22/11/2025
မန္တလေးမြို့မှာ မိတ်ဆွေတို့ရဲ့ မြတ်နိုးရတဲ့ အချစ်တော်ကလေးလေးတွေအတွက် ယုံကြည်စိတ်ချလို့ရနိုင်မဲ့ Pet Hotel လေးတစ်ခုဖြစ်အောင် ကျွန်တော်တို့ရဲ့ Hantha Htut Pet Clinic,Hotel,Accessories,Spa & Grooming မှ အစဉ်မပြတ်ကြိုးစားလျက်ရှိပါတယ်ခင်ဗျာ....🎉🐾
Hantha Htut မှာဆိုရင် Pet Clinic Services , Pet Hotel Services , Pet Spa & Grooming Services ရယ်ဆိုပြီးရှိတဲ့အထဲမှာမှ Pet Hotel Services ရဲ့Dog Hotel Room လေးရဲ့အကြောင်းကို ထပ်မံမိတ်ဆက်ပေးပါရစေခင်ဗျာ…..🦮🐕🦺
ကျွန်တော်တို့ရဲ့ Dog Hotel Roomမှာဆိုရင် ကလေးလေးတွေအတွက် နေရထိုင်ရတာ ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် ၊ သီးသီးသန့်သန့်နေလို့ရအောင်၊ သန့်ရှင်းသပ်ရပ်အောင် ၊ လေဝင်လေထွက်ကောင်းအောင် ၊ စိုးရိမ်ကြောက်လန့်မှုများမရှိလေအောင် အထူးအလေးထားပြီး အခန်းတိုင်းကို ပြုလုပ်ထားပေးပါတယ်ခင်ဗျာ…..🏩
Dog Hotel Roomကို 24 hrs Aircon & Lighting ပေးထားနိုင်ဖို့ကိုလဲ ကျွန်တော်တို့ဆီမှာ Solar Electricity Systemကို တပ်ဆင်ထားရှိပေးထားပါတယ်..... 🔋⚡️
ကလေးလေးတွေရဲ့ လုံခြုံရေးအတွက်ကို 24Hrs CCTVထားရှိပေးထားခြင်း ၊ Double Security Doors များတပ်ဆင်ထားပေးခြင်းများဆောင်ရွက်ထားပြီး ကျွမ်းကျင်ပြီးကလေးတွေအပေါ်ချစ်ခင်ကြင်နာတတ်တဲ့ Staff များကလဲ ကလေးလေးတွေကို အချိန်တိုင်း ကြည့်ရှုစစ်ဆေးပေးနေမှာပဲဖြစ်ပါတယ်.....🖥️
Long Stay ဖြစ်ဖြစ် Day Care ဖြစ်ဖြစ် လာနေတဲ့ကလေးလေးတွေ Less Stress & More Happy ဖြစ်အောင် အလေးထားတာမို့ Staff များနှင့်အတူတူဆော့ကစားပေးတာတွေ၊လမ်းလျှောက်ပေးတာတွေ၊လွှတ်ကျောင်းတာတွေ လုပ်ပေးနိုင်အောင်လဲ စီစဉ်ဆောင်ရွက်ထားပေးပါတယ်...🏕️ 🤹🏻♂️🎡
ကလေးလေးတွေအားလုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားတဲ့အနေနဲ့ Hotel လက်ခံမဲ့ကလေးများအား On Boarding Date မှာ General Health Check Up လုပ်ပြီး Vaccination Program,Skin Condition Issue,Tick & Flea Issue,....အစရှိသဖြင့် သေချာစွာစီစစ်ရွေးချယ်လက်ခံပေးခြင်းများဆောင်ရွက်ပါတယ်🚨🩺
Hotel Stay နေနေစဉ်အတွင်းမှာလဲ ကလေးတွေကိုကျွန်တော်တို့ဆီမှ Consultant Doctorများမှ နေ့စဉ် (သို့) အခါအားလျော်စွာ Medical Check Up လုပ်ဆောင်ပေးခြင်းများဆောက်ရွက်ပေးပါတယ်…..👨🏻⚕️👩🏻⚕️
Dog Hotel Room ရဲ့ သန့်ရှင်းရေးအတွက်ကိုလဲ တစ်နေ့ ( ၂ )ကြိမ် သန့်ရှင်းရေးလုပ်ခြင်း၊ အစာခွက်/ရေခွက်များအားနေ့စဉ်လဲလှယ်သန့်ရှင်းရေးလုပ်ခြင်း ၊ လေဝင်လေထွက်ကောင်းအောင် အနံ့အသက်ကင်းအောင် စီမံဆောင်ရွက်ခြင်း ၊ သေးဗန်းများအားပိုးသတ်ဆေးကြောသန့်စင်ခြင်း ၊ ကလေးလေးတွေပြန်သွားပါက တစ်ခန်းလုံးပိုးသတ်ပေးခြင်း အစရှိသဖြင့် Cleaning & Sanitising Procedure များကို တိကျသေချာပြီး အချိန်မှန်လုပ်နိုင်အောင် ဆောင်ရွက်ထားရှိပေးထားပါတယ်......🫧🌈
ကလေးလေးတွေအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်မဲ့ Services တွေကို ဆက်လက်လုပ်ဆောင်ပေးသွားနိုင်ဖို့ ကျွန်တော်တို့မှ အစွမ်းကုန်ကြိုးစားလျှက်ရှိပါတယ်ခင်ဗျာ......🥰