Yadanarbon Zoo

Yadanarbon Zoo Yadanabon Zoological Garden is a green zone of the Middle Myanmar, is situated in the north of the M
(1)

🌿✨တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့ 💦တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် ...
04/11/2025

🌿✨တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့

💦တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အတွက် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါသည် ။ အမြတ်တနိုး တန်ဖိုးထားရာ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ ဟုလည်း ခေါ်ဆိုကြပါသည် ။

☘️အကြောင်းမှာ ဖခင်းကို လုပ်ကြံခဲ့သည့် စိတ်ကြောင့် အပြစ်ကြီးစွာကို ခံစားနေရသည့် အဇာတသတ်မင်းကို ‌‌မြတ်စွာဘုရားရှင်က တန်ဆောင်မုန်းလပြည့်နေ့ ညချမ်း အချိန်အခါ မှာ “သာမညဖလသုတ် ဒေသနာတော်” ဟောကြားတော်မူခဲ့ခြင်းကြောင့် ဖြစ်ပါသည် ။

💚ယခုအခါတွင်ကျရောက်သော တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) တွင် မြန်မာပြည်သူ ပြည်သားအပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ရောဂါဘယ ကင်းဝေး၍ ကျက်သရေမင်္ဂလာအပေါင်း နှင့် ပြည့်စုံ အောင်မြင်ပါစေ ကြောင်း တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ။

🐾✨ချစ်စဖွယ် ပန်ဒါနီလေးများ ရန်ကုန်သို့ ရောက်ရှိလာပါပြီ ။ 🌿အဖိုးတန်ပြီး ရှားပါးမျိုးစိတ်ဖြစ်သော ချစ်စဖွယ် ပန်ဒါနီလေးများက...
03/11/2025

🐾✨ချစ်စဖွယ် ပန်ဒါနီလေးများ ရန်ကုန်သို့ ရောက်ရှိလာပါပြီ ။

🌿အဖိုးတန်ပြီး ရှားပါးမျိုးစိတ်ဖြစ်သော ချစ်စဖွယ် ပန်ဒါနီလေးများကို မြစ်ကြီးနား မှ ရန်ကုန်သို့ သယ်ဆောင်လာခဲ့ပြီး ယခုအခါတွင် တိရစ္ဆာန်
(ရန်ကုန်) သို့ ရောက်ရှိလာပြီ ဖြစ်ပါသည် ။ ရောက်ရှိလာသော ပန်ဒါနီလေးများကို တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်) မှ တဆင့် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ ပြန်လည် ခေါ်ယူ သယ်ဆောင်သွားမည် ဖြစ်ပါသည် ။

🐾ပန်ဒါနီလေးများသည် ယခင်က တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) တွင် ထိန်းသိမ်း ပြသ ခဲ့ဖူးခြင်း မရှိသည့် အကောင်ငယ်လေးများ ဖြစ်ပါသည် ။ အခုအခါတွင် တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ ) ၌ ပြသရခြင်းမှာ ပန်ဒါနီလေးများသည် သဘာဝတောအတွင်း၌ အကောင်ရေ တစ်သောင်းအောက် ကျဆင်းနေပြီး မျိုးသုဥ်းရန် အန္တရာယ် ရှိသည့် စာရင်းတွင် ပါဝင်နေခြင်းကြောင့် မျိုးသုဥ်းခြင်းအန္တရာယ် မှ ကာကွယ်ရန် နှင့် မျိုးဆက်ပြန့်ပွားရန် ထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၌ ထိန်းသိမ်း စောင့်ရှောက်ထားခြင်း ဖြစ်ပါသည် ။

🥰နီညိုရောင် ထူထူထဲထဲ အမွှေးလေးများ ၊ တုတ်ခိုင်သည့် အမြှီးချောင်းရှည်ရှည်‌လေးများ နှင့် ချစ်စဖွယ် လှုပ်ရှားမှုအပြုမူလေးတွေကို ပိုင်ဆိုင်ထားသည့် လူတိုင်း၏ အသည်း နှလုံးကို သိမ်းပိုက်နိုင်သည့် သဘောကျဖွယ်ရာ ပန်ဒါနီ အကောင်လေး များကို ကိုယ် တိုင် မြင်တွေ့လို သူတွေ အတွက် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ လာရောက် လည် ပတ်ရင်း ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။

