Yadanarbon Zoo

Yadanarbon Zoo Yadanabon Zoological Garden is a green zone of the Middle Myanmar, is situated in the north of the M
(1)

👷‎Happy International Labours' Day‎✍️‎​ယနေ့ မေလ ( ၁ ) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လောကကြီးအာ...
01/05/2026

👷‎Happy International Labours' Day

‎
✍️‎​ယနေ့ မေလ ( ၁ ) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် လောကကြီးအား ပိုမိုကောင်းမွန်အောင် ထုဆစ်နေကြသည့် အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များ အားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါတယ်။
‎
‎
✨‎​အလုပ်သမားများ၊ ဝန်ထမ်းများနှင့် ပညာရှင်များ အားလုံး ခွန်အားသစ်များဖြင့် ရှေ့ဆက်ရင်း အခက်အခဲများကို ကြံ့ကြံ့ခိုင်ခိုင် ကျော်ဖြတ်ကာ အောင်မြင်မှုအသစ်များအား ရရှိပိုင်ဆိုင်နိုင်ပါစေရှင်။

Happy International Labour Day!

​On this May 1st, International Labour Day, I respectfully honor all workers, employees, and professionals who are shaping the world for the better.

​May all workers, employees, and professionals move forward with renewed strength, resiliently overcome every challenge, and achieve new heights of success.

‎​

"ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် စိတ်နှလုံး အေးချမ်းကြပါစေ"🙏ယနေ့သည် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆ...
30/04/2026

"ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယတွင် စိတ်နှလုံး အေးချမ်းကြပါစေ"

🙏ယနေ့သည် “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန် မှတ်ရန် ဗုဒ္ဓနေ့” ဟု ဆိုစမှတ်ပြုကြသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးမြတ် ဖြစ်ပါတယ်။

✨ထိုကဲ့သို့ နေ့ထူးနေ့မြတ် အချိန်အခါ သမယတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ မေတ္တာရိပ်၌ ခိုလှုံကာ မိဘပြည်သူအပေါင်း ဘေးဘယာဝေးကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးစီးပွားများ တိုးတက် အောင်မြင်ကြပါစေကြောင်း လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

🎊မင်္ဂလာရှိသော ကဆုန်လပြည့်နေ့ အားလပ်ရက်မှာ ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း သဘာဝတရားနှင့်အတူ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်။

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

28/04/2026
💦နှစ်သစ်မင်္ဂလာ အခါသမယတွင် ပျော်ရွှင်ခြင်းအပေါင်း ခညောင်းပါစေ✨🍃အတာသင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ...
13/04/2026

💦နှစ်သစ်မင်္ဂလာ အခါသမယတွင် ပျော်ရွှင်ခြင်းအပေါင်း ခညောင်းပါစေ✨

🍃အတာသင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ သင်္ကြန်ရေအေးအေးလေးနှင့အတူ နှစ်ဟောင်းမှ အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ လန်းဆန်းတက်ကြွတဲ့ စိတ်ဓာတ်တွေ၊ အောင်မြင်မှုအသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင်။🙏🙏

☘️မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း မိသားစု၊ မိတ်ဆွေသင်္ဂဟများနှင့်အတူ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် လာရောက်လည်ပတ်ကြဖို့ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။🙇‍♀️🙇‍♀️

#အတာသင်္ကြန် #နှစ်သစ်ကူးဆုတောင်း

တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ - Zoo Lovers Day (April 8) နှစ်စဉ် ဧပြီလ (၈) ရက်နေ့ ဟာ တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို တ...
08/04/2026

တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ - Zoo Lovers Day (April 8)

နှစ်စဉ် ဧပြီလ (၈) ရက်နေ့ ဟာ တိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထား မြတ်နိုးသူတွေအတွက် ထူးခြားတဲ့ "Zoo Lovers Day" ပဲ ဖြစ်ပါတယ်။

ဒီနေ့ဟာ တိရစ္ဆာန်ဥယျာဉ်တွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြသလို၊ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လူတိုင်း ပူးပေါင်းပါဝင်လာဖို့ တိုက်တွန်းနှိုးဆော်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။

