Pets Glory တိရစ္ဆာန်ဆေးကုခန်း

Pets Glory တိရစ္ဆာန်ဆေးကုခန်း Part time free consultation service
From(1:00pm)to(2:00pm)
From(8:00pm)to(9:00pm)

‼️ပိုင်ရှင်ထံသို့အကြောင်းကြားစာ‼️ပုံပါဖိုးကဲ အမည်ရှိခွေးကလေးကို Pets Glory pet hotelတွင် (26.3.2026)ရက်နေ့က ပိုင်ရှင်ကို...
22/05/2026

‼️ပိုင်ရှင်ထံသို့အကြောင်းကြားစာ‼️

ပုံပါဖိုးကဲ အမည်ရှိခွေးကလေးကို Pets Glory pet hotelတွင် (26.3.2026)ရက်နေ့က ပိုင်ရှင်ကိုယ်တိုင် အပ်နှံထားခဲ့ပြီးရက်ပိုင်းသာထားမည်ဟုဆိုကာ ယနေ့ထိ ပိုင်ရှင်မှ လာရောက်ခေါ်ယူခြင်းမရှိသေးပါ

ဆက်သွယ်ရန် ပေးထားသော ဖုန်းနံပါတ် /viberနံပါတ်များအား ခေါ်ဆို ဆက်သွယ်သော်လည်း ဖုန်းကိုင်ပြီး ဆေးခန်းမှ ဆက်မှန်းသိ၍ချက်ချင်းချပစ်ခြင်း/blockခြင်း များသာ ရှိနေပါသည်

သို့ဖြစ်ပါ၍ ယခု postဖြင့် ပိုင်ရှင်အား အများပြည်သူမှ တစ်ဆင့် တရားဝင် အကြောင်းကြားအပ်ပါသည်

ပိုင်ရှင်ဖြစ်သူအနေဖြင့်တစ်ပတ်အတွင်းpage /chat boxသို့ ဆက်သွယ်ပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်

[‼️ပိုင်ရှင် အမည်နှင့်ဓာတ်ပုံ/CCTV record များအား ပိုင်ရှင်၏ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် public​တင်ထားခြင်းများမပြုလုပ်သေးပါ ]

24/04/2026

မင်မင်တို့Pets Gloryရဲ့မင်းသားချောလေး💓🐶

ဆေးခန်းပိတ်ရက်လေး အသိပေးပါရစေPetsGlory ဆေးခန်းလေးကို သကြန်အကြိုနေ့(13.4.2026)ရက်မှနှစ်ဆန်းတစ်ရက်နေ့(17.4.2026)ရက်ထိခေတ္တ...
12/04/2026

ဆေးခန်းပိတ်ရက်လေး အသိပေးပါရစေ
PetsGlory ဆေးခန်းလေးကို
သကြန်အကြိုနေ့(13.4.2026)ရက်မှ
နှစ်ဆန်းတစ်ရက်နေ့(17.4.2026)ရက်ထိ
ခေတ္တခဏ ပိတ်ထားမှာဖြစ်ပြီး။
နှစ်ဆန်း နှစ်ရက်နေ့ (18.4.2026)ရက်တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်။
ပုံကတော့ Bollywood Thingyan ဖြစ်နေတယ် AI ကလုပ်ချလိုက်ပီ😂

‎Pets Glory တိရစ္ဆာန်ဆေးကုခန်း, Pet Spa & Hotel တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူလိုပါသည်။‎‎🚀  Receptionist and ...
08/04/2026

‎Pets Glory တိရစ္ဆာန်ဆေးကုခန်း, Pet Spa & Hotel တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ခေါ်ယူလိုပါသည်။