🐾✨ချစ်စရာ ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ ) သို့ ရောက်ရှိလာပါတော့မည်။ 🌳🌿တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ )တွင် ယခင်က ထ...
29/10/2025

🐾✨ချစ်စရာ ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ ) သို့ ရောက်ရှိလာပါတော့မည်။

🌳🌿တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ )တွင် ယခင်က ထိန်းသိမ်း‌မွေးမြူ ပြသခဲ့ဖူးခြင်းမရှိ‌သည့် ပန်ဒါနီလေးများကို မကြာမှီ ကာလအတွင်း တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၌ မြင်တွေနိုင်တော့မည် ဖြစ်ပါသည်။

🐾✨ပန်ဒါနီလေးများသည် အအေးပိုင်းဒေသမှ လာပြီး အေးချမ်းမှုကို ကြိုက်နှစ်သက်သည့် အကောင်ငယ်လေး များ ဖြစ်သည့်အတွက် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) ၌ ထားရှိရာတွင်လည်း အဆင်ပြေပြေ ၊ သက်သောင့်သက်သာဖြင့် အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် သီးသန့် ပန်ဒါနီအိမ်လေးများကို သေသေချာချာ ပြင်ဆင်ထားလျက်ရှိပါသည် ။

🛫👉ယခုအခါတွင် MAI လေယာဥ် ခရီးစဉ်အမှတ် 8M-623 ဖြင့် ပန်ဒါနီလေးများကို မြစ်ကြီးနားမှ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) သို့ ခေါ်ဆောင်လာနေပြီး ၊ တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) မှ တဆင့် တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ ဂရုတစိုက်ဖြင့် ပြန်လည် ခေါ် ဆောင် သွားမည်ဖြစ်ပါသည် ။

🐾✨ပန်ဒါနီလေးများသည် မျိုးသုဥ်းမည့် အန္တရာယ် နှင့် ရင်ဆိုင်နေရသည့် ကမ္ဘာပေါ်ရှိ ရှားပါးမျိုးစိတ်တွေထဲကမှ တစ်ခုအပါအဝင်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဥ်များတွင် ပန်ဒါနီလေးများကို ထိန်းသိမ်း စောင့်ရှောက်၍ ပြသထားခြင်းသည် ပန်ဒါနီလေးများအတွက် မျိုးဆက်ထိန်းသိမ်းခြင်း ၊ သားဖောက်ခြင်း နှင့် မျိုးသုဥ်းခြင်း ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်ပါသည် ။

🌳💚ဒီလို သဘာဝအခြေအနေကြားထဲမှာ အခက်အခဲတွေကို ရင်ဆိုင်နေရသော အလွန်ချစ်စဖွယ်ကောင်းသည့် ပန်ဒါနီလေးများ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) သို့ မကြာမှီ ‌ရောက်ရှိ လာတော့မည် ဖြစ်သောကြောင့် ကိုယ်တိုင် မြင်တွေ့လိုသူတွေအတွက် တိရစ္တာန်ဥယျာဥ် ( ရတနာပုံ ) သို့ လာရောက်လည်ပတ်ရင်း ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ။

😴😴အပျင်းလည်း ပြေပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်...
11/10/2025

😴😴အပျင်းလည်း ပြေပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် 🥰🥰

🌳🐆🐅🐘တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။ ဒါ့အပြင် ပါဝင် ဖြေဆိုသူတွေ အတွက် နှစ်ပတ် တစ်ကြိမ် ( တစ်ကြိမ်မှာ ၅ ဦး ) ကို မဲဖောက်ရွေးချယ်ပြီး အခမဲ့ ဝင်ခွင့် လက်မှတ်များကို ဆုလက်ဆောင်အနေဖြင့် ပေးအပ်သွားမှာဖြစ်ပါတယ်။🎉

🥳🥳ဒါကြောင့် ဉာဏ်စမ်းရင်း ပျော်ရွှင်ဖွယ် Ticket Free ဆုလက်ဆောင်ကို ရယူနိုင်ဖို့ " Quiz Time "အစီအစဥ်မှာ ပါဝင်လိုက်ကြပါစို့နော် ။✨👏