ယခင်က တိရစ္ဆာန်ဥယျာဉ်တွေကို အပန်းဖြေ ဖျော်ဖြေရေးနေရာတစ်ခုအဖြစ်သာ ရှုမြင်ခဲ့ကြပေမဲ့၊ ယနေ့ခေတ်မှာတော့ သဘာဝထိန်းသိမ်းရေးဗဟိုချက်များ (Conservation Centers) အဖြစ် အသွင်ပြောင်းလဲလာခဲ့ပါပြီ။

ယနေ့ခေတ် တိရစ္ဆာန်ဥယျာဉ်တွေဟာ-

- Safe Haven: မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာဖြစ်ခြင်း။

- Research & Education: တိရစ္ဆာန်ဗေဒဆိုင်ရာ သုတေသနလုပ်ငန်းတွေနဲ့ လူထုအသိပညာပေး သင်ကြားရေးလုပ်ငန်းတွေကို ဆောင်ရွက်ခြင်း။

- Breeding & Reintroduction: မျိုးဆက်ပြတ်တောက်မသွားအောင် စနစ်တကျ မျိုးပွားမွေးမြူပြီး (Captive Breeding)၊ သဘာဝတောတောင်တွေထဲသို့ ပြန်လည်စေလွှတ်ခြင်း (Species Reintroduction)။

- Genetic Research: မျိုးရိုးဗီဇဆိုင်ရာ သုတေသနပြုချက်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ရေရှည်ရှင်သန်နိုင်ဖို့ ကြိုးပမ်းခြင်း …. အနေဖြစ် အဓိက အခန်းကဏ္ဍတို့မှ ပါဝင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။

Zoo Lovers Day ဟာ တိရစ္ဆာန်တွေကို ဂုဏ်ပြုရုံတင်မကဘဲ နောင်လာနောက်သားတွေအတွက် တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို လက်ဆင့်ကမ်းနိုင်ဖို့ အားထုတ်ကြတဲ့နေ့ ဖြစ်ပါတယ်။

တာဝန်သိ တိရစ္ဆာန်ဥယျာဉ်တွေကို ပံ့ပိုးကူညီခြင်း၊ တိရစ္ဆာန်ဥယျာဉ်များသို့ သွားရောက်လည်ပတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်တွေမှာ ပါဝင်လှူဒါန်းခြင်း ဒါမှမဟုတ် အသိပညာပေးခြင်း စတာတွေဟာ ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေပေါ်က အံ့မခန်း သတ္တဝါလေးတွေ နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် များစွာ အထောက်အကူဖြစ်စေမှာပါ။

ဒီနေ့မှာ ကျရောက်တဲ့ တိရစ္ဆာန်ဥယျာဉ်ချစ်သူများနေ့ ကနေစပြီး သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အတူတကွ ပူးပေါင်းပါဝင် ဆင်နွှဲကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ 🐾💚



Zoo Lovers Day – April 8
Every year on April 8th, we celebrate "Zoo Lovers Day," a special day for those who cherish animals and the natural environment. This day highlights the vital role of zoos and serves as a call to action for everyone to participate in wildlife protection and global environmental conservation efforts.

While zoos were once viewed primarily as places for public entertainment, they have evolved into essential Conservation Centers in the modern era.

Today, zoos play a critical role through several key functions:
Safe Haven: Providing a secure sanctuary for endangered species.
Research & Education: Conducting zoological research and providing public education programs.

Breeding & Reintroduction: Implementing systematic Captive Breeding programs to prevent extinction and managing Species Reintroduction into the wild.
Genetic Research: Carrying out genetic studies to ensure the long-term survival of wildlife.