‎🚀 Receptionist and Counter - မ ( ၁ ) ဦး

‎* ဖုန်းခေါ်ဆိုမှုများကို လက်ခံပြီး ပြန်လည်ဖြေကြားခြင်း

‎* Customer များကို ကြိုဆိုပြီး Appointment စီမံခန့်ခွဲခြင်း

‎* Service အချက်အလက်များကို ရှင်းပြပေးခြင်း

‎* စားရင်းများ ( Record / Booking ) ထိန်းသိမ်းခြင်း


‎🚀 လိုအပ်ချက်များ

‎* အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

‎* Communication skill ကောင်းမွန်သူဖြစ်ရမည်။

‎* Computer ( Basic ) အသုံးပြုနိုင်သူဖြစ်ရမည်။

‎* သန့်ရှင်းသပ်ရပ်ပြီး ယဉ်ကျေးစွာ ပြောဆိုနိုင်သူဖြစ်ရမည်။

‎* တိရစ္ဆာန် ချစ်တတ်သူ ဖြစ်ရမည်။

‎* အိမ်ထောင်မရှိသူ ဖြစ်ရမည်။

‎* ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။

‎* အသက် ၁၈ မှ ၂၅ နှစ်အတွင်း ဖြစ်ရမည်။

‎* ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

‎* အလုပ်ချိန် မနက် ( ၉:၃၀ ) မှ ည ( ၇:၀၀ ) အထိ

‎* တစ်လလျှင် ပိတ်ရက် ( ၃ ) ရက်

‎* လစာ ညှိနှိုင်း

‎* အချိန်ပိုကြေး၊ရက်မှန်ကြေး၊သန့်ရှင်းရေးကြေး၊ဘောနပ်စ် အကျိုးခံစားခွင့် ရှိမည်။

‎*အစမ်းခန့် ကာလ ( ၂ ) လ ရှိမည်။

👉 ‎Receptionist ( သို့ ) Customer Service အတွေ့အကြုံ ရှိသူကို ဦးစားပေးမည်။ ( မရှိသူများလည်း လျှောက်ထားနိုင်ပါသည်။ )

‎🚀 Clinic Helper - မ ( ၂ ) ဦး

‎* ဆရာဝန်များအား ကူညီ၍ တိရစ္ဆာန်များအား စစ်ဆေး၊ ကုသရာတွင် အထောက်အကူပြုရန်။

‎* Clinic အတွင်း သန့်ရှင်းရေး နှင့် စနစ်တကျရှိစေရန် ဆောင်ရွက်ရန်။

‎* ဆေးဝါးများနှင့် အသုံးအဆောင် ပစ္စည်းများကို စနစ်တကျ စီမံထိန်းသိမ်းရန်။

‎* Customer များအား ယဉ်ကျေးပြေပြစ်စွာ ဆက်ဆံနိုင်ရန်။

‎🚀 လိုအပ်ချက်များ

‎* တိရစ္တာန်များကို ချစ်မြတ်နိုးသူ ဖြစ်ရမည်။

‎* တာဝန်ယူမှုရှိပြီး သန့်ရှင်းသပ်ရပ်သူ ဖြစ်ရမည်။

‎* သင်ယူလိုစိတ် ရှိသူဖြစ်ရမည်။

‎* အသင်းလိုက် လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

‎*အိမ်ထောင်မရှိသူ ဖြစ်ရမည်။

‎* ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။

‎* အသက် ( ၁၈ ) မှ ( ၂၅ ) နှစ်အတွင်း ဖြစ်ရမည်။

‎* အလုပ်ချိန် မနက် ( ၉:၃၀ ) မှ ည ( ၇:၀၀ ) အထိ။

‎* တစ်လလျှင် ပိတ်ရက် ( ၄ ) ရက် ရမည်။

‎* ရေရှည် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

‎* လစာ ညှိ နှိုင်း *

‎* အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။ ( မရှိသူများလည်း လျှောက်ထားနိုင်သည်။ )

‎* အချိန်ပိုကြေး၊ရက်မှန်ကြေး၊သန့်ရှင်းရေးကြေး၊ဘောနပ်စ် အကျိုးခံစားခွင့် ရှိမည်။

‎* အစမ်းခန့်ကာလ ( ၂ ) လ ရှိမည်။

‎🚀 Spa Helper - ကျား ( ၂ ) ဦး

‎* အိမ်မွေး တိရစ္ဆာန်များကို သန့်ရှင်းရေး ပြုလုပ်ရာတွင် ကူညီပေးရန်။

‎* Spa အတွင်းသန့်ရှင်းရေးနှင့် စနစ်တကျ ဖြစ်စေရန် နှင့် ကူညီဆောင်ရွက်ရန်။

‎* Customer များနှင့် ယဉ်ကျေးစွာ ဆက်ဆံနိုင်ရန်။

‎🚀 လိုအပ်ချပ်ချက်များ

‎* တိရစ္ဆာန် ချစ်သူဖြစ်ရမည်။

‎* အိမ်ထောင်မရှိသူဖြစ်ရမည်။

‎* ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။

‎* အသင်းလိုက် လုပ်ဆောင်နိုင်သူ ဖြစ်ရမည်။

‎* အသက် ( ၁၈ ) မှ ( ၂၅ ) နှစ်အတွင်း ဖြစ်ရမည်။

‎* အလုပ်ချိန် မနက် ( ၉:၃၀ ) မှ ည ( ၇:၀၀ ) အထိ

‎* ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

‎* တစ်လ လျှင် ပိတ်ရက် ( ၄ ) ရက် ရမည်။

‎*လစာ ညှိနှိုင်း *

‎* အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။ ( မရှိသူများလည်း လျှောက်ထား နိုင်သည်။ )