🎯မှတ်ချက် - ဆုလက်ဆောင်အဖြစ် ရရှိသော Ticket များသည် ( နှစ်ပတ် ) အတွင်းသာ အသုံးပြုခွင့်ရှိပြီး ၎င်းတို့ကို ပြန်လည် ရောင်းချခွင့် ၊ လဲလှယ်ခွင့် တို့ မရရှိနိုင်ကြောင်း ကိုလည်း ကြိုတင် အသိပေး အကြောင်းကြားအပ်ပါတယ်ရှင် ။👏🦋

🥰✨သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့ ) မှာ မြန်မာ ပြည်သူ ၊ ပြည်သား များအားလုံး ကျန်းမာ‌ ပျော်ရွှင်နိုင်ပါစေကြောင်...
06/10/2025

🥰✨သီတင်းကျွတ်လပြည့်နေ့ ( အဘိဓမ္မာအခါတော်နေ့ ) မှာ မြန်မာ ပြည်သူ ၊ ပြည်သား များအားလုံး ကျန်းမာ‌ ပျော်ရွှင်နိုင်ပါစေကြောင်း တိရစ္ဆာန်ဥယျာဉ် ( ရတနာပုံ ) မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။🙏🙏



😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက...
03/10/2025

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏

✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇‍♀️🙇‍♂️

🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚



ကမ္ဘာ့တိရစ္ဆာန်များနေ့ (World Animal Day) 4th Octoberကမ္ဘာ့တိရစ္ဆာန်များနေ့ (World Animal Day) သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ...
03/10/2025