Zoo Lovers Day is more than just a celebration of animals; it is a commitment to preserving wildlife and biodiversity for future generations. By supporting responsible zoos, visiting them, donating to conservation programs, or spreading awareness, we all contribute significantly to ensuring that the world's most magnificent creatures thrive for years to come.
On this Zoo Lovers Day, we invite you to join us in our efforts to protect the environment and conserve wildlife. 🐾💚

🎖️သမိုင်းအစဉ်အလာ ကြီးမားသော (၈၁) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုပါ၏🙇‍♀️📍၁၉၄၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့မှစတင်ကာ ဖ...
27/03/2026

🎖️သမိုင်းအစဉ်အလာ ကြီးမားသော (၈၁) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုပါ၏🙇‍♀️

📍၁၉၄၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့မှစတင်ကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည့် သမိုင်းဝင်နေ့ထူးနေ့မြတ်မှသည် ယနေ့တိုင် နိုင်ငံတော်နှင့် ပြည်သူ့အတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သော တပ်မတော်သား အပေါင်းအား စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း (၈၁) နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုအပ်ပါတယ်။🙇‍♀️

#တပ်မတော်နေ့

🐾 အပြည်ပြည်ဆိုင်ရာ ဝက်ဝံများနေ့ (International Bear Day) 🐾 ယနေ့ မတ်လ (၂၃) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ ဝက်ဝံမျ...
23/03/2026

🐾 အပြည်ပြည်ဆိုင်ရာ ဝက်ဝံများနေ့ (International Bear Day) 🐾

ယနေ့ မတ်လ (၂၃) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ ဝက်ဝံများနေ့" ဟာ ကမ္ဘာမြေရဲ့ ဂေဟစနစ်ကို ထိန်းညှိပေးနေတဲ့ သဘာဝတရားရဲ့ အင်အားကြီးအုပ်ထိန်းသူ ဝက်ဝံလေးများအကြောင်းကို သတိပြုမိစေဖို့ သတ်မှတ်ထားတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

ဝက်ဝံမျိုးစိတ်တွေဟာ သစ်တောတွေအတွင်းမှာ အသီးအနှံတွေကို စားသုံးပြီး အစေ့အဆန်တွေကို နေရာအနှံ့ ပျံ့နှံ့စေခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ရှင်သန်ဖို့အတွက် "သဘာဝရဲ့ စိုက်ပျိုးရေးသမား" အဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။

သို့သော်လည်း ယခုအခါမှာ ရာသီဥတုဖောက်ပြန်မှု၊ နေရင်းဒေသများ ပျက်စီးမှုနဲ့ တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ဝက်ဝံမျိုးစိတ်အများစုဟာ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့အားလုံးဟာ ဝက်ဝံလေးတွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ သူတို့ရဲ့ အိမ်ဖြစ်တဲ့ သစ်တောတွေကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် ကမ္ဘာမြေကြီး ပိုမိုစိမ်းလန်းစိုပြေပြီး သာယာလှပလာစေဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

စိမ်းလန်းစိုပြေတဲ့ အနာဂတ်အတွက် ဝက်ဝံလေးတွေကို ချစ်ခင်မြတ်နိုးစွာ ကာကွယ်ကြပါစို့နော်။

🐾 International Bear Day 🐾

Today, March 23rd, marks "International Bear Day," a day dedicated to raising awareness about bears—nature's powerful guardians who play a vital role in balancing the Earth's ecosystem.

Bear species contribute significantly to the rejuvenation of the natural environment as "nature's farmers" by consuming fruits within forests and dispersing seeds far and wide.

However, many bear species are currently facing the threat of extinction due to climate change, habitat destruction, and illegal poaching and killing.

Therefore, it is essential for all of us to work together to protect the lives of these bears and their forest homes, thereby ensuring a greener, more lush, and beautiful planet for the future.

Let us lovingly protect these bears for a greener tomorrow!

🐒🐢တိရစ္ဆာန်များ နှင့် သဘာဝအား စောင့်ရှောက်ဖို့ အတူလက်တွဲကြပါစို့🙇‍♀️💚🐘✨တိရစ္ဆာန်ဥယျာဥ်သည် လူအများ ဗဟုသုတရရှိစေရန် အသိပညာ...
13/03/2026

🐒🐢တိရစ္ဆာန်များ နှင့် သဘာဝအား စောင့်ရှောက်ဖို့ အတူလက်တွဲကြပါစို့🙇‍♀️💚

🐘✨တိရစ္ဆာန်ဥယျာဥ်သည် လူအများ ဗဟုသုတရရှိစေရန် အသိပညာများ မျှဝေပေးရန် ၊ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် ၊ တောရိုင်းတိရစ္ဆာန်များအား မျိုးဆက် ထိန်းသိမ်းရန် နှင့် သားပေါက်မျိုးပွားရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။💚💚

