Kyi Chan Feed & Pet Shop

Kyi Chan Feed & Pet Shop အေကာင္းဆံုး ဝန္ေဆာင္မႈမ်ားႏွင့္ ေေ?

14/05/2023
10/09/2020



◾ တကျော့ပြန် COVID-19 ဖြစ်ပွားမှု ၂၄ ရက်အတွင်း သေဆုံးသူ ၆ ဦးရှိ

◾ ဗိုင်းရပ်စ်အားပျော့သွားသည်ဆိုသည်မှာ မဟုတ်မှန်

မြန်မာနိုင်ငံ၌ တကျော့ပြန် COVID-19 ပြည်တွင်းကူးစက်မှုစတင်ဖြစ်ပွားသည့် သြဂုတ် ၁၆ ရက်မှ ယနေ့ စက်တင်ဘာ ၉ ရက်အထိ ၂၄ ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိနေပြီဖြစ်ပြီး မျိုးဗီဇပြောင်းလဲကာ ကိုရိုနာဗိုင်းရပ်စ် အားပျော့သွားသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးထံမှ စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားသည့် မတ်လ ၂၃ ရက်မှ ဒုတိယအကြိမ် ပြည်တွင်းကူးစက်မှုမဖြစ်ပွားမီ သြဂုတ် ၁၆ ရက်မတိုင်မီ ငါးလကျော်ကာလအတွင်း COVID-19 လူနာ ၃၇၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၆ ဦးသာရှိခဲ့သည်။

ယခုဒုတိယအကြိမ် ပြည်တွင်းကူးစက်မှု တကျော့ပြန်ဖြစ်ပွားနေသည့် ၂၄ ရက်အတွင်း COVID-19 လူနာ ၁၄၃၃ ဦးရှိပြီဖြစ်ပြီး သေဆုံးသူမှာလည်း ၆ ဦးထပ်မံတိုးလာခဲ့သည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ပိုးမှာလည်း မျိုးဗီဇပြောင်းလဲခြင်းများရှိလာခဲ့သည်။

သို့ရာတွင် မျိုးဗီဇပြောင်းလဲနေသည့် ဗိုင်းရပ်စ်ပိုးသည် ကူးစက်နှုန်းမြင့်သည်မှာ မှန်သော်လည်း မပြင်းထန်ဘဲ အပျော့စားဗိုင်းရပ်စ်ဖြစ်သွားသည်ဟု လူမှုကွန်ရက်တွင် သုံးသပ်ပြောဆိုနေကြသည်မှာ လုံးဝမှားယွင်းကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောကြားခဲ့သည်။

“အပျော့စားဖြစ်သွားတယ်၊ မပြင်းထန်ဘူးဆိုတာ တော်တော်မှားတာဗျ။ ဗိုင်းရပ်ရဲ့ဆူးချွန်မှာရှိတဲ့ဟာက strong တဲ့အခါကျတော့ ပိုပြီးသန်မာလာတယ်။ ပိုပြီးကူးစက်နိုင်တဲ့အားနဲ့ သွားနိုင်တဲ့အားကများတယ်။ ဒါပေမဲ့အားပျော့သွားတယ်ဆိုတာက သက်သေအထောက်အထားမတွေ့ပါဘူး။ အဲဒီအခါကျတော့ အခုကပိုတောင်မှ ဆိုးပါသေးတယ်။ ပိုပြီးသတိထားရမယ့်အနေအထားပါ။ အရင်ကဆိုရင် ကိုယ်ခံအားနည်းတဲ့သူတွေကို ပိုကူးတယ်၊ ကူးဖို့ကလည်း တော်တော်နီးနီးကပ်ကပ်ရှိမှ ကူးတယ်။ အခုကျတော့ ခပ်လှမ်းလှမ်းကနေရင်တောင်ကူးတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတာပေါ့” ဟု ၎င်းကပြောကြားသည်။

ထို့အပြင် ကူးစက်နှုန်းများပြားပြီး ပြင်းထန်မှုလဲရှိသည့်အတွက် ဗိုင်းရပ်စ်ပိုးမှာ လျှော့တွက်၍မရသည့်အနေအထားဖြစ်ကာ လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ထားရှိထားသည့် လူနာ ၁၇ ဦးရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ရုတ်တရက်ကြည့်လိုက်ရင်တော့ ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေအေးဆေးပေါ့၊ ရောဂါလက္ခဏာတောင်မပြဘူးပေါ့။ ဒါပေမဲ့ ရောဂါအခံရှိတဲ့လူတွေကို ကူးလိုက်ရင်တော့ မလွယ်ဘူးလေ။ ကူးစက်တဲ့ပမာဏကလည်း လူတွေအများကြီးကူးလိုက်တော့ လက္ခဏာတွေမပြဘူး၊ သက်သာတယ်ဆိုပြီး ပေါ့သွားတာပေါ့။ တကယ်တမ်းကျတော့ ကူးစက်နှုန်းကမြန်တယ်၊ ပြင်းထန်နှုန်းကလည်း ရှိတယ်ဆိုတော့ ဒါလုံးဝလျှော့တွက်လို့မရတဲ့အနေအထားဖြစ်ပါတယ်။ အခုလက်ရှိ ICU ထဲမှာ စာရင်းပေါက်တာလဲ ၁၇ ယောက်ရှိပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။

