05/11/2023
" Rottweiler Speciality Show"
Pure breed Rottweiler တစ်ကောင် အရေအသွေး နဲ့ တန်ဖိုး တက်ဖို့ သူမဖြစ်မနေဖြတ်သန်းရတဲ့ Show , Test and exam တွေထဲက Speciality Show အကြောင်းပြောရရင်.....
၁၉ ရာစု အစောပိုင်းကာလ ယနေ့ မြင့်တွေ့နေရတဲ့ pure breed rottweiler ပုံစံတွေ မဖြစ်ခင်က....လူသားတွေ သတ်မှတ်ထားတဲ့ သီးသန့် လုပ်ငန်းဆောင်တာတွေဆောင်ရွက်ဖို့ (working)
ခွေးမျိုးစိတ်တစ်ခု ပေါ်ပေါက်ရန် ရည်ရွယ်ချက်နဲ့ rottweil ဆိုတဲ့ မျိုးလေးမှာ ဒေသခံ ခွေးတွေကို စုစည်းကြတယ် ပြီးရင် ပြကြပါတယ် (dog show)(နွားပွဲလို)
အဲဒီထဲက ခွေးတွေထဲမှ ကိုယ်လိုချင်တဲ့ ထူးခြားတဲ့ အချက်ရှိတဲ့ခွေးတွေကို သားစပ် ကြပါတယ်
အဲဒီကနေ ကိုယ်လိုချင် ရချင်တဲ့ ခွေးနဲ့ဆိုင်တဲ့ စိတ်ပိုင်းရုပ်ပိုင်း အချက်အလက်(breed characterist) တွေကို စနစ်တကျ သတ်မှတ်ပြီး အဖွဲ့ ဖွဲ့ပြီး dog show တွေကျင်းပ အဲဒီထဲက လိုချင်တာတွေယူ မလိုချင်တာတွေ ပယ်ပြီ Gene pool မျိုးရိုးဗီဇ ကို တည်ဆောက်ကြပါတယ်. (Breed goal)
တစ်နည်းပြောရရင်
1. Dog Show ရဲ့ အခြေခံ မူက
ခွေးပြိုင်ပွဲလို့ ၁၀၀% ပြောဖို့ထက် ခွေးပြပွဲဆိုတာ ပိုသင့်လျော်ပါတယ်
Breed Standard ဆိုတဲ့ အတိုချုပ် အခြေခံ ဥပဒေ ဘောင် ထဲက နေ အပြင်မရောက်ပဲ...
2. Disqualifing faults (rottweiler တစ်ကောင်မှာ ပယ်ရမဲ့ အချက်) ပါမ ပါ ကြည့်ပါတယ်... ပါတဲ့ ခွေးတွေကို ဆက်လက် မပါဝင်စေတော့ပါ.
3. ကျန်တဲ့ ခွေးတွေကို ဆက်လက်ပြပြီး
ရွေးချယ်ပါတယ်
ပထမ...
ဒုတိယ...သတ်မှတ်တာထက်.....
Good to breed....recommend to breed...V grade စသဖြင့်သတ်မှတ်
ဆိုလိုတာ breed standard နဲ့ အနီးစပ်ဆုံး ထူးခြားစွာသယ်ဆောင်တဲ ခွေးတွေ V ထိပ်ပိုင်းပေးပါတယ်.....တစ်ကောင်နင့်တစ်ကောင် သူ့အားသာချင် အားနည်းချက်ကိုစီ ရှိကြပါတယ်
အဲဒီထဲက ကို့ လိုအပ်ချက်...မြှင့်တင်ပေးမဲ့ အချက်ပါတဲ့ ခွေးတွေနဲ့ သားစပ်ပြီ မျိုးရိုးမြှင့်တင်ဖို့ပါ.
အချုပ်အားဖြင့်
Dog Show ရဲ့ သဘော
Breed Standard တို့
Disqualifing Faults တို့ဆိုတာ pure breed တစ်ခု မှာ ဘယ်လောက် အရေးပါ အရေးကြီး သလည်းဆိုတာသိသာလှပါတယ်
.ငါတို့က dog show ပြိုင်ဖို့မွေးတာမဟုတ်ဘူး ချစ်လို့မွေးတာ.. Dog show ဆိုတာအလကားပါတို့
ကြိုက်သလိုခံယူချက်ထားလို့ရပါတယ်
ဒါပေမဲ့ သင် မြန်မာငွေ သိန်းချီ သန်းချီ ပေးပြီး ခွေးဝယ်တော့မယ်ဆိုရင်
Rottweiler တစ်ကောင်ရဲ့
Breed standard (စံသတ်မှတ်ချက်)
Disqualifing faults (အဆင့်မမှီတဲ့ အချက်) တွေကို မှန်မှန်ကန်ကန် သိဖို့မလိုဘူးလား???