🦛🌱ဒီလို တိရစ္ဆာန်များ နှင့် သဘာဝအား ထိန်းသိမ်းစောင့်ရှောက်၍ လူအများအား ဗဟုသုတများ မျှဝေလျှက်ရှိသော တိရစ္ဆာန်ဥယျာဥ်များအတွင်းသို့ လာရောက်လည်ပတ်ရာတွင် ဧည့်သည်များအနေဖြင့် တိရစ္ဆာန်များ နှင့် သဘာဝအား လေးစားပြီး လုံခြုံစိတ်ချစွာ လည်ပတ်နိုင်စေရန် ယခုဖော်ပြပါ အချက်အလက်များကို လိုက်နာသင့်ကြောင်း လေးစားစွာဖြင့် ဖော်ပြအပ်ပါတယ်။💚💚

🎗️လိုက်နာရမည့် အချက်အလက်များမှာ …… 🙌🙌

📍‌တောရိုင်းတိရစ္ဆာန်များအား တန်ဖိုးထား၍ စာနာမှုထားပါ။

📍သစ်ပင်ပန်းမန်များအား တန်ဖိုးထား၍ ဂရုစိုက်ပါ။

📍တိရစ္ဆာန်များ၏ သဘာဝ အပြုအမူများအား လေ့လာပါ။

📍အမှိုက်များအား အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။

📍တိရစ္ဆာန်များအား လုံခြုံစိတ်ချရသည့် နေရာမှ ကြည့်ရှုပါ။

📍အိမ်မွေးတိရစ္ဆာန်များအား ခေါ်ဆောင်လာခြင်း မပြုရပါ။

📍အသံချဲ့စက် နှင့် sound box များအား ယူဆောင်လာခြင်း မပြုရပါ။

📍တိရစ္ဆာန်များအား စနောက်ခြင်း မပြုရပါ။

📍တိရစ္ဆာန်များအား သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ မလွှတ်ရပါ။

📍ငါးဖမ်းခြင်း၊ ရေကူးခြင်းများ မပြုလုပ်ရပါ။

📍ဥယျာဉ်အတွင်း မီးမွှေးခြင်းများ မပြုလုပ်ရပါ။

📍ဥယျာဥ်အတွင်း မူးယစ်စေသော အရာများ သောက်သုံးစွဲခွင့်မပြုပါ။

📍အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်များ ယူဆောင်ခွင့်မပြုပါ။

🎯ယခု ဖော်ပြပါ အချက်အလက်လေးတွေကို လိုက်နာပေးခြင်းဖြင့် တိရစ္ဆာန်များ၏ လုံခြုံအေးချမ်းမှု နှင့် သဘာဝအလှတရားများကို တည်တံ့စွာ ထိန်းသိမ်းနိုင်မှာဖြစ်လို့ တိရစ္ဆာန်များ နှင့် သဘာဝအား စောင့်ရှောက်ဖို့ အတူလက်တွဲကြပါစို့ရှင်။💚💚

🐅အာဟာရပြည့်မှန် ကျားများသန်မာစေရန် စနစ်တကျ ကျွေးမွေးလျက် ရှိပါတယ်💪🎗️ဒီနေ့မှာတော့ လူအများ စိတ်ဝင်တစား မေးမြန်းကြသော ကိစ္စ...
10/03/2026

🐅အာဟာရပြည့်မှန် ကျားများသန်မာစေရန် စနစ်တကျ ကျွေးမွေးလျက် ရှိပါတယ်💪

🎗️ဒီနေ့မှာတော့ လူအများ စိတ်ဝင်တစား မေးမြန်းကြသော ကိစ္စရပ်များထဲမှ ကျားများအား အစာ ပြင်ဆင် ကျွေးမွေးခြင်း နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ဗဟုသုတရရှိနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။👏👏

✨တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ထိန်းသိမ်း စောင့်ရှောက် ထားသည့် အသားစားတိရစ္ဆာန်များထဲမှ ကျားများကို အစာပြင်ဆင်ကျွေးမွေးရာတွင် အာဟာရ ရရှိမှု၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝဗီဇကို လှုံ့ဆော်ပေးနိုင်မှုတို့ကို ရရှိစေရန်အတွက် သေချာစနစ်တကျ စီမံ၍ ကျွေးမွေးလျှက်ရှိပါတယ်။🙆🙆