ဒုတိယအကြိမ်ပြည်တွင်းကူးစက်မှု ပြန်လည်စတင်သည့် ၂၄ ရက်အတွင်း ကူးစက်ခံရသူဦးရေသည် ပထမအကြိမ်ဖြစ်ပွားသည့် ငါးလကျော်အတွင်း ကူးစက်ခံရသူဦးရေနှင့် ယှဉ်ကြည့်ပါက လေးဆနီးပါးမြင့်တက်နေပြီး သေဆုံးသူဦးရေမှာလည်း ဒုတိယအကြိမ်ဖြစ်ပွားသည့် ၂၄ ရက်အတွင်း ၆ ဦးထိရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့(စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၁၈၀၇ ဦး၊ ရောဂါပြန်လည်သက်သာသူ ၄၆၀ ဦး၊ သေဆုံးသူ ၁၂ ဦးရှိပြီဖြစ်သည်။

သတင်း - စွမ်းရည်တိုး / စံတော်ချိန်

ဓာတ်ပုံ - MPA

စံတော်ချိန်ဝက်ဘ်ဆိုက်-http://sdtimedaily.com/

စံတော်ချိန်ယူကျု့-https://www.youtube.com/c/TheStandardTimeTVFreeToAir..............................................................
(Zawgyi Version)

◾ တေက်ာ့ျပန္ COVID-19 ျဖစ္ပြားမႈ ၂၄ ရက္အတြင္း ေသဆုံးသူ ၆ ဦးရွိ

◾ ဗိုင္းရပ္စ္အားေပ်ာ့သြားသည္ဆိုသည္မွာ မဟုတ္မွန္

ျမန္မာႏိုင္ငံ၌ တေက်ာ့ျပန္ COVID-19 ျပည္တြင္းကူးစက္မႈစတင္ျဖစ္ပြားသည့္ ၾသဂုတ္ ၁၆ ရက္မွ ယေန႔ စက္တင္ဘာ ၉ ရက္အထိ ၂၄ ရက္အတြင္း COVID-19 ေၾကာင့္ ေသဆုံးသူ ၆ ဦးရွိေနၿပီျဖစ္ၿပီး မ်ိဳးဗီဇေျပာင္းလဲကာ ကို႐ိုနာဗိုင္းရပ္စ္ အားေပ်ာ့သြားသည္ဆိုသည္မွာ မဟုတ္မွန္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာသန္းႏိုင္စိုးထံမွ စုံစမ္းသိရသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 စတင္ျဖစ္ပြားသည့္ မတ္လ ၂၃ ရက္မွ ဒုတိယအႀကိမ္ ျပည္တြင္းကူးစက္မႈမျဖစ္ပြားမီ ၾသဂုတ္ ၁၆ ရက္မတိုင္မီ ငါးလေက်ာ္ကာလအတြင္း COVID-19 လူနာ ၃၇၄ ဦးရွိခဲ့ၿပီး ေသဆုံးသူ ၆ ဦးသာရွိခဲ့သည္။

ယခုဒုတိယအႀကိမ္ ျပည္တြင္းကူးစက္မႈ တေက်ာ့ျပန္ျဖစ္ပြားေနသည့္ ၂၄ ရက္အတြင္း COVID-19 လူနာ ၁၄၃၃ ဦးရွိၿပီျဖစ္ၿပီး ေသဆုံးသူမွာလည္း ၆ ဦးထပ္မံတိုးလာခဲ့သည္။ ထို႔အျပင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးမွာလည္း မ်ိဳးဗီဇေျပာင္းလဲျခင္းမ်ားရွိလာခဲ့သည္။

သို႔ရာတြင္ မ်ိဳးဗီဇေျပာင္းလဲေနသည့္ ဗိုင္းရပ္စ္ပိုးသည္ ကူးစက္ႏႈန္းျမင့္သည္မွာ မွန္ေသာ္လည္း မျပင္းထန္ဘဲ အေပ်ာ့စားဗိုင္းရပ္စ္ျဖစ္သြားသည္ဟု လူမႈကြန္ရက္တြင္ သုံးသပ္ေျပာဆိုေနၾကသည္မွာ လုံးဝမွားယြင္းေၾကာင္း ေဒါက္တာသန္းႏိုင္စိုးက ေျပာၾကားခဲ့သည္။