ကမ္ဘာ့တိရစ္ဆာန်များနေ့ (World Animal Day) 4th October
ကမ္ဘာ့တိရစ္ဆာန်များနေ့ (World Animal Day) သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ တိရစ္ဆာန်များ (တောရိုင်းတိရစ္ဆာန်၊ အိမ်မွေးတိရစ္ဆာန်၊ ခြံလှောင်မွေးမြူထားသည့်တိရစ္ဆာန်) အားလုံး ရင်ဆိုင် ကြုံတွေ့နေရသည့် အကြောင်းအရာ ပြဿနာများကို သိရှိသတိပြုမိစေရန်၊ ဖြေရှင်းရန် နည်းလမ်း များရှာဖွေ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြနိုင်စေရန် သတိပေးလှုံ့ဆော်ခြင်းနှင့် ပညာပေးခြင်း များကို ပြုလုပ်ကြပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် တိရစ္ဆာန်များအတွက် ကောင်းကျိုးချမ်းသာများ ကို ပိုမိုရရှိစေသည့်အပြင် ကျန်းမာပျော်ရွှင်ပြီး သာယာလှပသည့် ကမ္ဘာကြီးကို ဖန်တီးနိုင်မည်ဖြစ် ပါသည်။
ကမ္ဘာပေါ်ရှိ တိရစ္ဆာန်များ၏အနာဂတ်ကို ခြောက်လှန့်နေသော အရာများစွာရှိပါသည်။ နေ့စဉ်နေ့တိုင်း သဘာဝသယံဇာတများမှာ ဖြုန်းတီးခံရခြင်း၊ မြို့ပြအသစ်များတည်ထောင်ခြင်း ကြောင့် သစ်တောများဖျက်ဆီးခံရခြင်း၊ လမ်း၊ တံတားများဖောက်လုပ်ခြင်းကြောင့် တိရစ္ဆာန် တို့၏ နေရင်းဒေသများ ပြတ်တောက်သွားခြင်းနှင့် ယင်းတို့ကျင်လည်ကျက်စားရာ နေရာများမှာ တဖြည်းဖြည်း လျော့နည်းပပျောက်လာကာ တိရစ္ဆာန်ဦးရေ အရေအတွက်များလည်း လျော့နည်း လာကြပါသည်။ တချို့သော တိရစ္ဆာန်မျိုးစိတ်များမှာ ဂေဟစနစ်ထဲတွင် လုံးဝမရှိတော့ဘဲ ပျောက်ကွယ်သွားကြပြီး ဖြစ်ပါသည်။ တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ဖမ်းဆီးခြင်း၊ အမဲ လိုက်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်းများသည်လည်း သတ္တလောကကြီးကို ခြိမ်းခြောက်နေ သောအရာများဖြစ်ပါသည်။
လူသားများသည် တိရစ္ဆာန်များ၏ အားကိုးအားထားစရာ မိတ်ဆွေများဖြစ်သောကြောင့် ၎င်းတို့၏ အနာဂတ်မျိုးဆက်များ ရှင်သန်ကြီးထွားဖွံ့ဖြိုးရန်နှင့် ၎င်းတို့ကို ထိန်းသိမ်းကာကွယ်မှု ပေးရန် လူသားများအားလုံးတွင် တာဝန်ရှိကြပါသည်။ ထို့ကြောင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရသည့် တောရိုင်းတိရစ္ဆာန်များ၏ အခြေအနေကို မီးမောင်းထိုးပြသောနည်းလမ်းတစ်ခု အဖြစ် ကမ္ဘာ့တိရစ္ဆာန်များနေ့ကို ရောဂါဗေဒပညာရှင် ဟင်းနရစ်ဇင်မမန်းက စတင်သတ်မှတ်ခဲ့ပါ ပြီး ၁၉၂၅ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ရှိ အားကစားနန်း တော်တွင် ပထမဆုံး ကမ္ဘာ့တိရစ္ဆာန်များနေ့ကို ကျင်းပခဲ့ပါသည်။
တိရစ္ဆာန်များ၏ အခွင့်အရေးနှင့် ကောင်းကျိုးချမ်းသာကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ် ၍ နှစ်စဉ် အောက်တိုဘာလ(၄)ရက်နေ့ကိုကမ္ဘာ့တိရစ္ဆာန်များနေ့ World Animal Day အဖြစ် သတ်မှတ်၍ ကမ္ဘာနှင့်အဝှမ်း ကျင်းပပြုလုပ်ကြခြင်းဖြစ်ပါသည်။
The World Animal Day 2025 theme is "Save Animals, Save the Planet". This theme celebrates the 100th anniversary of World Animal Day and emphasizes the inseparable link between animal welfare and environmental sustainability, encouraging actions that protect both animals and the planet.
၂၀၂၅ ခုနှစ် ကမ္ဘာ့တိရစ္ဆာန်နေ့ ဆောင်ပုဒ်မှာ "တိရစ္ဆာန်များကို ကယ်တင်ပါ၊ ကမ္ဘာမြေကို ကယ်တင်ပါ" ဖြစ်ပြီး ဤဆောင်ပုဒ်သည် ယခုနှစ် ကမ္ဘာ့တိရစ္ဆာန်များနေ့၏ နှစ် ၁၀၀ ပြည့်မြောက် နေ့ကို ဂုဏ်ပြုခြင်းဖြစ်ပြီး တိရစ္ဆာန်များ၏ကောင်းကျိုးချမ်းသာနှင့် သဘာဝပတ်ဝန်းကျင် တည် တံ့ခိုင်မြဲရေးကို ထိန်းကျောင်းပေးသည့် လုပ်ဆောင်ချက်များအကြား ခွဲခြား၍မရသော ဆက်သွယ် ချက်များကို အလေးပေးဖော်ပြထားပြီး တိရစ္ဆာန်များကို အလေးထားတန်ဖိုးထားတတ်စေရန် ရည်ရွယ်သည့် ဆောင်ပုဒ်ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် နေ့စဉ်နေ့တိုင်း ဇီဝမျိုးစုံမျိုးကွဲမျိုးစိတ်ပေါင်း (၁၅၀) မှ (၂၀၀) နီးပါးအထိ မျိုးသုဉ်းပျောက်ကွယ်လျက်ရှိနေပါသည်။ လူသားများနှင့် တိရစ္ဆာန်များသည် သဘာဝဂေဟစနစ် တွင် အပြန်အလှန်အမှီသဟဲပြု နေထိုင်ကြပြီး လူသားတို့ အသက်ရှင်ရပ်တည်နိုင်ရေးတွင် တိရစ္ဆာန်များသည် သဘာဝချိန်ခွင်လျှာညီမျှစေရန် ဟန်ချက်ညီညီ ထိန်းညှိပေးနေသည့် ဂေဟ ဗေဒအင်ဂျင်နီယာ(Ecosystem Engineer) များလည်းဖြစ်ကြပါသည်။
သို့ဖြစ်ပါ၍ ကမ္ဘာ့တိရစ္ဆာန်နေ့သည် မျိုးသုဉ်းမှုအန္တရာယ်နှင် ရင်ဆိုင်ကြုံတွေ့နေရသော တိရစ္ဆာန်များကို မည်ကဲ့သို့ နည်းလမ်းများဖြင့် စနစ်တကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန် နှင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ကြုံတွေ့နေရသောတိရစ္ဆာန်များကိုလည်း ကြိုတင်ကာကွယ်မှု ပြုလုပ်ပေးရန် အသိပညာမြှင့်တင်ပေးသည့်နေ့တစ်နေ့ဖြစ်ပါသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့တွင် တိရစ္ဆာန်ချစ်သူမျာကို ဗဟုသုတရစေရန် မေခွန်းလေးတွေ မေးလိုက်ပါတယ်နော်…….အားလုံးလည်း ဝင်ဖြေပေးကြပါဦးနော်……..
(က) ကြောင်မျိုးရင်းဝင်တွေထဲမှာ ခန္ဓာကိုယ်အကြီးဆုံးမျိုးစိတ်ကို သင်သိပါသလား။
(ခ) ကုန်းနေ နို့တိုက်သတ္တဝါတွေထဲမှာ အကြီးဆုံးက ဘယ်တိရစ္ဆာန်လဲ။
(ဂ) ငှက်ဖြစ်သော်လည်း မပျံသန်းနိုင်သည့် အကြီးဆုံးငှက်ကို သင်သိပါသလား။
(ဃ) ကြံ့သူတော်များကို မြန်မာနိုင်ငံ၏ မည့်သည့်နေရာတွင် တွေ့ရှိရသနည်း။
(င) မြန်မာနိုင်ငံတွင်သာတွေ့ရသော ဒေသရင်းနို့တိုက်သတ္တဝါမျိုးစိတ်ကိုဖော်ပြပါ။
(စ) ကမ္ဘာပေါ်တွင် ဆင်မျိုးစိတ် ဘယ်နှစ်မျိုးရှိသနည်း။
(ဆ)မြန်မာနိုင်ငံတွင် ကျားမျိုးစိတ်ဘယ်နှစ်မျိုး နေထိုင်သနည်း။
(ဇ) အသက်အရှည်ဆုံး တွားသွားသတ္တဝါကို သင်သိပါသလား။
(ဈ) ဒိုင်နိုဆောကဲ့သို့ခြေထောက်ရှိသော ငှက်ကို သင်သိပါသလား။
(ည) မြန်မာနိုင်ငံတွင်ရှိသော ဝက်ဝံမျိုးစိတ်များကိုဖော်ပြပါ။



😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက...
27/09/2025

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏

✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇‍♀️🙇‍♂️

🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚

ကမ္ဘာ့ကတ်ဆိုဝါရီနေ့ ( World Cassowary Day, 26 September )🎯 ကတ်ဆိုဝါရီငှက် (Cassowary) ဆိုတာဘာလဲ? 💚ကတ်ဆိုဝါရီ (Cassowary)...
26/09/2025

ကမ္ဘာ့ကတ်ဆိုဝါရီနေ့
( World Cassowary Day, 26 September )

🎯 ကတ်ဆိုဝါရီငှက် (Cassowary) ဆိုတာဘာလဲ?
💚ကတ်ဆိုဝါရီ (Cassowary) ဆိုသည်မှာ အရွယ်အစားကြီးမားပြီး အရောင်အသွေး တောက်ပကာ သန်မာလှသည့်ခြေထောက်မှာ ဒိုင်နိုဆော ခြေထောက်ကဲ့သို့ရှိပြီး မပျံသန်းနိုင်သည့် ငှက်ကြီးမျိုး ဖြစ်ပါသည်။🥰🥰

🎯ကတ်ဆိုဝါရီငှက်မျိုးစိတ် ဘယ်နှစ်မျိုးရှိသလဲ?
✨ကတ်ဆိုဝါရီ (Cassowary) ငှက်မျိုးစိတ် (၃)မျိုးရှိပါသည်။ Southern Cassowary ၊ Northern Cassowary နှင့် Dwarf Cassowary တို့ပဲဖြစ်ပါတယ်။ ကတ်ဆိုဝါရီ ငှက်မျိုးစိတ် (၃) မျိုးထဲမှ အကြီးဆုံးဖြစ်သော Southern Cassowary ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် အခြားသော တိရစ္ဆာန်ဥယျာဉ်များတွင် ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားပါသည်။ တောင်ပိုင်းကစ္စဝါရီများကို (Southern Cassowary) ဩစတြေးလျနိုင်ငံနှင့် နယူးဂီနီကျွန်းများတွင် တွေ့ရှိရပါသည်။ 🥰🥰