🐅ကျားများသည် အသားစားသတ္တဝါများဖြစ်ကြပြီး သဘာဝတောထဲတွင် raw meat (အရွက်၊ အရိုး၊ အကြော၊ ကလီစာ၊ အမွှေးအမှင်ပါသည့်အရေခွံ) နှစ်သက် ခုံမင်စွာ စားသုံးလေ့ရှိကြပြီး ထိန်းသိမ်း စောင့်ရှောက်ထားသည့် နေရာများတွင် သီးသန့် ပြင်ဆင်၍ ကျွေးမွေးလျှက် ရှိပါတယ်။🙆🙆

🌳တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ကျားများအား လတ်ဆတ်သည့် အမဲသားများကို ကျွေးမွေးလျှက် ရှိပါတယ်။ ထို့သို့ကျွေးမွေးရာတွင် အသက် နှင့် လိင်အမျိုးအစားပေါ် မူတည်၍ အစာကျွေးနှုန်းမှာ ကွဲပြားကြပါတယ်။ အရွယ်ရောက်သည့် ကျားအထီးများအား တစ်နေ့လျှင် အမဲသား (၃) ပိဿာ နှင့် ကျားအမ များအား အမဲသား (၂ပိဿာ ၇၅ကျပ်သား) အား ကျွေးမွေးလျှက် ရှိပါတယ်။🙆🙆

🐅ထိန်းသိမ်းစောင့်ရှောက်ထားသော ကျားများအား အစားပြင်ဆင်ကျွေးမွေးရာတွင် အသားဓာတ်တစ်ခုထဲ သာမက တခြားလိုအပ်သည့် အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်ရန်အတွက် Calcium နှင့် Multivitamin တို့ကို ကျွေးမွေးသည့် အသားထဲတွင် ရောနှော၍ ထည့်သွင်း ကျွေးမွေး ထားပါတယ်။🙆🙆

📍ထို့အပြင် တစ်ကောင်ချင်းစီအလိုက် သီးခြားလိုအပ်မှုများရှိပါက ထပ်မံ လိုအပ်သည့် supplement များ ကျွေးမွေးလျှက်ရှိပြီး ကျားများအပါအဝင် ကြောင်ကြီးမျိုးရင်းဝင်အုပ်စုများကို တစ်ပတ်လျှင် တစ်ရက် တနင်္လာနေ့အား (fasting day) အဖြစ် သတ်မှတ်ထားပါတယ်။ထို့နောက် ကျွေးမွေးလိုက်သည့် အစာအား ကုန်စင်အောင် စားသောက်ခြင်းရှိ/မရှိများအားလည်း အကဲဖြတ်၍ ကျားများ၏ ကျန်းမာရေးဆိုင်ရာ အခြေအနေများအား မှတ်တမ်းများထားရှိကာ စနစ်တကျ ပြင်ဆင်ကျွေးမွေးလျှက် ရှိပါတယ်။🙆🙆

🌳သဘာဝတောများထဲ၌ နေထိုင်ကျင်လည်ကြသော ကျားများမှာတော့ နေ့အချိန်တွင် သားကောင်လိုက်လေ့ မရှိဘဲ ညအခါမှသာ လှည့်လည်ကျက်စားလေ့ရှိပြီး တစ်ကြိမ်စားလျှင် (၃၀ မှ ၅၀) ကီလိုဂရမ်အထိ စားသောက်တတ်ကြပါတယ်။ထိုသို့ အမဲလိုက်၍ စားသောက်ပြီး နောက်တွင် ရက်အတော်ကြာသည်အထိ အမဲမလိုက်ဘဲ နေထိုင်တတ်လေ့ ရှိကြပါတယ်။🙆🙆