“အေပ်ာ့စားျဖစ္သြားတယ္၊ မျပင္းထန္ဘူးဆိုတာ ေတာ္ေတာ္မွားတာဗ်။ ဗိုင္းရပ္ရဲ႕ဆူးခၽြန္မွာရွိတဲ့ဟာက strong တဲ့အခါက်ေတာ့ ပိုၿပီးသန္မာလာတယ္။ ပိုၿပီးကူးစက္ႏိုင္တဲ့အားနဲ႔ သြားႏိုင္တဲ့အားကမ်ားတယ္။ ဒါေပမဲ့အားေပ်ာ့သြားတယ္ဆိုတာက သက္ေသအေထာက္အထားမေတြ႕ပါဘူး။ အဲဒီအခါက်ေတာ့ အခုကပိုေတာင္မွ ဆိုးပါေသးတယ္။ ပိုၿပီးသတိထားရမယ့္အေနအထားပါ။ အရင္ကဆိုရင္ ကိုယ္ခံအားနည္းတဲ့သူေတြကို ပိုကူးတယ္၊ ကူးဖို႔ကလည္း ေတာ္ေတာ္နီးနီးကပ္ကပ္ရွိမွ ကူးတယ္။ အခုက်ေတာ့ ခပ္လွမ္းလွမ္းကေနရင္ေတာင္ကူးတယ္ဆိုတဲ့ သေဘာမ်ိဳးျဖစ္ေနတာေပါ့” ဟု ၎ကေျပာၾကားသည္။

ထို႔အျပင္ ကူးစက္ႏႈန္းမ်ားျပားၿပီး ျပင္းထန္မႈလဲရွိသည့္အတြက္ ဗိုင္းရပ္စ္ပိုးမွာ ေလၽွာ႔တြက္၍မရသည့္အေနအထားျဖစ္ကာ လက္ရွိတြင္ အထူးၾကပ္မတ္ကုသေဆာင္ (ICU) တြင္ ထားရွိထားသည့္ လူနာ ၁၇ ဦးရွိေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

“႐ုတ္တရက္ၾကည့္လိုက္ရင္ေတာ့ ကိုယ္ခံအားေကာင္းတဲ့ လူငယ္ေတြေအးေဆးေပါ့၊ ေရာဂါလကၡဏာေတာင္မျပဘူးေပါ့။ ဒါေပမဲ့ ေရာဂါအခံရွိတဲ့လူေတြကို ကူးလိုက္ရင္ေတာ့ မလြယ္ဘူးေလ။ ကူးစက္တဲ့ပမာဏကလည္း လူေတြအမ်ားႀကီးကူးလိုက္ေတာ့ လကၡဏာေတြမျပဘူး၊ သက္သာတယ္ဆိုၿပီး ေပါ့သြားတာေပါ့။ တကယ္တမ္းက်ေတာ့ ကူးစက္ႏႈန္းကျမန္တယ္၊ ျပင္းထန္ႏႈန္းကလည္း ရွိတယ္ဆိုေတာ့ ဒါလုံးဝေလၽွာ႔တြက္လို႔မရတဲ့အေနအထားျဖစ္ပါတယ္။ အခုလက္ရွိ ICU ထဲမွာ စာရင္းေပါက္တာလဲ ၁၇ ေယာက္ရွိပါတယ္” ဟု ေဒါက္တာသန္းႏိုင္စိုးကေျပာသည္။

ဒုတိယအႀကိမ္ျပည္တြင္းကူးစက္မႈ ျပန္လည္စတင္သည့္ ၂၄ ရက္အတြင္း ကူးစက္ခံရသူဦးေရသည္ ပထမအႀကိမ္ျဖစ္ပြားသည့္ ငါးလေက်ာ္အတြင္း ကူးစက္ခံရသူဦးေရႏွင့္ ယွဥ္ၾကည့္ပါက ေလးဆနီးပါးျမင့္တက္ေနၿပီး ေသဆုံးသူဦးေရမွာလည္း ဒုတိယအႀကိမ္ျဖစ္ပြားသည့္ ၂၄ ရက္အတြင္း ၆ ဦးထိရွိေနၿပီျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ယေန႔(စက္တင္ဘာ ၉ ရက္) နံနက္ပိုင္းအထိ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ၁၈၀၇ ဦး၊ ေရာဂါျပန္လည္သက္သာသူ ၄၆၀ ဦး၊ ေသဆုံးသူ ၁၂ ဦးရွိၿပီျဖစ္သည္။

သတင္း - စြမ္းရည္တိုး / စံေတာ္ခ်ိန္

ဓာတ္ပုံ - MPA

စံေတာ္ခ်ိန္ဝက္ဘ္ဆိုက္-http://sdtimedaily.com/

စံေတာ္ခ်ိန္ယူက်ဳ႕-https://www.youtube.com/c/TheStandardTimeTVFreeToAir

10/04/2020
follow..
31/03/2020

follow..

23/03/2020

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည် ဟု သံသယရှိပါက မြန်မာပြည်အတွင်း အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

Public Health Emergency Operation Center (ပြည်သူ့ကျန်းမာရေး အရေးပေါ်တုန့်ပြန်ရေး ဌာန) 067- 3420268

Yangon Regional Department of Public Health (ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-449001261, 09-794510057

Mandalay Regional Department of Public Health (မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန) 09-2000344, 09-43099526

Yangon Airport Health Quarantine Unit 09-799983833

Crd

Address

Zay Cho
Mawlamyaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

098702347

Website

Alerts

Be the first to know and let us send you an email when Kyi Chan Feed & Pet Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share