🎯ကတ်ဆိုဝါရီငှက်တို့၏ ထူးခြားတဲ့ သွင်အပြင်လက္ခဏာတွေကဘာတွေလည်း?
🥰ခန္ဓာကိုယ်တွင် တောက်ပလှသော အနက်ရောင်အမွေးများရှိပြီး ဦးခေါင်းတွင် ကြီးမားသည့် အမောက်ပါရှိပါသည်။ လည်ပင်းသည် ခရမ်းရောင် (သို့) အပြာရောင်ရှိပြီး ရှည်လျား၍ တွဲလောင်း ကျနေသော အနီရောင်အရေပြားချပ် (Red wattles) ပါရှိပါသည်။ ခြေထောက်တွင် ခြေချောင်း (၃) ချောင်းသာပါရှိပါသည်။ ခြေချောင်းများတွင် ရှည်လျှားသော ခြေသဲချွန်များပါရှိပါသည်။ 🥰🥰

🎯ကတ်ဆိုဝါရီငှက်များ၏ ထူးခြားချက်တွေကဘာတွေလဲ?
✨အမများက ဥဥ၊ အထီးတွေကဥဝပ်ပြီး ဥဝပ်ချိန်မှစ၍ သားပေါက်များအရွယ်ရောက်ပြီး အစာ ရှာဖွေနိုင်သည့်အထိ အထီးများ ကသာ ကျွေးမွေးပြုစုစောင့်ရှောက်လေ့ ရှိကြပါသည်။ ကစ္စဆို ဝါရီငှက်များသည် အကြောင်းအရင်းမရှိဘဲ အန္တရာယ်ပြုတိုက်ခိုက်လေ့မရှိသော်လည်း ယင်းတို့၏ ကလေးငယ်များနှင့် အစာစားနေချိန်တွင် တစ်စုံတစ်ယောက်မှ အန္တရာယ်ပြုနိုင်သည်ဟု ထင်မြင် ယူဆလျင် ကလေးများကိုကာကွယ်ရန် ယင်းတို့၏ သန်မာသည့်ခြေထောက်ကိုအသုံးပြု၍ လူကို သေစေနိုင်သည့်အထိ တိုက်ခိုက်တတ်ပါသည်။ 🥰🥰

🎯သဘာဝဂေဟစနစ်ကို ဘယ်လိုအကျိုးပြုလဲ?
🌳🌳ကစ္စဆိုဝါရီငှက်များသည် ယင်းတို့နေထိုင်ကျက်စားသည့် မိုးသစ်တောများတွင် ပေါက်ရောက် သည့် အပင်မျိုးစိတ်ပေါင်း (၂၄၀) ကျော်အား စားသုံးပြီး‌ ဝေးလံသည့် နေရာများတွင် အစေ့များ စွန့်ထုတ်ခြင်းဖြင့် အပင်သစ်များ ပေါက်ရောက်စေသဖြင့် ကတ်ဆိုဝါရီငှက်များသည် မိုးသစ်တော များအတွက်သဘာဝဥယျာဉ်မှူးအဖြစ် အရေးကြီးသော အစိတ်အပိုင်းမှ ပါဝင်ပါသည်။ 🥰🥰

🎯ဘာကြောင့် Cassowary ငှက်တွေကို ထိန်းသိမ်းထားသင့်လဲ ?
✨ကတ်ဆိုဝါရီငှက်များသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN Red List တွင် VU-Vulnerable “မျိုးသုန်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်” အဖြစ်သတ်မှတ်ထားပါသည်။ မိုးသစ်တောများအတွက် ထိန်းသိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အဓိကကျသည့် ကိုယ်စားလှယ်မျိုးစိတ် “keystone species” ဖြစ်ပြီး မိုးသစ်တောများတွင် အပင်များပေါက် ရောက်စေရန် မျိုးစေ့များကိုဖြန့်ကျဲပေးနေသူ ဥယျာဉ်မှူးများဖြစ်သည့်အတွက် မိုးသစ်တောများ ကို ကျေးဇူးပြုနေသည့်ငှက်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့ကတ်ဆိုဝါရီငှက်များနေ့တွင် ဗဟုသုတရဖွယ် အကြောင်းအရာများမျှဝေရေးသား ဂုဏ်ပြုလိုက်ပါသည်။🙆🙆