🐅ကျားဆရာကြောင် ဟု ဆိုသည့် အတိုင်း ကြောင်ကြီးမျိုးရင်းတွင်ပါဝင်သော ကျားများသည် ကိုယ်လုံးကိုယ်ထည်မှာ အချိုးအစားကျနပြေပြစ်ခြင်း၊ အသွေးအမွေးမှာ စိုပြေ တောက်ပြောင်ခြင်း နှင့် ဖျတ်လတ်ပေါ့ပါးသော ကိုယ်ဟန် အနေထား ရှိခြင်းတို့ကြောင့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်အပေါင်းတို့တွင် အလှပဆုံးနှင့် အချိုးအကျဆုံး ဖြစ်ပါတယ်။🙆🙆

🐅ကျားများသည် သသာဝတွင် အမဲလိုက်၍ စားသောက်တတ်သည့် သသာဝရှိသည့်အတွက် တိရစ္ဆာန်ဥယျာဉ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော ကျားများအား သဘာဝအရ ဖမ်းယူစားသောက်တတ်သည့် အလေ့အထ နှင့် လှုံ့ဆော်မှုများရရှိစေရန် Feeding Enrichment အစီအစဉ်များ ပြုလုပ်၍ ကျွေးမွေးလျှက်ရှိပါတယ်။🙆🙆

🎯ယခုဖော်ပြပါ အချက်အလက်များသည် တိရစ္ဆာန်ဥယျာဉ်များ (ရန်ကုန်၊ နေပြည်တော်၊ မန္တလေး) တို့တွင် ထိန်းသိမ်း စောင့်ရှောက် ထားသည့် ကျားများအား အစာပြင်ဆင်ကျွေးခြင်း နှင့် ပတ်သတ်သည့် အကြောင်းအရာများကို ကျားများ၏ ကျန်းမာရေးနှင့် အစာစီမံကျွေးမွေးခြင်း မှတ်တမ်းများမှ တဆင့် ဗဟုသုတရရှိနိုင်ရန် ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။🙆🙆

👉ဖော်ပြပါသော ကျားများ၏ အစာစီမံကျွေးမွေးခြင်း ၊ နေထိုင်မှု ၊သဘာဝ အလေ့အကျင့်တို့ကို ပိုမို အသေးစိတ် လေ့လာလိုပါက ကျားများအား ထိန်းသိမ်းစောင့်ရှောက်ထားသော တိရစ္ဆာန်ဥယျာဉ်များသို့ လာရောက်လည်ပတ်ဖို့ ကြိုဆို ဖိတ်ခေါ်လိုက်ပါတယ်ရှင်။🙆🙆

✨ရွှေရောင်အနာဂတ်နေ့သစ်များအတွက် တန်းတူညီမျှသော ကမ္ဘာကြီးကို အတူတကွ ပုံဖော်ကြပါစို့🙆🙆🎯ယနေ့ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင...
08/03/2026

✨ရွှေရောင်အနာဂတ်နေ့သစ်များအတွက် တန်းတူညီမျှသော ကမ္ဘာကြီးကို အတူတကွ ပုံဖော်ကြပါစို့🙆🙆

🎯ယနေ့ မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမျိုးသမီးများနေ့ဖြစ်ပါတယ်။ အမျိုးသမီးများသည် အမေ ၊ အစ်မ ၊ ညီမ ၊ ဇနီးမယား ၊ သမီး…စသဖြင့် လူအများ ခေါ်တွင်ကြသည့် ဝေါဟာရများအောက်တွင် သက်ဆိုင်ရာ အခန်းကဏ္ဍများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နေကြသော လူသားများ ဖြစ်ကြပါတယ်။🙆🙆

🎗️ယခုနှစ် ၂၀၂၆ ခုနှစ်အထိတိုင် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမျိုးသမီးများနေ့ကို ကျင်းပခဲ့ကြသည်မှာ နှစ်ပေါင်းရာကျော်ကြာခဲ့ပြီ ဖြစ်ပြီး ကျင်းပခဲ့ကြသည့် ရည်ရွယ်ချက်မှာ အမျိုးသားဝါဒကြီးစိုးသော လူ့အဖွဲ့အစည်းတွင် ကျား စိတ်ဓာတ် ၊ မ စိတ်ဓာတ်ဟူ၍ ခွဲခြားခံရ၍ မိန်းမများမစွမ်းသာဟု အထင်ခံနေရခြင်း အတွေးအခေါ်များမှ ကာကွယ်နိုင်ရန် ၊ အမျိုးသမီးများသည် အမျိုးသားများနည်းတူ တန်းတူညီမျှအခွင့်အရေးကို ရရှိနိုင်စေရန် နှင့် အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးများနေ့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြခြင်း ဖြစ်ပါတယ်။🙆🙆