‎* အချိန်ပိုကြေး၊ရက်မှန်ကြေး၊သန့်ရှင်းရေးကြေး၊ဘောနပ်စ် အကျိုးခံစားခွင့် ရှိမည်။

‎* အစမ်းခန့်ကာလ ( ၂ ) လ ရှိမည်။
‎စိတ်ဝင်စား၍ အလုပ်လျှောက်လိုပါက

‎ - CV form
‎ - မှတ်ပုံတင်မိတ္တူ
‎ - အိမ်ထောင်စုစာရင်းမိတ္တူ
‎ - ရပ်ကွက်‌ထောက်ခံစာမူရင်း တို့ယူဆောင်၍

PetsGlory တိရစ္ဆာန်ဆေးကုခန်း၊ အမှတ်(၁၅)/ စျေးကြို-ဖက်ခင်းလမ်း၊ K-Martအနီး/မော်လမြိုင်မြို့။
☎ 09449534556
သို့ လာရောက် အင်တာဗျူး ဖြေဆို ရန် လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

06/04/2026

❤️😍လည်ကတုံး နဲ့ပုဆိုး ဝတ်ပြီး မြန်မာဆန်ဆန်fashion အပြည့်နဲ့ ရေလာချိုးတဲ့ မင်မင်တို့အသဲကျော်ကြီးကို သကြင်္န်💦💛mood လေး onပေးလိုက်ပါပြီ🙊🤩🥳

24/03/2026

😍🤗နှစ်သစ်ကို hair style အသစ်နဲ့ 🛁✂️ဖြတ်သန်းမယ့် ချစ်စရာကလေးငယ်🥳🤩

15/03/2026

🥰💗ချစ်စရာ ပါးဖောင်းဖောင်းလေးတွေနဲ့ ဘယ်လိုတောင် အူယားစရာလေးလဲနော် 🙊😻
🤗😍ချစ်စရာကလေးငယ်လေးတွေကတော့ မင်မင်တို့ 🏡Pets Glory pet spaကိုလာတိုင်း လုံးလုံးကစ်ကစ် ကေလေး😸✂️ညှပ်ခိုင်းနေကျမို့ လုံးလုံးကစ်ကစ်လေးနဲ့ချစ်ဖို့ကောင်းအောင် ညှပ်ထားပေးတာလေးပါရှင်🤩💓

10/03/2026

📸ဓာတ်ပုံရိုက်ပြီဆိုတာနဲ့ pose အလွန်ပေးတတ်သော သက်ရှိ အရုပ်ကလေးပါရှင့်🥰🤍

Spa (On) / Clinic (Off)PetsGlory ဆေးခန်းလေးက်ို March လ (1/2/3) ရက်နေ့များတွင် ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။PetsSpa / Pet Ho...
28/02/2026

Spa (On) / Clinic (Off)
PetsGlory ဆေးခန်းလေးက်ို March လ (1/2/3) ရက်နေ့များတွင် ခေတ္တပိတ်ထားမှာဖြစ်ပါတယ်။
PetsSpa / Pet Hotel လေးတွေတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ပေးသွားပါမည်။
(4.3.2026)ရက်နေ့တွင် ဆေးခန်းလေးပြန်ဖွင့်ပါမည်။

28/02/2026

🧐🤩မင်မင်တို့မျက်စိရှေ့မှာတင် အရွယ်ရောက်ပြီး ပိုချောလာကြတဲ့ ချစ်စရာမောင်နှမ နှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေ ပါရှင်🤗😍🥳

Address

PetsGlory တိရစ္ဆာန်ဆေးကုခန်း/စျေးကြို-ဖက်ခင်း/ငန်းတေးလမ်း/စိန်သုံးလုံးသစ်သီးဆိုင်နှင့်K-Martကြား
Mawlamyine

Website

Alerts

Be the first to know and let us send you an email when Pets Glory တိရစ္ဆာန်ဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category