို့မဟုတ် 09450594999 Viber မှာလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
#တိကျန်းမာရေး #တိဆေးကုခန်း #တိချစ်သူများအတွက်
𝗣𝗲𝘁 𝗖𝗮𝗿𝗲 𝗖𝗲𝗻𝘁𝗲𝗿 🏥
အမှတ် (၂၃/အေ)၊ ဘောဂလမ်း၊ (၉)မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ (ပိတ်ရက်မရှိ)
📱 09450593999
📱 09450594999