🌍ကမ္ဘာပေါ်တွင် အမျိုးသမီးလူဦးရေမှာ အမျိုးသားလူဦးရေထက် သိသိသာသာ များပြားလျှက် ရှိပါတယ်။ ထိုသို့ လူဦးရေများပြားသော အမျိုးသမီးများ၏ စွမ်းရည်ကို မြှင့်တင်ပြီး အမျိုးသားများနည်းတူ တန်းတူရည်တူ အခွင့်အရေးရနိုင်အောင် ဆောင်ရွက်ကြခြင်းသည် တိုင်းပြည် နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုက်လျောညီထွေရှိလှသော တိုက်တွန်းဆော်ဩမှု တစ်ခုဖြစ်ပါတယ်။🙆🙆

✨တိုင်းပြည်နှင့် လူ့အသိုင်းအဝိုင်းအတွက် ပိုမိုတောက်ပသည့် ရွှေရောင်အနာဂတ်နေ့သစ်များကို ပိုင်ဆိုင်နိုင်ရန် အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းရည်နှင့် အခန်းကဏ္ဍများကို လေးစားတန်ဖိုးထားပြီး မြှင့်တင်ပေးရန်မှာ လူ့အသိုင်းအဝိုင်း တစ်ခုလုံး၏ တာဝန်လည်း ဖြစ်ပါတယ်။ ထို့ကြောင့် ယနေ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ စွမ်းရည်ကို အားပေးမြှင့်တင်ပြီး တန်းတူညီမျှသော ကမ္ဘာကြီးကို အတူတကွ ပုံဖော်ကြပါစို့ရှင် ။🙆🙆

✨ဂုဏ်ယူဖွယ်ရာ ဒို့တောင်သူများ🌿💪📍ယနေ့ မတ်လ ၂ ရက်နေ့သည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ တောင်သူလယ်သမားများအတွက် လေးစား တန်ဖိုးထား...
02/03/2026

✨ဂုဏ်ယူဖွယ်ရာ ဒို့တောင်သူများ🌿💪

📍ယနေ့ မတ်လ ၂ ရက်နေ့သည် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ တောင်သူလယ်သမားများအတွက် လေးစား တန်ဖိုးထားကာ ဂုဏ်ပြုအပ်သည့် နေ့ကောင်း ရက်မြတ် တစ်ရက် ဖြစ်ပါတယ်။👏👏

💚💚မြန်မာပြည်သူများသည် တောင်သူလယ်သမားတို့၏ ကြိုးစားမှုကြောင့်သာ ဆန်ရေစပါး နှင့် ကောက်ပဲသီးနှံများကို ပေါကြွယ်ဝစွာ စာသုံးနိုင်ခြင်း ဖြစ်ပါတယ်။💁💁

🌱မြန်မာ နှင့် တောင်ယာ သည် အသက် နှင့် ခန္ဓာ ကဲ့သို့ ခွဲခြားမရသော အရာ ဖြစ်ပြီး တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းသည် မြန်မာပြည်သူ ပြည်သားများ၏ ပင်မ အသက်သွေးကြော စီးပွားရေး တစ်ခုလည်းဖြစ်ပါတယ်။🤝🤝

🌱💚ဒီလို တန်ဖိုးမဖြတ်နိုင်ဖွယ်ရာ ရက်မြက်မင်္ဂလာနေ့ တစ်ရက်ဖြစ်သော တောင်သူလယ်သမားနေ့တွင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ကြသော မြန်မာပြည်သူများ စီးပွားရေး ဒီရေအလားတိုးတတ်ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်ရရှိနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။🙆🙆

Address

12st , Bt 70st X 73st , Aung Myay Thar San Township
Mandalay
05011

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959255564324

Alerts

Be the first to know and let us send you an email when Yadanarbon Zoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadanarbon Zoo:

Share