23/09/2025

ဉာဏ်စမ်း ပျော်ရွှင် Quiz time အစီအစဥ် ရဲ့ အဖြေမှန်က ဘာဖြစ်မလဲဆိုတာကြည့်ရှုပေးပါဦးရှင်🥰🥰

20/09/2025
😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး  ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက...
20/09/2025

😴😴အပျင်းလည်း ပြေ ပြီး ဗဟုသုတလည်း တိုး စေဖို့ " Quiz Time "အစီအစဥ်လေးမှာ ပါဝင်ပြီး ဉာဏ်စမ်းမေးခွန်းလေးတွေကို ဖြေသွားလိုက်ပါဦးနော် ....👏👏

✌️အပတ်စဥ် စနေနေ့တိုင်းမှာ တောရိုင်းတိရစ္ဆာန်တို့နှင့် သက်ဆိုင်သော ဗဟုသုတရဖွယ် ဉာဏ်စမ်း မေးခွန်းလေးတွေကို မေးမြန်း တင်ဆက်ပေးသွားမှာဖြစ်လို့ ကလေး ၊ လူငယ် ၊ လူကြီး အရွယ်မရွေး ပါဝင် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်ရှင် ။🙇‍♀️🙇‍♂️

🙋 ဉာဏ်စမ်း ပျော်ရွှင် " Quiz Time "အစီအစဥ်မှာ အခုတင် ပါဝင်လိုက်ဖို့ မမေ့ပါနဲ့နော် ။💚

-------------------------------------------------------------------

🐯🐒🐢တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) သည် အများပြည်သူ အပန်းဖြေရာ နေရာတစ်ခုဖြစ်သောကြောင့် ဥယျာဥ်ဝန်းအား မနက် ( ၈ ) နာရီ မှ ညနေ ( ၄ ) အထိ နေ့စဥ် နေ့တိုင်း ပိတ်ရက် လုံးဝ မရှိဘဲ နွေးထွေး ကြိုဆိုလျက် ဖွင့်လှစ်ထားပါသည် ။ ✨

📍ဝင်ကြေးများမှာ……
လူကြီး - ၂၅၀၀ ကျပ် ၊
ကလေး - ၁၅၀၀ ကျပ် ဖြစ်ပါသည်။ 🎉🎉

👉အသေးစိတ်သိရှိလိုသမျှကို
Hot Line Number
☎️ 09 255 564 324 ...... ကို ဆက်သွယ် မေးမြန်းခြင်းဖြင့် စုံစမ်း သိရှိနိုင်ပါတယ်ရှင် ။ 🙌

🤞💚ထပ်မံ၍ သတင်းကောင်းအနေဖြင့် အသိပေး ကြေညာပေးသွားမှာကတော့ တိရစ္ဆာန်ဥယျာဥ် ( ရတနာပုံ ) မှာ ပညာရေး နဲ့ ပတ်သတ်သော စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာကောင်းတွေ ၊ Zoo Moments တွေကို နောက်ထပ် Channel 5 ခုမှာလည်း အစဉ်တစိုက်ဖြင့် ဖော်ပြနေပြီ ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်ရှင် ။💁💁‍♂️

🔹 LinkedIn Page
https://www.linkedin.com/company/yadanarbonzoo/

🔹 Telegram Channel
https://t.me/mdyzoo

🔹 Instagram
https://www.instagram.com/yadanarbon_zoo?igsh=MXFwbDN0NG41M201Yw==

🔹 YouTube
https://youtube.com/?si=2Hq6qnubBh0vrFbL

🔹 Tik Tok
https://www.tiktok.com/?_t=ZS-8yQCVU8uqIS&_r=1

🔹 Website
http://www.mdyzoo.com ………တို့မှာ သဘာဝ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး တောရိုင်း တိရစ္ဆာန်များအကြောင်း လေ့လာ လိုသူများ အနေဖြင့် သင်ယူနိုင်ဖို့ ယခုဖော်ပြပါ Channel & Page link တွေကို အခုပဲ Like & Subscribe လုပ်ထားလိုက်ကြစို့ နော် ။🙆‍♂️🙆

Address

12st , Bt 70st X 73st , Aung Myay Thar San Township
Mandalay
05011

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

+959255564324

Alerts

Be the first to know and let us send you an email when Yadanarbon Zoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yadanarbon Zoo:

Share

Our Story

Here we are from Yadanarbon Zoological Garden Mandalay and now you would see about the green environment on the beauty of Mandalay Zoological Garden.